Nk's online shop

Nk's online shop

Share

☘ Glow glass skin for you ☘

Photos from Nk's online shop's post 13/05/2025

"အသားအရေ ကြည်လင်ချင်လား?

😍 သလဲသီး Serum နဲ့ ဝင်းပြောင်ပြီး ကျန်းမာတဲ့ အရေပြားကို ပိုင်ဆိုင်လိုက်ပါ!"

11/05/2025

ကဆုန် လပြည့် ဗုဒ္ဓနေ့ 🙏🙏🙏

09/05/2025

ဘာဝယ်ဝယ်နော် 🥰 Review တွေသာ တချက်ရှိုး🥰

ရောင်းနေမြဲ ရောင်းရနေတာ ဒီ သလဲသီးလေးပဲ

Photos from Nk's online shop's post 08/05/2025

သလဲသီးက သင့်အသားအရေကို ဘယ်လို ထူးခြားစေမလဲ?

ဒီ Serum လေးနဲ့ အတူ ပြောင်းလဲမှုကို ခံစားလိုက်ပါ"

🌿 100% Natural Power!

သလဲသီးမှာပါတဲ့ Antioxidants, Vitamin C နဲ့ သဘာဝအစိုဓာတ်တွေက အရေပြားကို အတွင်းကနေ စိုပြည်၊ ကြည်လင်၊ ချောမွေ့စေပါတယ်!

06/05/2025

အသားရည်ပိုင်းဆိုင်ရာအတွက်အပန်းမကြီးပဲသိသာနိုင်စေမယ့်နည်းလမ်းများ

အသားရည်ဖြူခြင်း၊မဖြူခြင်းဟာ ရုပ်ရည်အလှကိုသတ်မှတ်လို့မရပါဘူး။အသားရည်ကြည်လင်‌ ချောမွေ့မှု ၊မျက်နှာ shape နဲ့မျက်နှာအမူရာတွေက ကိုယ့်အလှတရားကိုပေါ်လွင်စေမှာပါ။လူတိုင်းမှာပင်ကိုအသားရည်အရည်သွေးတွေရှိကြပါတယ်။အောက်ပါနည်းလေးတွေကိုအပျင်းမကြီးပဲနေ့စဉ်သတိထားလုပ်ပေးသွားရင် သင့်အသားရည်ဟာလပိုင်းအတွင်းသိသာလာပါလိမ့်မယ်

(1)မျက်နှာသစ်ပါ

မျက်နှာဟာအညစ်ကြေး၊ဖုန်မှုန့်တွေကပ်ညှိရာကနေမွဲခြောက်ပြီးနောက်ဝက်ခြံ၊အနာတွေပါပေါက်လာနိုင်ပါတယ်။မျက်နှာသစ်ရာမှာလည်းကိုယ်နဲ့တည့်ပြီးဈေးနှုန်းအသင့်တင့်ရှိမယ့်မျက်နှာသစ်မျိုးပဲသုံးပေးပါ။ရေများများနဲ့မျက်နှာသစ်ပါ။

(2)ရေများများသောက်ပါ

ရေဓာတ်ဟာအသားရည်ကိုကြည်လင်ချောမွေ့စေပါတယ်။နူးညံ့ပြီးတင်းရင်စေဖို့အထောက်အကူပြုပါတယ်။သာမန်လူတစ်ယောက်အနေနဲ့တစ်ရက်ကိုရေ 2.7လီတာမှ 3.7လီတာထိသောက်ဖို့ညွှန်းထားတာလည်းတွေ့ရပါတယ်။

(3)အာဟာရဓာတ်ထိန်းသိမ်းပါ

အစားသောက်ကနေအာဟာရဓာတ်တွေရရှိတဲ့အတွက် အသားရည်ကိုအာဟာရပေးတဲ့ ဗီတာမင်စီ၊ဗီတာမင်အီး ပါဝင်တဲ့ဟာတွေဥပမာ လိမ္မော်သီးလိုမျိုးဟာတွေ၊အရည်ရွမ်းသစ်သီးတွေ စားပေးရပါမယ်။အစပ်၊အပူ၊အဆီ၊အဆိမ့်လိုမျိုးအရာသာပြင်းလွန်းတဲ့အရာတွေအများကြီးမစားပါနဲ့။ဆေးလိပ်၊အရက်တွေဟာရုပ်ရင့်တာ၊အမြန်အိုမင်းတာမျိုးဖြစ်စေနိုင်လို့ရှောင်သင့်ပါတယ်။

(4)လေကောင်းလေသန့်ရှူရှိုက်ပါ

လေမှ အောက်ဆီဂျင်ကိုသွေးကနေတစ်ဆင့်ဆဲလ်ဆတွကိုပို့ပေးပါတယ်။သန့်စင်တဲ့လေကိုကြာရှည်ရှူရှိုက်ပေးရင်အသားရည်ကိုအာဟာရဓာတ်ကောင်းကောင်းရစေပါတယ်။

(5)လုံလောက်တဲ့အိပ်စက်ချိန်ရှိပါစေ

ပုံမှန်လူတစ်ယောက်ဟာ7နာရီမှ8နာရီထိအိပ်ချိန်ရှိသင့်ပါတယ် အိပ်ရေးပျက်တာဟာအသားရည်ခုခံအားကိုကျဆင်းစေပြီး၊တင်းရင်းမှုကိုပါလျော့စေပါတယ်။ဝက်ခြံနဲ့အညိုမဲတွေလည်းဖြစ်လွယ်တာမို့ အိပ်ချိန်ကိုလုံလောက်အောင်ပေးသင့်ပါတယ်။

(6)နေရောင်ခြည်ကိုတိုက်ရိုက်မထိတွေ့ပါနဲ

နေရောင်ခြည်မှာအသားရည်ကိုတိုက်ရိုက်ထိ‌တွေ့ရင်အမြန်ထိခိုက်စေနိုင်တဲ့ရောင်ခြည်တွေပါတာကြောင့်နေပူပြင်းတဲ့အချိန်တွေမှာတိုက်ရိုက်ထိတွေ့တာမျိုးရှောင်ရှားပါနော်။နေရောင်ခြည်မှာ ဗီတာမင်Dကြွယ်ဝတာမို့ နံနက်ပိုင်း၊ညနေပိုင်း နေရောင်ကျတဲ့အချိန်မှာသာနေရောင်ခံသင့်ပါတယ်။

(7)နောက်ဆုံးတစ်ခုကစိတ်ကိုအေးချမ်းအောင်အတတ်နိုင်ဆုံးထားပါ

စိတ်တို၊စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်က ကော်တီဇော(cortisol)လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးထွက်လာပြီးအဆီဂလင်းတွေကိုလှုံ့ဆော်တာမို့ဝက်ခြံထွက်တာ၊အဆီပြန်လွယ်တာစတဲ့အရည်ပြားပြသနာတွေကိုဖြစ်စေပါတယ်နော်။နောက်ပြီးစိတ်ဆိုးလွန်းတာဟာရုပ်ရည်ကိုအကြည့်ရဆိုးစေပြီး၊လူတွေရှောင်စေပါတယ်။စိတ်အလိုမကျတိုင်းမျက်နှာရှုံ့တဲ့အတွက်အရေးကြောင်းတွေတောင်ဖြစ်စေနိုင်ပါတယ်။skin care တယ်ဆိုတာထုတ်ကုန်တွေသုံးမှမဟုတ်ပါဘူး။မိမိအသားရည်ကိုဂရုစိုက်ခြင်းကိုလည်း ခေါ်လို့ရပါတယ်။အသားရည်ပေါ်တစ်ယောက်နဲ့တစ်ယောက်အလေးထားပုံခြင်းမတူကြပါဘူး။ဒီနည်းလေးတွေကတော့ ငွေကြေးမကုန်ကျဘဲနဲ့အကျိုးထူးစေမယ့်နည်းအချို့ပဲဖြစ်ပါတယ်။

နောက်အသားရည်ထိန်းသိမ်းနည်းလေးတွေလည်းမျှဝေပေးသွားပါမယ်ရှင်။

05/05/2025

Hello!
Page လေးမှာ post မတင်တာ ကြာသွားပါတယ်🤭

messenger ကနေလည်း အမြဲ မှာယူအားပေးနေကြ ချစ်သူတွေ အားလုံးကိုလည်း ကျေးဇူးအထူးတင်ကြောင်းပါရှင်🥰

ခုရက်ကစပြီး post လေးတွေကို ပြန်တင်ပြီး စျေးရောင်းတော့မှာ​ ဖြစ်ပါတယ်ရှင်🥰

09/02/2025

၁၀၀၀ကျပ်ထဲ နဲ့ Set လိုက်သုံးကြမယ်

ဖြစ်နိုင်ပါ့မလား
Face serum ,Moisturizerနဲ့ ဆပ်ပြာ သုံးမျိုးပါတဲ့ Perfect Setနဲ့ ဆိုရင်တော့ဖြစ်နိုင်ပါတယ်။😎😎

Set ထဲမှာ ပါတဲ့ Face serum ,အသားဖြူ ဆပ်ပြာ နဲ့ အစိုဓာတ်ဖြည့် Moisturizer gel လေးတွေက တစ်လလောက် အေးဆေးအသုံးခံတာမို့ အခုလိုမျိုး Set လိုက်ဝယ်ထားရင် တစ်နေ့ကို တစ်ထောင်ကျပ်လောက်နဲ့ Face & Body care လို့ရပြီပေါ့

သလဲသီး serum လေးနဲ့ Moisturizerကို မနက်တကြိမ် / ည တကြိမ်မှန်မှန်သုံးမယ်။

ရေချိုးတဲ့အခါတိုင်း Sakura အသားဖြူဆပ်ပြာ လေးနဲ့ သေချာလေးတိုက်ပြီး ရေချိုးမယ်

ဒီလို ဆိုရင် တစ်နေ့မှာ တစ်ထောင်ကျပ် သုံးရုံနဲ့ တစ်ရက်တာအတွက် Perfect ဖြစ်သွားပြီ 😇😇

နေ့တိုင်းသာ မှန်မှန်သုံးပေးမယ်ဆိုရင်တော့ ဒီ Set လည်းကုန် ကိုယ့်ရဲ့ အသားအရေလေးကလည်း ကိုယ်လိုချင်တာထက် ပိုကောင်း ပိုလှပြီးနုပျိုလာမှာ အသေအချာပဲ

ကိုယ့်ရဲ့အသားအရေလေးကို ပစ်မထားချင်ဘူး အမြဲလှပစိုပြေနေစေချင်တယ်ဆိုရင်တော့ ဒီ Set လေးကို သုံးဖြစ်အောင်သုံးဖို့ မမေ့နဲ့နော်

30/01/2025

(၂)ဆသက်သာပြီး စေမယ့် ဆောင်းရာသီနဲ့ အလိုက်ဖက်ဆုံး Combo လေး အပြင် အသားဖြူ ဆပ်ပြာ တစ်ခဲ ပါ ရမယ့် Perfect Set

သူတို့တစ်ခုချင်းစီရဲ့ result ကလည်း ရှယ်ပဲဆိုတော့ ဒီ Set လေးကို မဝယ်မိရင် နောင်တရသွားမှာနော်

ဘယ်လို ရှယ် Result တွေရမလဲဆိုတော့ Facial အတွဲလေးက

ပျက်စီးညစ်ထေးနေတဲ့ အသားအရည်ကို Hydrationအပြည့် ပြန်ဖြည့်ပေးပြီး skin barrier 2x ပိုကောင်းလာစေမယ်

နဂိုအသားအရည်ထက် 2x ပိုကြည်လာမယ်

အဆီအရမ်းပြန်တာတွေကို ထိန်းချုပ်ပေးပြီး အဆီဖု နဲ့ ဝက်ခြံတွေကိုလည်း အသစ်ထပ်မထွက်အောင် ကာကွယ်ပေးမှာပါ

ဝက်ခြံအမာရွတ် ၊ အမဲစက်တွေကိုလည်း အရင်ကထက် မြန်မြန်ဆန်ဆန် မှေးမှိန်လာစေမှာပါ

Sakura ဆပ်ပြာလေးကတော့ အသားအရေကို ဖြူဝင်းစိုပြေစေတဲ့အပြင် ကျောပေါ်က ဝက်ခြံတွေကိုပါ သက်သာစေတယ်လေ

3 မျိုးစလုံးက ဒီဆောင်းရာသီအတွက်ဆိုလဲ လုံးဝကို ကွက်တိပဲ😻

ဆောင်းတွင်းမှာက အသားခြောက်၊အသားပပ်တာတွေ အများဆုံးဖြစ်တတ်တော့ အသားအရေကို တခြားရာသီတွေထက်ပိုထိန်းသိမ်းဂရုစိုက်ဖို့လိုပါတယ်

ဒါကြောင့် မျက်နှာအသားအရေ ကို နှစ်ဆကောင်းမွန်စေတဲ့ combo အတွဲလေးနဲ့ အသားဖြူ skincare ဆပ်ပြာ တစ်ခဲပါဝင်တဲ့ Perfect Set လေးကို အတန်ဆုံးစျေးနဲ့ အခုပဲအမြန်ပြေးဝယ်လိုက်နော် 😍😍

29/01/2025

သုံးကြည့်ပြီးပြီလား ???

Sakura ဆပ်ပြာခဲလေးကို မသုံးကြည့်ရသေးရင်တော့ အခုကစပြီး သုံးကြည့်ဖို့လိုနေပြီနော်

တစ်နှစ်လောက် ဒီဆပ်ပြာလေးကိုပဲ သုံးလာတာ ဝက်ခြံတို့ ကြာဆူးတို့ထွက်တတ်တဲ့ အသားအရေက ဒီ Sakura Soap နဲ့တွေ့မှ ပျောက်ကုန်တာတဲ့ 😍😍

Sakura ဆပ်ပြာသုံးပြီးသွားတဲ့သူတိုင်းက Sakura မှ Sakura ဖြစ်သွားလောက်တဲ့အထိကို ပေးရတဲ့စျေးနဲ့ ရလာတဲ့ result က လုံးဝရှယ်ပဲ

100 g အတုံးကြီး တစ်တုံးကို ၈၅၀၀ ကျပ်တည်းမို့ fair price ထဲမှာလဲ ပါတယ် ။ Skincare Soap ဖြစ်တဲ့အတွက် အသားအရေကို စိုပြေလှပနူးညံ့စေမှာတော့ အသေအချာပဲ

ကဲ တစ်နှစ်တောင်သုံးလာတဲ့သူကတောင် သုံးကြည့်ကြဖို့ ပြောနေပြီနော် ။ ဒီတော့ ဘာတွေစဥ်းစားနေဦးမှာလဲ အမြန်သာ ဝယ်သုံးလိုက်တော့နော်

27/01/2025

မိန်းကလေးတိုင်း လိုချင်နေတဲ့ skin က ဒါမျိုးလား

ဘယ်ရာသီရောက်ရောက် အသားအရေလေးက အမြဲစိုစိုပြေပြေလေး ဖြစ်နေတာ
မဲညစ်နေတာမျိုးမဖြစ်ဘဲ မျက်နှာလေး လင်းနေချင်တာ
အသားအရေလေး က ကိုင်လိုက်ရင် တင်းတင်းအိအိလေး ဖြစ်နေတာ
မိတ်ကပ်တွေလိမ်းစရာမလိုဘဲ သဘာဝအတိုင်း skin လေး လှပနေတာမျိုး... ဟုတ်တယ်မလား

ဒီလိုဆိုရင်တော့ လုံးဝမမေ့ထားရမှာက Skinth ရဲ့ Berry Moisturizer ပါပဲ

Skinth Berry Moisturizer လေးရဲ့ အဓိက အားသာချက်က Vegan based moisturizer ဖြစ်ပြီး Lightweight and non sticky texture Fresh smell
High Quality ဖြစ်တာကြောင့် နံပါတ်တစ် ဦးစားပေး ရွေးချယ်ရမယ့် Moisturizer😍😍

ဘာလို့ ဒီလောက်ညွှန်းနေရတာလဲဆိုတော့ သူ့ထဲမှာက Niacinamide , Aqua and Strawberry Extract အဓိက ပါဝင်လို့ မျက်နှာပေါ်မှာ လိုအပ်တဲ့ ရေဓာတ်ကို အပြည့်အဝပေးနိုင်တယ် ဒါမှလည်း မျက်နှာလေးက စိုစိုပြေပြေလေး လှနေစေမှာပေါ့။

လူရွေးမှားတာက ပြန်ပြင်လို့ရတယ် ၊ Skincare အရွေးမှားသွားရင်တော့ သွားပြီနော် 😕
ဒီတော့ Berry Moisturizer လေးကို ရွေးချယ်တာက အကောင်းဆုံးပါပဲရှင်

26/01/2025

ကိုယ်က သလဲသီး face serum လေးကို အသဲစွဲဖြစ်နေတော့ Promotion လေးရှိတုန်း အမီဝယ်ထားဖို့လိုနေပြီလေ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Zayar Mying Street
Yangon