Undying Fitness
Fitness knowledge sharing
18/11/2023
စာတွေ့ နဲ့ လက်တွေ့ ဘယ်ဟာပိုအရေးကြီးလဲ⁉️
-Education နဲ့ Knowledge အားပြုရတယ့် Doctor/Engineer/Lawyer/Nutritionist လိုမျိုး Profession တွေဆိုရင်တော့ Theory က 70% လောက်အရေးပါပြီး Practical က 30% ပဲ အကျုံးဝင်ပါတယ်✅️
-Fitness Trainer/Sport Trainer တွေလို Profession ကတော့ Physical Activity တွေကို လက်တွေ့လုပ်ဆောင်ရတာ ဖြစ်တာကြောင့် Practical က 70% လောက် အရေးပါပြီး Theory က 30% လောက်ပဲ အကျုံးဝင်ပါတယ်✅️
-ဒါကြောင့် On Ground Experience ကို အားပြုရတယ့် Profession တွေမှာဆိုရင် စာဘယ်လောက်ဖတ်ဖတ် ဘယ်လောက်သိသိ လက်တွေ့ အားထုတ်မှုမရှိရင် သိထားတယ့် Theory တွေက ဘောင်မဝင်တော့ပါဘူး✅️
-ထို့အတွက်ကြောင့် Fitness နဲ့ Sport Industry မှာ
စာတွေ့ နဲ့ လက်တွေ့ ဘယ်ဟာပိုအရေးကြီးလဲ/တစ်ခုပဲရွေးရမယ်ဆိုရင်တော့ လက်တွေ့ကိုပဲ မဖြစ်မနေရွေးရမှာပါ✅️
18/11/2023
ပုံမှန် မဟုတ်တယ့် စားသောက်ပုံ 6 မျိုး🍿
1️⃣Avoidant Restrictive Food Intake Disorder💥
-အစားအသောက် အရမ်းရွေးချယ်ပြီး နည်းနည်းလေးသာ စားတတ်တယ့် ပုံစံဖြစ်ပြီး ကလေးတွေမှာ အတွေ့များပြီး အာဟာရပြည့်ပြည့်ဝဝ မရတယ့်အတွက်ကြောင့် ပိန်ပိန်ပါးပါးခန္ဓာကိုယ်အနေနဲ့ တွေ့ရမှာပါ.
2️⃣Anorexia Nervosa💥
-ဝလာမှာ/ဝိတ်တက်လာမှာကို စိုးရိမ်ပြီး အဆိုစလောက်လေးသာ စားတတ်တယ့်ပုံစံဖြစ်ပြီး မိန်းကလေးတွေမှာ အတွေ့များပါတယ်.
3️⃣Bulimia Nervosa💥
-အလွန်အကျွံစားသောက်သော်လည်း ဝလာမှာ/
ဝိတ်တက်လာမှာကို မလိုလားသောကြောင့် စားပြီးတိုင်းမှာ ပြန်အန်ထွက်အောင်လုပ်တာ/ဝမ်းနှုတ်ဆေးတွေသုံးတယ့် ပုံစံဖြစ်ပြီး မိန်းကလေးတွေမှာ အဖြစ်များပါတယ်.
4️⃣Binge Eating Disorder💥
-ဗိုက်ခဏခဏဆာနေတတ်ပြီး အလွန်အကျွံမတရားစားတတ်တယ့် ပုံစံဖြစ်ပြီး အဝလွန်နေတယ့် ခန္ဓာကိုယ်အနေနဲ့ တွေ့ရမှာပါ.
5️⃣Pica💥
-အစားအသောက်မဟုတ်တယ့်အရာတွေကို စားသောက်နေတာဖြစ်ပြီး ကလေးငယ်တွေမှာ အဖြစ်များပါတယ်.
6️⃣Sleep Related Eating Disorder💥
-အိပ်ပျော်နေတယ့်အချိန်မှာ စားသောက်တတ်တယ့် ပုံစံဖြစ်ပြီး နိုးလာတယ့် အခါကျရင် ဘာမှမမှတ်မိပါဘူး.
17/11/2023
Muscle Building အမှန်တရား 10 ခု💥
1️⃣အိပ်ရေးမဝရင် Muscle မကြီးပါ✅️
2️⃣မဆော့တာကြာရင် Muscle တွေက Fat မဖြစ်သွားပါ✅️
3️⃣အပွဆော့တာ နဲ့ အကျစ်ဆော့တာ မရှိပါ/ Cutting နဲ့ Bulking ပဲ ရှိပါတယ်✅️
4️⃣ဘယ်လို Program နဲ့ပဲဆော့ဆော့
Progressive Overload က Key ပါ✅️
5️⃣Free Weight တွေက Machine တွေထက်
ပိုကောင်းပါတယ်✅️
6️⃣Rubber Band/ရေသန့်ဘူးတွေနဲ့ Muscle
တည်ဆောက်လို့ မရပါ✅️
7️⃣Bodyweight Workout တွေလောက်နဲ့ Muscle ကြီးဖို့ မလုံလောက်ပါ✅️
8️⃣ဘယ်ဘက် နဲ့ ညာဘက် Muscle က ဘယ်တော့မှ 100% မညီနိုင်ပါ✅️
9️⃣Muscle ကြီးတာ Limit ရှိပါတယ်/Limit ကိုကျော်ဖို့ဆိုရင် Natural နဲ့ မရပါ✅️
🔟PED/Steroid သုံးလိုက်တာနဲ့ Muscle တွေ Auto တန်းမကြီးသွားပါ✅️
17/11/2023
General Fitness အတွက်ပဲဆိုရင် ဘယ်လို Workout တွေလုပ်ရမလဲ⁉️🤔
Resistance Training🏋♀️
Cardio🏃♂️
Functional Training🧗
Sport & Recreational Training🤽
-စသဖြင့်ရှိတယ့်ထဲကမှ သက်ဆိုင်ရာ Goal အပေါ်မူတည်ပြီး ဦးစားပေးလုပ်ရတယ့် Workout ပုံစံတွေ ကွဲသွားပါတယ်✅️
-မိမိမှာ ဘာ Goal မှမရှိပဲ ကျန်းမာရေးအတွက်သာ Workout လုပ်ချင်တယ်ဆိုရင်တော့ မိမိစိတ်ကြိုက်လုပ်ချင်တယ့် Workout ကို ရွေးလုပ်နိုင်ပါတယ်✅️
-ဘာလုပ်ရမှန်း မသိဘူး/ဘာကိုဦးစားပေးရမှန်း မသိဘူး ဆိုရင်တော့👇
1️⃣Cardio တွေဖြစ်တယ့် လမ်းလျှောက်/ပြေး/ရေကူး/ကြိုးခုန်တို့ကို ပထမဦးစားပေးလုပ်ပါ✌️
2️⃣ဒုတိယတစ်ခုအနေနဲ့ Resistance Training လို့ခေါ်တယ့် အလေးမတယ့် လေ့ကျင့်ခန်းတွေနဲ့ Bodyweight Workout တွေဖြစ်တယ့် ဒိုက်ထိုး/ဘားခို/ထိုင်ထ/
အိပ်ထမတင် လေ့ကျင့်ခန်းတွေကိုလုပ်ပါ✌️
-အပေါ်က နှစ်ခုကို ပုံမှန်လုပ်ပေးခြင်းအားဖြင့် သာမန်ထက်ပိုတယ့် ကျန်းမာကြံ့ခိုင်တယ့် ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်💪
16/11/2023
Internal Organ တွေ Fit ဖြစ်အောင် ဘယ်လို Train မလဲ⁉️🤔
-လူတစ်ယောက် တကယ် ကျန်းမာဖို့ဆိုရင် အပြင်က အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာသန်စွမ်းဖို့ အရေးကြီးသလို ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာနေဖို့ကလဲ
မဖြစ်မနေတော်တော် အရေးကြီးပါတယ်✅️
-ကိုယ်တွင်းအင်္ဂါတွေထဲကမှ နှလုံးနဲ့အဆုတ်ကိုတော့
လေ့ကျင့်ခန်းလုပ်ပြီး Train ပေးလို့ရပေမယ့် ကျန်တယ့်အင်္ဂါအစိတ်အပိုင်းတွေကိုတော့ Train လို့ မရပါဘူး✅️
-အဲ့တော့ Internal Organ တွေ Fit ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုရင် များများစားစားတော့ လုပ်စရာ မရှိပါဘူး,လုပ်လို့ရတာ 3 ခုပဲ ရှိပါတယ်👇
1️⃣Water💦
-ရေကတော့ သက်ရှိအားလုံးအတွက် အခြေခံအကျဆုံးအရာ ဖြစ်တယ့်အလျောက် လူ့ခန္ဓာကိုယ်အတွက်လဲ
မဖြစ်မနေအရေးပါပြီး လူတစ်ယောက်က တစ်ရက်ကို ရေ ၄ လီတာလောက် သောက်ပေးသင့်ပါတယ်✌️
2️⃣Sleep🛌
-လူ့ခန္ဓာကိုယ်က Biological Machine တစ်ခုဖြစ်တယ့် အလျောက် စွမ်းအင်အပြည့်အဝနဲ့ ကောင်းမွန်စွာလှုပ်ရှားသွားလာနေနိုင်ဖို့ဆိုရင် မဖြစ်မနေအိပ်စက် အနားယူပေးဖို့ လိုအပ်ပြီး လူတစ်ယောက်က တစ်နေ့ကို အနည်းဆုံး
၈ နာရီ အိပ်ပေးသင့်ပါတယ်✌️
3️⃣Nutrition🥗
-You Are What You Eat ဆိုတယ့်အတိုင်း
လူတစ်ယောက်ရဲ့ စားသောက်မှုပုံစံက ၎င်းလူရဲ့ Fitness Level ဖြစ်ပြီး ကျန်းမာအောင်ဘယ်လိုစားသောက်သင့်လဲဆိုရင် Junk Food တွေ Processed Food တွေကို အတတ်နိုင်ဆုံးရှောင်ပြီး စားသောက်တယ့်အနပ်တိုင်းမှာ Protein များများ/Fiber များများ/Carb အတော်အသင့် နဲ့ Unsaturated Fat ကို လိုအပ်သလောက်သာ စားပေးသင့်ပါတယ်✌️
16/11/2023
Push/Pull/Leg ဆိုတာ ဘယ်လို Program မျိုးလဲ🤔
-လွယ်လွယ်ပြောရရင် Chest နဲ့ Tricep က Push Type ဖြစ်ပြီး Back နဲ့ Bicep က Pull Type ပါ✅️
-Shoulder နဲ့ Deltoid ကတော့ Push ကော Pull ကောထဲမှာပါပြီး Leg Day ကတော့ အောက်ပိုင်းပါ✅️
-Push Day မှာ ဘာတွေဆော့နိုင်လဲဆိုရင်👇
Bench Press
Shoulder Press
Push Up
Dips
-Pull Day မှာ ဘာတွေဆော့နိုင်လဲဆိုရင်👇
Barbell Row
Deadlift
Pull Up
Chin Up
-Leg Day မှာ ဘာတွေဆော့နိုင်လဲဆိုရင်👇
Squat
Leg Press
Hip Thrust
Lunges
15/11/2023
ရိုးရှင်းစွာ ကြွက်သားတည်ဆောက်ဖို့ အချက် 6 ချက်💥
1️⃣နှစ်ပါတ်တစ်ခါ အလေးတိုးပါ💪
2️⃣အသားဓါတ်ကို အများဆုံးစားပါ💪
3️⃣ရေများများသောက်ပါ💪
4️⃣တစ်နေ့ကို ၈ နာရီကျော် အိပ်ပါ💪
5️⃣ကြွက်သားအုပ်စု တစ်ခုကို နှစ်ရက် အနားပေးပါ💪
6️⃣Program တစ်ခုကို အနည်းဆုံး ၁ လလောက်စွဲစွဲမြဲမြဲ လုပ်ပါ💪
15/11/2023
လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူး 6 ခု💥
1️⃣အဆီကျစေတယ်/ဝိတ်ကျစေတယ်💪
2️⃣အရိုးအဆစ်တွေ သန်မာစေတယ်/အရိုးပွရောဂါ ဖြစ်ပွားခြင်းကို ကာကွယ်ပေးတယ်💪
3️⃣စိတ်ဖိစီးမှုကို လျော့ချပေးတယ်/လူကို လန်းဆန်းတက်ကြွစေတယ်💪
4️⃣နှလုံးနဲ့အဆုတ်ကို သန်မာစေတယ်/သက်လုံပိုကောင်းစေတယ်💪
5️⃣ကိုယ်ခံအားစနစ်တက်စေတယ်/၉၆ပါးရောဂါ ဖြစ်ပွားမှုကို လျော့ချပေးတယ်💪
6️⃣အရွယ်တင်နုပျိုစေတယ်/အိုမင်းရင့်ရော်မှုကို လျော့ချပေးတယ်💪
14/11/2023
Dumbbell ရှိရုံနဲ့ အိမ်မှာပဲ လွယ်လွယ်ကူကူ လုပ်လို့ရ
မယ့် Full Body Workout💥
-တစ်မျိုးကို 10 ကြိမ် 4 ကျော့ ဆော့ပေးပါ‼️
-တစ်ကျော့နဲ့တစ်ကျော့ကြား 3 မိနစ်လောက်နားပါ‼️
-တစ်ရက်ခြား တစ်ခါဆော့ပါ‼️
14/11/2023
Sport Cardio တစ်ချို့ တစ်နာရီမှာ ပျမ်းမျှလောင်ကျွမ်းတယ့် Calorie ပမာဏ👇
13/11/2023
Muscle Building အမှား 6 ခု💥
1️⃣အိပ်ချိန် ၈ နာရီကျော် မရှိခြင်း❌️
2️⃣ရေ ၃ လီတာကျော် မသောက်ခြင်း❌️
3️⃣ကစီဓါတ်ကို လျော့စားခြင်း❌️
4️⃣အနားယူချိန် မလုံလောက်ခြင်း❌️
5️⃣ဝန်တိုးလေ့ကျင့်မှု မပြုလုပ်ခြင်း❌️
6️⃣အချိန်တိုအတွင်း ရလဒ် လိုချင်ခြင်း❌️
13/11/2023
Skinny Pack ရဖို့ဆိုရင်👇
-Calorie Deficit လုပ်/Cardio လုပ်ရုံနဲ့ OK ပါတယ်✅️
Six Pack ရဖို့ဆိုရင်👇
-Calorie Deficit လုပ်/Cardio လုပ်ရုံနဲ့ မလုံလောက်ပဲ
-Resistance Training တွေ/Abs Training တွေပါ သေချာ လုပ်မှ OK မှာပါ✅️
Six Pack V.S Skinny Pack👇
https://m.facebook.com/story.php?story_fbid=218018147722192&id=100085420243176&mibextid=Nif5oz
Category
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Undying Fitness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.