Beauty & Health Online Shopping

Beauty & Health Online Shopping

Share

အလှအပ သည် လူ့ခန္တာကိုယ်နှင့် သာမက စိတ

28/11/2020

မင်မင် ပျောက်နေတာ သတိထားမိတဲ့သူလည်း ရှိမယ် မထင်ပါဘူး

မင်မင်ကတော့ Butterfly လေးတွေ လှဖို့ အိမ်တွင်း သဘာဝနည်းလေးတွေ ရှာပြီး စမ်းသပ်ထားတယ် ပြီးတော့ ဝတဲ့ သူတွေ အတွက် သတင်းကောင်းလေး ပါတယ်နော်

မင်မင်ကို သူငယ်ချင်းက ညွှန်းလို့ '' ဟေသာ '' လက်ဖက်ခြောက်လေး သောက်ကြည့်တာ ၂ထုတ်တော့ကုန်ပြီ ပေါင်ချိန်လိုက်တာ အရင် ပေါင်ချိန် 160 ကနေ အခု ပေါင်ချိန် 150 ပဲ ရှိတော့တယ် 10 ပေါင်ကျသွားတယ်

စားချင်တာ စားလည်း ဝိတ်မတက်တော့ဘူး ထိန်းထားပေးတယ် မင်မင်က အစတည်းက ရေနွေး သောက်တတ်တဲ့သူမို့ အထူးတလည် မပင်ပန်းဘူးလေ အလုပ်သွားလည်း ထည့်သွားတယ်လေ

လူတိုင်း သောက်လို့ရတယ် side Effect မရှိဘူးလို့ ပြောပြတာနော် ဝိတ်မချချင်တဲ့သူတွေ အတွက်ကျတော့ ဝမ်းမှန်တယ် ဝိတ်ထိန်းပေးတဲ့ အဆိပ်တောက်တွေ ဖြေ ပေးတယ် တချို့ကျတော့ ဆေးသောက်လို့မရတာတို့ ဘာလိမ်းလိမ်း ဘာသောက်သောက် ဝိတ်မကျတာတို့ ကြားနေရလို့ပါ ''ဟေသာ '' သောက်ရင် တစ်ခုတော့ ပြောမယ်နော် အပျင်းကြီးလို့မရပါဘူး ပုံမှန်လေး သောက်ပေးမှ ကျတာပါ ဝိတ်ထိန်းဖို့ သောက်နည်းလေး ဝိတ်ကျဖို့ သောက်နည်းလေး သိချင်ရင် လာမေးပါ နော်

25/10/2020

တင်းတိတ်နဲ့ပတ်သက်လို့
သိထားသင့်တဲ့အချက် လေးတွေ
သိသလောက်လေး ပြန်မျှဝေ ပေးပါရစေ.
——————————
- တင်းတိတ်က ဝက်ခြံထက် ပိုပြီးပျောက်ကင်းဖို့ အချိန်ယူရပါတယ်.

- တင်းတိတ်ဆိုတာ မျက်နှာအရေပြားအတွင်းကနေ မယ်လမင် (Melanin)ဓါတ်တွေ
ထုတ်လွှတ်တာကနေ Balance မညီဘဲ
အညိုကွက်တွေ ဖြစ်လာတာမျိုးပါ.

- အမျိုးသမီးဟော်မုန်းဓါတ်တွေ
ထုတ်လွှင့်များရင် မယ်လမင်ဓါတ်တွေ များတာမို့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ
ပိုအဖြစ်များပါတယ်.

ဒါဆို ဘယ်သူတွေမှာ တင်းတိတ်လေးတွေ
အဖြစ်များတတ်လဲ ????
🔸🔸🔸🔸🔸🔸🔸🔸🔸

🔺နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ရတာ
များတဲ့သူတွေ
🔺ပူလွန်းအေးလွန်းတဲ့ နေရာဒေသတွေမှာ
နေရတဲ့သူတွေ
🔺ကိုယ်ဝန်ဆောင်နဲ့ သန္ဓေတားဆေးတွေသောက်သုံးခဲ့တဲ့သူတွေမှာ ပိုအဖြစ်များတတ်
ပါတယ်.

အဲဒီတင်းတိတ်တွေ မဖြစ်အောင်၊ နည်းနည်းချင်း သက်သာလျော့ပါးသွားအောင် ဘယ်လိုလုပ်
ကြမလဲ.
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
⛔️ဥပမာ - အဝတ်တခုကို မလျော်ဘဲပစ်ထားတာ
ကြာရင် အညစ်အကြေးတွေက အမည်းကွက်တွေပဖြစ်လာပြီး တခါတည်းလျော်ရုံနဲ့ ဖြူဖွေး မသွား
နိုင်ပါဘူး.

