Shining STAR English Channel

Shining STAR English Channel

Share

Shop with Salon Pro Education center

Photos from English စာ သင်ကြမယ်'s post 16/01/2024
07/01/2024

👁️ မျကိစိနဲ့ ပတ်သက်သမျှ ဝေါဟာရများ ။

TopTen Luxury Tips 31/03/2023

Tips For Your Life-time

Photos from Knowledge is Power-Myanmar's post 09/03/2023
12/02/2023

အနာဂတ်ကြီးကကြောက်ဖို့ကောင်းလားလို့မေးရင်
ဒီ၅ ခုမပြင်ဆင်ထားရင် ပိုကြောက်ဖို့ကောင်းတယ်

အနာဂတ်ကကြောက်ဖို့ကောင်းလားလို့လာမေးရင်...?

ကြောက်ဖို့ကောင်းတယ်။ ဘာမှမပြင်ဆင်ထားရင်ပိုကြောက်ဖို့ကောင်းတယ်။

နည်းပညာတွေထွန်းကားလာလေလေ အလုပ်အကိုင်တွေရှားပါးလာလေလေဆိုတာမှန်တယ်။ အထူးသဖြင့်ကာယလုပ်သားတွေအတွကဆိုပိုပြီး မှန်လိမ့်မယ်။

နည်းပညာနဲ့ပတ်သက်တဲ့ အလုပ်အကိုင်တွေကတော့ပိုပြီး Grow ဖြစ်လာဖို့ပဲရှိတယ်။ ဒါကြောင့် 2023 ဆိုတာထက်ည အနာဂတ်အတွက် Skill 5 ခုဆို​ပိုပြီးမှန်လိမ့််မယ်

1. Digital skill

Digital Skill ၂၁ ရာစုမှာ အရှိသင့်ဆုံး skill တစ်ခုဆိုမမှားပါဘူး။ လူငယ်တိုင်း နည်းပညာတွေအသား​ကျဖို့လိုမယ်။မဟုတ်ရင် အနာဂတ်မှာအဆင်မပြေနိုင်ဘူး။

21 lessons for the 21 century ဆိုတဲ့စာအုပ်ထဲမှာ Yuval Noah Harari ပြောခဲ့တာလေးတစ်ခုရှိတယ်။

နောင်အနာဂတ်မှာ ဆင်းရဲ့တဲ့နိုင်ငံတွေဟာ ဒီထက်အများကြီးပိုဆင်းရဲလာပါလိမ့်မယ်တဲ့။

ဘာကြောင့်လဲဆိုတော့ အောက်ခြေအလုပ်သမားတွေနေရာကိုကို နည်းပညာတွေအစားထိုးလိုက်ခြင်းကြောင့်ဖြစ်တယ်။

မြန်မာနိုင်ငံကနေ နိုင်ငံခြားကိုအလုပ်သွားလုပ်တဲ့သူတွေကို ပြန်ကြည့်မယ်ဆို အများစုက စက်ရုံအလုပ်တွေ၊ အောက်ခြေဝန်ထမ်းအလုပ်တွေပိုများတာကိုပဲ သတိထားကြည့်ပါ ​။

ကြာလာလေလေ နည်းပညာတွေနဲ့အစားထိုးခံရတော့ ဆင်းရဲတဲ့နိုင်ငံတွေဟာ နည်းပညာတွေကြောင့် ပိုမိုဆင်းရဲလာနိုင်တာပါ။

ဒါကြောင့် နည်းပညာတွေနဲ့အသားကျအောင်ပြင်ဆင်ထားပါ။ နည်းပညာနဲ့ပတ်သက်တဲ့ Skill တွေအများစုလေ့လာထားပါ သုံးတတ်အောင်လေ့ကျင့်ထားပါ။

သာမာန် Microsoft လောက်တက်ပြီး computer သင်တန်းဆင်းဆိုပြီး လိုက်အော်နေရင် ချောင်ထိုးခံရပါ
လိမ့်မယ်။

2. Descision Making Skill

ဘာလို့အသက်လည်းတူတူ ကျောင်းပြီးတာ​ချင်းလည်းအတူတူ သူကလုပ်ငန်းကြီးတစ်ခုလုံးကို ဦးဆောင်နိုင်နေတာလဲ..?

ရှင်းရှင်းလေးပါ Descision making skill အားကောင်းလို့ပေါ့ဗျာ။

သူများထက်အမြင်ကျယ်အောင် စာများများဖတ် များများလေ့လာ များများသင်ယူ ဒါမှဆုံးဖြတ်ချက်တွေခိုင်မာပြီး ပြတ်သားနေမှာ။

3. English Skill

တခြားဘာသာစကားတွေလေ့လာတာမကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။

ဒါပေမယ့် English စာလေ့လာတာမကျွမ်းကျင်သေးပဲနဲ့တော့ မလေ့လာတာပိုကောင်းပါတယ်။

( ခြွင်းချက်အနေနဲ့ တစ်ခုတော့ရှိတယ် ကိုယ်က ဂျပန်သွားဖို့ဆိုရင်တော့ ဂျပန်စာသင်ရမှာပေါ့ ။ဘာရည်ရွယ်ချက်မှမရှိဘူးဆိုရင်တော့ မသင်ပါနဲ့.... )

❗️ဘာကြောင့် english စာကိုကောင်းကောင်းကျွမ်းကျင်ထားသင့်တာလဲ..?

Google ကနေတစ်ခုခုရှာချင်တယ်ဆိုရင် တွေ့ရမယ့်ဘာသာစကားမှာ ၆၀ ရာခိုင်နှုန်းလောက်က english လိုတွေကြီးပါပဲ။( ကျ​န်တာက russia တို့ ဘာတို့ပေါ့)

❗️ ခေါင်းထဲစုပြုံထည့်တဲ့ ခေတ်မဟုတ်တော့ပါဘူး။

ဟိုးအရင်တုန်းက ပညာသင်တဲ့အချိန်ကြရင် စာအုပ်ကြီးတွေနဲ့ အများကြီးမှတ်စုတွေထုတ်ပြီးလိုလိုမလိိုလို ခေါင်းထဲအတင်းစုပြုံထည့်ရတဲ့ခေတ်ပါ။

အခုခေတ်က သိချင်တာနဲ့ချက်ချင်းသိအောင်လုပ်လို့ရနေပါပြီ။ ဒီလိုရှာဖို့ဆို English စာကောင်းမှအဆင်ပြေနိုင်မှာ။

English စာမှာကောင်းကောင်းမလေ့လာထားရင် ဘာမှအဆင်ပြေမှာမဟုတ်ပါဘူး။ အခုခေတ်က infromation

4. Research skill

မသိသူကျော်သွား သိသူဖော်စား ဆိုတဲ့စကားက ဒီနေ့ခေတ်မှာပိုပြီးတော့ မှန်လာပါပြီ။

ယနေ့ခေတ်ဟာ ကျွန်တော်တို့အဖေအမေတွေ လက်ထက်တုန်းကလိုမျိုး သတင်းအချက်လက်တွေ ရှားတဲ့ခေတ်မဟုတ်တော့ပါဘူး။

သီတင်းအချက်အခက် အလွန်အမင်းဖောင်းပွတဲ့ခေတ်ပါ။ ဟိုးအရင်တုန်းကစာအုပ်လေးတစ်အုပ်ဖတ်ရရင် ပျော်လွန်းလို့မပြီးတော့ဘူး။ ရှားပါးလို့ပေါ့ဗျာ...

အခုခေတ်များ ခလုတ်လေးတစ်ချက်နှိပ်လိုက်တာနဲ့ ရာထောင်နဲ့ချီတဲ့ information တွေကျလာမှာ ဒီလိုကျလာတဲ့ information တွေထဲကမှ ကိုယ်နဲ့အသင့်တော်ဆုံးကို ရွေးချယ်အသုံးချရမှာ ဖြစ်တယ်။

Research skill သာအားကောင်းတယ်ဆိုရင် သိန်းနဲ့ချီတန်ပြီး တန်ဖို့ဖြတ်မရတဲ့ပညာတွေရပါလိမ့်မယ်။

(မြန်မာနိုင်ငံမှာ အခုချိန်ထိ Google ကိုကောင်းကောင်းမသုံးတတ်တတ်သူတွေအများကြီး​ရှိသေးတယ်ဗျ။)

5.Coding Skill

Coading တို့ programming တို့ Nyan Htet တို့လည်းကြားဖူးကြပါလိမ့်မယ်။

ဒီအလုပ်အကိုင်တွေဟာအနာဂတ်မှာ အရမ်းကိုအရေးပါလာမယ့် Career တွေပါ။ ကျွန်တော်ကိုယ်တိုင်လည်းအခုချိန်မှာ မရေရာမသေချာတဲ့ ဘွဲ့တွေအစား Java programming အပိုင်းတွေကိုစပြီးလေ့လာဖြစ်နေပါတယ်။

( ကျွန်တော်ကိုယ်တိုင်​လည်းအခုမှစနေတာမလို့ သေချာမပြောပြနိုင်သေးပေမယ့်- အနာဂတ်မှာအရမ်းကိုအလုပ်အကိုင်အခွင့်အလမ်းတွေအရမ်းများလာနိုင်ပါတယ်။)

ဘာပဲလုပ်လုပ် အနာဂတ်အတွက်ကြို​တင်စဥ်းစားပါ
အမြဲလေ့လာသင်ယူနေပါ Nyan Htet တို့ရေ.......

Nyan Htet
တိမ်မြုပ်နေတဲ့ ဦးနှောက်စွမ်းပကားကို လှုပ်နှိုးလိုက်ပါ။

12/02/2023

နာရီ ၂၀ အတွင်းစာလေ့လာနည်း လျှို့၀ှက်ချက်

တစ်ခုခုကိုလေ့လာဖိုစဥ်းစားတိုင်း အရင်ဆုံး ပြောနေကြ ဆင်​ခြေစကားတစ်ခုရှိတယ်..

ငါကအသက်ကြီးနေပါပြီလေ ​လေ့လာလည်း ဘာမှထူးမှာမဟုတ်တော့ပါဘူးလေ......

ဘဝဆိုတာ " Life Long Learning " ပါဘယ်တော့မှာ ရပ်ပစ်လို့မရပါဘူး။ ရပ်လိုက်ရင် ကျွန်တော်တို့အသိဉာဏ်ဖွံ့ဖြိုးမှုကလည်း ရပ်လိုက်​တဲ့နေရာမှာပဲ ရှိနေလိမ့်မယ်။

ဆယ်စုနှစ် နှစ်ခုအတွင်းမှာ စင်္ကာပူဆိုတဲ့ ကျွန်းလေးသေးသေးလေးကနေ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် နိုင်ငံဖြစ်အောင် ပြုစုပျိုးထောင်ခဲ့တဲ့ လီကွမ်ယု ဟာ သူ မသေဆုံးခင်အချိန်ထိ တိုင်အောင် တရုတ်စာကို လေ့လာသင်ယူနေဆဲဖြစ်တယ်.....

ဘဝမှာ အသက်ရှင်နေသမျှကာလပတ်လုံး တစ်ခုမဟုတ်တစ်ခု နေ့စဥ် လေ့လာသင်ယူနေရမှာ ဖြစ်တယ်။

ဒါ​ကြောင့် လေ့လာသင်ယူ ခြင်းဆိုတဲ့အရာကို နာရီ ၂၀ အတွင်း အထိရောက်ဆုံး ဘယ်လိုလေ့လာမလဲဆိုတဲ့ နည်းလမ်း ၁၀ချက်ကို မျှဝေသွာပါမယ်...

1. ကိုယ်လေ့လာလိုတဲ့ Skill တစ်ခုကို သေချာရွေးချယ်ပါ။

တိုးတက်လိုသူတိုင်းမှာ ကြီးကြီးမားမား ဖြစ်နေတဲ့ပြဿနာတစ်ခုဆို လောဘကြီးတာပါ။ အရမ်းကိုအောင်မြင်တိုးတက်ချင်တဲ့ ​​လောဘ.....

အမြဲတမ်း ဟိုဆက်စပ်ဒီဆက်စပ်လိုက်လေ့လာတယ်။ အဲ့တော့ဘာအရာကိုမှ မကျွမ်းကျင်တော့ပဲနဲ့ ဟိုနည်းနည်းသိ ဒီနည်းနည်းသိဖြစ်နေကြတာ။

ဒီ 20 Hours rules နည်းလမ်းလေးကိုအသုံးချတော့မယ်ဆိုရင် အရေးကြီးဆုံးက ဟိုဆက်စပ်စပ် ဒီဆက်စပ်စပ် လေ့လာလို့မရဘူး။

Action plan - ပထမဦးဆုံးအနေနဲ့ နာရီ ၂၀ အတွင်း တစ်ခုဆိုပဲလေ့လာလို့ရမှာ ဖြစ်တယ်။ ဒါကြောင့် ပထမဦးဆုံးအနေနဲ့ ကိုယ်လေ့လာလိုတဲ့ Skill တစ်ခုကို ရွေးပါ။

2. တစ်ခုပဲ​အာရုံစိုက်ပါ ။

ကိုယ်ရွေးချယ်ထားတဲ့ Skill တစ်ခုကိုလေ့လာနေရင်းနဲ့ တခြားဘာကိုမှလေ့လာလို့မရပါဘူး။

3. Goal သတ်မှတ်ပါ။

ဘဝမှာ လမ်းမပျောက်ချင်ရင် ပန်းတိုင်ရှိရမယ်။ ပန်းတိုင်မရှိသရွေ့တော့ လမ်းပျောက်နေအုံးမှာပဲ....

ကိုယ်က English လို ကောင်းကောင်းကျွမ်းကျင်ပြောတတ် ချင်တယ်။ ဒါဆို ကိုယ့်ရဲ့ Goal က နာရီ ၂၀ကျော်တာနဲ့ အထစ်အငေါ့မရှိ ပြောနိုင်ရမယ်။

4.အပိုင်းသေးသေးလေးတွေ ခွဲထားလိုက်ပါ။

နောက်တစ်ဆင့်က ပိုပြီး လုပ်ချင်စိတ်ရှိလာအောင် အပိုင်းသေးသေးလေးတွေခွဲပါ။

ဥပမာ ပထမဆုံး ၁၀ နာရီကို တစ်ရက်ကို ၁နာရီလောက် အချိန်ပေးပြီး input ရှိအောင် လုံးဝ listening သီးသန့်နားထောင်ပြီးမှ နောက်ထပ် ၁၀နာရီ ကို Speaking လေ့ကျင့်မယ်ဆိုပြီး ပေါ့။

*ဒီထပ်အသေးစိတ်ရေးနိုင်လေကောင်းလေပဲ...

5. လိုအပ်တာလေးတွေ ကြိုတင်​ပြင်ဆင်ပါ။

ကိုယ်လေ့လာလိုတဲ့ skill နဲ့ဆိုင်တာမျိုးတွေ ကြိုပြီးစဥ်းစားပါ။

Guiter တီးသင်ချင်တယ်ဆိုရင်တော့ Guiter ရှိမှရမှာမျိုးပေါ့။

6. အနှောင့်အယှက်များကို ကြိုတင်ရှောင်ရှားပါ။

ဒီအချက်အရမ်းကိုအရေးကြီးပါတယ်။ အပေါ်မှာလည်းပြောခဲ့တယ် အပြည့်အဝအာရုံစိုက်ပါ။ ဒီနာရီ ၂၀အတွင်းကိုယ့်ရဲ့ အာရုံစိုက်နိုင်မှုကို ဖျက်စီးနိုင်မယ့်အရာတွေ ရှိရင်ကြိုတင်ရှောင်ရှားပါ။

Online ကနေ လေ့လာမယ့်သူတွေအတွက် အကြီးဆုံးရန်သူက Notification တွေပါ.......

7.လေ့လာအချိန် တိတိကျကျသတ်မှတ်ပါ။

မနက် ၇နာရီမှာ လေ့လာရမယ်ဆို ဒီအချိန်ရောက်တာနဲ့ လုံးဝမဖြစ်မနေလုပ်ဖို့လိုအပ်ပါတယ်။ ဒီအချိန်မှာ ကိုယ့်ကိုနှောက်ယှက်နိုင်သမျှအရာတွေကြိုတင်ချရေးပါ။
(ရှောင်ပါ..လုံးဝရှောင်ပါ...)

8.ကိုယ့်ကိုကို အမြဲပြန်သုံးသပ်ပါ။

ကိုယ်က english speaking လေ့လာနေတယ်။ ကိုယ်အခြေနေကောင်း​လားမကောင်းလား ပြန်သုံးသပ်ကြည့်ပါ ပြောကြည့်ပါ။

ဘယ် Skill မဆိုပြန်သုံးသပ်ကြည့်လို့ရပါတယ်။

9.အချိန်အပိုင်းအခြားခွဲပြီးလေ့လာပါ။

ကျွန်တော်တို့ လူသားတွေရဲ့ အာရုံစူးစိုက်နိုင်စွမ်းက မိနစ် ၂၀ ဝန်းကျင်ပဲ ရှိပါတယ်။

ဒါကြောင့်ကိုက အပြည့်အဝအာရုံစိုက်ချင်ရင် ၂၅ မိနစ်
ပြည့်တိုင်း ၅မိနစ် နားတာမျိုးလုပ်ပါ။

10. မြန်မြန်နဲ့ များများလေ့လာပါ။

ကိုယ်က ဒီ နာရီ ၂၀အတွင်းမှာ beginner ဖြစ်တဲ့အတွက် အရမ်းကြီး perfect ဖြစ်စရာမလိုပါဘူး။

perfect လို့တွေးလိုက်တာနဲ့ လုပ်ချင်စိတ် ဟိုးအောက်ဆုံးကျသွားလိမ့်မယ်။ နေ့စဥ်တိုးတက်မှုရှိအောင်ပဲ ကြိုးစားပါ။

အပြောင်းလဲတွေဖြစ်ဖို့ နာရီ 20 ပဲလိုပါတယ် Nyan Htet တို့ရေ
Nyan Htet
တိမ်မြုပ်နေတဲ့ ဦးနှောက်စွမ်းပကားကို လှုပ်နှိုးလိုက်ပါ။

Photos from Kids World's post 08/02/2023
Want your business to be the top-listed Beauty Salon in Bago?
Click here to claim your Sponsored Listing.

Website

Address


Bago

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00