Chan Fashion Designs & Tailoring

Chan Fashion Designs & Tailoring

Share

❤❤❤

01/10/2022

ကုသိုလ်တခု နေ့စဉ်ပြု❤️

ကံမကောင်းပါလား အဆင်မပြေပါလားလို့ ရှိနေရင် ဘုရားယတြာများများလုပ်ပါ ဥပမာအနေဖြင့် ဘုရားကျောင်းဆောင်သန့်ရှင်းရေးလုပ်ခြင်း ဘုန်းကြီးကျောင်းသို့ဆွမ်းပို့လှူဒါန်းခြင်း ဘုရားဝေယျဝစ္စလုပ်ခြင်း ခွေးစာကျွေးခြင်း မရှိသောသူအား လှူဒါန်းခြင်း စတာတွေကိုပြုလုပ်ပေးပါရှင့် 🤍🙏🙏

သူများဆီက မေတ္တာလိုချင်ရင်
ကိုယ်က နွေးထွေးပေးဖို့မမေ့ပါနဲ့။

သူများဆီက ဂရုစိုက်မှု လိုချင်ရင်
ကိုယ်လည်း ကြင်နာဖို့မမေ့ပါနဲ့။

သူများဆီက ချိုသာတဲ့စကားသံတွေ ကြားချင်ရင်
ကိုယ်လည်း ချိုချိုသာသာပြောဖို့မမေ့ပါနဲ့။

သူများဆီက နှုတ်ဆက်တာကို လိုချင်ရင်
ကိုယ်လည်း ပြုံးပြဖို့မမေ့ပါနဲ့။

သူများဆီက အကူအညီကို လိုချင်ရင်
ကိုယ်က ကျေးဇူးမမေ့ပါနဲ့။

မမေ့ပါနဲ့
အရာရာတိုင်းဟာ အသွားအပြန်ရှိပါတယ်။

သူများဆီက လိုချင်ရင်
ကိုယ်ကလည်း ပေးဖို့မမေ့ပါနဲ့။

ကိုယ်ကမပေးချင်ဘဲ
သူများဆီက မမျှော်လင့်ပါနဲ့။

တစ်ဦးကမေတ္တာ တစ်ဦးကစေတနာပါ
မေတ္တာဟာ ရောင်ပြန်ဟပ်ပါတယ်။

🪷🙏🏻🪷🙏🏻🪷🙏🏻🪷🙏🏻🪷🙏🏻🪷

ပဌာန်းပဥှာဝါရပါဠိတော်
မေတ္တာသုတ်
မဟာသမယသုတ်
ဓမ္မစကြာ နှင့် ဂုဏ်တော်များစွာရွတ်ခြင်း
အဓိဌာန်ပြုခြင်း ၄၇ရက်မြောက်နေ့ ကုသိုလ်အစုစု

#လောကချမ်းသာလိုချင်ရင်သီလလုံအောင်စောင့်ထိန်းရမယ်

🪷🙏🏻🪷🙏🏻🪷🙏🏻🪷🙏🏻🪷🙏🏻🪷

တပည့်​တော်သည်
နေ့စဉ် ပြုလုပ်သော ကုသိုလ် တရားများ ကို
အိမ်ရှိမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား

ပန်းများ ဆွမ်း ပန်းစေတီ ဆေးစေတီ ရေချမ်း ဆီမီး အမွှေးတိုင် သစ်သီးများ
အောင်သပြေ အချိုပွဲ ကပ်လှူခြင်း

မျက်နှာသစ်တော်ရေ ကပ်လှူခြင်း
အနေကဇာတိ ဂါထာတော် ၃ ခေါက်
ဆွမ်းတော် ပန်း ရေချမ်း ဆီမီး ကပ်လှူပူဇော်ခြင်း
ငါးပါးသီလခံယူခြင်း
ခင်ပွန်းကြီးဆယ်ပါးကန်တော့ခြင်း
မဟာသမယသုတ်
ဓမ္မစကြာသုတ်
ပဌာန်း ပဥှာဝါရ ဒေသနာတော်
ဓာရဏ ပရိတ်တော်
ဆဒိသပါလသုတ်တော်
ပရိမိတ္တဇာလသုတ်
ရသေ့ကြီး ဦးခန္ဓီ ဂါထာတော်
ဒိဝါတပတိ ဂါထာတော်
မဏိဇောတ ပတ္တမြားရတနာ ဂါထာတော်
သတသ ဟသာရဟ နတ်ချစ် ဂါထာတော်
အန္တရာယ်ကင်း သိရသ္မိံ ဂါထာတော်
စ ဓ ဗ ဝ ဂါထာတော်
အဌာနမေတံ သက်တော်မြဲ ဂါထာတော်
သရဏဂုံ ဂါထာတော်ကြီး
သုဂတော ၅ ချက် ဂါထာတော်
စိန္တာဏိဂါထာ မန္တာန်တော်ကြီး
အလိုတော်ပြည့်ဂါထာတော်
မေတ္တာသုတ်
စသော ဂုဏ်တော်များစွာပွားများခြင်း
ပုတီးစိပ်ခြင်း

စသောဤကုသိုလ်များစွာကြောင့်
အရင်ဘဝဟောင်းက တော်စပ်ခဲ့သော
ယခုဘဝတွင် တော်စပ်ခဲ့သော
ဆွေးဟောင်းမျိုးဟောင်း ဘိုးဘွားများ
ကိုယ်စောင့်နတ် ၁၂ ပါး
နေရာစောင့်နတ်
လမ်းစောင့်နတ်
အိမ်စောင့်နတ်
မြို့စောင့်နတ်
ရွာစောင့်နတ်
ရုက္ခစိုး
ဘုမ္မ စိုး
အာကာစိုး
မြေစောင့်နတ်
ရေစောင့်နတ်
သာသနာတော်စောင့်နတ်
သမုဒ္ဒရာစောင့်နတ်
တောစောင့်နတ်
တောင်စောင့်နတ် အပေါင်း

အိမ်နေရာ အနီးတွင် နေထိုင် ကြကုန်သော
နတ်ဒေဝါအပေါင်း ဥစ္စာစောင့် သိုက်နန်းရှင်အပေါင်း

အမနုဿ ပေတ ယက္ခ တစ္ဆေ မြေဘုတ်
ဘီလူးအပေါင်း
မကျွတ်မလွတ်ကုန်သော
သတ္တဝါအားလုံးတို့သည် လည်းကောင်း

အဘ ဘိုးမင်းခေါင်
အဘ ဘိုးဘိုးအောင်
ယက္ကန်းစင်တောင်ဆရာတော်ဦးသြဘာသနှင့်
ရသေ့ကြီး ဦးခန္ဓီ
ဝိဇ္ဇာ ရှစ်သောင်း ဇော်ဂျီ အပေါင်းတို့သည် လည်းကောင်း။

ရွှေတိဂုံ ဘိုးဘိုးကြီး
ဆူးလေ ဘိုးဘိုးကြီး
ဗိုလ်တထောင် ဘိုးဘိုးကြီး
ရွှေဘုန်းပွင့် ဘိုဘိုးကြီး
အောင်တော်မူ ဘိုးဘိုးကြီး
မဟာမြတ်မုနိ ဘိုးဘိုးကြီး
ရွေသိမ်တော် ဘိုးဘိုးကြီး
ကျိုက်ထီးရိုး ဘိုးဘိုးကြီး
မှော်ဘီဘိုးဘိုးကြီး
သင်္ဃန်းကျွန်းဘိုးဘိုးကြီး
ရွေညောင်ပင် ဘိုးဘိုးကြီး
ပုပ္ပါးတောင်ဘိုးဘိုးကြီးနှင့် အစရှိသောဘိုးဘိုးကြီး
အားလုံးတို့သည်လည်းကောင်း..

ဘောဂဝတီ နဂါးမင်းကြီး နဂါးမယ်တော် နှင့်တကွ
အမတော်မြနန်းနွယ်
အမတော်စောမွန်လှ
အမတော် မမြစိမ်း
အမတော် မြနန်းဒေဝီ
အမတော် မြနန်းသူဇာ
သိုက်နန်းရှင် အမ နန်းကြာဖြူ
အမေရှင်စောပု
သိုက်ချုပ် မယ် တော် ၊ဘိုးတော်တို့သည်လည်းကောင်း...

ကျွန်ုပ် ကိုယ်တွင်း ကိုယ်ပနှစ်ဋ္ဌာန မှာ စောင့်ကြပ်ကုန်ကြသော အစောင့်အရှောက်များ ဘဝအဆက်ဆက်က တော်စပ်ခဲ့ဘူးသောဆွေမျိုးများ

သိုက်ဆက် 🌿🌿
ပဋ္ဌာန်းဆက် 🌹🌷
နဂါးဆက်များ🌱🍀

ဒေးစွန်ပါ ဘုရားတွင်ရှိကြသော အဆက်အနွယ်တစ်ဦးတစ်ယောက်ချင်းစီနှင့်

ကျွန်ုပ်၏ ကိုယ်စောင့်နတ်
ကျွန်ုပ် ၏ နေ့နံ ဂြိုလ် မင်း နှင့်တကွ
ကျန်ရှိနေသော ၇ရက်သားသမီးများ အပါအဝင်
၄င်း တို့ကိုစောင့်ရှောက်ကြကုန်သော
ဂြိုလ်မင်းများ မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်
အစောင့်များ အားလုံးတို့နှင့်

ကွယ်လွန်သူများအားလုံးတို့သည်
အေးချမ်းသောဘဝ ကျွတ်လွတ်သောဘဝဆီသို့ အမြန်ဆုံးရောက်ရှိကြပါစေ

ရှိရှိသမျှကုန်သော သတ္တဝါ အားလုံးတို့သည်လည်း
ကျန်းမာကြပါစေ
ချမ်းသာကြပါစေ
ချမ်းသာသုခအမြဲရကြပါစေ
သက်ရှည် ကျန်းမာ စိတ်ချမ်းသာ၍ လိုအင်ဆန္ဒတလုံး​ပြည့်ဝကြပီး သီလ သမာဓိ ပညာနှင့်ပြညါ့စုံသော သူတော်ကောင်းများ ဖြစ်ကြပါစေ
ရေလိုအေး၍ပန်းလေးလိုလှပမွှေးပျံ့ရပါစေ
ကပ်များစွာ၏ ဘေးအန္တရာယ်များမှ ကင်းဝေးကြပါစေ

ဤသို့ကြောင့် သတ္တဝါအားလုံးတို့၏ စောင့်ရှောက်ခြင်း မေတ္တာဓာတ်များသာ ရရှိပြီး
ကုသိုလ်များအားလုံးထပ်တူ ရရှိ ခံစားကြရပါစေကုန်သတည်း........

ကုသိုလ် .. အမျှ ... အမျှ ....အမျှ.... ယူတော့မူကြပါကုန်သော သာဓု သာဓု သာဓု.......🙏🙏🙏

Nway🙏🙏

21/07/2022

ပဋ္ဌာန်းနှင့် အနတ္တ တရား

ပဋ္ဌာန်းဆိုတာကိုတော့ လူတိုင်းကြားဖူးကြပါတယ်။ ရွတ်လဲ ရွတ်ကြပါတယ်။ သို့သော်လည်း ပဋ္ဌာန်းရဲ့ အကျိုးကျေးဇူးဟာ ရွတ်ဖတ်ရုံသက်သက်ဆိုပါက ကြားနာရသူမှာ အကျိုးရှိတဲ့ သဘောပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ဟာ လူမစွမ်းနတ်မ ဆိုတဲ့ စကားကို အရမ်းသဘောကျသော ငပျင်းများဖြစ်ကြပါတယ်။ ကိုယ်တိုင် ကြိုးစား အားထုတ်ဖို့ထက် လူလူချင်းဖားရုံသာ မက မမြင်ရတဲ့ နတ်တွေကို ဖားဖို့ အကူအညီရဖို့ ပဋ္ဌာန်းရွတ်ကြတယ် ဆိုတာကတော့ အတော်လေးကို ညံဖျင်းတဲ့ သဘောဖြစ်နေပါတယ်။ ပဋ္ဌာန်းရဲ့ အဓိပ္ပါယ်ကို ကိုယ်တိုင် သိအောင်မကြိုးစား အနှစ်သာရကို နားလည်အောင် မကြိုးစားပဲ ဒီအတိုင်းနားမလည်ပဲ ပါဠိလို ရွတ်တာမျိုးက ဆီဦးထောပတ် ရှိလျက်နဲ့ ငပိရည်နဲ့ စားပြီး ငပိရည်ကလဲ ဂုဏ်ရှိပါတယ် ပြောနေသလိုပါပဲ။

တကယ်တော့ ပဋ္ဌာန်းဆိုတာဟာ အနတ္တကို ဖေါ်ညွှန်းပါတယ်။ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမ မရှိပဲ တရားများသာ အကျိုးပြုနေကြပုံတွေကို ရှင်းပြထားတာပါ။ ကျနော်လဲ ၂၄ ပစ္စည်းစလုံးကို ခြုံငုံနိုင်လောက်တဲ့ ဉာဏ်စွမ်းမရှိပါဘူး။ စွမ်းသူများ ဆင်ခြင်ရင်တော့ ရဟန္တာဖြစ်တဲ့ထိကို အကျိုးရှိတယ်လို့ မှတ်သားဖူးပါတယ်။ ဒါကြောင့် ပဋ္ဌာန်းရဲ့ မြန်မာပြန် အဓိပ္ပါယ်ကို ပြန်တင်ပေးရခြင်းဖြစ်ပါတယ်။

တရားမျက်နှာပဲကြည့်ပြီး အရှိအတိုင်းတည့်တည့်ပြောမိတာကို ခွင့်လွှတ်တော်မူကြပါ။ ကျေးဇူးတင်ပါတယ်။

၁။ ဟေတုပစ္စည်းဟူသည်ကား

အခြေအမြစ်တရား (လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ) တို့သည် မိမိတို့နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း မိမိတို့ကြောင့် ဖြစ်ကုန်သော ရုပ်တို့အား လည်းကောင်း အခြေအမြစ် သတ္တိဖြင့် ကျေးဇူး ပြုတတ်သည် ဖြစ်​၏။

၂။ အာရမ္မဏ ပစ္စည်းဟူသည်ကား

အဆင်းအာရုံသည် မြင်သိစိတ်အားလည်း​ကောင်း ထိုစိတ်နဲ့ ယှဉ်ကုန်သော တရားတို့အား လည်းကောင်း အာရုံသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အသံအာရုံသည် ကြားသိစိတ်အားလည်း​ကောင်း ထိုစိတ်နဲ့ ယှဉ်ကုန်သော တရားတို့အား လည်းကောင်း အာရုံသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အနံအာရုံသည် နံသိစိတ်အားလည်း​ကောင်း ထိုစိတ်နဲ့ ယှဉ်ကုန်သော တရားတို့အား လည်းကောင်း အာရုံသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အရသာအာရုံသည် အရသာသိစိတ်အားလည်းကောင်း ထိုစိတ်နဲ့ ယှဉ်ကုန်သော တရားတို့အား လည်းကောင်း အာရုံသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အတွေ့အထိအာရုံသည် ထိသိစိတ်အားလည်းကောင်း ထိုစိတ်နဲ့ ယှဉ်ကုန်သော တရားတို့အား လည်းကောင်း အာရုံသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အဆင်းအာရုံသည်၊ အကြားအာရုံသည်၊ အနံအာရုံသည်၊ အရသာအာရုံသည်၊ အထိအတွေ့အာရုံသည်၊ အာရုံသိစိတ်အားလည်းကောင်း ထိုစိတ်နဲ့ ယှဉ်ကုန်သော တရားတို့အား လည်းကောင်း အာရုံသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

ခပ်သိမ်းကုန်သော တရားတို့သည် အာရုံကို အထူးသိစိတ်အားလည်းကောင်း ထိုစိတ်နဲ့ ယှဉ်ကုန်သော တရားတို့အား လည်းကောင်း အာရုံသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အကြင်အကြင်သို့သော တရားကိုအာရုံပြု၍ အကြင်အကြင်သို့သော တရားတို့ဖြစ်သော စိတ်၊ စေတသိတ် တရားတို့သည် ဖြစ်ကြကုန်​၏။

ထိုထိုသို့သော တရားတို့သည် ထိုထိုသို့သော တရားတို့အား အာရုံသတ္တိဖြင့် ကျေးဇူးပြုသည်။

၃။ အဓိပတိ ပစ္စည်းဟူသည်ကား

ဆန္ဒဆိုသည် လိုလားမှု အကြီးအမှူးတရားသည် မိမိ နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း၊ မိမိကြောင့် ဖြစ်သော ရုပ်တရား တို့အားလည်းကောင်း ဦးစီး ဦးဆောင် အကြီးအမှူး သတ္တိဖြင့် ကျေးဇူး ပြုတတ်သည်။

ဝီရိယဆိုသည့် အားထုတ်မှု အကြီးအမှူးတရားသည် မိမိ နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း၊ မိမိကြောင့် ဖြစ်သော ရုပ်တရား တို့အားလည်းကောင်း ဦးစီး ဦးဆောင် အကြီးအမှူး သတ္တိဖြင့် ကျေးဇူး ပြုတတ်သည်။

စိတ်ဆိုသည် သိမှု အကြီးအမှူးတရားသည်မိမိနှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း၊ မိမိကြောင့် ဖြစ်သော ရုပ်တရား တို့အားလည်းကောင်း ဦးစီး ဦးဆောင် အကြီးအမှူး သတ္တိဖြင့် ကျေးဇူး ပြုတတ်သည်။

ဝီမံသာ ဆိုသည့် ပညာ အကြီးအမှူးတရားသည် မိမိ နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း၊ မိမိကြောင့် ဖြစ်သော ရုပ်တရား တို့အားလည်းကောင်း ဦးစီး ဦးဆောင် အကြီးအမှူး သတ္တိဖြင့် ကျေးဇူး ပြုတတ်သည်။

အကြင်အကြင်သော တရားတို့ကို အလေးအမြတ်အာရုံပြု၍ အကြင်အကြင်သို့သော တရားတို့ ဖြစ်သော စိတ်၊ စေတသိတ် တရားတို့သည် ဖြစ်ကုန်​၏။

ထိုထိုသို့သော တရား တို့သည် ထိုထိုသို့သော တရားတို့အား အကြီးအမှူး သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

၄။အနန္တရ ပစ္စည်းဟူသည်ကား

မြင်သိစိတ်နှင့် ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့သည် အာရုံလက်ခံ စိတ်အား လည်းကောင်း၊ ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း အခြားမရှိ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အာရုံလက်ခံစိတ်နှင့် ထိုစိတ်နှင့် ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့သည် အာရုံစူးစမ်း စိတ်အားလည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း အခြားမရှိ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

ကြားသိစိတ်နှင့် ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့သည် အာရုံလက်ခံ စိတ်အား လည်းကောင်း၊ ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း အခြားမရှိ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အာရုံလက်ခံစိတ်နှင့် ထိုစိတ်နှင့် ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့သည် အာရုံစူးစမ်း စိတ်အားလည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း အခြားမရှိ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

နံသိစိတ်နှင့် ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့သည် အာရုံလက်ခံ စိတ်အား လည်းကောင်း၊ ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း အခြားမရှိ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အာရုံလက်ခံစိတ်နှင့် ထိုစိတ်နှင့် ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့သည် အာရုံစူးစမ်း စိတ်အားလည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း အခြားမရှိ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အရသာသိစိတ်နှင့် ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့သည် အာရုံလက်ခံ စိတ်အား လည်းကောင်း၊ ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း အခြားမရှိ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အာရုံလက်ခံစိတ်နှင့် ထိုစိတ်နှင့် ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့သည် အာရုံစူးစမ်း စိတ်အားလည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း အခြားမရှိ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

ထိသိစိတ်နှင့် ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့သည် အာရုံလက်ခံ စိတ်အား လည်းကောင်း၊ ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း အခြားမရှိ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အာရုံလက်ခံစိတ်နှင့် ထိုစိတ်နှင့် ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့သည် အာရုံစူးစမ်း စိတ်အားလည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း အခြားမရှိ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

ရှေးရှေး၌ဖြစ်ကုန်သော ကုသိုလ်တရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့အား အခြားမဲ့ အကြားမရှိ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည်။

ရှေးရှေး၌ဖြစ်ကုန်သော ကုသိုလ်တရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော အဗျာကတာတရား(ကုသိုလ် အကုသိုလ်မဟုတ်၊ ရုပ်နာမ်ပေါ်ဆင်ခြင်သော ဝိပဿနာ လောကီ မဂ်) တို့အား အခြားမဲ့ အကြားမရှိ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည်။

ရှေးရှေး၌ဖြစ်ကုန်သော အကုသိုလ်တရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော အကုသိုလ်တရားတို့အား အခြားမဲ့ အကြားမရှိ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည်။

ရှေးရှေး၌ဖြစ်ကုန်သော အကုသိုလ်တရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော အဗျာကတာတရား(ကုသိုလ် အကုသိုလ်မဟုတ်၊ ရုပ်နာမ်ပေါ်ဆင်ခြင်သော ဝိပဿနာ လောကီ မဂ်) တို့အား အခြားမဲ့ အကြားမရှိ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည်။

ရှေးရှေး၌ဖြစ်ကုန်သော အဗျာကတာတရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော အဗျာကတာတရားတို့အား အခြားမဲ့ အကြားမရှိ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည်။

ရှေးရှေး၌ဖြစ်ကုန်သော အဗျာကတာတရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့အား အခြားမဲ့ အကြားမရှိ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည်။

ရှေးရှေး၌ဖြစ်ကုန်သော အဗျာကတာတရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော အကုသိုလ်တရားတို့အား အခြားမဲ့ အကြားမရှိ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည်။

အထက်တွင်ဖော်ပြခဲ့သော အကြင်အကြင် ရှေးရှေးဖြစ်ကုန်သော တရားတို့သည် အခြားမရှိ အကြားမရှိ ဖြစ်ကုန်သော အကြင်အကြင် နောက်၌ဖြစ်သောတရားတို့ ဖြစ်သည့် စိတ် စေတသိတ် တရားတို့သည် ဖြစ်ကုန်​၏။

ထိုထို ရှေးရှေး၌ဖြစ်ကုန်သောတရားတို့သည် ထိုထို နောက်နောက်၌ ဖြစ်ကုန်သော တရားတို့အား အခြားမဲ့ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည်။

၅။ သမနန္တရပစ္စည်း ဟူသည်ကား

မြင်သိစိတ်နှင့် ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့သည် အာရုံလက်ခံ စိတ်အား လည်းကောင်း၊ ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ကောင်းစွာအခြားမရှိ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အာရုံလက်ခံစိတ်နှင့် ထိုစိတ်နှင့် ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့သည် အာရုံစူးစမ်း စိတ်အားလည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ကောင်းစွာအခြားမရှိ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

ကြားသိစိတ်နှင့် ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့သည် အာရုံလက်ခံ စိတ်အား လည်းကောင်း၊ ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ကောင်းစွာအခြားမရှိ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အာရုံလက်ခံစိတ်နှင့် ထိုစိတ်နှင့် ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့သည် အာရုံစူးစမ်း စိတ်အားလည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ကောင်းစွာအခြားမရှိ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

နံသိစိတ်နှင့် ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့သည် အာရုံလက်ခံ စိတ်အား လည်းကောင်း၊ ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ကောင်းစွာအခြားမရှိ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အာရုံလက်ခံစိတ်နှင့် ထိုစိတ်နှင့် ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့သည် အာရုံစူးစမ်း စိတ်အားလည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ကောင်းစွာအခြားမရှိ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အရသာသိစိတ်နှင့် ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့သည် အာရုံလက်ခံ စိတ်အား လည်းကောင်း၊ ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ကောင်းစွာအခြားမရှိ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အာရုံလက်ခံစိတ်နှင့် ထိုစိတ်နှင့် ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့သည် အာရုံစူးစမ်း စိတ်အားလည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ကောင်းစွာအခြားမရှိ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

ထိသိစိတ်နှင့် ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့သည် အာရုံလက်ခံ စိတ်အား လည်းကောင်း၊ ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ကောင်းစွာအခြားမရှိ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အာရုံလက်ခံစိတ်နှင့် ထိုစိတ်နှင့် ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့သည် အာရုံစူးစမ်း စိတ်အားလည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ကောင်းစွာအခြားမရှိ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

ရှေးရှေး၌ဖြစ်ကုန်သော ကုသိုလ်တရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့အား ကောင်းစွာအခြားမဲ့ အကြားမရှိ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည်။

ရှေးရှေး၌ဖြစ်ကုန်သော ကုသိုလ်တရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော အဗျာကတာတရား(ကုသိုလ် အကုသိုလ်မဟုတ်၊ ရုပ်နာမ်ပေါ်ဆင်ခြင်သော ဝိပဿနာ လောကီ မဂ်) တို့အား ကောင်းစွာအခြားမဲ့ အကြားမရှိ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည်။

ရှေးရှေး၌ဖြစ်ကုန်သော အကုသိုလ်တရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော အကုသိုလ်တရားတို့အား ကောင်းစွာအခြားမဲ့ အကြားမရှိ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည်။

ရှေးရှေး၌ဖြစ်ကုန်သော အကုသိုလ်တရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော အဗျာကတာတရား(ကုသိုလ် အကုသိုလ်မဟုတ်၊ ရုပ်နာမ်ပေါ်ဆင်ခြင်သော ဝိပဿနာ လောကီ မဂ်) တို့အား ကောင်းစွာအခြားမဲ့ အကြားမရှိ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည်။

ရှေးရှေး၌ဖြစ်ကုန်သော အဗျာကတာတရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော အဗျာကတာတရားတို့အား ကောင်းစွာအခြားမဲ့ အကြားမရှိ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည်။

ရှေးရှေး၌ဖြစ်ကုန်သော အဗျာကတာတရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့အား ကောင်းစွာအခြားမဲ့ အကြားမရှိ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည်။

ရှေးရှေး၌ဖြစ်ကုန်သော အဗျာကတာတရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော အကုသိုလ်တရားတို့အား ကောင်းစွာအခြားမဲ့ အကြားမရှိ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည်။

အထက်တွင်ဖော်ပြခဲ့သော အကြင်အကြင် ရှေးရှေးဖြစ်ကုန်သော တရားတို့သည် ကောင်းစွာအခြားမရှိ အကြားမရှိ ဖြစ်ကုန်သော အကြင်အကြင် နောက်၌ဖြစ်သောတရားတို့ ဖြစ်သည့် စိတ် စေတသိတ် တရားတို့သည် ဖြစ်ကုန်​၏။

ထိုထို ရှေးရှေး၌ဖြစ်ကုန်သောတရားတို့သည် ထိုထို နောက်နောက်၌ ဖြစ်ကုန်သော တရားတို့အား ကောင်းစွာအခြားမဲ့ အကြားမရှိ သတ္တိဖြင့် ကျေးဇူးပြုတတ်သည်။

၆။ သဟာဇာတပစ္စည်း ဆိုသည်မှာ

နာမ်အစုလေးခုတို့သည် အချင်းချင်း အတူဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည်။

မဟာဘူတရုပ်ကြီးလေးပါးသည် အချင်းချင်း အတူဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည်။

ဘဝဖြစ်စ ခဏ၌ နာမ်နှင့်ရုပ်သည် အချင်းချင်း အတူဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည်။

စိတ် စေတသိတ် တရားတို့သည် စိတ်ကြောင့် ဖြစ်သော ရုပ်တို့အား အတူဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည်။

ရုပ်ကြီးလေးပါးတို့သည် ၎င်းတို့ကို မှီ၍ဖြစ်ကုန်သော မှီရုပ်တို့အား အတူဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည်။

ရုပ်တရားတို့သည် နာမ်တရားတို့အား အချို့သောကာလ (ဘဝဖြစ်စ ခဏ) ၌ အတူဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည်။

အချို့သောကာလ (ဘဝကာလ) ၌ အတူဖြစ်သတ္တိဖြင့် ကျေးဇူးမပြုတတ်သည် ဖြစ်​၏။

၇။ အညမည ပစ္စည်းဟူသည်ကား

နာမ်အစုလေးစုတို့သည် အချင်းချင်း ကျေးဇူးပြုသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

မဟာဘူတ ရုပ်ကြီးလေးပါးတို့သည် အချင်းချင်း ကျေးဇူးပြုသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

ဘဝဖြစ်စ ခဏ၌ နာမ် နှင့် ရုပ် တို့သည် အချင်းချင်း ကျေးဇူးပြုသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

၈။နိဿယ ပစ္စည်းဟူသည်ကား

နာမ်အစုလေးခုတို့သည် အချင်းချင်း မှီရာ သတ္တိဖြင့် ကျေးဇူးပြုတတ်သည်ဖြစ်​၏။

မဟာဘူရုပ်ကြီး လေးပါးတို့သည် အချင်းချင်း မှီရာ သတ္တိဖြင့် ကျေးဇူးပြုတတ်သည်ဖြစ်​၏။

ဘဝဖြစ်စ ခဏ၌ နာမ် နှင့် ရုပ်သည် အချင်းချင်း မှီရာ သတ္တိဖြင့် ကျေးဇူးပြုတတ်သည်ဖြစ်​၏။

စိတ်စေတသိတ် တရားတို့သည် စိတ်ကြောင့် ဖြစ်သော ရုပ်တို့အား မှီရာ သတ္တိဖြင့် ကျေးဇူးပြုတတ်သည်ဖြစ်​၏။

မဟာဘူတရုပ်ကြီးလေးပါးသည် ၎င်းတို့ကို မှီ၍ဖြစ်သော မှီရုပ်တို့အား မှီရာ သတ္တိဖြင့် ကျေးဇူးပြုတတ်သည်ဖြစ်​၏။

မျက်စိအကြည်ရုပ်သည် မြင်သိစိတ်အား လည်း​ကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အား လည်းကောင်း မှီရာ သတ္တိဖြင့် ကျေးဇူးပြုတတ်သည်ဖြစ်​၏။

နားအကြည်ရုပ်သည် ကြားသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အား လည်းကောင်း မှီရာ သတ္တိဖြင့် ကျေးဇူးပြုတတ်သည်ဖြစ်​၏။

နှာခေါင်းအကြည်ရုပ်သည် နံသိစိတ်အားလည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အား လည်းကောင်း မှီရာ သတ္တိဖြင့် ကျေးဇူးပြုတတ်သည်ဖြစ်​၏။

လျှာအကြည်ရုပ်သည် အရသာသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အား လည်းကောင်း မှီရာ သတ္တိဖြင့် ကျေးဇူးပြုတတ်သည်ဖြစ်​၏။

ကိုယ်အကြည်ရုပ်သည် ထိသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အား လည်းကောင်း မှီရာ သတ္တိဖြင့် ကျေးဇူးပြုတတ်သည်ဖြစ်​၏။

အကြင်နှလုံးသွေးရုပ်ကို အမှီပြု၍ အာရုံဆင်ခြင်စိတ်နှင့် အာရုံလက်ခံ စိတ်တို့သည်လည်းကောင်း အာရုံကိုအထူးသိသော ကြံစည်စိတ်တို့သည် လည်း​ကောင်း ဖြစ်ပေါ်ကုန်​၏။

ထိုရုပ်သည် အာရုံဆင်ခြင်စိတ်နှင့် အာရုံလက်ခံ စိတ်တို့အား လည်းကောင်း အာရုံကိုအထူးသိသော ကြံစည်စိတ်တို့အား လည်း​ကောင်း ထိုစိတ်နှင့်ယှဉ်သော တရားတို့အားလည်းကောင်း မှီရာ သတ္တိဖြင့် ကျေးဇူးပြုတတ်သည်ဖြစ်​၏။

၉။ ဥပနိဿယ ပစ္စည်းဟူသည်ကား

ရှေးရှေး၌ဖြစ်ကုန်သော ကုသိုလ်တရားတို့သည် နောက်နောက်၌ဖြစ်ကုန်သော ကုသိုလ်တရားတို့အား အားကြီးသော မှီရာ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည် ဖြစ်​၏။

ရှေးရှေး၌ဖြစ်ကုန်သော ကုသိုလ်တရားတို့သည် နောက်နောက်၌ဖြစ်ကုန်သော အကုသိုလ်တရားတို့အား အချို့သော အားကြီးသော မှီရာ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည် ဖြစ်​၏။

ရှေးရှေး၌ဖြစ်ကုန်သော ကုသိုလ်တရားတို့သည် နောက်နောက်၌ဖြစ်ကုန်သော အဗျာကတာတရားတို့အား အားကြီးသော မှီရာ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည် ဖြစ်​၏။

ရှေးရှေး၌ဖြစ်ကုန်သော အကုသိုလ်တရားတို့သည် နောက်နောက်၌ဖြစ်ကုန်သော အကုသိုလ်တရားတို့အား အားကြီးသော မှီရာ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည် ဖြစ်​၏။

ရှေးရှေး၌ဖြစ်ကုန်သော အကုသိုလ်တရားတို့သည် နောက်နောက်၌ဖြစ်ကုန်သော ကုသိုလ်တရားတို့အား အချို့သော အားကြီးသော မှီရာ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည် ဖြစ်​၏။

ရှေးရှေး၌ဖြစ်ကုန်သော အကုသိုလ်တရားတို့သည် နောက်နောက်၌ဖြစ်ကုန်သော အဗျာကတာတရားတို့အား အားကြီးသော မှီရာ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည် ဖြစ်​၏။

ရှေးရှေး၌ဖြစ်ကုန်သော အဗျာကတာတရားတို့သည် နောက်နောက်၌ဖြစ်ကုန်သော အဗျာကတာတရားတို့အား အားကြီးသော မှီရာ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည် ဖြစ်​၏။

ရှေးရှေး၌ဖြစ်ကုန်သော အဗျာကတာတရားတို့သည် နောက်နောက်၌ဖြစ်ကုန်သော ကုသိုလ်တရားတို့အား အားကြီးသော မှီရာ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည် ဖြစ်​၏။

ရှေးရှေး၌ဖြစ်ကုန်သော အဗျာကတာတရားတို့သည် နောက်နောက်၌ဖြစ်ကုန်သော အကုသိုလ်တရားတို့အား အားကြီးသော မှီရာ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည် ဖြစ်​၏။

ဥတုနှင့် အစားအစာသည်လည်း အားကြီးသော မှီရာ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည် ဖြစ်​၏။

ပုဂ္ဂိုလ်သည်လည်း အားကြီးသော မှီရာ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည် ဖြစ်​၏။

အိမ် ကျောင်း အိပ်ရာ နေရာ တို့သည်လည်း အားကြီးသော မှီရာ သတ္တိဖြင့် ကျေးဇူး ပြုတတ်သည် ဖြစ်​၏။

၁၀။ ပုရေဇာတ ပစ္စည်းဟူသည်ကား

မျက်စိအကြည်ရုပ်သည် မြင်သိစိတ်အားလည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှေ့ဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

နားအကြည်ရုပ်သည် ကြားသိစိတ်အားလည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှေ့ဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

နှာခေါင်း အကြည်ရုပ်သည် နံသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှေ့ဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

လျှာအကြည်ရုပ်သည် အရသာသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှေ့ဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

​ကိုယ်အကြည်ရုပ်သည် ထိသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှေ့ဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အဆင်းအာရုံသည် မြင်သိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှေ့ဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အကြားအာရုံသည် ကြားသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှေ့ဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အနံအာရုံသည် နံသိစိတ်အားလည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှေ့ဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အရသာ အာရုံသည် အရသာသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှေ့ဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အတွေ့အထိ အာရုံသည် ထိသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှေ့ဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အဆင်းအာရုံသည်၊ အကြားအာရုံသည်၊ အနံအာရုံသည်၊ အရသာအာရုံသည်၊ အတွေအထိအာရုံသည် အာရုံကို သိကာမျှသဘော မနောဓါတ်အား လည်းကောင်း ထိုမနောဓါတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှေ့ဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အကြင် နှလုံးသွေးရုပ်ကို အမှီပြု၍ အာရုံဆင်ခြင်စိတ်နှင့် အာရုံလက်ခံစိတ် တို့သည်လည်းကောင်း အာရုံကို အထူးသိသော ကြံသိစိတ်တို့သည်လည်းကောင်း ဖြစ်ပေါ်ကုန်​၏။

ထိုရုပ်သည် အာရုံဆင်ခြင်စိတ်နှင့် အာရုံလက်ခံစိတ် တို့အားလည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှေ့ဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အာရုံကိုအထူးသိသော ကြံသိစိတ်အားလည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သောတရားတို့အားလည်းကောင်း အချို့သောကာလ (ဘဝကာလ) ၌ ရှေ့ဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။ အချို့သောကာလ (ဘဝဖြစ်စ ခဏ) ၌ ရှေ့ဖြစ်သတ္တိဖြင့် ကျေးဇူးမပြုတတ်သည် ဖြစ်​၏။

၁၁။ပစ္စာဇာတ ပစ္စည်းဟူသည်ကား

နောက်နောက်ဖြစ်ကုန်သော စိတ် စေတသိတ် တရားတို့သည် ရှေ့၌ဖြစ်သော ဤကိုယ်ကြီးအား နောက်ဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

၁၂။ အာသေဝန ပစ္စည်းဟူသည်ကား

ရှေးရှေး၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့သည် နောက်နောက်၌ဖြစ်ကုန်သော ကုသိုလ်တရားတို့အား အဖန်တလဲလဲ ဖြစ်ခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

ရှေးရှေး၌ ဖြစ်ကုန်သော အကုသိုလ်တရားတို့သည် နောက်နောက်၌ဖြစ်ကုန်သော အကုသိုလ်တရားတို့အား အဖန်တလဲလဲ ဖြစ်ခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

ရှေးရှေး၌ ဖြစ်ကုန်သော ကြိယာဗျာကတာတရားတို့သည် နောက်နောက်၌ဖြစ်ကုန်သော ကြိယာဗျာကတာတရားတို့အား အဖန်တလဲလဲ ဖြစ်ခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

၁၃။ ကမ္မပစ္စည်း ဟူသည်ကား

ကုသိုလ်ကံ အကုသိုလ်ကံတို့သည် အ​ကျိုးဝိပါတ်ဖြစ်သော ခန္ဓာတို့အားလည်းကောင်း၊ ကံကြောင့် ဖြစ်သော ရုပ်တို့အား လည်းကောင်း၊ ပြုပြင်စီရင်ခြင်း သတ္တိဖြင့် ကျေးဇူးပြုတတ်သည်ဖြစ်​၏။

စေတနာသည် ယှဉ်ဖက်ဖြစ်ကုန်သော တရားတို့အားလည်းကောင်း၊ မိမိကြောင့် ဖြစ်ကုန်သော ရုပ်တို့အားလည်းကောင်း ပြုပြင်စီရင်ခြင်း သတ္တိဖြင့် ကျေးဇူးပြုတတ်သည်ဖြစ်​၏။

၁၄။ ဝိပါက ပစ္စည်းဟူသည်ကား

အကျိုးဝိပါတ် ဖြစ်ကုန်သော နာမ်အစုလေးခုတို့သည် အချင်းချင်း အကျိုးဝိပါတ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

၁၅။ အဟာရပစ္စည်း ဟူသည်ကား

စားအပ်သော အစာအာဟာရသည် ဤကိုယ်ကြီးအား ထောက်ပံ့ ခိုင်ခံစေခြင်း သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

နာမ်အာဟာရတို့သည် ယှဉ်ဖက်တရားတို့အား လည်းကောင်း မိမိကြောင့် ဖြစ်ကုန်သော ရုပ်တို့အား လည်းကောင်း ထောက်ပံ့ ခိုင်ခံစေခြင်း သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

၁၆။ဣနြ္ဒိယ ပစ္စည်းဟူသည်ကား

မျက်စိအကြည်ရုပ်သည် မြင်သိစိတ်အားလည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း အစိုးရခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

နားအကြည်ရုပ်သည် ကြားသိစိတ်အားလည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း အစိုးရခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

နှာခေါင်း အကြည်ရုပ်သည် နံသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း အစိုးရခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

လျှာအကြည်ရုပ်သည် အရသာသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း အစိုးရခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

​ကိုယ်အကြည်ရုပ်သည် ထိသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း အစိုးရခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

ရုပ်သက်စောင့်တရားသည် ကံကြောင့် ဖြစ်သော ရုပ်တို့အား အစိုးရခြင်း သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

နာမ်ဣန္ဒြေိ တရားတို့သည် ယှဉ်ဖက်တရားတို့အားလည်းကောင်း မိမိကြောင့် ဖြစ်ကုန်သော ရုပ်တို့အား လည်းကောင်း အစိုးရခြင်း သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

၁၇။ဈာနပစ္စည်း ဟူသည်ကား

ဈာန်အင်္ဂါတရားတို့သည် ဈာန်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ထိုဈာန်ကြောင်​့ ဖြစ်ကုန်သော ရုပ်တို့အားလည်းကောင်း စူးစိုက် ကပ်၍ ရှုခြင်း သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

၁၈။မဂ္ဂပစ္စည်းဟူသည်ကား

မဂ်အင်္ဂါတရားတို့သည် မဂ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း၊ ထိုမဂ်ကြောင့် ဖြစ်ကုန်သော ရုပ်တို့အား လည်းကောင်း၊ ဆောင်ပို့ခြင်း သတ္တိဖြင့် ကျေးဇူး ပြုတတ်သည် ဖြစ်​၏။

၁၉။ သမ္မယုတ္တ ပစ္စည်းဟူသည်ကား

နာမ်အစုလေးခုတို့သည် အချင်းချင်း ယှဉ်တွဲခြင်း သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

၂၀။ဝိပ္ပယုတ္တ ပစ္စည်းဟူသည်ကား

ရုပ်တရားတို့သည် နာမ်တရားတို့နှင့် မယှဉ်တွဲ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

နာမ်တရား တို့သည် ရုပ်တရားတို့နှင့် မယှဉ်တွဲ သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

၂၁။အတ္တိပစ္စည်းဟူသည်ကား

နာမ်အစုလေးစုတို့သည် အချင်းချင်း ရှိခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

မဟာဘူတ ရုပ်ကြီးလေးပါးတို့သည် အချင်းချင်း ရှိခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

ဘဝဖြစ်စဉ်ခဏ၌ နာမ်နှင့် ရုပ်သည် အချင်းချင်း ရှိခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

စိတ်၊ စေတသိတ် တရားတို့သည် စိတ်ကြောင့် ဖြစ်ကုန်သော ရုပ်တို့အား ရှိခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

မဟာဘူတ ရုပ်ကြီးလေးပါးတို့သည် မှီ၍ဖြစ်ကုန်သော မှီရုပ်တို့အား ရှိခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

မျက်စိအကြည်ရုပ်သည် မြင်သိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှိခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

နားအကြည်ရုပ်သည် ကြားသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှိခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

နှာခေါင်း အကြည်ရုပ်သည် နံသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှိခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

လျှာအကြည်ရုပ်သည် အရသာသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှိခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

ကိုယ်အကြည်ရုပ်သည် ထိသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှိခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အဆင်းအာရုံသည် မြင်သိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှိခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အကြားအာရုံသည် ကြားသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှိခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အနံအာရုံသည် နံသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှိခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အရသာ အာရုံသည် အရသာ သိစိတ်အားလည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှိခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အတွေ့အထိ အာရုံသည် ထိသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှိခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အဆင်းအာရုံသည်၊ အကြားအာရုံသည်၊ အနံအာရုံသည်၊ အရသာ အာရုံသည်၊ အတွေ့အထိအာရုံသည် အာရုံကို သိကာမျှသဘော မနောဓါတ်အား လည်းကောင်း ထိုမနောဓါတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း ရှိခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

အကြင်နှလုံးသွင်းရုပ်ကို အမှီပြု၍ အာရုံဆင်ခြင်စိတ်နှင့် အာရုံလက်ခံစိတ် တို့သည်လည်းကောင်း အာရုံကို အထူးသိသော ကြံသိစိတ်တို့သည် လည်းကောင်း ဖြစ်ပေါ်ကုန်​၏။

ထိုရုပ်သည် အာရုံဆင်ခြင်စိတ်နှင့် အာရုံလက်ခံစိတ် တို့အားလည်းကောင်း အာရုံကို အထူးသိသော ကြံသိစိတ်တို့အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အား လည်းကောင်း ရှိခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

၂၂။ နတ္တိပစ္စည်း ဟူသည်ကား

ကောင်းစွာ အခြားမဲ့ ချုပ်ပြီးကုန်သော စိတ်၊ စေတသိတ် တရားတို့သည် နောက်ဆက် ဖြစ်ပေါ်ကုန်သော စိတ်၊ စေတသိတ် တရားတို့အား မရှိခြင်း သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

၂၃။ဝိဂတပစ္စည်း ဟူသည်ကား

ကောင်းစွာအခြားမဲ့ ကင်းကုန် ပြီးကုန်သော စိတ်၊ စေတသိတ် တရားတို့သည် နောက်ဆက် ဖြစ်ပေါ်ကုန်သော စိတ်၊ စေတသိတ် တရားတို့အား ကင်းခြင်း သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

၂၄။ အဝိဂတပစ္စည်းဟူသည်ကား

နာမ်အစုလေးစုတို့သည် အချင်းချင်း မကင်းခြင်း သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

မဟာဘူတရုပ်ကြီးလေးပါးတို့သည် အချင်းချင်း မကင်းခြင်း သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

ဘဝဖြစ်စ ခဏ၌ နာမ်နှင့် ရုပ်သည် အချင်းချင်း မကင်းခြင်း သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

စိတ်၊ စေတသိတ် တရားတို့သည် စိတ်ကြောင့် ဖြစ်ကုန်သော ရုပ်တို့အား မကင်းခြင်း သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

မဟာဘူတ ရုပ်ကြီးလေးပါးတို့သည် မှီ၍ဖြစ်ကုန်သော မှီရုပ်တို့အား မကင်းခြင်း သတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

မျက်စိအကြည်ရုပ်သည် မြင်သိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း မကင်းခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

နားအကြည်ရုပ်သည် ကြားသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း မကင်းခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်​၏။

နှာခေါင်း အကြည်ရုပ်သည် နံသိစိတ်အား လည်းကောင်း ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကေ

Photos from Chan Fashion Designs & Tailoring's post 11/03/2022
Photos from Chan Fashion Designs & Tailoring's post 20/12/2021

crd

Want your business to be the top-listed Hair Salon in Thingangyun?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Thingangyun