Undying Fitness

Undying Fitness

Share

Fitness knowledge sharing

18/11/2023

စာ​တွေ့ နဲ့ လက်​တွေ့ ဘယ်ဟာပိုအ​ရေးကြီးလဲ⁉️

-Education နဲ့ Knowledge အားပြုရတယ့် Doctor/Engineer/Lawyer/Nutritionist လိုမျိုး Profession ​တွေဆိုရင်​တော့ Theory က 70% ​လောက်အ​ရေးပါပြီး Practical က 30% ပဲ အကျုံးဝင်ပါတယ်✅️

-Fitness Trainer/Sport Trainer ​တွေလို Profession က​တော့ Physical Activity ​တွေကို လက်​တွေ့လုပ်​ဆောင်ရတာ ဖြစ်တာ​ကြောင့် Practical က 70% ​လောက် အ​ရေးပါပြီး Theory က 30% ​လောက်ပဲ အကျုံးဝင်ပါတယ်✅️

-ဒါ​ကြောင့် On Ground Experience ကို အားပြုရတယ့် Profession ​တွေမှာဆိုရင် စာဘယ်​လောက်ဖတ်ဖတ် ဘယ်​လောက်သိသိ လက်​တွေ့ အားထုတ်မှုမရှိရင် သိထားတယ့် Theory ​တွေက ​ဘောင်မဝင်​တော့ပါဘူး✅️

-ထို့အတွက်​ကြောင့် Fitness နဲ့ Sport Industry မှာ
စာ​တွေ့ နဲ့ လက်တွေ့ ဘယ်ဟာပိုအ​ရေးကြီးလဲ/တစ်ခုပဲ​ရွေးရမယ်ဆိုရင်​တော့ လက်​တွေ့ကိုပဲ မဖြစ်မ​နေ​ရွေးရမှာပါ✅️

18/11/2023

ပုံမှန် မဟုတ်တယ့် စား​သောက်ပုံ 6 မျိုး🍿

1️⃣Avoidant Restrictive Food Intake Disorder💥

-အစားအ​သောက် အရမ်း​ရွေးချယ်ပြီး နည်းနည်း​လေးသာ စားတတ်တယ့် ပုံစံဖြစ်ပြီး က​လေး​တွေမှာ အ​တွေ့များပြီး အာဟာရပြည့်ပြည့်ဝဝ မရတယ့်အတွက်​ကြောင့် ပိန်ပိန်ပါးပါးခန္ဓာကိုယ်အ​နေနဲ့ ​​တွေ့ရမှာပါ.

2️⃣Anorexia Nervosa💥

-ဝလာမှာ/ဝိတ်တက်လာမှာကို စိုးရိမ်ပြီး အဆိုစ​လောက်​လေးသာ စားတတ်တယ့်ပုံစံဖြစ်ပြီး မိန်းက​လေး​တွေမှာ အ​တွေ့များပါတယ်.

3️⃣Bulimia Nervosa💥

-အလွန်အကျွံစား​သောက်​သော်လည်း ဝလာမှာ/
ဝိတ်တက်လာမှာကို မလိုလား​သော​ကြောင့် စားပြီးတိုင်းမှာ ပြန်အန်ထွက်​အောင်လုပ်တာ/ဝမ်းနှုတ်​ဆေး​တွေသုံးတယ့် ပုံစံဖြစ်ပြီး မိန်းက​လေး​တွေမှာ အဖြစ်များပါတယ်.

4️⃣Binge Eating Disorder💥

-ဗိုက်ခဏခဏဆာ​နေတတ်ပြီး အလွန်အကျွံမတရားစားတတ်တယ့် ပုံစံဖြစ်ပြီး အဝလွန်​နေတယ့် ခန္ဓာကိုယ်အ​နေနဲ့ ​တွေ့ရမှာပါ.

5️⃣Pica💥

-အစားအ​သောက်မဟုတ်တယ့်အရာ​တွေကို စား​သောက်​နေတာဖြစ်ပြီး က​လေးငယ်​တွေမှာ အဖြစ်များပါတယ်.

6️⃣Sleep Related Eating Disorder💥

-အိပ်​ပျော်​နေတယ့်အချိန်မှာ စား​သောက်တတ်တယ့် ပုံစံဖြစ်ပြီး နိုးလာတယ့် အခါကျရင် ဘာမှမမှတ်မိပါဘူး.

17/11/2023

Muscle Building အမှန်တရား 10 ခု💥

1️⃣အိပ်​ရေးမဝရင် Muscle မကြီးပါ✅️

2️⃣မ​ဆော့တာကြာရင် Muscle ​တွေက Fat မဖြစ်သွားပါ✅️

3️⃣အပွ​ဆော့တာ နဲ့ အကျစ်​ဆော့တာ မရှိပါ/ Cutting နဲ့ Bulking ပဲ ရှိပါတယ်✅️

4️⃣ဘယ်လို Program နဲ့ပဲ​ဆော့​ဆော့
Progressive Overload က Key ပါ✅️

5️⃣Free Weight ​တွေက Machine ​တွေထက်
ပို​ကောင်းပါတယ်✅️

6️⃣Rubber Band/​ရေသန့်ဘူး​တွေနဲ့ Muscle
တည်​ဆောက်လို့ မရပါ✅️

7️⃣Bodyweight Workout ​တွေ​လောက်နဲ့ Muscle ကြီးဖို့ မလုံ​လောက်ပါ✅️

8️⃣ဘယ်ဘက် နဲ့ ညာဘက် Muscle က ဘယ်​တော့မှ 100% မညီနိုင်ပါ✅️

9️⃣Muscle ကြီးတာ Limit ရှိပါတယ်/Limit ကို​ကျော်ဖို့ဆိုရင် Natural နဲ့ မရပါ✅️

🔟PED/Steroid သုံးလိုက်တာနဲ့ Muscle ​တွေ Auto တန်းမကြီးသွားပါ✅️

17/11/2023

General Fitness အတွက်ပဲဆိုရင် ဘယ်လို Workout ​တွေလုပ်ရမလဲ⁉️🤔

Resistance Training🏋‍♀️
Cardio🏃‍♂️
Functional Training🧗
Sport & Recreational Training🤽

-စသဖြင့်ရှိတယ့်ထဲကမှ သက်ဆိုင်ရာ Goal အ​ပေါ်မူတည်ပြီး ဦးစား​ပေးလုပ်ရတယ့် Workout ​ပုံစံ​တွေ ကွဲသွားပါတယ်✅️

-မိမိမှာ ဘာ Goal မှမရှိပဲ ကျန်းမာ​ရေးအတွက်သာ Workout လုပ်ချင်တယ်ဆိုရင်​တော့ မိမိစိတ်ကြိုက်လုပ်ချင်တယ့် Workout ကို ​ရွေးလုပ်နိုင်ပါတယ်✅️

-ဘာလုပ်ရမှန်း မသိဘူး/ဘာကိုဦးစား​ပေးရမှန်း မသိဘူး ဆိုရင်​တော့👇

1️⃣Cardio ​တွေဖြစ်တယ့် လမ်း​လျှောက်/​ပြေး/​ရေကူး/ကြိုးခုန်တို့ကို ပထမဦးစား​ပေးလုပ်ပါ✌️

2️⃣ဒုတိယတစ်ခုအ​နေနဲ့ Resistance Training လို့​ခေါ်တယ့် အ​လေးမတယ့် ​လေ့ကျင့်ခန်း​တွေနဲ့ Bodyweight Workout ​တွေဖြစ်တယ့် ဒိုက်ထိုး/ဘားခို/ထိုင်ထ/
အိပ်ထမတင် ​လေ့ကျင့်ခန်း​တွေကိုလုပ်ပါ✌️

​-အ​ပေါ်က နှစ်ခုကို ပုံမှန်လုပ်​ပေးခြင်းအားဖြင့် သာမန်ထက်ပိုတယ့် ကျန်းမာကြံ့ခိုင်တယ့် ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်💪

16/11/2023

Internal Organ ​တွေ Fit ဖြစ်​အောင် ဘယ်လို Train မလဲ⁉️🤔

-လူတစ်​ယောက် တကယ် ကျန်းမာဖို့ဆိုရင် အပြင်က အရိုးအဆစ်နဲ့ ကြွက်သား​တွေ ကျန်းမာသန်စွမ်းဖို့ အ​ရေးကြီးသလို ကိုယ်တွင်းအင်္ဂါ​တွေ ကျန်းမာ​နေဖို့ကလဲ
မဖြစ်မ​နေ​တော်​တော် အ​ရေးကြီးပါတယ်✅️

-ကိုယ်တွင်းအင်္ဂါ​တွေထဲကမှ နှလုံးနဲ့အဆုတ်ကို​တော့ ​
လေ့ကျင့်ခန်းလုပ်ပြီး Train ​ပေးလို့ရ​ပေမယ့် ကျန်တယ့်အင်္ဂါအစိတ်အပိုင်း​တွေကို​တော့ Train လို့ မရပါဘူး✅️

-အဲ့​တော့ Internal Organ ​တွေ Fit ဖြစ်​အောင် ဘယ်လိုလုပ်ရမလဲဆိုရင် များများစားစား​တော့ လုပ်စရာ မရှိပါဘူး,လုပ်လို့ရတာ 3 ခုပဲ ရှိပါတယ်👇

1️⃣Water💦

-​ရေက​တော့ သက်ရှိအားလုံးအတွက် အ​ခြေခံအကျဆုံးအရာ ဖြစ်တယ့်အ​လျောက် လူ့ခန္ဓာကိုယ်အတွက်လဲ
မဖြစ်မ​နေအ​ရေးပါပြီး လူတစ်​ယောက်က တစ်ရက်ကို ​ရေ ၄ လီတာ​လောက် ​သောက်​ပေးသင့်ပါတယ်✌️

2️⃣Sleep🛌

-လူ့ခန္ဓာကိုယ်က Biological Machine တစ်ခုဖြစ်တယ့် အ​လျောက် စွမ်းအင်အပြည့်အဝနဲ့ ​ကောင်းမွန်စွာလှုပ်ရှားသွားလာ​နေနိုင်ဖို့ဆိုရင် မဖြစ်မ​နေအိပ်​စက် အနားယူ​ပေးဖို့ လိုအပ်ပြီး လူတစ်​ယောက်က တစ်​နေ့ကို အနည်းဆုံး
၈ နာရီ အိပ်​ပေးသင့်ပါတယ်✌️

3️⃣Nutrition🥗

-You Are What You Eat ဆိုတယ့်အတိုင်း
လူတစ်​ယောက်ရဲ့ စား​သောက်မှုပုံစံက ၎င်းလူရဲ့ Fitness Level ဖြစ်ပြီး ကျန်းမာ​အောင်ဘယ်လိုစား​သောက်သင့်လဲဆိုရင် Junk Food ​တွေ Processed Food ​တွေကို အတတ်နိုင်ဆုံး​ရှောင်ပြီး စား​သောက်တယ့်အနပ်တိုင်းမှာ Protein များများ/Fiber များများ/Carb အ​တော်အသင့် နဲ့ Unsaturated Fat ကို လိုအပ်သ​လောက်သာ စား​ပေးသင့်ပါတယ်✌️

16/11/2023

Push/Pull/Leg ဆိုတာ ဘယ်လို Program မျိုးလဲ🤔

-လွယ်လွယ်​ပြောရရင် Chest နဲ့ Tricep က Push Type ဖြစ်ပြီး Back နဲ့ Bicep က Pull Type ပါ✅️

-Shoulder နဲ့ Deltoid က​တော့ Push ​ကော Pull ​ကောထဲမှာပါပြီး Leg Day က​တော့ ​အောက်ပိုင်းပါ✅️

-Push Day မှာ ဘာ​တွေ​ဆော့နိုင်လဲဆိုရင်👇
Bench Press
Shoulder Press
Push Up
Dips

-Pull Day မှာ ဘာ​တွေ​ဆော့နိုင်လဲဆိုရင်👇
Barbell Row
Deadlift
Pull Up
Chin Up

-Leg Day မှာ ဘာ​တွေ​​ဆော့နိုင်လဲဆိုရင်👇
Squat
Leg Press
Hip Thrust
Lunges

15/11/2023

ရိုးရှင်းစွာ ကြွက်သားတည်​ဆောက်ဖို့ အချက် 6 ချက်💥

1️⃣နှစ်ပါတ်တစ်ခါ အ​လေးတိုးပါ💪

2️⃣အသားဓါတ်ကို အများဆုံးစားပါ💪

3️⃣​​ရေများများ​သောက်ပါ💪

4️⃣တစ်​နေ့ကို ၈ နာရီ​ကျော် အိပ်ပါ💪

5️⃣ကြွက်သားအုပ်စု တစ်ခုကို နှစ်ရက် အနား​ပေးပါ💪

6️⃣​Program တစ်ခုကို အနည်းဆုံး ၁ လ​လောက်စွဲစွဲမြဲမြဲ လုပ်ပါ💪

15/11/2023

လမ်း​လျှောက်ခြင်းရဲ့ အကျိုး​ကျေးဇူး 6 ခု💥

1️⃣အဆီကျ​​စေတယ်/ဝိတ်ကျ​စေတယ်💪

2️⃣အရိုးအဆစ်​တွေ သန်မာ​စေတယ်/အရိုးပွ​ရောဂါ ဖြစ်ပွားခြင်းကို ကာကွယ်​ပေးတယ်💪

3️⃣စိတ်ဖိစီးမှုကို ​လျော့ချ​ပေးတယ်/လူကို လန်းဆန်းတက်ကြွ​စေတယ်💪

4️⃣နှလုံးနဲ့အဆုတ်ကို သန်မာ​စေတယ်/သက်လုံပို​ကောင်း​စေတယ်💪

5️⃣ကိုယ်ခံအားစနစ်တက်​စေတယ်/​၉၆ပါး​ရောဂါ ဖြစ်ပွားမှုကို ​လျော့ချ​ပေးတယ်💪

6️⃣အရွယ်တင်နုပျို​စေတယ်/အိုမင်းရင့်​ရော်မှုကို ​လျော့ချ​ပေးတယ်💪

Photos from Undying Fitness's post 14/11/2023

Dumbbell ရှိရုံနဲ့ အိမ်မှာပဲ လွယ်လွယ်ကူကူ လုပ်လို့ရ
မယ့် Full Body Workout💥

-တစ်မျိုးကို 10 ကြိမ် 4 ​ကျော့​ ဆော့​ပေးပါ‼️
-တစ်​ကျော့နဲ့တစ်​ကျော့ကြား 3 မိနစ်​လောက်နားပါ‼️
-တစ်ရက်ခြား တစ်ခါ​ဆော့ပါ‼️

14/11/2023

Sport Cardio တစ်ချို့ တစ်နာရီမှာ ​ပျမ်းမျှ​လောင်ကျွမ်းတယ့် Calorie ပမာဏ👇

13/11/2023

Muscle Building အမှား 6 ခု💥

1️⃣အိပ်​ချိန် ၈ နာရီ​ကျော် မရှိခြင်း❌️

2️⃣​ရေ ၃ လီတာ​ကျော် မ​သောက်ခြင်း❌️

3️⃣ကစီဓါတ်ကို ​လျော့စားခြင်း❌️

4️⃣အနားယူချိန် မလုံ​လောက်ခြင်း❌️

5️⃣ဝန်တိုး​လေ့ကျင့်မှု မပြုလုပ်ခြင်း❌️

6️⃣​အချိန်တိုအတွင်း ရလဒ် လိုချင်ခြင်း❌️

13/11/2023

Skinny Pack ရဖို့ဆိုရင်👇

-Calorie Deficit လုပ်/Cardio လုပ်ရုံနဲ့ OK ပါတယ်✅️

Six Pack ရဖို့ဆိုရင်👇

-Calorie Deficit လုပ်/Cardio လုပ်ရုံနဲ့ မလုံ​လောက်ပဲ
-Resistance Training ​တွေ/Abs Training ​တွေပါ ​သေချာ လုပ်မှ OK မှာပါ✅️

Six Pack V.S Skinny Pack👇
https://m.facebook.com/story.php?story_fbid=218018147722192&id=100085420243176&mibextid=Nif5oz

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon