SHE MO ii

SHE MO ii

Share

Women's Fashion & Clothing Store

12/04/2025

ရှေးက အသုံးပြုခဲ့ကြသည့် အတာအိုးထိုးနည်း
------------------
မသိကြတော့တာရယ် ၊ စျေးမှာရောင်းတာကို လွယ်လွယ်ကူကူပဲ ဝယ်ပြီး သုံးခဲ့ကြတာတွေရယ်ကြောင့် ဒီနည်းလမ်းက ပျောက်ကွယ် လုနီးပါ ဖြစ်နေပါပြီ။ ပြောရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်တောင် တစ်ချို့နှစ် အနည်းငယ်လောက်ပဲ (အရေးကြီးသည်ထင်တဲ့ နှစ်လောက်သာ) အသုံးပြုတာပါ။ 😁😁😁

ဒီနှစ်ကတော့ အားလုံးအတွက် အရေးကြီးတဲ့ နှစ်လို့ထင်တာကြောင့်မလို့ ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်တာက
အတာအိုး၊
ခရေညွန့် (ခရေလုံးဝမရနိုင်ခဲ့ရင် မာလကာကိုသုံးပါ)၊
ကံ့ကော်ညွန့် ၊မြေဇာ၊
သီဟိုဠ် (သီဟိုဠ် လုံးဝမရနိုင်ခဲ့ရင် သရက်ကိုသုံးပါ)
သပြေ (ဖြစ်နိုင်ရငိ အာစီယံ သပြေမသုံးသင့်ပါ)
ထန်း ( ထန်းလုံးဝမရနိုင်ရင် ဒန်းကို သုံးပါ)
အုန်းညွန့် (အုန်းညွန့်လုံးဝ မရနိုင်ရင် သြဇာကို သုံးပါ)
ထီး ၁လက်
၊ တံခွန်၊ ကုက္ကား၊ ကြက်လျှာ၊ ယပ် တစ်လက်စီ။( ၃လက်သုံး ချင်ပါက ဝါ စိမ်း နီ သုံးပါ)
မွှေးသောရနံရှိသောပန်း (ပန်းရှာရမလွယ်ရင် နံ့သာရေသုံးပါ)

အိမ်ထောင်ဦးစီး (အိမ်ထောင်ဦးစီးမရှိတော့ရင် ၊အိမ်မှာနေတဲ့ အသက်အကြီးဆုံးသူ အလုပ်မှာဆိုရင် ရာထူးအြကီးဆုံးသူ )သို့မဟုတ် ဗုဒ္ဓဟူး ၊ရာဟု သားမီးရဲ့ အရပ်နှင့် တိုင်းပြီး အပ်ချည် ၉ပင်ဖြတ်ထားပါ။
အဲ့အပ်ချည်ကို ထီးရိုးမှာ ပတ်ပြီးချည်ထားပါ။

အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် အညွန့်တွေရဲ့ အလယ်မှာ ထီးကို စိုက်ပြီး အတာအိုးထဲထည့်ပါ။ နံ့သာရည်ပတ်ဖြန်းပါ။
အညွန့်တွေရဲ့ဘေးကနေ တံခွန် ကုက္ကား ယပ် ကြက်လျှာများကို ဝန်းရံပြီးထည့်ပါ။
သတိထားရမည်မှာ အညွန့်များ ၊တံခွန် ၊ကုက္ကားများသည် ထီးထက် ပိုမရှည်သင့်ပါ။

ပြီးရင် အိမ်ထောင်ဦးစီး သို့မဟုတ် ဗုဒ္ဓဟူး ၊ရာဟု သားသမီး၏ ချည်သားအင်္ကျီကို ကရွတ်ခွေခွေပြီး အဲ့ အပေါ်ကနေ အတာအိုးကို တင်ပြီး အတာကြိုလို့ ရပါပြီ။
အတာအိုးကို တာဝန်ယူဆောင်ရွက်မယ့်သူက
ရှစ်ပါးသီလခံယူပြီး ၃၁ဘုံသား အပေါင်းကို မေတ္တာပို့သပေးပါ။ ( တစ်နေကုန် ရှစ်ပါးသီလထိန်းဖို့ ခက်ရင် အားလုံးပြီးတာနဲ့ ၅ပါးသီလ ပြန်ခံယူပါ ☺️)

#ဘ၀လမ်းညွှန်
#မေတ္တာဖြင့်စာပေမျှဝေသူ

09/04/2025

ဖုန်း message တွေထဲ ဝင်လာတာတွေ မသိရင် မနိုပ်နဲ့နော် ... ဖုန်းကိုထိန်းချုပ်ပြီး ငွေ အကုန်ထုတ်သွားမယ် ... ကျားဖြန့်တွေက နည်းပေါင်းစုံနဲ့ လိမ်ဖို့ကြိုးစားနေတာ
တွေ့ရင် တန်းသာ Block ...ပါ လူကြီးတွေကိုလဲ ပြောပြထားပါ

22/10/2024

ရန်ကုန်မှာ မိုးကြီးရင်ရေလျှံတတ်တဲ့ လမ်းတွေကို ရှောင်ချင်တဲ့ သူတွေအတွက် သိသလောက်စာရင်းပြုစုပေးလိုက်ပါတယ်။

၁။ ကမ်းနားလမ်းတလျှောက်ရှိ အောက်ဆုံးဘလောက်မှလမ်းများ။ (မိုးသည်းချိန်နှင့် မြစ်ရေတက်ချိန်ဆုံလျှင်ပိုဆိုးပါသည်)

၂။ ရန်ကုန်မြို့လည်ခေါင် ဆူးလေဘုရားတဝိုက်

၃။ ဗိုလ်အောင်ကျော်လမ်း ဝန်ကြီးများရုံးအောက်ဖက်

၄။ တာမွေ Ocean Centre တစ်ဝိုက်

၅။ မိုးကောင်းဘုရားလမ်း (သစ္စာလမ်းနှင့် အောင်ဇေယျလမ်းကြား)

၆။ အောင်ဇေယျလမ်း ( မိုးကောင်းလမ်းနှင့် ဝေဇယန္တာ လမ်းကြား)

၇။ ဝေဇယန္တာလမ်း ( ပါရမီ မီးပွိုင့်အနီး)

၈။ ဗြဟ္မစိုလ်လမ်း ( ဝေဇယန္တာနှင့် သုမင်္ဂလာလမ်းကြား)

၉။ မြောက်မြင်းပြိုင်ကွင်းလမ်း

၁၀။ ရန်ကင်းလမ်း ( Golden City Condo ရှေ့)

၁၂။ ကမ္ဘာအေးဘုရားလမ်း (အင်းယားလိပ်ဟော်တယ် အနီး)

၁၃။ ‌စမ်းချောင်းလမ်း ( ရှမ်းလမ်းဖက်)

၁၄။ ဆီဆုံလမ်း( ရှမ်းလမ်းဖက်)

၁၅။ ပြည်လမ်း (အင်းယားကန်‌ဘောင်တံတားဖြူရှေ့)

၁၆။ အောင်သိဓ္ဒိလမ်း (မရမ်းကုန်း) မင်းဓမ္မနှင့် အင်းစိန်လမ်းကြား

၁၇။ အရှေ့ကြို့ကုန်းလမ်း( မင်းဓမ္မနှင့် အင်းစိန်လမ်းကြား )

၁၈။ သမိုင်းလမ်းနှင့် ဘုရင့်နောင်လမ်းဆုံ

၁၈။ ဘုရင့်နောင်ပွဲရုံ အချို့လမ်းများ

🚨 သိသလောက်နဲ့ကြုံဖူးသလောက်ပါ။ အခြားမြို့နယ်တွေနဲ့ လမ်းတွေကျန်နိုင်ပါသေးတယ်။ အချို့နေရာတွေမှာ ရေမြောင်းတူးဖေါ်တိုးချဲ့မှုတွေကြောင့် အပြောင်းအလဲဖြစ်နိုင်ပါတယ်။

မိုးရွာသွန်းမှုကြာမြင့်ချိန်နဲ့ ရေပါရင်ပါသလို လမ်းပေါ်ရေတက်တဲ့ အမြင့်နဲ့ ရေတင်နေတဲ့အချိန် အနည်းအများရှိနိုင်ပါတယ်။ လပြည့်ကျော် ၃ ရက်လိုမျိုး ရေထရက်တွေမှာ မိုးများရင် ရေတော်တော်နဲ့ ပြန်မကျပဲ ရေတင်ချိန်ပိုကြာတတ်ပါတယ်။

Photos from SHE MO ii's post 30/07/2024

ဒီရာသီအံကိုက်
ချည်ဖောင်းကြွလက်ရှည် /ဘီရှည်
ရင် 36-39 inထိရ
ခါး 33in
တင် 40in
ဘီရှည် 35in
1ထည် x 15000/-

Photos from SHE MO ii's post 03/06/2024

4ကွာတားDressဆိုတော့ မိုးတွင်း ဗွက် ပေမှာ ပူစရာ မလိုတဲ့
Choco ချည်ပွန် လက်ရှည် Dress
ရင် 36/38
ခါး 32/34
တင် 40ထိရ
တထည် 15500/-
3ထည် ( အရောင်မရွေးဈေး) 13500/-

29/05/2024

Online Registration လေး ကျပါပြီနော်....ယုံကြည်စိတ်ချစွာ ဝယ်ယူ အားပေးနိုင်ပါပြီ ရှင်❤️

22/05/2024

🤭🥴😆

ရေချိုးပြီးလို့ အလှပြင်နေတုန်းတန်းလန်း
သူငယ်ချင်းမှ "ဟဲ့ ငါတို့မတွေ့ဖြစ်တော့ဘူး" လို့ ပြောလာသောအခါ:

Photos from SHE MO ii's post 19/05/2024

အသစ်ရောက် Design ❤️

17/05/2024

မခံစားနိုင်တော့ဘူး 😖🥴

16/05/2024

“Emoji လေးတွေရဲ့ အဓိပ္ပါယ်များ”

😁. ဟုတ်လား😁
😚 အို ကျေနပ်😚
🙄. ဟုတ်လို့လား 🙄
🤣. ဟားဟားဟား🤣
😂. ဟားဟား မင်းကတော့ ကွာ😂
😉. အေးဆေးပါ😉
😜. အဟိ အဟိ😜
😇. ဟမ်းနင်မပြောခင်တည်းကငါကြိုသိပြီးသား😇
😌 စိတ်လျော့လိုက်ပြီ😌
☺️. ရပါတယ် ကျေနပ်တယ်☺️
😊. သိနေပြီးသားပဲ 😊
😍. ဟယ် အချစ်ဆုံး😍
🤭. ဟယ် ပြောမိပြန်ပြီ🤭
😅. ဟာ ဟုတ်လို့လား😅
😰. ဘယ်လိုလုပ်ရမလဲ😰
😭. ငိုနေပြီ လေ😭
🤯. ဦးနှောက်တွေ ကြွကုန်ပြီ🤯
😱. ဝိုး😱
😒. အမြင်ကို ကတ်တယ် 😒
🥺. စိုးရိမ်မိတယ်🥺
🤨. ဟွန့် တွေ့မယ် 🤨
😫. မရပါဘူးဆို မဟုတ်ပါဘူးဆို😩
🥵. အမလေးဟယ် ပြောရတာ မောလိုက်တာ🥵
🤔. ဒါတွေးစရာပဲ🤔
🤮. အမလေး ရွံ တာ ဝေါ့🤮
😬. မပြောရဲပါဘူးအေ😬
😷 ကိုယ့်အပေါက်ကိုယ်ပိတ်ထားမယ်😷
🤐 အေးပါ ပြန်မပြောပါဘူး🤐
🤧 ဖြစ်ရလေ 🤧
🥴 အဲ့လိုတော့ မလုပ်နဲ့လေ🥴
😎. သိပြီးသား နော် ဒါမျိုးလာမလုပ်နဲ့😎
🤩 ဟယ် မိုက်ချက်🤩
🥳 သာသာယာယာဖဲ🥳
😤ဟွန်း ဟွန်း 😤
😋ရှလွတ်😋
😝ဟုတ်လဲ မဟုတ်ပဲနဲ့😝
🤪ဟုတ်လို့လား🤪
🤔 ဘယ်လိုလုပ်ရင်ကောင်းမလဲ🤔
😏 ဟွန်း မပြောကို မပြောချင်ဘူး😏

အခုမှ သေချာသိတော့တယ် 🤗

15/05/2024

❌ကုန်❌ လို့ရေးထားတဲ့ အထည်တွေက အကုန်ကုန်ပါပြီနော်...ရတဲ့ အထည်တွေဆို မရေးထားပါဘူးနော်.....ပုံတွေလာလာပို့ပြီး မေးမေးနေကြလို့ cb မှာဖြေလည်း ဒီအဖြေပါဘဲ့ရှင် မင်မင်ဖြေရတာ မောလာလို့ပါနော် 🥺🥺😣😖

Photos from SHE MO ii's post 14/05/2024

✅Update ရနိုင်တဲ့ အပူရှောင် ကျန်းမာရေးနဲ့ ညီသော Design များ

❤️ပုံတပုံ ခြင်း အောက်တွင် ဈေးနဲ့ sizeပါပါသည်
✅ မြို့နယ်တော်တော်များများ အိမ်ရောက်ငွေချေ ရပါတယ်နော် ....😍

အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon