CARA Yangon
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CARA Yangon, Health/Beauty, No-23/25, ဖျာပုံလမ်း, စမ်းချောင်း, Yangon.
04/03/2023
နွေရာသီမှာ Body Lotion လိမ်းတာနဲ့ ချွေးပြန်တတ်တဲ့သူတွေရှိလား !! 🌿
ဒါဆိုရင်တော့ CARA Lotion လိမ်းဖို့ ညွှန်းပါရစေနော် .. CARA Lotion က Essence Type Lotion ဖြစ်လို့ လိမ်းလိုက်တာနဲ့ အရည်ကျဲကျဲလေးနဲ့ အသားထဲစိမ့်ဝင်လွယ်ပါတယ်နော် 🌴💦
ချွေးပေါက်တွေ ပိတ်မနေစေပဲ အသားရေအတွင်းပိုင်းအထိ ပျံ့နှံ့စိမ့်ဝင်လွယ်ပါတယ် … ပုံမှန် Lotion တွေက ချွေးပေါက်တွေ ပိတ်စေလို့ ချွေးထွက်လာတာဖြစ်တယ်နော် …
အေးအေးလေးနဲ့ မွှေးမွှေး Lotion လေး 🥰🌷
Price - 18500/ ကျပ် ( 200 ml )
26/02/2023
မရောက်သေးဖူးလား ခဏ ခဏ မေးနေကြတဲ့ CARA ရဲ့ Big Fans တွေအတွက် နောက် ၃ ရက်ဆို ရောက်ပါပြီနော် 🥳🎊🎉
ရနံ့ ၉ မျိုးအထိ လာမှာဖြစ်လို့ ရနံ့အစုံဝယ်ထားလိုက်တော့နော် 😍
📌 ရောက်တာနဲ့ ပို့လို့ရအောင် အခုပဲ Pre Order တင်ထားလို့ ရပါပြီ ..
Price - 9900/ ကျပ် ( 10 ml )
3 PCs > 9500/ ကျပ်
Buy 10 > Get 1 ( 8900/ ကျပ် )
25/02/2023
အိပ်ငိုက်နေတဲ့အချိန် ရေမွှေးစွတ်လိုက်တာနဲ့ ချက်ချင်းလန်းသွားမည့် Daylight ရနံ့ 🍋🌴🍒
နာမည်ကြီး Designer Jean Paul Gaultier ရဲ့ Scandal Perfume ရနံ့ကို Inspire ယူပြီး ထုတ်လုပ်ထားတဲ့ ရနံ့ဖြစ်ပါတယ် …
Original ဗူးက ၄ သိန်းကျော်လောက်ရှိနေတဲ့ အချိန်
CARA ရဲ့ Daylight Perfume & Lotion ၂ မျိုးကိုမှ ၄၄၀၀၀/ ကျပ်နဲ့ ရနံ့ဆင်တူ သုံးနိုင်ပါပြီနော် …
တစ်နေကုန်အနံ့စွဲဖို့ ရဲရဲကြီး အာမခံပါတယ်နော် …
Lotion လိမ်းမယ် + Perfume စွတ်ထားမယ်ဆို ပေ ၂၀ အကွာကနေကို လည်ပြန်ငေးစေမည့် ရနံ့မျိုးပါ …
ရနံ့ သင်းသင်းလေးကြိုက်တဲ့သူဆို Daylight ကို မသုံးပါနဲ့နော် ‼️
📌 Unisex သုံးလို့ ရပါတယ်နော်
Lotion- 18500/ ကျပ် ( 200 ml )
23/02/2023
ရင်ကို အေးစေမည့် ရနံ့ Miracle Perfume 🍃🌴
နွေရာသီရောက်လာပီဆို ပူကပူ ၊ မီးကပြတ် ၊ ချွေးကထွက်နဲ့ စိတ်ရှုပ်ထွေးစေပါတယ် …
ရနံ့တွေကြောင့် အပူတွေ သက်သာစေမည့် ရနံ့လေး CARA မှာ ရှိပါတယ်နော် ..
Miracle ရနံ့လေးပါ 🍋🍒🌼 အသီးရနံ့လေးတွေ ပန်းရနံ့လေးတွေရောထားလို့ စိတ်ကို လန်းဆန်းစေပါတယ် …
Perfume အနေနဲ့သုံးမလား ???
Body Lotion အနေနဲ့ လိမ်းမလား ??
Body lotion ဆိုလဲ ချွေးမပြန်စေတဲ့အပြင် ချွေးထွက်နှုန်းပါ လျော့ချပေးနိုင်လို့ နွေရာသီနဲ့ အထူးသင့်တော်ပါတယ် … လိမ်းလိုက်တာနဲ့ အသားထဲစိမ့်ဝင်လွယ်ပါတယ် ..
UV Protection ပါဝင်လို့ နေရောင်ခြည်ကို ကာကွယ်ပေးနိုင်ပါသေးတယ် …
( SPF မပါဝင်တဲ့အတွက် နေရောင်ခြည်တိုက်ရိုက် အချိန်အကြာကြီး နေပူထဲသွားမယ်ဆို SPF ပါတဲ့ Sunscreen ထပ်လိမ်းဖို့ လိုပါတယ်နော် )
📌 Unisex ရနံ့ဖြစ်လို့ ယောင်္ကျားလေး ၊ မိန်းခလေးသင့်တော်ပါတယ်နော် ..
Lotion-18500/ ကျပ် ( 200 ml )
Perfume- 25500/ ကျပ် ( 30 ml )
21/02/2023
Review By Nyi ရဲ့ CARA Kiss Review လေး 🍒🥰
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တဗူးဆောင်ထားရုံနဲ့ မနက်ညသုံးလို့ရမယ့်
💋Cara Kiss Natural Lip Balm review~
Lip Balm review မရေးဖြစ်တာ ကြာပြီနော်။ ဒီနေ့တော့ လူတိုင်းအတွက် အကျိုးရှိစေမယ့် lip balm လေးတခု ပြောပြချင်တယ်။ ဘာလဲဆိုရင် ဆောင်းဝင်ခါစတုံးက lip balm collection review ထဲမှာ မိတ်ဆက်ပေးခဲ့တဲ့ Cara Kiss natural lip balm အကြောင်းပါ။ သူက အခု ဗူးပုံစံအသစ်နဲ့ update လုပ်ပြီး ထွက်လာတာပေါ့နော်။ အရင်ကထက်စာရင် color တွေလဲ ပိုလှလာသလို ဗူးလေးကလဲ aesthetically pleasing ဖြစ်သွားတယ်။
ဒီ review မှာ Nyi အဓိက highlight လုပ်ပြီး ပြောချင်တာက သူ့ရဲ့အသုံးဝင်ပုံပဲ။ ပုံမှန်ဆိုရင် ကောင်မလေးတွေ အပြင်သွားတဲ့အခါ color lip stick တွေဆိုးတယ်မလား? အိမ်ပြန်ရောက်တဲ့အခါ နှုတ်ခမ်းနီကိုဖျက်ပြီး moisturizing lip balm ဒါမှမဟုတ် lip sleeping mask လိမ်းကြတယ်လေနော်။ ဒီ Cara Kiss lip balm ကကျတော့ နှုတ်ခမ်းသားကို အစိုဓာတ်ဖြည့်ပေးပြီး ပြုပြင်ထိန်းသိမ်းပေးတဲ့ lip balm မျိုး။ အားသာချက်က အရောင်ပါပြီးသားဆိုတော့ ညဘက်တင်မဟုတ်ဘဲ မနက်ခင်းမှာပါ color lip stick နေရာကို အစားထိုးနိုင်သွားမယ်။
ဒါပေမဲ့ အရေးကြီး မေးစရာရှိမှာက သူက treatment lip balm လိုမျိုးဆိုတော့ လိမ်းထားရင် နှုတ်ခမ်းပေါ် အဆီတွေရွှဲနေသလို ဖြစ်မနေဘူးလား? အဓိက အဲ့ဒါပြောချင်တာပဲ။ Nyi ကိုယ်တိုင်ဆိုရင်လဲ Vaseline, Aquaphor တို့လို လိမ်းထားရင် နှုတ်ခမ်းကိုစိုစိုရွှဲရွှဲကြီး ဖြစ်နေစေတာမျိုးဆို အပြင်သွားတဲ့အခါ သုံးဖြစ်မှာမဟုတ်ဘူး။ ဒီ Cara Kiss lip balm ကိုတော့ ဘာလို့ outdoor အတွက်ပါ ရွေးဖြစ်လဲဆိုရင် အဓိကသူက လိမ်းထားရင် နှုတ်ခမ်းပေါ်မှာ natural ဆန်တဲ့ finish မျိုးပေးတယ်။ Matte finish လိုတင်းခြောက်နေတာလဲ မဟုတ်ဘူး, glossy finish လိုအရည်ရွှဲရွှဲကြီးဖြစ်နေတာမျိုးလဲ မဟုတ်ဘူး။
သဘာဝဆန်ဆန် ကြည့်ကောင်းရုံလေးပဲ။ အဲ့အတွက် ဒီ lip balm ကို unisex သုံးနိုင်လိမ့်မယ်။ အပြင်သွားရင်ပဲ လိမ်းမလား? အိမ်မှာပဲ lip treatment အနေနဲ့ သုံးမလား? အဆင်ပြေတယ်။ နောက်ပြီး သူ့ရဲ့ color လေးတွေကလဲ သဘောကျစရာ, အသီးနံ့သင်းသင်းလေးတွေနဲ့ ကိုယ့်စိတ်ကြိုက်ရွေးနိုင်လိမ့်မယ်။ ဗူးလေးကလဲ တကယ်ကိုသေးသေးကွေးကွေးလေးမလို့ အပြင်ယူသွားတဲ့အခါ နေရာမစားဘူး, လိုတဲ့အချိန် ထုတ်ဆိုးရုံပဲ။ အားနည်းချက်လေးတခုက အရင်ဗူးဒီဇိုင်းနဲ့ယှဉ်ရင် အဖွင့်အပိတ်တော့ နဲနဲလက်ဝင်တယ်။ ဒါပေမဲ့လဲ အရမ်းတော့ စိတ်အနှောင့်အယှက်မဖြစ်ရပါဘူး။
Appreciate လုပ်ရမှာက ဒီ lip balm ကလေ ingredients list အတော်ကိုကောင်းတယ်။ Shea butter, olive, jojoba, grape seed oil, sodium hyaluronate, vitamin C E စသဖြင့် ပါဝင်ပစ္စည်းတွေကို မခိုမကပ်ဘဲကို ထည့်သုံးထားတယ်။ ဒါ့အပြင် သူ့ရဲ့ formula ကြောင့်လဲ အစိုဓာတ်သေချာပေးနိုင်တာ မြင်ရတယ်။ နှုတ်ခမ်းအရမ်းအက်ကွဲနေရင်တော့ မပြောတတ်ပေမဲ့ တော်ရုံနှုတ်ခမ်းခြောက်သူအတွက်တော့ ဒါနဲ့တင်အလုပ်ဖြစ်တယ်။ မနက် ညသုံးနိုင်တယ်ဆိုတော့ ပုံမှန် lip balm တွေထက် ပိုပြီးအားသာသွားတာပေါ့နော်။ အဓိက ပိုက်ဆံချွေတာချင်တဲ့သူတွေအတွက် အဆင်ပြေသွားတာပေါ့။
Nyi အနေနဲ့လဲ နှုတ်ခမ်းအရမ်းခြောက်ပြီး ပျက်စီးနေတဲ့သူတွေကို color lip stick တွေအစား ဒါမျိုးသုံးဖို့ တိုက်တွန်းမိမယ်။ ဆိုးထားရင် နှုတ်ခမ်းလေးလဲလှပ, ပျက်စီးခြောက်သွေ့နေတာတွေပဲ တခါထဲပြုပြင်ထိန်းသိမ်းရာရောက်မယ်ဆိုတော့ ပြောရရင် win-win ပေါ့နော်။ ဗူးလေးကလဲ ဒီအတိုင်းကြည့်ရင် အရွယ်သေးပေမယ့် တခါသုံးရင် တို့ရုံပဲတို့ရတာဆိုတော့ တဗူးဆိုသုံးပါလေ့။ ဈေးနှုန်းအရလဲ တဗူးမှ 7500ks ပဲရှိလို့ lip balm ကောင်းကောင်းရှာနေရင် ဒါလေးသုံးကြည့်ဖို့ recommend လုပ်တယ်။ 3ခုထဲက မရွေးတတ်ရင် ပုံတွေရဲ့အောက်မှာ လိုက်ကြည့်ပေးနော်။
လိုအပ်လို့ ဝယ်ချင်တယ်ဆိုရင်တော့ 🛒 DDC Beauty Channel နဲ့ Cara Myanmar ကနေ မှာယူနိုင်ပါတယ်။
Disclaimer : Collab ဆိုပေမဲ့ သုံးကြည့်ပြီးအမြင်ကိုသာ ပွင့်ပွင့်လင်းလင်းရေးသားထားလို့ စိတ်ရှင်းရှင်းနဲ့ ဖတ်နိုင်ပါတယ်။
19/02/2023
Beauty Blogger လေး Moe Blog ရဲ့ CARA Lotion Review လေး 💜🥰
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ ရေမွှေးလည်း မလို အသားလည်း စို တဲ့ Cara Perfume Lotion “
Cara Perfume fan တွေဆို
ဒီ Perfume lotion က
must buy ပဲ …..
Perfume lotion ဆိုတော့
သူ့ရဲ့ အဓိက focus က
လိမ်းထားရင်
ရေမွှေး စွတ်စရာမလိုပဲ မွှေးနေမယ်
အနံ့ကို ပဲ အဓိက highlight ထားလောက်မယ် ဆိုပီး
သူ့ texture ကိုတောင်
အဲ့လောက်ထိ မမျှော်လင့်ထားဘူး
သုံးကြည့်မှ သူက တော်တော်လေး
အစိုဓာတ် ထိန်းပေးနိုင်တာ တွေ့ရတယ်
Moee လို နွေ မိုး ဆောင်း ဥတု သုံးပါးစလုံး
အသား ခြောက်တတ်တဲ့သူဆို
တော်တော်လေး အံကိုက် ပဲ
တစ်ခုတော့ရှိတယ်
Perfume lotion မို့
တစ်ခြား
သာမန် lotion တွေ နဲ့ နည်းနည်းကွဲ သွားမှာက
အနံ့ ပို ပီး ကြာကြာစွဲမယ် ကျန်တဲ့ လုပ်ဆောင်ချက်က တူတူပဲ
သူ့ Ingredients မှာ
Glutathione နဲ့ Niacinamide လည်းပါလို့
အသား ကြည် ဖို့ အတွက်လည်း
မျှော်လင့်လို့ရတယ်
ဒါမဲ့ မိုးကတော့ အနံ့ ကြာကြာစွဲတယ် / လ်မ်းထားရင်အစိုဓာတ်ကိုကြာကြာထိန်းပေးထားနိုင်တယ်ဆိုတဲ့ information လေးကိုပဲ ပေးချင်ပါတယ်
Texture အနေနဲ့ကတော့
ထူလဗျစ် ဗျစ်ထူကြီးမဟုတ်ဘူး
ကျဲကျဲ လေး နဲ့ အေးအေးလေးပါပဲ
———————————————————
အနံ့ အနေနဲ့
- Signature
( Moee အကြိုက်ဆုံး အနံ့ပဲ
Perfume ထဲလည်း အဲ့ အနံ့ အကြိုက်ဆုံး ပဲ
နှင်းဆီပန်း
လီလီပန်း လို အနံ့လေးတွေကို
အသီးအနံ့လေးတွေနဲ့ ရောထားတဲ့ အနံ့ ထင်းထင်းလေးပါ
ဒီအနံ့လေးကလည်း ရိုးရှင်း လို့
ယောကျာ်း မိန်းမမရွေး အဆင်ပြေစေပါတယ်
ရင့်ကျက်ပီး တည်ငြိမ်စေတဲ့ အနံ့
အနံ့ကို က ရောထွေးမနေပဲ
ခပ် ရိုးရိုးရှင်းရှင်းလေးနဲ့ တည်ငြိမ် ပြင်းပြစေတဲ့ အနံ့ လေးပါ ပဲ
- Miracle
ပန်းရနံ့လေးတွေကို
ငရုတ်ကောင်း အနံ့
ပျော့ပျော့လေးနဲ့ ရောထားတဲ့ fresh ဖြစ်တဲ့
အနံ့မျိုးလေးပါ
ရေမွှေး မှာ ငရုတ်ကောင်းအနံ့ လေး ပါတော့ တစ်မျိုးကြီးတွေးမိနေပါလိမ့်မယ်
Moee ထင်တာကတော့
ပုံမှန် ငရုတ်ကောင်း အနံ့ ရှူမိတဲ့ အချိန် ပိတ်နေတာတွေ အားလုံး ပွင့်ထွက်ပီး
Fresh ဖြစ်သွားသလို မျိုး mood လေး
ရစေချင် လို့ နဲ့ တူပါတယ်
Chance နဲ့ အနံ့ ချင်း ဆင်တူတယ်
ဒါမဲ့ ဒါက ပို အနံ့ လေး ပို ဖျော့ပါ တယ်
- Chance
အနံ့ သင်းတဲ့ ထဲမှာတော့ မပါဘူး
အနံ့ က အရမ်းလည်းမကလပ်
အရမ်းလည်း
ရင့်ကျက်တည်ငြိမ်တာမျိုးဘက်လည်းမသွားလို့
ဒီ အနံ့က ယောကျာ်းလေးတွေနဲ့ ပိုအဆင်ပြေလောက်မယ်လို့ ထင်ပါတယ်
ရေမွှေး စွတ်တာနဲ့ တင်အားမရတဲ့သူတွေ အတွက်
ဒီ perfume lotion ကို
တစ်ကိုယ်လုံး လူးချပစ်တာက
ပို အားရပါးရ ဖြစ်စေလို့
လိုအပ်ရင်တော့ ဝယ် ပါလို့ 😚🫶
15/02/2023
CARA Lipstick တွေနဲ့ အရမ်းလှပနေတဲ့ တောင်ကြီးက Beauty Blogger လေးရဲ့ Review လေး ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် 💜🥳
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Get Along With Phway x Cara Myanmar 🖤
CARA က Velvet matte lipstick လေးတွေ ရူးခါနေတာဘဲ အရောင်ကော ဗူးကော အကုန်။ Lipstick crazy ကျမ ကြိုက်လွန်းလို့ review လာပေးတာ။
First impression အရမ်းကောင်းလောက်အောင် ကရူးခါပြီး luxury ဆန်တယ်၊ Dior lip tattoo ဗူးနဲ့ဆင်တယ်။ တကယ်ကို လက်ကမချချင်အောင်ကိုလှတယ်။
Velvet matte type မို့ အိအိလေးနဲ့ matte finish အရမ်းလှ။ Matte ဆိုပေမဲ့ ခြောက်ကပ်ကပ်ကြီးမဟုတ်တော့ နှုတ်ခမ်းကွဲမှာတွေပူစရာမလိုဘူး။ နွေမိုးဆောင်းမရွေး matte ဘဲကြိုက်တဲ့ ဖွေးနဲ့တော့ကွက်တိ။ အအေးပိုင်းကလူလည်းအဆင်ပြေ။
အရောင်ထွက်ကတော့ လက်မှာလည်းစမ်းပြထားတယ်၊ ကိုယ်တိုင်လည်းဆိုးပြထားတယ်နော်။ Color outlook ကတကယ်ရူးနေအောင်လှတာပါဆို။
First collection မှာ (၅) ရောင်ထွက်ထားတာ ၊ လက်မှာစမ်းပြထားတယ်။
01 - Berry N**e
02 - Mocha Pink
03 - Dark Coral
04 - Celeb Red
05 - Cherry Rush
N**e ကြိုက်တဲ့သူကတော့ 01 ကိုဝယ်ကိုဝယ်ဖို့ highly recommend ပါ။ ဝယ်သင့်သောပါ။ 02 ကတော့ ပန်းရောင်လေး ။ 03 ကတော့ လိမ္မော်ဘက်လေးသန်းတယ်။ 04 ကတော့ strong & sexy red ဘဲ၊ ဒါလည်း must try ဟီး။ 05 ကတော့ ချယ်ရီရောင် ပန်းဆီရောင်လေး 💕💞
လည်းဖြစ်တယ်၊ ကြာလို့ ပျက်ရင်တောင် lip stain လ်ိုလေးအရောင်စွဲကျန်နေတာကို အရမ်းကြိုက်။ Kissproof / waterproof ဖြစ်တယ် ကျမစမ်းထားတာ 🌚🌚 ဟီးဟီး
01 - Berry N**e နဲ့ 04 - Celeb Red ကိုအကြိုက်ဆုံး Phway's ပါ။ တစ်ရောင်ဘဲရွေးပါဆို #01 ပါလို့။
စျေးအနေနဲ့ 17000 MMK ဝန်းကျင်ဆိုတော့ ဆိုးပျော်တယ်၊ quality ကြီးနဲ့တန်လွန်းလို့ပါ။
CARA Myanmar နဲ့ DDC Beauty Channel တို့မှာဝယ်ပါ။ ကဲ.. review ကတော့ဒီလောက်ပါဘဲကွယ်။
Phway ( with much love )
14/02/2023
နွေရာသီအတွက် အသင့်တော်ဆုံး ရနံ့ Miracle Perfume 🍋🌴🍃
Fresh ဖြစ်ပြီး စိတ်ကိုကြည်စေတဲ့ ရနံ့လေးပါ
Lychee အသီးလေးတွေ ၊ လိမ္မော်သီးရနံ့လေးတွေ ၊ ပန်းရနံ့ လေးတွေဖြစ်တဲ့ မွန်ဂိုးလီးယား ၊ Ginger ၊ နဲ့ Jasmin စတဲ့ အသီးနဲ့ ပန်းရနံ့လေးတွေ ရောစပ်ထားလို့ .. 🍒🍊🌼 အကြည်ဓါတ်လေး အပြည့်အဝရစေပါတယ် ..
နေပူလို့ ချွေးပြန် မီးပျက်တဲ့ အချိန် စွတ်ထားရင် အေးချမ်းမှုနဲ့ အတူ စိတ်ရှုပ်ထွေးမှုတွေပါ လျော့ချပေးတဲ့ ရနံ့ပါ …
Miracle ကို Lotion အနေနဲ့သုံးမလား ???
Perfume အနေနဲ့ စွတ်မလား ???
Perfume- 25500/ ကျပ် ( 30 ml )
Lotion- 18500/ ကျပ် ( 200 ml )
13/02/2023
လက်ကိုဆွဲပြီး အနမ်းခံလိုပ်ရလို့ 🙈🙈 ကယ်ကြပါဦး
ဟုတ်ပါတယ် CARA Lotion ရနံ့တွေ က ဘယ်လိုမှမထိန်းနိုင်အောင် မွှေးလွန်းလို့ အနားကရှိတဲ့လူတွေ အတင်းဖက်နမ်း ၊ ဆွဲနမ်းတဲ့အထိ ဖြစ်လာတာနော် 🫣
Vday အမှီ CARA Lotion တစ်ဗူးတော့ မဖြစ်မနေ ဆောင်ထားဖို့ လိုနေပီနော် 🥳💜
Price - 18500/ ကျပ် ( 200 ml )
09/02/2023
မွှေးလဲမွှေး စိုလဲစို တဲ့ CARA Lotion လေး 💜🥳
CARA ရဲ့ ရနံ့ တွေထဲက အကြည်ဓါတ်လေးရမည့် ရနံ့လေးရှိတယ်နော် Miracle ရနံ့လေးပါ 🍃
အသီးရနံ့လေးတွေ ၊ ပန်းရနံ့လေးတွေ ရောထားတဲ့ fresh ဖြစ်တဲ့ ချစ်စရာကောင်းတဲ့ ရနံ့လေးနော် …
CARA No3 အနေနဲ့ Lotion ရော ၊ Perfume ရောထွက်ပါတယ်နော် 🥳
Price - 18500/ ကျပ် ( 200 ml )
03/02/2023
How Cute 🥰??
CARA Baby Perfume လေး 🥳🎉
ရနံ့ ၉ မျိုးနဲ့ မကြာမှီ လာမည် မျှော် 😍
25/01/2023
အချိန်အကြာကြီး မွှေးရနံ့စွဲလို့ အရမ်းကြိုက်နေတဲ့ Top Fans Review ကြီး 😍💜
📌 CARA Perfume က 12 နာရီကနေ 24 နာရီအထိ ရနံ့စွဲစေပါတယ်
📌 CARA Lotion က 8 နာရီကနေ 12 နာရီအထိ ရနံ့စွဲစေပါတယ် ..
Perfume- 25500/ ကျပ် ( 30 ml )
Lotion- 18500/ ကျပ် ( 200 ml )
Click here to claim your Sponsored Listing.
Category
Website
Address
No-23/25, ဖျာပုံလမ်း, စမ်းချောင်း
Yangon