Ponyo's Collections

Ponyo's Collections

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ponyo's Collections, Beauty Store, Yagon.

Photos from Ponyo's Collections's post 09/06/2024

SKIN 1 0 0 4 🔮

Photos from Ponyo's Collections's post 29/05/2024

Paper Dolls 🎀

Photos from Ponyo's Collections's post 28/05/2024

Vitamin Facts 🩷

28/05/2024

Brushes For Hair 🎀🪺

Photos from Ponyo's Collections's post 26/05/2024

🦦Best Skincare 🎀

Photos from Ponyo's Collections's post 08/09/2023

by

Hello 🩶

✨ ခြေတောက် အသားမာတက်ပြီး / ခြေတောက်ကွဲ / အမာရွတ် / နေလောင် / ခြင်ကိုက်ရာ / ခြေတောက်အသားမညီတွေ အတွက် ✨အဆင်ပြေတယ်နော့ ကိုယ်တိုင်Tryဖြစ်ထားပါတယ်ရှင့် ပုံလေးတွေအောက်မှာလဲစာရေးပေးထားပါတယ်နော် 🔥 🫶

13/07/2023

Oily Skin ( အဆီပြန်အသားအရေ )

အဆီပြန်အသားအရေက ရုတ်တရက်ကြည့်လိုက်ရင် glowနေတယ်လို့ထင်ရနိုင်ပါတယ် အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေက မကြာခဏဆိုသလို၀က်ခြံထွက်နိုင်ပါတယ် အရမ်းပူလွန်းတဲ့အခါမှာလဲပုံမှန်ထက်အဆီပြန်နိုင်ပါတယ် Oliy skin ဖြစ်ရခြင်းကနေထိုင်စားသုံးမူအသုံးအဆောင်ပေါ်လဲမူတည်ပါတယိ အရေအပြားအတွင်းသဘာ၀အဆီထိန်းသိမ်းမူ အဆီဂလန်းက ပုံမှန်အဆီထုတ်ပေးတာကြောင့် မျက်နှာချောမွေ့နူးညံ့နိုင်တာထက် အဆီတွေရွဲနေတက်ပါတယ် ‼️ ပုံမှန်ထက် Oily ဖြစ်နေတဲ့အခါလေထုထဲကဖုန်မှုန့်တွေကပ်ဖို့လွယိကူပါတယ် မျက်နှာကိုသေချာ Deep Cleaning မလုပ်နိုင်တဲ့အခါ ဖုန်တွေကချွေးပေါက်ထဲပိတ်နေပြီး ၀က်ခြံ /ဆား၀က်ခြံ / အဆီဖုတွေဖြစ်နိုင်တာကြောင့် Deep Cleaning လုပ်ပါ ‼️‼️

Normal skin ( ပုံမှန်အသားအရေ )

ခြောက်သွေ့ခြင်း / အဆီပြန်ခြင်း 99% ကင်းပြီးပုံမှန်အသားအရေဖြစ်ပါတယ် ချွေးပေါက်လေးတွေကသေချာမမြင်နိုင်လောက်အောင် ကျဉ်းလွန်းပါတယ် တစ်ခါတရံ အရေပြားပြသနာ တစ်ခုခုဖြစ်လာခဲ့ရင်လဲ Cleaning သေချာလုပ်ပြီး Skincare သေချာ care လိုက်ရုံနဲ့ အချိန်တိုအတွင်း မူလအတိုင်းပြန်ဖြစ်ပါတယ် အသားအရောင်ညီညာပြီး good skin tone ပါ Skin လေးကို ထိန်းသိမ်းမူမရှိရင်တော့ ကိုယ့်ရဲ့ Normal skin ကိုပျက်စီးနိုင်ပါတယ်နော် ‼️

Combination skin ( ပေါင်းစပ်အသားအရေ )

အသားအရေခြောက်သွေ့မူ / အဆီပြန်ခြင်းကင်းတဲ့အမျိူးအစားဖြစ်ပါတယ် T Zone တဝိုက် နှဖူး/ နှာခေါင်း နဲ့ ပါးပြင်ပတ်လည်အဆီပြန်နေတက်ပြီး ကျန်တဲ့နေရာတွေမှာ အသားခြောက် နေတာမျိူးမကြာခဏ ဖြစ်တက်ပါတယ် ‼️‼️ skincare ၀ယ်တဲ့အခါ အမွှေးနံ့သာပါ၀င်မူနည်းပြီး အသားရေကိုခြောက်‌သွေ့အဆီပြန်ခြင်းမဖြစ်စေတဲ့ပစ္စည်းကိုရွေးချယ်ပါ Combination skin တွေမှာ အပေါ်ယံအရေပြားလွှာ ဆဲလ်အသေအများအပြား ရှိတက်ပါတယ် တစ်ပတ်ကိုတစ်ကြိမ် Peeling Cleaning လုပ်ပေးပါ ‼️‼️‼️

Dry skin ( ခြောက်သွေ့သောအသားအရေ )

Dry skin တွေက အရေအပြားပေါ်လက်နဲ့ ထိမိချိန်တင်းနေသလိုအနည်းငယ်ကြမ်းတာမျိူးခံစားရနိုင်ပါတယ် ခြောက်သွေ့အဆီပြန်ခြင်း 99% ကင်းတာကြောင့် ၀က်ခြံ / အဆီဖု ထွက်နည်းပါတယ် Dry skin ဖြစ်ရခြင်းက အရေပြားရဲ့သဘာ၀အဆီကို ကောင်းစွာမထုတ်ပေးနိုင်တဲ့အခါ အသားအရေခြောက်လာပြီး ဖြစ်လာပါတာပါ ‼️‼️ skincare တွေ အဆင့်ဆင့်ထဲမှ moisturizer ကိုမဖြစ်မနေသုံးပေးပါ မျက်နှာကို တနေ့ 2ကြိမ်သာသစ်ပေးပါ ရေကိုလဲပုံမှန်ထက် 2ဆပိုသောက်ပါ ရေပူ / ရေနွေးအသုံးပြုခြင်းကိုတက်နိုင်သလောက်ရှောင်ပေးပါ Skincare လဲသေချာရွေးချယ်ပါ ‼️‼️

Sensitive skin ( ထိခိုက်လွယ်သော အသားအရေ )

Sensitive skin tone ကတော့ ကိုယ်သူံးလိုက်တဲ့ ပစ္စည်းတွေက ဓာတုဗေဒ နည်းနည်းလေး ပြင်းတာပါလိုက်တာနဲ့ အသားအရေကပျက်စီးဖို့လွယ်ကူပါတယ် Skin ထိန်းသိမ်းမူပြုလူပ်တဲ့အခါ တော်တော်လေး ဂရုစိုက်ပေးဖို့လိုပါတယ်နော် ‼️‼️‼️ ၀က်ခြံ / အဆီအဖု / အဖုအပိမ့်တွေထွက်လာတိုင်း လက်နဲ့ခနခနမကိုင်ပါနဲ့ လက်သည်းကနေပိုး၀င်လွယ်တဲ့အခါ ပိုဆိုးစေပါတယ် မျက်နှာကို ကိုင်တယ်တဲ့အခါမှာလဲလက်ကိုသေချာဆေးကြောသန့်စင်ပေးပါ နူးညံ့တဲ့ဂွမ်းစလေးတွေနဲ့လဲ အသုံးပြုကိုင်တွယ်လို့ရပါတယ် skincare ရွေးတဲ့အခါ Sensitive skin အတွက် သီးသန့်ထုတ်ကိုပဲရွေးပါ ( No Vatimin C ) ပါ Chemical Peeling ( AHA / BHA ) တွေလဲခနခနမလူပ်သင့်ပါ အပြင်ထွက်တိုင်း Suncream အသုံးပြုပါ‼️



Skin Type ခွဲခြင်းမသိတဲ့ သူတွေအတွက်သာမျှဝေပေးခြင်းပါရှင့် Thank you for reading နော် 💜

04/09/2021

Toner မဖြစ်မနေသုံးသင့်သူများအတွက်ပါ 👇👇

1 . ၀က်ခြံအရမ်း ထွက်တဲ့ Skin

2. အဆီအရမ်းပြန် တဲ့ Skin

3. ဆား၀က်ခြံ အဆီအဖု ရှိတဲ့ Skin

4. Glow Skin ပိုင်ဆိုင်ချင်သူ

Toner သုံးရင် အဆင့် ( ၂ ) အသုံးပြုပေးရပါတယ်ရှင်

ပထမ အဆင့် Cotton pad နဲ့ အရင်အသုံးပြုပေးပါ

ဒုတိယ အဆင့် လက်ထဲထည့်ပြီး မျက်နှာ ဖက်ဖက် Type အသုံးပြုပေးပါ

ပထမအဆင့်သည် မျက်နှာပေါ်က အညစ်အကြေးကို ဖယ်ရှားပေးတာပါရှင်ဒုတိယအဆင့်သည် Skin ထဲ စိမ့်၀င်အောင် ဖက်ဖက် Type အသုံးပြုချင်းဖြစ်ပါတယ် အခုလို အသုံးပြုခြင်း ( Toner Double Type ) အသုံးပြုခြင်းလို့ခေါ်ပါတယ်ရှင် 🦋

Toner ဆိုတာ မျက်နှာ Cleaning လုပ်ပြီးတဲ့ အပြင် နောက်ထပ်ကျန်နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး Skin Care အဆင့် ( ၂ ) နေရာမှာရှိနေတာဖြစ်ပါတယ်ရှင် 🦋

သိချင်တာရှိရင်လဲ မေးလို့ရပါတယ်ရှင် 🦋 ၀ယ်ယူအားပေးမှ မေးရမယ်မဟုတ်ပါ 🦋

Beauty နဲ့ ပတ်သတ်တာတွေ သိချင်ရင် Page ကို Like လုပ်ထားနော်💛

31/08/2021

Hello 💗

အခုမှ စ Skin Care မယ်ဆိုရင် အဆင့် ( 3 tep ) လေး နဲ့ စပြီး အသုံးပြုပေးလို့ရပါတယ်

Step 1 ( Cleansing Water နဲ့ မျက်နှာသစ်ခြင်း )

Step 2 ( Moisture )

Step 3 ( SunCream )

Skin Care အခုမှစ Care မယ်ဆို ☝️ အဆင့် ( ၃ )ဆင့်ကနေစလုပ်ပါ 💗

သိချင်တာလဲ မေးလို့ရပါတယ် 👇👇👇👇

Photos from Ponyo's Collections's post 23/08/2021

ကော့တေး 🤤🤤 ❤️🧡💛💚💙💜🖤

ကိုယ်တိုင်လဲ သောက်ချင်နေပါပြီ🤤

Photos from Ponyo's Collections's post 21/08/2021

Hello 🐼

Cusmoter တွေကို give awy ပေးပါချင်ပါတယ် 🐼 အခုမှ give awy ပေးတာမို့ အဆင်မပြေတာလေးတွေပါခဲ့ရင် နားလည်ပေးပါနော် 🐼

နောက်လဲ ဒီထက်ပိုလန်းတဲ့ give awy တွေပေးသွားမှာပါနော် 🐼

give way လေးက ၄မျိူးပဲ ပေးထားပါတယ် give awy လေးလိုချင်ရင် ponyo ပြောတဲ့ အချက်လေးတွေ အရင်လုပ်ပေးရပါမယ်နော် 🐼 ၄ မျိူးဆိုတော့ ၄ဦးရမယ်နော် 🐼

🐼🐼🐼🐼

Give way phot ကို Public နဲ့ Share ပြီး Com မှာ Ss ပြပေးပြီး ponyo ကြွေမယ့်စကားလေးတစ်ခွန်း မန့်ပေးပြီး ကံစမ်းလို့ရပါပြီရှင် 🐼

page ကို Like လုပ်ထားကြောင်း Screenshot လဲပြပေးပါနော် 🐼

give way ရရှိတဲ့ ၄ဦးကို ponyo က Chat Box ကနေ ဆက်သွယ်ပေးသွားမှာပါရှင့် ရရှိသူတွေက အိမ်လာယူလို့ရသလို Delivery နဲ့ ပို့ပေးပါမယ်ရှင် 🐼

01/08/2021

Face sheet mask လေးတွေ အသုံးပြုနည်း နဲ့ ရှောင်ရန်သိစေရန် ❤️


face mask တွေက အစိုဓာတ်ထိန်းပေးတယ် မျက်နှာအဆီပြန်ခြင်း ကင်းစင်စေတယ် ဒါ့ပြင် ချွေးပေါက်ထဲမှာ ပိတ်ဆိူ့နေတဲ့ ဖုန်နဲ့ အညစ်အကြေးတွေကိုပါ စုပ်ယူနိုင်တယ် ကပ်ရလွယ်အောင် ပြုလုပ်ထားတယ် ❤️

sheet mask မှန်သမျှ တခါပဲ အသုံးပြုပေးပါ တခါတည်း အဆင်ပြေအောင် ဗီတာမင်ကြွယ်ဝတဲ့ serum သို့မဟုတ် essence လိုဆေးရည်မျိုးကို တခါတည်းစိမ်ထားတယ် sheet mask ကိုတခါကပ်ပြီး ၁၅-၂၀ မိနစ်ကြာ ထားရပါတယ် ❤️

မျက်နှာဖုံးခွာပြီးတဲ့အခါမျက်နှာပြန်သစ်ဖို့မလိုဘူး နော် ❤️

maskကို အကြာကြီးထားရင် mask က ခြောကိသွေ့သွားတဲ့အခါ မျက်နှာပေါ်က အစိုဓာတ်ကို ပြန်လည်စုပ်ယူနိုင်တယ် ၁၅ မိနစ် ၂၀ မိနစ် ထက်ပိုမထားသင့်ပါဘူး ❤️

အထူးသဖြင့် ရွှံ့စေးနဲ့ အက်ဆစ်ဓာတ်ပါတဲ့ mask ရွှံ့စေးမျက်နှာဖုံးတွေ သုံးပြီးတဲ့အခါ မျက်နှာပြန်သစ်ဖို့ လိုပါတယ် ဒါမှသာ အစိုဓာတ် အလွန်အကျွံခြောက်ခမ်းမှုကို ကာကွယ်နိုင်မှာဖြစ်တယ် ❤️

Want your business to be the top-listed Beauty Salon in Yagon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yagon