Lily pink

Lily pink

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lily pink, Beauty, cosmetic & personal care, ZawTika Street, Yangon.

07/10/2021

ချစ်ပေမယ့် ပြန်မလိုချင်တော့တဲ့
စိတ်တွေ ငါ့မှာရှိတယ်
နာကျင်ရမယ့်အတူတူ မင်းနဲ့ ဝေးရာမှာပဲ
ငါပြိုလဲလိုက်မယ်
ငါ့ဆိုတဲ့ ဖြစ်တည်မှုကြောင့်
မင်း မပင်ပန်းစေရဘူး
တသက်တာဆိုတဲ့ စကားတွေ
မင်း သဘောမကျတဲ့အခါ
ချက်ချင်းပယ်ဖျက်လို့ရသလို
မင်းအတွက် အနှောက်ယှက်ဖြစ်မယ်ဆို
တွဲနေတဲ့လက်တွေ လွှတ်ချခဲ့လည်း ရတယ်
ငါမဟုတ်တဲ့ရင်ခွင်မှာ မင်းအတွက်
ပိုနေသားကျမယ်ဆို

မင်းပျော်ရွှင်ဖို့အတွက်
ငါဆိုတာ မင်းနဲ့အဝေးဆုံးမှာ နေပေးလိုက်မှာ...

(Daffodils)

25/09/2021

သို့…
ကျမသိပ်ချစ်ခဲ့ရပါသောမောင်…

သူစိမ်းတွေလိုဝေးကွာနေကြတာ
ဒီနှစ်တွေမှာ တစ်ခါလောက်ဖြစ်ဖြစ်
အမှတ်တမဲ့လေးအဖြစ်တောင် သတိရခဲ့ဖူးသလား မောင်

အခုတော့ ဘာလုပ်နေလဲ
ဘယ်သွားသလဲ ဘယ်သူနဲ့လဲ ဆိုတဲ့
မေးခွန်းတွေမမေးဖြစ်ခဲ့တာလည်း အတော်ကြာခဲ့ပြီ။

ညဘက်တွေဖုန်းပြောတိုင်း
တစ်နေ့တာတွေကို မေးတတ်တဲ့မောင်က
အခုတော့ကျမရဲ့နေ့ရက်တွေကိုစိတ်၀င်စားပုံမရတော့ပါဘူး။

မောင်နဲ့ဝေးပီးတဲ့နေ့ကစလို့
အိပ်ရာဝင်ညတွေမှာ
ပျားသကာလိုချိုတဲ့ညတွေ ကုန်ဆုံးသွားပြီးတဲ့နောက်
ညတွေမှာ မိုးစိုလာတယ်။

ပျော်ခဲ့ကြတယ်မို့လား ပြီးတော့ချစ်ခဲ့ကြတယ်မဟုတ်လား
ဝေးဖို့အတွက်အကြောင်းပြချက်လေး ပေးဖို့ဘာတွေခက်ခဲခဲ့သလဲ?

ဆောင်းဝင်ကာလမို့လို့ ဥတုအပြောင်းအလဲကြောင့်
ဖျားနာနေမလား တွေးပူနေရတယ်
နွေးနွေးထွေးထွေးလေးနေပါမောင်
အအေးမိပြီး နှာစေးချောင်းဆိုးတတ်တဲ့မောင့်ကို
ဆေးခါးတွေမသောက်စေချင်တော့ဘူး…

ဒီအအေးဓာတ်ကာလမှာ
မောင်နဲ့အတူ ဖြတ်သန်းချင်မိတာ
တကယ်လို့အေးစက်တဲ့ဓာတ်ကို
မောင်သည်းမခံနိုင်တဲ့တစ်နေ့
ကျမရင်ခွင်မှာ ခိုလှုံနိုင်ပါတယ်…


(လွန်း)

Lily pink 23/09/2021

I really miss my bestie❣️
Can u hear my heartbeat?
Can u feel my love?
I can live without u just now❣️
Just now I can say I really love u 💞
Anything more ❣️
Everything is your❣️ u know?

Lily pink Beauty, cosmetic & personal care

Lily pink 22/09/2021

Fb မှာ blockထားရင်
Viber ကနေ ချော့လို့ရတယ်
Viber မှာ blockရင်
ဖုန်းဆက်လို့ရတယ်လေ
ဖုန်းကိုထပ်blockရင်လည်း
လူကိုယ်တိုင်လာတွေ့လို့ရတယ်

ကြိုးစားချင်ရင် ဖြစ်ပါတယ်
ချော့ချင်စိတ်ရှိရင် ဖြစ်ပါတယ်
မချော့ချင်လို့ကို အပင်ပန်းမခံတာ
သဘောပေါက် ညီမရေ

သူတို့တကယ်ချစ်ရင် မာနလည်းမထားဘူး
ခေါင်းပေါ်ရွက်ထားလို့ရရင် ရွက်ထားမှာ
ငါ့ကောင်လေးက ချစ်မပြတတ်တာပါဆိုပြီး
မေတ္တာရှင် ရွှေပြည်သာလုပ်နေလို့ကတော့
ခေတ်သစ်ကာလာစုံနွားမကြီး ဖြစ်သွားမယ်
သူတို့က ကိုယ်တွေနဲ့သာချစ်မပြတတ်တာ
သူတို့တကယ်ချစ်တဲ့သူလည်းကျရော
အသဲလေးက အိပ်ရေးဝဝအိပ် လို့ ပြောလို့ဆိုပီး
သေနေတဲ့ပုံကြီးကို တင်ပြီး
mentionတောင်ခေါ်ချင်ခေါ်ဦးမှာ

ပြောချင်တာက ကို့ကိုနားလည်ပေးပါပြောတိုင်း
ဟုတ်မှာပါလေဆိုပြီး ယုံမနေနဲ့
နားလည်ပေးတာနဲ့ တုံးအတာနဲ့က
မတူဘူးနော် ဂျိုယောင်ဂျိုဝါတွေ
မတောက်ပချင်စမ်းနဲ့ ငါ့ညီမတို့...☺️

Lily pink Beauty, cosmetic & personal care

Lily pink 21/09/2021

ငါတကယ်ပင်ပန်းနေပီလို့ပြောရင် လမ်းခွဲပေးမာလားဟင်
မောင့်အတွက် ထပ်ပီး မျက်ရည်ကျဖို့ မျက်ရည်တွေတောင်မကျန်‌တော့ဘူး မောင်ရေ
ဒီလောက်နဲ့တင် တော်လိုက်ရအောင်လား 🥺

Lily pink Beauty, cosmetic & personal care

21/09/2021

-My dayမှာ viewersများခြင်း မများခြင်းထက်
-ခဗျားဝင်ကြည့်ဖို့ပဲ လိုတယ်....❤️

21/09/2021

ခင်ဗျားနေနိုင်မှန်းလဲသိပါတယ်ဗျာ
အဲ့လောက်ထိသူစိမ်းဆန်ပြနေဖို့ မလိုပါဘူး...😊👌

Chaw Su

20/09/2021

မင်းလေးနဲ့ စကားမပြောဖြစ်တဲ့ညတေ မင်းလေးရဲ့ Gn ဆိုတဲ့ စကားလေးမကြားရတဲ့ ညတွေက အထိန်းအကွပ်မရှိ မင်းအကြောင်းတွေးရင်း နေနေရတေ
အလိုလိုမျက်ရည်ကျရတေ
မင်းလေး နေနေတဲ့ အရပ်မျက်နှာဖက်ငေးနေရင်းတောင် ငိုနေမိတေ
မင်းလေး အကြောင်းတွေးတွေးလိုက်တိုင်း ရင်ဘတ်ကြီးက ပေါက်ထွက်တော့မလိုခံစားနေရတေ မင်းလေး တစ်ယောက်ထဲ အဆင်ပြေအေးချမ်းဖို့များ ငါ့ကို အဲလောက်မရက်စက်ပါနဲ့ ဝဋ်ရှိသလောက်တော့ခံရအုံးမေဆိုတဲ့အတွေးတွေဝင်ဝင်လာရင် မင်းလေးနဲ့ မဆုံဖြစ်တာတောင် ပိုကောင်းသားလို့ တွေးနေမိတေ
မောင်ရဲ့ မ🥺

20/09/2021

လမ်းခွဲတယ်ဆိုတာကလေ

သစ္စာဖောက်မှ နောက်တစ်ယောက်တွဲမှ
လမ်းခွဲတာမဟုတ်ပါဘူး

အချိုးတွေ ဆက်တိုက်မပြေ
သည်းမခံနိုင်တဲ့အဆုံး လမ်းခွဲကြတာပဲ

ကိုယ်က စကားတွေအားရပါးရပြောနေချိန်
သူကတော့ တခြားကိုအာရုံရောက်နေတာမျိုးကလဲ
ခံရခက်ပါတယ်

ကိုယ်က ဒီအကျင့်ကိုမကြိုက်ဘူးလို့ပြောရင်
ခဏတော့ ရှောင်တယ်
ပြီးရင် ဒီအကျင့်ပဲပြန်ဖစ်
ကြာတော့ ငြီးငွေ့လာတယ်

ဘယ်လောက်ချစ်ချစ် အထီးကျန်မှုတွေ
ဆက်တိုက် ပေးလာတဲ့အခါ
သူငါ့အပေါ် စိတ်မရှိတော့ဘူးဆိုတဲ့
အတွေးက မဖိတ်ခေါ်လဲ ဝင်မှာပဲ

အဲဒီလို ဘာမှမဟုတ်ပါဘူးဆိုတဲ့
ကိစ္စသေးသေးလေးတွေ စုသွားရင်
အကြီးကြီးဖစ်လာပြီး
လမ်းခွဲတဲ့ အဆင့်ရောက်သွားတော့တာပဲ ❤

19/09/2021

🥺💦

19/09/2021

''ယောက်ျားတို့မာယာ ''
=============

=>Propose လုပ်နေဆဲကာလမှာ………
~ သေမလိုရှင်မလို Feel ပြတယ်
ရင်မခုန်ဘူး
ဒါပေမယ့်
ရည်းစားရချင်ဇောနဲ့
~ ဟတ်ဟတ်ထိုး
ကြွေချင်ယောင်ဆောင်ပြတယ်
~ စိတ်မပါဘဲနဲ့လည်း
အသည်းအသန်ဂရုစိုက်ပြတယ်
~လိုချင်တဲ့Targetမရောက်မချင်း
အမိန့်တွေနာခံဖို့ဝန်မလေးဘူး
~ လိုအပ်ရင်
မျက်နှာရှစ်ခေါက်ချိုးဇီးရွက်လောက်လုပ်ပြမယ်
~ တစ်ဖက်က
သနားစိတ်ဝင်သွားအောင်
မျက်နှာလေးညှိုးပြမယ်
~ ဖုန်းဆက်ချိန် စာပို့ချိန်
တိကျတယ် Right time ဘဲ
~ Reply မြန်ချက်
စက္ကန့်ပိုင်းအတွင်း
အရေးတယူပြန်တယ်
~ ဘာလုပ်နေလဲ
ယောင်ပြီးလာမမေးနဲ့
သတိရလို့
Photo လေးထိုင်ကြည့်နေတယ် ဆိုတာချည်းပဲ
~ တစ်ရက်လောက်မတွေ့ရရင်ကို
ကမ္ဘာပဲပျက်တော့မလိုနဲ့
Overtine တွေ
အရည်ကျဲကျဲ ဖျော်ပြရတာအမော
~ ပိန်သွားတယ်နော် သွားမပြောနဲ့
ဟုတ်တယ် ညညလွမ်းလို့အိပ်မပျော်တာ …
{ဒါဘဲရမယ်}
~ ဝလာတယ်ပြောကြည့်ဦးမလား
အင်း ချစ်နဲ့ဆုံရလို့ စိတ်တွေချမ်းသာနေတာလေ…
{သေသွားမယ်}
~ နဖူးလေး အားယားလို့သွားမစမ်းနဲ့
ချက်ချင်းပျော့ကျပြီး
လူမမာလုံးလုံးဖြစ်သွားတာ…
{အကယ်ဒမီရှော့}
=>ဟော လာပါပြီ
Anni တွေလွန်မြောက်ပြီးနောက်……
~ သေသေရှင်ရှင် ပစ်ထားတယ်
~ အဖြေရတာ
မသိရင်တစ်ဘဝလုံးပိုင်သွားတာကျနေတာဘဲ
~ ဆက်လက်၍
ကြိုးစားရန်မလိုအပ်တော့လို့
ထင်မှတ်သွားပြီလေ
~ ဂရုလည်းမစိုက်တော့ဘူး
သေရင်တောင်သိလိုက်မယ်မထင်
~ အဖြေရပြီးပြီဆိုတော့
စစ်တပ်ကအာဏာပြန်သိမ်းပြီလေ
~ မျက်နှာက မြောက်ကိုရီးယားသမ္မတရုပ်လို တည်သွားပြီ
~ ဖုန်းဆက်ချိန် စာပို့ချိန် မျှော်မနေနဲ့ ရူးတောင်သွားဦးမယ်
~ Reply ကြာချက်
USAအာကာသခရီးစဉ်တောင် ပြန်ရောက်ပြီ
အင်း/ဟုတ်/ စာတစ်လုံးထဲက
တော်တော်နဲ့ရောက်မလာသေး
~ ဘာလုပ်နေလဲ အရေးတယူသွားမမေးနဲ့
ဘာလုပ်ရမှာလဲ အားနေတယ်ထင်နေလို့လား…
{ကိုဒေါသ}
~ ပိန်သွားတယ် ဝလာတယ်
သွားမပြောနဲ့မကြိုက်ဘူး
သစ်ရွက်လှုပ်တာနဲ့
စိတ်ကတိုနေတတ်တဲ့အချိန်ဖြစ်သွားပြီလေ…
{ဦးစိတ်တို}
~ ဒါကြောင့်
တချို့ယောက်ျားလေးတွေက
ရည်းစားမဖြစ်သေးခင်မှာတော့
မာယာလေးတွေသုံးတတ်ကြပါတယ်နော်
~ အဖြေရပြီးရင်တော့အမှန်တရားလေးတွေမြင်ရစေ့မယ်
စိတ်သာချနေပေတော့ ညီမလေးတို့ရေ။
~ ဒါပေမယ့် အဲလိုမဟုတ်ပဲ
တကယ်ချစ်တဲ့သူ
တကယ်မြတ်နိုးတဲ့

ယောက်ျားလေးတွေလည်း လောကမှာ
ရိုက်သတ်လို့ မကုန်ပါဘူးးးကွယ်။
အချစ်ရေးမှာ ကံကောင်းကြပါစေ............၇၁

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


ZawTika Street
Yangon