SkinDiary

SkinDiary

Share

(Beauty & Healthy)

Photos from Myimagemm.com's post 01/05/2024
Photos from SkinDiary's post 04/11/2023
04/11/2023
Photos from SkinDiary's post 28/01/2021

Cleansing Step 👱‍♀️👱‍♀️

ဒီတခါမှာတော့မျက်နှာအသားအရေထိန်းသိမ်းဖို့အတွက် အရေးကြီးဆုံးအချက်ဖြစ်တဲ့ Cleansing step လေးကို ပြောပြပေးသွားပါမယ်နော် 🥰🥰
Cleansing Step လေးဟာ ဘယ်လောက်ထိ အရေးပါသလဲဆိုရင် ဘယ်လောက်ပဲ skincare တွေ ဘယ်လိုပဲသုံးသုံး သင့်ရဲ့မျက်နှာကို သေချာသန့်စင်ထားခြင်း မရှိဘူးဆို ဘယ်တော့မှ ကောင်းမွန်လာတဲ့ Skin ကို ပိုင်ဆိုင်လာနိုင်မှာမဟုတ်တဲ့ အတွက် အရေးကြီးဆုံးအဆင့်လို့ သတ်မှတ်ရပါမယ် 👍👍 သေချာလေးမလုပ်ရင်လည်း အမဲစက်/ဝက်ခြံ/အဆီဖု စသဖြင့်မျက်နှာပေါ်မှာ Breakouts အများကြီးဖြစ်လာနိုင်တဲ့အတွက် သေချာလေး လုပ်ကြည့်စေချင်ပါတယ် 💁‍♀️💁‍♀️

သာမန်အားဖြင့်တော့ မျက်နှာသန့်စင်တယ်ဆိုတာနဲ့ မျက်နှာသစ်ဆပ်ပြာနဲ့သုံးတာလောက်ပဲ လုပ်ကြပါတယ်.. တခါတလေ အဲ့လိုမျိုးတောင် လုပ်ဖို့ ပျင်းနေကြသူတွေ အများကြီးပါ 😅😅 ဒါမျိုးတော့လုံးဝမလုပ်မိဖို့ အကြံပေးပါရစေရှင်😘😘

Skincare သေချာအသုံးပြုသူ/အသားအရေ ကောင်းမွန်အောင် Care နေတဲ့သူတွေအတွက်က Double Cleansing ✌✌ လောက် လုပ်ပေးသင့်ပါတယ်နော်😍😍
(1)Remover အသုံးပြုခြင်း
(2)Facial Foam/Mousse အသုံးပြုခြင်း တွေပဲဖြစ်ပါတယ် ✌✌

Step 1 >>Remover အသုံးပြုခြင်း ❤❤
ခုနောက်ပိုင်းမှာတော့ မျက်နှာပေါ်မှာရှိတဲ့ မိတ်ကပ်/သနပ်ခါး/Skincare တွေကို သန့်စင်ပေးတဲ့အခါမှာ Remover Step လေးက အရေးကြီးလာပါတယ်🥰
Cleansing Oil/Micellar Water/Remover Wipes..
စသဖြင့် အမျိုးအစားအမျိုးမျိုးရှိလို့ ကိုယ့်အသားအရေနဲ့ သင့်တော်သလို အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်💁‍♀️
Cleansing Oil ကတော့ မိမိလက်ပေါ်လေးမှာOil နဲ့အတူ ရေအနည်းငယ်ထည့်ပြီးမှ မျက်နှာပေါ်မှာအနှံ့သေချာ သန့်စင်သွားအောင် ပြုလုပ်ပြီး tissue/cotton pad လေးနဲ့ဖြစ်ဖြစ် ဖယ်ရှားပြီး ရေနဲ့သန့်စင်ပေးရပါတယ် ...
Micellar Water ကတော့ cotton pad ကိုအသုံးပြုပြီး သန့်စင်ပေးရတာပါ ...cotton pad ၂ခု ၃ခု cotton pad လေးထဲ အရောင်တွေမစွန်းထင်လောက်တဲ့အထိ ပြောင်းသုံးပေးရပါတယ် ✌✌မျက်နှာလေးလုပ်ရင် အဆုံးသတ်မှာ လည်ပင်းလေးကိုပါလုပ်ပေးပါနော်🥰🥰
တချို့ကြတော့ Micellar water သုံးပြီးရေမဆေးချပေမယ့် မင်မင်ကတော့ ရေဆေးချမှ နေသာထိုင်သာရှိတတ်ပါတယ် 😅😅 Remover Wipesကိုကတော့ မင်မင်က ခရီးသွားရတဲ့အခါမျိုးတွေ/နည်းနည်းအပျင်းထူမိတဲ့အခါမှာအသုံးပြုဖြစ်တာများပါတယ် ❤❤

Step 2>> Facial Foam/Mousse အသုံးပြုခြင်း💁‍♀️
ဒီအဆင့်ကတော့ ထွေထွေထူးထူး ပြောပြစရာမလိုဘဲ ပထမ👆👆မှာပြထားတဲ့အချက် ပြီးသွားပြီဆို မိမိအသုံးပြုနေကျ မျက်နှာသစ်ဆပ်ပြာ (Foam/Soap/Mousse )ကိုအသုံးပြုပြီး သန့်စင်ပေးရပါမယ် 🥰🥰

☆☆Cleansing Step လေးကိုပိုပြီးပြည့်စုံသွားအောင် မင်မင်ကတော့ Toner လေးသုံးပြီး အဆုံးသတ်လေ့ ရှိပါတယ်☆☆ပိုပြီး Deep Cleansing ဖြစ်သွားမယ် ချွေးပေါက်လေးတွေလဲကျဉ်းသွားမယ်☆☆

♡♡တချို့Facial Cleansing အတွက်အသုံးပြုရတဲ့
Facial Cleansing Brushes လေးတွေ Tools လေးတွေလဲရှိလို့ အသုံးပြုလို့လည်းရပါတယ်လို့ ♡♡

👆👆မှာပြောပြထားတာတွေက သိရှိသလောက်လေးကို Sharing လေးလုပ်ပေးတာမို့ လိုအပ်တာလေးတွေရှိရင် နားလည်ပေးကြပါနော် 🥰🥰

ရှေ့လျောက်မှာလဲ သိသလောက်လေးတွေ ဝေမျှပေးချင်တာမို့ Page လေးကို Like & Share လေးလုပ်ပေးထားကြပါနော် 🥰🥰

Photos from SkinDiary's post 21/01/2021

DarkSpot(အမဲစက်)အကြောင်း❤❤

ဒီတခါမှာတော့ အသားအရေပေါ်မှာဖြစ်လေ့ဖြစ်ထရှိတဲ့ အမဲစက်တွေအကြောင်းကို ပြောပြပေးမယ်နော်🤗🤗
ပြီးပြည့်စုံတဲ့အသားအရေပိုင်ရှင်ဖြစ်စေဖို့အတွက် လူအများရင်ဆိုင်ရလေ့ရှိတဲ့ အမဲစက်/နေလောင်ကွက်/တင်းတိပ်တွေနဲ့ပတ်သတ်ပြီး သိရှိရအောင်👍👍/ မဖြစ်အောင်ဘယ်လိုတွေကာကွယ်မလဲ👐👐 / ဖြစ်နေရင် ဘယ်လိုသက်သာပျောက်ကင်းအောင် 🙊🙊 ကုသရမလဲဆိုတာ သိသလောက် sharing လေးလုပ်ပေးချင်ပါတယ်ရှင်🙆‍♀️💛

ပထမအနေနဲ့က အမဲစက်တွေဖြစ်ပေါ်လာပုံကို ပြောပြပေးမယ်နော်😊😊
အမဲစက်တွေအဓိကဖြစ်ရတာကတော့ အများသိကြတဲ့အတိုင်း နေလောင်တာက စတယ်ပြောလို့ ရပါတယ်☀️☀️...
နေရောင်ခြည်နဲ့ထိတွေ့မှုများတာမျိုးကြောင့် နေရောင်ခြည်မှာပါတဲ့ UVRays တွေ (UVA နဲ့ UVB) တို့က အရေပြားပေါ်ကျရောက်တာများလာရင် အမဲကွက်/အမဲစက်တွေဖြစ်ပေါ်လာတာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်တာတွေကိုဖြစ်စေနိုင်ပါတယ် 👍👍 ဒါကြောင့် ခုနောက်ပိုင်း အရေပြားဆိုင်ရာပညာရှင်တွေက Sunscreen မဖြစ်မနေလိမ်းဖို့ အကြံပေး အသိပေးတာတွေ များလာတာ တွေ့ရပါတယ်👍👍ကျွန်မတို့နိုင်ငံက နေရောင်ခြည်ထိတွေ့မှုများတဲ့အထဲပါတယ်ဆိုတော့ Sunscreen တွေ UV protector တွေအသုံးပြုရင် SPF 30 PA+++ လောက်ပါတာမျိုးတွေ သုံးပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်ရှင် 👐👐👐

တခြားအချက်အနေနဲ့ ခုနောက်ပိုင်း တော်တော်များများဖြစ်လာတဲ့ ပြသနာပါ ....
Skincare တွေကြောင့်လဲ အမဲကွက်အမဲစက်တွေ ဖြစ်လာနိုင်သေးတယ်ဆိုတာ သတိပြုစေလိုပါတယ် 🙆‍♀️🙆‍♀️ မိမိအသားရေနဲ့ ဓာတ်မတည့်တဲ့ပစ္စည်းမျိုး သုံးစွဲမိတာဖြစ်ဖြစ် မိမိသုံးစွဲတဲ့ skincare ရဲ့အသုံးပြုပုံ သုံးစွဲချိန် (တချို့ chemical skincare/ peeling productတွေကို မျက်နှာမှာလိုအပ်တာထက် ပိုထားတာမျိုး) တွေမှာလဲ ဖြစ်တတ်ပါတယ်... အဲ့လိုမျိုး ဖြစ်လာတယ်ဆိုရင်တော့ မိမိထက် တတ်ကျွမ်းနားလည်တဲ့ အရေပြားဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးတာက ပိုသင့်တော်တယ်လို့ အကြံပေးချင်ပါတယ် 🙆‍♀️🙆‍♀️🙆‍♀️

နောက်တချက်ကတော့ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တတ်တာပါ ...
ဟော်မုန်းအညီမညာဖြစ်တတ်တဲ့ ကိုယ်ဝန်ဆောင်ချိန်🤰🤰/ ကိုယ်ဝန်တာဆေးသောက်သုံးနေရချိန်🙅‍♀️🙅‍♀️/ ရောဂါအခံတခုကြောင့် ဆေးဝါးတွေ စွဲမြဲသောက်သုံးနေရတာမျိုးတွေကြောင့် အမဲကွက်တွေ ထွက်လာတာမျိုးဖြစ်တတ်ပါတယ်.... အဲ့လိုမျိုးအကြောင်းတွေကြောင့် ဖြစ်လာတဲ့ အမဲကွက်တွေ အမဲစက်တွေဆိုရင်တော့ သူ့ဘာသာသူ ကိုယ်ဝန်ဆောင်ပြီးချိန် ဆေးသောက်သုံးတာရပ်လိုက်တဲ့အချိန်တွေမှာ သက်သာပျောက်ကင်းသွားတတ်ပါတယ် 🤗🤗🤗

နောက်ဆုံးတချက်ကလဲ အဖြစ်များတဲ့အထဲပါပါတယ်..
အဲ့တာကတော့ ဝက်ခြံ/အဆီဖု စသဖြင့် အရေပြားပေါ်မှာဖြစ်တတ်တဲ့အဖုလေးတွေကို ညှစ်လိုက်တာမျိုး/ တချို့ကျတော့မညှစ်ဘဲနဲ🙅‍♀️🙅‍♀️ ခြောက်သွားတဲ့အခါ အမဲစက်တွေအနေနဲ့ ကျန်ခဲ့တာတွေနဲ့ ဝက်ခြံတွေသက်သာမလားဆိုပြီး skincare တွေလျောက်သုံးလိုက်ကာမှ ပိုဆိုးပြီး အမာရွတ်တွေကျန်ခဲ့တာမျိုးတွေကြောင့်ဖြစ်တတ်ပါတယ်.. ဝက်ခြံတွေသက်သာစေချင်တယ်ဆိုရင် Anti Ance ပါတဲ့ Skincare တွေ Tea Treeနဲပတ်သတ်တဲ့ Skincare တွေ သုံးပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်ရှင်🙊🙊🙊

နောက်ဆုံးအနေနဲ့ဝေမျှပေးချင်တာကတော့ နေပူထဲထွက်သည်ဖြစ်စေ အိမ်မှာနေရင်းဖြစ်စေ အရေကြီးတဲ့ Sunscreen ကိုမဖြစ်မနေအသုံးပြုပေးဖို့ပါ☀️☀️
အမဲကွက်/အမဲစက်/တင်းတိတ် နဲ့ပတ်သတ်လို့ အမြန်ပျောက်ကင်းသက်သာချင်ရင်တော့ သက်ဆိုင်ရာ အရေပြားဆရာဝန်နဲ့တိုင်ပင်ပြီး ကုသတာကတော့ အကောင်းဆုံးအချက်ပါ👩‍⚕️👨‍⚕️👍👍👍
Skincare သုံးမယ်ဆိုရင်တော့ Lightening/Whitening/Brightening Effect ပါတဲ့ Serum ဒါမှမဟုတ် Anti Spot/Sport Corrector တွေပါတဲ့ Skincare မျိုးတွေသုံးသင့်ပါတယ်ရှင် 😘😘😘

ဖော်ပြပါအချက်တွေကတော့ မင်မင်သိသလောက်လေ့လာထားသလောက် အချက်တွေကို Sharing လေးလုပ်ပေးတာမို့ အမှားပါရင် နားလည်ပေးကြပါလို့ 🙆‍♀️🙆‍♀️😘😘💛💛

ရှေ့လျောက်မှာလဲ အလှအပနဲ့ပတ်သတ်ပြီး လေ့လာသိရှိသလောက်ကို ပြောပြပေးသွားမှာမို့ Page လေးကိုလဲ Like & Share လေးလုပ်ပေးကြပါရှင်💛💛

Photos from SkinDiary's post 10/12/2020

Face Mask အကြောင်း သိကောင်းစရာ
----------------------------------

(၁) Sheet mask
အဝတ်စမျက်နှာဖုံးတွေက ဆေးရည်စိမ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အစိုဓာတ်ထိန်းဖို့၊ အသားအရေတောက်ပစေဖို့ စသည်ဖြင့် နည်းမျိုးစုံ သုံးကြတယ်။ sheet mask တွေကို မျက်နှာပေါ်တင်ပြီး ၁၅-၃၀ မိနစ်ကြာအောင် ထားရတယ်။ sheet mask တွေသုံးတဲ့အခါ သတိပြုရမှာက ဆေးရည်မခြောက်ခင် ခွာသင့်တယ်။ မျကိနှာဖုံးခွာပြီးရင် မျက်နှာပြန်သစ်ဖု့ မလိုပါ။ ဘာ့ကြောင့်လဲဆိုတော့ ဆေးရည်အာနိသင်က ကျန်ခဲ့ဦးမှာမို့ ဖြစ်ပါတယ်။ ဒါ့ပြင် မျက်ကွင်းညို မျက်အိတ်ဖောင်းတာအတွက်လည်း eye sheet mask တွေ ရှိပါတယ်။ မျက်ကွင်းညိုတာနဲ့ မျက်လုံးအောက် အရေးအကြောင်းတွေကို သက်သာစေတယ်။

(၂) Bio-cellulose mask
bio-cellulose mask က အဝတ်စမျက်နှာဖုံးနဲ့ ဆင်တူတယ်။ paper sheet masks တွေနဲ့ ကွာခြားသွားတာက ဂွမ်းစ၊ အဝတ်စကို သုံးတာမဟုတ်ဘဲ ဆံပင်ထက် အဆ(၁၀၀၀)ကျော် သေးငယ်တဲ့ အမျှင်ငယ်လေးတွေ(20nm)နဲ့ ပြုလုပ်ထားတဲ့ mask ဖြစ်နေခြင်းပါ။ ကောင်းတာက အဆိုပါ အမျှင်လေးတွေက သေးငယ်လို့ ရေစုပ်ယူရာမှာ အားကောင်းသလို မျက်နှာရေဓာတ်ဖြည့်တဲ့နေရာမှာလည်း အထူးအသုံးဝင်တယ်။ dry skin သမားတွေနဲ့ အထူးသင့်တော်တယ်။ For beloved one melasleep whitening bio-cellulose mask ဆိုရင် ရေဓာတ်ဖြည့်ပေးနိုင်သလို တင်းတိပ်၊မှဲ့ခြောက်ကိူလည်း သက်သာစေတယ်။အသားဖြူစေဖို့လည်း သုံးပါတယ်။

