Fused by May Bo
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fused by May Bo, Beauty, cosmetic & personal care, Yangon.
04/09/2022
✨✨✨မင်တို့ဆီမှာ ကားထဲ အလှအနေနဲ့ထားလို့ရသလို ရေမွှေးပါထည့်လို့ရတဲ့ bling bling aroma diffuser လေးတွေ မှာလို့ရပါတယ်နော် ✨✨✨
သူက အဲကွန်းအပေါက်ထဲထည့်ထားရုံပဲဆိုတော့ ကားအဲကွန်းဖွင့်လိုက်တာနဲ့ အရမ်းကိုမွှေးတာပါနော်
Fragrance oil ကိုလည်း မင်မင်တို့က dropper ပုလင်းလေးနဲ့ထည့်ပေးတာဆိုတော့ အနံ့မထွက်ဘူးထင်ရပြီဆိုတာနဲ့ dropper နဲ့ တစ်စက် နှစ်စက် ထည့်ပေးလိုက်ရုံနဲ့ အရမ်းမွှေးကုန်တာပါရှင့်
Mickey head- ၈,၀၀၀ ကျပ် တစ်ခုကို(fragrance oil 20 ml included)
Zebra and sheep- ၆,၀၀၀ ကျပ် တစ်ခုကို (fragrance oil 20 ml included)
(မင်ဆို အဲကွန်း အပေါက် ၄ ပေါက်လုံး တပ်ထားတာ ချစ်လို့....သူငယ်ချင်းတွေက ဘာလေးတွေလည်း လှပြီးမွှေးလိုက်တာလို့ပြောရင် ကျေနပ်နေရော😂😂😂 မင်မင့် သူငယ်ချင်းတွေလည်း မင်မင်ရောင်းလို့ အကုန်ဝယ်ပြီးပြီ😂)
15/08/2022
✨✨✨မင်မင်တို့ဆီမှာ Bath and Body Works က 3 wicks candle လေးတွေလည်းမှာလို့ရအောင် instock ထားပေးထားပါတယ်ရှင့်...
ရနံ့တွေကလည်း မွှေးအီဆိမ့်နေအောင်ကောင်းတဲ့နေရာမှာ နာမည်ကြီးပြီးသားဆိုတော့ မင်မင်ဘို အထူးတလည် မညွှန်းတော့ပါဘူးနော်...
တစ်ဘူး ကို ၄၂,၀၀၀ ကျပ်နဲ့ မှာယူနိုင်ပြီး တစ်ဘူးမှာယူသူတိုင်းကို မင်မင်တို့ fused က ၄,၀၀၀ ကျပ်တန် ကားရေမွှေးပုလင်းကို လက်ဆောင်အဖြစ် ပေးသွားမှာပါရှင့်...
02/07/2022
✨✨✨မင်မင်တို့ ကားရေမွှေးပုလင်းလေးတွေကို ရန်ကင်းစျေးထဲက ဆိုင်အမှတ် ၇၃၊ ၇၄၊ ၇၅ မှာတင်ပေးထားပါတယ်နော်.... ✨✨✨
မင်မင်တို့ဆီကနေ တကူးတကမှာနေရင် deli ခတွေနဲ့ ဝန်ပိမှာဆိုးလို့ မြို့နယ်တိုင်းမှာ အဆင်ပြေအောင် တင်ပေးထားပါတယ်ရှင့်
ရန်ကင်းနဲ့ ဗဟန်းမြို့နယ်အနီးဆို ဖုန်းနံပါတ် 09446438466 ကိုဆက်ပြီး အားပေးလို့ရပါတယ်ရှင့်
မင်မင့်သူငယ်ချင်းချောချောလေးတွေရဲ့ ဆိုင်မှာ အားပေးကြပါဦးရှင့်😍😍😍
24/05/2022
ရေမွှေးပုလင်းပုံတွေနောက်မှရိုက် ဝုကိုအရင်ရိုက်ပေး...
အိန်ဂျယ်မနှင့် ဓါတ်ပုံကောင်းကောင်းမရိုက်ခဲ့ရသော နေ့ရက်များ😂😂
24/05/2022
အခုလို မိုးရာသီမှာ ကားအတွင်းခန်းထဲ အနံ့အသက်မကောင်းတာတွေ တော်တော်များများကြုံတွေ့နေရပြီလားရှင့်....
အဲ့လိုဆို မင်မင်တို့ Fused က ကားရေမွှေးပုလင်းလေးတွေကို သတိရလိုက်ပါနော်....
ရွေးချယ်စရာရနံ့ ၁၀မျိုး ရှိပြီး luxury ရေမွှေးရနံ့လေးတွေကိုပါ ထုတ်ပေးထားတော့ လူကြိုက်များကြတာပေါ့...
တစ်ပုလင်းကို 10 ml ပါတော့ တစ်လကျော်လောက်ကို အသုံးခံပါတယ်ရှင့်...
စျေးနှုန်းကလည်း တစ်ပုလင်းကို ၄,၀၀၀ ကျပ်ပါရှင့်....
ရရှိနိုင်တဲ့ရနံ့လေးတွေပါရှင့်....
1. Green Apple 🍏 (ပန်သီးစိမ်း အေးအေးလေးရနံ့)
2. Orange 🍊 (လိမ္မော်ရည် အေးအေးလေးရနံ့)
3. Lemon 🍋 (ရနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်တဲ့ ပျင်းရှရှရနံ့၊ lemongrass ရနံ့လေးကိုပါ ထည့်ပေးထားပါတယ်)
4. Fruity (သီးစုံရနံ့ ချိုအေးမွှေးလေး)
5. Aloe Vera ( အရောင်းရဆုံးနဲ့ လူကြိုက်အများဆုံး)
6. Lavender (စိတ်ကိုကြည်လင် လန်းဆန်းစေပါတယ်)
7. Rose 🌹 (Bulgarian နှင်းဆီ ရနံ့ သင်းသင်းလေး)
8. Sea 🌊 (လတ်ဆက်တဲ့ ပင်လယ်ရနံ့ အေးအေးလေး)
9. Eternal (နာမည်ကြီး ရေမွှေးရနံ့ကို inspired လုပ်ထားတာပါ)
10. Fused (အမျိုးသားရော အမျိုးသမီးရော ကြိုက်ကြတဲ့ ရနံ့လေး)
12/03/2022
✨✨✨Fused is back✨✨✨
မင်မင်တို့ Fused မှာ အလှအနေနဲ့ရော အမွှေးဆီထည့်ပြီးသုံးတဲ့ အနေနဲ့ရော ကားအဲကွန်းပေါက်ထဲမှာ ထားလို့ရတဲ့ Bling Bling aroma diffuser လေးတွေ in stock ရှိပါတယ်နော်....
Bling bling diffuser လေးတစ်ခုနဲ့ အမွှေးဆီ 20 ml ပါတဲ့ပုလင်းတစ်ပုလင်း တွဲရက်ကို ကျပ် ၅၀၀၀ နဲ့ရောင်းချပေးနေပါတယ်ရှင့်....
အမွှေးဆီက မင်မင်တို့ ရောင်းပေးနေတဲ့ ရနံ့ ၁၀ မျိုးထဲက မိမိကြိုက်နှစ်သက်ရာ ရနံ့တစ်မျိုးကို ရွေးချယ်လို့ရပါတယ်ရှင့်....
✨ ✨ကဲ...မိမိကားအတွင်းခန်းလေးကို မွှေးလည်းမွှေးစေချင် လှလည်းလှစေချင်တယ်ဆိုတဲ့ customers လေးတွေကို လက်တို့လိုက်ပါတယ်နော်....✨✨
အားပေးကြပါဦးရှင့်🥰🥰
16/11/2021
✨✨✨✨Wedding season is coming and we are so ready to prepare wedding favors for our customers ✨✨✨
ချစ်ရတဲ့ customers တို့ရေ Wedding season ရောက်ပြီဆိုတော့ မင်မင်တို့ရဲ့ local product ဖြစ်တဲ့ကားရေမွှေးပုလင်းလှလှလေးတွေကို မင်္ဂလာလက်ကမ်းအဖြစ် ပေးလို့ရတဲ့အကြောင်းလေး လက်တို့ပါရစေရှင့်။
မင်မင်တို့ ရဲ့Wedding favors လေးတွေကို Luxury လည်းဖြစ် စျေးလည်း fair ဖြစ်အောင်စီစဉ် ပေးထားတော့ မျက်နှာပန်းလည်းလှ ပိုလည်း အမှတ်တရလေးတွေဖြစ်နေတာပေါ့ရှင့်။
Wedding season promotion လေးတွေလည်းရှိပြီး delivery service ကလည်း free ဆိုတော့ အရမ်းတန်နေပါပြီရှင့်။
မင်မင်တို့ကို hello လိုက်တော့နော်် 🥰🥰🥰
🎉🎉Packaging လှလှလေးတွေနဲ့လိုချင်ရင်လည်း မင်မင်တို့နဲ့တိုင်ပင်လို့ရပါတယ်ရှင့်။🎉🎉
18/09/2021
အားလုံးပဲ မင်္ဂလာပါရှင့်
မင်မင်တို့ Fused brand ရဲ့ အရောင်းရဆုံးနဲ့ လူကြိုက်အများဆုံးဖြစ်တဲ့ Hang Aroma Diffuser လေးတွေကို ပြန်လည်မိတ်ဆက်ပေးပါရစေရှင့်
မင်မင်တို့ဆီမှာ ရရှိနိုင်တဲ့ ပုလင်းဒီဇိုင်းအသစ်လေးတွေက်ိုလည်း ပုံမှာပြပေးထားပါတယ်ရှင့်
ယခင်အတိုင်း ရနံ့ ၁၀မျိုး ကို Customers လေးတွေ ရွေးချယ်ဝယ်ယူရအဆင်ပြေအောင် အမျိုးအစားလေးတွေခွဲထားပေးပါရစေရှင့်
✨✨အသီးအနှံလေးတွေရဲ့ ရနံ့တွေကို ကြိုက်နှစ်သက်တဲ့ customers လေးတွေအတွက်✨✨
1. Green Apple 🍏 (ပန်သီးစိမ်း အေးအေးလေးရနံ့)
2. Orange 🍊 (လိမ္မော်ရည် အေးအေးလေးရနံ့)
3. Lemon 🍋 (ရနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်တဲ့ ပျင်းရှရှရနံ့၊ lemongrass ရနံ့လေးကိုပါ ထည့်ပေးထားပါတယ်)
4. Fruity (သီးစုံရနံ့ ချိုအေးမွှေးလေး)
5. Aloe Vera ( အရောင်းရဆုံးနဲ့ လူကြိုက်အများဆုံး)
✨✨ပန်းရနံ့သင်းသင်းလေးတွေကိုမှ ကြိုက်နှစ်သက်ပါတယ် ဆိုတဲ့ customers တွေအတွက်ကတော့✨✨
6. Lavender (စိတ်ကိုကြည်လင် လန်းဆန်းစေပါတယ်)
7. Rose 🌹 (Bulgarian နှင်းဆီ ရနံ့ သင်းသင်းလေး)
✨✨Fused ရဲ့ signature ရနံ့ဖြစ်တဲ့ ရေမွှေးရနံ့သင်းသင်းတွေဖြစ်တဲ့✨✨
8. Sea 🌊 (လတ်ဆက်တဲ့ ပင်လယ်ရနံ့ အေးအေးလေး)
9. Eternal (နာမည်ကြီး ရေမွှေးရနံ့ကို inspired လုပ်ထားတာပါ)
10. Fused (အမျိုးသားရော အမျိုးသမီးရော ကြိုက်ကြတဲ့ ရနံ့လေး)
ဆိုပြီး ၁၀ မျိုး ထုတ်ထားပါတယ်ရှင့်။
💵တစ်ပုလင်းကို ၃၀၀၀ ကျပ်ဖြင့်သာ ရောင်းချပေးနေပါတယ်ရှင့်။
🎁🛍လက်ဆောင်အဖြစ် ပေးမယ်ဆိုလည်း အမြင်လှပြီး ပေးရတဲ့သူလည်း မျက်နှာပွင့် လက်ဆောင်ရတဲ့သူလည်း စိတ်ချမ်းသာစေမှာ အသေအချာပါပဲရှင့်။ Fused ရဲ့ ထုံးစံအတိုင်း packing ဘူး လှလှလေးတွေနဲ့ ထုပ်ပေးမှာပါရှင့်။
မင်မင်တို့ Local Brand လေးကို support လုပ်ပေးလို့ အတိုင်းမသိကျေးဇူးပါရှင့်🥰🥰🥰🥰
19/08/2021
✨✨✨မင်မင်တို့ဆီမှာ လက်ရှိ instock ရနိုင်တဲ့ အမွှေးဆီထည့်ထွန်းရတဲ့ Aroma diffuser အိုးလေးတွေတင်ပေးလိုက်ပါတယ်ရှင့်.....✨✨✨
အမွှေးအိုးလေးတွေက အပူပေးတဲ့ စနစ်ဖြစ်တာကြောင့် ရနံ့လေးတွေကို ပိုမို မွှေးကြိုင်သင်းထုံစေပါတယ်ရှင့်...
