Thinzar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thinzar, Health/Beauty, No. 70 Taunggyi Street, Yangon.
30/09/2022
Collagen ကို အများစုသိကြတာက ဝက်ခြံနဲ့အသားအရေ ဖြူစင်ဝင်းပစေဖို့ ထိုးကြသောက်ကြတယ်ဆိုတာပါပဲ. .🤔🤔🤔
Collagen ရဲ့ ကျန်းမာရေးအတွက်တခြားကောင်းတဲဲ့ အကျိုးကျေးဇူးလေးတွေပြောပြပေးမယ်နော်.🗣
Collagen ဟာခန္ဓာကိုယ်အတွက်တော့ငြမ်းတခုလိုပါပဲ😮😮😮
ငြမ်းတွေရဲ့ သဘောတရားအတိုင်း တောင့်တင်းခိုင်မာအောင် ဒေါက်တိုင်တွေလို ထောက်ပံ့ပေးထားတာဖြစ်လို့ collagen ဟာအရေပြား၊ အရိုး၊ အဆစ်၊ အရွတ်၊ သွေးကြော၊ ကြွက်သား တော်တော်များများမှာ တွေ့ရတတ်ပါတယ်. . 😍
ဆဲလ်တွေတစ်ခုနဲ့ တစ်ခု စီစီရီရီကပ်ပြီး တောင့်တင်းခိုင်မာနေအောင်လည််း် ထောက်ပံ့ပေးထားပါတယ်…
သဘာဝပတိုင်းရှိနေတဲ့collagen ကို ယနေ့ခေတ်ခါမှာ ဘာလို့များထိုးကြသောက်ကြပါသလဲ. . .
-အသက်ကြီးလာတာနဲ့အမျှ Collagen ထုတ်လုပ်နိုင်စွမ်းဟာလည်းကျဆင်းလာပါတယ်…
အသက်အရွယ်ရလာခြင်းကဲ့သို့ရှောင်လွဲမရတဲ့အကြောင်းတွေအပြင်ဆေးလိပ်ငွေ့ရှုရှိုက်တာတွေများမယ်၊ အချိုစားသုံးမှုများမယ်၊ နေရောင်ခြည်ထိတွေ့မှုများမယ်၊ နေ့စဉ်စားနေတဲ့ အစားအစာထဲမှာ Collagen ပါ၀င်တာတွေ ဖြည့်မစားဘူးဆိုရင်ရှိပြီးသား Collagen တွေဟာ ပျက်စီးပြီး အသစ်လည်းမထုတ်နိုင်ဖြစ်လာတတ်ပါတယ်. .
-collagen လျော့နည်းလာခြင်းသတိထားမိနိုင်တာကတော့
အမြင်သာဆုံးနေရာက အရေပြားပါပဲ… အရေးအကြောင်းတွေများလာမယ်၊ လျော့ရဲလာမယ်၊ အဆစ်အမြစ်တွေနာကျင်ကိုက်ခဲလွယ်မယ်၊ ဆံပင်ကျွတ်မယ် ဆံပင်အရောင်မွဲခြောက်မယ်. ရှိရင်းစွဲအသက်ထက်အိုမင်းရင့်ရော်မှုတွေဖြစ်လာနိုင်ပါတယ်....
Click here to claim your Sponsored Listing.
Category
Website
Address
No. 70 Taunggyi Street
Yangon