Lucky Online Shop
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lucky Online Shop, Beauty, cosmetic & personal care, Thamian Brand Street, Yangon.
10/02/2023
"မဟုတ်ရင်မခံ
ပြန်ပြောတတ်တဲ့ အကျင့်ကို
ဒေါသကြီးတယ်လို့
တစ်ချို့က ထင်တတ်ကြတယ်။
ဒါပေမဲ့
အဲ့လို လူမျိုးတွေမှာ
ကောက်ကျစ်တဲ့ စိတ်ထား
မရှိတာ တစ်ချို့လူတွေ မသိကြဘူး။
စိတ်ထဲ မှန်တယ်ထင်ရင်
အပြောဆိုးတတ်တဲ့ အကျင့်ကို
စိတ်ထားပါဆိုးမယ်လို့
တစ်ချို့က ထင်တတ်ကြတယ်။
ဒါပေမဲ့
အဲ့လိုလူမျိုးတွေမှာ
ယုတ်မာတဲ့ စိတ်ထား
မရှိတာ တစ်ချို့လူတွေ မသိကြဘူး။
သည်းမခံနိုင်တဲ့အဆုံး
ပေါက်ကွဲစိတ်နဲ့
ချက်ကျလက်ကျပြောတတ်တဲ့အကျင့်ကို
ရိုင်းစိုင်းတယ်လို့
တစ်ချို့က ထင်တတ်ကြတယ်။
ဒါပေမဲ့
အဲ့လို လူမျိုးတွေ စိတ်ထဲ
အငြိုးအတေး မထားတတ်တာ
တစ်ချို့လူတွေ မသိကြဘူး။
ပွင့်ပွင့်လင်းလင်းနဲ့
ဘွင်းဘွင်း နေတတ်တဲ့ အကျင့်ကို
သိက္ခာမရှိဘူးလို့
တစ်ချို့က ထင်တတ်ကြတယ်။
ဒါပေမဲ့
အဲ့လိုလူမျိုးတွေစိတ်ထဲ
မကောင်းမှု မှန်သမျှ
ရှောင်ကျဉ်တတ်တာ
တစ်ချို့လူတွေ မသိကြဘူး။
တစ်ဦး တစ်ယောက်တည်း
နေတတ် သွားတတ်တဲ့အကျင့်ကို
မာနထားတယ်လို့
တစ်ချို့လူတွေက ထင်တတ်ကြတယ်။
ဒါပေမဲ့
အဲ့လိုလူမျိုးတွေ စိတ်ထဲ
လူညစ်တွေ ပေးတဲ့ သင်ခန်းစာတွေ
ကြောင့် လူတွေကို
ရှောင်ကျဉ်တတ်တာ
တစ်ချို့လူတွေ မသိကြဘူး။
ဒါ့ကြောင့်
တစ်ချို့လူတွေကို
အပေါ်ယံကြည့်ပြီး မဝေဖန်ကြဖို့၊
တစ်ချို့လူတွေ
အကြောင်း ခရေစေ့တွင်းကျ
မသိဘဲ
အထင်မကြီး
အထင်မသေးတတ်ဖို့၊
တစ်ချို့လူတွေ မသိကြပြန်ဘူးလေ။"
Crd....
26/01/2023
" ဗိုက်ပူတာ ဘာကြောင့်လဲ ?
လူအများစုရဲ့အထင်က ဗိုက်ပူတာဟာ
ဝမ်းဗိုက်မှာအဆီတွေ စုပါများပြီး
အဆီတွေအခေါက်တွေ ထူလာလို့ဖြစ်ရတာလို့ပဲ
ထင်နေကြပါတယ်။
အဲဒါတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။
လူတွေ သတိမထားမိကြသေးတဲ့
အကြောင်းတစ်ခု ရှိနေပါသေးတယ်။
အဲဒါကတော့ အူမကြီးတွေ
ကြီးမားတုတ်ခိုင်လွန်း နေလို့
ဗိုက်ပူထွက်နေကြရခြင်း ပဲဖြစ်ပါတယ်။
အထူးသဖြင့် အသက်ကြီးလာလို့
ဗိုက်ပူထွက် လာကြရသူတွေဟာ
အဲဒီ့အူမကြီးတွေ တုတ်ခိုင်ကြီးမားလာလို့
ဖြစ်ရတာ များပါတယ်။
အူမကြီးတွေ ဘာကြောင့် ကြီးမား
တုတ်ခိုင်လာကြရတာလဲ။ဖြစ်စဉ်ကတော့
အနှစ်နှစ်အလလ အစားအစာတွေကို
စားလာခဲ့ရာကနေ ဖြစ်လာရတာပါပဲ။
အစာစားလိုက်တဲ့ အခါမှာ အစာဟောင်းတွေဟာ
အူမကြီးထဲကို ရောက်ရှိပြီး အထိုင်ချပါတယ်။
အဲဒီ အစာဟောင်းတွေဟာ
ရှေ့ကိုမြန်မြန်တိုးပြီး မစင်အဖြစ်
ခန္ဓာကိုယ်ပြင်ပကို ထွက်သွားဖို့လိုပါတယ်။
သို့သော်လဲ လူက ရေသောက်နည်းခြင်း
အမျှင်စာ စားတာနည်းခြင်း
လှုပ်ရှားမှု နည်းခြင်းတွေကြောင့်
အစာဟောင်းတွေဟာရှေ့ကို
မြန်မြန် မတိုးနိုင်ကြဘူး။
အဲဒီ့အခါမှာ အူမကြီး အတွင်းနံရံတွေမှာ
မစင်တွေကချိုး(ဂျိုး)အဖြစ် ကပ်ကပ်လာပါတယ်။
ဒီဖြစ်စဉ်မျိုးက အမြဲတန်းဖြစ်လာရာက
ကြာတော့ အူမကြီးတွေ အလုံးတုတ်တုတ်လာပြီး
ဗိုက်ကြီးက ပူထွက်လာတော့ တာပေါ့။
ထင်ရှားတဲ့ ဥပမာနဲ့ ပြောရရင်
သံကောင်တွေ အများကြီးရှိတဲ့ ကလေးတွေ
ဗိုက်ပူနေတဲ့ ပုံစံမျိုးပါပဲ။
အမေရိကန်နိုင်ငံက ဗိုက်အလွန်ပူတဲ့
လူတစ်ယောက်သေသွားလို့ သူ့အလောင်းကို
ခွဲစိတ်ကြည့်ကြပါတယ်။ဗိုက်ကို ခွဲလိုက်ရာမှာ
သူ့ရဲ့အူမကြီးတွေဟာ အလွန်ကိုကြီးမား
တုတ်ခိုင်နေတာကို တွေ့ကြပါတယ်။
အဲဒီအူမကြီးကို ခွဲလိုက်ရာမှာတော့
ကြောက်စရာကောင်းလောက်အောင်
နံစော်နေတဲ့ မစင်ချိုးတွေ ကပ်နေတာကို
တွေ့ရတယ်လို့ဆိုပါတယ်။အနှစ်နှစ်အလလက
စုအောင်းလာတဲ့ မစင်ချိုးတွေကြောင့်
အူမကြီးတွေ တုတ်ခိုင်ကြီးမားပြီး
ဗိုက်ပူထွက်လာခြင်းဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့အူအရှည်ဟာ
၂၆ ပေကနေ ပေ ၃၀ လောက်အထိ ရှည်ပါတယ်။
အဲ့လောက်ရှည်တဲ့ အူတွေတုတ်ခိုင်ကြီးမားနေတော့
ဝမ်းဗိုက်ကလည်း ပူထွက်လာတော့တာပေါ့။
အူမကြီးတွေမှာမစင်ချိုးတွေ များနေခြင်းဟာ
လူကိုရောဂါများစေပြီး အသက်လည်း
တိုတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့
အဲဒီမစင်ချိုးတွေကနေ ထွက်လာတဲ့
အဆိပ်အတောက်တွေဟာ အူနံရံတွေကနေ
ဝင်ပြီးတစ်ကိုယ်လုံးကို ပျံ့နှံ့ရောက်ရှိပြီး
ရောဂါဖြစ်စေလို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် အဲဒီ မစင်ချိုးတွေကို
ဖယ်ရှားရှင်းလင်းဖို့ လိုအပ်ပါတယ်။
မစင်ချိုးတွေကို ဘယ်လို ရှင်းလင်း
ဖယ်ရှားပစ်ရမလဲ။
နိုင်ငံခြားမှာတော့ဝမ်းချူတဲ့ စက်တွေနဲ့
စအိုကနေ ဆေးရည်သွင်းပြီး ဖယ်ရှားကြပါတယ်။
၇ကြိမ်လောက် ဝမ်းချူလိုက်ပြီးနောက်မှာ
မစင်ချိုးတွေ ရှင်းသွားပြီး ဗိုက်လည်းချပ်
နေလို့ထိုင်လို့လည်း ကောင်းသွားကြတယ်လို့
ဆိုပါတယ်။ကျနော်တို့ တိုင်းပြည်မှာတော့
အဲ့ဒီ့လောက် ခေတ်မမှီသေးဘူး
ဒါကြောင့်မြန်မာ့နည်းမြန်မာ့ဟန်နဲ့ပဲလုပ်ကြတာပေါ့။
မြန်မာတွေ အလွန်နှစ်သက်တဲ့
ဟင်းအမယ်တွေရှိပါတယ်။
အဲဒီ့ထဲမှာ ထမင်းကို အလွန်မြိန်စေတတ်တဲ့
ကင်ပွန်းချည်ကို မကြိုက်သူ မရှိသလောက်ပါပဲ။
ကြော်ချက်အဖြစ်၄င်း ဟင်းချိုအဖြစ်၄င်း
ချက်စားကြပါတယ်။ကင်ပွန်းသီးကိုလည်း
တရော်နဲ့ တွဲပြီးခေါင်းလျှော်ကြပါတယ်။
ကင်ပွန်းပင်ဟာ ဆပ်ပြာကဲ့သို့
ဆေးကြောပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
ကင်ပွန်းချဉ်ရွက်ကို ဟင်းချိုအဖြစ်
အရသာရှိအောင် ခပ်ပျစ်ပျစ်ချက်ပြီး
နေ့လယ် ထမင်းစားချိန်မှာ ထမင်းနဲ့အတူ
အားရပါးရစားပါသောက်ပါ။
တစ်ပန်းကန်လုံး ကုန်အောင်သောက်ပစ်လိုက်ပေါ့။
အဲဒီကင်ပွန်းချဉ်က အူမကြီးထဲရောက်ရင်
မစင်ချိုးတွေကို နှူးပေးပါလိမ့်မယ်။
ရှေ့ကဆပ်ပြာနဲ့ နှူးထားပြီးရင်
နောက်က တံမြက်စည်းနဲ့လှဲပြီး
သန့်ရှင်းရေး လုပ်ပေးရပါတယ်။
ဒါကြောင့်ညနေဘက်မှာ အမျှင်ဓါတ်ကြွယ်ဝတဲ့
ဂေါရခါးညွန့်လို အရွက်အညွန့်တွေ
ဗိုက်ဝတဲ့ အထိ ကြော်စားပေးပါ။
ညအိပ်ယာမဝင်ခင် ပန်းသီးတစ်လုံးစားပြီး
အိပ်လိုက်ပါ။အူတွေ လှိုင်းထအောင်
ညနေဘက်မှာ လမ်းလျှောက်ထွက်ပေးပြီး
ရေများများသောက်ဖို့လည်း လိုပါတယ်။
အဲ……နောက်နေ့ မနက်မှာတော့
တကွီကွီတစီစီနဲ့ E ပါပြီး အူမကြီးထဲက
မစင်ချိုးတွေ အကျိအချွဲတွေအရိအရွဲတွေ
ထွက်ကျလာလိမ့်မယ်။
ဝမ်းခိုင်တဲ့ သူတွေကတော့ ဝမ်းနူးပါလိမ့်မယ်။
တစ်ပတ်တစ်ခါလောက် ပုံမှန်လေးလုပ်ပေးရင်
၁ နှစ်လောက်အကြာမှာ
သိသိသာသာ ဗိုက်ချပ်ပါတယ်။
နေလို့လည်း ကောင်းသွားလိမ့်မယ်။
အသက်ကြီးလာလို့ ဗိုက်ပူလာပြီး
အစားလျှော့ပေမဲ့ ဗိုက်မချပ်သူများ
ဒီနည်းကို စမ်းကြည့်နိုင်ပါတယ်။
ဗိုက်လေးချပ်မှလည်း
ကြည့်ကောင်းတာ မဟုတ်လား……………
Crd writer
အသီးအနှံတွေနဲ့ အူရှင်းဗိုက်ချပ်ဖို့ အချိန်မပေးနိုင်သူတွေကတော့ အမျှင်ဓာတ်တွေပါဝင်တဲ့ အသီးအနှံတွေနဲ့ ဖော်စပ်ထားတဲ့ Fiber Detox တွေနဲ့ အူရှင်းနိုင်ပါတယ်✅
19/01/2023
2 ထပ်ဗိုက်စည်း
👌👌👌👌
အမျိုးသား အမျိုးသမီးတိုင်းတွက် ဗိုက်ပူတာကို စိတ်ညစ်စရာ မဟုတ်တော့ပါဖူး
ကလေးမွေးပီး 45ရက်ကျော်ပါကမွေးမေမေများ ဗိုက်လေးမပူအောင် စည်းထားသင့်ပါတယ်နော်
တစ်ခု 18000
09974160424
မြန်မာတစ်နိုင်ငံလုံး အိမ်ရောက်ငွေချေ ဖြင့် ပို့ဆောင်ပေး နေပါပြီနော်
size-2XLပဲရှိပါမယ်
colour - အသား / အနက်
မြန်မာအမျိုးသမီးထုကြားမှာ နာမည်ကြီးတဲ့
အဆီကျခါးပတ်လေးပါ
အမျိုးသမီးများတင်မက အမျိုးသားတွေရော သုံးလို့ရပါတယ်နော်
ခါးနာ နေတဲ့ သူများလဲ 1ပတ်လောက်စည်းထားရုံနဲ့ သက်သာ ပျောက်ကင်းစေပါတယ်
ကပ်ခွာဆိုဒ်ကြီး နူးညံ့တဲ့အသား ပစ္စည်းမှန်
ဒီဗိုက်စည်းကဝတ်ဝတ်ချင်းမှာလည်း
ဗိုက်သားချပ်ရပ်စေသလို တနေ့ ၆ နာရီ
ဝတ်ပေးခြင်းဖြင့် ၁ ပတ်အတွင်းဗိုက်နဲ့ခါးအဆီတွေကို ၁ လက်မ သို့မဟုတ် လက်မဝက်လောက်
ကျဆင်းစေပါတယ်
ထောင့်ပါသည့်အလွှာကိုဉီးစွာပတ်၍
နောက်တလွှာကိုခပ်တင်းတင်းပတ်ရပါမယ်
ဝတ်ရတာပေါ့ပါးမူရှိပါတယ်လိပ်တက်တာ
လည်ထွက်တာလုံးဝမရှိပါ
လိုသလိုအလျော့အတင်းပြုလုပ်နိုင်ပါတယ်။
18/01/2023
2 ထပ်ဗိုက်စည်း
👌👌👌👌
အမျိုးသား အမျိုးသမီးတိုင်းတွက် ဗိုက်ပူတာကို စိတ်ညစ်စရာ မဟုတ်တော့ပါဖူး
ကလေးမွေးပီး 45ရက်ကျော်ပါက ဗိုက်လေးမပူအောင် စည်းထားသင့်ပါတယ်နော်
တစ်ခု 18000
09974160424
မြန်မာတစ်နိုင်ငံလုံး အိမ်ရောက်ငွေချေ ဖြင့် ပို့ဆောင်ပေး နေပါပြီနော်
size-2XLပဲရှိပါမယ်
colour - အသား / အနက်
မြန်မာအမျိုးသမီးထုကြားမှာ နာမည်ကြီးတဲ့
အဆီကျခါးပတ်လေးပါ
အမျိုးသမီးများတင်မက အမျိုးသားတွေရော သုံးလို့ရပါတယ်နော်
ကပ်ခွာဆိုဒ်ကြီး နူးညံ့တဲ့အသား ပစ္စည်းမှန်
ဒီဗိုက်စည်းကဝတ်ဝတ်ချင်းမှာလည်း
ဗိုက်သားချပ်ရပ်စေသလို တနေ့ ၆ နာရီ
ဝတ်ပေးခြင်းဖြင့် ၁ ပတ်အတွင်းဗိုက်နဲ့ခါးအဆီတွေကို ၁ လက်မ သို့မဟုတ် လက်မဝက်လောက်
ကျဆင်းစေပါတယ်
ထောင့်ပါသည့်အလွှာကိုဉီးစွာပတ်၍
နောက်တလွှာကိုခပ်တင်းတင်းပတ်ရပါမယ်
ဝတ်ရတာပေါ့ပါးမူရှိပါတယ်လိပ်တက်တာ
လည်ထွက်တာလုံးဝမရှိပါ
လိုသလိုအလျော့အတင်းပြုလုပ်နိုင်ပါတယ်။
12/01/2023
👯 ဗိုက်ပူခါးတုတ်ပြီး ကိုယ်လုံးမလှလို့ စိတ်ညစ်မနေနဲ့တော့နော်
Body shaper လေးများနှင့် ဗိုက်စည်းလာပါပြီ😻😻🙀
📞☎️09974160424
ပေါင် 100မှ 180 ထိဝတ်လို့ရတဲ့ Body Shaper
ဆိုဒ်ကြီးထပ်ဝင်ပါပြီရှင့်
💃မြန်မာဝတ်စုံ နဲ့ဝတ်မလား / Gym ဆော့ရင်းဝတ်လား / Yoga လုပ်ရင်းဝတ်မလား ဘယ်လိုဝတ်ဝတ် အဆင်ပြေစေတဲ့ ဘောင်းဘီလေးပါရှင့်😘
💁♀️ဗိုက်လေးချပ်ချပ်လေးနဲ့ ကောက်ကြောင်းလေးတွေပေါ်လွင်ဖို့ဒီ Body Shaper ဘောင်းဘီလေးကအဆင်အပြေဆုံးပါပဲရှင်😍
၁ ထည် 15000 ကျပ်
၂ ထည် 25000ကျပ် ပါရှင့်
ဗိုက်ချပ် တွဲလျက်ဘောင်းဘီ တစ်ထည် 17000
6ခြိတ် ဗိုက်စည်း တစ်ခု 12000
💁♀️ဘောင်းဘီဝတ်ထားတဲ့အချိန်မှာလည်း လိပ်တက်ခြင်း/ ပေါင်ပွန်းခြင်း / ယားယံခြင်း / ပူအိုက်ခြင်း များမဖစ်ပေါ်စေပဲ အသားအေးအေးလေးနဲ့ ပေါ့ပေါ့ပါးပါး သက်တောင်သက်သာ ရှိတဲ့ခံစားမှုမျိုးရရှိစေမှာဖစ်ပါတယ်ရှင့်
----------------------------
ဆက်သွယ်မှာယူလိုပါက 🚛🚛
♦️အမည်
♦️လိပ်စာ
♦️ဖုန်းနံပါတ်
♦️မှာယူလိုမည့် ပစ္စည်းနှင့်အရေအတွက် အပြည့်အစုံပေးပို့၍
ဖုန်းနံပါတ် (09974160424) သို့ ဆက်သွယ်မှာယူနိုင်တယ်ရှင် (သို့မဟုတ်)
ချက်ဘောက်တွင် လိပ်စာဖုန်းနံပါတ် အပြည့်အစုံပေးကာ မှာယူထားနိုင်ပါတယ်
29/12/2022
ပေါင် 100 မှ 160 ထိသာ ဝတ်လို့ရပါမည်။
ချစ်ရသော Customer များ လှပတဲ့ Body လေးပိုင်ဆိုင်နိုင်ဖို့ Body Shaper လေး ထပ်မှာထားပါတယ်နော် အသဲတို့ရေ
အရမ်းးးး Hot ဖြစ်နေတဲ့ Body Shaper လေး အသစ်ရောက်လာပါတယ်နော်
တစ်ထည် 20000ကျပ်ပါ
09974160424
21/12/2022
ပေါင် 100 မှ 160 ထိသာ ဝတ်လို့ရပါမည်။
ချစ်ရသော Customer များ လှပတဲ့ Body လေးပိုင်ဆိုင်နိုင်ဖို့ Body Shaper လေး ထပ်မှာထားပါတယ်နော် အသဲတို့ရေ
အရမ်းးးး Hot ဖြစ်နေတဲ့ Body Shaper လေး အသစ်ရောက်လာပါတယ်နော်
တစ်ထည် 20000ကျပ်ပါ
မှတ်ချက် အသားရောင်လေးက ရှေ့လလောက်မှ ရောက်ပါမယ်။
09974160424
11/12/2022
အမေပြောဖူးတဲ့ ခွေးသေပုတ်ကို
ခြေထောက်နဲ့မကန်မိစေနဲ့ စကားလေးပါ။
တစ်ခုခုဆို
ဆတ်ဆတ်ထိမခံတတ်တဲ့အကျင့်
ကျွန်တော့်မှာရှိခဲ့တယ်။
ကိုယ်မှန်တယ်ထင်ရင် ပြောဆိုရဲသလို
မှားတယ်ထင်ရင်လည်း တောင်းပန်ရဲတာ
ကျွန်တော့်အကျင့်။
ကိုယ်မှန်လို့ပြောပြီဆိုရင်
ဘယ်သူ့မျက်နှာမှ မကြည့်တတ်ခဲ့ဘူး
အရိုင်းစိုင်းတစ်ယောက်လိုပဲ ဖြစ်ခဲ့ဘူးတယ်။
မဟုတ်မခံတဲ့ အဲဒီစိတ်လေးကို
မသိစိတ်က သဘောကျမိလေ
ကျွန်တော့်စိတ် မောက်မာလာလေပဲ။
သွားမလုပ်နဲ့ သူကဆတ်ဆတ်ကြဲ
စိတ်လည်းကြီးတယ်
မဟုတ်မခံပြန်ပြောတတ်တယ်တဲ့
သူတို့တွေ အပြောမှာ
ကျွန်တော့်ကို ကျွန်တော်
အဟုတ်ကြီးမှတ်ခဲ့ဘူးတယ်။
မဟုတ်တဲ့ကိစ္စတစ်ခုကို ရှင်းရမှ
စိတ်ကျေနပ်တာ
ကျွန်တော်အကျင့်ဆိုးကြီးလိုဖြစ်နေခဲ့တာ။
တစ်နေ့
အမေနဲ့အပြင်သွားတော့
လမ်းဘေးအမှိုက်ပုံတစ်ခုမှာ
ခွေးသေပုတ်ကောင်ကြီး
အနံတထောင်းထောင်းနဲ့
မြင်တွေ့ရတာစိတ်ပျက်စရာပါ။
ကျွန်တော် နှာခေါင်းရှုံ့လက်နဲ့ကာလို့
မျက်နှာမဲ့သွားတာ အမေမြင်တော့
အမေကပြောတယ်
သားခွေးသေပုတ်ကို
ခြေထောက်နဲ့ကန်ရဲလားတဲ့။
ကန်စရာလား အမေရယ်
ဒီလောက်ပုတ်စော်နံနေတဲ့ဟာကို
ဆိုတော့ အမေကပြုံးတယ်။
ဟုတ်တာပေါ့ သားရဲ့
ကိုယ်မှန်သည်ဖြစ်စေမှားသည်ဖြစ်စေ
သူတစ်ပါးပြောတဲ့စကား
ကိုယ့်ကောင်းကျိုးပါရဲ့လားစဉ်းစားတဲ့။
မဟုတ်တာ ပြောတယ်
ကိုယ်ကအဲဒီလူနဲ့ ဘက်ဖြစ်တော့
ဘာပြန်ရလဲတဲ့
အမေ့ရဲ့ မေးခွန်းကြောင့်
ကျွန်တော့်နှုတ်ဆိတ်နေမိတယ်
တစ်ဖက်လူကဆဲတယ် ရိုင်းတယ်
ကိုယ့်လည်း ပါးစပ်ပါတယ်
ပြန်ပြောလို့ရတာပဲ
ဒါပေမယ့် မတူဘူးတဲ့
အရိုင်းအစိုင်းနဲ့ဘက်ဖြစ်ရင်
ကိုယ်လည်းသူနဲ့
အဆင့်တူတူပဲဖြစ်သွားရောတဲ့။
ဟုတ်ပါတယ် ကျွန်တော်မေ့နေခဲ့တာ
ကျွန်တော့်ရှေ့မှာမဟုတ်မခံပြောတဲ့
လူတချို့ကလည်း
ကျွန်တော့် နောက်ကွယ်အရိုင်းစိုင်းလေးလို့
ပြောနိုင်သားပဲ။
ကိုယ်မဟုတ်တဲ့ကိစ္စအတွက်
လေကုန်ခံပြောမနေတော့ဘူး
အဲဒီအတွက် ကိုယ်လည်းဒေါသမဖြစ်ရ
ဒေါသမထွက်ရတော့ဘူး။
ကိုယ်အနည်းဆုံးတော့အမှားကင်းလာတယ်
လျစ်လျူရှု တတ်တာတစ်ခုက
အကျင့်ဖြစ်လာတယ်
လူကြီးလူငယ်ဖြစ်ဖြစ်
သူရိုင်းရင်သူ့အကုသိုလ်နဲ့သူသွားလိမ့်မယ်။
ဘာဆိုဘာမှမပြောနေတော့ဘူး
ခွေးဟောင်တိုင်းသာ လိုက်ကြည့်ရင်
နေစရာနေရာ မရှိတော့သလိုပေါ့။
အဲဒီနာက်ပိုင်း ခွေးသေပုတ်ကိုလည်း
ခြေထောက်အပေခံပြီးမကန်တော့သလို
အရာအားလုံး
လျစ်လျူရှုတတ်အောင်နေခဲ့တယ်။
Awe
Credit ( Original writer & Uploader )
30/11/2022
သင်္ဘောတွေဟာ
သူတို့ပတ်ပတ်လည်မှာရှိနေတဲ့
ရေတွေကြောင့်
မနစ်မြုပ်ဘဲ
သူတို့ ကိုယ်ထည်ထဲကို
ဝင်လာတဲ့ ရေတွေကြောင့်သာ
နစ်မြုပ်ရခြင်းဖြစ်ပါတယ်
ဒါကြောင့် ...
သင့်ရဲ့ပတ်ဝန်းကျင်က
ဖြစ်ပျက်နေသည့်
မကောင်းသော အကြောင်းအရာတွေကို
သင့် ရင်ထဲကို အဝင်ခံပြီး
သင့်ကိုယ်သင် မနစ်မြုပ်မိပါစေနှင့်....
🌟သင့်ရဲ့ဘဝအတွက် သင်ကိုယ်တိုင် ဆုံးဖြတ်ပါ၊
🌟သင့်ရဲ့ပန်းတိုင်အတွက် သင်ကိုယ်တိုင် ကြိုးစားပါ၊
🌟သင့်ရဲ့မိသားစုအတွက် သင်ကိုယ်တိုင် ရုန်းကန်ပါ၊
ပတ်ဝန်းကျင်ဆိုတာ ရှိတစ်မျိုး၊ မရှိတစ်မျိုးဖြစ်တဲ့အတွက်၊ ဂရုမစိုက်ပါနဲ့.....
သင့်ပတ်ဝန်းကျင်မှာရှိတဲ့ Negativity တွေကိုခေါင်းထဲမထဲဘဲနဲ့ သင့်ရဲ့ အောင်မြင်မှု့ပန်းတိုင်ကိုသာအာရုံစိုက်၍ ဆက်လက်လျှောက်လှမ်းပါ 🤍
27/11/2022
ကောသလ မင်းကြီးဆီမှာ ပါဝေယျ ဆိုတဲ့
ထောင်ထောင်မောင်းမောင်း
တိုက်ဆင်ကြီး တစ်ကောင်ရှိတယ်။
တိုက်ပွဲတွေအများကြီး တိုက်ခဲ့ပြီးနောက်
အိုလာတဲ့အခါဘုရင်ကြီးကသူ့အချစ်တော်
ဆင်ကြီးကို ဘေးမဲ့ပေးလိုက်တယ်။
တစ်နေ့ ဆင်ကြီးက အိုင်တစ်ခုထဲဆင်းရင်း
ညွန်ထဲနစ်သွားတော့ ရုန်းတယ် မရဘူး ။
အသက်ကကြီး အိုကလည်းအိုနေပြီမို့
ဘယ်လိုမှကို မရုန်းနိုင်တော့ဘူး။
ဘုရင်က သိသိချင်းမှာ သူ့အချစ်တော်ဆင်ကြီးဆီ ဆင်ဆရာနဲ့အဖွဲ့ ချက်ခြင်းစေလွှတ်လိုက်တယ်။
ဆင်ဆရာကလည်း တိုက်ဆင်တွေအကြောင်း
သဘောပေါက်တော့သွားကတည်းက
စစ်တီးဝိုင်းပါခေါ်သွားတယ်။
စစ်ချီစစ်ထိုးရင်သုံးတဲ့ စည်တွေ မောင်းတွေပါ
သယ်သွားပါရော။
ဟိုရောက်မှ သူ့လူတွေကို တပ်ဖြန့်ပြီး
စစ်ပွဲပုံစံပေါ်အောင်ဖန်တီးတယ်။
မောင်းတွေ တဒူ ဒူ ထု စည်တွေတီးကြလုပ်ပြီး
စစ်သည်တွေက ကြွေးကြော်သံတွေအော်တော့
ဆင်ကြီးက ငယ်တုန်းကလိုရဲစိတ် ရဲမာန်တွေ
တဖန်ပြန်ပေါ်လာပြီး ရုန်းထွက်လိုက်မှ
ကုန်းပေါ်ပြန်ရောက်လာတယ်။
ဘယ်သူမှ ဆွဲတင်တာမဟုတ်ဘဲ
သူ့ဖာသာရုန်းတက်ခဲ့ရတာ။
ကျဉ်းထဲကြပ်ထဲရောက်တဲ့အခါ
စိတ်ကအတော် အရေးကြီးပါတယ်။
ကိုယ်တိုင်ပဲကြိုးစားပြီးရုန်းထွက်ရတာပါ။
ယခုကျန်းမာရေး အဆင်မပြေသော သူတွေနှင့်
အခက်အခဲ ကြုံနေတဲ့ သူတွေ အနေနဲ့ကလည်း
ပါဝေယျ ဆင်ကြီးကို ဥပမာယူပြီး ကိုယ့်ကိုကိုယ် အားယူပြီးမှရုန်းထွက် နိုင်ကြပါစေ။
https://m.facebook.com/story.php?story_fbid=790615505664822&id=123843502342029
15/11/2022
အိုင်းစတိုင်းက .....
ကျောက်သင်ပုန်းမှာ အခုလိုမျိုး ရေးခဲ့တယ် ။
9x1 = 09
9x2 = 18
9x3 = 27
9x4 = 36
9x5 = 45
9x6 = 54
9x7 = 63
9x8 = 72
9x9 = 81
9x10 = 91
ဒါကို ကျောင်းသားတွေ ထရယ်ကြပါလေရော ...။
သူ့လိုလူတစ်ယောက်က င်္သချာမှာ မှားရေးမိတာကိုး ။ 9 နဲ့ 10 နဲ့မြှောက်ရင် 90 ပဲ ဖြစ်ရမယ့်နေရာမှာ အိုင်းစတိုင်းက 91 လို့ ရေးထားတယ် ။
အိုင်းစတိုင်းကလည်း ရယ်နေတဲ့ ကလေးတွေ ရပ်သွားတဲ့အထိ စောင့်လိုက်ပြီးမှ စကားဆက်ပြောတယ် ...။
စာ ၁၀ ကြောင်း ရေးထားတယ် ၊ ပထမ (၉) ကြောင်းက မှန်ပေမယ့် ဘယ်သူမှ ငါ့ကို ဂုဏ်မပြုကြဘူး ၊ ဒါပေမဲ့ အမှားတစ်ကြောင်းအတွက် ငါ့ကို လှောင်ပြောင်ကြတယ် ၊ ဒါဟာ ဘာကိုရည်ညွှန်းသလဲဆိုရင် လူတွေဟာ ကျွန်တော်တို့ရဲ့ အမှန်တရားနဲ့ အားသာချက်ကို မြင်တာထက် ၊ အားနည်းချက်နဲ့ အမှားအတွက်ကိုပဲ ရွေးမြင်တတ်ကြလို့ပါပဲ တဲ့ ...။
ဒီဖြစ်ရပ်ကနေ သင်ခန်းစာ အများကြီးပေးသွားပါတယ် ။ ကျွန်တော်တို့ လူတွေဆိုတာ အမှားမကင်းနိုင်ပါဘူး ။
တစ်ချက်အမှား အတွက်နဲ့ လူတစ်ယောက်ကို မလဲပစ်လိုက်ပါနဲ့ ။ လူတော်တော်များများက သူတို့လည်း စင်းလုံးချော မကောင်းပေမဲ့ ကျွန်တော်တို့ကို အချိန်တိုင်း ပုံသေ စင်းလုံးချော ကောင်းစေချင်ကြတယ် ။ တစ်ခုခု အမှားလုပ်လိုက်တာနဲ့ သည်းခံ ခွင့်လွှတ် ပြုပြင်ပေးမယ့်အစား ၊ အပြစ်မြင် အပြစ်တင်ပြီး ရှောင်ထွက် စွန့်ခွါခြင်းလမ်းကိုသာ အများဆုံးက ရွေးချယ်သွားကြတယ် ...။
လူ့လောကမှာ နေထိုင်တဲ့အခါ ...
သင့်ရဲ့ အားနည်းချက်တစ်ခုအတွက်ကို လူတချို့က ဝေဖန် လှောင်ပြောင်တာမျိုး ခံရရင် ဒီစာပိုဒ်လေးကို သတိရလိုက်ပါ ။
တစ်နှစ်ပြီးတစ်နှစ် ...
အသက်ကြီးလာတဲ့အခါ ရင်ဘတ်ထဲမှာ
ရင့်ကျက်သထက် ရင့်ကျက်လာဖို့ လိုပါတယ် ။
လောကကြီးအကြောင်း ...
လူတွေအကြောင်း နဲ့ ကိုယ့်အကြောင်းကို ပိုသိလေ
လူတွေနဲ့ သဟဇာတဖြစ်အောင် နေထိုင်ရလေ ဖြစ်ပါတယ် ...။
လောကကြီးမှာ
ကိုယ်ကြီးပြင်ခဲ့ရတဲ့ ပတ်ဝန်းကျင် ..
ကိုယ်ရှင်သန် ကျင်လည်ရတဲ့ ပတ်ဝန်းကျင်နဲ့
ရောက်ရှိနေတဲ့ အနေအထား မတူညီတဲ့အခါ
အမြင် ၊ ခံယူချက် နဲ့ လက်ခံမှုဆိုတာ ဘယ်တော့မှ မတူညီနိုင်ပါဘူး ...။
ဒါကြောင့်
နင်မှားတယ် ... သူမှားတယ်...
သူကောင်းတယ် ငါကောင်းတယ် ...
ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ငြင်းခုံ
လေကန်နေတာထက် ကိုယ်မှန်တယ် ထင်တဲ့အရာတွေ အနောက်ကို ဆက်လိုက်ပါ ...။
လူတွေကို အတတ်နိုင်ဆုံး မေတ္တာထားပါ ။
အတတ်နိုင်ဆုံး သည်းခံ ခွင့်လွှတ်ကြည့်ပါ ။
ဘယ်သူမှားမှား အတတ်နိုင်ဆုံး ပြိုင်မငြင်းပါနဲ့ ...။
တစ်ခါတရံ ကိုယ့်ဘက်က သည်းခံလိုက်လို့ ...
ငြိမ်အေးပြေလည်သွားတဲ့ အတ္တစစ်ပွဲတွေ အများကြီး ရှိလာပါလိမ့်မယ် ။
Credit to original uploader
08/11/2022
🖤 ဖတ်စေချင် လွန်းလို့ပါ 🖤
လင်မယား စုံတွဲ တစ်တွဲပါလာတဲ့
သင်္ဘောတစ်စင်း နစ်မြှုပ်သွားတယ်…
အချိန်တော်တော် ကြာမှ
အသက်ကယ် လှေတစ်စင်း ရောက်လာတယ်…
အသက်ကယ် လှေပေါ်မှာ နေရာဆိုလို့
တစ်နေရာဘဲ ကျန်တော့တယ်…
အဲဒီအချိန်မှာ ယောက်ျားဖြစ်သူက သူ့မိန်းမကို
သူ့အနောက်ဆွဲချလိုက်ပြီး သူကိုယ်တိုင်
အသက်ကယ် လှေပေါ်ခုံတက်လိုက်တယ်…
အဲဒီ အမျိုးသမီး ကတော့
တဖြည်းဖြည်းချင်း နစ်မြှုပ်နေတဲ့သင်္ဘောပေါ်မှာ ရပ်ပြီး
သူ့ယောက်ျားကို စကားတစ်ခွန်းအော်ပြောလိုက်တယ်…
ဒီနေရာအထိ ပြောပြီးတော့ ဆရာမက
ကျောင်းသားတွေကို မေးလိုက်တယ်…
“မင်းတို့ ခန့်မှန်းကြည့်…
အမျိုးသမီးက ဘာအော်ပြောလိုက်သလဲ?”
ကျောင်းသားတွေကတော့ အလုအယက်
ဒေါနဲ့မောနဲ့ အော်ပြောကြတယ်…
“ငါနင့်ကိုမုန်းတယ်… ငါကို ထားပစ်ရစ်ခဲ့တယ်… ”
အဲဒီအချိန်မှာ ...
ဆရာမက
ကျောင်းသူလေး တစ်ယောက်ကို
ဘာမှမပြောတာကို သတိထားမိတော့...
ဆရာမက သူ့ကိုမေးလိုက်တယ်…
အဲဒီကျောင်းသူလေးက ပြန်ဖြေလိုက်တယ်…
“ဆရာမ… သမီး ထင်တယ်…
အဲဒီ အမျိုးသမီး အော်ပြောလိုက္မှာက …
ငါတို့ကလေးကို ကောင်းကောင်းဂရုစိုက်ပေးပါ လို့”…
ဆရာမက အံ့ဩသွားတယ်…
သူ့ကို ပြန်မေးလိုက်တယ်…
“အဲဒီ ပုံပြင်ကို နားထောင်ဖူးလို့လာ?”
ကျောင်းသူလေးက ခေါင်းကို ခါပြီး ပြောလိုက်တယ်…
“ဟင့်အင်း… သမီး မေမေ နေမကောင်းဖြစ်ပြီး
ဆုံးခါနီးမှာ ဒီစကားဟာ သူ ဖေဖေ့ကို ပြောခဲ့တဲ့စကားပါ…”
ဆရာမက ပြန်ပြောလိုက်တယ် ….
“အဖြေမှန်ပါတယ်ကွယ်…”
သင်္ဘော နစ်မြှုပ်သွားပါတယ်…
ယောက်ျားက သူ့မြို့ကို ပြန်ရောက်ပြီး
သမီးလေးကို ကြီးပြင်းလာတဲ့အထိ ကိုယ်တိုင်ပြုစု
စောင့်ရှောက်ပေးခဲ့တယ်…
နှစ်ပေါင်းများစွာကြာပြီးနောက်
အဲဒီယောက်ျားဟာလဲ ရောဂါနဲ့ ဆုံးပါးသွားတော့...
သမီးဖြစ်သူက သူကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ရှင်းတော့မှ
သူ့ဖေဖေရဲ့ နေ့စဉ်မှတ်တမ်းစာအုပ်ကိုတွေ့တယ်…
အဲဒီအချိန်ရောက္မှ သူသိလိုက်တယ်…
ဖေဖေနဲ့ မေမေ သင်္ဘောအတူစီးတဲ့အချိန်မှာ
မေမေ့ရောဂါဟာ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ…
အရေးပေါ်အချိန်မှာ
ဖေဖေဟာ အသက်ရှင်ဖို့တစ်မျှင်တာရှိတဲ့နေရာကို
အရောက်ပြေးခဲ့တယ်…
သူ့ရဲ့ မှတ်တမ်းစာအုပ်မှာရေးထားတာက
“ငါ မင်းနဲ့ ဒီပင်လယ်အောက်ကို အတူတူသာ
နစ်မြှုပ်သွားလိုက်ချင်ပါတယ်…
ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်ပါဘူး…
သမီးလေး အတွက်ကြောင့်..
ဒီပင်လယ် ရေနက်အောက္မှာ..
နင်တစ်ယောက်တည်းကိုဘဲထားခဲ့လိုက်ရတာပါ…”
ပုံပြင်ပြောလို့ ပြီးသွားပါပြီ…
အခန်းထဲမှာလဲ ငြိမ်သက်သွားပါတယ်…
ဆရာမကသိတယ်…
သူ့ကျောင်းသားတွေ ဒီပုံပြင်ရဲ့ အနှစ်သာရကို
နားလည်လိမ့်မယ်လို့…
ဒီလောကမှာရှိတဲ့ ကောင်းခြင်းဆိုးခြင်း ဆိုတာတွေ…
တခါတလေမှာ ပွေလီရှုပ်ထွေးလှပါတယ်…
ပိုင်းခြားရမှာ ခက်ခဲလှပါတယ်…
ဒါကြောင့် အရာရာတိုင်းကို အပေါ်ယံဘဲကြည့်ပြီး
အလွယ်တကူ ဝေဖန်ပိုင်းခြားလို့မရပါဘူး…
ပိုက်ဆံရှင်းချိန်မှာ
ပိုက်ဆံအရင် ထုတ်ပြီးရှင်းတဲ့သူဟာ…
သူ ပိုက်ဆံ အရမ်းချမ်းသာနေလို့မဟုတ်ဘူး…
သူက ဒီသူငယ်ချင်း သံယောဇဉ်ကို
ငွေကြေးထက်ပိုပြီး အလေးထားလို့ပါ…
အလုပ်လုပ်ချိန်မှာ အသိစိတ်နဲ့
ပိုပြီး ကြိုးစားလုပ်တဲ့ သူဟာ
သူ အ နေလို့မဟုတ်ဘူး…
သူက တာ၀န်သိတတ်လို့ပါ…
ရန်ဖြစ်တဲ့အချိန်မှာ
အရင်ဆုံး တောင်းပန်တဲ့သူဟာ
သူမှားနေလို့မဟုတ်ဘူး…
ကိုယ့်ဘေးက လူကို
သူ တန်ဖိုးထားရမှန်း သိနေလို့ပါ…
မင်းကို အမြဲကူညီနေတဲ့ သူဟာ
မင်းဆီကနေ တစ်ခုခုပြန်ရဖို့
တောင့်တနေတာ မဟုတ်ဘူး…
မင်းကို သူငယ်ချင်း
အစစ်တစ်ယောက် အနေနဲ့
တန်ဖိုးထားလို့ပါ…
မင်းကို အမြဲ ေတွ့ပို့ ဆက်သွယ်နေတဲ့သူဟာ
သူအားယားနေလို့ မဟုတ်ပါဘူး…
ဒါဟာ သူ့ စိတ်ထဲမှာ မင်း ရှိနေလို့ပါဘဲ…
(တန်ဖိုးသိမှသာ တန်ဖိုးရှိမှာပါ)
Credit - Original author
#တာဇဲ
😁😁
မျှဝေသည်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Thamian Brand Street
Yangon