Ye Htet Soe
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ye Htet Soe, Health/Beauty, Thaton.
ကျုပ်ကတော့ ဒီငလျင်ကိုငလျင်အစစ်လို့မထင်ဘူး၂၀၂၀ရွေးကောက်ပွဲမလုပ်ခင်ကnldအစိုးရကိုပြည်သူတွေလက်ခံပြီးတိုင်းပြည်လည်းတိုး
တတ်မယ့်လမ်းကိုသွားနေတဲ့အချိန်မှာအစိုးရကို
ပြည်သူတွေစိတ်ပျက်ပြီး၂၀၂၀ရွေးကောက်ပွဲ
မှာnldအရေးနိမ့်သွားစေနိုင်တဲ့ကပ်ဆိုး၁ခုက
မြန်မာပြည်ကိုအလည်လာခဲ့တယ်အဲ့ဒါကcovid
အဲ့ရောဂါကမှတ်မှတ်ရရဆိုကာချုပ်ကြီးတရုတ်ပြည်အလည်သွားပြီးပြန်လာပြီးမကြာခင်ပဲ🙂
အဲ့ရောဂါကပျံ့နှံ့ကြီးထွားလာတော့ပြည်သူတွေကအစိုးရကိုနည်းနည်းစိတ်ပျက်သွားတယ်အဲ့ချိန်
တရုတ်နဲ့ရုရှားကလည်းပြန်ကူညီပြတယ်ပြည်သူတွေကသူတို့တွေကိုအထင်ကြီးမလားပေါ့🙂စစ်တပ်ထောက်ခံဖွတ်ပါတီကnldကိုအပြစ်ပုံချတယ်လူတွေသေတာများတတောင်nldအစိုးရကဘာမှမလုပ်နိုင်ဘူးလားဘာညာကျုပ်တို့ပါတီသာဆိုဘယ်လိုဘယ်ပုံကူညီပြမယ်လုပ်ပြမယ်ဘာညာပေါ့
အဓိက၂၀၂၀ရွေးကောက်ပွဲမလုပ်ဖြစ်အောင်သူတို့စီစဥ်ကြတယ်covidအခြေနေမို့ရွေးကောက်ပွဲကိုရပ်ဆိုင်းထားပြီးတိုင်းပြည်ကိုစစ်တပ်ကယာယီထိန်းသိမ်းဖို့စီစဥ်ကြတယ်သို့ပေမယ့်nldအစိုးရကအဲ့အခြေနေအားလုံးကြားထဲကနေရွေးကောက်ပွဲလုပ်နိုင်ဖို့ကြိုးစားတယ်ဖွတ်ပါတီကဒီလောက်ရောဂါတွေများပြီးလူတွေသေနေတာတောင်ပြည်သူမျက်နှာကိုမကြည့်ပဲnldအစိုးရကအာဏာရူးနေတယ်ဘာညာနဲ့ပြည်သူနဲ့nldအစိုးရကိုဘေးကနေသွေးထိုးရန်တိုက်ပေးခဲ့တယ်
သူတို့ရည်ရွယ်ချက်ကရွေးကောက်ပွဲလုပ်ဖြစ်ရင်တောင်nldအရေးနိမ့်စေသတည်းပေါ့ဒါပေမယ့်
ပြည်သူတွေကအရင်လိုမအ ကြတော့လေတော့ရွေး
ကောက်ပွဲဖြစ်မြောက်ရေးကိုရောဂါတွေကြားထဲက
နေအားကြိုးမာန်တတ်nldအစိုးရနဲ့အတူဆောင်ရွက်
ခဲ့ကြတယ်တစ်ကယ်လည်းလုပ်ဖြစ်ဖို့ပါတီအားလုံး
စာရင်းတင်ပြီးတဲ့အချိန်မှာnldကိုဘယ်ပါတီမှမနိုင်တာစစ်တပ်ကလည်းသိသလိုပါတီအားလုံးကလည်း
သိတယ်ဒီ၁ခေါက်nldအာဏာပြန်ရရင်သူတို့အခြေနေမကောင်းတော့ဘူးဆိုတာစစ်တပ်ကသိနေပြီ🙂
သို့ပေမယ့်ဘီလူးမျက်နှာကိုမင်းသားမျက်နှာဖုံးစွပ်
ပြီးရွေးကောက်ပွဲကိုကူညီသယောင်နဲ့ပြည်သူတင်တဲ့အစိုးရကိုသာပါတီအားလုံးလက်ခံပေးရမယ်သူကိုယ်တိုင်လည်းပြည်သူ့ဆန္ဒကိုပဲဦးစားပေးပါ့မယ်
ဆိုပြီးကာချုပ်ကိုယ်တိုင်ပြောခဲ့တယ်တစ်ဖက်မှာလည်းသူ့ကို့နောက်ထပ်၅နှစ်သက်တမ်းတိုးဖို့အတွက်nldအစိုးရနဲ့ဆွေးနွေးတယ်အဲ့ဆွေးနွေးမှုကိုnldကလက်မခံခဲ့ဘူးအဲ့မှာထဲကစစ်တပ်ကအာဏာသိမ်းဖို့စီစဥ်ထားပြီးပြီ😡
ရွေးကောက်ပွဲလုပ်ကြတယ်ထင်တဲ့အတိုင်းnldနိုင်ပါတယ်စစ်တပ်ကလည်းသူတို့အစီစဥ်ဆွဲထားတဲ့အတိုင်းnldမဲခိုးတယ်မဲလိမ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့အာဏာသိမ်းလိုက်တယ်🙂nldပါတီ၁ခုလုံးကိုဖမ်းဆီးဖျက်ဆီးပစ်လိုက်တယ်ဒေါ်စုကိုယ်တိုင်ကလည်းအာဏာသိမ်းမယ်ဆိုတာသိလျက်နဲ့သူမ မရှိတော့တဲ့အချိန်တိုင်းပြည်အတွက်သူမလို ခေါင်းဆောင်မျိုးပြည်သူထဲကပေါ်ထွက်လာဖို့ဒီလမ်းကိုရွေးခဲ့တာအဲ့လိုနဲ့ဒီမိုကရေစီရဲ့အရသာကို၅နှစ်လောက်မြည်းခဲ့ရတဲ့ပြည်သူကစစ်တပ်နဲ့ထိပ်တိုက်တွေ့မယ့်အခြေနေရောက်ခဲ့ပြီ
