Healthy Products by NK
သင့်ကျန်းမာရေးအတွက်
05/01/2025
အဆီစုပ်ထုတ်ကုသခြင်း (Liposuction) မှာ ဖြစ်တတ်တဲ့ ပြဿနာများ
်ပြသည်။
#အဆီစုပ်ထုတ်ကုသခြင်း Liposuction က အရေပြားအောက်က ပိုနေတဲ့ အဆီတွေကို ဖယ်ရှားဖို့အတွက် ပြုလုပ်တဲ့ အလှအပဆိုင်ရာ ကုထုံးတစ်ခုဖြစ်ပါတယ်။
ဘယ်လို ကုသမှုမဆို အန္တရာယ် အနည်းနဲ့ အများရှိတာမို့ အဆီစုပ်ထုတ်ကုသခြင်းမှာလည်း ဖြစ်နိုင်တဲ့ အန္တရာယ်တွေရှိပါတယ်။ သုတေသနတွေရဲ့ အဆိုအရ အဆီစုပ်ထုတ်ကုသခြင်းမှာ ဘေးထွက် အန္တရာယ် ၅ ရာခိုင်နှုန်းလောက်ဖြစ်တတ်ပြီး သေလောက်တဲ့ အန္တရာယ်ကတော့ ၅၀၀၀ မှာ ၁ ယောက်လောက်ထိ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
အဖြစ်များတဲ့ အန္တရာယ်တွေကတော့
👉ပြုလုပ်တဲ့ နေရာတွင် ရောင်ရမ်းနှင့် သွေးခြေဥခြင်း
👉နာကျင်မှုခံစားရခြင်း
👉ပြုလုပ်သည့်နေရာတွင် ထုံကျင်ခြင်း
👉အရေပြားအသွင်ပုံစံ မမှန်ခြင်း
အဖြစ်နည်းတဲ့ အန္တရာယ်တွေထဲမှာတော့
👉အဆီခဲ သွေးကြောထဲရောက်ရာမှတဆင့် အဆုတ်တွင် ပိတ်တတ်ခြင်း (အဖြစ်နည်းသော အန္တရာယ် တစ်ခုဖြစ်သော်လည်း အသက်အန္တရာယ်ထိရှိနိုင်ပါတယ်။)
👉အာရုံကြောများ၊ သွေးကြောများ၊ ကြွက်သားများ၊ အဆုတ်၊ နှလုံး၊ ကျောက်ကပ်ကဲ့သို့သော အင်္ဂါအစိတ်အပိုင်းများ ပျက်စီးခြင်း
👉ထုံဆေး မေ့ဆေး၏ နောက်ဆက်တွဲ ပြဿနာများဖြစ်ခြင်း
👉ပိုးဝင်ခြင်းနှင့် အနာသေချာမကျက်ခြင်း
စသည်တို့ ဖြစ်တတ်ပါတယ်။
အဲ့ဒါကြောင့် အဆီစုပ်ထုတ်ကုသခြင်းကို လုပ်ဆောင်ရန်သင့်မသင့် စနစ်တကျ တိုင်ပင်ဆွေးနွေးပြီးမှ ပြုလုပ်သင့်ပြီး ပြုလုပ်ရာမှာလည်း ကျွမ်းကျင်တဲ့ ဆရာဝန်၊ ပစ္စည်းကိရိယာပြည့်စုံတဲ့ ဆေးခန်းဆေးရုံတို့မှာသာ ပြုလုပ်သင့်ကြောင်း တင်ပြလိုက်ရပါတယ်။
သဘာဝကျကျ ပိန်ချင်တယ်ဆို တန်တန်လေးဝယ် မှာ NK #ဝိတ်ချပန်းကန် ရှိနေပါတယ်နော်။
#အဆီစုပ်ထုတ်ကုသခြင်း
03/01/2025
ယူရစ်အက်ဆစ် (Uric acid) ဓာတ်များခြင်းသည် ဂေါက်အဆစ်နာရောဂါ၊ ကျောက်ကပ်ကျောက်တည်ခြင်းနှင့် ကျောက်ကပ်ထိခိုက်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။
Uric acid များသူများအနေဖြင့် လျှော့စားသင့်သည့် အစားအစာများနှင့် စားသင့်သည့် အစားအစာ များကို တင်ပြလိုက်ပါသည်။
လျှော့စားသင့်သည့် အစားအစာများ
ကလီစာများ
ဝက်သား ဆိတ်သား အမဲသားကဲ့သို့သော အနီရောင် အသားများ
ငါးသလောက်၊ ငါးသေတ္တာငါး၊ ယောက်သွား၊ ခုံး၊ ဆာဒင်း၊ တူနာငါးတို့လို ပင်လယ်စာတချို့ (သို့သော် အဆိုပါ ဆာဒင်း တူနာကဲ့သို့သော ငါးများသည် ကျန်းမာရေးအတွက် ကောင်းကျိုးများရှိသောကြောင့် အသင့်အတင့်တော့ စားသုံးနိုင်ပါသည်။)
အရက်ဘီယာ
ပဲပင်ပေါက်၊ မျှစ် တို့လို မြေပေါ် မြေအောက် ၆ လက်မအတွင်းက အစားအစာတွေ (သူတို့ကလည်း အာဟာရအတွက် အကျိုးရှိလို့ ဂေါက်အဆစ်နာ ထနေချိန်ကလွှဲလို့ အမြဲတော့ ရှောင်စရာ မလိုဘူးလို့ ဆိုကြပါသည်။)
အချိုများသော အချိုရည်နှင့် အစားအစာများ
အဆီများသော အစားအစာများ
ပိုစားသင့်သည့် အစားအစာများ
ရေများများသောက်ပါ။
ပန်းသီး၊ ချယ်ရီသီးနှင့် စတော်ဘယ်ရီ Blueberry ကဲ့သို့သော ဘယ်ရီသီးများ
အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်များ
အဆီနည်းတဲ့ အသားများ
အဆီထုတ်ထားတဲ့ နွားနို့နဲ့ နို့ထွက်ပစ္စည်များ
ဗီတာမင်စီ
ကော်ဖီ
အဆိုပါ အစားအစာများဆင်ခြင်မှုအပြင် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းသည်လည်း uric acid ကိုကျစေပါသည်။
ေးသားသည်
30/12/2024
နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချရန်အတွက် ဘာတွေစားရမလဲ ဘာတွေရှောင်ရမလဲကို သေချာသိလိုသူများအတွက်
များများစားရမည့် အစားအစာများ
သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များ၊ ပဲပင်များ
ပင်လယ်စာ သို့မဟုတ် အဆီနည်းသော ကြက်သားကဲ့သို့ အသားများ
ဆက်လက်ဖတ်ရှုရန်
https://nkhealthmm.com/heart-diseases-food-to-eat-and-to-avoid/
ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
#နှလုံး
#နှလုံးနှင့်အစားအစာ
28/12/2024
သွေးတိုးရှိတယ်။ ဘာတွေ စားရမလဲ။ ဘာတွေ ရှောင်ရမလဲ သိချင်သူများအတွက် ဒီ ဆောင်းပါးလေးကို သေချာ မှတ်ထားစေချင်ပါတယ်။
သွေးတိုးသမားအတွက် စားသင့်သော အစားအစာများ
Citrus fruits များ - လိမ္မော်သီး၊ ကျွဲကော်သီး၊ သံပုရာသီး၊ ရှောက်သီး စတဲ့ အချဉ်ဓာတ်ပါတဲ့ အစားအစာများ
ဆဲလ်မွန်နှင့် တခြား ပင်လယ်ငါးများ - အဲ့ငါးတွေမှာက Omega 3 fatty acids ပါဝင်ပြီး သွေးပေါင်ကို ထိန်းဖို့ကူညီပေးပါတယ်။
အစိမ်းရောင် ဟင်းရွက်များ - မုန်ညင်းရွက်၊ ဟင်းနုနွယ်ရွက်လိုမျိုး အစိမ်းရောင် အရွက်များ
အစေ့အဆန်များ - ဖရုံစေ့လိုမျိုး အစေ့ အဆန်များ
ပဲအမျိုးမျိုး
ဘယ်ရီသီးများ - စတော်ဘယ်ရီ Blueberries လိုမျိုး ဘယ်ရီသီးများ
ဆက်လက်ဖတ်ရှုရန်
https://nkhealthmm.com/hypertension-foods-to-eat-and-to-avoid/
ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
#သွေးတိုး
29/10/2024
နေ့စဉ် ပုံမှန် ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်လို့ရမယ့် ဝိတ်ကျစေမယ့် နည်းလမ်းလေးတွေကို ဆရာတို့ရဲ့ Ziwakacare Doctors YouTube channel လေးမှာ ကြည့်လို့ရနေပါပြီ။
https://youtu.be/pI9amOp8tVQ?feature=shared
စာသား အပြာလေးပေါ်နှိပ်ပြီး ကြည့်လို့ရပါတယ်။
Youtube မှာ cc ဆိုတာလေးကိုနှိပ်ရင် ဘာသာပြန်စာသားလေးပါ လာပါမယ်။
(တကယ်လို့ VPN ကြောင့် Log in ဝင်ခိုင်းနေရင် Open in Browser or open in YouTube ကို နှိပ်ပြီး ကြည့်ပေးကြပါနော်။)
#ဝိတ်ချ
04/12/2023
တစ်ပတ်ကို ၁ ပေါင်ကနေ ၄ ပေါင်နှုန်းထိ ကျစေနိုင်မယ့် အစီအစဉ်
ဒီ NK ဝိတ်လျှော့ပန်းကန်လိုမျိုး diet plate တွေနဲ့သာ သေချာစားမယ်ဆိုရင် တစ်ပတ်ကို အဲ့လောက်ထိကျနိုင်တယ်လို့ နိုင်ငံတကာမှာ ဆိုထားပါတယ်။ အထူးသဖြင့် ကိုယ်တွေ နိုင်ငံလို ထမင်းအစားများတဲ့ နိုင်ငံတွေမှာ ဒီလိုမျိုး အကျင့်ကို ပြောင်းလဲပေးခြင်းအားဖြင့် ကျန်းမာရေးနဲ့လည်း ပိုမိုညီညွတ်တဲ့ စားသောက်မှုပုံစံဖြစ်မှာပါ။
ထမင်းများများစားမိလေ့ရှိတဲ့ နေ့လည်စာနဲ့ ညစာ ထမင်းစားတဲ့အခါမှာ ဒီလိုမျိုးပန်းကန်လေးနဲ့ သေချာစားမယ်ဆိုရင် ထမင်းအစားနည်းသွားပြီး ဟင်းသီးဟင်းရွက်ဘက်ကို ပိုစားမိနိုင်မှာဖြစ်လို့ ဗိုက်လည်း ပြည့်သင့်သလောက် ပြည့်စေမှာပါ။
ဒီပန်းကန်လေးနဲ့မှ မဟုတ်ဘဲ ကိုယ့်ဘာသာ အိမ်မှာ ထမင်းပန်းကန်ပြားနဲ့ အခုပြထားတဲ့ အချိုးအစားအတိုင်း စားလည်းရပါတယ်။ ဒါပေမယ့် NK ဝိတ်ချပန်းကန်မှာက သေချာလေး Portion လေးတွေ ခွဲပေးထားတဲ့အတွက် ပိုစားမိချင်တဲ့ စိတ်ကို ထိန်းချုပ်ဖို့ပါ အကူအညီပေးမှာပါပဲ။ တစ်ခုတော့ရှိတာပေါ့နော်။ တစ်နပ်ကို တစ်ခါပဲ ထည့်စားရမှာဖြစ်ပြီး ထပ်ထပ်ထည့်စားမနေဖို့တော့လိုပါမယ်။
နေ့လည်စာရော ညစာပါ ၂ နပ်လုံးပြောင်းစားနိုင်ရင် ပိုကောင်းမှာဖြစ်ပြီး အခုမှ အကျင့်စလုပ်ချင်သူတွေအတွက် ညစာ တစ်နပ်လောက်ကို စစားကြည့်ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်နော်။
သီးသန့် အထူးစီစဉ်ပြီး ချက်ပြုတ်နေစရာမလိုဘဲ ကိုယ်နေ့စဉ် စားနေကျ အစားအစာတွေကိုမှ အချိုးအစား မှန်အောင် စားတဲ့ အကျင့်ကို ရစေမှာမို့ အခုပဲ စစားကြည့်ကြဖို့ဖိတ်ခေါ်ပါရစေနော်။
အဲ့ ပန်းကန်လေးကိုGP Supplier by M-Doctorနဲ့ တန်တန်လေးဝယ် Page တို့ မှာ မှာယူလို့ရနေပါပြီနော်။
အပြင်မှာ တိုက်ရိုက်ဝယ်ယူလိုသူများအတွက်
👉Eleven Royal Health Care and Diagnostic Center
အမှတ် ၄၀, မင်းနန္ဒာလမ်း, ဒေါပုံ
👉ရွှေညောင်ပင် အထူးကု ဆေးခန်း
တာမွေ အဝိုင်းထိပ်
👉လင်းလက်ကြယ် ဆေးဆိုင်
၈၉ အရိုးကုန်းလမ်း တာမွေ
(ဖုန်း နံပါတ် 09778440674 ကို ဆက်သွယ် မှာယူမယ်ဆိုရင် လည်းအိမ်အရောက်ပို့ စနစ်ရှိပါတယ်)
👉သရဖူဆေးဆိုင်
၅၇၇, ၃၁ ရပ်ကွက်, ဆရာစံလမ်းနှင့် ဇေယျာသီရိ (၅)လမ်းထောင့် (Dagon Medicare Hospital မျက်စောင်းထိုး) မြောက်ဒဂုံ
👉Mingalar Moe Specialist Clinic and Rehabiliation Center
၃၅၃, သုဓမ္မာလမ်း, မြောက်ဥက္ကလာပ
👉Dr. Bones အရိုးအကြောအဆစ် ထိခိုက်ဒဏ်ရာ အထူးကုဆေးခန်း
၃၂၇, တပင်ရွှေထီးလမ်း, သမိုင်း ၁ ရပ်ကွက်, မရမ်းကုန်း
စတဲ့ ဆေးခန်း ဆေးဆိုင်တွေမှာ ဝယ်ယူလို့ရနေပါပြီနော်။
နောက်ထပ် ဝယ်ယူလို့ ရတဲ့ နေရာတွေလည်း ထပ်တိုးလာဦးမှာမို့ Page Messenger မှာဖြစ်ဖြစ် အောက်က Viber number လေးမှာဖြစ်ဖြစ်လည်း စုံစမ်းလို့ရပါတယ်နော်။
ပြန်လည်ရောင်းချလိုတဲ့ ကိုယ်စားလှယ်ဆိုင်တွေအနေနဲ့ အထူးအခွင့်အရေးတွေ ရှိနေမှာမို့ Healthy Products by NK page messenger မှာ စုံစမ်းမေးမြန်းလို့ရပါတယ်။
အများသိစေရန် Share ပေးခြင်းဖြင့်လည်း ကူညီပေးကြပါဦးနော်။
#ဝိတ်လျှော့ပန်းကန်
02/11/2023
ထမင်း၊ ဂျုံ၊ အာလူး၊ ပြောင်း စတဲ့ ကစီဓာတ်တွေကို လျှော့စားခြင်းဟာ ဝိတ်ကိုကျစေတယ်။ ဆီးချိိုမဖြစ်အောင် ကာကွယ်ပေးတယ်၊ ဆီးချိုရှိသူတွေမှာလည်း ဆီးချိုကို ပိုထိန်းနိုင်စေတယ်။ ကျန်းမာရေးနဲ့ ပိုမိုညီညွတ််စေပြီး အားကစား လုပ်ရှားသူတွေမှာလည်း စွမ်းဆောင်ရည်ကို ပိုမို မြင့်တင်နိုင်တယ်လို့ ဆိုပါတယ်။
အဲ့လိုမျိုး ကစီဓာတ်ကို ရေရှည် ထိန်းစားနိုင်ဖို့နဲ့ အကုန်အကျနည်းနည်းနဲ့ စားနိုင်ဖို့က diet plate လေးတွေနဲ့ စားဖို့ပါပဲ။
အဲ့လို Diet plate လေးတွေကို အရင်က Amazon လို website တွေမှာပဲ မြင််ဖူးနေတာကနေ အခု မြန်မာပြည်ကို NK ဝိတ်လျှော့ပန်းကန် အနေနဲ့ ရောက်ရှိလာနေပါပြီ။
အဲ့ဒီ ပန်းကန်လေးတွေကို လက်ကားမှာယူချင်တယ်ဆိုရင် အခု Page Messenger မှာစုံစမ်းနိုင်ပြီး လက်လီ ဝယ်ယူချင်တယ်ဆိုရင်
တန်တန်လေးဝယ်
နဲ့
GP Supplier by M-Doctor
Page တွေမှာ ရရှိနိုင်ပါပြီနော်။
တခြား အပြင်မှာ သွားဝယ်လို့ရတဲ့ နေရာလေးတွေလည်း Comment မှာ ဖော်ပြထားပါတယ်နော်။
#ဝိတ်လျှော့ပန်းကန်
30/10/2023
ဟာ
27/10/2023
Page messengers error လား အသက်မပြည့်ရင် page က စျေးရောင်းမရတဲ့ policy ကြောင့်လားမသိ။ ပြန်ဖြေမရလို့ပါ။
မေးထားသူ အရေးကြီးရင် လုပ်ဖို့ပါ။
Customer တချို့ကို စာပြန်လို့ မရ ဖြစ်နေပြန်ပါတယ်။
Product နဲ့ ပတ်သက်ပြီးမေးလိုပါက Viber တွင် မေးပေးကြပါ
19/10/2023
Healthy Products by NK နှင့် Collaboration လုပ်ထားသော Products များတွင် ပါဝင်မယ့် ကူပွန်ကုဒ် အသုံးပြုနည်း
ပစ္စည်းပေါ် သို့မဟုတ် ဘူးပေါ်တွင်ပါဝင်သော ကူပွန်ကုဒ်ကို ဓာတ်ပုံရိုက်ပြီး Viber နံပါတ် သို့ message ပို့ရမှာဖြစ်ပါတယ်။
အထူးကု သမားတော်နှင့် ကျန်းမာရေး အမေးအဖြေ အစီအစဉ်သို့ ဝင်ရောက်ရန် ဆက်လက် စီစဉ်ပေးမှာဖြစ်ပါတယ်။
ချိက်ဆက်ထားသော Products များကို ဝယ်ယူသူတိုင်း ကျန်းမာရေး ပညာပေးများ နှင့် ဗဟုသုတ အမေးအဖြေများ ပြုလုပ်ဖို့ အခွင့်အရေး ရရှိနိုင်မှာမို့ ကုဒ်ပါသော ပစ္စည်း ဝယ်ယူထားသူတိုင်း ကုဒ်နဲ့ Viber တွင် စာရင်းပေးသွင်းကြဖို့ ဖိတ်ခေါ်ပါတယ်။
Collaboration လုပ်လိုသော လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ပါတယ်။
#ကူပွန်
19/10/2023
စိတ်ထဲကတွေးရင်တောင် သိနေသလားပဲ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |