B For Beauty

B For Beauty

Share

အလှအပနှင့်ကျန်းမာရေး ဗဟုသုတများ မျ?

Photos from B For Beauty's post 04/07/2021

အသားဖြူချင်လား အချိန် 2မိနစ်လောက် ပေးပြီး ဖတ်ကြည့်ပါ ⏰
အသားဖြူနည်း အပြင် နေလောင်ဒဏ် ပျောက်စေမယ့် နည်းလမ်း ပါအပိုဆု ပေးမယ်ကွယ်

Bennett Soap +Vaseline 10X >> အသားဖြူ ချင်တဲ့သူတွေအတွက် ( 10Xက Gluta Glow Lotion ဖြစ်တာမလို့ အသားကိုပြောင်ပြောင်လေးနဲ့ ဖြူ တဲ့အပြင် Bennettနဲ့တွေ့တော့ 2ဆ ပိုဖြူ )

Bennett Soap + Vaseline 24X >> နေပူထဲအမြဲထွက်ရတဲ့သူတွေ နေလောင်ဒဏ်ကြောင့် အသားညစ်တတ်တဲ့သူတွေအတွက် ( 24X က Sun protectionဖြစ်တာမလို့နေလောင်ဒဏ်ကိုလည်း ကာကွယ်ပါတယ် ၊ အသားလည်း ပြန်ဖြူလာစေပါတယ် )

ဖြူရုံတင်မကဘူး အသားအရည်ကြည်ချင်ရင် Vaseline Rice Water Gel လေးပါ ထပ်ပေါင်းပြီး သုံးပေး 🌸 ( အနံ့လေးလည်းမွှေးတယ် အေးအေးလေးနဲ့လိမ်းလို့ကောင်းလို့ အရမ်းကြိုက်သော ပဲ

*** Body Scrub လေးကိုလည်း twice a week လောက်တော့ သုံးပေးနော ***

နေပူထဲမှာ မုန့်ပို့ရင်း အသားနေလောင်သွားတာ😢 ( ပိုက်ဆံလည်းအများကြီးမသုံးချင်တာနဲ့ BKKထဲက ရွေးပြီး စမ်းသုံးကြည့်တာ တော်တော်သိသာလာလို့ Bee Reviewပြန်ပေးတာပါ )

စျေးအနေနဲ့ကြည့်ရင်လည်း 2မျိုးပေါင်းအတွဲကိုမှ 15000တောင် မကျော်ဘူး ဆိုတော့ တော်တော်ကို သက်သာတယိပြောရမယ် 📌

⚠️အသားအရမ်းဖြူပြီး အထိအခိုက်မခံ sensitive ဖြစ်တတ်သူများ မသုံးပါနဲ့လို့ အကြံပေးပါရစေ ⚠️
(အရေပြားပါးလာ တာမလို့ ပိုပြီးထိလွယ်ရှလွယ် ဖြစ်တတ်ပါတယ်နော )

just for sharing my experience 🐝

စာသားများကူးယူခွင့်မပြု
လွတ်လပ်စွာ ရှယ်နိုင်ပါသည်

01/07/2021

ချစ်ရသော အမျိုးသမီးများအတွက် 👑

စိတ်တွေညစ် စိတ်တွေရှုပ်လို့ ရာသီလာချိန် နောက်ကျနေပြီလား ?

ရာသီလာချိန် ကိုက်ခဲနာကျင်မှုတွေ သေမလောက် ခံစားနေရလား ?

​ဆေးစွမ်း တစ်လက်ရှိပါတယ် ( Bee သောက်နေတာ 8လလောက်ရှိပါပြီ )

ဘာတွေထူးခြားလာလည်း ပြောရမယ်ဆိုရင်တော့ အရမ်းပေါ့ 🤩

ရာသီအချိန် မှန်လာတယ် ၊
ခါးကိုက် ဗိုက်နာတွေ တော်တော်သက်သာပါတယ် ၊
အကြိုက်ဆုံးအချက်ကတော့ ဝက်ခြံ အဖုအပိန့် တွေ မထွက်တော့တာပါပဲ 🌟
(ဝက်ခြံ မထွက်တာ တော်တော်ကြာပါပြီ ဟဲ "

ကျန်းမာရေးလည်းကောင်းတယ် ၊ပါဝင်တဲ့ပစ္စည်းတွေကြောင့် အသားအရည်လည်း ပိုပြီးလှပလာပါတယ် ကိုယ်တွေ့နော 👀

10လုံးပါ 1ကဒ်ကို 3000လောက်ပဲရှိပါတယ် (စျေးအနေနဲ့ကြည့်ရင်လည်း တော်တော်လေး သက်သာတယ်ပြောရမယ်

သောက်ဆေးဖြတ်လိုက်ရင်ရော အသားအရည်ပြောင်းလဲသွားမာလား ဆိုရင်တော့
" Noပါ မပြောင်းလဲပါဖူး ၊ ပုံမှန်သောက်ပေးရင်တော့ ပိုကောင်းပါတယ်ရှင့် "

​ရေများများ သောက်ပေးဖို့မမေ့ပါနှင့်
အိပ်ချိန်မှန်ပြီး အိပ်ရေးဝအောင်လည်း အိပ်ကြနော 😒

ညအိပ်ရာဝင်ခါနီး တစ်နေ့တစ်လုံး ပုံမှန်သောက်ပေးခြင်းဖြင့် ကျန်းမာရွှင်လန်းသော အမျိုးသမီးလေးများဖြစ်ကြပါစေလို့ ဆုတောင်းပေးလျက်😘

လွတ်လပ်စွာ ဝေမျှနိုင်ပါသည်
စာသားများ ကူးယူခွင့်မပြု

30/06/2021

ညဘက်တွေ အိပ်မပျော်ဘူး !
အိပ်ချိန်မမှန်ဘူး !

လူကြီးတွေမှာ အဖြစ်များတတ်ပေမယ့် Bee တို့လို လူငယ်တွေလည်း ဖြစ်တတ်ပါတယ်

ကိုယ်တိုင်လည်း အိပ်မပျော်ညတွေ ကြုံခဲ့ဖူးတယ် 😓 ( တစ်နှစ်နီးပါးလောက် အိပ်ဆေးမသောက်ရင် အိပ်မပျော်ခဲ့ဘူး )

ဘယ်လိုနည်းလမ်းလေးတွေသုံးပြီး နှစ်ခြိုက်စွာ အိပ်ကြမလဲ ?

- ပူစီနံ အရွက်လေးတွေကို ရေနွေးနဲ့စိမ်ထားလိုက်ပါ ။
မအိပ်ခင် နာရီဝက်အလိုလောက်မှာ သောက်ပြီးအိပ်ကြည့်ပါ 💤
( သိပ်ပြီးတော့ မထိရောက်ခဲ့ဖူး အရွက် နည်းလို့လား မသိဘူး )

- နွားနို့တစ်ခွက် သောက်ပြီးမှ အိပ်ကြည့်ပါ ။
( အရမ်းထိရောက်ပါတယ် ကိုယ်တိုင်လည်း ညတိုင်းသောက်အိပ်တုန်းပဲ )

- ညနေမှာ လှုပ်ရှားမှု WorkOut လုပ်ပေးပါ ။
( အနည်းဆုံး 15မိနစ်လောက် အခြေခံဖြစ်ဖြစ် လုပ်ကြည့်ပါ )

- ငယ်ငယ်က လုပ်နေကြအတိုင်း ကိန်းဂဏန်းလေးတွေ ရေကြည့်ပါ ။
( Beeကတော့ 1 သိန်းကနေ နောက်ပြန် 1 အထိ ရေရင်း အိပ်ပျော်တတ်တယ် )

ဘယ်အချက်တွေကို ရှောင်ရမလဲ ?

- အတွေးမများပါစေနှင့် ။
( အိပ်တော့မယ့်အချိန်မှာ စိတ်ထဲမှာ အတတ်နိုင်ဆုံး ရှင်းနေအောင်ထားပါ )

- ပျော်ရမယ့်ကိစ္စတွေ ရှိနေရင်လည်း ဝမ်းသာလွန်ပြီး အိပ်မပျော်တတ်ဘူး။
( ကိုယ်တွေ့ တွေပါ 🤭 )

🌟 အချိန်တစ်ခု သတ်မှတ်ပြီး အိပ်ချိန်၊ထချိန် မှန်အောင် ကိုယ့်ကို ကိုယ်လေ့ကျင့် ပေးကြည့်ပါ 🌟

Glow Skin Step မှာလည်း အိပ်ရေးဝအောင်အိပ်ဖို့က မေ့မထားသင့်တဲ့ တစ်ချက်ပဲနော် ❣️

​ကျန်းမာရွှင်လန်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးလျက်

လွတ်လပ်စွာ ဝေမျှနိုင်ပါသည် ။
စာသားများ ကူးယူခွင့်မပြုပါ ။

28/06/2021

သင် ယခုပို့စ်ကို မြင်ပြီဆိုတာနဲ့ ရေထသောက်လိုက်ပါ 💧

စိတ်ဓာတ်တွေကျနေလား ?
အသည်းကွဲနေလား ?
ကျန်းမာရေး မကောင်းဘူးလား ?

" ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ရေများများသောက်ပေးပါ "

SkinCare လည်းလုပ်တယ် အသားအရည်ကမွဲနေတုန်းပဲဆိုရင် ရေများများသောက်လိုက်ပါ။
ရေအသောက်များတဲ့သူရဲ့ အသားအရည်က ထူးထူးခြားခြား ကြည်ပြီးတော့ကို Glow Look ဖြစ်နေမှာပါ

"သောက်နေတာပဲ ဘာမှထူးမလာဖူးကွယ်" ( ခုသောက်ခုကြည် မဟုတ်လို့ စိတ်မပျက်ပါနဲ့ လနဲ့ချီပြီးကို သောက်ပေးပါ ) 💪

တစ်နေ့ကိုအနည်းဆုံး ဖန်ခွက် 10 ခွက်လောက် သောက်ပေးပါရှင့်

​Bee လိုမျိုး ကိုယ်ပိုင်ရေဗူးလေးထားပြီးတော့ သောက်ပေး( ခဏခဏထပြီး သောက်စရာမလိုဖူးပေါ့ ) 😜

just sharing my experience

27/06/2021

မြန်မာငွေ 1000 ကျပ်နှင့် အမာရွတ်တွေကို အမြစ်ဖျက်တိုက်ထုတ်မယ် ✨

ကိုယ်တိုင်သုံးပြီးမှ ပြန်ညွှန်းပေးတာမလို့ ယုံယုံကြည်ကြည်နှင့် သုံးပေးလို့ရပါတယ်ရှင့် 💕

ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမာရွတ်တွေ၊ ယားနာတွေပေါ်ကို စွဲပြီးသုံးပေးခြင်းဖြင့် တဖြည်းဖြည်း သက်သာလာမှာပါ ✅

Bee က ခြေချောင်းလေးတွေမှာဖြစ်တာ ( ဖိနပ်ဆို ထိပ်ပိတ်ပဲ စီးခဲ့ရတယ် 🥺 )

ဖိနပ်မှာ ဖုန်ပေးတာကိုစီးမိတာတို့၊ ရွှံ့တွေဘာတွေ ထိမိတာတို့ဆို ခြေချောင်းကွေးတဲ့နေရာလေးတွေမှာ မည်းလာတာ နှစ်နဲ့ချီပြီး မပျောက်ဖူး 😥

ဒီဆေးလေးလိမ်းလိုက်မှ တဖြည်းဖြည်းသက်သာလာပြီး အခုဆို တော်တော်ပျောက်သွားပါပြီ ဟီ❣️

တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်လောက် သုံးပေးပါ ။
*** မပျောက်မချင်း စိတ်ရှည်ရှည် စွဲသုံးပေးဖို့ မမေ့နဲ့နော် ***

Bee ဝယ်တုန်းကကြ 800၊ 900 ပဲပေးရတယ် ( လွန်ခဲ့တဲ့ တစ်လလောက်ကပါ )

just for sharing my experience 🌟

စာများကူးယူခြင်းမပြုပါရှင့်
လွတ်လပ်စွာ ဝေမျှနိုင်ပါသည်

26/06/2021

ပိုက်ဆံအများကြီးမကုန်ပဲ Clear Skin ရအောင် ဘယ်လိုလုပ်ရမလဲ ?

Branded SkinCare တွေသုံးတယ် ဘာမှထူးမလာဘူး .... ဘာလို့လဲ ?

Step တိုင်းတစ်ခုမှ မလွတ်ဘူးသုံးတာပဲ .... ဘာတွေမှားနေလဲ ?

Stress တွေပိပြီး ခုတစ်လော Skincare တောင် မလုပ်ဖြစ်တာကြာပြီ....

စသည့် ဘာလို့လဲ ဘာကြောင့်လဲ အကြောင်းအရာများနှင့် ပတ်သတ်ပြီး Bee က ကိုယ်သိသလောက် မှတ်သလောက် ဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်✨

ဒါ့အပြင် အခြေခံကျန်းမာရေးလိုအပ် ချက်များ၊ စိတ်ဖိစီးမှု လျော့ကျစေမယ့် နည်းလမ်းများကိုလည်း ဖော်ပြပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားပါဦးရှင့် 😍

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon