Jasmin Find Balance Lifestyle
Senior Manager By Boom The Icon Myanmar
Mini Leader By Angel's Secret Myanmar
Agent By I'aura Myanma
05/04/2025
လောကမှာ လူတွေ မမျှော်လင့်ဘဲနဲ့
အန္တရာယ်ဆိုး ကပ်ဆိုးဘေးဆိုးတွေ ကျရောက် လာတတ်တယ်။
အဲဒီလို ကျရောက်လာတဲ့အခါမှာ အန္တရာယ်က လွတ်မြောက်အောင် လုပ်တဲ့နည်းကို မြတ်စွာဘုရားက ဒီရတနသုတ္တန်မှာဟောပေးတယ်။
သစ္စာဆိုတဲ့နည်းနဲ့ အန္တရာယ်ကို ကာကွယ် ပေးတယ် ဘေးအန္တရာယ်က လွတ်မြောက်အောင် ဆောင်ရွက် ပေးတယ်။
ရှည်လျှားတဲ့ ကာလကြီးတစ်ခုပေါ့။
အချိန်အတိုင်းအတာ အရ၊ ဒီလို အတိုင်းအတာတစ်ခုအရ စားနပ်ရိက္ခာမဖူမလုံနဲ့ မိုးခေါင်နေတဲ့ အချိန်ပိုင်းကြီးကို ဒုဗ္ဘိက္ခန္တရကပ် လို့ခေါ်တယ်။
ရောဂါဝေဒနာတွေဖြစ်ပြီး ကူးစက်ပြန့်ပွားနေတဲ့ အချိန်ပိုင်းကို ရောဂန္တရ လို့ခေါ်တယ်။
အဲဒီအံချိန်မှာ မကောင်းဆိုးဝါးတွေက ဝင်ရောက်ပြီးတော့နှိပ်စက်တဲ့ အချိန်ပိုင်းကို အမနုဿန္တရကပ် လို့ခေါ် တယ်။
“ရောဂါ မနုဿ ဒုဗ္ဘိက္ခ သမ္ဘူတံ
တိဝိဓံ ဘယံ” လို့ဆိုတဲ့အတိုင်း
ဝေသာလီပြည်မှာ ကြုံခဲ့တယ်။
အဲဒီလို ကြုံကြိုက်လာတဲ့ အခါကျတော့ ဒီဘေးဆိုး အန္တရာယ်ကြီးက ဘယ်လိုလုပ်ပြီး လွတ်မြောက်အောင် လုပ်ကြ မလဲလို့ တိုင်ပင်ညှိနှိုင်းကြတယ်။
လူတွေဟာ အန္တရာယ်ဆိုးတွေ ကျရောက်ပြီ ဆိုတဲ့အခါ ကိုယ်ယုံကြည်ရာတွေကို လုပ်တတ်ကြတယ်။
ဝေသာလီပြည်မှာ အန္တရာယ်ကင်းအောင် ... ဘာဟောလဲဆိုရင် ဘုရားဂုဏ်နဲ့ သစ္စာဆိုပုံကို မြတ်စွာဘုရား ဟောတယ်။
“ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နောသမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စဝဇ္ဇေန သုဝတ္ထိ ဟောတု”တဲ့။
ဒီဂါထာကစပြီးတော့ သစ္စာဆိုပုံကို မြတ်စွာဘုရားက ပြတယ်။
“ဣဓဝါ” ဆိုတာ လောကမှာဖြစ်စေ သို့မဟုတ် လူ့ပြည် မှာပဲဖြစ်စေ။
“ဟုရံ” ဆိုတာ နတ်ပြည်မှာပဲဖြစ်စေ၊ တခြားဘုံဘဝ မှာပဲဖြစ်စေ။
"သဂ္ဂေသုဝါ” နတ်ပြည် ဗြဟ္မာပြည်မှာပဲ ဖြစ်စေတဲ့
လောကမှာ အလွန်မွန်မြတ်တဲ့ ရတနာတွေ ဆိုတာရှိတယ်။
ဟုတ်တာပေါ့ ရွှေတွေ၊ ငွေတွေ၊ ကျောက်သံပတ္တမြားတွေ လူ့ပြည်မှာသာ ရှိတာမဟုတ်ဘူး။
နတ်ပြည်မှာလည်းရှိတယ်၊ ဒီလို မွန်မြတ်တဲ့ ရတနာတွေရှိတယ်။
ဆိုလိုတာကတော့ လောကကြီး မှာရှိတဲ့ လူတိုင်းနှစ်သက်တဲ့ စိန်ရွှေရတနာတွေဟာ ရှိတယ်။
အဲတော့ ရတနာဆိုတဲ့ စကားလုံးက မြန်မာလူမျိုးတွေမှာ မြန်မာစကားလောက် ဖြစ်ပြီးတော့ ရင်းနှီးနေကြတယ်။
ရတန ဆိုတာ ဒါကိုမြင်လို့ရှိရင် လူတွေစိတ်ထဲမှာ ကျေနပ် နေတယ်။
ရွှေကိုမြင်ရင် ကျေနပ်နေတယ်၊ ပတ္တမြား မြင်ရင် ကျေနပ်တယ်၊ ကျောက်သံပတ္တမြားတွေ မြင်ရင် ကျေနပ်တယ်။
အဲဒါတွေကို ရတနာ လို့ခေါ်တယ်။
“ရတိံ ဇနေတီတိ ရတနံ” ဆိုတဲ့အတိုင်း ရတနာ။
သို့သော်လည်း ‘ရတနာ” ဆိုတာ ဘာကြောင့် ရတနာ ခေါ်ရတာလဲလို့ မေးမယ်ဆိုလို့ရှိရင်
ရတနာခေါ်ပုံ က “စိတ္တိကတံမဟဂ္ဃဉ္စ၊ အတုလံ ဒုလ္လဘဒဿနံ” ဂါထာအရ
ပြောမယ်ဆိုရင် ရတနာဆိုတာ စိတ္တိကတံ၊ လူတိုင်းရဲ့အကြိုက် ဖြစ်တယ်၊
လူတိုင်းက ကျေနပ်တယ်၊ လူတိုင်းကြိုက်တယ်၊
လူတိုင်း လိုချင်တဲ့ အရာဖြစ်တယ်၊
လူတိုင်းနှစ်သက်တဲ့ အရာဖြစ်တယ်၊
ဒါ ရတန။
မဟဂ္ဃတ၊ ဆိုတာ´ တန်ဖိုးကြီးတယ်၊ အင်မတန်မှ တန်ဖိုးကြီးတဲ့ အရာဟာ ရတနာလို့ ခေါ် တယ်။
အတုလ နိုင်းဖို့ ယှဉ်ဖို့ တန်ဖိုးဖြတ်ဖို့ မဖြစ်နိုင်လောက်အောင် အဆင့်မြင့်တယ်၊ အတုမဲ့တယ်။
တန်ဖိုးအင်မတန်မှ ကြီးမားတယ်။
အတုလ ဖြစ်တယ်၊
နှိုင်းစရာ ဥပမာမရှိဘူး၊
အနှိုင်းမဲ့ဖြစ်တယ်၊
အဲဒါမျိုးကို “ရတနာ”လို့ ခေါ်တယ်။
‘ဒုလ္လဘဒဿန” ဆိုတာ တွေ့ဖို့မြင်ဖို့ရာ ခဲယဉ်းတဲ့အရာ ဖြစ်တယ်။
လမ်းခင်းတဲ့ကျောက်တွေ ဘယ်လောက်ပေါပေမယ့်
“ရတနာ”လို့ဆိုတဲ့ ပတ္တမြား
ကျောက်ကတော့ တွေ့ရခဲတယ်။
အင်မတန်မှ ရှားပါးတယ်ပေါ့။ ကွာဟတဲ့ နှိုင်းယှဉ်မှု။
အဲတော့ ရတနာဆိုတဲ့ သဘောက တွေ့ဖို့မြင်ဖို့ ခဲယဉ်းတဲ့ဟာလည်းပဲ ရတနာပဲ။
အနောမသတ္တ ပရိဘောဂ အထက်တန်းကျတဲ့ ပုဂ္ဂိုလ်တွေ မှ အသုံးပြုနိုင်တယ်။
သာမန်ပုဂ္ဂိုလ်တွေ မသုံးနိုင်တဲ့ ပစ္စည်းမျိုးကို ရတနာလို့ခေါ်တယ်။
ဒါ လောကီဘက်ကပြောတဲ့ ရတနာ။
လောကီရတနာတွေပဲကြည့် ဒီအခြေအနေမျိုးတွေနဲ့ ရှိတယ်။
အဲတော့ လောကမှာရှိကြတဲ့ စိန်ရွှေစတဲ့ ဒီရတနာတွေဟာ လူ့ပြည်မှာပဲရှိရှိ၊ နတ်ပြည်မှာပဲရှိရှိ၊
လောကမှာ ရတနာ အမျိုးမျိုး တွေ
လူတွေအကြိုက် ရတနာ အမျိုးမျိုး
ရှိတယ်တဲ့။
အဲဒီ ရတနာတွေထဲမှာ မြတ်စွာဘုရားနဲ့တူတဲ့ ရတနာဆို တာ တစ်ခုမှ မရှိဘူး။
ဗုဒ္ဓရတနာဟာ မြတ်စွာဘုရားရဲ့ နှစ်သက် ဖွယ်ကောင်းတဲ့ အခြေအနေ ဂုဏ်ရည်မျိုးဟာ တခြားရတနာ
တွေမှာ မရှိနိုင်ဘူး။
ဒါကြောင့်မို့ ရတနာလို့ ခေါ်ခြင်းခေါ်ရင် မြတ်စွာဘုရားရဲ့ ဂုဏ်အရည်အချင်းတွေသာ တကယ့်ရတနာ ဖြစ်တယ်။
မြတ်စွာဘုရားရဲ့ နှစ်သက်ဖွယ် ဂုဏ်ရည်တွေဟာ အင်မတန်မှ မြတ်နိုးဖွယ်ကောင်းတဲ့ ရတနာအစစ်တွေသာ ဖြစ်တယ်။
လောကမှာရှိတဲ့ ရတနာတွေထက် အင်မတန်မှ တန်ဖိုးကြီးတယ်၊
လောကမှာရှိတဲ့ ရတနာတွေနဲ့မတူဘဲ အင်မတန်ထူးခြားတဲ့ ရတနာဆိုတာ ဘုရားရတနာပဲဖြစ်တယ်။
ဧတေနသစ္စေန ဒီမှန်တဲ့စကားကို
ဆိုလိုက်ရလို့ သတ္တဝါတွေ ချမ်းသာကြပါစေ။
သစ္စာဆိုတဲ့နေရာမှာ နံပါတ်တစ်က မှန်တာကို အရင် ပြောတယ်။
ပြောပြီးတဲ့အခါ ကိုယ်လိုချင်တဲ့ ဆန္ဒကိုထုတ်ဖေါ်၊ ဒီနှစ်ချက်ရှိတယ်။
လောကမှာ ဘာအခက်အခဲပဲ တွေ့တွေ့၊ ဘာပဲလိုချင်လိုချင် မှန်တဲ့စကားကိုဆို၊
ဆိုပြီးလို့ရှိရင် ကိုယ်လိုချင် တာတစ်ခုကို ဖေါ်ထုတ်လိုက်လို့ရှိရင်
အခြေအနေ စွမ်းရည်သတ္တိ ပြည့်လာပြီဆိုလို့ရှိရင်
အောင်မြင်နိုင်တယ်လို့ ဆိုတာကို တစ်ချို့ ပုဂ္ဂိုလ်တွေ ကိုယ်တွေ့ကို ထုတ်ဖေါ်ပြီး ပြောကြတယ်။
အဲဒီတော့ သစ္စာဆိုတာ “သစ္စာနှုတ်သီး မန္တာန်ကြီး” ဆိုတဲ့ အတိုင်း
အန္တရာယ်တွေလည်း ကင်းပျောက်နိုင်တယ်၊ ကိုယ်လိုချင် တာလည်း ရတယ်။ ဒါကြောင့်မို့လို့ သစ္စာရဲ့စွမ်းအားဟာ အင်မတန်ကြီးမားတယ်။
တခြားဟာတွေပြောရင် မှန်ချင်မှန်မယ်၊ ဘုရားဂုဏ်ကို ထုတ်ဖေါ်ပြီးတော့ ပြောလိုက်ပါ။
ဒါကြောင့်-
ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ”
ကမ္ဘာလောကကြီးမှာရှိတဲ့၊ ရှိသမျှသော ရတနာတွေ အလွန်မွန်မြတ်ပေမယ့် မြတ်စွာဘုရားဆိုတဲ့ ရတနာနဲ့တူတာတော့ တစ်ခုမှမရှိဘူး။
အဲဒီလို ရတနာတွေထက် သာလွန်တဲ့၊ နှစ်သက် ဖွယ်ကောင်းတဲ့၊ မြတ်နိုးဖွယ်ကောင်းတဲ့ အခြေအနေဟာ
မြတ်စွာ ဘုရားမှာ တွေ့နိုင်တဲ့ ထူးခြားမွန်မြတ်တဲ့ ရတနာပါပဲလို့
ဒီစကား ဟာ မှန်ကန်တဲ့စကား ဖြစ်တယ်။
“ဧတေန သစ္စေန သုဝတ္ထိ ဟောတု” ဒီ မှန်ကန်တဲ့စကား ကြောင့်
ဒုက္ခရောက်နေတဲ့ သတ္တဝါအားလုံး ချမ်းသာသုခ ရကြပါစေလို့ အဲဒီလိုသစ္စာဆိုတယ်။
အဲတော့ ဒီကနေ့ခေတ်မှာလည်းပဲ ဒါကို အသုံးချမယ် ယုံယုံကြည်ကြည်နဲ့
ဒီအတိုင်း လိုက်နာကျင့်သုံးမယ် ဆိုလို့ရှိရင် အန္တရာယ်တွေ ပျောက်ကင်းပြီးတော့ ကောင်းကျိုးချမ်းသာတွေ ရနိုင်တယ်ဆိုတာ
ဘုန်းကြီးတို့တစ်တွေ မှတ်သားကြရမှာ ဖြစ်တယ်။
ဒါ ဘုရားနဲ့ ပတ်သက်ပြီးတော့ ဒီနေရာမှာ လောကမှာရှိသမျှ ရတနာတွေထဲမှာ
ဘုရားရတနာနဲ့ တူတဲ့ ရတနာမရှိဘူး။
မြတ်စွာ ဘုရားရဲ့ ဂုဏ်ဆိုတာ အင်မတန်ကို ရတနာထိုက်ပါပေတယ်။
အမြတ်ဆုံးသော ရတနာထိုက်ပါပေတယ်။
ဤမှန်ကန်သော စကားကို ဆိုရသောကြောင့် သတ္တဝါတွေ ချမ်းသာပါစေလို့ပြောလိုရင်း ဖြစ်တယ်။
ပရိတ်ရဲ့ အစွမ်းတန်ခိုးဟာ အင်မတန်မှ ထက်ပါတယ်။
တကယ် လုပ်ရင် တကယ်ဖြစ်တယ်တဲ့။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
ရတနသုတ် အနှစ်ချုပ် တရားတော်မှ
22/03/2024
မတ်လ ၂၀ ရက်နေ့က စပြီး
နွေရောက်ပြီတဲ့
နေပူတာတော့ တော်တော်ကြာနေပြီ
နွေကံ့ကော်တွေကတော့ ခုမှပွင့်ကာစပေါ့
ချစ်ရတဲ့ကံ့ကော်လေးတွေ
မြင်ရင် စိတ်ချမ်းသာတယ်
18/03/2024
နွေအလှ
04/06/2023
ပိတောက်တွေ ဒီနှစ်သစ္စာရှိတယ်
မိုးထိမှ ပွင့်တယ်
😌Thingyun မှာမပွင့်ဘူးရယ်
အခါလွန်မှ ပွင့်တော့
အတာရဲ့အနှစ်သာရ မပြည့်စုံဘူးပေါ့
💢💢💢 အဲ့လိုဘဲ တချို့အလုပ်တွေ သူ့အချိန်နဲ့သူမလုပ်မိတဲ့အခါ
အချိန်လွန်မှနောင်တရမိတာမျိုး ရရတာမျိုး ဖြစ်တတ်တယ်
🅰️ Plan A
🅱️Plan B
ဆိုတာရှိသင့်တယ်
🤷♀️🤷♀️🤷♀️ကိုယ်တွေ့
#အချိန်မလွန်စေနဲ့
#အချိန်မကုန်စေနဲ့
17/04/2023
နှစ်သစ်မှာ ဘေးရန်ကင်းကြပါစေ
15/04/2023
ယောင်္ကျားတစ်ယောက်
အိမ်ထောင်ကျပြီးတဲ့နောက်မှာ
သူ့ရဲ့ သိက္ခာ၊ သူ့ရဲ့အောင်မြင်မှု၊ သူ့ရဲ့ ကြိုးစားအားထုတ်မှုကို မြင်ချင်ရင်
သူ့ဘေးက ဇနီးသည်ကို ကြည့်ပါ။
ဘေးက ဇနီးသည်ဟာ အပျိုဘဝကထက် အရောင်မှိန်သွားတယ်၊ ပျော်ရွှင်မနေဖူး
ပင်ပန်းနေမယ်၊
ပိုသီဖတ်သီ ပိုဖြစ်လာတယ်ဆိုတာ လင်ယောင်္ကျားက စီးပွားရှာရာမှာ၊ အိမ်ထောင့်အရေးမှာ ညံ့ဖျင်းလို့ဖြစ်တယ်။
သူများသားသမီးကို လက်ထပ်ယူတယ်ဆိုတာ သူ့မိဘက ချစ်ပေးနိုင်သလို စောင့်ရှောက်ပေးနိုင်သလို တာဝန်ယူနိုင်မှ လက်ထပ်ပါ။
လေကြီးလေကျယ်ပြောတတ်ရုံနဲ့ အိမ်ထောင်တစ်ခုက ပြည့်စုံသွားတာမဟုတ်ဖူး။
Action speaks louder than words!!
သားသမီးဘယ်နှစ်ယောက်ရရ
ကလေးဘယ်နှစ်ယောက်မွေးမွေး မိန်းမဆိုတာ အလှပြင်ချိန် ကိုယ်ပိုင်အချိန် ရှိကိုရှိရမယ်။
မိန်းမတွေဟာ မိသားစုကို တည်ဆောက်သလို ကိုယ့်ကိုယ်ကိုလည်း တည်ဆောက်ရမယ်။
ယောင်္ကျားက ဘယ်လောက်တန်ဖိုးကြီးတာတွေ ဝတ်ထားဝတ်ထား၊ ဘေးက မိန်းမက အရောင်မှိန် စုတ် ပြတ် နေရင် အလကားပါပဲ။
လူကြားထဲသွားရင် ဘယ်သူမှ ယောင်္ကျားကိုမကြည့်ဖူး၊ ဘေးက မိန်းမကိုပဲကြည့်ပြီး အကဲခတ်ကြတာ။
လင်ယောင်္ကျားတိုင်း ကိုယ့်ဇနီးသည် ကိုယ့်အိမ်ထောင်ရှင်မကို တန်ဖိုးထားချစ်ခင်ပြီး ဂုဏ်တက်အောင် နေတတ်ကြပါစေ။
ခင်ပွန်းဖြစ်သူက မိန်းမထက် ပိုသင့်တဲ့
အရာ ၃ ခု
(၁) အရွယ်
(၂) ပညာ
(၃) ငွေကြေး
ဇနီဖြစ်သူက မိမိခင်ပွန်းသည်ထက်
အပိုရှိသင့်တဲ့ အရာ ၅ ခု
(၁) သည်းခံပေးမှု
(၂) ချစ်ခင်မှု
(၃) ရေရှည် တွေးခေါ်တတ်မှု
(၄) သန့်သန့်ပြန့်ပြန်နေထိုင်မှု
(၅) အိမ်မှုကိစ္စာမှာ ကျွမ်းကျင်မှု
ဇနီမောင်နံ နှစ်ယောက်စုံလုံးမှာ
ရှိသင့်တဲ့ အရာ
(၁) တစ်ယောက်ကို တစ်ယောက်
နားလည်ပေးမှု ၊
(၂) တစ်ယောက်ကို တစ်ယောက်
လေးစားမှု ၊
(၃) တစ်ယောက်ကို တစ်ယောက်
အယုံကြည်ပေးမှု ။
ဒါတွေက အိမ်ထောင်ရေး တစ်ခု
တည်တန့်ရေးအတွက် အရေးပါတဲ့
အချက်တွေပါ ။✍-----------
Credit. #ဘဝရဲ့ခရီးသည်
15/04/2023
သင်္ကြန်မိုးလည်း
မရွာသေးဘူး
မျှော်နေပြီလေ
ရွာမယ်မလား
15/04/2023
အဆင်မပြေရင်_ဒီလို_နှလုံးသွင်းလိုက်ပါ
ဘဝမှာ ....ကိုယ်နဲ့ ပတ်သက်ရတဲ့ လူတိုင်းဟာ
သံသရာအဆက်ဆက်က ပါလာတဲ့
ရှေးရေစက်ကြောင့်ပါ ....။
တချို့က ....
ကိုယ်က ပေးဆပ်ရမယ့် ဝဋ်ကြွေးကို
ပြန်ယူဖို့အကြောင်းနဲ့ ဆုံလာကြတာ ...။
တချို့ကတော့ ....
ကိုယ့်ဆီကနေ ကြွေးသစ်ယူသွားကြတဲ့
သူတွေလဲ ရှိမှာပေါ့လေ ...။
ပြုသူအသစ်_ဖြစ်သူအဟောင်း_တဲ့
ဘာပဲဖြစ်ဖြစ်ပေါ့
အကြောင်းမကင်းလို့ ပေါင်းသင်းကြရတာ
အကြောင်းရှိလို့ ပေါင်းမိ ကြရတာပါပဲ ...။
ကိုယ်က ကောင်းပါရဲ့နဲ့ ....
ကိုယ့်ကို အနိုင်ကျင့်တာ ခံရတဲ့အခါ
စော်ကားတာကို ခံရတဲ့အခါ
ငြိုငြင်တာကို ခံရတဲ့အခါ
အထင်လွဲတာကို ခံရတဲ့အခါ
သစ္စာဖောက်တာကို ခံရတဲ့အခါ
ဒီလိုလေး နှလုံးသွင်းလိုက်ပါ ....။
ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေ ....
တစ်ခုပြီး တစ်ခု ကျေသွားတယ် လို့ပဲ
သဘောထားလိုက်ပါ ....။
ခံရတဲ့သူက_အဟောင်း_ခံရတာပါ
လုပ်တဲ့သူကသာ_အသစ်_လုပ်နေတာပါ
များများပေးဆပ်ရရင်
မြန်မြန်ကျေတာပေါ့ လို့
သဘောထားပြီး......
အခြေအနေ တချို့ကို
ကျေနပ် လက်ခံလိုက်ပါ ....။
ကိုယ့်ရဲ့ အတ္တကို
ဖြေးဖြေးလေး ဖြေလျှော့လိုက်ပြီး....
ဘယ်သူ့ကိုမှ
တင်းတင်းကြပ်ကြပ် မနှောင်ဖွဲ့တော့ဘဲ
ဖြစ်လွယ် ပျက်လွယ်တဲ့ သဘောတရားကို
နားလည် လက်ခံနိုင်ခဲ့ရင်....
အနည်းနဲ့ အများတော့
စိတ်သက်သာရာ ရလိမ့်မယ်လို့
မျှော်လင့်မိပါတယ် .....။
ပါချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံ
🙏🙏🙏 🌷⚘🌹🌺🌻🌼 🙏🙏🙏
15/04/2023
ဘေးရန်ကင်းကြပါစေ
13/04/2023
မဂ်လာဆုတောင်း
11/04/2023
အချိန်တန်ရင်တော့
🌾🌾🌾 ပန်းပိတောက်တွေ ပွင့်မှာပါ
ရောက်လာမယ့်အချိန်ကိုတော့
စိတ်ရှည်ရှည်နဲ့စောင့်ရမယ်လေ
ဟုတ်တယ်မလား🙂☺️
Click here to claim your Sponsored Listing.
Category
Website
Address
Mayangone
Yangon