Fairy Myanmar_Waiwai
FDA အသိမှတ်ပြု Fairy Products များ လက်လီ၊လက်ကား?
02/10/2022
🪔🌻 ဝါလကင်းလွတ်သီတင်းကျွတ် 🪔🌻
#သီတင်းကျွတ်အခါသမယမှာကန့်တော့ပစ္စည်းအရွေးမမှားဖို့…..
#ရွှေလယ်ဝိုင်းးးရဲ့….မူပိုင်….ရွှေစျေးခြင်းတောင်းကြီးးးးးရှိတယ်နော်…..🤗🤗🤗
#ကထိန်းပစ္စည်းအနေနဲ့လည်းလှူဒါန်းနိုင်တာမို့….ဝိုင်းလေးရဲ့….စွယ်စုံရ…ရွှေစျေးခြင်းတောင်းကြီးကိုအခုပဲ….ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်….☺️🤩🥰
07/09/2021
🚨 မင်္ဂလာပါ ချစ်Customers များရှင် 🚨
#ယနေ့အရေးပေါ်မိန့်ခွန်းကြောင့်….
#ကြိုတင်လိုက်နာလုပ်ဆောင်ရမည့်အချက်များကို လေ့လာနိုင်ရန်မျှဝေလိုက်ရပါတယ်ရှင်….. 🙏🏻
အပိုင်း (၅) ➡️ https://www.facebook.com/mohadmNUG/posts/163716175898131
အပိုင်း (၄) ➡️ https://www.facebook.com/mohadmNUG/posts/162721162664299
အပိုင်း (၃) ➡️ https://www.facebook.com/mohadmNUG/posts/161999992736416
အပိုင်း (၂) ➡️ https://www.facebook.com/mohadmNUG/posts/160626366207112
အပိုင်း (၁) ➡️ https://www.facebook.com/mohadmNUG/posts/160623262874089
01/09/2021
COVID-19 ရောဂါ ကာကွယ်ဆေးများအကြောင်း (COVID-19 Vaccine Specifications) (August 2021)
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
https://moh.nugmyanmar.org
Posters Download Link: 👇
https://www.mediafire.com/folder/bln5ei9vpc7fc/covid_vaccines
29/08/2021
💥ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အပိုင်း (၂)
"လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရနိုင်သည့် ဒေသများရှိ အရပ်သားပြည်သူများအတွက် သတိပြုရန်အချက်များ"
ဘေးအန္တရာယ်ဆိုသည်မှာ သဘာဝဘေးသာမက
❗လူ့ကြောင့်ဖြစ်သောဘေး နှင့်
❗ပဋိပက္ခများကြောင့် ဖြစ်သော ဘေးများလည်း ပါဝင်ပါသည်။
👉ပြည်သူများသည် သိသင့်သိထိုက်သည့် အချက်များကို သိရှိနားလည်ထားရမည်ဖြစ်ပြီး ပြင်ဆင်ရမည့်အရာများကို ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်သည်။
👉ပြည်သူများ ပါဝင်နိုင်မည့်လုပ်ငန်းစဥ်များကိုလည်း သဘောပေါက်နားလည်ထားရန် အရေးကြီးပါသည်။
📣လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက "ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ" အား
အပိုင်းလိုက် အသိပေးထုတ်ပြန်ပါမည်။ လိုအပ်သူများကို ထပ်ဆင့်မျှဝေခြင်းဖြင့် ကူညီနိုင်ပါသည်။
အပိုင်း (၁) https://www.facebook.com/mohadmNUG/posts/160623262874089
29/08/2021
💥ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အပိုင်း (၁)
ဘေးအန္တရာယ်ဆိုသည်မှာ သဘာဝဘေးသာမက
❗လူ့ကြောင့်ဖြစ်သောဘေး နှင့်
❗ပဋိပက္ခများကြောင့် ဖြစ်သော ဘေးများလည်း ပါဝင်ပါသည်။
👉ပြည်သူများသည် သိသင့်သိထိုက်သည့် အချက်များကို သိရှိနားလည်ထားရမည်ဖြစ်ပြီး ပြင်ဆင်ရမည့်အရာများကို ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်သည်။
👉ပြည်သူများ ပါဝင်နိုင်မည့်လုပ်ငန်းစဥ်များကိုလည်း သဘောပေါက်နားလည်ထားရန် အရေးကြီးပါသည်။
📣လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက "ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ" အား
အပိုင်းလိုက် အသိပေးထုတ်ပြန်ပါမည်။ လိုအပ်သူများကို ထပ်ဆင့်မျှဝေခြင်းဖြင့် ကူညီနိုင်ပါသည်။
အပိုင်း ၂ - https://www.facebook.com/mohadmNUG/posts/160626366207112
27/07/2021
♦ COVID-19 ရောဂါပိုး မကူးစက်နိုင်သော နည်းလမ်းများ
♦ COVID-19 ရောဂါပိုးကို ကာကွယ်ကုသပေးနိုင်ခြင်းမရှိသော အချက်အလက်များ
https://www.mediafire.com/folder/g0aqke20mjdlx/mythbusters
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Reference: COVID-19 Mythbusters by World Health Organization (WHO)
----------------------------------
NUG MOH တယ်လီကျန်းမာဆေးခန်းတွင် အကြံဉာဏ်နှင့် ကုသမှုခံယူရန်-
https://facebook.com/telehealthmm
COVID-19 ရောဂါဆိုင်ရာ မှန်ကန်သော သိကောင်းစရာဗဟုသုတများ သိရှိမေးမြန်းနိုင်ရန်-
https://facebook.com/ckcmohnugmm
COVID-19 ရောဂါဆိုင်ရာ ကျန်းမာရေးပညာပေး ပိုစတာများ၊ လက်ကမ်းစာစောင်များနှင့် ရုပ်သံဗီဒီယိုများကို တစ်စုတစ်စည်းတည်း Download ရယူရန်-
https://moh.nugmyanmar.org/coronavirus/
သို့မဟုတ်
https://tinyurl.com/c19mohnug
သို့မဟုတ်
https://www.mediafire.com/folder/2fiy2hu83esqd/COVID19
24/07/2021
ကိုဗစ်ထပ်ဆင့် မပြန့်ပွားဖို့ မိသားစုတိုင်းလိုက်နာစို့- အပိုင်း ၁
(WHO လမ်းညွှန်ချက်)
ကိုဗစ် ၁၉ ကူးစက်ပြန့်ပွားမှု အလွန်များပြားလျက်ရှိရာ ကူးစက်မှုနှုန်း လျှော့ချနိုင်ရေးအတွက် မိမိနေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်းရေးကို စနစ်တကျပြုလုပ်ရန်လည်း အလွန်အရေးကြီးပါသည်။ WHO guideline အရ ပတ်ဝန်းကျင်သန့်ရှင်းရေးကို အိမ်တိုင်းတွင် မိသားစုများ လွယ်ကူထိရောက်စွာ ဆောင်ရွက်နိုင်ရန် လိုက်နာလုပ်ဆောင်ရမည့် အချက်များနှင့် ပိုးသတ်ဆေးရည် ဖျော်စပ်နည်းများကို ပုံတစ်ပုံချင်းတွင် အသေးစိတ် ဖတ်ရှုပြီး လိုက်နာ ဆောင်ရွက်ရန် အထူးတိုက်တွန်းအပ်ပါသည်။
23/07/2021
🙏🌻 ၀ါဆိုလပြည့် "ဓမ္မစကြာအခါတော်နေ့"🌻🙏
🌹🌹🌹 အကြောင်း သိကောင်းစရာ 🌹🌹🌹
════════════════
🌿❖ ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။
🌿❖ ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။
🌿❖ ဓမ္မစကြာတရားတော်သည်
၀ိနည်းမဟာဝါပါဠိတော်၌
ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။
ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန ဝါရ-အမည်ဖြင့် လာရှိပါသည်။
မဟာ၀ဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။
🌿❖ ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ
တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။
(ဓမ္မစက္က=တရားတော်။ ပ၀တ္တ=ဖြစ်စေ၊ လည်စေခြင်း။)
🌿❖ ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။
🌿❖ ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာ၀င် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။ အမြို့မြို့ အရွာရွာ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။
🙏🌹❁ ( ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ ) ❁🌹🙏
══ ══ ══ ══ ══
🌻❖ မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက်
ဝါဆိုလပြည့်နေ့သည် ---
🌻► ၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။
🌻► ၂။ ဂေါတမဘုရားလောင်း
တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
🌻► ၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
🌻► ၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
🌻► ၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍
ထူးခြားခြင်း။
🌻► ၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍
ထူးခြားခြင်း။
🌻► ၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍
ထူးခြားခြင်း။
🌻► ၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။
🌻► ၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။
🌿❖ အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာ၀င် သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ်ကြပါသည်။
🌿❖ မကြာခင် ရောက်ရှိတော့မည့်
ဝါဆိုလပြည့်နေ့အကြောင်း
သိကောင်းစရာလေး မျှဝေလိုက်ပါတယ်။
🙏🌻★ _/_ သဗဗှဒါနံ ဓမမှဒါနံ ဇိနာတိ🌻🙏
မူရင်းရေးသားသူအားလေးစားဂါဝရပြုပါသည်
#20210723
credit
18/07/2021
#ကိုယ်ခံအားမြှင့်တင်ဆောင်ရွက်ခြင်း 💪💪💪
=================================
- ကိုဗစ်-၁၉ ရောဂါကို ခုခံနိုင်ရန်အတွက် လက်တွေ့ပြုလုပ်ရန်မှာ ကိုယ်ခံအားမြင့်အောင် ပြုလုပ်ခြင်းသာ ဖြစ်ပါသည်။
- ကိုဗစ်ရောဂါကူးစက်ခံရသည့်တိုင် ကိုယ်ခံအားကောင်းမွန်သူသည် ရောဂါလက္ခဏာများ ပြင်းထန်စွာ ခံစားရသည့်အဆင့်သို့ ရောက်နိုင်ခြေနည်းပါးပြီး ပြန်လည်ကောင်းမွန်ရန် အခွင့်အရေးများပါသည်။
📌📌📌1. #အိပ်ရေးဝဝအိပ်ပါ
-😴 အရွယ်ရောက်ပြီးသားသူတစ်ယောက်အတွက် နေ့စဥ် အနည်းဆုံး ၇ နာရီခန့် နှစ်ခြိုက်စွာ အိပ်စက်အနားယူဖို့ လိုအပ်ပါသည်။
-⏲ ဖြစ်နိုင်လျှင် နေ့စဥ် အိပ်ရာထ/ ဝင်ချိန် အချိန်တစ်ခုသတ်မှတ်၍ ပုံမှန်ထားရှိပါ။
📌📌📌2. သားငါးသီးရွက်တို့ကို #အာဟာရဓာတ်စုံလင်မျှတအောင် စားပါ
- ကိုယ်ခံအားတက်စေသည့် အစားအစာများဖြစ်သော
🍋 ချဥ်၍ အရည်ရွှမ်းပြီး Vitamin C ကြွယ်ဝသော သစ်သီးများ (ဥပမာ - လိမ္မော်၊ သံပုရာ၊ ကမ္ဗလာ)
🥬 အစိမ်းရောင်ရှိပြီး သံဓာတ် (Iron) ကြွယ်ဝသော ဟင်းသီးဟင်းရွက်များ (ဥပမာ - ကန်စွန်း၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း)
🧅 ကိုယ်ခံအားမြင့်တက်စေသော နေ့စဥ်ဟင်းချက်ဖွယ်များ (ဥပမာ - ကြက်သွန်ဖြူ/နီ၊ ဂျင်း၊ နနွင်း)
🌻 Vitamin E ကြွယ်ဝသော အစေ့အဆန်အမျိုးမျိုး (ဥပမာ - နေကြာစေ့၊ သီဟိုစေ့၊ သစ်ကြားစေ့)
🦐 သွပ်ဓာတ် (Zinc) ပါသော အခွံမာပင်လယ်စာများ (ဥပမာ - ပုစွန်၊ ဂဏန်း၊ ဂုံးယောက်)
🥚 Vitamin D ကြွယ်ဝသော စားသောက်ဖွယ်များ (ဥပမာ - ဒိန်ချဥ်၊ ကြက်ဥ၊ ငါးသေတ္တာငါး၊ မှိုအမျိုးမျိုး)
🥜 Vitamin B ကြွယ်ဝသော စားသောက်ဖွယ်များ (ဥပမာ - ပဲအမျိုးမျိုး၊ နွားနို့၊ ကွေကာအုပ်)
🥩🐟 အခြား သားငါးအမျိုးမျိုးတို့ကို သင့်တင့်မျှတအောင် စားသုံးပေးပါ။
- အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာတွင် သန့်ရှင်းလတ်ဆတ်မှုရှိအောင် စီမံပါ 👩🍳
📌📌📌3. #ရေများများသောက်ပါ
-🥛 တစ်နေ့လျှင် အနည်းဆုံး ရေ ၂ လီတာခွဲ သောက်သုံးပေးသင့်ပါသည်။
-💧 သောက်ရေသန့် (သို့မဟုတ်) ကျိုချက်ထားသော ရေကိုသာ သောက်သုံးရပါမည်။
📌📌📌4. #ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ
-🏃♀️ နေ့စဥ် အနည်းဆုံး နာရီဝက်ခန့် (မိနစ် ၃၀) ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သင့်ပါသည်။
-🚶♂️ အထိုင်များသော သူဖြစ်ပါက ၂ နာရီ ထိုင်ပြီးတိုင်း ၅ မိနစ်ခန့် လမ်းလျှောက်ပါ။
📌📌📌5. #စိတ်ဖိစီးမှု တတ်နိုင်သမျှ လျှော့ချပါ
- အောက်ပါနည်းလမ်းများဖြင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါသည် 👇
🧘♀️ နေ့စဥ် တရားထိုင်၍ စိတ်ကို ရှင်းလင်းပါ
🙏 ကိုးကွယ်ရာဘာသာအလိုက် ဝတ်ပြုဆောင်ရွက်ပါ
🎶 စိတ်လေလွင့်မှု မရှိစေဘဲ မိမိနှစ်သက်ရာ ဝါသနာတစ်ခုခုကို လေ့လာလိုက်စားပါ
👪 မိမိချစ်ခင်ရသူများနှင့် ရင်ဖွင့်ပြောဆိုပါ
🙅♂️ မိမိမလုပ်နိုင်သည့် အရာများကို ငြင်းဆိုပါ
- နေ့စဥ်ဘဝအမောများကြားမှ ရယ်မောဖို့ မမေ့ပါနှင့် 😅
📌📌📌6. #ဆေးလိပ်_အရက် သောက်သုံးခြင်းကို ရှောင်ကြဥ်ပါ
-🚭 ဆေးလိပ်သောက်သုံးသူဖြစ်ပါက ဆေးလိပ်ဖြတ်ရန် ကြိုးစားပါ။ (ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကို အဓိက ထိခိုက်စေပါသည်)
-🥃 အရက်သောက်သုံးသူဖြစ်ပါက အရက်အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဥ်ပါ။ သောက်သုံးသည့် ပမာဏကို လျှော့ချရန် ကြိုးစားပါ။ အရက်လုံးဝမသောက်သည့်ရက် တစ်ပတ်လျှင် အနည်းဆုံး ၂ ရက် ရှိရပါမည်။ (အရက်သောက်ခြင်းသည် အသည်းကို အဓိက ထိခိုက်စေပါသည်)
-👩⚕️ လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ကျန်းမာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးပညာပေး ပိုစတာများ၊ လက်ကမ်းစာစောင်များနှင့် ရုပ်သံဗီဒီယိုများကို တစ်စုတစ်စည်းတည်း Download ရယူရန်-
https://tinyurl.com/c19mohnug
သို့မဟုတ်
https://drive.google.com/drive/folders/10jcsTjBu5pKnWylEEl0hNNp_972IqJje
သို့မဟုတ်
https://www.mediafire.com/folder/2fiy2hu83esqd/COVID19
15/07/2021
☘️ SpO2 90% အောက်ကျပြီး အောက်စီဂျင်မရသေးမီအချိန်မှာ လုပ်ဆောင်သင့်တာလေးပါ။.......................................................
Dr. Kaung Myat
👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻
🚨ယခုလတ်တလော COVID -19 ရောဂါကြောင့် အမောဖေါက်ပီးအောက်စီဂျင်မရကြသောလူနာများအတွက် ရည်ရွယ်ပါသည်။
🚨အောက်စီဂျင်လည်းမရှိ ၊ ဆေးရုံလည်း တက်လို့ အရမ်းခက်တာကြောင့် အိမ်မှာမောရင်း သေဆုံးကြရတဲ့ လူနာတွေ လျော့ကျစေရန် အလို့ငှာ စေတနာဖြင့် ဤစာကို ရေးသားအပ်ပါတယ်။
⚫️ ပထမဆုံး အသိပေးလိုသည်မှာ COVID ရောဂါဖြစ်သူတိုင်း Oxygen မလိုပါ။ ရောဂါဖြစ်သူအားလုံး၏ ၂၀ ရာခိုင်နှုန်းသာ oxygen လိုအပ်ပါသည်။
⚫️ ဒုတိယ အသိပေးလိုသည်မှာ COVID ရောဂါဖြစ်သူတိုင်းမသေပါ။ လူနာစုစုပေါင်း၏ ၂ ရာခိုင်နှုန်းသာ သေဆုံးပါသည်။
➡️ အမောဖောက်လူနာအားပြုစုဖို့အောက်ပါအချက်များကိုနားလည်ထားရပါမည်။
အမောဖောက်ခြင်းသည် အကြောင်း ၂ ချက်ကြောင့် ဖြစ်ပါသည်။
A. ခန္ဓာကိုယ်သို့ oxygen ပံ့ပိုးမှုနည်းသွားခြင်း
B.ခန္ဓာကိုယ်မှ oxygen ကို အသုံးပြုမှုများသဖြင့် oxygen မလုံလောက်ခြင်း
➡️ လူနာအမောဖောက်ခြင်းသက်သာစေရန်
A. ခန္ဓာကိုယ်သို့ oxygen ပံ့ပိုးမှုများလာအောင်လုပ်ဆောင်ရပါမည်။
B. ခန္ဓာကိုယ််မှ oxygen သုံးစွဲမှု တတ်နိုင်သမျှလျှော့ကျအောင်ပြုလုပ်ရပါမည်။
🏮A. Oxygen ပံ့ပိုးမှုနည်းသွားခြင်း ကို ကုစားရန်နည်းလမ်းများ🏮
အဆုတ်မကောင်းလျှင်သော်လည်းကောင်း နှလုံးမကောင်းလျှင်သော်လည်းကောင်း သွေးအားနည်းလျှင်သော်လည်းကောင်း ခန္ဓာကိုယ်သို့ Oxygen ပံ့ပို့နည်းသွားတတ်ပါသည်။
SpO2 90% အောက်ရောက်လျှင် oxygen ရှုရပါမည်။
ယခု မြန်မာနိုင်ငံ သားများကြုတွေ့နေရသည့် အခြေအနေအရ Oxygen မရရှိပါက အောက်ပါကိစ္စများကိုပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အား Oxygen ပံ့ပိုးမှု ပိုများလာအောင် ပြုလုပ်ပါ။
၁။ လူနာကို လေကောင်းလေသန့် ရသည့်နေရာတွင်ထားပါ
၂။ အဆုတ်ထဲ လေဝင်အောင် ဂရုတစိုက် သတိထားပီး ဖြေးဖြေးချင်းရှုပါ။
အသက်ကိုဖြေးဖြေးနှင့်ရှည်ရှည်ရှုပါ။အသက်ရှုရာတွင် မြန်မြန်ရှုလေပိုမောလေဖြစ်တတ်ပါသည်။ ဖြေးဖြေးနှင့်မှန်မှန်ရှုရန်လိုအပ်ပါသည်။ အသက်ရှုခြင်းသည် အဆုတ်ထဲသို့ လေဝင်အောင်လုပ်ခြင်းဖြစ်ပါသည်။ အကြိမ်ရေများများနှင့် တိုတိုရှုခြင်းထက် အကြိမ်ရေနည်းနည်းနှင့် ရှည်ရှည်ရှုခြင်းက အဆုတ်ထဲလေပိုဝင်ပါသည်။ သတိထားပီး အသက်ရှုရပါမည်။
လေကိုဖြေးဖြေးနှင့် ရှည်ရှည်ရှုခြင်းက respiratory muscle များအသုံးပြုမှုကို လျော့ကျစေပါသည်။ လူပိုသက်သာပါသည်
၃။ လူနာအနီးတွင် ဆူညံသံများကို မပြုလုပ်ပါနှင့်၊ အသက်ရှုခြင်း တစ်ခုထဲကိုသာအာရုံစိုက်ရန် လူနာကို သတိပေးပါ။
၄။ ပက်လက်အနေအထားဖြင့် အသက်ရှုခြင်းသည် ပို၍ မောပါသည်( ထိုင်ပီးမှောက်လျှက်အနေအထားဖြင့် နေပါ)
၅။ လူနာ စိတ်အေးလက်အေးဖြစ်နေပါစေ( ကြောက်လန့်တကြားဖြစ်ပီး လူနာရုန်းကန်ပါက အခြေအနေကို ပိုမိုဆိုးဝါးစေပါသည်။ ထို့ကြောင့် ကြုံလာသည့် ပြဿနာကို စိတ်အေးအေးထားပီးရင်ဆိုင်ရန်အရေးကြီးပါသည်။)
၆။ အခန်းအပူချိန်ကို မပူလွန်း မအေးလွန်းဖြစ်နေဖို့လိုပါသည်။(26’C သည် လူအတွက်အကောင်းဆုံးအပူချိန်ဖြစ်သည် )
၇။ လူနာရှိသောအခန်းအား ပြူတင်းပေါက်များဖွင့်ထားပါ။
၈။ လူနာအနီးတွင် တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်းရှိနေပါစေ
၉။ အနံ့အသက်များ မရှိပါစေနှင့်( ညောှ်နံ့, ခြင်ဆေးခွေနံ့, မြောင်းပုပ်နံ့, ရေမွေးနံ့ , ဟင်းနံ့ များ သည် အမောဖောက်လူနာအားပိုဆိုးစေပါသည်)
၁၀။ အသက်ရှုလမ်းကြောင်းတွင် ချွဲ သလိပ်များ ပိတ်ဆို့နေပါက လက်ဖြင့်ဖြစ်စေ , Suction Machine ဖြင့်ဖြစ်စေ ဖယ်ရှားပေးပါ။
🏮B. ခန္ဓာကိုယ်မှ Oxygen သုံးစွဲမှုများပြားခြင်းကို လျော့ချရန် 🏮
လူ့ခန္ဓာကိုယ်တွင် Oxygen အများဆုံးအသုံးပြုသည့် ကိုယ်အင်္ဂါများမှာ ဦးနှောက်, နှလုံးနှင့်ကြွက်သားများဖြစ်ကြပါသည်။
ဦးနှောက်နှင့် နှလုံး တို့ သည် oxygen ပြတ်၍မရပါ။
သဘာဝအရ ၄င်းအင်္ဂါများတွင် Oxygen နည်းလာပါက နှလုံးခုံမြန်လာပါမည်၊ အသက်ရှုမြန်လာပါမည်၊ စိုးရိမ်စိတ်ဝင်လာတတ်ပါသည်။
၄င်းအခြေနေတွင် ခန္ဓာကိုယ်မှ Oxygen သုံးစွဲမှုနည်းအောင် အောက်ပါ ကိစ္စများပြုလုပ်ပါ။
၁။ စိတ်အေးအေးထားပါ ၊ စိတ်မပူရန် အရေးကြီးပါသည်၊ မကြောက်ပါနှင့် ( စိတ်အေးချမ်းအောင်နေခြင်းသည် နှလုံးနှင့် ဦးနှောက် Oxygen သုံးစွဲမှုများစွာလျော့ကျစေပါသည်) ( အာနာပါန တရားအားထုတ်ဖူးသူများ ကိုယ်တွေ့သိပါသည်)
၂။လူနာသည် တတ်နိုင်သမျှ ငြိမ်ငြိမ်နေရပါမည်။ လှုပ်ရှားလေ ကြွက်သားများ oxygen ပိုသုံးလေ ပိုမောလေ ဖြစ်ပါသည်။ထို့ကြောင့်ငြိမ်ငြိမ်နေပါ။
၃။ သက်တောင့်သက်သာ အဖြစ်ဆုံးအနေအထားဖြင့်နေပါ။အဝတ်အစားကိုချောင်ချောင်လယ်လယ်ရှိသောချည်သား ဝတ်ဆင်ပါ။
၄။ တတ်နိုင်သမျှစကားမပြောပါနဲ့(စကားပြောလျှင်ပိုမောပါသည်)၊ စကာပြောနေသဖြင့်အသက်ရှုချိန်ကိုလည်းနည်းစေပါသည်။
၅။ လူနာကို အားပေးစကားပြောပါ။
၆။ စိတ်ရှုပ်စရာများမတွေးပါနှင့်၊ စိတ်ငြိမ်အောင် ဘုရားစာတစ်မျိုးရွတ်နေလို့ရပါသည်, အသက်ရှုတာကိုဘဲအာရုံစိုက်ပါ။ “ငါဒီအခက်အခဲကို ကျော်ဖြတ်နိုင်ရမည်”” ကျော်ဖြတ်နိုင်ရမည်” ဟုအကြိမ်ကြိမ်ရွတ်ပါ။
၇။ လူနာအနီးအသံဆူညံခြင်းမဖြစ်အောင် ဂရုစိုက်ပါ။ ဆူညံခြင်းကြောင့် စိတ်မတည်မငြိမ်ဖြစ်ပါသည်။ စိတ်မတည်ငြိမ်လျှင် ပိုမောပါသည်။
၈ ။ ချောင်းဆိုးချင်လာပါက အတတ်နိုင်ဆုံး အားမသုံးပါနှင့် အသာအယာ ဆိုးပါ။
၉ ။ လူနာအသက်ရှု မြန်လာပါက ဖြေးဖြေးနှင့် ရှည်ရှည်ရှုဖို့ ဘေးမှသတိပေးပါ။
မြန်မာပြည်သူပြည်သားများအားလုံး ရင်ဆိုင်ကြုံတွေ့နေကြရသည့် အခြေအနေဆိုး များမှ အမြန်ဆုံးလွတ်မြောက်ကြပါစေ
🙏🙏🙏
Click here to claim your Sponsored Listing.
Telephone
Website
Address
Yangon