(၃) Wash-off mask
မျက်နှာပေါ်လိမ်းပြီး အချိန်အနည်းငယ်ကြာတဲ့အခါရေဆေးချရတဲ့ မျက်နှာဖုံးတွေကို wash-off mask လို့ ခေါ်ပါတယ်။ အသုံးများဆုံး wash-off mask က ရွှံ့စေးမျက်နှာဖုံး(clay mask) ဖြစ်တယ်။ ဝက်ခြံထွက်၊ အဆီပြန်သူတွေ အသုံးများကြတယ်။ အဆီနဲ့ အညစ်အကြေးကို စုပ်ယူပေးရုံမက ချွေးပေါက်ကိုလည်း ကျဉ်းစေတယ်။ ဝက်ခြံသမားအတွက် mask of magnaminty တံဆိပ်က ကောင်းတယ်။ မျက်နှာဖုံးကို ၁၀-၁၅ မိနစ် ထားပြီး ရေဆေးချပါ။

(၄) Peel-off mask
မျက်နှာပေါ်လိမ်းပြီး ပြန်ခွာချရတဲ့ မျက်နှာဖုံးကို peel-off mask ခေါ်ပါတယ်။ peel-off mask တွေက လိမ်းပြီး ခြောက်သွေ့သွားရင် ပလတ်စတစ်မျက်နှာဖုံးလို ကပ်သွားတယ်။ ခွာလိုက်တဲ့အခါ ဆားဝက်ခြံနဲ့အတူ ဆဲလ်သေတွေပါ ကပ်ပါလာတယ်။ ဒါ့ကြောင့် ဆားဝက်ခြံသမားတွေမှာ peel-off mask ကို သုံးကြတယ်။ charcoal peel-off mask, belif first aid transforming peel-off mask စသည်ဖြင့် အမျိုးမျိူး ရှိပါတယ်။

(၅)Overnight/Sleeping mask
ညအိပ်ရာဝင်လိမ်းရတဲ့ မျက်နှာဖုံးမျိုးကို sleeping mask ခေါ်ပါတယ်။ ညလုံးပေါက် လိမ်းအိပ်ရတာကြောင့် overnight pack လို့လည်း ခေါ်သေးတယ်။ sleeping mask တွေက အစိုဓာတ်ထိန်းပေးတဲ့ mask ထဲမှာ ပါတယ်။ အသားအရေခြောက်သွေ့သူ၊ မျက်နှာအသားအရေ စိုပြေချင်သူတွေ သုံးနိုင်တယ်။ အိပ်ပျော်နေစဉ် ပျက်စီးနေတဲ့ အရေပြားကို ပြန်လည် ပြုပြင်ဖို့ သုံးကြတယ်။ ပုံမှန်အားဖြင့် တပတ် ၂ ကြိမ်ခန့်သာ သုံးသင့်တယ်။

08/11/2020

အသားအရေဂရုစိုက်တဲ့အခါမှာ မျက်နှာအသားအရေ သာမက Bodyရဲ့အသားအရေလှပစိုပြေမှုကလဲ အရေးကြီးတဲ့အရာပါပဲနော် 🥀🥀🥀

ဒီတခါတော့မင်မင်ကသိထားသင့်တဲ့ Body Skin care နဲ့ပတ်သတ်တာလေးတွေ ဝေမျှပေးပါရစေရှင် 😊😊

တော်တော်များများက Skincare ဆို မျက်နှာလောက်ပဲ ပြုပြင်ထိန်းသိမ်းကြတာများပေမယ့် Body ပိုင်းကိုတော့ မေ့နေတတ်ကြပါတယ် ✌✌✌

Body ပိုင်းဆိုင်ရာskincare လို့ပြောလိုက်တာနဲ့ အားလုံးက Body shower နဲ့ Lotion အသုံးပြုတာလောက်ပဲ ပြေးမြင်ကြပါတယ် 🤩🤩🤩
အမှန်တကယ်တော့ (5)steps ရှိတယ်နော် 😍😍😍

(1)Gently Cleanse
ဒီအဆင့်ကတော့ ပုံမှန်လုပ်နေကျ ရေချိုးတာမျိုးကို ပြောတာပါ ✔✔ မိမိခန္ဓာကိုယ်နဲ့ လိုက်ဖက်သင့်တော်တဲ့ Shower Cream/Gel/Soap စသဖြင့် အသုံးပြုနိုင်ပါတယ်ရှင် 🛀🛀

(2)Exfoliate
ဒါကတော့ တနည်းအားဖြင့်ပြောရရင် Scrub လုပ်တယ်လို့ဆိုရမှာပေါ့နော်😊😊 Scrubပုံမှန်လုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ဆဲလ်အသေတွေ ဖယ်ရှားပေးတယ်💁‍♀️ အသားအရေညစ်နွမ်းတာကို စိုပြေစေတယ် 💁‍♀️ အသားအရေ မညီတာတွေကို ညီညာချောမွေ့စေတဲ့ ရလာဒ်တွေကိုတကယ်လက်တွေ့ ခံစားရမှာနော် ✔✔
ဘယ်လောက်ပဲ အသားညိုမဲနေသူဖြစ်ဖြစ် Body Scrub ကိုပုံမှန်လုပ်ပေးရင်ပဲ သိသိသာသာ အသားအရေ ကြည်လင်လာပြီး သိသိသာသာ စိုပြေဝင်းမွတ်လာမှာပါ 🥀🥀 Scrub လုပ်ပြီးသွားရင်နေပူထဲ အရမ်းသွားလာတာမျိုး မလုပ်သင့်ပါဘူးနော်🙅‍♀️🙅‍♀️
Scrub လုပ်ပြီးတိုင်းလဲ အစိုဓာတ်ဖြည့်ပေးတဲ့ Lotion တွေ လိမ်းပေးသင့်ပါတယ်ရှင် 💁‍♀️✔

(3)Shaving
ဒီအချက်ကတော့ ကိုယ်နေတဲ့နိုင်ငံမှာ လုပ်လေ့မရှိကြသလို မဖြစ်မနေလုပ်ကြတဲ့ အချက်ထဲတော့ မပါဘူးပေါ့နော် 😊😊 ဒါပေမယ့် စကပ်တို ဘောင်းဘီတို ဝတ်တတ်တဲ့သူတွေအတွက်ကတော့ လုပ်သင့်တဲ့ Step လေးတခုလို့ အကြံပေးချင်ပါတယ်ရှင် ✌✌

(4)Treat
ဒီStepလေးကတော့ မိမိခန္ဓာကိုယ်အတွက် လိုအပ်တဲ့ တင်းရင်းမှု/နုပျိုစိုပြေမှု/ ဖြူစင်ဝင်းပမှုတွေကို အတွင်းထဲထိ ဖြည့်တင်းပေးနိုင်တဲ့ Vitamin/Collagen တွေ ပုံမှန်သောက်သုံးပေးသင့်တာပါ ✔✔
အရင်တုန်းက သိပ်ပြီးမသောက်သုံးကြပေမယ့် အခုကတော့ တော်တော်များများ သိပြီး သောက်သုံးလာကြပါပြီ 💁‍♀️💁‍♀️

(5)Moisturize
ဒါကတော့အားလုံးလဲသိသလို တော်တော်များများလဲ လုပ်လေ့ရှိတဲ့ ပြောရမယ်ဆို Body Lotion အသုံးပြုတဲ့အဆင့်လို့ဆိုရမှာပါ ✔✔ Body Butter/Body Oil/Body Serum/Body Lotion သုံးရင်သုံးသလို အမျိုးအစားအမျိုးမျိုးရှိပါတယ် 💁‍♀️💁‍♀️
မိမိအသားအရေလိုအပ်ချက်အလိုက် သင့်တင့်မှန်ကန်တဲ့ အမျိုးအစားကို ရွေးချယ်ဝယ်ယူသင့်ပါတယ်ရှင် ✌✌

ဒီအချက်တွေအပြင် ခန္ဓာကိုယ်ပေါင်းတင်တာ/ချွေးထုတ်တာမျိုးတွေကိုလဲ အချိန်သင့်ရင် သင့်သလို ပြုလုပ်လို့လဲ ရပါတယ်ရှင်🧖‍♀️🧖‍♀️🧖‍♀️

ဒီအချက်လေးတွေကတော့ Admin သိသလောက် Body Skincare နဲ့ပတ်သတ်တာလေးတွေကို Sharing လုပ်ပေးထားတာလေးဖြစ်ပါတယ်နော် ❤❤❤ နောက်ပိုင်းတွေမှာလဲ သိသလောက် အလှအပရေးရာလေးတွေနဲ့ ပတ်သတ်ပြီး ပြောပြပေးမှာဖြစ်လို့ ဒီPageနဲ့Post လေးကို Like & Share လေးလုပ်ပေးကြပါနော်✌✌🥀🥀💐💐

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Shane Kone Street
Yangon