မိမိကြိုက်နှစ်သက်ရာ Essential oil သို့ Fragrance oil အနည်းငယ်ကို ရေနဲ့ရောပြီး စက်ထဲထည့် အသုံးပြုပေးရုံပဲဆိုတော့ အသုံးပြုရလည်း လွယ်ကူသလို အငွေ့ထွက် မီးခိုးမွှန်တာတွေကိုလည်း ပူစရာမလိုတော့ပါဘူးရှင့်...
ဘုရားစင်ပေါ်မှာပဲဖြစ်ဖြစ် ဘုရားခန်းထဲမှာပဲဖြစ်ဖြစ်
အိပ်ခန်းထဲမှာပဲဖြစ်ဖြစ် မိမိ မွှေးစေလိုတဲ့ နေရာတိုင်းမှာထားလို့ရပါတယ်ရှင့်...
Timer လေးရော အပူချိန် အလျော့အတင်းပါလုပ်ဆောင်လို့ပါတယ်ရှင့်...
အခြား ဒီဇိုင်းလှလှလေးတွေလည်း ရှိပါသေးတယ်ရှင့်...
ပထမ တစ်သုတ်အော်ဒါတွေအရမ်းများခဲ့လို့ မင်မင်တို့က in stock ထားပေးထားတာပါရှင့်။
ဝယ်ယူအားပေးတဲ့အတွက်လည်း ကျေးဇူးအထူးပါရှင့်🥰🥰🥰
မင်မင်တို့ Fused မှာ mobile banking အကုန်လက်ခံပါတယ်နော် ချစ်ရတဲ့ customers လေးတို့ရေ... ခုလို အားလုံးခက်ခဲနေတဲ့အချိန်မှာ မင်မင်တို့ small and locally produce product လေးကို အားပေးကြလို့ မင်မင်တို့က အတိုင်းမသိ ဝမ်းသာရသလို ကျေးဇူးလည်း အများကြီးတင်ပါတယ်ရှင့်.... ❤️❤️❤️
Customer မမတစ်ယောက်အတွက် ပြင်ဆင်ပေးဖြစ်တဲ့ anniversary surprise gift box လှလှလေးပါရှင့်။
Gift ပေးချင်တယ်ဆိုရင် မင်မင်တို့က service charges ထပ်မယူပဲ box ဖိုးကျသင့်ငွေသာယူပြီး အိမ်အရောက်ပို့ဝန်ဆောင်မှုပေးပါတယ်ရှင့်။
06/06/2021
✨✨မင်မင်တို့ Fused က ကားရေမွှေးပုလင်းလှလှလေးတွေကို ဝင်းထွန်း(မိသားစု) ကားပစ္စည်းဆိုင်မှာ စျေးနှုန်းမှန်ကန်စွာနဲ့ ဝယ်ယူနိုင်ပါတယ်ရှင့်။✨✨✨
📍📍ဆ်ိုင်လိပ်စာလေးကတော့ ၃၇/၁၁၉၅၊ ပင်လုံလမ်းမကြီးပေါ်၊ မြောက်ဒဂုံမြို့နယ် ဖြစ်ပါတယ်ရှင့်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon