May Tuesday Fairy Business

May Tuesday  Fairy Business

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Tuesday Fairy Business, Beauty, cosmetic & personal care, Hlaing Thar Yar, Yangon.

26/03/2022

#ဝက်ခြံနဲ့အဆီဖုအသားအရေအတွက်

📌ဆောင်ရန် ရှောင်ရန်

အချက်လေးတွေပြောပြချင်ပါတယ်ရှင့်

( ၁ ) ဝက်ခြံ နဲ့ အဆီဖု စတဲ့ အဖုလေးတွေကို လက်နဲ့ကိုင်တာ ဆွတာ ဆိတ်တာ ကုပ်တာ ညှစ်တာမျိုး မလုပ်ပါနဲ့နော်

( ၂ )ရေများများ သောက်ပေးပါ

( ၃ ) အစိမ်းရောင်ရှိတဲ့ အသီးအနှံ့များများ စားပေးပါ

( ၄ )အပြင်သွားပီး ပြန်လာတိုင်း
ဖြစ်နိုင်မယ်ဆို မျက်နှာပြန်သစ်ပါ

( ၅ ) ဘာလို့ လဲဆိုတော့ မျက်နှာပေါ်က
အဆီတွေနဲ့
ပတ်ဝန်းကျင်က ဖုန်တွေကြောင့် လည်း
ဝက်ခြံနဲ့ အဆီဖု တွေပိုဆိုးနိုင်လို့ ပါ

( ၆ ) နောက်ပီး အဆီအဆိမ့် နဲ့ နို့ထွက်ပစ္စည်း အသုံးအဆောင် အစားအသောက်တွေတတ်နိုင်သမျှ ရှောင်ပေးပါ

(၇ ) အငံ နဲ့ အစပ်တွေလည်းလျော့စားပါ

( ၈ ) ဝက်ခြံ အဆီဖု တွေရှိနေသေးသမျှ

မိတ်ကပ် foundation စတာတွေရှောင်ပေးပါ

မဖြစ်မနေ လိမ်းရမယ်ဆိုရင်တော့ အဆီဖု ဝက်ခြံ အသားအရေ အတွက် သီးသန့်ထုတ်ထားတဲ့ cream မျိုး သုံးပေးပါနော်

( ၉ ) ဝက်ခြံ တွေများရင် သနပ်ခါး မလိမ်းစေချင်ပါ /
ယောကျာ်းလေးဆိုရင် အရက် ဘီယာ ဆေးလိပ် စတာတွေလျော့ပါ /

ချောကလက်ကလည်း ဝက်ခြံကို ထွက်စေတယ်။

( ၁၀ )
ပြုပြင်ထားတဲ့အစားအစာတွေ၊ခေါက်ဆွဲခြောက်ထုပ်တွေဟာ အမျိုးသားဟော်မုန်း အင်ဒရိုဂျင်ပမာဏ များလာပြီး ဝက်ခြံထွက်လာတတ်တယ်။

ကြွက်သားထုထည်တက်အောင် သောက်ရတဲ့ ပရိုတင်းပေါင်ဒါတွေ၊ whey protein တွေလည်း ရှောင်သင့်တယ်။
တချို့က ကြက်ဥစားတယ်။ ကြက်ဥအနှစ်မှာ ပါတဲ့ ကိုလက်စတောက ဝက်ခြံကို ပိုဆိုးစေတယ်။

(၁၁)
အရက်၊ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တွေကလည်း ဝက်ခြံထွက်ခြင်းကို အားပေးတယ်။

နောက်တချက်က ဆီကြော်စာတွေနဲ့ အာလူးခြောက်တှေကိုလဲရှောငျပါ

ဝက်ခြံပျောက်ဖို့ အထက်ပါ အစားအသောက်တွေ စနစ်တကျရှောင်ကြဉ်ဖို့လိုပါတယ်။ 🙅🙅

နောက်ပီး တစ်ကိုယ်ရည် အသုံးအဆောင်တွေဖြစ်တဲံ

မျက်နှာသုတ်ပဝါ / ခေါင်းအုံးစွပ် တွေကို တစ်ပတ်တစ်ကြိမ် အနည်းဆုံး လဲပေးပါ

ညအိပ်ရာ ဝင်ခါနီးတိုင်း မျက်နှာကို သေသေချာချာလေးသန့်စင်ပေးပါ /

မိတ်ကပ်လိမ်းတတ်ပါက မိတ်ကပ်ဖျက်ဆေး သုံးပီးမှ မျက်နှာထပ်သစ်ပေးပါ /

အိပ်ရေး ဝဝ အိပ်ပါ /အိပ်ချိန်မှန်မှန် အိပ်ပါ

စိတ်ပိုင်းဆိုင်ရာ အနေနဲ့ ကတော့ ပျော်ပျော်နေပါ / ဝက်ခြံ ကြောင့် စိတ်မဖိစီးပါနဲ့ /🙅

ဝက်ခြံ ထွက်လာမှာကိုပဲစိုးရိမ်တာမျိုး လျော့ပါ /

စိတ်ညစ်တဲ့အခါ ဝက်ခြံ က ပိုထွက်တတ်ပါတယ်

ခန္ဓာကိုယ် တွင်းလည်း အပူ အပုတ် မရှိအောင် ဂရုစိုက်ပေးပါ

ဒီ အချက်လေးတွေကိုလည်း အတတ်နိုင်ဆုံး ဂရုတစိုက်လေးနဲ့ လိုက်နာပေးပါ

#ဝက်ခြံ
#အဆီဖု
#အလှအပ
#အသားအရေ

09/01/2022

အရင်းမရှိပေမယ့် ကိုယ်ပိုင်အလုပ်လေးလုပ်ချင်နေတယ်ဆို
မမေက ကူညီပေးပါမယ်
add me လေးရေးခဲ့

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Hlaing Thar Yar
Yangon