MC Soe Thiri Zaw

MC Soe Thiri Zaw

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MC Soe Thiri Zaw, Beauty, cosmetic & personal care, Yangon.

08/05/2026

အမျိုးသားများ ဖောက်ပြန်သော အခါမှာအဆင့် ၃ ဆင့်ရှိပါတယ်။
အမျိုးသား ၈၀ ရာခိုင်နှုန်းခန့်ဟာ ဖောက်ပြန်တဲ့အခါမှာ ဖြစ်ပျက်ပုံချင်း ဆင်တူကြပါတယ်။ အစပိုင်းမှာ စိတ်လှုပ်ရှားစရာ ကောင်းသလောက် နောက်ပိုင်းမှာတော့ နာကျင်ရတတ်ပါတယ်။
အဆင့် (၁) ကိုစိတ်ကြွကာလ လို့ခေါ်ပါတယ်တဲ့။ ဒီအဆင့်မှာ အမျိုးသားဟာ အိမ်ထောင်ရေးရဲ့ ငြီးငွေ့စရာတွေနဲ့ ပြဿနာအားလုံးကို ဇနီးသည်ကြောင့်လို့ အပြစ်ပုံချလေ့ရှိပါတယ်။အပြင်ကရတဲ့ ခံစားချက်အသစ်ကိုလည်း စစ်မှန်တဲ့အချစ် (True Love) လို့ အတင်းအဓိပ္ပာယ်ဖွင့်ဆိုတတ်ကြပါတယ်။ဒါဟာ တကယ်တော့ တာဝန်ယူရမှာကို ရှောင်လွှဲတာနဲ့ ကိုယ့်ကိုယ်ကိုယ် လိမ်ညာတာပဲ ဖြစ်ပါတယ်။ဇနီးသည်ကို သူ့အပေါ် နားမလည်တဲ့သူအဖြစ် ပုံဖော်လိုက်မှသာ သူဟာ အပြင်မှာ စိတ်လှုပ်ရှားစရာကို အားမနာတမ်း ရှာဖွေနိုင်မှာ ဖြစ်လို့ပါ။
အဆင့် (၂) ကတော့စမ်းသပ်ကာလပါ။
ဒီအဆင့်မှာတော့ အမျိုးသားဟာ နှစ်ဖက်လုံးကို စမ်းသပ်ပါတယ်။အိမ်မှာအူကြောင်ကြောင် လုပ်နေပြီး ဇနီးသည်က သူ့ကို ဖမ်းမိမလား ဘာများပြောမလဲဆိုတာကို စောင့်ကြည့်တတ်ပါတယ်။အပြင်ကလူက သူ့အပေါ် ဘယ်လောက်အထိ စစ်မှန်သလဲဆိုတာကို စမ်းသပ်ပါတယ်။အမျိုးသားတွေ ဖောက်ပြန်တာဟာ ကာမစိတ်ဖြေဖျောက်ဖို့သက်သက် မဟုတ်ဘဲ ခံစားချက်က နှစ်ဖက်လုံးကို သက်ရောက်မှုရှိပါတယ်။ အပြင်ကလူကသာ အချစ်စစ်အဖြစ် ဟန်ဆောင်ကောင်းမယ်ဆိုရင် အမျိုးသားဟာ တဖြည်းဖြည်းနဲ့ စိတ်ပါသွားတတ်ပါတယ်။
အဆင့် (၃)က ချိန်ဆကာလ လို့ဆိုပါတယ်။
ဒီအဆင့်မှာတော့ အမျိုးသားဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပြန်ရမယ့်အကျိုးအမြတ်ကို တွက်ချက်လာပါတယ်။သူဟာ နှစ်ဖက်လုံးကို ချိန်ဆနေပြီး ဝေခွဲမရဖြစ်နေတတ်ပါတယ်။
အပြင်ကလူရဲ့ ဇာတ်လမ်းပျက်သွားပြီး အမှန်တရားကို မြင်သွားတဲ့အခါ ဒါမှမဟုတ် ဇနီးသည်က နည်းလမ်းမှန်မှန်နဲ့ ကိုင်တွယ်နိုင်ပြီး အိမ်ထောင်ရေးရဲ့ တန်ဖိုးကို ပြန်လည်သတိပြုမိစေတဲ့အခါမှာတော့ အိမ်ကို ပြန်လာတတ်ကြပါတယ်။သူလိုချင်တဲ့အရာကို ဇနီးသည်က ပေးနိုင်တယ်ဆိုတာ သိသွားတဲ့အခါ အမျိုးသားအများစုဟာ အိမ်ထောင်ရေးဆီကိုပဲ ပြန်လည်ခြေဦးလှည့်လာကြတာ များပါတယ်။
to original writer


#မျှဝေခြင်း

04/05/2026

KTV မှာလုပ်တဲ့ မမတစ်ယောက်ရဲ့ မရှက်တမ်းပြောထားတဲ့ ရင်တွင်းခံစားချက်များ

==================
==================

ပုခုံးတွေခါးတွေ ဟိုပွတ်ဒီပွတ်နဲ့ ခုကျွေးမလိုတော်ကြာကျွေးမလို မာယာများရတာပေါ့နော်.။ သစ္စာမေတ္တာဆိုတာ ကေတီဗီလောကမှာမရှိဘူး/

ကေတီဗီ နွား
---------------------
ဘိုးတော်ရောက်ပြီ

ဝိတ်တာလေးလာအော်တော့မှ ဘောင်းဘီတိုကောက်လဲ နူတ်ခမ်းလေး သပ်ရပ်အောင်ဆိုး ဆံပင်ကို sexy ဖြစ်အောင်ဖွပြီး Room A7 ကိုသွားပြီ။
ဒီနေ့တော့ ဘိုးတော်တစ်ပွေတည်း ဂေါက်မရိုက်ဖြစ်လို့ စောလာတာတဲ့လေ

ဘိုးတော်က ဆရာကြီးစတိုင်နဲ့ ထိုင်နေပြီ။
အမှန်တော့ အာပလာကြီးဖြစ်နေပြီရယ်
ဘာဖြစ်ဖြစ် ကိုယ့်ကာစတမ်မာကို အပြုံးမပျက်ရဘူးလေ
သူ့အတွက် သောက်စရာ စားစရာမွာ ကိုယ့်အတွက်ကျွဲရိုင်းနဲ့သီးစုံတစ်ပွဲပေါ့။
ထုံးစံအတိုင်း ဘိုးတော်ကရူးကြောင်မူးကြောင်နဲ့ လေတွေစွတ်တိုက်နေပြန်တာ
အခုပဲ တိုက်ခန်းဝယ်ပေးတော့မှာလို နိူင်ငံခြားအလည်ခေါ်တော့မှာလို
ကိုယ်တွေကလည်း ဒါမျိုးတွေရိုးလို့ရှင် ယုံချင်ယောင်တော့ ဆောင်ပြရတာပေါ့ရှင်
စီးပွားရေးအောင်မြင်ကြောင်း ပင့်ပေးရတာပေါ့ရှင် ဘောလုံးပွဲလောင်းတာတော်ကြောင်း ဘုံမြှောက်ရတာပေါ့ရှင်

လူတိုင်းက ဒီနေရာရောက်လာရင် ဘောစိလို့ အထင်ခံရတာကို ဂုဏ်ယူကြတယ်လေ

ကိုယ်တွေကတော့ သနားအောင်ဇာတ်ကွက်ဆင်ရတာပေါ့ ပထွေးနဲ့နေရတာတို့ မောင်နှမများတာတို့
အမေနေမကောင်းတာတို့ အကြွေးတင်နေတယ်တို့ဘာတို့ ညာတို့
ကဗ်ာဆရာ စာရေးဆရာတွေနဲ့တွေ့ရင် ပိုပိုသာသာအိုက်တင် လုပ်ပြရသေးတယ်ရှင်

ဒါမွ အပိုဆာဒါးတွေကို သူတို့ကသနားအောင်ဝါဒဖြန့်ပေးမှာ။

ဒီလိုပါပဲ အမ်ားသူငါ ကေတီဗီထုံးစံအတိုင်းပေါ့

ငယ်ကျွမ်းဆွေနဲ့စမယ်

မူးလာရင် နဂါးနီ

ပြီးရင်မြနန္ဒာနဲ့သိမ်းကြတာပေါ့

ကိုယ်တွေက မြနန္ဒာနားရောက်လာရင်

ပစ်ချွဲချွဲနဲ့အစ်ကိုကြီးခေါ် မုန့်ဖိုးတောင်းပေါ့

ဆင်ဘယ်နှစ်ကောင်ထွက်မလဲဆိုတာ အဓိကေလ
များရင် တခြားကောင်မတွေကိုကြွားရဦးမှာ။

ငွေကလည်း ရှာမှဖြစ်မယ် ယောက်ျားက အလုပ္မရွိဘူး
သားကို ပညာတတ်ဖြစ်စေချင်တယ်
အမေလည်းရှိသေးတယ် အိမ်လခရှိသေးတယ်။

ဒီဘိုးတော်နဲ့ဆုံတော့ အဆင်ပြေပါတယ်။
လက်ဝတ်လက်စားအစုံနဲ့ဟမ်းဆက်အမိုက်စားနဲ့ အဖတ်တင်လာတယ်။
ဇာတ်လမ်းမေးရင် ကေတီဗီထုံးစံအတိုင်းပါပဲ ချူဆီထည့်တဲ့ဇာတ်လမ်းပါပဲ
အိမ္လခမရွိဘူး မောင်လေးကျောင်းစရိတ်လိုတယ်ဘာညာပေါ့ ကျေးဇူးရှင်ကြီးပါပေါ့။
သူစားချင်တာကိုတော့ ခုကျွေးမလိုတော်ကြာကျွေးမလို မာယာများရတာပေါ့နော်
သူငွေရှင်းပြီးပြန်သွားရင် ကိုယ်လည်းတခြားအခန်းကူးသွားတာပဲလေ
ပုခုံးတွေခါးတွေ ဟိုပွတ်ဒီပွတ်တွေတော့ ရူပဒါနပြုရတာပေါ့။
သစ္စာမေတ္တာဆိုတာ ကေတီဗီလောကမှာမရှိဘူး တင်မောင်ဆန်းမင်းဝင်းဆီမှာပဲရှိလိမ့်မယ်။
ဒီဘိုးတော်လည်းကြွားသာကြွားနေတာ အရင်လို ရေမလျှံတော့ဘူးရှင့်
ရွှေငါးလောက်စီးတာတော့ ဒီခေတ်မှာစာမဖွဲ့တော့ဘူးလေ
အလုပ်ထဲ ငွေကွာလို့ပြဿနာတက်တယ်ကြားတယ်။ ဘောလုံးပွဲတွေရှုံးတယ်ကြားတယ်။
ဘိုးတော်သားနဲ့ ကိုယ်တွေသားက ကျောင်းမှာအတန်းတူတယ်။
ဘိုးတော်သားက တစ်နေ့မုန့်ဖိုးငါးရာရတယ်။ ကိုယ်တွေသားကိုအောက်ကျမှာစိုးလို့မုန့်ဖိုးတစ်နေ့ထောင့်ငါးရာပေးတယ်။

နောက်လဆို အခုကေတီဗီပိုင်ရှင်က နောက်တစ်ဆိုင်ထပ်ဖွင့်တော့မှာ
ကိုယ်တွေ ဆိုင်သစ်ကိုပြောင်းမှာ ဘိုးတော်ကိုတော့ အကွက်ရွှေ့ရမှာပေါ့ရှင်
အကွက်ရွှေ့တာလွယ်ပါတယ် သူ့မိန်းမနဲ့အတူရှိချိန်မှန်းပြီး လေးငါးခါ ကြူလိုက်ရုံပဲ
ကိုယ်လည်း ထိုက်သလောက်ရပြီးပြီဆိုတော့ သူတို့လင်မယား သတ်ကြပါလေ့စေလေ
ကိုယ်တွေက လန်ခရူဆာနဲ့အမှန်အကန်စပွန်ဆာတစ်ယောက် ကြိုချဉ်းထားပြီးပြီ။ ခုဘိုးတော်က ချီးထုပ်ဖြစ်နေပြီလေ

အဲလိုဘိုးတော်မျိုးကို ကိုယ်တွေက ကွယ်ရာမှာ နွားလို့ခေါ်တယ်။

ကေတီဗီက ဆော်ဆိုတာ ကိုယ့်မိသားစုမျက်နှာကလွဲရင် ဘာမှစောက်ဂရုမစိုက်တာ ဒီလောကရဲ့စည်းမျဉ်းပါရှင်။

=

စုမောင်မောင် crd

===========

Search Myanmar » kyaw zay ya pk

🪶

02/05/2026

လေဆိပ်မှာ ဘယ်တော့မှ မလုပ်သင့်တဲ့ အရာ ၃ ခုရှိပါတယ်။

ပထမဆုံး၊ တစ်ယောက်ယောက်က သင့်ကို သူတို့ရဲ့ သောက်နေတဲ့ခွက် ဒါမှမဟုတ် အိတ်ကို ကိုင်ပေးပါလို့ ပြောလာရင် “မလုပ်နိုင်ပါဘူး” လို့ တိုက်ရိုက် ပြောလိုက်ပါ။ ဒါဟာ မရိုးသားတာ မဟုတ်ပါဘူး — သင့်ကိုယ်သင် ကာကွယ်တာပါ။ ဒီလိုနည်းနဲ့ လိမ်လည်သူတွေက သင့်ကို မသိမသာ ပါဝင်စေတတ်ပါတယ်။ သင်မသိဘဲ တရားမဝင်အရာတစ်ခုကို ကိုင်ထားမိနိုင်ပါတယ်။ ဒါကြောင့် သင့်ပစ္စည်းကိုပဲ ကိုင်ထားပါ။

ဒုတိယ၊ လေဆိပ်ရဲ့ Public Wi-Fi ကို မချိတ်ဆက်ပါနဲ့။ အခမဲ့ဖြစ်လို့ လုံခြုံသလို ထင်ရပေမယ့် hacker တွေ စောင့်နေနိုင်ပါတယ်။ သူတို့က သင့် password တွေ၊ email တွေ၊ banking အချက်အလက်တွေ အပါအဝင် သင့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက် အားလုံးကို ခိုးယူနိုင်ပါတယ်။

တတိယ၊ သင့် boarding pass ကို online ပေါ်မှာ မမျှဝေပါနဲ့။ အဲဒီ barcode ထဲမှာ သင့်ထိုင်ခုံနံပါတ်တင်မကဘူး — သင့်နာမည်၊ frequent flyer အချက်အလက်တွေ၊ သွားလာမယ့် ခရီးစဉ်အသေးစိတ်တွေပါ ပါဝင်နေပါတယ်။ လိမ်လည်သူတွေက ဒီအချက်အလက်တွေကို အသုံးပြုပြီး သင့်အကောင့်တွေကို hack လုပ်နိုင်သလို သင့်ခရီးစဉ်ကိုလည်း ခြေရာခံနိုင်ပါတယ်။

သင့်လုံခြုံရေးက သင့်လက်ထဲမှာပါ။ ဒီသတိပေးချက်တွေကို လိုက်နာပြီး နောက်တစ်ကြိမ် ခရီးထွက်မယ့် မိတ်ဆွေ၊ မိသားစုတွေနဲ့လည်း မျှဝေပေးပါ။

Source - Lori Greiner

မေတ္တာဖြင့်
မိုး

02/05/2026

ကွာရှင်းပြတ်စဲဖို့ ရောက်လာကြသူအများစုဟာ ရုံးခန်းထဲမှာ မျက်ရည်စတွေ ကိုယ်စီနဲ့ပါ။

ဒါဟာ ရုပ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု တွေကြောင့်ချည်းပဲ မဟုတ်ပါဘူး။ အိမ်ထောင်ရေးဆိုတဲ့ စာချုပ်ကြီးကို အတွင်းကနေ ဆွေးမြည့်သွားစေတဲ့ နောက်ထပ် အင်မတန် အန္တရာယ်များတဲ့ အမှားကြီး နှစ်ခု ရှိနေသေးပါတယ်။

၁။ ငွေကြေး ဖောက်ပြန်မှု

လူတွေက "ဖောက်ပြန်တယ်" ဆိုရင် တတိယလူ ပါလာတာကိုပဲ ပြေးမြင်ကြပါတယ်။ ဒါပေမယ့် ဥပဒေရှုထောင့်အရ အိမ်ထောင်ရေးကို အမြန်ဆုံး ပြိုကွဲစေတာက "ငွေကြေးနဲ့ ပတ်သက်ပြီး လိမ်လည်လှည့်ဖြားခြင်း" ပါပဲ။

အိမ်ထောင်ဖက် မသိအောင် အကြွေးဝယ်ကတ် တွေ အသုံးပြုထားခြင်း၊ ကိုယ့်ဆွေမျိုးတွေကို တိတ်တဆိတ် ငွေထောက်ပံ့နေခြင်း၊ ဒါမှမဟုတ် ဝင်ငွေအစစ်အမှန်ကို ဖုံးကွယ်ထားခြင်းတွေဟာ "အိပ်ရာပေါ်က ဖောက်ပြန်မှုထက် ပိုပြီး ဆိုးရွားတဲ့ ယုံကြည်မှု ချိုးဖောက်ခြင်း" ပါပဲ။

လက်ထပ်ခြင်းဆိုတာ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို ပူးတွဲတာဝန်ယူရတဲ့ "စီးပွားရေး ပဋိညာဉ်" တစ်ခု ဖြစ်ပါတယ်။ အဲဒီ အခြေခံအုတ်မြစ်မှာ "လျှို့ဝှက်ချက်" ဆိုတဲ့ အက်ကွဲကြောင်း ထင်သွားပြီဆိုရင်၊ ကျန်တဲ့ အချစ်တွေ၊ သံယောဇဉ်တွေ ဆိုတာဟာ ဘာတန်ဖိုးမှ မရှိတော့ပါဘူး။

၂။ "တစ်သားတည်းဖြစ်ခြင်း" ဟူသော ထောင်ချောက်

အထူးဆန်းဆုံး အမှားတစ်ခုကတော့ လင်မယားတွေဟာ "ငါတို့ နှစ်ယောက်က တစ်သားတည်းပဲ ဆိုတဲ့ အယူအဆကို အလွန်အကျွံ လက်ကိုင်ထားကြတာပါပဲ။ လက်ထပ်ပြီးတဲ့နောက်မှာ ကိုယ်ပိုင် သူငယ်ချင်းတွေ၊ ကိုယ်ပိုင် ဝါသနာတွေ၊ ကိုယ်ပိုင် အချိန် တွေကို စွန့်လွှတ်လိုက်ပြီး၊ အရာရာကို နှစ်ယောက်တွဲ အနေနဲ့ပဲ လုပ်ဆောင်လာကြပါတယ်။

အိမ်တစ်လုံးကို ခိုင်ခိုင်မာမာ မိုးထားနိုင်ဖို့ဆိုရင် အောက်က တိုင်လုံးနှစ်ခုဟာ သင့်တော်တဲ့ အကွာအဝေးတစ်ခုမှာ သီးခြားစီ ရပ်တည်နေဖို့ လိုအပ်ပါတယ်။ အဲဒီတိုင်လုံးနှစ်ခုကို 'ချစ်လွန်းလို့' ဆိုပြီး တစ်ခုတည်းဖြစ်အောင် ပူးကပ်လိုက်ရင် အပေါ်က အမိုးကြီး ပြိုကျလာမှာ သေချာပါတယ်။

တစ်ယောက်အပေါ် တစ်ယောက် အလွန်အမင်း မှီခိုလွန်းအားကြီးတဲ့အခါ ဆွဲဆောင်မှု တွေ ပျောက်ဆုံးသွားပြီး၊ နောက်ဆုံးမှာ အသက်ရှူကျပ်တဲ့ အကျဉ်းထောင်တစ်ခုလို ခံစားလာရတတ်ပါတယ်။

ဥပဒေမှာ "ပွင့်လင်းမြင်သာမှု" ဟာ စာချုပ်တစ်ခုကို အသက်ဝင်စေတဲ့ အဓိက သွေးကြောပါပဲ။ "ငွေကြေး" နဲ့ ပတ်သက်လာရင် ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို စီးပွားရေးလုပ်ဖော်ကိုင်ဖက် တစ်ယောက်လို သဘောထားပြီး၊ လျှို့ဝှက်ချက် လုံးဝမထားဘဲ အေးအေးဆေးဆေး စာရင်းရှင်းပြနိုင်စွမ်း ရှိရပါမယ်။

အိမ်ထောင်ကျသွားလို့ "ငါ " ဆိုတာကို ဖျောက်ဖျက်ပြီး "ငါတို့ " ဆိုတဲ့ အရိပ်ထဲမှာပဲ ပုန်းအောင်းနေမယ် ဆိုရင်၊ တစ်နေ့မှာ ကိုယ်ပိုင် ခြေထောက်ပေါ် ရပ်တည်နိုင်စွမ်းမရှိတဲ့ အားနည်းသူတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။

သင့်ရဲ့ လက်တွဲဖော်ကို အရာအားလုံး ပုံအပ်ထားခြင်းဟာ အချစ်မဟုတ်ပါဘူး၊ တာဝန်မဲ့ခြင်းသာ ဖြစ်ပါတယ်။ အိမ်ထောင်ရေးဆိုတာ အပြည့်အဝ ရပ်တည်နိုင်တဲ့ လူသားနှစ်ယောက်က ဘဝကို မျှဝေခံစားဖို့ ရွေးချယ်လိုက်တဲ့ "ရင့်ကျက်သော သဘောတူညီမှု" တစ်ခုသာ ဖြစ်ကြောင်း လက်တွေ့ကျကျ သုံးသပ်တင်ပြလိုက်ရပါတယ်။


ဥပဒေပညာသည် အကျင့်သိက္ခာနှင့် ပြည့်စုံသော ပညာရပ်ဖြစ်သည်။

Crd

Trip.com Official Site‎‎ | Travel Deals and Promotions 25/04/2026

Tour ကိစ္စ အဆင်မပြေတာတွေ့လို့ လိုအပ်သူ​တွေအတွက် အကျိုးရှိမယ့်အရာလေး sharing လုပ်ချင်လို့ပါ ကိုယ်တိုင်လည်း ခရီးခဏခဏ ထွက်တဲ့သူမလို့ ခရီးသွားတိုင်း ကိုယ့်စိတ်ကြိုက်အကုန်စီစဥ်တာပါ အေးအေးဆေးဆေးနဲ့ သွားတတ်တာမလို့ Group Tour တွေ သိပ်မသွားဖြစ်ပါဘူး..

USA.. Europe Tour ထိ ကိုယ်တိုင်ပဲစီစဥ်ခဲ့တာပါ..နောက်ဆုံး April သွားခဲ့တာ မိသားစုသွားတဲ့ Shanghai ၁၂ ယောက်ခရီးတောင် တလလောက်ကိုယ်တိုင်ပြင်ဆင်ခဲ့တာပါ.. အရမ်းကောင်းတဲ့ Travel and Tour တွေရှိပါတယ် အဓိက က ကိုယ်တိုင်လုပ်တတ်နေတာရယ်ကြောင့် နောက်ပြီးတခါတလေကျ ကိုယ်မသွားချင်တဲ့နေရာတွေပါပြီး သွားချင်တဲ့နေရာတွေမပါလို့.. နောက်တခုကတော့ ကိုယ်တိုင်လုပ်ရင် ပိုလည်းသက်သာတယ် Hotel ကောင်းတာလည်းစိတ်ကြိုက်ပိုရွေးချင်လို့ပါ Customize စိတ်ကြိုက်လုပ်ချင်တဲ့သူမလို့ပါ

🔹အရေးကြီးဆုံးက အခုလို plan တွေလုပ်ဖို့ Visa Card တစ်ခုရှိဖို့လိုအပ်ပါတယ် ခရီးအတွက် လုံလောက်တဲ့ငွေပမာဏ ရှိနေရင်ပို စိတ်ချရပါတယ် (တခါတလေ Local Bank Visa Card error ဖြစ်တတ်လို့ Thai Bank Visa Card တခုရှိရင်ပိုကောင်းပါတယ်)

(1) အရေးကြီးဆုံးက Flight Ticket ပါ Flight Ticket ကိုတော့ ကိုယ့်ရဲ့ date အပြောင်းလဲရှိရင် စိတ်ချရအောင် ပြည်တွင်း service ပေးတဲ့ Columbus Travel & Tour ကဝယ်လေ့ရှိပါတယ် (ဒီဖုန်းဆက်နိုင်ပါတယ် Ms.Ju Ju: 09977891046) Myanmar Myat Cherry ကလည်းဝယ်ပါတယ်

တခါတလေ Tour တွေမှာ ဝယ်မရတာဖြစ်တတ်တယ် အဲဒီအချိန်ကျရင်တော့ ကိုယ်တိုင်နိုင်ငံခြား website မှာဝင်ဝယ်ပါတယ် တခါတလေ High season တွေမှာဆို website တွေက ပိုသက်သာနေတတ်တယ် စျေးကိုတော့ အမြဲ compare လုပ်ပြီးမှ ဝယ်ပါတယ် Flight မှာ အသက်သာဆုံး date ကိုကြည့်ပြီးမှပဲ ဖြတ်ပါတယ် ဥပမာ ကိုယ်က 5ရက်သွားချင်တယ်ဆိုရင် May 1-5 သွားမလား May 10-15 သွားမလား သေချာကြည့်ပြီးမှ Ticket ဝယ်ပါတယ်.. Ticket ကြည့်ပြီးသွားရင် ကိုယ်သွားမယ့်ရက်ရဲ့ ဟိုတယ်စျေးပြန်ကြည့်ပါတယ် ဟိုတယ်စျေးအဆင်ပြေမှ Flight ရက်ကို တခါတည်းဖြတ်ပါတယ်

💥ဟိုတယ် Booking မလုပ်ခင် ကိုယ်လည်ပတ်ချင်တဲ့နေရာတွေကို အရင် Schedule ရေးပါတယ် Day 1 ဘယ်သွားမယ် Day 2 ဘာလုပ်မယ်ဆိုတာမျိုးပါ (သွားသင့်တဲ့နေရာတွေ လည်ချင်တဲ့နာမည်ကြီးနေရာတွေကိုတော့ Tiktok Instragram နဲ့ Google research အရင်လုပ်ပါတယ်) တစ်ခါတစ်လေ လည်ချင်တဲ့​​နေရာ District မတူရင် ဟိုတယ်ပြောင်းနေပါတယ် Korea တုန်းကဆို လည်ချင်တဲ့နေရာမတူတော့ ဟိုတယ် ၂ခါ change ပါတယ်

(2) Hotel Booking ကိုတော့ Agoda နဲ့ Trip.com (website/app) ကနေ လုပ်ပါတယ် Review တွေကိုတော့ Google map ကနေလည်းကြည့်ပါတယ် ဟိုတယ်နဲ့ အခန်းပုံတွေလည်းသေချာတင်ထားလို့ အသေးစိတ်ကြည့်လို့ရပါတယ် Hotel Booking လုပ်တဲ့အခါ ငွေပေးချေထားစရာမလိုပါဘူး ဥပမာ ကိုယ်က June လအတွက် Booking လုပ်ချင်တယ်ဆိုရင် အခု April ကတည်းကလုပ်မယ်ဆိုလည်းရတာမလို့ အနားနီး ကိုယ်က ဟိုတယ် ပြောင်းချင်ရင်လည်းပြောင်းလို့ရပါသေးတယ် Pay Now နဲချက်ချင်းပေးမယ်ဆိုရင်တော့ ပိုသက်သာပါတယ် Payment ရွေးတဲ့အခါ 'အခုပေးမလား 'နောက်မှပေးမလားရွေးလို့ရပါတယ် (တခါတလေ hotel ၂ခုလောက်တပြိုင်တည်း Book ထားပါတယ်)(***Local Bank Card က ငွေပေးမယ့်သူတွေ တခါတလေ Hotel Booking visa card က ငွေဖြတ်ခါနီး card error တက်လို့ hotel cancel ဖြစ်သွားတတ်ပါတယ်) safe ဖြစ်အောင် တပတ်လောက်အလိုကတည်းက Website ကနေ Pay Now လုပ်​ကြည့်
လိုက်တာပိုကောင်းပါတယ်..

(3) တတိယအရေးကြီးတာ Trip plan ပါ ဒီနေရာမှာ အသွားအလာအတွက် ဘယ်နေရာသွားသင့်လဲ ဘယ်​နေရာတွေစားသင့်လဲပြောပြချင်ပါတယ် တချို့နိိုင်ငံ​တွေက Taxi ငှားရတာလွယ်ပါတယ် Grab တို့လို application တွေကနေသွားချင်တဲ့နေရာငှားရုံပါပဲ တချို့နေရာတွေမှာတော့ MRT Bus တွေစီးတတ်ဖို့လိုပါတယ် (youtube ကနေ ကိုယ်သွားချင်တဲ့နေရာရဲ့ transportation ကိုကြိုလေ့လာထားလို့ရပါတယ်) အခုဆို Chat GPT လည်းရှိနေတော့ ကိုယ်သွားချင်တဲ့နေရာတွေ ရိုက်ထည့်ပြီး ကိုယ်သွားမယ့်ရက် 4 days trip ဆိုရင် 'ဒီနေရာတွေသွားချင်ပါတယ် 4days plan ပေးပါ'ဆိုရေးလိုက်ရင် Day 1234 ဘယ်သွားသင့်တယ်ဆိုတာ အစဥ်လိုက်ပြပေးပါတယ်.. Entrance ဝင်ကြေး ticket တွေကိုတော့ Agoda/Trip/Klook ကနေဝယ်ပါတယ် တစ်ခါတစ်လေကိုယ် အစဆုံးမလုပ်တတ်ရင် ပုံ (၄)မှာပြထားသလို လုပ်ပြီးသား trip plan ကိုဝယ်လို့ရပါတယ်.. Shanghai တုန်းကတော့ ကိုယ်နေချင်တဲ့ရက်နဲ့ ကိုယ်သွားချင်တဲ့ရက်ကွက်တိမရှိလို့ Customize Trip plan ကိုရွေးပြီး Trip.com ရဲ့ Travel expert တွေသုံးခဲ့ပါတယ် အဲဒီမှာ အသွားအလာ Bus ငှားလိုက်ပြီး Bus ကအစ သူတို့စီစဥ်ပေးပါတယ်... Travel expert fee % ရှိပေမယ့် Trip တခုလုံးခြုံငုံသုံးသပ်ရင်တန်ပါတယ်

အပေါ်ကပြောသလို Hotel Book ရတာကအစ Plan ရေးရတာအဆုံး ခေါင်း​ခြောက်မခံချင်ရင်တော့ Travel Expert ကိုပဲရေးခိုင်းလို့ရပါတယ် အရမ်းအဆင်ပြေတယ် စရံကြိုပေးစရာလည်းမလိုဘူး Restaurants ကအစ Book လို့ရပါတယ် ခရီးစဥ်တလျှောက် Tour guide လည်းထည့်ခိုင်းလို့ရပါတယ်

ကိုယ်တိုင်လုပ်တဲ့ တခြား Benefits တွေက application တွေမှာmember level upgrade ဖြစ်သွားရင် E sim လည်း လက်ဆောင်ရတယ် VIP airport longue ​လည်း လက်ဆောင်ရတယ်

အများစုကတော့ Hotel Booking နဲ့ Flight booking ကို ရင်းနှီးပြီးသားလို့ထင်ပါတယ် အဓိက sharing လုပ်ပေးချင်တာ customize trip တွေကို Travel expert ကလုပ်ပေးနေပြီဆိုတာ အသိပေးချင်တာပါ (စေတနာပို စာအရှည်ကြီးရှင်းပြမှ ရှုပ်သွားရင်နားလည်ပေးပါ)

အခုပြောထားသလိုလေးတဆင့်ဆီလုပ်ကြည့်ပါနော် အစမှာတော့ ခက်ခဲသလိုထင်ရပေမယ့် လုပ်ကြည့်ရင်းနဲ့ကျွမ်းကျင်လာပါလိမ့်မယ်..

Dr.Kathryn
to original writer

Trip.com Official Site‎‎ | Travel Deals and Promotions Choose from over 1.2 million hotels in more than 200 countries, 30 million real guest reviews. Book flights to over 5,000 destinations worldwide. 24/7 Customer Service.

14/04/2026

အမျိုးသမီးတစ်ယောက်ရဲ့ အကြီးမားဆုံးစွမ်းရည်ဆိုတာ အလှတရား မဟုတ်ပါဘူး။

ဘဝရှုပ်ထွေးနေချိန်မှာတောင်
ကိုယ့်ကိုယ်ကိုယ် မဆုံးရှုံးစေတာ၊
အရှုံးမပေးတာဖြစ်တယ်။

သတိထားမိလား။

လူအများက လက်တွေ့ဘဝကို
အရှုံးမပေးကြပေမယ့်
သူတို့ဟာ နည်းနည်းရှုပ်ထွေးတာနဲ့
ပြိုလဲသွားတယ်။

နည်းနည်းနာတာနဲ့ ပုပ်သွားတယ်။

လျစ်လျူရှုခံရတာနဲ့
သူတို့ရဲ့ တည်ရှိမှုတန်ဖိုးကို သံသယဝင်တယ်။

သူတို့ မချော မလှတာလည်း မဟုတ်ဘူး၊
ကြိုးစားအားထုတ်မှု မရှိလို့လည်း မဟုတ်ဘူး၊

ယိမ်းယိုင်သွားတဲ့အခါ
သူတို့ကိုယ်သူတို့ ပြန်ဆွဲတင်နိုင်စွမ်း၊
ပြန်ကယ်နိုင်စွမ်း မရှိတာပါ။

ငယ်တုန်းကတော့
ပိုလှ၊ ပိုအားကောင်း၊ ပိုချစ်တဲ့လူ များရင်
ဘဝက ပိုချောမွေ့လာတယ်လို့ ထင်ခဲ့တယ်။

နောက်ပိုင်းမှာ နားလည်လာတာက
ဒါတွေက အမှတ်ပိုတွေ ဖြစ်ပြီး

ကိုယ့်ကို ပိုကောင်းတဲ့ဘဝ ရနိုင်စေတာက
ဘယ်သူမှ ကိုယ့်ကို မကယ်တင်နိုင်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်တဲ့ စွမ်းရည်ရှိတာပဲဖြစ်တယ်။

စိတ်ခံစားချက်တွေ ပေါက်ကွဲလာတဲ့အခါ
ကိုယ့်ကိုယ်ကိုယ် မဖျက်ဆီးဘူး။

ဆက်ဆံရေးတစ်ခု ပြီးဆုံးသွားတဲ့အခါ
ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချဘူး။

နေ့ရက်တွေ တန့်သွားတဲ့အခါ
အသက်ရှင်နေထိုင်မှုကို မစွန့်လွှတ်ဘူး။

ဒါကမှ တကယ့်ခွန်အားဖြစ်တယ်။
တကယ် အားကောင်းတာဖြစ်တယ်။

လက်တွေ့ဘဝက ရက်စက်ကြမ်းကြုတ်ပါတယ်။

ဝမ်းနည်းတိုင်း နှစ်သိမ့်ပေးသူ ရှိနိုင်တာ မဟုတ်ပါဘူး။

ကျရှုံးတိုင်း ပြန်ထူပေးသူ ရှိနိုင်တာ မဟုတ်ပါဘူး။

ဆုံးရှုံးတိုင်း ကိုယ့်အတွက် တရားမျှတမှုကို ရှာဖွေပေးသူ ရှိနိုင်တာ မဟုတ်ပါဘူး။

အချိန်တော်တော်များများမှာ
ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးပြီး
ဖြည်းဖြည်းချင်း ချေဖျက်၊
ဖြည်းဖြည်းချင်း ပြန်ကောင်းလာဖို့၊
ဖြည်းဖြည်းချင်း တည်ငြိမ်လာဖို့
ကြိုးစားရပါတယ်။

ဒီစွမ်းရည်က
အလှအပထက် ပိုအရေးကြီးပါတယ်၊
အချစ်ခံရတာထက် ပိုအရေးကြီးပါတယ်၊
အောင်မြင်မှုထက်တောင် ပိုအရေးကြီးပါတယ်။

ချောမောလှပတာက ကိုယ့်ကို
လူတချို့ နောက်ပြန်လှည့်ကြည့်စေရုံလေးပါ။

ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် နေနိုင်သူတွေကပဲ ဝေးဝေးကို လျှောက်နိုင်ပါတယ်။

လူတချို့ ထွက်ခွာသွားတာဟာ
ကိုယ်မကောင်းလို့ မဟုတ်ဘူး။

ဆက်ဆံရေးတချို့ အဆုံးသတ်သွားတာနဲ့
ကိုယ်ရှုံးသွားတာ မဟုတ်ဘူး။

လမ်းတချို့က အဆုံးထိ အတူလျှောက်ဖို့
မဖြစ်နိုင်တော့တာပါ။
ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်နေဖို့ မလိုပါဘူး။

ထွက်ခွာသွားသူကြောင့် ကိုယ့်တန်ဖိုးကို
သံသယဝင်စရာ မလိုပါဘူး။

စစ်မှန်တဲ့ ရင့်ကျက်မှုဆိုတာ
ဘယ်တော့မှ မနာကျင်တာ မဟုတ်ဘဲ
နာကျင်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ဘဝလမ်းကြောင်းထဲ ပြန်ဝင်ရောက်စေတာဖြစ်တယ်။

ကောင်းကောင်းစားပါ။
ကျန်းမာရေးကို ဂရုစိုက်ပါ။
အိပ်ပျော်အောင် အိပ်ပါ။
နေ့ရက်တွေကို သေချာဖြတ်သန်းပါ။
စိတ်ခံစားချက်ကို တည်ငြိမ်အောင်ထားပါ။

ဒါတွေက ရိုးရှင်းသာမန်တဲ့ အရာတွေလို့ ထင်ကောင်း ထင်ပါလိမ့်မယ်။

မဟုတ်ရပါဘူး။

ဒါတွေ လုပ်နိုင်တာနဲ့တင် တခြားလူထက် အများကြီး သာလွန်နေပါပြီ။

ဘာလို့လဲဆိုတော့ ဒီလောကမှာ
ဝမ်းနည်းစရာ အကောင်းဆုံးက
အချစ်မခံရလို့၊ ရွေးချယ်မခံရလို့၊
ကိုယ့်ကို လူတွေမမြင်လို့ ဆိုတာမဟုတ်ဘဲ
ကိုယ့်မှာ အခွင့်အရေးရှိရက်နဲ့
ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးသွားစေတာပါပဲ။

ဒါကြောင့် နောက်ပိုင်းမှာ
ကိုယ်လေးစားအားကျဆုံးသူတွေက
ကြည့်ရတာ ပြီးပြည့်စုံနေတဲ့သူတွေ မဟုတ်ဘဲ

လဲကျပြီး၊ ငိုကြွေးပြီး ကျိုးပဲ့ပြီးလည်း
နောက်ဆုံးမှာ ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့
ကိုယ့်ကိုယ်ကိုယ် ပြန်စုစည်းနိုင်တဲ့ အမျိုးသမီးတွေပါ။

သူတို့ဟာ အတောက်ပဆုံး မဟုတ်လည်း
သတ္တိအရှိဆုံးပါ။

ဘဝမှာ တကယ့် အောင်ပွဲခံကတ်က
ရုပ်ရည်၊ ဆက်ဆံရေး၊ ကံကောင်းခြင်းတွေ မဟုတ်ဘူးဆိုတာ သူတို့ သိလို့ပါ။

သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်ဖို့၊
ပြန်ကောက်ယူဖို့ အမြဲ အစွမ်းရှိနေပါတယ်။


-- မျှဝေပါတယ်

💌 to original Writer

#နိုင်းနိုင်းစနေ

02/04/2026

မိန်းကလေးတစ်ဦးဟာ အဖေရကံကောင်းရင်ကောင်း
မဟုတ်လို့ လက်တွဲဖော်ရကံကောင်းရင် ဘဝခရီးကို
တစ်ဝက်လောက် သက်သောင့်သက်သာနဲ့ လမ်းလျှောက်ခွင့်ရနိုင်တယ်။

ပြောရရင် သူ့အတွက် အဖေက ပုခုံးတစ်ဖက်မဖြစ်ပေးနိုင်တဲ့အခါ. ....
သူရွေးချယ်ခဲ့တဲ့အမျိုးသားကရော သူ့လက်တစ်ဖက်အဖြစ် ရှိနိုင်ခဲ့လား။
အဖေလျစ်လျူရှုခဲ့တဲ့ဆန္ဒတွေကို သူ့လက်တွဲဖော်က ဖြည့်ပေးလား။
အဖေမပေးတဲ့မေတ္တာကို သူ့လက်တွဲဖော်ဆီက ရလား။

ဒါဆိုရင် အဲ့အမျိုးသမီးက အစမှာပိုပင်ပန်းခဲ့ပေမယ့်. ....ဘယ်လောက်ပဲ ဒဏ်ရာအနာဆွေးဟောင်းတွေရှိနေပါစေ၊ အဲ့အပေါ်ပန်းပွင့်လေးတွေ ထိုင်ဆွဲပေးရင်း ဖုံးအုပ်ကာကွယ်ပေးခြင်း ခံရတာနဲ့တူတယ်။

"အနာရှိပေမယ့် ဆေးရှိတယ် "

အကယ်၍ သူ့လက်တွဲဖော်က မကောင်းဘူးဆိုရင်လည်း အချိန်မရွေးသူမဟာ အိမ်ကိုပြန်ပြေးလိုက်တာနဲ့. ....ဘယ်လောကဓံမှ ငါ့သမီးကို မထိနဲ့လို့ အကာအကွယ်ပေးမယ့် အေဖ၊
အင်အားရှိတဲ့အဖေ၊ အဆင်သင့်ဖြစ်နေတဲ့အဖေကို တွေ့ခွင့်ရနိုင်တယ်ဆိုရင်
အဲ့အမျိုးသမီးဟာလည်း ဘယ္သြားသြား ခလုတ်တိုက်ပြီး ငိုပြန်လာတာနဲ့ ချော့မြူစိုးရိမ်ပေးခြင်းခံရတဲ့ ကလေးနဲ့တူတယ်။

" အနာရှိပေမယ့် ဆေးရှိတယ် "

မဟုတ်ပဲ ဘဝမှာ ချစ်ပေးတဲ့အဖေရော
လက်တွဲဖော်ကောင်းကိုပါ မရခဲ့တဲ့အမျိုးသမီးကတော့. ...ကိုယ်လဲရင် ကိုယ်ထ၊ ကိုယ့်ဒဏ်ရာ ကိုယ်ကုရင်း. .....
နောက်ဆုံး မခံနိုင်တော့ဘူးလို့ တိတ်တိတ်လေး ချောင်မှာသွားကပ်မှိုင်နေရင်တောင်
ဘယ်သူကမှ အရေးတယူ လာထူပေးခြင်းမခံရတဲ့ မေတ္တာတရားရဲ့ ဘေးထွက်ဆိုးကျိုးလို လူဖြစ်တာပါပဲ။

"အနာပဲ ရှိတယ်၊ ဆေးမရှိဘူး "
ဖြစ်ရင် ကိုယ့်အနာနဲ့ပဲ ကိုယ်ပြန်ကုရတယ်။

ပိုသန်မာလာမှာပါလို့ ခဏခဏ အားပေးခြင်းခံရပေမယ့် ကိုယ့်ဘာသာ ကုန်းရုန်းထနေရတာတော့
ခံစားချက်အားလုံးကို ကိုယ်ကိုယ်တိုင်ပဲသိတာမဟုတ်လား ။ ♥🍀

#နေမီကျော်

23/02/2026

ဆရာဝန်၊ သူတို့က Squat လုပ်ရင် ခြေသလုံးသွယ်ပြီး တင်ပါးလှမယ်လို့ ပြောလို့ YouTube က ဗီဒီယိုအတိုင်း တစ်နေ့ကို အကြိမ် ၁၀၀ လုပ်တာ တစ်ပတ်ရှိပြီ။ အခု လှေကားတောင် မဆင်းနိုင်တော့ဘူး။ ဒူးခေါင်းက ပြုတ်ထွက်တော့မလို နာကျင်ပြီး 'ဂရွပ်ဂရွပ်' လို့ အသံမြည်နေတယ်"
ဒါကတော့ ကျန်းမာရေးကို ဂရုစိုက်ပြီး လေ့ကျင့်ခန်းလုပ်ချင်တဲ့ အသက် ၄၀ ကျော် အမျိုးသမီး လူနာတစ်ဦးရဲ့ ညည်းတွားသံ ဖြစ်ပြီး၊ လေ့ကျင့်ခန်းလုပ်ရာကနေ "နာကျင်မှု" ကို လက်ဆောင်အဖြစ် ပြန်ရရှိခဲ့တာပါ။
ထိုင်ထလေ့ကျင့်ခန်းဟာ ပေါင်နဲ့ တင်ပါး ကြွက်သားတွေကို တည်ဆောက်ရာမှာ အလွန်ကောင်းမွန်တဲ့ ဂန္တဝင် လှုပ်ရှားမှုတစ်ခု ဖြစ်ပေမဲ့ "ဓားနှစ်ဖက်သွား" နဲ့ တူပါတယ်။
မှန်ကန်စွာ လုပ်ဆောင်ပါက: ဒူးခေါင်းအဆစ်ကို ခိုင်မာစေတဲ့ ဆေးကောင်း ဖြစ်ပါတယ်။
မှားယွင်းစွာ လုပ်ဆောင်ပါက: ဒူးဆစ်အရိုးနုကို ဖျက်ဆီးတဲ့ "အရိုးကြိတ်စက်" တစ်ခု ဖြစ်လာပါတယ်။
ဒီနေ့မှာတော့ ဒီလေ့ကျင့်ခန်း ဘာကြောင့် လူအများစုအတွက် အိပ်မက်ဆိုး ဖြစ်လာရတာလဲ၊ ပြီးတော့ ဒူးခေါင်း ဘေးကင်းအောင် ဘယ်လို လေ့ကျင့်ခန်း လုပ်ရမလဲဆိုတာ ရိုးရှင်းတဲ့ ဇီဝ-စက်ယန္တရား (Biomechanics) အရ ရှင်းပြပေးပါမယ်။
🚨 "ဖိအား" အစစ်အမှန် - ဒူးခေါင်းက ထင်တာထက် ဝန်ပိုထမ်းရ
ကျွန်တော်တို့ရဲ့ ဒူးခေါင်းအဆစ်ကို "တံခါးပတ္တာ" လိုမျိုး မြင်ကြည့်ပါ။ ဒူးခေါင်းအရှေ့ဘက်မှာ ဒူးဆစ်ရိုး (Patella) လေးက ဒလိမ့်တုံး (Pulley) အဖြစ် ကပ်နေပြီး ခြေထောက်ဆန့်တဲ့အခါ အားကို မြှင့်တင်ပေးပါတယ်။
ရပ်နေချိန် သို့မဟုတ် မြေပြန့်ပေါ် လမ်းလျှောက်ချိန်မှာ ဒူးဆစ်ရိုးပေါ် ဖိအားက သုညနီးပါးသာ ရှိပါတယ်။
ဒါပေမဲ့ ဒူးကွေး (Squat) စတင်လိုက်တာနဲ့—
ပေါင်ကြွက်သားတွေက ဒူးဆစ်ရိုးကို ပေါင်ရိုးအပေါ်ဘက်နဲ့ ဆွဲပြီး ဖိအားပြင်းပြင်း ဖိချလိုက်ပါတယ်။ ဒူးက ပိုကွေးလေ၊ ဖိအားက ပိုကြီးလေ ဖြစ်ပါတယ်။
လှုပ်ရှားမှုအလိုက် ဒူးပေါ်ကျရောက်သော ဖိအားများ (ကိုယ်အလေးချိန်၏ - ဆ):
လမ်းလျှောက်ခြင်း - ၀.၅ ဆ
လှေကားတက်ခြင်း - ၃ မှ ၄ ဆ
Squat (ဒူးနက်နက်ကွေးခြင်း) - ၇ မှ ၈ ဆ အထိ
ဥပမာအားဖြင့်၊ သင့်ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ် ရှိတယ်ဆိုရင်၊ ဒူးကို နက်နက်ကွေးလိုက်တဲ့အခါ သင့်ဒူးဆစ်ရိုး အရှေ့ဘက် အရိုးနုပေါ်ကို ကီလိုဂရမ် ၅၀၀ နီးပါး ဖိအား သက်ရောက်သွားတာကို မြင်ယောင်ကြည့်ပါ။
သင့်ရဲ့ အရိုးနုက အားကောင်းနေသေးရင် ခံနိုင်ပေမဲ့၊ အသက်ကြီးလာလို့ ဒါမှမဟုတ် လေ့ကျင့်ခန်း မလုပ်တဲ့သူတွေမှာ အရိုးနုက ပျော့လာခြင်း သို့မဟုတ် ပွန်းပဲ့ရာတွေ စဖြစ်လာပြီဆိုရင်၊ ဒီဖိအားကြီးက အရိုးနုကို ထိုးကြိတ် ဖျက်ဆီး စေနိုင်ပါတယ်။
3️⃣ အဓိက အကြောင်းရင်း - Squat ဘာကြောင့် "အန္တရာယ်" ဖြစ်လာရသလဲ
Squat လုပ်တိုင်း ဒူးပျက်စီးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အောက်ပါ အချက် ၃ ချက် ပေါင်းစပ်မိတဲ့အခါ ပြဿနာ စတတ်ပါတယ်။
၁။ "အန္တရာယ်ရှိသော ထောင့်" (နက်လွန်းအောင် ကွေးခြင်း)
လူအများစုက တင်ပါးပိုလှအောင်လို့ တတ်နိုင်သမျှ အောက်ဆုံးအထိ နက်နက်ထိုင်ထ (Deep Squat) ရမယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ဒူးကို ၉၀ ဒီဂရီထက် ပိုကွေးတဲ့အခါ ဒူးဆစ်ရိုးနဲ့ ပေါင်ရိုးရဲ့ ထိတွေ့မှု ဧရိယာက ပိုသေးသွားပြီး ဖိအားက ပိုများလာတယ်။ ၎င်းသည် မြေကြီးပေါ် ဒေါက်ဖိနပ်ဖြင့် နင်းချလိုက်သလိုမျိုး အရိုးနုကို အလွယ်တကူ ပျက်စီးစေတယ်။
ဒူးနာနေသူတွေအတွက် ၄၅-၆၀ ဒီဂရီထက် ပိုကွေးခြင်းဟာ အရိုးနုတွေကို အမြန်ဆုံး စားပစ်မယ့် ဧရိယာ ဖြစ်ပါတယ်။
၂။ "ပုံစံမှားပြီး ဘဝပြောင်းခြင်း"
Squat လုပ်တဲ့အခါ ခန္ဓာကိုယ်အလေးချိန်ကို ရှေ့ဘက်သို့ လွှဲချပြီး "ဒူးက ခြေချောင်းထိပ်ကို ကျော်သွားခြင်း" (Knees pass toes) ဟာ အန္တရာယ်ရှိပါတယ်။ ဒီလိုဖြစ်ရင် ဝန်က ပေါင်ကြွက်သားဆီ မရောက်တော့ဘဲ ဒူးခေါင်းအဆစ်ဆီသို့ တိုက်ရိုက် သက်ရောက်စေပါတယ်။
ဒါမှမဟုတ် တင်ပါးကြွက်သား အားမကောင်းသူတွေမှာ ထိုင်ချတဲ့အခါ "ဒူးနှစ်ဖက် အတွင်းဘက်သို့ ကွေးဝင်ခြင်း" (Knee Valgus) ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင် ဒူးဆစ်ရိုးက လမ်းကြောင်းမှန်ကနေ လွဲသွားပြီး ပြင်းထန်တဲ့ ပွတ်တိုက်မှုတွေ ဖြစ်ကာ အရိုးနုတွေ အလွယ်တကူ ပွန်းပဲ့နိုင်ပါတယ်။
၃။ "အခြေခံ အခြေအနေ မကောင်းခြင်း"
အသက် ၄၀-၅၀ ဝန်းကျင် သို့မဟုတ် လေ့ကျင့်ခန်း မလုပ်သူတွေမှာ ဒူးဆစ်ရိုးနောက်ဘက် အရိုးနုက မသိလိုက်ဘဲ ပျော့ပျောင်းလာခြင်း သို့မဟုတ် သဲစက္ကူလို ကြမ်းတမ်းလာခြင်း (Chondromalacia Patellae) ဖြစ်နေတတ်ပါတယ်။
ဒီလို အခြေအနေမှာ Squat ကို အကြိမ် ၁၀၀ ဆက်တိုက် လုပ်တာဟာ အရိုးနုကို သဲစက္ကူနဲ့ ပွတ်တိုက်သလိုမျိုး ဖြစ်စေပြီး ရောင်ရမ်းမှု၊ နာကျင်မှုနှင့် နီရဲမှုတို့ ချက်ချင်း ဖြစ်ပေါ်လာစေပါတယ်။
🛑 Squat လုပ်လို့ မသင့်ကြောင်း သတိပေးချက်များ
လေ့ကျင့်ခန်းလုပ်နေစဉ် အောက်ပါ လက္ခဏာများ ခံစားရပါက "ချက်ချင်း ရပ်တန့်ပါ":
"ဒူးခေါင်းအရှေ့ဘက်" သို့မဟုတ် "ဒူးဆစ်ရိုး ပတ်လည်" တွင် စူးခနဲ နာကျင်ခြင်း။ (ကြွက်သားနာကျင်မှု မဟုတ်၊ အရိုးအတွင်းပိုင်း နာကျင်မှု)
ဒူးကို ကွေး/ဆန့် လုပ်သည့်အခါ "ဂရွပ်ဂရွပ်" (သဲကြိတ်သလို) အသံများ ကြားရခြင်း။
လှေကား "အဆင်း" တွင် ပို၍ နာကျင်ခြင်း။
တင်ပလ္လင်ခွေ သို့မဟုတ် ဒူးထောက် မထိုင်နိုင်တော့ခြင်း။ (ဒူးအရှေ့ဘက်ရှိ အရွတ်များ ရောင်ရမ်းတင်းမာခြင်းကြောင့်)
✅ လုံခြုံသော ထွက်ပေါက် - ဒူးမပျက်စီးဘဲ ခြေထောက် အားကောင်းအောင် လုပ်နည်း
ဆရာဝန်အနေနဲ့ Squat ကို လုံးဝ မလုပ်ရဘူးလို့ တားမြစ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ ဒူးအခြေအနေနဲ့ ကိုက်ညီအောင် "ပုံစံပြောင်း" ရပါမယ်။
Full Squat ကို "Mini Squat" ဖြင့် အစားထိုးပါ
ထိုင်ခုံပေါ် ထိုင်သလို အောက်ဆုံးထိ မကွေးဘဲ ၃၀-၄၅ ဒီဂရီ သာ ကွေးချပါ။ နည်းနည်းလေးသာ ကွေးခြင်းဖြင့် ဒူးဆစ်ရိုးပေါ် ဖိအား အလွန်နည်းသော်လည်း ပေါင်ကြွက်သားများ အားယူဆဲ ဖြစ်သည်။
နံရံကို အသုံးပြု၍ လေ့ကျင့်ပါ (Wall Sit)
ကျောကို နံရံတွင် ကပ်ပြီး ဖြည်းညှင်းစွာ ဒူးကို ကွေးချပါ။ နံရံက ခန္ဓာကိုယ်အလေးချိန် တစ်စိတ်တစ်ပိုင်းကို ထောက်ပံ့ပေးပြီး ဒူးက ခြေချောင်းထိပ်ကို မကျော်စေရန် ကူညီပေးပါတယ်။
ဒူးနာသူများအတွက် အကောင်းဆုံး လေ့ကျင့်ခန်း: "ခြေထောက် ဆန့်တန်း မြှင့်တင်ခြင်း" (Straight Leg Raise)
ဒူးနာလွန်းလို့ လုံးဝ မကွေးနိုင်ဘူးဆိုရင် ပက်လက် လှန်အိပ်ပြီး သို့မဟုတ် ထိုင်ခုံမှာ ထိုင်ပြီး လုပ်ပါ။ ခြေထောက်ကို ဆန့်တန်းပြီး တစ်ပေခန့် မြှင့်တင်ကာ ၁၀ စက္ကန့် အားယူထားပါ။ ဤနည်းသည် "ဒူးအဆစ်ပေါ် ဖိအား သုည" ဖြစ်သော်လည်း ပေါင်ရှေ့ကြွက်သားကို အလွန် အားကောင်းစေပါတယ်။
⚖️ အနှစ်ချုပ်: Squat ကောင်းလား ဆိုးလား?
Squat သည် ကောင်းသော လေ့ကျင့်ခန်းတစ်ခု ဖြစ်သော်လည်း "လူတိုင်းနှင့် မသင့်လျော်" သလို "ထောင့်တိုင်းနှင့်လည်း မသင့်လျော်" ပါ။
သင်သည် လူငယ်ဖြစ်ပြီး ဒူးခေါင်း ကောင်းမွန်ပါက မှန်ကန်သော Squat ပုံစံသည် အနာဂတ် ဒူးယိုယွင်းမှုကို ကာကွယ်ပေးနိုင်ပါသည်။ သို့သော် အသက်ကြီးလာသူ၊ ဒူးထဲမှ အသံများ စတင်ထွက်နေသူများအတွက် Squat ကို နက်နက်ရှိုင်းရှိုင်း အားထုတ်လုပ်ခြင်းသည် ဒူးဆစ်ကို အမြန်ဆုံး ပျက်စီးစေနိုင်ပါတယ်။
ဆရာဝန်အနေဖြင့် မှာကြားလိုသည်:
ကောင်းမွန်သော လေ့ကျင့်ခန်းဆိုသည်မှာ ကိုယ့်ခန္ဓာကိုယ်၏ အသံကို နားထောင်ခြင်း ဖြစ်သည်။ လုပ်ရင်း နာကျင်လာပါက ခန္ဓာကိုယ်က "ဒါ ငါနဲ့မကိုက်ဘူး" ဟု ပြောနေခြင်း ဖြစ်သည်။ အခြားသူများ လုပ်နိုင်တာ မြင်ရုံနဲ့ အောင့်အီး မလုပ်ပါနှင့်။ 🌿
ဒီလိုမျိုး ကျန်းမာရေး ဗဟုသုတတွေ၊ သဘာဝကုထုံးတွေနဲ့ နေ့စဉ်နေထိုင်မှုဘဝအတွက် အကျိုးရှိမယ့် အကြောင်းအရာတွေကို လက်မလွတ်စေဖို့ ကျွန်တော်တို့ရဲ့ 4umedia Page ကို See First လုပ်ထားပြီး Like & Share လုပ်ထားပေးကြပါဦးခင်ဗျာ။
သင့်ရဲ့ ကျန်းမာရေး ပြဿနာတွေကိုလည်း ကော်မန့်မှာ မေးမြန်း ဆွေးနွေးသွားနိုင်ပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ 🌿
to original writer
#ကျန်းမာရေးဗဟုသုတ #ဒူးနာသက်သာနည်း #လေ့ကျင့်ခန်း

04/02/2026

ချမ်းသာပေမယ့် တဘဝစံတွေ ရွံစရာလူတွေ

Epstein Files (နောက်ကွယ်မှာ လည်ပတ်နေတဲ့ စနစ်)‼️

Epstein files trend ဖြစ်နေတာနဲ့ ရှာကြည့်လိုက်တော့ Black Mirror Season 1 ထဲက Episode 1 မှာပါတဲ့ ဇာတ်လမ်းနဲ့ သွားဆင်နေတာ တွေ့ရတယ်။ ဇာတ်ကားထဲမှာ ပြန်ပေးဆွဲခံထားရတဲ့ မင်းသမီးလေးကို ကယ်ဖို့ ဗြိတိန်ဝန်ကြီးချုပ်ဟာ ရုပ်သံအားလုံးမှာ ဝက်တစ်ကောင်နဲ့ လိင်ဆက်ဆံဖို့ ခြိမ်းခြောက်ခံရတယ်။ ဝန်ကြီးချုပ်ရဲ့သိက္ခာကို ဖျက်ဆီးပီး သူ့ကို ထိန်းချုပ်ဖို့ ကြိုးစားတယ်။

ဇာတ်လမ်းထဲမှာ လူတွေဟာ ရွံ့စရာကောင်းတဲ့ ဖြစ်ရပ်ကို ရွံနေပေမယ့် တစ်ဖက်မှာလဲ စိတ်ပါလက်ပါနဲ့ စောင့်ကြည့်ကြတယ်။ ဝန်ကြီးချုပ်က မင်းသမီးကို ကယ်ဖို့အတွက် သူ့ရဲ့ သိက္ခာအားလုံးကို စတေးခဲ့ရတယ်။ ဒီ Episode က Epstein files နဲ့ သွားတူနေတာ တွေ့ရတယ်။ အားနည်းချက်ကို ကိုင်ထားပီး အလိုရှိရာကို ဖန်တီးသွားတာ တွေ့ရတယ်။

စနစ်ဟာ ဘယ်လို အလုပ်လုပ်သလဲ ⁉️

Epstein ရဲ့ အဓိက ဇာတ်ပို့က သူ့ရဲ့ Ex (Ghislaine Maxwell)

မိန်းကလေးတွေက ယောက်ကျားတွေထက် မိန်းမတွေကို ပိုပီး ယုံကြည်တတ်ကြတယ်။ squid game ထဲကလိုမျိုး ဖြစ်နေတယ်။ Ex က ကျောင်း၊ စျေးဝယ် Center ၊ Bus ကားဂိတ်တွေမှာ မိန်းကလေးတွေကို “အရမ်းလှတာပဲ၊ မော်ဒယ်လုပ်မလား” ဆိုတာမျိုးတွေနဲ့ စတင် စည်းရုံးတယ်။ ပီးရင် မိန်းကလေးတွေကို အဝတ်အစားတွေ ဝယ်ပေးတာ၊ အလှပြင်ပေးတာတွေ လုပ်ပေးတယ်။ အဲ့ကနေ မိန်းကလေးတွေရဲ့ ယုံကြည်မှုကို ရအောင် ယူတယ်။

ပီးရင် Pyramid စနစ်ကို အသက်သွင်းတယ်။ MLM စနစ်နဲ့ ဆင်တူတယ်။ အငိုက်ဖမ်းလိုက်တဲ့ မိန်းကလေးတွေကို “နောက်ထပ် သူငယ်ချင်းတစ်ယောက် ထပ်ခေါ်ပေးရင် $200 ကနေ $500 ကြား ပေးမယ်”လို့ မဲဆွယ်လိုက်တယ်။ ငွေကြေးပိုင်း အခက်အခဲရှိတဲ့ မိန်းကလေးတွေက ငွေလွယ်တော့ သူတို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ဒီ Network ကြီးထဲ ဆွဲသွင်းလိုက်မိကြတယ်။ အဲ့လိုနဲ့ Network က အရှိန်ရလာပီး ကြီးထွားလာတယ်။

Epstein က သူ အနှိပ်ခံရတာ အရမ်းကြိုက်တယ်ဆိုပီး
အမြဲလိုလို ပြောတယ်။ မိန်းကလေးတွေကို နှိပ်ပေးရုံနဲ့ အများကြီးပေးမယ်ဆိုပီး မဲဆွယ်တယ်။ အစပိုင်းမှာ ရိုးရိုးနှိပ်တာကနေ စတယ်။ နောက်ပိုင်းမှာ S*x ဖက်ကို ဦးတည်သွားတယ်။

သူ အဓိက ပစ်မှတ်ထားတာက ဆင်းရဲတဲ့ မိသားစုက ကလေးတွေကို ပစ်မှတ်ထားတယ်။ ကလေးတွေကို ကျောင်းစရိတ် ထောက်ပံ့မယ်၊ ပညာသင်ဆု ပေးမယ်ဆိုပီး ကတိပေး ခေါ်တယ်။ နိုင်ငံခြားက မိန်းကလေးတွေကိုကျ US မှာ Visa ရအောင် လုပ်ပေးမယ်ဆိုပီး ခြိမ်းခြောက် စည်းရုံးတယ်။ သူတို့ရဲ့ Passport တွေကို သိမ်းလိုက်ပီး ကျွန်းပေါ်မှာ ပိတ်ထားတယ်။

Ex ပီးတော့ နောက်ထပ် လူရှာပေးတာက သူအနှိပ်ခံဖို့ Schedule ချပေးတဲ့သူလို့ နာမည်ကြီးတဲ့ Sarah Kellen ။ သူမက မိန်းကလေးတွေကို ဖုန်းဆက်ပေးတယ်။ လေယာဉ်လက်မှတ်တွေ စီစဉ်ပေးတယ်။ Epstein ဆီကို ဘယ်အချိန် ဘယ်သူသွားရမလဲ Schedule စနစ်တကျ စီစဉ်ပေးတယ်။ ပြစ်ဒဏ်က သက်သာခွင့် ရဖူးပေမယ့် ၂၀၂၆ file မှာ သူမက ရာဇဝတ်မှုမှာ အထင်အရှားပါတယ်ဆိုပီး တရားသူကြီးတွေက ပြောထားတယ်။ သူမက နာမည်ပြောင်းပီး ဇိမ်ခံအိမ်တွေနဲ့ နေထိုင်တာကို အမှုတွဲထဲမှာ တွေ့ရတယ်။

နောက်တစ်ယောက်က Epstein အိမ်မှာ အလုပ်လုပ်ခဲ့တဲ့ ပိုလန်က မော်ဒယ်ဟောင်း “Adriana Ross” ။ သူမက Epstein နဲ့ Private jet 🛩️ ပေါ်မှာ အမြဲ ပါတတ်တယ်။ မိန်းကလေးငယ်တွေ စုဆောင်းပေးတဲ့နေရာမှာ Maxwell ကို ကူညီခဲ့တယ်လို့ စွပ်စွဲခံထားရတယ်။ တရားရုံးမှာကျ Ross က “Fifth Amendment”ကို သုံးပီး မေးခွန်းတွေကို ဖြေဖို့ ငြင်းထားတာ တွေ့ရတယ်။

နောက်ထပ် တစ်ယောက်က “Nadia Marcinkova” ။အသက်၁၅ နှစ်ကတည်းက Epstein ဆီကို ရောက်လာတဲ့သူ ဖြစ်တယ်။ နောက်ပိုင်းမှာ Epstein ရဲ့ လက်ထောက်နဲ့ လေယာဉ်မှူးအဖြစ် အလုပ်လုပ်ပေးခဲ့တယ်။ သူမက စစချင်းတော့ Victim ။ နောက်ပိုင်းမှာ ကြံရာပါ အဖြစ် ပြောင်းလဲသွားတဲ့သဘော ရှိတယ်။ မိန်းကလေးတွေကို ကျွန်းပေါ် ခေါ်ဖို့၊ သူတို့ကို သင်တန်းပေးဖို့ လုပ်ပေးတယ်လို့ ပြောတယ်။

နောက်တစ်ယောက်က Epstein ရဲ့ New York ရုံးခန်းမှာ အနှစ် ၂၀ လောက် အလုပ်လုပ်ခဲ့တဲ့ အတွင်းရေးမှူး Lesley Groff ဖြစ်တယ်။ Epstein ကို ကမ္ဘာကျော် Cele တွေ၊ CEO တွေ၊ နိုင်ငံရေးသမားတွေကို ချိတ်ဆက်ပေးတဲ့သူ ဖြစ်တယ်။ မိန်းကလေးတွေရဲ့ ငွေရှင်းတမ်းကို သိတဲ့သူလို့ ဖိုင်တွေမှာ ပါဝင်နေတာ တွေ့ရတယ်။

စနစ်က ငွေလိမ်တာ၊ ခြိမ်းခြောက် ငွေတောင်းတာ၊ လိင်ကုန်ကူးတာ စတာတွေနဲ့ ဖွဲ့စည်းထားတဲ့ စနစ်လိုမျိုး ဖြစ်နေတယ်။ မိန်းကလေးတွေကို အကြီးကြီးအမ်းပီး သူတို့ တစ်ဘဝလုံး Epstein အပေါ်မှာပဲ မီခိုရအောင် တည်ဆောက်ထားလိုက်တယ်။ ရုန်းမထွက်နိုင်အောင် ချုပ်ထားလိုက်တယ်။

မိန်းကလေးတွေကို သူ့အတွက်တင် မကပဲ Power ရှိတဲ့သူတွေအတွက်ပါ သုံးခဲ့တယ်။ Epstein ရဲ့ အိမ်တွေနဲ့ ကျွန်းပေါ်မှာ လျို့ဝှက် camera တွေ အများကြီး တပ်ထားတယ်။ နာမည်ကြီးတဲ့ နိုင်ငံရေးသမား၊ သူဌေး၊ တော်ဝင်မိသားစုဝင်တွေကို မိန်းကလေးငယ်လေးတွေနဲ့ အတူရှိနေတဲ့အချိန်မှာ မသိအောင် video ခိုးရိုက်ထားလိုက်တယ်။ အဲ့ Video တွေနဲ့ သားကောင် ပြန်ဖမ်းပီး အကြပ်ကိုင်တယ်။ ခိုင်းတာမလုပ်ရင် သိက္ခာမြောင်းထဲ ရောက်မယ်ဆိုတဲ့ နည်းလမ်းနဲ့ ခြိမ်းခြောက်တယ်။ အဲ့လို နည်းလမ်းနဲ့ Power သမားတွေကို ခြိမ်းခြောက်ထားနိုင်တော့ Power ရှိတဲ့သူတွေက Epstein ကို ဥပဒေလက်ကနေ ကာကွယ်ပေးခဲ့ကြတယ်။ အဲ့နည်းလမ်းနဲ့ နှစ်ပေါင်းများစွာ အဖမ်းမခံရပဲ လွတ်မြောက်နေခဲ့တယ်။ Epstein စနစ်က ကလေးငယ်တွေကို အသုံးချပီး Power ရှိတဲ့သူတွေကို ထောက်ချောက်ထဲ ထည့်တယ်။ အဲ့ ရလာတဲ့ Power နဲ့ သူ့ရဲ့ အပြစ်တွေကို ပြန်ဖုံးကွယ်ထားတယ်။

Epstein က ဝင်ငွေ ဘယ်လိုရလဲဆိုတော့ VS တည်ထောင်တဲ့ Leslie Wexner ရဲ့ ငွေကြေးအားလုံးကို စီမံခန့်ခွဲတဲ့ power ကို ရခဲ့တယ်။ Wexner ဆီက နှစ်တိုင်း နှစ်တိုင်း $ သန်းပေါင်းများစွာ ရခဲ့တယ်။ အဲ့ဒီအပြင် $77 Million တန်တဲ့ အိမ်ကြီးကို Wexner ဆီက လက်ဆောင် ရခဲ့တယ်။

သူဌေးကြီး Leon Black က Epstein ကို အခွန်ရှောင်နည်းနဲ့ အမွေဆက်ခံတာနဲ့ ပတ်သက်ပီး အကြံပေးခ
$158 million အထိ ပေးခဲ့တယ်ဆိုပီး ၂၀၂၅-၂၀၂၆ စုံစမ်းမှုတွေမှာ ပေါ်ထွက်လာတယ်။

Epstein က သူ့ရဲ့ကုမ္ပဏီတွေကို US Virgin Islands မှာ အခြေချထားတယ်။ အစိုးရ Power သုံးပီး အခွန်လျှော့ပေါ့တာ ၉၀% အထိ ရအောင် လုပ်ထားတယ်။ နှစ်ပေါင်း ၂၀ အတွင်း အခွန်ဆောင်ရမယ့် $300 million ကျော်ကို သက်သာအောင် လုပ်ပီး အဲ့ငွေတွေကို သူ့ရဲ့ ပိုင်ဆိုင်မှုထဲ ထည့်ထားခဲ့တယ်။

ဘဏ်တွေရဲ့ အကူအညီကို ယူခဲ့တယ်။ JPMorgan Chase နဲ့ Deutsche Bank တွေလိုမျိုး ဘဏ်ကြီးတွေက သံသယဖြစ်စရာကောင်းတဲ့ ငွေအပေးအယူတွေကို သိသိလျက်နဲ့ ခွင့်ပြုပေးခဲ့တယ်။ Epstein က ဒီဘဏ်တွေကို ကမ္ဘာ့အချမ်းသာဆုံးသူတွေနဲ့ မိတ်ဆက်ပေးပီး ကြားပွဲစားခတွေ ယူခဲ့တယ်။

ဒါက တရားဝင် သက်သေပြဖို့ ခက်နေသေးပေမယ့် ဖိုင်တွေအရ ဖြစ်နိုင်တယ်ဆိုပီး ယူဆနေကြတယ်။ Power ရှိတဲ့သူတွေကို သူတို့ရဲ့ Video နဲ့ ခြိမ်းခြောက်ငွေတောင်းတာ၊ အဲ့လူတွေဆီက အကျိုးအမြတ်ရမယ့် သတင်းအချက်လက်တွေကို ရအောင် ယူပီး ငွေရှာခဲ့ ဖြစ်နိုင်တယ်ဆိုပီး ယူဆနေကြတယ်။

Epstein ဟာ သူ့ကိုယ်သူ “Financial Architect”ဆိုပီး တင်စားခဲ့တယ်။ ဘီလျံနာတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်ပီး ငွေတွေ အများကြီး ရယူခဲ့တယ်။ power ရှိတဲ့သူတွေကို ခြိမ်းခြောက်နိုင်တဲ့ Social Capital ကို သုံးခဲ့ပီး ငွေရှာခဲ့တယ်။ သူသေတဲ့အချိန်မှာ သူ့ရဲ့ ပိုင်ဆိုင်မှုက $600 million နီးပါး ရှိခဲ့တယ်။

Epstein နဲ့ ပတ်သက်ပီး ဘဝပျက်တော့မလိုမျိုး ရင်ဆိုင်နေရတာတွေက

Prince Andrew
Jan 30, 2026 မှာ ထွက်လာတဲ့ ပုံတွေထဲမှာ မိန်းကလေးတစ်ယောက်ရဲ့ အပေါ်မှာ လေးဖက်ထောက် ခွထားတဲ့ ပုံ ပါလာတယ်။ အကိုဖြစ်သူ Charles ဘုရင်က ရထားတဲ့ မင်းသားဘွဲ့နဲ့ “Duke of York”ဘွဲ့ကို တရားဝင် ပြန်ရုတ်သိမ်းလိုက်တယ်။

Virginia Guiffre နဲ့ အခြား အမျိုးသမီး တစ်ဦးက Epstein က သူမကို Andrew ဆီ ပို့ခဲ့တယ်ဆိုပီး ထပ် စွပ်စွဲလာတယ်။ England ဝန်ကြီးချုပ် Keir Starmer ကိုယ်တိုင် Andrewကို သက်သေထွက်ဖို့ တိုက်တွန်းနေတယ်။

အရင်တုန်းက Guiffre နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံပဲ ရှိခဲ့တယ်။ ဒီနှစ် Feb မှာ ထွက်ပေါ်လာတဲ့ FBI ရဲ့ လျို့ဝှက်file မှာ ကျွန်းပေါ်မှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေ ဝန်းရံ ပါတီလုပ်နေတဲ့ ပုံတွေ သတင်းမှာ ထပ်ပါလာတာ တွေ့ရတယ်။ Andrew ပါဝင်တဲ့ S*x Video တွေကို US တရားရုံးက သိမ်းဆည်းထားတယ်ဆိုတဲ့ သတင်းကြောင့် ဗြိတိန်တော်ဝင်မိသားစုက အကြီးအကျယ် မျက်ခုံးလှုပ်နေတယ်။ Black Mirror ကားထဲမှာ ဘဝပျက်သွားတဲ့ ဝန်ကြီးချုပ်လိုပဲ တော်ဝန်နန်းတော်မှာပါ နေထိုင်ခွင့်မရတော့ပဲ ဖယ်ထုတ်ခံလိုက်ရတဲ့အထိ ဂုဏ်သိက္ခာ ကျဆင်းသွားတာပါ။

Bill Gates
Bill Gates ရဲ့ အပျော်အပါး လျို့ဝှက်ချက်ကို သိပီး ခြိမ်းခြောက်ဖို့ ကြိုစားခဲ့တဲ့ Email တွေ ပေါ်လာတယ်။ Epstein က ဘေလ်းဂိတ်ကို ရုရှားမိန်းကလေးတွေနဲ့ ပျော်ဖို့ ဆေးဝါးတွေ ကူညီပေးခဲ့တယ်”ဆိုတဲ့ စွပ်စွဲချက် Email တွေ ပါဝင်လာတဲ့အတွက် ဘေလ်းဂိတ်ရဲ့ ပရဟိတ ပုံရိပ် အကြီးအကျယ် ထိခိုက်နေပြန်တယ်။ Gates ရဲ့ ဇနီးဟောင်း Melinda Gates က Epstein နဲ့ Bill Gates ခဏခဏ တွေ့တာကို သဘောမကျဘူး။ အဲ့ဒါဟာ သူတို့ လမ်းခွဲရတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်ဆိုပီး 2025 Interview တစ်ခုမှာ အတည်ပြုထားပါတယ်။

Jan 31, 2026 မှာ Slovakianနိုင်ငံက ထိပ်တန်း အရာရှိတစ်ဦးက Epstein file မှာ သူ့နာမည် ပါလာပီးတဲ့နောက်မှာ ရာထူးကနေ ချက်ချင်း နုတ်ထွက်သွားခဲ့တယ်။ Norway အိမ်ရှေ့မင်းသမီး Mette-Marit ကလဲ Epstein နဲ့ ရင်းနှီးခဲ့တာကို “အမှားကြီး မှားခဲ့ပါတယ်”လို့ လူသိရှင်ကြား တောင်းပန်ခဲ့ရတယ်။

Elon Musk နဲ့ Epstein ကြား ကျွန်းပေါ်မှာ ပါတီလုပ်ဖို့ ကိစ္စ၊ Helicopter စီးဖို့ ကိစ္စတွေ အပြန်အလှန် ပို့ထားတဲ့ Emailတွေ ပေါ်လာတယ်။ Elon Musk က ငြင်းထားပေမယ့် လူထုရဲ့ သံသယဝင်တာကို အကြီးအကျယ် ခံနေရတယ်။

Trump ရဲ့ အကြံပေးဟောင်း Bannon နဲ့ Epstein ကြားက ဆက်သွယ်မှုတွေကလဲ နိုင်ငံရေးလောကမှာ အတော်ကို ပွက်လော ရိုက်နေတယ်။

2024-2026 ထွက်ဆိုချက်မှာ Epstein က “Hawking ဟာ ကျွန်းပေါ်က မိန်းကလေးတွေနဲ့ ဟိုဟာဒီဟာ လုပ်ခဲ့တယ်”ဆိုတဲ့ သတင်းအမှားကို ဖြန့်ဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။ တကယ်တော့ Hawking ဟာ ကျွန်းပေါ်ကို သိပ္ပံညီလာခံတစ်ခုအတွက် ရောက်လာတာသက်သက်၊ ပြစ်မှု မကျူးလွန်ခဲ့ဘူးလို့ စုံစမ်းသူတွေက ယူဆကြပါတယ်။

2026 နောက်ဆုံးထွက်လာတဲ့ File တွေအရ Epstein မှာ ခြိမ်းခြောက်ဖို့ ရိုက်ထားတဲ့ “Secret Videos”တွေ အများကြီး တကယ်ရှိခဲ့ကြောင်း သက်သေ ပိုထွက်လာပါတယ်။ Black Mirror ဇာတ်ကားထဲက ဖြစ်စဉ်နဲ့ သွားတူနေပါတယ်။

Epstein Files တွေက 2026 ကုန်တဲ့အထိ အရှိန်အဟုန် ကောင်းနေဦးမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် FBI ထဲမှာ Epstein ကို ကာကွယ်ပေးခဲ့ကြတဲ့ “Insider”တွေရဲ့ အမည်တွေ ထပ်ထွက်ဖို့ ရှိနေပါတယ်။ Epstein အိမ်တွေကနေ သိမ်းဆည်းရခဲ့တဲ့ Hard Disks ထဲက Data တွေကို နည်းပညာအသစ်နဲ့ အကုန် ဖတ်ပီးသွားလို့ နောက်ထပ် Video တွေ ထပ်ထွက်လာဖို့ ရှိနေပါတယ်။

Epstein File ကနေ ရလိုက်တဲ့ Message က Power အထက်မှာ ဖင်ခုထိုင်နေတဲ့သူတွေ ရှိနေတယ်ဆိုတာကို အရိပ်အမြွတ် ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ အရင်တုန်းက အဲ့ဒါကို “Illuminati”လို့လဲ ကြားဖူးကောင်း ကြားဖူးကြပါလိမ့်မယ်။ Illuminati ဟာ ပုံပြင်လိုလို ထင်ရပေမယ့် တကယ် ရှိနေကြောင်းကို Epstein File က မီးမောင်းထိုးပြလိုက်ပီပဲ ဖြစ်ပါတယ်။

အနာဂါတ်ကမ္ဘာဟာ လုံးဝကိို စနစ်အသစ်နဲ့ ပြန်လည်မွေးဖွားမှာ ဖြစ်ပါတယ်။ စနစ်အသစ်လာတော့မှာမလို့လဲ စနစ်အဟောင်းတွေဟာ ဗူးပေါ်သလိုပေါ်ပီး စတင်ပြိုကျနေတာ ဖြစ်ပါတယ်။ စနစ်အသစ်ကို မရောက်ခင် ကြားထဲမှာ ကပ်သုံးပါးကို ကျော်ဖြတ်ကြရဦးမှာ ဖြစ်ပါတယ်။

မိမိကို အမှန်တကယ် ငြိမ်းချမ်းအောင် စွမ်းဆောင်ပေးနိုင်မယ့် တစ်ခုတည်းသော ဉာဏ်ဟာ ဝိပဿနာဉာဏ် ဖြစ်ပါတယ်။ မိမိခန္ဓာကို Software update လုပ်ထားဖို့ လိုအပ်ပါလိမ့်မယ်…..

3.2.2026
Crd Sherlock Holmes

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon