My Medi
Providing health knowledge, health tips and quality health products.... Health & Beauty
19/12/2021
ကာကာတို့အတွက် နှစ်ကုန် 🛎️DECEMBER PROMOTION🛎️ ကြီးလာပါပြီ 📣
အရေအတွက်အနည်းငယ်ကိုသာ အထူးလျှော့ဈေးနဲ့ရောင်းချ ပေးမှာဆိုတော့ မြန်မြန် ဝယ်မှ စိတ်ချရမယ်နော် 😱🥳
-------------------------------------------------------------------------
အသားခြောက်လို့စိတ်ညစ်နေပါသလား?😣😣
Simple Water Boost Micellar Facial Gel Wash ကတော့ မျက်နှာပေါ်ကအညစ်အကြေးတွေကိုဖယ်ရှားပေးပြီး ရေဓာတ်ဖြည့်တင်းပေးသောကြောင့် အသားခြောက်သူတွေအထူးသင့်လျှော်ပါသည်။ 💧💧
Simple မျက်နှာသစ်/Scrub များကို သဘာ၀ပစ္စည်းများမှ ထုတ်လုပ်ထားပြီး အနံ့၊ အရောင်ဆိုးဆေး၊ အရက်ပြန် နှင့် အခြားဓာတုဗေဒပစ္စည်းများ လုံး၀မပါ၀င်သောကြောင့် ဘေးထွက်ဆိုးကျိုး လုံး၀မရှိပါ။ နုညံ့တဲ့အသားအရည် (Sensitive Skin) အတွက်အထူးသင့်လျှော်ပါသည်။ 🥰🥰
Simple Brand က UK No. 1 အဖြစ်အသိအမှတ်ပြုခံထားရပြီး အရေပြားဆရာ၀န်များ၏ထောက်ခံချက်ရရှိထားသော Brand ဖြစ်ပါသည်။ ✌️✌️
Made in Poland (Europe)
ပစ္စည်းစစ်ကြောင်း အာမခံပါသည်။📌📌📌
Simple Official Website (UK): https://www.simple.co.uk/
--------------------------------------------------------------------------
မျက်နှာပေါ်က ၀က်ခြံတွေကြောင့်စိတ်ညစ်နေပါသလား?🧟♀️🧟♀️
Simple ရဲ့ Skin Detox Purifying Face Wash ကကူညီပေးနိုင်ပါတယ်။ သူဟာ အသားအရည်ပေါ်က အဆီ၊ အဆိပ်အတောင့် နှင့် ဆား၀က်ခြံကိုဖယ်ရှားပေးပြီး အသားအရည်ကို ကြည်လင်လန်းဆန်းစေပါသည်။ 💁🏻♀️
Simple မျက်နှာသစ်/Scrub များကို သဘာ၀ပစ္စည်းများမှ ထုတ်လုပ်ထားပြီး အနံ့၊ အရောင်ဆိုးဆေး၊ အရက်ပြန် နှင့် အခြားဓာတုဗေဒပစ္စည်းများ လုံး၀မပါ၀င်သောကြောင့် ဘေးထွက်ဆိုးကျိုး လုံး၀မရှိပါ။ နုညံ့တဲ့အသားအရည် (Sensitive Skin) အတွက်အထူးသင့်လျှော်ပါသည်။ 🥰🥰
Simple Brand က UK No. 1 အဖြစ်အသိအမှတ်ပြုခံထားရပြီး အရေပြားဆရာ၀န်များ၏ထောက်ခံချက်ရရှိထားသော Brand ဖြစ်ပါသည်။ ✌️✌️
Made in Poland (Europe)
ပစ္စည်းစစ်ကြောင်း အာမခံပါသည်။📌📌📌
Simple Official Website (UK): https://www.simple.co.uk/
--------------------------------------------------------------------------
နေ့စဉ်မျက်နှာသစ်ရုံ နဲ့လုံလောက်ပြီးလား?😳😳
တကယ်တော့ နေ့စဉ်မျက်နှာသစ်ခြင်းဟာမျက်နှာပေါ်ကအဆီနှင့်အညစ်အကြေးများကိုဖယ်ရှာပေးသော်လည်း မျက်နှာပေါ်က ဆဲလ်အသေ (Dead Cells) တွေကိုတော့မဖယ်ရှားပေးနိုင်ပါဘူး။ ဒါကြောင့် တပတ် တကြိမ်(သို့) နှစ်ကြိမ်လောက် Scrub လုပ်ပေးရုံနဲ့ မျက်နှာပေါ်က ဆဲလ်အသေတွင်မကပဲ ၀က်ခြံနှင့်တင်းတိတ်တွေကိုပါဖယ်ရှာပေးပြီး အသားအရည်ကို ပိုမိုချောမွေ့တောက်ပြောင်စေပါတယ်။🤩🤩
ဒီ Simple Facial Scrub ဟာ အာဟာရပြည့်၀တဲ့ ဆန်စေ့များမှထုတ်လုပ်ထားပြီး Vitamin E နှင့် Vitamin B5 ပါ၀င်သောကြောင့်အသားအရည်ကို အားဖြည့်ပြီး ပိုမိုဖြူစင်၀င်းပ စေပါသည်။ 💁🏻♀️💁🏻♀️
Simple မျက်နှာသစ်/Scrub များကို သဘာ၀ပစ္စည်းများမှ ထုတ်လုပ်ထားပြီး အနံ့၊ အရောင်ဆိုးဆေး၊ အရက်ပြန် နှင့် အခြားဓာတုဗေဒပစ္စည်းများ လုံး၀မပါ၀င်သောကြောင့် ဘေးထွက်ဆိုးကျိုး လုံး၀မရှိပါ။ နုညံ့တဲ့အသားအရည် (Sensitive Skin) အတွက်အထူးသင့်လျှော်ပါသည်။ 🥰🥰
Simple Brand က UK No. 1 အဖြစ်အသိအမှတ်ပြုခံထားရပြီး အရေပြားဆရာ၀န်များ၏ထောက်ခံချက်ရရှိထားသော Brand ဖြစ်ပါသည်။ ✌️✌️
Made in Poland (Europe)
ပစ္စည်းစစ်ကြောင်း အာမခံပါသည်။📌📌📌
Simple Official Website (UK): https://www.simple.co.uk/
-------------------------------------------------------------------------
Sun Cream (Korea Made)
ကိုရီးယား မင်းသမီးလေးလိုလှပဖို့ 3W Clinic Sunblock Cream 💁🏻♀️💁🏻♀️
3W Sunblock ကအသားအရည် နေလောင်ခြင်း၊ အိုမင်းရင့်ရော်ခြင်း နှင့် နေမှထွက်သော UV ကြောင့်ဖြစ်တက်သောအရည်ပြားရောဂါများကို ကာကွယ်တားဆီးပေးပြီး အသားအရည်ကို ဖြူဖွေးချောမွေ့စေပါသည်။
Made in Korea
02/11/2021
❣️ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ဆေးဝါးများ စုစည်းဖော်ပြခြင်း ❣️
All Instock
1️⃣ Blackmores Multivitamins & Minerals
နေ့စဉ်ခန္ဓာကိုယ်မှာ လိုအပ်တယ့် အာဟာရတွေကို အားဆေးတစ်လုံးသောက်ရုံနဲ့ ဖြည့်ဆည်း ပေးပါတယ်။
2️⃣ Blackmores Vitamin C
ကိုဗစ်ကြောင့် အဆုတ်ထိထားတယ့်လူတွေ Vitamin C ဖြည့်ပြီး အမြန်ဆုံးပြန်ကောင်းအောင်လုပ်ယူလိုက်ကြပါ။ ပုံမှန်နေကောင်းသောသူများလည်း ခုခံအားကောင်းဖို့ နေ့စဉ်မှန်မှန်သောက်ဖို့တော့လိုအပ်ပါတယ်။
3️⃣ Blackmores Grape Seed & Vita Health Grape Seed
Grape Seed က ခုခေတ်မှာ အသားအရည်လှပဖို့တော်တော်များများ သောက်သုံးကြတာမို့ My Medi က 2 မျိုးတင်သွင်းထားပါတယ်။2 မျိုး စလုံးက ပစ္စည်းကောင်းပါနော် ။ တစ်လအတွင်းသိသာခြင်ရင်တော့ Blackmores ကို သောက်သုံးဖို့ တိုက်တွန်းပါရစေ။
4️⃣ Vita health Omega (3,6,7,9)
အဆုတ်အားကောင်းဖို့နဲ့ ဉာဏ်ရည်ထက်မြတ်ဖို့ကို Omega (ငါးကြီးဆီ) ကိုနေ့စဉ်မှန်မှန်သောက်သုံးလိုက်ပါ။
5️⃣ NIGELLIVE (Olive Oil & Black seed Oil)
အဆီ 2 မျိုး ပေါင်းစပ်ထားတာမို့ ပိုကောင်းတာတော့အာမခံပါရစေ။ စမုံနက်က ရောဂါ 99 မျိုးကို သပ်သာစေပါတယ်။ သံလွင်ဆီက ကိုယ်ခံအားကောင်းမွန်စေပါတယ်။ တခြားသော မရေတွက်နိုင်သော အာနိသင်တွေအများကြီးရှိတာကြောင့် ကိုယ်တိုင်သောက်သုံးပြီး အကျိူးရလဒ်ကို Messenger ကနေ ပြန်လည်မျှဝေပေးပါနော် ❣️
6️⃣ Simple Water Boost Micellar Facial Gel Wash
Water Boost ဆိုတယ့် အတိုင်းရေဓာတ်ကတော့ ပြည့်ဝပြီး Glow Skin ဖြစ်နေပါမယ်။ ✨ အသားခြောက်တယ့်လူတွေအတွက်သင့်တော်ပါတယ်ရှင့်။
7️⃣ SIMPLE Purifying Facial Wash
ဝက်ခြံရှိတယ့်လူတွေအတွက် အရေပြားဆရာဝန်တွေကိုယ်တိုင်ညွှန်ကြားထားတာပါ။ အရမ်းသိသာလွန်းလို့။😍
8️⃣ Simple Smoothing Facial Scrub
ဆန်နဲ့ ပြုလုပ်ထားဝာာမို့ အသားဖြူပြီးကြည်စေပါတယ်။
9️⃣ Intensive Sun Block Cream (Korea Made)
Sun Cream က အလှအပ ဂရုစိုက်သူရော မစိုက်သူပါ လိုအပ်တာပါ။ ဒီလောက်ပူတဲ့ရာသီမှာ Sun Cream မလိမ်းပဲအပြင်မထွက်သင့်ဘူးနော်။
ပုံတစ်ပုံချင်းစီ ဖိ၍လဲ အကျယ်အပြန့်ဖတ်ရူနိုင်ပါတယ်။
ပစ္စည်းအားလုံးစစ်ကြောင်းအာမခံပါတယ့်ရှင့်။
ခုချိန်ထိ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးဝာယ့် Customer တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့် 🙆
06/10/2021
Covid 19အလွန်နှင့် ဆံပင်ကျွတ်ခြင်းပြဿနာ
(Telogen Effluvium)🤦
Covid 19အလွန်မှာ ဆံပင် အလွန်ကျွတ်ခြင်း ပြဿနာက Covid19ရောဂါခံစားရတဲ့ ကာလအတွင်းမှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေရဲ့အကျိုးဆက်တစ်ခု ဖြစ်ပါတယ်။
💥ရောဂါ မသက်သာမှာ
💥ချစ်ခင်ရသူတွေ ဆုံးရှုံးရမှာ ကြောက်တာ
💥Quarantine နေရပါများလာတော့ အထီးကျန်တာ
💥ငွေကြေးပြဿနာ
စတဲ့ စိတ်ဖိစီးမှု အများကြီး ကြုံတွေ့ရပြီး
၂-၃လ အကြာမှာ ဆံပင်အရမ်းကျွတ်တဲ့
ပြဿနာဟာ ပုံမှန်ပဲဖြစ်ပါတယ်။
ဒါကို ဆေးပညာအရ Telogen Effluviumလို့
ခေါ်ပါတယ်။
တစ်နေ့ကို ဆံပင်အချောင်း ၁၀၀ -၂၀၀ အထိ
ကျွတ်နိုင်ပါတယ်။
ဒါပေမဲ့ စိုးရိမ်စရာ မရှိပါဘူး။
၃-၆လအတွင်းမှာ ပုံမှန်ပြန်ဖြစ်ပြီး ဦးရေပြားမှာ
ဆံသားအသစ် ထွက်ပြီဆိုတာနဲ့ ဆံပင်ကျွတ်ခြင်းစပြီး သက်သာလာမှာ ဖြစ်ပါတယ်။
👪စိတ်ခံစားချက်တွေကို ယုံကြည်ရသူဆီမှာ ဖွင့်ပြောတာ
🚶အသက်ရှု လေ့ကျင့်ခန်း ပုံမှန်လုပ်တာ
🧘တရားထိုင်တာ၊ yogaကျင့်တာ
🏃လေ့ကျင့်ခန်း ပုံမှန်လုပ်တာ
🛌လုံလောက်အောင် အိပ်စက် အနားယူတာ
🥦အသား၊ ငါး၊ပဲ၊ အသီးအရွက် ပြည့်စုံအောင်စားတာ
💦အနည်းဆုံး ရေ၂ လီတာ သောက်တာ
စတဲ့ နည်းလမ်းတွေကို သေချာဂရုစိုက်ပြီး
လုပ်မယ်ဆိုရင် ဆံသား ကျန်းမာရေးအတွက်
သင်ထင်ထားတာထက် ပိုမို ကောင်းမွန်စေမာပါ။
ဆံပင်ကျွတ်ခြင်းကို
မြန်မြန်သက်သာအောင် ကျွမ်းကျင်ပညာရှင်တွေ
ဖော်ပြပေးထားတဲ့ ဆောင်ရန်/ရှောင်ရန် နည်းလမ်းတချို့ကို ဆက်မျှဝေပေးပါ့မယ်။
🍀Vitamin Dက ဆံသားမွှေးညှင်းပေါက် လေးတွေ ကြီးထွားဖို့ လှုံ့ဆော်ပေးပါတယ်။
(မနက်၇-၉နာရီ အတွင်း နေရောင်ခြည်နဲ့
မိနစ်၃၀လောက် ထိတွေ့ပြီးရင် လုံလောက်တဲ့
Vitamin Dပမာဏကို ရရှိနိုင်ပါတယ်။)
🍀Iron - ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့လာတဲ့ အခါမှာလည်း ဆံပင်ကျွတ်ခြင်း ဖြစ်ပေါ်ပါတယ်။ ဒါကြောင့် သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို ရွေးချယ်စားဖို့လိုအပ်ပါတယ်။ (အသား၊ ငါး၊ ပင်လယ်စာ၊ ကန်စွန်းဥ၊ ဂျုံ၊ ဖရဲသီး. . .)
🍀Biotinလို့ခေါ်တဲ့ Vitamin B7က ဆံသားမွှေးညှင်းပေါက် လေးတွေ ကြီးထွားနှုန်းကို
မြန်စေပါတယ်။
(ကြက်ဥအနှစ်၊ မြေပဲ၊ နေကြာစေ့၊ ကန်စွန်းဥ၊ မှို၊ ငှက်ပျောသီး၊ ပန်းပွင့်စိမ်းတို့ကနေ Biotinကိုရရှိနိုင်ပါတယ်။)
🍀ဓာတ်ခွဲ စမ်းသပ်ချက်တစ်ခုအရ
အိပ်တဲ့အချိန်မှာထွက်တဲ့ Melatonin Hormoneက ဆံသားအသစ်တွေ မြန်မြန်ကြီးထွားအောင် ကူညီပေးပါတယ်။
(၈-၁၀နာရီ လုံလောက်စွာ အိပ်စက်ခြင်းက ဆံသားတွေကို မြန်မြန်ကျန်းမာစေပါတယ်။)
ဆံပင်ကျွတ်တာ မြန်မြန်သက်သာအောင်
ဖြည့်စွက်စာ Supplements တွေသောက်ချင်တယ်ဆိုရင်
💊Iron Supplement
💊Biotin Supplement တွေကို သောက်နိုင်ပါတယ်။
-သိလိုရာ မေးပါ
-ဆွေးနွေးပါ တိုင်ပင်ပါ
-Healthy Vibes နှင့်အတူကျန်းမာအောင်နေပါ
ကျန်းမာရေး အသိပညာ ရစေဖို့ရန် ရည်ရွယ်ပါသည် "ရေဓာတ်လွန်ကဲခြင်းအကြောင်း သိထားသင့်သမျှ"
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ရေသောက်နည်းလို့ ရေဓာတ်ခန်းခြောက်တာနဲ့ ဆန့်ကျင်ဘက် ရေဓာတ်လွန်ကဲခြင်းဆိုတဲ့ ကျန်းမာရေးပြဿနာလည်း ရှိပါတယ်။ ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးဆိုတာ ရှိပါတယ်။ ရေဟာလည်း ဒီအရာတွေထဲက တစ်ခုအပါအဝင်ပဲပေါ့။ ရေဓာတ်က လိုတာထက်ပိုပြီး များလွန်းတဲ့အခါ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်ပြီး ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ရေဓာတ်လွန်ကဲတာရဲ့ နောက်ဆက်တွဲပြဿနာကတော့ ရေဆိပ်သင့်တာပါပဲ။
ရေဆိပ်သင့်တယ်ဆိုတာ ခန္ဓာကိုယ်က သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုထက် ပိုပြီး ရေတွေကို အလွန်အကျွံသောက်မိတဲ့အခါ ဖြစ်တတ်ပါတယ်။ ရေအများကြီး သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲ ရေပမာဏ များသွားတာကြောင့် သွေးထဲက ဆိုဒီယမ်ဓာတ်တွေ ကျဲသွားပြီး ကိုယ်တွင်းဆဲလ်တွေထဲ ရေဝင်လာကာ ဖောင်းကြွပြီး အသက်အန္တရာယ်ထိခိုက်စေနိုင်ပါတယ်။
ဘယ်လိုအခြေအနေမှာ ရေဆိပ်သင့်နိုင်လဲ။
အချိန်တိုလေးအတွင်းမှာ ရေကို ၃-၄ လီတာလောက် ဆက်တိုက်သောက်လိုက်တဲ့ အခြေအနေမျိုးမှာ ရေဓာတ်လွန်ကဲတဲ့ အဆင့်ကို ရောက်သွားနိုင်ပါတယ်။ သောက်လိုက်တဲ့ ရေတွေ၊ အရည်မှန်သမျှကို ကျောကကပ်က ဖယ်ရှားပေးပြီး ဆီးအဖြစ် အပြင်ကို စွန့်ထုတ်ပါတယ်။ ကျောက်ကပ်ဟာ တစ်နာရီမှာ ရေတစ်လီတာထိပဲ ဖယ်ရှားပေးနိုင်တာကြောင့် အဲဒီပမာဏထက် အများကြီးကျော်လွန်သွားရင်တော့ ခန္ဓာကိုယ်ထဲ ရေဓာတ်တွေ များလာပြီး ရေဆိပ်သင့်နိုင်ပါတယ်။
အထူးသဖြင့် အားကစား၊ လေ့ကျင့်ခန်းအပြင်းအထန် လုပ်သူတွေ၊ နေအရမ်းပူပြီး ချွေးထွက်တဲ့ နေရက်တွေမှာ ရေကို လိုတာထက်ပိုပြီး အလွန်အကျွံသောက်လိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ရေဓာတ်လွန်ကဲတာဟာ ရေဓာတ်ခန်းခြောက်တာနဲ့ ယှဉ်လိုက်ရင် တော်တော်လေးအဖြစ်နည်းတဲ့ ကျန်းမာရေးပြဿနာလို့ ဆိုနိုင်ပြီး လူနည်းစုမှာသာ ကြုံရတတ်ပါတယ်။
ရေဆိပ်သင့်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
အစောပိုင်းကာလမှာတော့
• ခေါင်းကိုက်ခြင်း
• မူးဝေခြင်း
• အော့အန်ခြင်း စတဲ့ လက္ခဏာတွေ ပြလာတတ်ပြီး
ပြင်းထန်တဲ့ အခြေအနေတွေမှာ
• ချာချာလည်အောင် မူးဝေလာခြင်း
• ကြွက်တက်ခြင်း၊ ကြွက်သားများ ပျော့ခွေခြင်း
• သွေးဖိအားများလာခြင်း
• မျက်စိအမြင် ၂ထပ် ဖြစ်ခြင်း
• ခံစားသိရှိနိုင်တဲ့ အာရုံများ ပျောက်သွားတတ်ခြင်း
• အသက်ရှူကြပ်ခြင်း စတဲ့ လက္ခဏာတွေ ပြလာတတ်ပါတယ်။
ရေဓာတ်လွန်ကဲခြင်းကြောင့် ဦးနှောက်ထဲ အရည်များပြီး ဆဲလ်တွေဖောင်းပွလာပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်အာရုံကြောစနစ်ကို ထိခိုက်ပြီး ရုတ်တရက်တက်ပြီး သတိလစ်တာ၊ ကိုမာဝင်တာ၊ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
အထက်မှာ ပြထားခဲ့တဲ့ လက္ခဏာတွေ တွေ့ရတယ်ဆိုရင် အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ကိုယ့်အနေနဲ့ တစ်နေ့ရေဘယ်လောက်သောက်ဖို့ လိုအပ်လဲဆိုတာကို ဆရာဝန်တစ်ဦးနဲ့ သေချာတိုင်ပင်ပြီး ကိုယ့်ရဲ့ တစ်နေ့တာ အားကစား၊ လေ့ကျင့်ခန်းလုပ်ချိန်၊ အိပ်ချိန်၊ အလုပ်ချိန်၊ အစာစားချိန် စတာတွေကို ပြောပြပေးဖို့ အရေးကြီးပါတယ်။ ပုံမှန်လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ရေ ၂-၃ လီတာအထိ သောက်ပေးရင် လုံလောက်တယ်လို့ ယူဆလို့ ရပါတယ်။
Crd to
Healtppy
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Tamwe
Yangon
11211
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |