The Learning Medicine-Myanmar -Nursing Field
This page is educational page for NURSING FIELD
21/04/2026
FYI မပျက်မကွက် တတ်ဖို့ အကြံပြုပါတယ်
https://www.facebook.com/share/p/1B5s38XqL6/?mibextid=wwXIfr
Free Webinar for Nursing Health Care Professionals
Topic : Missed Contraceptive Pill Management
အခုလာမဲ့ Sunday မြန်မာချိန် ညနေ ၅နာရီခွဲမှာ ဆရာ၊ဆရာမတို့အတွက်
တားဆေးတွေနဲ့ ပတ်သက်သည်များကို ရှင်းပြသွားမှာဖြစ်ပါတယ်။
ဒီ Webinar ကို ဘာကြောင့် တက်ရောက်သင့်တာလဲ
ကျန်းမာရေးဝန်ထမ်းတစ်ယောက်အနေနဲ့ လူနာတွေဆီက အမေးအများဆုံး မေးခွန်းတစ်ခုက "ဆရာမ/ဆရာ... ဆေးသောက်ဖို့ မေ့သွားရင် ဘယ်လိုလုပ်ရမလဲ" ဆိုတာပါပဲ။
တိကျတဲ့ လမ်းညွှန်မှုပေးနိုင်ရန်: ဆေးအမျိုးအစားအလိုက် (Combined Pill လား၊ Progestogen-only pill လား) အဖြေတွေက ကွဲပြားတတ်ပါတယ်။ မှားယွင်းတဲ့ အကြံပေးမှုက မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
Professional Confidence: လူနာတွေကို ယုံကြည်မှုရှိရှိနဲ့ နောက်ဆုံးပေါ် Guidelines တွေအတိုင်း ရှင်းပြပေးနိုင်ဖို့ ဖြစ်ပါတယ်။
အခမဲ့ တက်ရောက်နိုင်ခြင်း: မိမိအိမ်မှာပဲ အနားယူရင်း ဗဟုသုတအသစ်တွေကို အခမဲ့ ရယူနိုင်မယ့် အခွင့်အရေးပါ။
ဒီ Webinar မှာ အဓိကထားပြီး ပြောပြသွားမယ့် အချက်တွေကတော့ -
Missed Pill Rules: ဆေးတစ်လုံး မေ့တာနဲ့ နှစ်လုံးမေ့တာ ဘာကွာသလဲ။ ဘယ်အချိန်မှာ အရေးပေါ်တားဆေး (ECP) လိုအပ်သလဲ။
Types of Pills: ဈေးကွက်ထဲမှာရှိတဲ့ တားဆေးအမျိုးအစားအလိုက် စီမံခန့်ခွဲပုံ ကွာခြားချက်များ။
Advice for Patients: လူနာကို နားလည်လွယ်အောင် ဘယ်လို ရှင်းပြမလဲ။ ထပ်မံကာကွယ်ဖို့ (Barrier methods) ဘယ်နှရက် လိုသလဲ။
Q&A Session: ဆရာ၊ ဆရာမတို့ လက်တွေ့နယ်ပယ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တိုက်ရိုက်မေးမြန်းနိုင်မယ့် အစီအစဉ်။
တတ်မည့်သူများ အခု မူရင်းပို့စ်ကို share ပေးပြီးကောမန့်ပေးခဲ့ပါ။
zoom link လေးပြန်ပို့်ပေးပါမယ်။
Zoom Session ကို interactive ဖြစ်အောင် လူဦးရေကန့်သတ်ထားတာမို့
တတ်မည့်သူများစာရင်းစသွင်းလို့ရပါပြီ။
Free session ပါ
သင်ကြားမည့်သူ - ဒေါက်တာဇင် ,UK
15/04/2026
All about Vaginal Discharges for Nursing FREE ZOOM SESSION
မိန်းမကိုယ်က အရည်ကြည်ဆင်းတယ်၊ အဖြူဆင်းတယ် စသဖြင့် ကြားဖူးမှာပေါ့။
သူနာပြုတစ်ယောက်အနေနဲ့ ဘယ်လိုမျိုးတွေဆို ဘာရောဂါလဲ။ ဘာကို သတိထားရမလဲ စသဖြင့်တွေကို မသိသေးဘူးဆို အခု zoom free session လေးကို join လိုက်ပါ။
သင်ကြားမဲ့သူ- ဆရာမက ဒေါက်တာဇင်ဖြစ်ပါတယ်။
ဆရာမက လက်ရှိ clinical field ထဲမှာ အလုပ်လုပ်လာတာ ၇ နှစ်ကျော်ရှိပီဖြစ်တယ်။
အခုလက်ရှိ ယူကေနိုင်ငံမှာအလုပ်လုပ်နေပီး မြန်မာနိုင်ငံရှိ Healthcare Professionals များကို
သင်တန်းတွေပို့ချနေတာဖြစ်ပါတယ်။
ဒီ Zoom ကိုတတ်ချင်ပါက
သင်တန်းပို့စ်လေးကို share ပီး cb မှာzoom link လေးလာယူလိုရပါတ။ ်ယ့
သင်ကြားမဲ့နေ့
၁၉.၄.၂၆
အချိန် မြန်မာချိန် : ညနေ ၅ နာရီ ခွဲ ဖြစ်ပါမယ်။
11/04/2026
ဉာဏ်စမ်းမေးခွန်းလေးတစ်ခု ဖြေကြည့်ရအောင်!
"ဆရာမ... သမီး ရာသီလာရင် တအားကိုက်လို့ ဆေးသောက်ချင်တယ်။ ဘယ်ဆေးသောက်ရမလဲ? ခဏခဏသောက်ရင်ရော သားအိမ်ထိခိုက်နိုင်လားဟင်?"
ဒီလိုမေးလာရင် သင် ဘယ်လိုဖြေမလဲ? 🤔 က) "အကိုက်အခဲပျောက်ဆေး သောက်လိုက်ပါ" (အဖြေအပြည့်အစုံမဟုတ်ပါ) ခ) "ရာသီကိုက်တာ သဘာဝပါပဲ၊ ရေနွေးအိတ်ကပ်ပါ" (လူနာကျေနပ်မှုမရှိပါ) ဂ) "ဆရာဝန်မေးပေးမယ်၊ ခဏစောင့်ပါ" (ကိုယ့် Confidence မရှိပါ)
အဖြေမှန်: ဒီမေးခွန်းကို Dysmenorrhoea ရဲ့ အမျိုးအစားတွေ၊ သောက်သင့်တဲ့ ဆေးအမျိုးအစားတွေနဲ့ Side effects တွေအကြောင်း ယုံကြည်ချက်ရှိရှိ၊ မှန်မှန်ကန်ကန် ရှင်းပြပေးနိုင်ရပါမယ်။
ဒီလို Skill မျိုးကို Women's Health Care Nursing Course မှာ စနစ်တကျ သင်ယူနိုင်ပါတယ်။
✅ သင့်ရဲ့ Professional Skills ကို မြှင့်တင်ပြီး လူနာတွေရဲ့ အားကိုးရဆုံး ဆရာမဖြစ်အောင် ပြင်ဆင်လိုက်ပါ။
သင်တန်းတတ်ရန် messenger က ဆက်သွယ်ပါရန်
09/04/2026
ဉာဏ်စမ်းမေးခွန်းလေးတစ်ခု ဖြေကြည့်ရအောင်!
"ဆရာမ... သမီး ရာသီလာရင် တအားကိုက်လို့ ဆေးသောက်ချင်တယ်။ ဘယ်ဆေးသောက်ရမလဲ? ခဏခဏသောက်ရင်ရော သားအိမ်ထိခိုက်နိုင်လားဟင်?"
ဒီလိုမေးလာရင် သင် ဘယ်လိုဖြေမလဲ? 🤔 က) "အကိုက်အခဲပျောက်ဆေး သောက်လိုက်ပါ" (အဖြေအပြည့်အစုံမဟုတ်ပါ) ခ) "ရာသီကိုက်တာ သဘာဝပါပဲ၊ ရေနွေးအိတ်ကပ်ပါ" (လူနာကျေနပ်မှုမရှိပါ) ဂ) "ဆရာဝန်မေးပေးမယ်၊ ခဏစောင့်ပါ" (ကိုယ့် Confidence မရှိပါ)
အဖြေမှန်: ဒီမေးခွန်းကို Dysmenorrhoea ရဲ့ အမျိုးအစားတွေ၊ သောက်သင့်တဲ့ ဆေးအမျိုးအစားတွေနဲ့ Side effects တွေအကြောင်း ယုံကြည်ချက်ရှိရှိ၊ မှန်မှန်ကန်ကန် ရှင်းပြပေးနိုင်ရပါမယ်။
ဒီလို Skill မျိုးကို Women's Health Care Nursing Course မှာ စနစ်တကျ သင်ယူနိုင်ပါတယ်။
✅ သင့်ရဲ့ Professional Skills ကို မြှင့်တင်ပြီး လူနာတွေရဲ့ အားကိုးရဆုံး ဆရာမဖြစ်အောင် ပြင်ဆင်လိုက်ပါ။
03/04/2026
အမျိုးသမီးကျန်းမာရေးစောင့်ရှောက်မှု သူနာပြုသင်တန်း (Women's Health Care Nursing Course)
အမျိုးသမီးကျန်းမာရေးနှင့် ပတ်သက်၍ နေ့စဉ်ဆေးခန်းများနှင့် ဆေးရုံများတွင် ကြုံတွေ့ရလေ့ရှိသော ပြဿနာများကို စနစ်တကျ ပြုစုစောင့်ရှောက်နိုင်ရန်နှင့် လူနာများကို မှန်ကန်သော ကျန်းမာရေးအကြံဉာဏ်များ ပေးနိုင်ရန် ဤသင်တန်းကို အထူးရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
သင်တန်းအကြောင်းအသေးစိတ်
သူနာပြုဆရာမများအား အောက်ပါ အခန်း (၅) ခန်းပါ အကြောင်းအရာများကို သင်ကြားပေးမဲ့ သင်တန်းလေးဖြစ်ပါတယ်။
📖 Chapter 1: အခြေခံခန္ဓာဗေဒနှင့် သွေးဆုံးခြင်းဆိုင်ရာ သိကောင်းစရာများ (Anatomy & Menopausal Transition)
ပါဝင်မည့်အကြောင်းအရာများ: Internal & External Reproductive System, Menopausal Transition.
ဘာကြောင့် တတ်မြောက်ထားသင့်သလဲ။
အမျိုးသမီး မျိုးပွားအင်္ဂါများ၏ ပုံမှန်တည်ဆောက်ပုံနှင့် လုပ်ဆောင်ချက်များကို နားလည်ထားမှသာ ပုံမှန်မဟုတ်သော ရောဂါလက္ခဏာများကို လျင်မြန်စွာ ခွဲခြားသိမြင်နိုင်မည်ဖြစ်ပါသည်။
သွေးဆုံးခါနီးနှင့် သွေးဆုံးပြီး အမျိုးသမီးများ ခံစားရလေ့ရှိသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို နားလည်ထားခြင်းဖြင့် လူနာများအား မှန်ကန်စွာ နှစ်သိမ့်ဆွေးနွေးပေးနိုင်ရန် (Counseling) လွန်စွာအရေးကြီးပါသည်။
📖 Chapter 2: အဖြစ်များသော မျိုးပွားလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် သန္ဓေတားခြင်း (Common Reproductive Problems & Contraception)
ပါဝင်မည့်အကြောင်းအရာများ: ရာသီမလာခြင်း (Amenorrhoea)၊ ရာသီလာခါနီးနှင့်လာချိန်တွင် ကိုက်ခဲခြင်း (Dysmenorrhoea, PMS)၊ သားအိမ်အတွင်းမြှေး နေရာလွဲမှားခြင်း (Endometriosis)၊ ကလေးမရနိုင်ခြင်း (Infertility)၊ သန္ဓေတားနည်းများ၊
ကိုယ်ဝန်ဖျက်ချခြင်းနှင့် ဆေးသောက်ရန်မေ့လျော့ပါက ပြုမူရမည့်အချက်များ (Missed pill management)။
* ဘာကြောင့် တတ်မြောက်ထားသင့်သလဲ။
* ဆေးခန်းသို့ အများဆုံးလာရောက်ပြသလေ့ရှိသည့် ရာသီသွေးဆင်းခြင်း ပြဿနာများကို သိရှိထားခြင်းဖြင့် ဆရာဝန်မရောက်မီ ရှေးဦးပြုစုကုသမှုများကို ထိရောက်စွာ ပေးနိုင်ရန်။
* မိသားစုစီစဉ်ခြင်း (Family Planning) နှင့် ပတ်သက်၍ လူနာနှင့်ကိုက်ညီမည့် သန္ဓေတားနည်းများကို ရွေးချယ်ပေးနိုင်ရန်။
* အထူးသဖြင့် နေ့စဉ်သောက် သန္ဓေတားဆေး သောက်ရန်မေ့သွားသော အမျိုးသမီးများအား အရေးပေါ် မည်သို့ဆက်လုပ်ရမည်ကို အမှားအယွင်းမရှိ အကြံပေးလမ်းညွှန်နိုင်ရန် (Missed pill management သည် သူနာပြုများ မဖြစ်မနေသိထားရမည့် အချက်ဖြစ်သည်)။
📖 Chapter 3: ကူးစက်ရောဂါများနှင့် သားအိမ်ခေါင်းကင်ဆာ (STIs, Vaginal Infections & Cervical Cancer)
ပါဝင်မည့်အကြောင်းအရာများ: လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ (STI)၊ မိန်းမကိုယ်မှ အရည်ဆင်းခြင်း (Candidiasis, Trichomoniasis, BV)၊ သားအိမ်ခေါင်းရောင်ခြင်း၊ လိင်အင်္ဂါအနာဖြစ်ခြင်း၊ သားအိမ်ခေါင်းကင်ဆာနှင့် HPV ဗိုင်းရပ်စ်။
ဘာကြောင့် တတ်မြောက်ထားသင့်သလဲ။
* မိန်းမကိုယ်မှ အရည်ဆင်းခြင်း အမျိုးအစားများကို ကြည့်၍ မည်သည့်ပိုးဝင်နေသည်ကို အကြမ်းဖျင်းခွဲခြားသိရှိနိုင်ရန်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး ပညာပေးနိုင်ရန်။
* လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါများသည် အရှက်အကြောက်ကြီးတတ်ကြသဖြင့် သူနာပြုများအနေဖြင့် လူနာများ ယုံကြည်မှုရှိအောင် ဆက်သွယ်ပြောဆိုပြီး ကုသမှုအပြည့်အဝခံယူစေရန် ကူညီပေးနိုင်ရန်။
* သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ရေးအတွက် HPV ကာကွယ်ဆေးထိုးခြင်းနှင့် Pap Smear စစ်ဆေးခြင်းတို့၏ အရေးပါမှုကို လူနာများအား ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြနိုင်ရန်။
📖 Chapter 4: ရင်သားဆိုင်ရာ ရောဂါများ (Disorders of Breast)
ပါဝင်မည့်အကြောင်းအရာများ: ရင်သားအကျိတ်နှင့် ရောင်ရမ်းခြင်းများ (Fibrocystic disease, Fibroadenoma & Mastitis)။
* ဘာကြောင့် တတ်မြောက်ထားသင့်သလဲ။
* နို့တိုက်မိခင်များတွင် အဖြစ်များဆုံးဖြစ်သည့် ရင်သားရောင်ရမ်းခြင်း၊ ပြည်တည်ခြင်း (Mastitis) များအတွက် နို့တိုက်နည်းစနစ်မှန်ကန်ရေးနှင့် ပြုစုစောင့်ရှောက်မှုများ ပေးနိုင်ရန်။
* ရင်သားတွင် အကျိတ်စမ်းမိ၍ စိုးရိမ်တကြီး လာပြသော အမျိုးသမီးများအား ကင်ဆာမဟုတ်သော သာမန်အကျိတ်များအကြောင်း ရှင်းပြပေးပြီး စိုးရိမ်ပူပန်မှု လျော့ကျစေရန် ကူညီပေးနိုင်ရန်။
📖 Chapter 5: အမျိုးသမီး မျိုးပွားအင်္ဂါအဖွဲ့အစည်းဆိုင်ရာ ရောဂါများ (Disorders of Female Reproductive System)
ပါဝင်မည့်အကြောင်းအရာများ: ဆီးမထိန်းနိုင်ခြင်း (Urinary Incontinence)၊ သားဥအိမ်ရေအိတ်တည်ခြင်း (Ovarian Cyst) နှင့် သားအိမ်အသားလုံးတည်ခြင်း (Uterine fibroid)။
ဘာကြောင့် တတ်မြောက်ထားသင့်သလဲ။
* အသက်အရွယ်ရလာသော အမျိုးသမီးများတွင် အဖြစ်များသည့် ဆီးမထိန်းနိုင်သော ပြဿနာများအတွက် လေ့ကျင့်ခန်းများ (ဥပမာ- Kegel exercise) နှင့် နေထိုင်မှုပုံစံ ပြောင်းလဲရန် အကြံပေးနိုင်ရန်။
* သားအိမ်နှင့် သားဥအိမ် ရောဂါများကြောင့် ခွဲစိတ်မှုခံယူရမည့် လူနာများအတွက် ခွဲစိတ်မှုမတိုင်မီ ပြင်ဆင်ခြင်း (Pre-op care) နှင့် ခွဲစိတ်ပြီးနောက် ပြုစုစောင့်ရှောက်ခြင်း (Post-op care) များကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ရန်။
🌟 နိဂုံးချုပ် ဤသင်တန်းသည် သူနာပြုဆရာမများအတွက် စာတွေ့သာမက လက်တွေ့လုပ်ငန်းခွင် (Ward & O.P.D) တွင် တိုက်ရိုက်အသုံးချနိုင်မည့် အသိပညာများကို စုစည်းထားခြင်းဖြစ်ပါသည်။
မိမိ၏ Professional Skill ကို မြှင့်တင်လိုသော သူနာပြုများအားလုံး မလွဲမသွေ တက်ရောက်သင့်သော သင်တန်းဖြစ်ပါသည်။
သင်တန်း တတ်ရန်
Teaching Platform : telegram
Pre-recorded Lectures
သင်တန်းကြေးသွင်းပြီးတာနဲ့ သင်တန်းလင့်ခ်တန်းရမှာဖြစ်ပါတယ်။
ဘယ်နေရာ၊ဘယ်အချိန်မှာမဆိုသင်ယူလိုရအောင်စီစဉ်ပေးထားပါတယ်။
မသိတာနားမလည်တာများကို အချိန်မရွေးမေးမြန်းနိုင်ပါတယ်။
သင်တန်းအပ်ရန်
09953523023 viber မှဆက်သွယ်နိုင်သလို
Messenger မှလဲမေးမြန်းနိုင်ပါတယ်။
Website နဲ့ပတ်သက်တဲ့အသေးစိတ် explanation.
28/03/2026
Website လေးဖွင်းပြီးတဲ့ အချိန်ကတည်းက လာပြီး
သင်တန်းလေးတွေ အပ်ပေးကြသောဆရာ၊ဆရာမများကို ကျေးဇူးတင်ပါတယ်။
ဆရာ/ဆရာမတို့အတွက် ဘယ်နေရာ ရောက်နေနေ
သင်တနိးလေးတွေလေ့လာလို့ရအောင်သေချာလုပ်ပေးထားတာမို့ သိချင်တာများရှိရင်
09953523023 viber မှသော်လည်းကောင်း
Messenger မှသော်လည်းကောင်း အချိန်မရွေးလာရောက်မေးမြန်းနိုင်ပါတယ်။
26/03/2026
ဆရာ၊ဆရာမ တိုအတွက် သင်တန်းတွေ အကုန်ပြန်စပါပြီ။
Pre-recorded တတ်ချင်သူများက website လေးမှာ ကိုယ်တတ်ချင်တာလေး သွားကြည့်၊ ပြီးရင် အမဆီတိုက်ရှိက် enrollment လာလုပ်လိုရပါတယ်။
သင်တန်းပေါင်း Quality ကောင်းကောင်းနဲ့ သေချာတတ်ချင်နေသူတွေအတွက် တစ်ခုတည်းသော learning platform ဖြစ်ပါတယ်။
ပုံတစ်ပုံချင်းစီသေချာကြည့်ပါ။ website လင့်ခ်လေးတွဲထားပေးပါတယ်။ ကောမန့်တွင်ကြည့်ပေးပါရန်
23/08/2024
တစ်ရက်အတွင်း လူအယောက် ၃၀ ကျော်ပါပြီ😱😱
CME မှာ ZOOM လက်ခံနိုင်တဲ့ LIMIT ရှိတာ
ကြောင့် မြနိမြန်သာ share ပြီး ZOOM Link ယူလိုက်
ပါရန် ။
Share ရန် Original POST
https://www.facebook.com/100063877743392/posts/938399491632634/
CB ကသော်လည်းကောင်း
Telegram က သော်လည်းကောင်းမြန်မြနိ MESSAGE ပို့လိုက်ပါ။
22/08/2024
Menopause FREE CME for Healthcare Professionals
အခုတစ်ခါမှာတော့ အမျိုးသမီးထုကြီးအတွက် အလွန်တရာမှ အရေးကြီးလှတဲ့ သွေးဆုံးမီးယပ်ကိုင်နှင့်
ပတ်သက်သည့် CME အကြောင်းကို free လုပ်ပေးသွားမှာဖြစ်ပါတယ်။
ဘယ်သူတွေတတ်သင့်လဲ?
၁။ အမျိူးသမီးဆိုတာနဲ့ကို တတ်လိုက်ပါ။
၂။ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများ
၃။ Public Health မှာ အလုပ်လုပ်နေသူများ
၄။ community health leaders များ
၅။ Nursing Field မှဆရာ၊ဆရာမများ
တတ်ကို တတ်သင့်ပါတယ်။
တတ်ဖို့ ဘယ်လိုလုပ်ရမလဲ??
1. Post ကို Public နဲ့ Share ပေးပါရန်
2. သူငယ်ချင်း (၅) ယောက်ကို tag တွဲပြီး (LMM နဲ့ပတ်သက်တဲ့ စာတိုလေး ရေးပေးပါရန်)
3. Share ထားကြောင်း screenshot ကို အောက်ပါ telegram link ကနေ လာပို့ပေးပါ
http://t.me/drz994
4. Zoom Link တစ်ခါထဲပြန်ပို့ပေးပါမယ်
CME Timetable
၂၅.၈.၂၀၂၄
ည - ၇ နာရီ
Zoom က လူအကန့်အသတ်ရှိလို့ လူ (၁၀၀) မပြည်ခင် မြန်မြန် share မြန်မြန် လာပြောပါ။
The Learning Medicine-Myanmar
12/08/2024
ပထမနေ့မှာတင် ဘယ်လိုတွေ တော်နေကြတာလဲတာ ကြည့်ကြပါ။
😍😍😍😍😍😍😍😍
Thank you for upgrading yourself ♥️♥️♥️♥️💛💛♥️♥️
Click here to claim your Sponsored Listing.
Category
Website
Address
Yangon