Nacific Skincare

Nacific Skincare

Share

Nacific product များကိုမြန်မာတစ်နိုင်ငံလုံးလက်လီလက်ကားဖြန့်ချီပေးနေပါတယ်ရှင့်

29/07/2026

မနက်တိုင်း ရွတ်ဖတ်ပူဇော်ကြပါ။✨🙏🏽

" သရဏဂုံ "
ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဓမ်မံ သရဏံ ဂစ်ဆာမိ
သံဃံ သရဏံ ဂစ်ဆာမိ

ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ

တတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ

ရုပ်၊နာမ် နှစ်ပါး၊ ခန္ဓာ ငါးပါးတို့အား
ဘုရားရှင်အား လှူဒါန်းပါ၏

ရုပ်၊နာမ် နှစ်ပါး၊ ခန္ဓာ ငါးပါးတို့အား
တရားတော်အား လှူဒါန်းပါ၏

ရုပ်၊နာမ် နှစ်ပါး၊ ခန္ဓာ ငါးပါးတို့အား
သံဃာတော်အား လှူဒါန်းပါ၏

" ငါ၏ကိုယ်မှာ ၊ နံ့သာမွှေးကြိုင် ၊ မြဲခိုင်လှစွာ ၊
ကောင်းရာမမြင် ၊ ဆံပင်သာရှိ ၊ အမွှေးရှိ၍ ၊
ရှိသည့်လက်သည်း ၊ ခြေအသည်းနှင့် ၊
သွားလဲတစ်ထွေ ၊ အရည်တစ်မျိုး ၊
ညှီနံ့ဆိုးသည် ၊ အသိုးအပုပ်ကြီးပါတကား "
သတ္တဝါမှန်သရွေ့ တရားတွေ့ အေးချမ်းသာယာရှိပါစေ

မင်္ဂလာနံနက်ခင်းအစပြု၍
ဘုရားဂုဏ်တော် (၉)ပါး
အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏ သမ္ပန္နော၊ သုဂတော၊ လောကဝဒူ၊ အနုတ္တရော ပုရိသဒမ္မသာရထိ၊ သတ္တာဒေဝ မနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂဝါ။

၁။ အရဟံ
ပူဇော်အထူး ခံယူတော်မူထိုက်သောဂုဏ်။

၂။ သမ္မာသမ္ဗုဒ္ဓေါ
အလုံးစုံသောတရားအပေါင်းကို
သိမြင်တော်မူသောဂုဏ်။

၃။ ဝိဇ္ဇာစရဏသမ္ပန္နော
ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊
စရဏတရား ၁၅ပါး တို့နှင့်
ပြည့်စုံတော်မူသောဂုဏ်။

၄။ သုဂေတာ
ကောင်းသောစကားကိုသာ
ဆိုတော်မူသောဂုဏ်။

၅။ လောကဝီဒူ
လောကသုံးပါးကို သိတော်မူအပ်သောဂုဏ်။

၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ
မယဉ်ကျေးသော
လူနတ်ဗြဟ္မာသတ္တဝါတို့ကို
ယဉ်ကျေးအောင် ဆုံးမသောဂုဏ်။

၇။ သတ္ထာဒေ၀မနုဿာနံ
နတ်လူတို့၏ ဆရာဖြစ်တော်မူသောဂုဏ်။

၈။ ဗုဒ္ဓေါ
သစ္စာလေးပါးကို သိတော်မူသောဂုဏ်။

၉။ ဘဂဝါ
ဘုန်းတော်ခြောက်ပါးနှင့်
ပြည့်စုံတော်မူသောဂုဏ်။

ရွှေမျက်နှာဆရာဟိဏ်း✨

27/07/2026

မျက်နှာသစ်ပြီးတိုင်း အသားခြောက်ခြင်းနဲ့ တင်းရင်းကြမ်းတမ်းခြင်းတွေကို ဖယ်ခွာပေးမယ့် အကောင်းဆုံးလက်ဆောင်ကတော့ Nacific Super Clean ပါပဲ

Deep Cleansing ဖြစ်ပြီး မျက်နှာ skin ကို Hydrate ဖြစ်စေလို့ သုံးသူတိုင်းကြိုက်ကြတာ စိုကြည်ဝင်းလို့ တင်စားကြတဲ့ Nacific ရဲ့ Super Clean Foam Cleanser လေးပဲဖြစ်ပြီး ကိုယ်ချစ်ရတဲ့လူတွေရဲ့အသားအရေအတွက် အကောင်းဆုံးလက်ဆောင်လေးပေးမယ်ဆိုလည်း ရွေးချယ်သင့်တာ တစ်မိသားစုလုံးသုံးနိုင်တဲ့ Nacific Super Clean Foam Cleanser လေးပါပဲ

Price 35000ks


Nacific Skincare

25/07/2026

"Nacific Brightening Essence က တကယ်ရော အသားဖြူစေတာလား?" 🤔

ဒီမေးခွန်းလေးက Nacific သုံးမယ့်သူတွေ ခဏခဏ မေးလေ့ရှိတဲ့ မေးခွန်းလေးပါ ?

အဖြေကတော့ "အသားအရေကို ဖြူစင်ဝင်းပစေရုံတင်မကဘဲ အမည်းစက်တွေကိုပါ သိသိသာသာ မှေးမှိန်ပေးတာပါ"။

ဘာလို့ ဒီလောက် စွမ်းဆောင်ရည် ကောင်းရတာလဲဆိုရင်...🧴

အမည်းစက်တွေကို တိုက်ဖျက်ပေးတဲ့Niacinamide ပါဝင်မှုကြောင့် နေပူထဲကပြန်လာလို့ အသားအရောင်မညီတာတွေ၊ အမာရွတ်တွေကို အထိရောက်ဆုံး ပြုပြင်ပေးတယ်။

ရေဓာတ်ဖြည့်တင်းပေးခြင်း: Bamboo Water (ဝါးရေ) ပါဝင်လို့ အသားအရေကို ခြောက်သွေ့မသွားစေဘဲ တစ်နေကုန် စိုပြေနေစေတယ်။

သဘာဝအတိုင်း ကြည်လင်ခြင်း: မိတ်ကပ်တွေအထပ်ထပ် လိမ်းစရာမလိုဘဲ သဘာဝအတိုင်း Glass Skin လေး ဖြစ်လာစေမှာပါ။

အသားအရေ ညိုညစ်တာကို Skincare ကောင်းကောင်းနဲ့ ကုသချင်တယ်ဆိုရင် Nacific City ကို အခုပဲ သတင်းမေးလှမ်းခဲ့လိုက်ပါတော့ရှင်။ 🛍️

Price 78900 ks (50ml)

Nacific Skincare #အမဲစက်တင်းတိပ်သက်သာ

24/07/2026

ဒီ toner လေးက nacific ရဲ့ရောင်းအားအကောင်းဆုံး
နဲ့ လူကြိုက်အများဆုံးtoner လေးမို့ အများကြီး
မညွှန်းပေးတော့ဘူးနော်🥰

အဓိက အသားခြောက် ချွေးပေါက်ကျယ်
အဆီဖုရှိတဲ့သူလေးတွေ သုံးကြည့်သင့်တဲ့
Nacific origin toner ချွေးပေါက်ကျယ်တာကို
တော်တော်လေးကိုသိသိသာသာ သက်သာစေ
တာပါနော် ရေဓာတ်လည်းအပြည်ဝ ဖြည့်ပေးတယ်
စိုကြည်တင်း တိနာလေး ဆိုလည်း မမှားဘူး
🤍
Nacific Skincare

Photos from Nacific Skincare's post 23/07/2026

Niacinamide 5% နဲ့ centella asiatica extract ပါဝင်သော Made White formula နဲ့ ပြုလုပ်ထားတာ ဖြစ်ခြင်းကြောင့် နိုးထလာတတဲ့မနက်ခင်းတိုင်းမှာ အသားရေကို ဖြူဖွေးပြီး ကြည်လင်စေတဲ့အပြင် Hyaluronic Acid (၇) မျိုး အထိပါဝင်ကာ plant based extract တွေပါဝင်လို့ ညအိပ်နေရင်းမှာတောင် အသားအရေကို ရေဓာတ် ဖြည့်ပေးပြီး ဖြူဝင်းကြည်လင် ချောမွေ့နုပျို စေနိုင်မယ့် Nacific Phyto Niacin Sleeping Mask ပါ💕

Nacific Skincare

21/07/2026

🍊 မှန်ကြည့်တိုင်း အဆီဖုတွေနဲ့ ချွေးပေါက်ကျယ်တာတွေကြောင့် စိတ်ညစ်နေရပြီလား 🍊

ဘယ်လောက်ပဲ မိတ်ကပ်တွေ ဖုံးဖုံး၊ မျက်နှာပြင်က အဆီဖုတွေကြောင့် မညီမညာဖြစ်ပြီး ချွေးပေါက်တွေကြားထဲ ကွက်ကျန်ခဲ့တာမျိုး ကြုံဖူးကြမှာပါ။ အသားအရေ ကြမ်းတမ်းပြီး အဆီပြန်လွန်းတဲ့ ဒီပြဿနာတွေကို အမြစ်ပြတ် ဖယ်ရှားပစ်ဖို့ဆိုရင် အရေပြားရဲ့ pH Level ကို မျှတအောင် ထိန်းညှိပေးပြီး Skin Barrier ကို ပြန်လည်ပြုပြင်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ချွေးပေါက်ကျယ်တာနဲ့ အဆီဖုပြဿနာတွေကို အရင်းအမြစ်ကနေ အပြီးတိုင် ဖြေရှင်းပေးမယ့် Nacific Fresh Herb Origin Toner & Cream ကို ညွှန်းပေးပါရစေ 🤦‍♀️💥🌱

Nacific ရဲ့ ဒီအတွဲထဲမှာပါဝင်တဲ့ Fresh Herb Origin Toner က Calendula Flower Water ကြောင့် အသားအရေကို ချက်ချင်း အေးမြလန်းဆန်းစေပြီး ချွေးပေါက်အတွင်းပိုင်းအထိ ရှိနေတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ အဆီပြန်ခြင်းကို အကောင်းဆုံး ထိန်းချုပ်ပေးနိုင်တဲ့အတွက် နောက်ထပ် အဆီဖုတွေ မဖြစ်အောင် တားဆီးပေးပြီး ချွေးပေါက်တွေကို ကျုံ့သွားစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ ပြီးရင်တော့ Triple-layer moisture technology ပါဝင်တဲ့ Fresh Herb Origin Cream လေးနဲ့ အစိုဓာတ်ကို အပြည့်အဝ သိုလှောင်ပြီး ဖြည့်တင်းပေးမယ်ဆိုရင် အသားအရေ ကြမ်းတမ်းမှုကို အမြန်ဆုံး လျှော့ချပေးပြီး ကျယ်နေတဲ့ ချွေးပေါက်တွေကို သိသိသာသာ ကျဉ်းသွားစေတဲ့အပြင် Anti-aging effect ပါဝင်လို့ အရေးအကြောင်းတွေကို လျော့ပါးစေကာ သဘာဝအတိုင်း ဝင်းပနုပျိုစေပါတယ် 🍊💧✨

အသုံးပြုပုံလေးကလည်း ဘယ်လောက်တောင်လွယ်ကူလဲဆိုရင် ... မျက်နှာသစ်ပြီးတာနဲ့ Toner လေးကို Toner ဂွမ်းလေးနဲ့ယူကာ မျက်နှာအနှံ့ ဖွဖွလေး သုတ်လိမ်းပေးပြီးနောက် Origin Cream လေးကို သင့်တင့်ရုံယူကာ မျက်နှာအနှံ့ ဖြန့်ပြီး လက်ချောင်းထိပ်လေးနဲ့ ဖွဖွလေးနှိပ်နယ်ကာ စိမ့်ဝင်စေရုံပါပဲ။ ဒီအတွဲလေးကို နေ့စဉ် ပုံမှန်လေး သုံးပေးသွားမယ်ဆိုရင်တော့ အဆီဖုတွေ ကင်းစင်ပြီး ချွေးပေါက်လေးတွေ ကျဉ်းကာ အသားအရေက ကြည့်လိုက်တာနဲ့ နူးညံ့ချောမွေ့တဲ့ Glass Skin လေးအဖြစ် ပြောင်းလဲသွားမှာ အသေအချာပဲမို့ ပစ္စည်းကောင်းလေးကို ဈေးတန်ချိန်မှာ အမြန်ဝယ်ယူလိုက်ပါ 💆‍♀️🧴❤️

Nacific Skincare

16/07/2026

မိုးတွင်းရောက်ပြီနော်။ NACIFIC ရဲ့ Fresh Cica တိုနာနဲ့ Fresh Cica Cream သုံးရင်း မိုးရေစက်တွေကြားမှာ အသားအရေကို ဂရုစိုက်လိုက်ပါ 🌧️🌧️🌧️

NACIFIC ရဲ့ Fresh Cica Toner နဲ့ plus clear cream က မျက်နှာပေါ်က ဝက်ခြံနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ပျောက်ကင်းစေပြီး ခြောက်သွေ့တဲ့အသားအရေ၊ Sensitive ဖြစ်လွယ်တဲ့အသားအရေနဲ့ Skin Barrier ပျတ်စီးနေတဲ့ အသားအရေအတွက် အသင့်တော်ဆုံးဖြစ်ကာ ဒီလမှာလည်း ဒီအတွဲက အတန်ဆုံး promotion နဲ့ ဝယ်ယူနိုင်မှာမို့ မိုးတွင်းမှာ ဝက်ခြံ၊ အမာရွတ်ကင်းတဲ့ ကြည်လင်သောမျက်နှာလေးအတွက် Nacific Cica set လေးသာ ဝယ်လိုက်ပါ 🍀🍀🍀

Nacific Skincare

15/07/2026

မိုးရာသီမှာ အသားအရေ ညစ်နွမ်းပြီး အဆီဖုတွေ ထွက်လာလို့ စိတ်ညစ်နေရပြီလား ❓🌧️✨

ဒီလို မိုးရွာလိုက်၊ စိုစွတ်လိုက်ဖြစ်နေတဲ့ ရာသီဥတုမျိုးမှာ အသားအရေကို ညင်သာစွာ ဆဲလ်သေချွတ်ပေးဖို့ (Soft Exfoliation) က အရမ်းအရေးကြီးပါတယ်နော် 👍👍👍

ပြင်းထန်တဲ့ Scrub တွေသုံးရင် အရေပြား နီမြန်းပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်စေနိုင်လို့ အဲ့လိုမျိုးတွေမဖြစ်စေဘဲ စိတ်ချလက်ချ အသုံးပြုနိုင်မယ့် NACIFIC Pink AHABHA Toner & Serum Duo လေး ရှိပါတယ် 💕💕💕

🌸 Pink AHABHA Toner (150ml)

အသားအရေပေါ်က ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို ညင်သာစွာ ဖယ်ရှားပေးပြီး ရေဓာတ်ကို အပြည့်အဝ ဖြည့်တင်းပေးပါတယ်။

သုံးပြီးရင် အသားအရေကို စိုစွတ်ကြည်လင်သွားစေတဲ့ ပထမဆုံးအဆင့် Skin Prep လေးပါ။

🌸 Pink AHABHA Serum (50ml)

AHA, BHA ပါဝင်မှုကြောင့် ချွေးပေါက်ပိတ်ဆို့တာတွေကို သန့်စင်ပေးပြီး အဆီဖု၊ ဝက်ခြံနဲ့ ဆားဝက်ခြံတွေကို သက်သာစေပါတယ်။

အသားအရေကို နူးညံ့ချောမွေ့စေပြီး သဘာဝအတိုင်း ပန်းရောင်သန်းကြည်လင်တဲ့ Glow Skin လေးကို ပိုင်ဆိုင်စေမှာပါ။

မျက်နှာသစ်ပြီးနောက် Pink AHABHA Toner လေးကို ဂွမ်းဖတ်လေးနဲ့ ညင်သာစွာ သုတ်လိမ်းပြီး Pink AHABHA Serum လေးကို ၂ စက် ၃စက်လောက် မျက်နှာပေါ် နှံ့စပ်အောင် လိမ်းပေးလိုက်ရုံနဲ့ ဒီ
မိုးရာသီမှာ ချွေးပေါက်ပိတ်ဆို့ခြင်း ကင်းဝေးပြီး ကြည်လင်နူးညံ့တဲ့ အသားအရေကို ပိုင်ဆိုင်စေနိုင်မှာပါနော် 💗 🛍️✨
Nacific Skincare.

14/07/2026

အိပ်နေချိန်မှာတောင် အရေပြားထဲမှာရှိတဲ့ အစိုဓါတ်တွေကို ထိန်းသိမ်းပေးပြီး ဖြူဝင်းကြည်ဥစေတာ Nacific Whitening Sleeping Mask ပါ 🛡🛡🛡

နာမည်ကိုက Sleeping Mask ဖြစ်တာကြောင့် ညဘက်မှာ အဓိကသုံးရတာဖြစ်ပြီး ညဘက်သုံးတဲ့ Skin Care Step ရဲ့ နောက်ဆုံးအဆင့်မှာ သုံးပေးရမှာပါ ။ ပိုမိုထိရောက်စေဖို့ မအိပ်ခင် နာရီဝက်အလိုလောက်မှာ ကြိုလိမ်းပြီးမှ အိပ်သင့်ပါတယ်နော် .... သူ့ကိုသုံးရင် အသားအရေအတွက် ဘယ်လိုအကျိုးရှိမလဲဆိုရင်တော့ ...

၁ - Hyaluronic Acid (၇) မျိုး အထိတောင် ပြီးတော plant based extract တွေပါဝင်လို့ အသားရေတွက် လိုအပ်တဲ့ ရေဓာတ် ဖြည့်ပေးပြီး ကြည်လင်ဝင်းပ စေတယ်

၂ - 5% Niacinamide & Centella Asiatica လည်း အဓိက ပါဝင်လို့ အသားရေကို ဖြူဖွေးပြီး ကြည်လင်စေတယ်

၃ - အရေပြား နီမြန်း၊ ယားယံ၊ ရောင်ရမ်းတာတွေ သက်သာစေပြီး အေးမြစေမယ်

ရေဓါတ်ဖြည့်တဲ့နေရာမှာ သာမာန် Night Cream တွေထက်ပိုသာလွန်တဲ့ Supercharger sleeping mask ဟာ Nacific Phtyo Niacin Whitening Sleeping Mask ဖြစ်တာကြောင့် မနက်နိုးတာနဲ့ အသားအရေ စိုပြေလင်းလက်ကာ တောက်ပတဲ့မျက်နှာလေးကို ရရှိပိုင်ဆိုင်နေမှာ အသေအချာပါပဲနော် 💯💯💯

Nacific Skincare

Photos from Nacific Skincare's post 13/07/2026

Nacific Fresh Cica Plus Clear Cream ရဲ့ 50% OFF Grand Promotion ရှိနေတုန်းမှာ မြန်မြန်လေးသာ ဝယ်ယူလိုက်ပါနော် 📢✨📢

"Sensitive ဖြစ်လွယ်တယ်၊ အသားအရေ ခြောက်သွေ့တယ်၊ Skin Barrier ပျက်စီးနေတယ်" ဆိုရင်... သဘာဝရဲ့ နက်ရှိုင်းတဲ့ ကုသနိုင်စွမ်းနဲ့ ရေဓာတ်ကို အပြည့်အဝ ဖြည့်တင်းပေးမယ့် ဒီ Cica Cream လေးက အကောင်းဆုံး အဖော်မွန် ဖြစ်မှာပါ 💚💚💚

ဒီလထဲမှာတင် တစ်ဝက်တိတိ (50%) လျှော့စျေးနဲ့ ရောင်းချပေးနေတာမို့ စျေးအသက်သာဆုံးနဲ့ စိတ်ကြိုက် ဝယ်ယူစုဆောင်းထားနိုင်မယ့် အခွင့်အရေးကြီးပဲ ဖြစ်ပြီး ⚠️ Stock က အကန့်အသတ်နဲ့ပဲ ရှိတာမို့လို့ အမြန်ဆုံး လက်ဦးမှု ရယူလိုက်ကြစို့နော် 🤗✨🛒

Nacific Skincare

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Oak Kyin Bus Stock, Hlaing Township
Yangon