Ko Zaw Dailylife
အိမ်ခြံမြေ Realtor
30/05/2025
မြေကွက်ဝယ်ရင် ပွဲစားတွေ စျေးတင်ရိုက်မှာ စိုးရိမ်တဲ့သူတွေအတွက် ၊ ရောင်းသူ ဝယ်သူ တိုက်ရိုက်တွေ့လို့ရတဲ့ ဒဂုံ၄မြို့နယ် အိမ်ခြံမြေ အရောင်းပြပွဲကြီး
ဒဂုံ(၄)မြို့နယ်မြေကွက်များ နှင့် အိမ်ယာမြေကွက် အရောင်းပြပွဲကြီး ပြုလုပ်ကျင်းပ မှာ ဖြစ်တဲ့အတွက် ဝယ်ချင်တဲ့ မိတ်ဆွေများ ကိုဖိတ်ခေါ်အပ်ပါတယ်
အကျိုးဆောင် မောင်နှမများနှင့်မိတ်ဆွေများကိုလည်း ဖိတ်ခေါ်ပါတယ်
ပြပွဲကျင်းပမည့် အချိန် နဲ့ နေရာ
⏰ နံနက် (၉) နာရီ မှ (၅) နာရီ ထိ
🏪 (၃၁.၅.၂၀၂၅) မှ (၁.၆.၂၀၂၅)
🏠 အရှေ့ဒဂုံ (မြို့နယ်ခန်းမ) ၊ မင်းရဲ့ကျော်စွာ လမ်းမကြီး၊(၁၂၀)ရပ်ကွက်၊ ဆေးရုံသစ်မှတ်တိုင်။
**** အကယ်၍ မိတ်ဆွေ တို့ ဒီပြပွဲလေးကို သွားဖြစ်ပီး ၊ အဲ့ကိုရောက်လို့ အရောင်းဝယ်ဖြစ်ခဲ့ရင် ဒီပြပွဲကို ကျနော့်ရဲ့ "Ko Zaw Dailylife Page" ကနေ တွေ့ပီး လာခဲ့တာလို့ ပြောခဲ့ပေးပါအုံး ခင်ဗျ။*****
#ဒဂုံလေးမြို့နယ်
#ရန်ကုန်
#အိမ်ခြံမြေ
#အကျိူးဆောင်
27/05/2025
အိမ်ခြံမြေ အကျိူးဆောင်ခ မပေးချင်တဲ့ လူလည်တွေ နှင့် အမြဲတွေ့နေရတဲ့ ကျနော်
ကျနော့်အမျိူး ..... ငါ့တူရေ အဒေါ်တိုက်ခန်းလေး ရောင်းချင်လို့ပါ ၊ ကူညီပေးပါအုံး။
ကျနော် ...... ရတာပေါ့ အဒေါ်ရယ် ၊ ကျနော် ချိတ်ပေးပါ့မယ်။
ကျနော့်အမျိူး ..... အေးအေး ကျေးဇူးပါ။ ရောင်းထွက်ရင် မင်းအတွက် ပွဲခ 1% အပြင် မုန့်ဖိုးများများ ထပ်ပေးပါ့မယ်တဲ့
ကျနော် ...... ရပါတယ်ဗျ။ အရင်ဆုံး အရောင်းထွက်အောင် ကြိုးစားပေးပါ့မယ်
(အဲ့တိုက်ခန်း အရောင်းpost အတွက် သေချာလေး content ရေးပီး သက်ဆိုင်ရာမြို့နယ်အိမ်ခြံမြေဂရုတွေမှာ post တင်ပေးတယ် ၊
video အတိုလေးဖန်တီးပီး Follower အတော်အသင့်ရှိတဲ့ ကျနော့် Tiktok & youtube တွေမှာ တင်ပေးတယ်။
လာချိတ်ဆက်တဲ့ အကျိူးဆောင်တွေကို သေချာလေးရှင်းပြပေးပီး အမြန်ဆုံး ရောင်းထွက်နိူင်အောင် အကူညီတောင်းတယ်။
သိပ်မကြာဘူး ၁/၂ ပတ်နေတော့ ကျနော့်အဒေါ်က အိမ်ကိုရောက်လာပြီး......
ကျနော့်အမျိူး ..... ငါတူရေ မင်းအတွက် ပုဆိုး၂ထည် လက်ဆောင်လာပေးတာတဲ့
ကျနော် ...... ဟုတ် ဘာကြောင့် လာပေးရတာလဲ ခင်ဗျ။
ကျနော့်အမျိူး ......... မတုတ်ပါဘူး။ ဒီ အတိုင်းပဲ ငါ့တူကို လက်ဆောင်ပေးတာပါတဲ့
>>>>> ဒါပေမယ့် နဲနဲတော့ သံသယဝင်မိလို့ ၊ လက်ဆောင်ရတဲ့ ပုဆိုး၂ထည်ကို မဝတ်ဘဲ ချိူ့တဲ့ တဲ့သူတွေကိုပဲ ပေးလိုက်တယ်။
နောက်၁နှစ်ကြာတော့မှ ပြန်သိရတာက
အဲ့တိုက်ခန်းအရောင်း ကို ကျနော့် fb gp မှာ တင်ပေးတဲ့ post ကနေတွေ့ပီး အဝယ်တိုက်ရိုက်ကနေ လာဝယ်သွားလို့ တိုက်ခန်းလဲ ရောင်းထွက် သွားပါတယ်တဲ့။
အဲ့လိုရောင်းထွက်တာကို ပွဲခတောင်မပြောပါနဲ့ ၊
နဲနဲပါးပါး အာရကေ တောင်မလာဘူး။
ဒီအကြောင်းကို အိမ်က အမေ က မကျေနပ်လို့ ဖုန်းဆက်ပြောတော့ အဲ့အဒေါ်က ဘာပြောသလဲဆိုရင်
" နင်တို့မိသားစုက ချမ်းသာတယ်တဲ့
အဲ့ဒါကြောင့် ပိုက်ဆံမပေးဘဲ ပုဆိုးပဲ လက်ဆောင်ပေးတာတဲ့ " 😷😷😅😅😅😎
အဲ့ကနေ ဘာသိသွားရလဲ အိမ်ခြံမြေနဲ့ပတ်သတ်လို့
အကျိူးဆောင်ခပေးဖို့ ဆိုရင်
အမျိူးအရင်းတောင် စိတ်မချရဘူးဆိုတာပါပဲဗျာ။
ရောင်းမထွက်ခင်ကတော့ ရောင်းထွက်ခဲ့ရင် ပွဲခ1%ပေးပါ့မယ်ဆိုတဲ့ အဒေါ်အရင်းကိုယ်တိုင်ပြောခဲ့တဲ့ စကားတွေကို မြင်ယောင်နေမိပါတယ်😷😷
နောက်ထပ်လဲ ပွဲခမပေးချင်လို့ ဆိုက်ကားနင်းသွားတဲ့ သူတွေအကြောင်းကို အချိန်ရရင် ၊ ရသလို ထပ်ရေးသွားပါအုံးမယ်
အဆုံးထိ ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးပါပဲခင်ဗျာ
#အိမ်ခြံမြေ
#ရန်ကုန်အိမ်ခြံမြေ
22/03/2025
1974
ကမ္ဘာ့သမိုင်းမှာ အကောင်းဆုံးနဲ့ အကြီးကျယ်ဆုံးလက်ဝှေ့ပွဲ။
Rumble in the Jungle
တက်သစ်စ အရမ်းသန်မာတဲ့ လက်ရှိကမ္ဘာ့ချန်ပီယံ George Foreman နဲ့ အသက် ၃၀ ရှိနေတဲ့ ချန်ပီယံဟောင်း Muhammad Ali တို့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံအတွက် ထိုးသတ်ခဲ့ကြတယ်။ Ali က မထင်မှတ်ပဲ Rope a Dope ဗျူဟာနဲ့ Foreman ကို အလဲထိုးပြီး ကမ္ဘာ့ဟဲဗီးဝိတ်သရဖူကို လုယူသွားခဲ့တယ်။
Foreman က စိတ်ဓာတ်ကျပြီး လက်ဝှေ့မထိုးတော့ပဲ တရားဟောဆရာလုပ်တယ်။ သူ့ဘဝကို အေးဆေးနေတယ်။ သူ့ကို ပြန်အားပေးတာက သူ့ကို အလဲထိုးခဲ့တဲ့ Ali။ ဒီလိုနဲ့ အသက် ၄၅ မှာ Foreman က ကမ္ဘာ့အသက်ကြီးဆုံး ဟဲဗီးဝိတ်ချန်ပီယံဖြစ်ခဲ့ပြန်ပါတယ်။
သူနဲ့ Ali ဟာ အသက်ထက်ဆုံး သူငယ်ချင်းကောင်းတွေဖြစ်ခဲ့သလို Ali သေဆုံးတော့ နာကျင်ဝမ်းနည်းရဆုံးလူတဦးဟာ သူဖြစ်ခဲ့တယ်။ အင်မတန်မှ ကြီးကျယ်တဲ့လက်ဝှေ့သမားတဦး၊ ကောင်းမြတ်သောလူသားတဦး၊ ဖော်ရွေသဘောကောင်းတဲ့ တရားဟောဆရာတဦး၊ အရှုံးကို လက်ခံတတ်ပြီး ကျေးဇူးတရားက်ို သိတတ်သူတဦး။ အခုတော့ လောကထဲက ထွက်ခွာသွားခဲ့ပြီ။
" ကျနော်က Ali ကို သေအောင်ထိုးခဲ့တာ။ သူကတော့ လက်ဝှေ့လိုပဲ ထိုးခဲ့တာ။ ကျနော် သူ့ကို အလေးစားရဆုံးအချက်ကတော့ သူ ကျနော့်ကို ထိုးခဲ့တဲ့ လက်သီးချက်တွေမဟုတ်ဘူး။ ကျနော် လဲကျသွားနေတုန်းမှာ သူမထိုးခဲ့တဲ့ လက်သီးတချက်ပါပဲ။ အဲဒါကပဲ ကျနော့်ကို အမြဲတမ်းနောင်တ ရနေစေခဲ့ပါတယ်။ "
အခုတော့ ၂ ယောက်လုံး လောကထဲက ထွက်ခွာသွားခဲ့ပြီ။ တကမ္ဘာလုံးကတော့ အဲဒီလက်ဝှေ့ပွဲကို ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ပါဘူး။
Rest in Peace George.
Credit to Ko Nay Thway
အလွယ်ဆုံး အိမ်ခြံမြေ ပွဲခ ခွဲဝေနည်း
#အိမ်ခြံ
#အားလုံး
#ပွဲစား
21/03/2025
အိမ်ခန်းထပ်ဆင့်ငှားရမ်းသူများကို ငှားရမ်းခွင့် ရုတ်သိမ်းမည်
-----------------------
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာကို ငှားရမ်းနေထိုင်ခွင့် ရရှိသူတွေက ကိုယ်တိုင်မနေဘဲ တစ်ဆင့်ငှားရမ်းတာ၊ လွှဲပြောင်းတာတွေလုပ်ဆောင်ရင် မူလငှားရမ်းခွင့်ရရှိထားသူကို အိမ်ခန်းငှားရမ်းခွင့် ပြန်လည်ရုတ်သိမ်းမယ်လို့ ပြည်သူ့အငှားအိမ်ရာအိမ်ခန်းနေရာချထားရေးနဲ့ စည်းကမ်းစည်းသိမ်းရေးကော်မတီက ထုတ်ပြန်ပါတယ်။
အဲဒီအပြင် စည်းကမ်းဖောက်ဖျက်တဲ့ မူလအိမ်ငှားကို ဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာမှာ အိမ်ခန်းငှားရမ်းနေထိုင်ခွင့်ရရှိသူတွေအနေနဲ့ အိမ်ခန်းစာချုပ်ပါ နေထိုင်ခွင့်ရရှိ သူကလွဲပြီး တခြားသူတွေ နေထိုင်ခွင့် မပြုရဘူးလို့ သတ်မှတ်ထားပါတယ်။
လက်ရှိမှာ မသမာသူတချို့က အခန်းနေထိုင်ခွင့်ရမယ်ဆိုပြီး ငွေလိမ်လည်တောင်းခံနေတာတွေ ရှိနေတဲ့အတွက် သတိပြုကြဖို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးထားပါတယ်။ ရန်ကုန် တိုင်းဒေသကြီးအတွင်းမှာ အိမ်ခန်းငှားရမ်းခတွေက မြင့်တက်နေတာကြောင့် သုခဒဂုံအငှားအိမ်ရာမှာ အိမ်ခန်းငှားရမ်းခွင့်ရရှိဖို့အတွက် လျှောက်ထားသူများပြီး နေရေးအခက်အခဲရှိသူတွေအတွက် အခုလို အငှားအိမ်ရာတွေ များများဖော်ဆောင် ပေးစေချင်တယ်လို့လည်း အငှားအိမ်ရာမှာ နေထိုင်ခွင့်ရရှိထားသူ ဦးယဉ်ဝေက ပြောပါတယ်။
အဲဒီအိမ်ရာကို ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် အမှတ်(၂)လမ်းမကြီးနဲ့ ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံးအနီးမှာ အကောင်အထည်ဖော် တည်ဆောက်ထားတာဖြစ်ပါတယ်။ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာဟာ နေရေးအခက်အခဲရှိတဲ့သူတွေကို ၅ နှစ် ငှားရမ်းနေထိုင်ခွင့်ပြုထားတာဖြစ်ပါတယ်။
အပြင်မှာ အိမ်ငှားခ တွေ စျေးကြီးနေတဲ့အချိန်မှာ ကိုယ်က ဒီအိမ်ခန်းမဲပေါက်ခဲ့တယ်ဆိုရင်တော့, ပြန်အသိမ်းမခံရအောင် ကိုယ်တိုင်ပဲ နေထိုင်သင့်တယ်လို့ အကြံပြုလိုက်ပါရစေ။
#အိမ်ခြံ
#သုခဒဂုံ
#အားလုံး
20/03/2025
ရပ်ကွက်ထဲမှာ တနိုင်တပိုင် အိမ်ပွဲစား လုပ်နေတဲ့သူတွေအတွက် အကြံပေးပါရစေ။
1- အိမ်ခြံမြေ အသင်းတွေမှာ အဖွဲ့ဝင် ဝင်ထားပါ။
2- အိမ်ခြံမြေအဖွဲ့တွေက ဖွင့်လှစ်တဲ့ သင်တန်းမှန်သမျှ တက်ရောက်ထားပါ။
3- အိမ်ခြံမြေအဖွဲ့မှ လူကြီးတွေနဲ့ တိုင်ပင်ပီး သက်ဆိုင်ရာ မြို့နယ်မှာ အကျိူးဆောင်လိုင်စင်ကို မဖြစ်မနေ လျောက်ထားကြပါခင်ဗျ။
အဆင်ပြေကြပါစေ။
#အိမ်ခြံမြေ
#အကျိူးဆောင်
#အားလုံး
12/02/2025
ကိုယ်ဝယ်ထားတဲ့မြေအမျိုးစားလေးသိချင်ဖတ်ကြည့်ပါ။
27/12/2024
ဂရန်မြေကို စနစ်တကျ တရားဝင် ဝယ်ယူနည်းနှင့် ရာဖြတ်တင်နည်း
ဂရန်မြေ ဝယ်ယူလျှင်
အောက်ပါအဆင့်များ လုပ်ဆောင်မှ ပြည့်စုံပါတယ်။
အရောင်းအဝယ်စရန်ကြီး(စရန်ငွေ)မပေးမီ(၃)ဆင့် လုပ်ဆောင်ရပါမည်...
1။ ဘယ်လောက်ပင်ရင်းနှီးကြပါစေ ဂရန်မိတ္တူကိုယူ၍ စည်ပင်/ထွေအုပ် စတဲ့ ဌာနတွေမှာ စစ်ဆေးပါ။
2။ စရန်ကြီးပေးခါနီး မူရင်းဂရန်ကိုမြင်တွေ့ရမှသာ
စရန်ချပါ။
3။ စရန်ချပြီးသည်နှင့် တပြိုင်နက် နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်ပါ။
၄-မျိုးရမှ ငွေအပြေချေပါ။
1။ အရောင်းအဝယ် ပြုလုပ်ရန်အတွက်
ထုတ်ယူထားသော မြေပုံမြေရာဇဝင်။
2။ မူရင်းဂရန် အမည်ပေါက်ထံမှ SP။
3။ မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ။
4။ မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။
ဝယ်ယူပြီးနောက် ၃-ဆင့်။
1။ တန်ဘိုးလျော့ချုပ်သည့် စာချုပ်တစ်ဆောင်နှင့်
မြေပုံမြေရာဇဝင်ကို ရာဖြတ် တင်ပါ။
2။ ရာဖြတ် ၏၊ သတ်မှတ်တန်ဖိုးအရ အခွန်တော်ခေါင်း နှင့် မှတ်ပုံတင်ကြေး တို့ဖြင့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။
3။ အားလုံးပြီးမှ မြို့တော်စည်ပင်/ခရိုင်ထွေအုပ်တွင်
ဂရန် နှင့် မြေကွက် အမည်ပြောင်းပါ။
ဒီနေရာမှာ မြေကွက်နဲ့ ပတ်သက်လို့ မြို့မြေ မြေတန်ဘိုးကို ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ်သလဲ၊ သတ်မှတ်သည့် မြေတန်ဘိုး၏ ဘယ်နှစ်ရာခိုင်နှုန်းကို (အခွန်တံဆိပ်ခေါင်းနှင့် မှတ်ပုံတင်ခ) အတွက် ပေးဆောင်ရသလဲဆိုတာ
သိထားသင့်ပါတယ်။
အခွန်ဆောင်ဖို့အတွက် မြေတန်ဘိုးကို သတ်မှတ်တဲ့အခါ ဘိုးဘပိုင်မြေ၊ ဂရန်မြေ၊ ပါမစ်မြေ၊ လိုင်စင်မြေရယ်လို့ အမျိုးအစားခွဲခြင်းမဟုတ်ပါဘူး။ မြေတည်ရှိရာ ရပ်ကွက်၊ လမ်းအခြေအနေ၊ မြေအနိမ့်အမြင့်၊ လမ်းမ၊ လမ်းကျယ်၊ လမ်းသေး၊ လမ်းမွှာ၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ မြေလမ်း၊ လမ်းရှိ အဆောက်အအုံများ၏ အခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေ၊ စီးပွါးရေးဖွံ့ဖြိုးမှု နယ်မြေ၊ ဆက်သွယ်ရေးလမ်းကြောင်း၊ မြို့ပြဖွံဖြိုးမှု အခြေအနေ စသည်တို့အပေါ် သုံးသပ်ပြီး ဇုံနယ်များ ခွဲရပါတယ်။
ရပ်ကွက်လိုက် လမ်းအလိုက် ဇုံနှုန်းများ သတ်မှတ်ရပါတယ်။ တစ်စတုရန်းပေလျှင် မည်မျှ စသည်ဖြင့်ပေါ့။
လေ့လာချင်ပါက ရန်ကုန် ပန်းဆိုးတန်း လမ်းဘေးမှာ ရန်ကုန်မြို့တော်၏ မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက်၊ လမ်းအလိုက် ဇုံအလိုက် တန်ဘိုးနှုန်း စာရင်းများ ထုတ်ပြန်သတ်မှတ်ထားသည့် စာအုပ်ကို အလွယ်တကူ ဝယ်ယူ ရရှိနိုင်ပါတယ်။ အခြားမြို့များမှာလည်း ထိုကဲ့သို့ ဇုံနှုန်းမြေတန်ဘိုးများကို ပြုစု ထားရပါတယ်။
ပြုစုပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ကို တင်ပြပြီး အတည်ပြုချက်ယူထားရပါတယ်။ သိချင်ရင် သက်ဆိုင်ရာ အစိုးရအဖွဲ့၊ အာဏာပိုင်အဖွဲ့၊ စည်ပင်ကော်မတီ၊ အိုးအိမ်ဦးစီး ဌာနများမှာ သွားရောက် မေးမြန်း ကြည့်ရှု နိုင်ပါတယ်။
ဘာကြောင့် မြေတန်ဘိုးကို ဇုံနယ်အလိုက် ရပ်ကွက်လိုက် လမ်းအလိုက် ဆောင်ရွက် ထားရလဲဆိုတော့ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းများ ရောင်းဝယ် လွှဲပြောင်းမှုများမှာ တန်ဘိုး စိစစ်ရသည့် ကာလတန်ဘိုး စိစစ်သတ်မှတ်ရေးအဖွဲ့များထံ တင်ပြရောက်ရှိလာတဲ့ မြေ အလွှဲ အပြောင်း စာချုပ်များအတွက် ထမ်းဆောင်ရမည့် တံဆိပ်ခွန်နှင့် အခြား အခွန်များအတွက် ယင်းစာရင်းကို အခြေခံပြီး သတ်မှတ်နိုင်ရန် ဖြစ်ပါတယ်။
ရှေ့တွင် အရောင်းအဝယ်ပြုခဲ့သည့် မှတ်တမ်းများအရလည်း ဇုံတန်ဘိုးကို ပြုပြင် ပြောင်းလဲ ပေးရပါတယ်။ တသမတ်တည်း အသေ မဟုတ်ပါဘူး။ နှစ်အလိုက် ပြုစုကြတာ များပါတယ်။ ဒါက တန်ဘိုးဖြတ်မှု ဖြစ်ပါတယ်။
အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ
တင်နည်းကို ဖော်ပြပေးပါမယ်။ ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး။ ဒါကြောင့်....
(၄)လအတွင်း ချုပ်ဆိုထားသော
အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)
(၁)နှစ်အတွင်း ရေးဆွဲထားသော
ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။
အမည်ပေါက်မှ ရောင်းချခြင်း (သို့)
မှတ်ပုံတင် ဆက်စပ်စာချုပ်များ။
ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။
ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။
ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။
တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်။
အထက်ပါ အချက်များဖြင့် ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။
အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင် ရပါတယ်။ အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။ ရာဖြတ်လို့ခေါ်တဲ့ ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး ကပ်ရပါတယ်။
အရင်က ဒီထက်ပိုပါတယ်။ အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် ရာဖြတ် သတ်မှတ်ဈေးအတိုင်း သင့်မှာ ငွေဖြူ ရှိရင် သက်သာပါမယ်။ ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို ဆိုလိုပါတယ်။
ဒီလို ငွေဖြူမရှိရင် သိန်း ၁၀၀၀ အောက်- ၃%၊ သိန်း ၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန်း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊ သိန်း ၃၀၀၀၀ အထက်- ၃၀% တို့ကို ဝယ်ခွန် အဖြစ်ပေးဆောင်ရမည်လို့ အခွန်ဥပဒေမှာ
ပြဌာန်းထားပါကြောင်း.....။
Credit to Original Uploader
#အိမ်ခြံမြေkozawdailylife
လေးစားစွာဖြင့်..
ဗဟုသုတရစေရန်မျှဝေပါသည်။
"စိတ်မချရတဲ့ မြေ အမျိူးစားကြောင့် အိမ်ဖျက်ပေးရခြင်း"
ဆိုပီးတော့ လိုင်းပေါ်မှာ တွေ့တာလေးကို ပြန် share ပေးတာပါ။
#အိမ်ခြံkozawdailylife
Credit to Original Uploader
ဘယ်လို tiktok acc သုံးရမလဲ ဆိုတာ သေချာ မသိသေးတဲ့ သူတွေအတွက်
10/12/2024
DUHD YGN ပေ့ချ်က ကြေငြာချက်ကို မသိသေးတဲ့ မိဘပြည်သူတွေ သိရအောင် ပြန်တင်ပေးတာပါ
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံ မြို့သစ် (တောင်ပိုင်း) မြို့နယ် မှာ ရှိတဲ့ သုခဒဂုံ ပြည့်သူ့အငှါး အိမ်ရာ ရှိ ဆောက်လုပ်ပြီး တိုက်ခန်းများ ကို အများပြည်သူ။ အငြိမ်းစား ဝန်ထမ်းများနှင့် ဝန်ထမ်း များကို (၅) နှစ် ငှါးရမ်း နေထိုင်ခွင့်များ ချထားပေးပြီး ဖြစ်ပါသည်
ဆောက်လုပ်ဆဲ တိုက်ခန်းများကိုလည်း ပြီးစီးမှု အလိုက် မဲနှိုက် နေရာချထားပေးရန် လျာထားပြီးဖြစ်ပါသည်။
သုခဒဂုံတွင် အိမ်ခန်းရမည် ပြောပြီး ငွေကြေး လိမ်လည်သူများ ရှိနေပါသဖြင့် သတိပြုနိုင်ပါရန် အသိပေးအပ်ပါသည်။ သုခဒဂုံတွင် အိမ်ခန်းရမည် ပြောပြီး ငွေကြေး လိမ်လည်သူများ ရှိနေပါသဖြင့် ⛔️သတိပြုနိုင်ပါရန် အသိပေးအပ်ပါသည်။
Credit to DUHD YGN
#သုခဒဂုံ
02/12/2024
Hello
မဂ်လာပါ မိတ်ဆွေတို့ရေ
အခုနောက်ပိုင်း ခေတ်အခြေနေအရ အိမ်ခြံမြေကို စိတ်ဝင်စားတဲ့သူ အတော်ကို များလာတယ်လေ။
အိမ်ခြံမြေဂရုတွေထဲမှာလဲ ဘယ်လိုသင်တန်းတွေတက်ရမလဲ ဘာညာမေးတဲ့သူတွေ အရမ်းများနေတယ်, ပီးတော့ ဘယ်လိုမျိူးစာအုပ်တွေ ဖတ်ရမလဲ မေးတဲ့သူတွေ ရှိနေတော့။
ကျွန်တော်လဲ sharing ပေးချင်တဲ အတွက်
ကျွန်တော် ဖတ်ဖူးတဲ့ အိမ်ခြံမြေ စာအုပ်တွေထဲကမှ ဒီလောကထဲကို ခုမှဝင်ကာစ လူတွေအတွက် အဆင်ပြေဆုံးဖြစ်မယ့် စာအုပ်လေးကို ပုံလေးပြ ပေးထားပါတယ် ခင်ဗျ။
အိမ်ခြံမြေစိတ်ဝင်စားသူတွေ အနေနဲ့ ဒီ စာအုပ်လေးကို ဖတ်ဖို့အကြံပြုလိုက်ပါရစေ။
ကျေးဇူးပါ။
#အိမ်ခြံ
#အသိပညာ
#ဗဟုသုတ
Click here to claim your Sponsored Listing.
Category
Address
Yangon