ဒီလိုနဲ့ပြည်သူကလမ်းပေါ်စထွက်ပါပြီအေးချမ်းစွာဆန္ဒပြတယ်စစ်တပ်လည်းသူတို့ထုံးစံအတိုင်းသတ်တယ်ဖြတ်တယ်စစ်တပ်ကလက်နက်ရှိလို့လုပ်တာငါတို့ပြည်သူတွေလည်းလက်နက်ကိုင်မှပြည်သူ့အာဏာပြန်ရနိုင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကပြည်သူ
ထဲမှာဖြစ်ပေါ်ပြီးအထူးသဖြင့်တတ်ကြွလူငယ်တွေ
လက်နက်ကိုင်တဲ့လမ်းစဥ်ကိုရွေးချယ်လိုက်ကြပြီ
အဲ့ကနေစအခုအခြေနေကိုရောက်လာတယ်
ကာချုပ်ရဲ့အနောက်မှာရုရှားနဲ့တရုတ်pdfတွေရဲ့အနောက်မှာအမေရိကန်နဲ့အနောက်နိုင်ငံများဆို
ပါတော့အဓိကအကြောင်းအရင်းကတော့အခွံသာ
ကျန်နေပြီဖြစ်တဲ့မြန်မာပြည်ကိုရုရှားနဲ့တရုတ်ကို
ကာချုပ်ကအပ်မယ်အဲ့တာကိုလက်မခံတဲ့ပြည်သူနဲ့
pdfတွေကအမေရိကန်နဲ့အနောက်နိုင်ငံအကူညီယူ
ပြီးတားဆီးနေတယ်ဒီနေရာမှာ၁ခုပြောချင်တာက
အမေရိကန်နဲ့အနောက်နိုင်ငံတွေကရောမြန်မာပြည်ကိုမလိုချင်ဘူးလားဆိုတဲ့မေးခွန်းဟုတ်ပါတယ်လိုချင်ပါတယ်ဘယ်သူမှကိုယ့်အတွက်အကြိုးမရှိပဲမကူညီပါဘူးကျုပ်အတွေးနဲ့ဆိုရင်တောင်ပေးချင်ပေးအနောက်အုပ်စုကိုပဲပေးမယ်ရုရှားနဲ့တရုတ်ကို
ပေးလို့ကျုပ်တို့ပြည်သူတွေဘဝပျက်ဖို့ပဲရှိတယ်
ဒီထက်ဆိုးဖို့ပဲရှိတယ်ထားတော့အဲ့ကိစ္စအခုကျုပ်ခေါင်းစဥ်ရဲ့အဓိကအကြောင်းအရင်းကိုပြောမယ်
အခုမကြာခင်အချိန်မှာကာချုပ်ကရွေးကောက်ပွဲပြန်လုပ်ပြီးnldကိုသူဖျက်ဆီးထားပြီဖြစ်၍ဒီရွေးကောက်ပွဲမှာဖွတ်ပါတီကိုအနိုင်ပေးပြီးသူစစ်တပ်ကအနားယူကာယူနီးဖောင်းချိန်းပြီးသမ္မတ
နေရာသွားဖို့စီစဥ်ပြီးထားပြီဖြစ်တယ် nldပါတီမရှိ
မှသူ့အတွက်မျှော်လင့်ချက်ရှိမှန်းသိလို့nldပါတီကို
ဖျက်ဆီးဖမ်းဆီးပြီးအာဏာသိမ်းခဲ့တာ🙂
သို့ပေမယ့်မတည်ငြိမ်တဲ့နိုင်ငံရေးဆူပူသောင်းကျန်းမှုတွေနဲ့လွတ်လပ်ရေးမရခင်ကာလလိုရောင်စုံသူပုန်တွေသောင်းကျန်းနေသလိုပြည်သူတွေမစင်လိုရွံနေတဲ့သူ့စစ်တပ်ကိုလည်းပြည်သူကလက်မခံမှန်းသူသိတယ်အဲ့ဒီတော့တရုတ်ရုရှားအပြင်တိုးလာတာကဘီလာရုစ်စနိုင်ငံတွေကနေအကူညီသွားတောင်းတယ်အကြံစည်ကောင်းရ၍ပျော်ရွှင်ပြီးသူ့အပြန်ခရီးကိုပျော်ရွှင်စွာကြိုဆိုခိုင်းခဲ့တယ်
သူရွေးကောက်ပွဲလုပ်မယ့်ကိစ္စကိုဟိုကကူညီပေးမယ်လို့ပြောခဲ့တယ်အဓိကမင်းအာဏာတည်မြဲဖို့
အတွက်လူတွေအထင်ငလျင်လို့ထင်စေလောက်
တဲ့ပစ္စည်း၁ခုယူသွားအဲ့ပစ္စည်းကိုစမ်းသပ်ကြည့်
အဲ့ပစ္စည်းကနူးကလီးယားလိုအငွေ့မဟုတ်ဘူး
ကမ္ဘာမြေကြီးဖောက်ပြန်သလိုဆိုးကျိုးတော့ရှိတယ်
အဲ့တာကတော့ဥပမာငလျင်လှုပ်သလိုပေါ့🙂
ကဲအဖြေကိုကျုပ်ထင်နေတာတွေပြန်မေးခွန်းထုတ်မယ်အဲ့ငလျင်ကရိုးသားရဲ့လားအဲ့ငလျင်ကဘာအ
တွက်စစ်ကိုင်းနဲ့မန်းလေးအထက်ကစပြီးလှုပ်တာ
လဲcovidတုန်းကလိုလက်ရှိအစိုးရကိုနာမည်ဖျက်
ချင်လို့ရောက်လာသလိုအခုရောပြည်သူတွေသူ့ကိုလက်ခံယုံကြည်အောင်မဲဆွယ်ဖို့အတွက်ရည်ရွယ်
ချက်နဲ့ဖြစ်လာတဲ့ငလျင်လားအဲ့တာဖြစ်ပြီးမှသူအကူအညီတောင်းမှရောက်လာတဲ့ပုံစံအဖြစ်နဲ့
ရုရှားနဲ့တရုတ်ကပြည်သူယုံကြည်အောင်လာပြန်
ကူညီပြတာလားအဲ့လိုမှပဲပြည်သူမုန်းတဲ့အဲ့နှစ်နိုင်ငံ
ကူညီမှူကြောင့်ပြည်သူတွေယုံကြည်ပြီးအဲ့နှစ်နိုင်ငံ
ကိုအားပေးထောက်ခံမည်လော😆
တော်သေးပြီ
ခေတ္တ ငရဲပြည်
14/07/2024
ကိုယ့်ကို နာကျင်စေခဲ့တဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ..
သူတို့ကြောင့် ကိုယ့်စိတ်ဓာတ် ပိုပြီး ခိုင်မာလာခဲ့တယ်။
ကိုယ့်ကို ချစ်ခဲ့တဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ...
သူတို့ကြောင့် ကိုယ်နှလုံးသား ပိုပြီး ပြည့်ဝလာခဲ့တယ်။
ကိုယ့်ကို ဂရုစိုက်ပေးတဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ..
သူတို့ကြောင့် ကိုယ်ဟာ အရေးပါကြောင်း ခံစားခဲ့ရလို့ပါ။
ကိုယ့်အပေါ် စိုးရိမ်ပေးကြတဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ...
သူတို့ ကိုယ့်အပေါ် ဂရုစိုက်ကြောင်း သိစေခဲ့လို့ပါ။
ကိုယ့်အနားကနေ ထွက်ခွာသွားတဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ..
သူတို့ကြောင့် ဘယ်အရာမှ ထာဝရမဟုတ်ဘူးဆိုတာ သိခွင့်ရခဲ့တယ်။
ကိုယ့်အနားမှာ ခုထိ ရှိနေပေးကြတဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ...
သူတို့ကြောင့် စစ်မှန်တဲ့ မိတ်ဆွေတွေအကြောင်း နားလည်ခဲ့ရတယ်။
ကိုယ့်ဘဝထဲကို ဝင်လာခဲ့ကြတဲ့သူတွေ၊ ကူညီခဲ့ကြတဲ့သူတွေ အားလုံး အားလုံးကို တကယ် ကျေးဇူးတင်မိပါတယ်။
မူးရင်းရေးစားသူအား လေးစားစွာဖြင့်
02/06/2024
"ဝဋ် ''
လူတစ်ယောက်ရဲ့ အချစ်ကိုလှည့်စားခဲ့ဖူးရင် တစ်နေ့တော့
သင့်အချစ်ကို လှည့်စားမယ့်သူရှိလာမှာပါ။
လူတစ်ယောက်ရဲ့ မကောင်းကြောင်းကို
သင်ပြောခဲ့ဖူးရင် သင့်မကောင်းကြောင်းကို
သင့်ရဲ့နောက်ကွယ်မှာ ပြောမယ့်သူကရှိပြီးသားပါ။
လူတစ်ယောက်ရဲ့ အားနည်းချက်ကို
သင်ချိုးနှိမ်ခဲ့ဖူးလျှင်...
သင့်အားနည်းချက်ကို ချိုးနှိမ်မယ့်သူ
တစ်နေ့မဟုတ်တစ်နေ့ တွေ့မှာပါ။
လူတစ်ယောက်ရဲ့ ယုံကြည်မှုကို
အလွဲသုံးစား လုပ်ခဲ့ဖူးလျှင်
တစ်နေ့သင့်ရဲ့ယုံကြည်မှုကို
အလွဲသုံးစားလုပ်တဲ့သူနဲ့
တွေ့ရတတ်ပါတယ်။
လူတစ်ယောက်ရဲ့ မိသားစုအသိုက်အမြုံကို
ဖျက်စီးခဲ့ဖူးလျှင် တစ်နေ့သင့်ရဲ့
မိသားစုကိုပြိုကွဲအောင် လုပ်တဲ့သူနဲ့
တွေ့လိမ့်မယ်။
သူတစ်ပါးရဲ့ သားပျို/သမီးပျိုကို(ဇနီးသည်) (ခင်ပွန်း)(ချစ်သူရည်းစား)
တန်ဖိုးမထားခဲ့လျှင်
သင့်မွေးလာမယ့် သား/သမီးကိုလဲ
တန်ဖိုးထားခြင်းခံရမှာမဟုတ်ဘူး။
လောကမှာ လူတိုင်းက
အပူတွေများစွာရှိကြပါတယ်
သို့ပေမဲ့ ကိုယ်ချင်းစာနာတတ်တဲ့စိတ်တော့
လူတိုင်းမှာ မရှိကြပါဘူး။
ငါလုပ်နိုင်တယ် ငါပြောလို့ရတယ်
ငါအနိုင်ယူလိုက်ရတယ်ဆိုပြီး
မာန်မာနတွေ ထားတတ်ကြတယ်။
တကယ်တော့ ကိုယ့်ရဲ့လုပ်ရပ်တိုင်းကို
လူတစ်ယောက်ချင်းစီကမသိနိုင်ပေမဲ့
"ဝဋ် ''ဆိုတဲ့အရာကတော့ပြေးလို့မလွတ်ပါဘူး။
ရှေ့မှာ သူတစ်ပါးမကောင်းကြောင်းကို
အားရဝမ်းသာ ပြောလိုက်ရလို့
နောက်ကျောလုံတယ် မထင်ပါနဲ့ ။
သင့်ရဲ့နောက်ကွယ်မှာလဲ သင့်မကောင်းကြောင်းကို အားရဝမ်းသာ ပြောမယ့်သူကရှိနေမှာပဲ။
သံသရာတစ်ကွေ့ မှာ
ဖြစ်ပြီးရင်ပျက်တဲ့အထဲ ''ဝဋ် ''ဆိုတဲ့
စကားလုံးမပါဘူး သင်ပြုသမျှကံရဲ့
အကျိုးကိုခံရဖို့ပဲရှိလိမ့်မယ်...
အသက်တစ်ခါရှုတိုင်း စိတ်ကောင်းလေး
ထားတတ်ကြပါစေလို့ဆန္ဒပြုရင်း~~~~~
28/05/2024
တစ်ချိန်ကျရင် မရောက်ဖူးသေးတဲ့နေရာတွေ
ကိုသွားမယ် လူတွေပြောတဲ့သေရင်ပါမယ့်
ဆိုတဲ့အရာတွေကို စိတ်ပါပါနဲ့လိုက်လုပ်မယ်
ဒီအသက်အရွယ်ထိကတော့လုပ်ခဲ့တဲ့အရာတွေ
ကတော့အများကြီးရင်ထဲပါပြီးလုပ်ခဲ့တဲ့အဖြစ်တွေ
ရှိသလို ရင်ထဲမပါပဲမကောင်းတတ်လို့အမြင်ကောင်း
အောင်လုပ်ခဲ့တဲ့အပြစ်တွေလည်းအများကြီးပေါ့😎
နဂိုမူရင်းစိတ်ကိုက စိတ်မပါရင်ဘာမှမလုပ်ချင်
လုပ်ရင်တောင်စိတ်မပါပေကပ်ကပ်နဲ့လုပ်ခဲ့သူမို့
အဆင်မပြေခဲ့တဲ့ပတ်ဝန်းကျင်တွေတော့အများကြီးပါ
ဒါပေမယ့် သိတတ်စကနေအခုထိဘယ်သူ့ကိုအမှား
တွေလုပ်ခဲ့လဲ ဘယ်သူတွေကကိုယ့်ကိုအမှားတွေ
လုပ်ခဲ့လဲ အဲ့အရာတွေအကုန်မှတ်မိတယ်🙂🙃😎
ဘယ်သူကကိုယ့်ကိုယ်ကျေးဇူးကန်းခဲ့လဲ ဘယ်သူကကိုယ့်အပေါ်ကျေးဇူးတရားတွေရှိခဲ့လဲအဲ့လူတွေကိုလည်းသီးခြားမှတ်ထားတယ်🙂🙂🙂😎
လျစ်လျူရှူသင့်တဲ့လူတွေကိုရှူမယ် ဆပ်ရမယ့်လူတွေ
ကိုဆပ်မယ် ရစရာရှိတဲ့ဟာတွေကတော့ ယူလို့ရသလောက်ပြန်ယူသွားဦးမယ် လူကြီးတွေပြောတဲ့ နောင်ဘဝကိုမရောက်ခင် လာသမျှလူတွေကို စစ်ဆေးမေးမြန်းပြီး နေရာခွဲပေးမယ့် ယမမင်းဆိုတဲ့ ဘဲကြီးနဲ့တွေ့ရင် ပြောစရာစကားတွေရှိလာမယ် အဆိုးတွေရော အကောင်းတွေရောလူ့အကြိုက်လိုက်မနေခဲ့တာတွေများတော့ အဆိုးတော့များမယ်🙂🙂😎😎
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဲ့ဘဲကြီးနဲ့စကားတွေပြော
ကြရင်ဟန်ဆောင်မှုမပါပဲ တည်တည်ငြိမ်ငြိမ်ဖြစ်နေဖို့ပဲလိုအပ်တယ်🙃😎🙃
ခေတ္တ
လူ့ပြည်
21/05/2024
ကျောင်းပြေးတာကအစ
ချိန်းရိုက်တာအဆုံး
မိဘမကြိုက်တာမှန်သမျှအကုန်လုပ်ဖူးတယ်။
ဆေးရှူတာကအစ
သပိတ်မှောက်တာအဆုံး
အစိုးရမကြိုက်တာမှန်သမျှအကုန်လုပ်ဖူးတယ်။
ဘုရားမရှိခိုးတာကအစ
ဘာကိုမှမယုံကြည်တာအဆုံး
လူမုန်းများတာမှန်သမျှအကုန်လုပ်ဖူးတယ်။
အမဲသားမကြိုက်ဘူး
မိန်းမ လိုက်မစားဘူး
စီးကရက်ရှိုက်ရင်း
ဝီစကီပုလင်းထဲက အရက်အတုတွေနဲ့
ခြေဆေးခဲ့ဖူးတယ်။
ဆေးခါးကြီးတစ်ခွက်လိုအမှန်တရားကို
မျက်စိမှိတ်မျိုချ
ပြီးမှ
လက်ထိုးအန်ပစ်ခဲ့ဖူးတယ်။
နံရံကိုနားလည်တယ်
မြေအောက်မှတ်စုများကိုခံစားတယ်။
ငယ်ငယ်တုန်းကတော့ တွေ့ချင်ဖူးခဲ့သူတွေရှိတယ်
ကြီးလာတော့လည်း ဘယ်သူနဲ့မှမတွေ့ချင်တော့ဘူး
ကိုယ့်ကိုယ်ကိုတောင်ပြန်မတွေ့သေးလို့။
ငါက ကျွန်စုပ်ခံရတဲ့သရက်စေ့ပါ
ငါက လှံစိုက်ခံရတဲ့မြေနိမ့်ပါ။
တစ်ခုမှမဟုတ်ပါဘူး
ကျွန်တော် လိမ်ပြောနေတာပါ ။
# # #ကြည်ဇော်အေး
(ဂျင်းဘောင်းဘီတစ်ထည်ရဲ့ ဖြောင့်ချက်)
20/05/2024
ကိုယ်မရှိတော့ရင်လည်း ကိုယ်မရှိတော့တာပဲ ရှိတာပါ ။
ထူးထူးခြားခြားရယ်လို့
ဘာမှ ပြောင်းလဲသွားမှာ မဟုတ်သလို
ငါမရှိရင်
မဖြစ်ပါဘူးဆိုပြီး
တချိန်လုံးတွေးခဲ့တဲ့ အရာတွေကလည်း
ကိုယ် မရှိလည်း
သူ့အလိုလို လည်ပတ်နေတာပါပဲ
တိတ်ဆိတ်ကြည့်လိုက်ရင်
တိတ်ဆိတ်တဲ့အတိုင်းပဲ
တစ်ရက်ပြီး တစ်ရက်
ကုန်ဆုံးသွားလိမ့်မယ်
တစ်စုံတစ်ယောက်ကမှ
တစ်ခုခု လိုမလာရင်
ကိုယ်ရှိမနေမှန်းကို
ဘယ်သူကမှ သတိထားမိမှာမဟုတ်ဘူး ။
တစ်စုံတစ်ယောက်က
သူတို့တစ်ခုခု အဆင်မပြေမှ
စကားပြောဖို့တဲ့အချိန်ကျ
ကိုယ့် အကောင့်လေး မီးစိမ်းမနေတာကို
သိလိမ့်မယ် ။
ပုန်းကြည့်ဖူးတယ် ...
တိတ်ဆိတ်ကြည့်ဖူးတယ် ...
အရာရာက
အရင်အတိုင်းပါပဲ
တကူးတက
ဘယ်သူကမှ သတိရမနေပါဘူး
ကိုယ်မရှိတော့ရင်လည်း ကိုယ်မရှိတော့တာပဲ ရှိမှာပါ ။
အဲ့တာကြောင့်
ဘယ်အရာကိုမှ
အများကြီး မျှော်လင့်မထားနဲ့
ဘယ်နေရာမှာမှ
ငါမရှိရင် မဖြစ်ဘူးလို့ တွေးပြီး
ကိုယ့်ကိုယ်ကိုယ် မနှိပ်စက်နဲ့
တချို့ ကမ္ဘာမှာ
ကျွန်တော်တို့ မရှိလည်း
ဘာမှ ဖြစ်မသွားတာကို သိထားဖို့ပဲ လိုတာပါ ။
#ကျေးကို
20/05/2024
”ကိုယ့်ရဲ့ဓာတ်ပုံ
ကိုယ်တင်နေတော့.....
အလကား သူ့အရွယ်ကြီးမှ အားမနာတဲ့။
”ဓာတ်ပုံ မပါပဲ စာတင်ပြန်တော့..
ရသ မမြောက်လိုက်တာတဲ့ ဝေဖန်မှုတွေနဲ့ မကင်းတဲ့ပတ်ဝန်းကျင်ပေါ့....
”ဘာသာရေး ပိုစ့်
ရှယ်ပြီး တင်ပေးပြန်တော့.....
သူတော်ကောင်းယောင်ဆောင်တာတဲ့။
”အချစ်အကြောင်း
ကဗျာလေး၊စာလေးတွေ တင်ပေးတော့...
သူ့ အရွယ်နဲ့မလိုက် နှာဘူး ထ နေတာတဲ့။
”စီးပွားရေးအကြောင်းလေး...
ရေးမိတော့ ဥစ္စာရူး ကြွားနေတာတဲ့...
သူ လည်း မအောင်မြင်ပဲနဲ့တဲ့။
”ကျန်းမာရေးအကြောင်း
သိသလောက် ပြောပြပြန်တော့...
သူ က ဘယ်လောက် တတ်လို့လဲတဲ့။
”ဒီကြားထဲ....
သူများရဲ့ကောင်းကြောင်းရေးတော့...
သူတော်ကောင်းယောင် ဆောင်နေတာတဲ့။
”သူများ
မကောင်းကြောင်းရေးမိတော့...
အဆိုးမြင်ဝါဒသမားတဲ့။
”Fb ပေါ် မှာ
စာပေ တွေ ပရဟိတလုပ်နေတော့...
လူအထင်ကြီးခံရအောင်လုပ်နေတာတဲ့။
”လှူဒါန်းထားတဲ့ ဓာတ်ပုံ
Fbပေါ် မတွေ့တော့.....
အလှုအတန်းမရှိတဲ့ကပ်စေးနဲတဲ့ သူတဲ့။
”လှူဒါန်း ခဲဖူးတဲ့ အမှတ်ရ
ဓာတ်ပုံလေးတွေ Fbပေါ်တင်ပြန်တော့...
ကြွားစရာမရှိကြွားနေ ပြန်ပြီတဲ့။
”သိ
သလောက်ဝင်ပြောမိတော့...
လိုင်းပေါ်မှာဆရာကြီး သိပ်ပြီး လုပ်တာပဲတဲ့။
”ဘာမှ
ဝင်မပြောဘဲနေတော့...
အူကြောင်ကြားတဲ့။
”သိ
သလောက် ဝင်ပြောတော့...
စပ်စုစိန်တဲ့။
”Fb
မသုံးဘူးပြောတော့...
ခေတ်မမီတဲ့ ငစနူတဲ့။
”Fb
သုံးတယ်ပြောတော့လည်း
ဘာအကျိုးရှိလို့လည်းတဲ့။
”မည် သို့
ဆိုစေကာမှု လူမျိုး ၁၃၅ မျိုးဆိုတော့..
အားလုံး မတူညီနိုင်ကြဘူးပေါ့။
”ကိုယ့် ဘာသာ....
တင်ချင်တာ တင်ကြပါ။
အများ မထိခိုက်ရင် ကိုယ့်ရဲ့အမှတ်တရတွေချည့်ပါပဲ။
”စာပေ...
ပညာရှင်များနဲ့
စာဖတ်သူ အားလုံးကို လေးစားလျှက်ပါ။
18/05/2024
ပိုင်ရှင်မရှိတဲ့မြစ်ကို ရှာပါ။
ကိုယ့်အနီးအနားက လမင်းကိုပဲ ဖမ်းပါ။
အန္တရာယ်မရှိနိုင်တဲ့ အိပ်မက်ကိုပဲ မက်ပါ။
မလှည့်စားတတ်တဲ့အရိပ်မှာ ခိုပါ။
ကိုယ့်ကို တကယ်လာစေချင်လို့
ခင်းပေးတဲ့လမ်းကိုပဲ လျှောက်ပါ။
အတင်းလုယက် ဝင်စရာမလိုတဲ့တံခါးကိုပဲ ခေါက်ပါ။
အဆင့်အတန်း မခွဲတဲ့တိမ်ကို ရှာပါ။
ကိုယ့်ကို တကယ်ပြန်ကောင်းစေချင်တာ ကျိန်းသေတဲ့
ရာသီဥတုအောက်မှာပဲ ဖျားနာပါ။
ပြင်းထန်ပေမယ့် မယုတ်မာတဲ့
မုန်တိုင်းမျိုးတွေ့မှပဲ ' လွင့် ' ပါ ။
အကြံအစည်မရှိတဲ့ကြိုးကို ရှာပါ။
ကိုယ့်ကို မျက်နှာမငယ်စေတဲ့ ပြတင်းပေါက်ကနေပဲ ငေးပါ။
ထောင်ချောက် မဆင်ထားတဲ့ပုခုံးကိုပဲ မှီပါ။
အရောင်ခဏခဏမပြောင်းတဲ့
ကောင်းကင်အောက်မှာ နေပါ။
ကိုယ့်ကို တကယ်ကျစ်ကျစ်ပါအောင် ဆုပ်ထားမယ့်
နွယ်မှာပဲ အချည်နှောင်ခံပါ
သက်တောင်းသက်သာ ဖြစ်စေမယ့်နွံမှာပဲ နစ်ပါ ။
လွတ်လွတ်ကင်းကင်းရှိတဲ့ အရိပ်ကိုရှာပါ။
ကိုယ့်ကို ထပ်ပြီးမဖိနှိပ်မယ့် "ဝန် " ကိုပဲထမ်းပါ။
တွေ့သမျှ မြင်သမျှကို လှမ်းမခေါ်တတ်တဲ့
အမိုးအောက်မှာပဲ ခိုပါ ။
အဆိပ်မရှိတဲ့ကြယ်ကို ရှာပါ။
ကိုယ့်ကို တကယ်ဖိတ်ခေါ်တဲ့ တိမ်တွေဆီပဲ သွားပါ။
ပြန်လှည့်ကြည့်စရာမလိုတဲ့ မေတ္တာကိုပဲရွေးပါ ။
မာယာမရှိတဲ့အပင်ကို ရှာပါ။
ကိုယ်လက်လှမ်းမှီတဲ့နေရာက အပွင့်ကိုပဲခူးပါ
နောက်ဆံတင်းစရာမလိုတဲ့ ကြိုးကိုပဲချည်ပါ ။
ပြိုင်ဘက် မရှိတဲ့လှေကို ရှာပါ။
ကိုယ့်ကိုပျော်ရွှင်စေတဲ့ ရာသီဥတုမှာပဲနေပါ
အငြိုးအတေး မကြီးတဲ့ရေကိုပဲ သောက်ပါ ။
အဖော်မရှိတဲ့ ယုန်ကိုရှာပါ။
ကိုယ့်ကို လိုလိုလားလားရှိတဲ့ မြက်ခင်းပြင်ပေါ်မှာပဲ အိပ်ပါ ။
မျက်နှာပူစရာ မလိုတဲ့နံရံကိုပဲ မှီပါ ။
14/05/2024
စကား အပြောကောင်းတိုင်း
နူးညံ့ချိုသာစွာ ပြောတတ်တိုင်း
လူ့ ယဉ်ကျေးလို့
တထစ်ချ မယုံလိုက်ပါနဲ့။
လောဘ မပြည့်လို့
မျက်နှာဖုံး ခွာချလိုက်တဲ့အခါ
အစွမ်းကုန်
မိုက်ရိုင်း ယုတ်မာသူတွေ
ဖြစ်နေတတ်ပါတယ်။
ပညာတတ်
ငယ်ရွယ် ရုပ်ချော ရာထူးရှိတိုင်း
လူတော် လူကောင်းလို့
တထစ်ချ မယုံလိုက်ပါနဲ့။
လောဘ မပြည့်လို့
မျက်နှာဖုံး ကွါကျသွါးတဲ့အခါ
မထင်မှတ်လောက်အောင်
ကောက်ကျစ် လိမ်ညာ ယုတ်မာသူ
ဖြစ်နေတတ်ပါတယ်။
ကိုယ့်ရှေ့မှာ ကိုယ့်ကို
ချီးကျူးစကားတွေ
ရေပက်မဝင်အောင် ပြောနေတိုင်း
မိတ်ဆွေစစ်လို့
တထစ်ချ မယုံလိုက်ပါနဲ့။
မျက်နှာဖုံး နှစ်ခု တပ်ထားရင်း
ကိုယ့်ကွယ်ရာမှာ
ကဲ့ရဲ့ အပြစ်တင်
ကိုယ့်အားနည်းချက်တွေ ခုတုံးလုပ်ပြီး
ပိုးစိုးပက်စက်
အတင်းအဖျင်း ပြောတတ်သူ
ဖြစ်နေတတ်ပါတယ်။
ဒီလိုစိတ်ဓာတ်ရှိသူတွေကို
ဘာနဲ့မှ
ပြုပြင်ယူလို့ မရပါဘူး။
သူတို့ရဲ့ မွေးရာပါ ဗီဇစိတ်ဓာတ်ဖြစ်လို့
သေမှပျောက်မယ့် စိတ်ဓာတ်တွေပါ။
သူတို့ရဲ့ ပစ်မှတ်တွေထဲ
ရောက်ရှိသွားသူတွေကတော့
ရိုးသားသူ
ပွင့်လင်းသူ
အားနာတတ်တဲ့သူ
မြှောက်ပင့် ချီးကျူးစကားတွေကို
သာယာတတ်သူ
လူတိုင်းကို မိမိစိတ်နဲ့ နှိုင်းယှဉ်ပြီး
လွယ်လွယ် ယုံစားမိသူများ ဖြစ်ပါတယ်။
ယခုခေတ်မှာ
မိမိတို့ရဲ့ အားနည်းချက်တွေ
အားသာချက်တွေကို
ရိုးသားစွာ
ပွင့်လင်းစွာ ပြောတိုင်း
မကောင်းတော့ပါဘူး။
ဒါတွေဟာ
မရိုးသားသူတွေ
အခွင့်အရေးသမားတွေ အတွက်
အကြိုက် အသုံးချဖို့
လမ်းဖွင့်ပေးထားသလို
ဖြစ်သွားတတ်ပါတယ်
လူတိုင်း လူတိုင်းမှာ
တချို့က
မျက်နှာဖုံး မရှိဘူး။
တချို့က
မျက်နှာဖုံး နှစ်ခု ရှိတယ်။
တချို့က
မျက်နှာဖုံးတွေ အမျိုးမျိုးရှိတယ်။
ဒါကြောင့်
မျက်နှာဖုံးနောက်က မျက်နှာကို
သေချာ မြင်တတ်အောင်
အချိန်ပေး ချင့်ချိန် ဆင်ခြင်ပြီး
ဆက်ဆံကြည့်ပြီးမှသာ
လူတိုင်းကို
ယုံကြည်စွာ ဆက်ဆံကြပါ။
13/05/2024
အချစ်မှာ ဝဋ်ဆိုတာ ချက်ချင်းလည်ပါတယ် ။
သူတစ်ပါးရဲ့ခံစားချက်ဆိုတာ ကစားလိုကောင်းတဲ့အရာမဟုတ်သလို လှည့်ဖြားလိုကောင်းတဲ့ အရာလဲ မဟုတ်ဘူးလေ ။ ဒါပေမယ့် လှည့်စားပြီးသွားရင် မမေ့ပါနဲ့ ကိုယ်တကယ်ချစ်တတ်လာတဲ့အခါကျရင် ဝဋ်ဆိုတာ တကယ်ပဲ လည်တတ်ပါတယ် ။
တချိန်တုန်းက... ကိုယ့်ကို သိပ်ချစ်တဲ့ လူတစ်ယောက်ရှိခဲ့ဖူးတယ် ။ ဒါပေမယ့် ကိုယ်ချစ်လို မရခဲ့တာ တစ်ခုပါပဲ ။ ဒါပေမယ့် မျှော်လင့်ချက်တွေ ပေးခဲ့မိတယ် ပြီးတော့ ဒဏ်ရာတွေလဲ ပေးခဲ့မိဖူးတယ် ။ သူ... မျက်ရည်တွေလဲ ကျခဲ့ရဖူးတယ် ။
အတိတ်ဆိုတဲ့ အရာ က အတိတ်မှာပဲ ကျန်ခဲ့မယ်လို ထင်ခဲ့တာ ပြီးတော့ ငါမှ မချစ်ခဲ့တာဆိုပြီး ထူးထူးဆန်းဆန်း မှတ်မိနေတာမျိုးလဲ ရှိမနေတော့ပါဘူး ပြီးတော့ ကိုယ်ရွေးခဲ့တဲ့လမ်း မှန်တယ်လိုပဲ ထင်ခဲ့တာ ။ တစ်ခု မေ့သွားခဲ့တယ် ဝဋ်ဆိုတာ ပြန်လည်တတ်မှန်းကိုပေါ့ ။
တစ်နေ့မှာ... ကိုယ် သိပ်ချစ်ရတဲ့လူတစ်ယောက်နဲ့ ဆုံခဲ့တယ် ပြီးတော့ ချစ်ခဲ့ကြတယ်ဆိုပါတော့ ... အစပိုင်းနှစ်တွေမှာလေ ပန်းခင်းထားတဲ့ လမ်းလိုပဲ ဖြောင့်လို ဖြူးလို ပြီးတော့ ပျော်လို မြူးလိုပေါ့ ။
တဖြေးဖြေး ပိုချစ်လာတဲ့ နှစ်တွေက စလို ကိုယ် ဝဋ်တွေ စလည်တော့တာပဲ ။ ဝဋ်တွေ လည်တဲ့အခါလေ မင်းတော့ ဝဋ်လည်နေပြီဆိုပြီး ဘယ်သူကမှ သတိပေးစရာမလိုဘူးနော် ။ ခေါင်းထဲမှာ ကိုယ်လုပ်ခဲ့ဖူးတာတွေကို တ ဖြေးဖြေး ပြန်မြင်လာမယ် ပြီးရင် ကိုယ့်အဖြစ်အပျက်ကို ပြန်ပြီးတော့ မြင်လာမယ် ။ အရာအားလုံးဟာ တစ်ထပ်တည်းပဲ ပိုပြီး ခံစားရတာပဲ ကွာတာပါ ။
ကိုယ်ပြောခဲ့ဖူးတဲ့ စကားလုံးတွေနဲ့ ကိုယ်ပြောခံနေရတဲ့ စကားလုံးကို ယှဉ်ပြီး ကြားလာရတယ် ။ အဲ့ဒီအချိန်တွေရောက်မှ ငါပြောခဲ့တုန်းကကော သူ ဒီလိုနာကျင်ရမှာပါဆိုတဲ့ နောင်တတွေရတယ် ပြီးတော့ အကြိမ်ကြိမ်တောင်းပန်နေမိတယ် ။
ကိုယ့်ကို သိပ်ချစ်တဲ့သူကို လျစ်လျူရှုထားခဲ့မိသမျှ ကိုယ်သိပ်ချစ်တဲ့သူက လျစ်လျူပြန်ရှုထားတဲ့အချိန်မှ ကိုယ့်ကိုယ်ကိုယ် တိုးတိုးလေး ပြန်ပြောမိတာ ငါ ဝဋ်တွေ လည်နေခဲ့တာပဲ ဆိုတဲ့ စကားလေး တစ်ခွန်းတည်းပဲ ။ ကျေပါစေဆိုတဲ့ ဆုတောင်းတွေ တောင်းဖိုထက် အဆုံးသတ်ကျ ခွဲခွာခြင်းနဲ့ အဆုံးမသတ်ဖိုပဲ အတ္တတွေ ထပ်ကြီးနေမိပြန်တယ် ။
တကယ်ဆို... မချစ်တတ်ခင်ကတည်းက အရာအားလုံးကို ကြိုတွေးခဲ့မိရမှာ ။ တစ်နေ့ ငါနာကျင်ရရင်ကောဆိုပြီး ခံစားပြီး သိခဲ့ရမှာ ။
ဒါပေမယ့်... အရာအားလုံးဟာ နောက်ကျသွားခဲ့ပြီးပါပြီ ။ ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို အသေအလဲလဲ ချစ်နေမိပြီးသွားပြီ ။ ရွေးချယ်စရာတွေအများကြီး ရှိနေမယ်ဆိုရင်တောင် ဆက်ပြီး ဖက်တွယ်ထားပြီး ဒီ ဝဋ်ကို အဆုံးသတ်လိုက်ဖိုပဲ တွေးပါတယ် ။
မှတ်ထားပါ... ဒီနေ့မှာ ကိုယ့်ကို သိပ်ချစ်တဲ့ လူတစ်ယောက်ကို နာကျင်အောင် လုပ်မယ်ဆိုရင် တစ်နေ့နေ့ ကိုယ်တကယ်ချစ်တတ်လာတဲ့အခါကျရင် ကိုယ်သိပ်ချစ်ရတဲ့သူကလဲ ကိုယ့်ကို နာကျင်အောင် တကယ်ပဲ ပစ်ထားတတ်ပါတယ် ။
အချစ်မှာ ဝဋ်ဆိုတာ ချက်ချင်းလည်တာပါ။
#ကျေးကို
(ရင်နှင့်ရင်း၍ ရေးသည်)
#
13/05/2024
မောင့်အရိုင်းပန်းအကြောင်းလေးကျန်သေးတယ်
ဘီးနံပါတ်OK0122Lအကြောင်းကတော့သိပြီးတာကြာပါပြီကျန်တဲ့ဟာလေးတွေတော့အခုမှပဲ
သိတော့တယ်ကျေးဇူးပါဗျာ🙂🙂🙂
ဘီးနံပါတ် OK 0122L
ငယ်စဉ်ထဲက ဒါက ဘာပြောချင်တာပါလိမ့် စဉ်းစားခဲ့ဘူးတယ် ။ ခုမှသိရတယ် ကိုယ်လိုပဲ မသိသူများအတွက်
ဘီးနံပါတ် Ok 0122 L ရဲ့အဓိပ္ပါယ်ပါ ..
ကိုထီး ဆိုတဲ့ ဆရာစိုင်းခမ်းလိတ် ရေးခဲ့တဲ့သီချင်းတွေ ဖန်တရာတေအောင် နားထောင်ခဲ့ဖူးတယ် ။
တစ်ချို့ သီချင်းလေးတွေက ကိုယ်ထင်သလို ချစ်တာ မေတ္တာအကြောင်းတွေ မဟုတ်ဘူး...တဲ့ !!!
တိုင်းရေးပြည်ရေး.. အကြပ်အတည်းတွေ ကြားထဲမှာ..
လူထုရဲ့ ခံစားချက်လေးတွေကို ကိုယ်စားပြု မွေးဖွားလာတဲ့ သီချင်းလေးတွေ ဖြစ်ပါသတဲ့... !
မနေ့ကမှ ဂရုတစ်ခုမှာ အစ်ကို တစ်ယောက် ပြောပြလို့ သိရတာ.. !!!
ဆရာစိုင်းခမ်းလိတ် ရေးဖွဲ့ခဲ့တဲ့
ဦးထီးရဲ့ မေမြို့မိုး သီချင်းဟာ...
တောင်ပေါ်မြို့လေး ပြင်ဦးလွင်ကို မဆီမဆိုင် မန္တလေးတိုင်းထဲ ထည့်ခဲ့လို့... ဆိုခဲ့တဲ့ သီချင်းလေးပါတဲ့...
သံလွင်ချောင်းခြားဆိုတဲ့ သီချင်းလေးက မြစ်ဟိုဘက်ကမ်း.. ဒီဘက်ကမ်းမှာ
တပ်စွဲထားတဲ့ မြန်မာစစ်တပ်နဲ့ BCP တို့ရဲ့ အာဃာတကို ရေးဖွဲ့ခဲ့တာပါတဲ့ !!!
ရှိသေးတယ်.. !!!
ကိုယ်တစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူးဆိုတာ.. ခေါင်မလုံရင် စိုမှာပဲ... အစိုးရမကောင်းရင်..
ကိုယ် ဘယ်လောက်လုပ်လုပ် အရာမထင်ဘူးလို့ ရွဲ့ဆိုခဲ့တာပါ...
ဟိုးဘက်ခေတ်က မြန်မာနိုင်ငံ အနှံ့အပြားကို မီးပေးတာက လောပိတ ရေအားလျှပ်စစ် စက်ရုံကြီးပေါ့...
လောပိတ ရေတံခွန်ကြီး ရှိနေတဲ့
ကယားပြည်နယ်လေးကတော့
မှောင်လို့ မဲလို့ပေါ့လေ....
အဲ့ဒီ့မှာ... ရန်ကုန်မှာ သာတဲ့လ... ဆိုတဲ့
သီချင်းလေး ဖြစ်လာရတာပါပဲ... !!!
သိပ်ပြီး ပညာသားပါတဲ့ သီချင်းလေး
ရှိသေးတယ်...
ကျနော်တို့ သိထားတဲ့...
ဘီးနံပါတ်... OK 0122L ဆိုတဲ့ အပေါင်ဆုံး စက်ဘီးလေး အကြောင်းလေ
မင်းသခင်မလေး ခမြာလေ..
သိပ်ကို စွဲလမ်းရှာနေ..
ပြန်ရွေးလို့ ရခဲ့ရင်
ပြန်ရွေးလို့ ပေးလိုက်ချင်တယ်..တဲ့
ဘီးနံပါတ်.. OK 0122Lဆိုတာ...
ဖေဖော်ဝါရီ 12 ပြည်ထောင်စုနေ့က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်မှာ သဘောတူခဲ့တဲ့ ဖက်ဒရယ်မူကို ရည်ရွယ်ပါသတဲ့..
လွတ်လပ်ရေးရပြီးရင် ပေးမယ်ဆိုတဲ့ သူတို့ ရပိုင်ခွင့်ရှိတဲ့ ဖက်ဒရယ်လေးကို
ပြန်လိုချင်ပါတယ်လို့ ဆိုလိုတာ...
OK.. သဘောတူညီချက် စာချုပ်
0..(သုည) ဆုံးရှုံးတာ မရလိုက်တာ...
12.. နေ့စွဲ
2.... လ
L...Law. ဥပဒေကို ရည်ညွှန်းပါသတဲ့...
ဒီအဓိပ္ပါယ်လေးကို သိမှ ဒီသီချင်းလေး
ပြန်နားထောင်တဲ့အခါ ရှမ်းတွေရဲ့ ခံစားချက်ကို ပိုပြီး နားလည်လာရပါတယ်..
ဂီတ..အနုပညာဆိုတာ ဒါပါလား... !!!
ဒီသီချင်းတွေ ရေးခဲ့တဲ့ ဆရာစိုင်းခမ်းလိတ်ရဲ့ အမြော်အမြင်ကြီးမှု.. ဖန်တီးနိုင်မှုဟာ လေးစားစရာ.....
သီချင်းမဟုတ်တော့တဲ့ သီချင်းတွေပါပဲ
ကိုယ့်ဥာဏ်နဲ့ကိုယ်ဆို ဘယ်လိုမှ သိနိုင်မှာ မဟုတ်ဘူး...
ပြောပြတဲ့ အစ်ကိုကိုလဲ
တကယ်ကျေးဇူးတင်ပါတယ် ဗျာ....
crd
သည်ပို့စ်လေးကို ဖတ်မိရင်း တိုင်းရင်းသား ညီကိုမောင်နှမတွေရဲ့
ရင်ထဲကို ပိုမိုနားလည်နိုင်ခဲ့မိရပါတယ်..
တချိန်က ကျွန်တော်တို့တွေ ခင်ဗျားတို့ခံစားချက်တွေ ဘဝတွေကို ခုချိန်ခါလောက် နားမလည်တတ်ခဲ့မိတာတွေကို တောင်းပန်လိုက်ပါရစေ... ! 🙏🙏
Click here to claim your Sponsored Listing.
Category
Website
Address
Thaton