⛔️အဲ့လိုပဲ ကိုယ့်မျက်နှာပေါ်မှာ နှစ်ရှည်လများ စွဲနေတဲ့ တင်းတိတ်တွေကို ပျောက်ဖို့ဆို အရင်ဆုံးကစိတ်ရှည်ရပါမယ်.

⛔️အခုချက်ချင်းပျောက်မယ်ဆိုတာမျိုးတွေကို
ရှောင်ပါ.
ဉုံဖွ အမြန်ပျောက်ဆေးတွေ သုံးလိုက်တဲ့အခါ ကိုယ့်အသားအရေနဲ့များ ဓါတ်မတည့်ခဲ့ရင်
တင်းတိတ်တွေ ပိုများလာတတ်ပါတယ်.

✅ ရေများများသောက်ပါ.

✅မျက်နှာသစ်ဆေးကို ရေနဲ့အဆီဓါတ်မျှတစွာပါဝင်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပါ.

✅အပြင်သွားတိုင်း SPF ပါတဲ့ နေရောင်ခြည်
အကာအကွယ်ပေးတာတွေ သုံးပါ.

✅ညအိပ်ခါနီးတိုင်း Moisture ပါတဲ့
Night Cream လေးတွေ သုံးပေးပါ.

တကယ်လို့ သဘာဝနည်းလမ်းတွေ သုံးချင်တယ်
ဆိုရင်တော့ -
♻️ငှက်ပျောသီးတစ်လုံး, ဒိန်ချဉ်ရိုးရိုး ၂ ဇွန်း,
သံပုရာရည် ၃ ဇွန်းကို ရောမွှေပြီး လိမ်းပေးပါ.

♻️မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပေးပါ

♻️တပတ် (၂) ကြိမ်ခန့် ပြုလုပ်ပေးပါ.

♻️Skin Care သုံးချင်တယ်ဆိုရင်တော့
ကိုယ်နဲ့သင့်တော်တဲ့ FDA ရပြီးသား
Skim Care Brand များကို
ရွေးချယ်အသုံးပြုပေးပါ။

❇️ သဘာဝနည်းလမ်းပဲ သုံးသုံး

❇️ Skin Care ပဲ သုံးသုံး စိတ်ရှည်ရပါတယ်​နော်

✅✅ ခုလိမ်းခုပျောက်တဲ့ နတ်ဆေး မထွက်သေးဘူးနော် 😁😁

25/10/2020

Period self care❤💯

မင်မင် က ဒီနေ့မှာတော့ မင်မင်ရဲ့ butterfly လေးတွေ အတွက် ရာသီလာချိန်မှာ ဘယ်လို take care လုပ်ရမလဲဆိုတဲ့ အချက်​လေးတွေပြောပြပါမယ်.....

👱‍♀️ရေနွေးနွေးလေးနဲ့ရေချိုးပေးပါ
ရာသီလာချိန် ရေနွေးနွေးလေးနဲ့ ချိုးခြင်းဟာ ရေအေးနဲ့ချိုးတာထက် ပိုကောင်းပါတယ်။ အကိုက်အခဲတွေလည်း သက်သာစေတာမို့ ကိုယ်မှာ ရေပူစက်ရှိရင် ရေကိုနွေးနွေးလေး မြင့်ထားပါ။ မဟုတ်ရင်လည်း ရေနွေးအိုးလေးတည်ပြီး နည်းနည်းရောချိုးပါ။
ခေါင်းလျှော်တာကိုတော့ periodစဖြစ်ဖြစ်ချင်းမှာမလျှော်သင့်ပါ...🚫🚫

👱‍♀️ Caffine and Alcoholရှောင်ပေးပါ
Caffine တွေ Alcohol တွေ ခဏရပ်ထားပါ။ အဲ့တာတွေက စိတ်ခံစားချက်ကို ပိုဆိုးစေတဲ့အပြင် ပိုပြီး ကိုက်ခဲစေတတ်ပါတယ်။ ကော်ဖီနဂို နှစ်ခွက်လောက်သောက်တတ်တယ်ဆို တစ်ခွက်လောက်ပဲ လျော့သောက်ပါ။ အဲ့ဒီအစား ရေများများသောက်ပေးပြီးအသီးအရွက်ပိုစားပါနော်

👱‍♀️ တစ်ခါတစ်လေ ခါးတွေအရမ်းကိုက်ပြီး ဗိုက်အရမ်းအောင့်တဲ့အခါ အိမ်မှာပါပဲအနားယူပြီးသီချင်းနားထောင်တာတို့
စားချင်တဲ့ အစားလေးစားတာတို့ crushအကြောင်းတွေးတာလေးတွေလုပ်ပေးပါ (ရည်းစားရှိရင်လည်း ရည်းစားကိုရစ်ပါ😝)

👱‍♀️ပေါ့ပါးပြီး ရှောင်တဲ့အဝတ်မျိုးဝတ်ပါ
သက်သောင့်သက်သာ ဖြစ်စေမဲ့ အကျီနဲ့ အောက်ခံကိုဝတ်ပါ။ အတင်းကြီး ချုပ်တည်းထားရတာမျိုး မဝတ်ပါနဲ့။

👱‍♀️အရမ်းကိုက်ခဲရင်ရေနွေးအိတ်ကပ်ပေးပါ
တစ်ခါတစ်လေ မခံမရပ်နိုင်အောင် အောင့်တဲ့အခါ ရေနွေးအိတ်လေးကပ်လိုက်ရင် သက်သာသွားစေပါတယ်။

👱‍♀️မကြာခန padလဲပေးနော်
Pad ကို မကြာခဏ လဲပေးဖို့ မမေ့ပါနဲ့။ မဟုတ်ရင် ရောဂါပိုးတွေဝင်နိုင်တာမို့ အနည်းဆုံး ငါးနာရီခြားတစ်ခါ လဲပေးပါ။

👱‍♀️အနားယူပြီး အိပ်ရေးဝ ဝအိပ်ပါ
ဒီလို အချိန်မှာ အရေးအကြီးဆုံးက အနားကောင်းကောင်းယူပြီး အိပ်ရေးဝဖို့ပါ။ မဟုတ်ရင် ကိုယ့်ရဲ့ စိတ်အခြေအနေက ပိုပြီး ဆိုးလာတတ်တာမို့ နောက်ကျတဲ့ထိ နေတာမျိုး ရှောင်သင့်ပါတယ်။

👱‍♀️ချဉ်ငန်စပ်လေးတွေ ခန ရှောင်ထားနော်
လက်ဖက်တို့ အချဉ်တို့ မာလကာသီးတို့ ချုပ်တတ်တဲ့ အစား​တွေ ခဏရပ်ထားပါ။ချဉ်ငန်စပ်တွေကြောင့် ဗိုက်ပိုအောင့်နိုင်ပါတယ်
ဒီလိုအချိန်မှာတော့ အစားအသောက် ဆင်ခြင်တာက အကောင်းဆုံးပါ။

👱‍♀️အရမ်းကိုက်ခဲနေရင် အကိုက်ခဲပျောက်ဆေးသောက်နိုင်ပါတယ်
လိုအပ်တဲ့အခါ အကိုက်အခဲပျောက်ဆေးသောက်ပါ။ ဒါပေမဲ့ ဒီဆေးတွေကလည်း စွဲသောက်ရင် မကောင်းတာမို့ဖြစ်နိုင်ရင်မသောက်ပါနဲ့နော် အားဆေးသောက်လို့ရပါတယ်❤

👱‍♀️ ရေခဲရေ ၊ အအေး ရှောင်ပါ ။ ရေနွေးအဖြူထည်သောက်ပေးပါ ။ ရေအေးအေးနဲ့ လုပ်ရမဲ့ ကိစ္စရပ်တွေအကုန်လုံးကို အတတ်နိုင်ဆုံး မလုပ်မိအောင် ရှောင်ပေးပါ ။

👱‍♀️ရုပ်ရှင်ဟာသကားတွေနဲ့ idolပုံလေးတွေကြည့်ပါ😋
Periodtimeမှာ အနည်းနဲ့အများ စိတ်ညစ်ရတာ သရဲကားတွေခြောက်လန့်ဝမ်းနည်းစေတာတွေကြည့်ရင် ပိုစိတ်ညစ်ရလို့ အခွီးmovieတွေပဲကြည့်ပါ(ထိုင်ခွီးကြမယ်)❤

အာ့လိုချိန်မှာက မိန်းကလေးတွေက👱‍♀️❤ ပိုစိတ်အားငယ်စိတ်ဓာတ်ကျတတ်တာမလို့ ပျော်စေမယ့်အရာလေးတွေလုပ်ပေးနော်

ရာသီလာတာက ရှက်စရာမဟုတ်လို့ အမျိုးသမီးဖြစ်လာခြင်းကိုဂုဏ်ယူရမှာပါ 👱‍♀️💯
menstruation လာတဲ့အခါ Butterfly လေးတို့စိတ်ရော ကိုယ်ရောပါဂရုစိုက် အနားယူဖို့လိုပါတယ်
စိတ်ရောကိုယ်ပါကျန်းမာပျော်ရွှင်ကြပါစေ🤗Butterflyလေး တို့အသားရည်နဲ့ကျန်းမာရေးတွက်pageလေးကိုlikeလုပ်ထားနော်❤

# တတ်နိုင်သမျှ လိုက်ဖတ်ပြီးရေးရတာမို့ မူလရေးပေးထားသော စာရေးသူ အများစုကို ကျေးဇူးတင်ရှိပါကြောင်း

21/10/2020

ပိုမိုဝင်းပတဲ့ အသားအရေမျိုးကိုပိုင်ဆိုင်နိုင်မယ့် WE9 Collagen

💁အလှစစ်ကိုမှ ပုံဖော်ဖန်တီးပိုင်ဆိုင်လိုသူတွေအတွက်ကတော့
WE9 Collagen လေးဟာအကောင်းဆုံးသော ထောက်ပံ့ပေးနိုင်မယ့် အရာလေးတစ်ခုပဲဖြစ်ပါတယ်။ဘာကြောင့်ဒီလိုပြောရလဲဆိုတော့ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ အရေးပါတဲ့နေရာက ပါဝင်နေတာကတော့ အမိုင်နို အက်စစ်
တွေနဲ့ဖွဲ့စည်းထားတဲ့ collagen protein ဓာတ်ပဲဖြစ်ပါတယ်နော်။မိန်းကလေးတိုင်း ရဲ့အသားအရေအလှစိုပြေလှပဖို့အတွက် ထို collagen protein ဆိုတဲ့ဓာတ်ဟာမဖြစ်မနေကို လိုအပ်ပါတယ်။
Collagen ဟာပျိုမေတို့ရဲ့ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ အသားအရေပြေပြစ်မှုတွေကို ထိန်းညှိပေးစွမ်းနိုင်တဲ့ တစ်ခုတည်းသော ပရိုတင်းတစ်မျိုးဆိုလဲမမှားပါဘူးနော်။🔮🔮

💁ခန္ဓာကိုယ်မှာအဓိကလိုအပ်တဲ့ collagen ဓာတ်ဟာ အသက်၂၀ကျော်တာနဲ့ တဖြည်းဖြည်းလျော့ နည်းလာတတ်ပါတယ်။collagen 40% လောက်နည်းလာပြီဆို ရင်တော့ အသားအရေ တင်းရင်းဖို့အတွက်လိုအပ်တဲ့ collagen protein ဓာတ်ကိုပြန်လည်မြှင့်တင်ဖို့လိုအပ်နေပါပြီနော်။
WE9 ရဲ့ Magic Collagen Protein လေးမှာတော့ လျော့နည်းလာတဲ့ collagenဓာတ်ကို ထိန်းညှိပြီးအသားအရေ ပြန်လည်ဝင်းပစေတဲ့ proteinဓာတ်ကို ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။👌👌

💁မျက်နှာအသားအရေအတွက်လည်း အကောင်းဆုံးအားဖြည့် ပေးနိုင်တဲ့ အပြင်ခန္ဓာကိုယ်အတွက်အသားအရေအတွက်လည်း အထောက်အပံ့တစ်ခုအဖြစ် Magic Collagen Protein လေးကစွမ်းဆောင်ပေးမှာဖြစ်ပါတယ်။ Magic Collagen Protein လေးကို မျက်နှာအရေပြားပေါ် တွင်အဆီပြန်တာများသူတွေသာမက ဝက်ခြံ တင်းတိပ်ရှိသူတွေလည်း စိတ်ချယုံကြည်စွာအသုံးပြုနိုင်သလို V-shape ပေါ်ချင်သူများ ၊မျက်နှာ အရေးအကြောင်းပျောက်ချင်သူများ သုံးလို့ရတယ်ဆိုတော့ အကောင်းဆုံးပဲပေါ့နော်။🎯🎯

ကဲဒါဆိုWE9ရဲ့အရည်အသွေးပြည့်မှီတဲ့Magic Collagen Proteinလေးကို မှာယူချင်တယ်ဆိုရင်တော့
📱 Page messengerမှာပဲဖြစ်စေ
☎09263486355 ကိုဖုန်းဆက်၍ဖြစ်စေစိတ်တိုင်းကျမေးမြန်းစုံစမ်း၍မှာယူနိုင်ပါပြီနော်။📣📣

20/10/2020

နေရောင်ဒဏ်ကို WE9 Cele Star နဲ့အံတုလိုက်ပါ။

ဒီလိုပူအိုက်တဲ့ ရာသီကိုကူးပြောင်းလာတဲ့ အချိန်မျိုးမှာ မိမိတို့အသားအရေကို ထိန်းသိမ်းပေးနိုင်မယ့် အကောင်းဆုံးသော ကာကွယ်ပစ္စည်းတစ်ခုဖြစ်တဲ့ WE9 Cele Star လေးကတော့ လိုအပ်ပါတယ်နော်။အသားအရေနဲ့ပတ်သတ်ပြီး အားသာချက်ပေါင်း များစွာရှိတဲ့ WE9 Cele Star မှာ 👈🏻

🔰နေလောင်ဒဏ်ကိုကာကွယ်ပေးနိုင်တဲ့
Sun Protection Factor (SPF) 30ထိပါဝင်ခြင်း

🔰နေလောင်ဒဏ်ကို အချိန်အားဖြင့် ၇နာရီခွဲလောက်အထိ ထိန်းထားပေးနိုင်ခြင်း

🔰မျက်နှာအသားအရေအပေါ်အလွယ်တကူ မိတ်ကပ်လိမ်းထားသကဲ့သို့ ပွတ်ဆွဲလိမ်းလိုက်ရုံနဲ့ တောက်ပတဲ့အသားအရေမျိုးကိုပိုင်ဆိုင်နိုင်ခြင်း

🔰day cream
primer
bb cream
sun cream စတဲ့အရာတွေကို တစ်ခုခြင်းအသုံးပြုစရာမလိုဘဲ
WE9 Cele Starတစ်မျိုးတည်း ကိုအသုံးပြုရုံနဲ့
လုံလောက်တဲ့ ကာကွယ်မှုမျိုးကို ရရှိနိုင်တာကြောင့်
အလုပ်ကိစ္စကြောင့်အပြင်ထွက်တဲ့ အခါမျိုးတွေမှာ
စိတ်ချယုံကြည်စွာ အသုံးပြုလို့ရပြီပေါ့။💁💁

နေပူဒဏ်တွေကိုလည်း စိတ်ပူစရာမလိုတဲ့အပြင် ယခုခေတ်ကာလမှာ ခေတ်စားအသုံးပြုနေကြတဲ့ selfie ring တွေကြောင့် ထိခိုက်ပျက်စီးလာနိုင်တဲ့ အသားအရေပျက်စီးဆုံးရှုးမှုတွေ Live လွှင့်ရောင်းချတဲ့အခါ အသုံးပြုတဲ့ အလင်းတွေကြောင့် ပျက်စီးစေတဲ့အသားအရေတွေကို WE9 Cele Star လေးကိုလိမ်းထားရုံနဲ့ အသားအရေကို အကောင်းဆုံးကာကွယ်ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်နော်။
ကဲဒါဆိုဘာကိုစောင့်နေတော့မှာလည်းချစ်တို့ရေ WE9 Cele Star လေးနဲ့ တောက်ပစိုပြေ တဲ့ ဖြူဝင်း တဲ့အသားအရေလေးကို အခုပဲပိုင်ဆိုင်လို့ရပြီနော်။🎯🎯

1ဗူး = 22000ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။

19/10/2020

အသားအရေပျက်စီးမှုအတွက်စိတ်ညစ်မခံပါနဲ့ WE9 Cele Star ရှိတယ်

👉ဟေး ချစ်တို့ရေ အပူဒဏ်ကို ကာကွယ်ပေးပြီး အသားအရေကို ထိန်းသိမ်းပေးနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ WE9 Cele Star လေးပဲဖြစ်ပါတယ်။
👉WE9 Cele Star မှာ နေလောင်ဒဏ်ကြောင့်
Phone selfie light တွေကြောင့်
အမည်းစက်တွေ တင်းတိတ်တွေ နဲ့ အသားအရည်ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်တဲ့ Sun Protection Factor (SPF 30+) ထိပါဝင်နေတာဖြစ်လို့ နေလောင်ဒဏ်ကို အချိန်အားဖြင့် ၇နာရီခွဲလောက်အထိ ကာကွယ် ပေးနိုင်မှာဖြစ်ပါတယ်နော်။ ဒါဆိုအလုပ်ကိစ္စကြောင့် နေပူဒဏ်ထွက်တဲ့အခါ လုံးဝပူစရာမလိုတော့ဘူးပေါ့။🌞🌞

👉 အရမ်းတန်တဲ့ အချက်က Cele Star တစ်မျိုးတည်းသုံးရုံနဲ့
🔰Day cream
🔰Emulsion
🔰BB cream
🔰Sun block စတဲ့ 4 in1
4 မျိုးပါလို့ သိန်းချီပြီး ငွေကုန်စရာ မလိုတော့တဲ့အပြင်
👉အလုပ်ရှုပ်တဲ့အိမ်ရှင်မတွေနဲ့ အချိန်မရတဲ့ ဝန်ထမ်းတွေ ကျောင်းသူတွေအတွက် 4 မျိုး
အထပ်ထပ်လိမ်းစရာမလိုတော့လို့ စိတ်မရှုပ်ရတော့ဘူး။

👉ခရီးသွားရင်လဲ ဘူးတွေအများကြီးယူသွားစရာ မလိုတော့ပဲ နေရောင်ဒဏ်ပါကာကွယ်ပေးတော့ ခရီးခဏခဏသွားတဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်နော်။

👉WE9 Cele Star ရဲ့ အထူးခြားဆုံးအချက်လေးကတော့ မျက်နှာအသားအရေအပေါ် အလွယ်တကူ လိမ်းလိုက်ရုံနဲ့ မနက်ကနေ ညအထိ လုံးဝ အဆီမပြန်ဘဲ ဖြူစင် တောက်ပတဲ့ အသားအရေမျိုးကို
ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။😱😱

👉 Skin Care တွေ အများကြီးလိမ်း
မိတ်ကပ်လိမ်း ပြီးရင်တစ်ခါ Sun block လိမ်း အဆင့်အဆင့်အများကြီး မလိမ်းရတော့ဘဲ
WE9 Cele Starတစ်မျိုးတည်း ကိုအသုံးပြုရုံနဲ့လုံလောက်ပါပြီနော်။😘😘
ကဲဒါဆို ဘာကိုစောင့်နေတော့မှာလည်း ချစ်တို့ရေ WE9 Cele Star လေးနဲ့ တောက်ပစိုပြေပြီး တစ်နေကုန် Glow နေတဲ့ အသားအရေလေးကို အခုပဲပိုင်ဆိုင်လို့ရပြီနော်။💃💃

မင်မင်တို့ WE9ရဲ့ WE9 Cele Star လေးကို မှာယူချင်သူတွေအနေနဲ့
📲 page messenger မှာပဲဖြစ်စေ
☎09263486355 ကို ဖုန်းဆက်၍ဖြစ်စေ စိတ်တိုင်းကျ မေးမြန်းစုံစမ်း၍မှာယူနိုင်ပါပြီနော်။📣

19/10/2020

ဗောက်ထတဲ့နေ့ရက်တွေကနေ ပြေးထွက်ခဲ့ပါ….🏃‍♂️🏃‍♀️
~~~~~~~~~~~~~~~~~
💢 ဦးရေပြားဆဲလ်အသေတွေ အချပ်လိုက်ဖြစ်ပေါ်ခြင်းကို ဗောက်ထတယ်လို့ ခေါ်ပါတယ်။ ပူလွန်းတဲ့ရေနဲ့ ခေါင်းလျှော်တာ၊ Dryer အပူနဲ့ ဆံပင်အခြောက်ခံတာ စတဲ့အကြောင်းအရင်းတွေကြောင့် ဦးရေပြားခြောက်သွေ့ပြီး ဗောက်ထနိုင်ပါတယ်။ ဆံပင်အရောင်ကို တစ်ရောင်ပြီးတစ်ရောင် ပြောင်းဆိုးတဲ့သူတွေ၊ မကြာခဏ ဆံပင် Bleach လုပ်တဲ့သူတွေမှာ ဗောက်ထတဲ့ပြဿနာကို အမြဲလိုလို ကြုံတွေ့ရပါတယ်။ ‌

💢 ခေါင်းပုံမှန်မလျှော်ရင် (ဒါမှမဟုတ်) ဦးရေပြားနဲ့မတည့်တဲ့ ခေါင်းလျှော်ရည်မျိုးကို အသုံးပြုမိရင်လည်း ဗောက်ထနိုင်ပါတယ်။ ‌ဗောက်ထခြင်းကြောင့် ဦးရေပြားနီမြန်းပြီး ခြောက်သွေ့ယားယံခြင်းအပြင် ဆံပင်နဲ့ ပုခုံးတစ်ဝိုက်မှာနေရာယူထားတဲ့ ဗောက်တွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

💢 ဟော်မုန်းကြောင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက်ပိုပြီး ဗောက်ထနိုင်ပါတယ်။ ဗောက်ရောဂါဟာ ကြီးကောင်ဝင်တဲ့အရွယ်ကနေစပြီး သက်လတ်ပိုင်းအရွယ်ထိ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ အမျိုးသားပဲဖြစ်စေ၊ အမျိုးသမီးပဲဖြစ်စေ ဗောက်ထတဲ့ပြဿနာကိုရင်ဆိုင်ဖြေရှင်းဖို့ဆို “WE9 Anti-dandruff French Sea Salt Shampoo” ရှိပါတယ်။
✨✨✨ တစ်ဘူး - 9400 ကျပ် ✨✨✨

🌹 သူ့မှာ ပြင်သစ်ပင်လယ်ဆား၊ Hyaluronic Acid နဲ့ အုန်းဆီကနေရရှိတဲ့ Cocamide တို့ပါဝင်တာကြောင့် ဦးရေပြားကျန်းမာရေးအတွက် သိသိသာသာအထောက်အကူပြုပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဦးရေပြားခြောက်သွေ့မှုကို ကာကွယ်‌ပေးတာမို့ ဗောက်တွေကို တစ်ခါတည်း ရှင်းလင်းသုတ်သင်ပြီးသားဖြစ်သွားမှာပါ။

🚗 အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမယ့်
🌹 WE9 Anti-dandruff French Sea Salt Shampoo ကို
🔻 09263486355
🔻 Page Chat Box ကနေတဆင့် ဆက်သွယ်မှာယူနိုင်ပါပြီ။

19/10/2020

အချစ်ဆုံးသူတွေကို အကောင်းဆုံးအရာတွေပဲ ပေးချင်ကြတာ သဘာဝပါ💕💕
~~~~~~~~~~~~~~~~~~~~~~
💚 ဘဝမှာ အမြဲတန်ဖိုးထားရတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ချစ်ခင်ရသူတွေအားလုံးကို ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကိုပြသတဲ့အနေနဲ့ မှတ်မှတ်ရရ လက်‌ဆောင်ပေးတဲ့အခါ အကောင်းဆုံးနဲ့ အကျိုးအရှိဆုံးအရာကိုပဲ ပေးဖို့ စဉ်းစားတတ်ကြပါတယ်။ ကိုယ်ပေးလိုက်တဲ့အရာက တစ်ခုခုဘေးထွက်ဆိုးကျိုးရှိနေမယ်ဆိုရင်‌တော့ လက်ဆောင်ပေးတဲ့သူလည်း မျက်နှာပျက်ရသလို လက်ဆောင်ရရှိတဲ့သူဆိုရင်လည်း စိတ်ထဲခုသွားမှာ ကျိန်းသေပါပဲ။

💚 ဒါကြောင့် တစ်စုံတစ်ယောက်ကို အကောင်းဆုံးပစ္စည်းတစ်ခုခုပေးဖို့ စဉ်းစားနေရင်တော့ သဘာဝပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး လူကြီးလူငယ်မရွေး/ ကျားမ မရွေးအပြင် ဘိုးဘိုးဘွားဘွားတွေအတွက်ပါ သင့်တော်တဲ့ “WE9 Antidandruff French Sea Salt Shampoo”ကို ပေးရင်တော့ အကောင်းဆုံးပါပဲ။ 👍👍

♻️ Hyaluronic acid ဟာ ဦးရေပြားရဲ့အစိုဓာတ်ကို ထိန်းညှိပေးတယ်၊

♻️ ပြင်သစ်ပင်လယ်ဆားက ဆဲလ်သေတွေကိုဖယ်ရှားပေးတာမို့ ဦးရေပြားကျန်းမာရေးအတွက် အထူးကောင်းမွန်စေတယ်၊

♻️ အုန်းဆီကနေ ရရှိတဲ့ Cocamide ပါဝင်တာကြောင့် ဆံသားကိုသန့်ရှင်းစေတယ်၊
ဗောက်လုံးဝရှင်းတယ်၊

♻️ ဆံပင်ကျွတ်ခြင်း/ ဆံပင်ကြဲခြင်းကို သိသိသာသာကာကွယ်ပေးပြီး

♻️ ဆံသားနှစ်ခွဖြစ်တာကို ပျောက်ကင်းစေတာမို့ စွဲပြီးသုံးပေးမယ်ဆိုရင် သူ့ရဲ့သိသာတဲ့အာနိသင်တွေကို တွေ့နိုင်ပါတယ်။ 😀😀

🎈🎈 ခေါင်းလျှော်ပြီးတိုင်း အေးမြလန်းဆန်းမှုကို အပြည့်အဝခံစားစေဖို့အတွက် သူက အသင့်တော်ဆုံးပါပဲ။ ခေါင်းလျှော်တဲ့အချိန်တိုင်း သင့်ကိုသတိရနေပြီး ချစ်ခင်ရသူတွေရဲ့အပြုံးကို ဆောင်စေဖို့ဆို WE9 Antidandruff French Sea Salt Shampoo ကိုပဲ လက်ဆောင်ပေးလိုက်တော့နော်…🎈🎈
💎 Price - တစ်ဘူး 9400 kyats
💎 Phone - 09 263486355
💎 Chat Box ကနေ အလွယ်တကူ မှာယူနိုင်ပါပြီ။
အိမ်တိုင်ရာရောက်ပို့ဆောင်ပေးမယ့် Delivery Service လည်းရှိပါတယ်

Photos from Beauty & Health Online Shopping's post 19/10/2020

မင်မင်ရဲ့ beauty လေးတွေ ရေသောက်ပြီး ဝိတ်ချလိုက်ရအောင်

Crd

16/10/2020

#သုံးရက်အတွင်း အမဲစက်ပျောက်နည်း

#အမဲစက်ပျောက်နည်းထဲမှာ အာလူးကို အမြဲသုံးကြတယ်။ အာလူးက bleaching အရောင်ချွတ်တဲ့ အာနိသင်ရှိတယ်။ တင်းတိပ်မှာသုံးတဲ့ hydroquinone နဲ့ အာနိသင်တူတယ်။ ဘေးထွက်နည်းတယ်။ နောက်တမျိုးက ကြက်သွန်နီဖြစ်တယ်။ ဆာလဖာကြွယ်ဝတဲ့ ကြက်သွန်နီမှာ အမဲစက်၊အမာရွတ်ကို သက်သာစေတဲ့ အစွမ်းသတ္တိရှိတယ်။ ရှောက်ရည်က ဗီတာမင်စီ ကြွယ်ဝပြီး အသားအရေပြုပြင်ပေးတယ်။ အင်တီအောက်စီးဒင့်အာနိသင်ရှိလို့ အသားဖြူစေတယ်။ ဆဲလ်သစ်ဖြစ်ဖို့ အားပေးတယ်။ မျက်နှာအမဲစက်အတွက် ဒီပစ္စည်းသုံးမျိုးကို အချိုးညီညီ သုံးစွဲရမယ်။

အာလူးသီး - တလုံး
ကြက်သွန်နီ - တခြမ်း
ရှောက်သီးရည် - တခြမ်း

အာလူးသီးတလုံးကို အခွံသင်ပြီး အစိတ်ကလေးတွေလုပ်ပါ။ ကြက်သွန်နီတခြမ်းကို ယူပြီး အလားတူအစိတ်ကလေးတွေလုပ်ပါ။ အာလူးနဲ့ ကြက်သွန်နီကို ရောပြီး blender နဲ့ တသားတည်း ကြိတ်ပါ။ ရလာတဲ့အရောကို ရှောက်သီးရည် ညှစ်ထည့်ပါ။ paste(ခပ်ပြစ်ပြစ်)ရလာလိမ့်မယ်။ ဒီpasteကို မျက်နှာအမဲစက်၊အမဲကွက်နေရာမှာ စက်ဝိုင်းပုံ လိမ်းရမယ်။ မိနစ်နှစ်ဆယ်ထားပါ။ ပြီးရင် မျက်နှာပြန်သစ်ပါ။ ရေခပ်နွေးနွေးသုံးတာ ပိုကောင်းတယ်။ သုံးညဆက်တိုက် လုပ်ရုံနဲ့ မျက်နှာအမဲစက်၊အမဲကွက်တွေ သိသိသာသာ သက်သာစေနိုင်တယ်။

Crd ဒေါက်တာအေးမင်းထူး

Photos from Beauty & Health Online Shopping's post 16/10/2020

မိတ်ကပ် လိမ်းနည်း အဆင့်ဆင့်

မင်မင်လဲ သိပေမဲ့ ခုထိ မိတ်ကပ်မလိမ်းတတ်သေးဘူးလေ

ပြန်မျှဝေပေးတာပါ ဒီထဲက မင်မင်ရဲ့ အသဲ​လေးတွေ လိမ်းတတ်အောင်လို့ပါ😁

photo

16/10/2020

လူကြားထဲခေါင်းကုတ်နေရတဲ့ ပြဿနာကိုဖြေရှင်းပေးမယ့် French Sea Salt Anti-dandraff Shampoo

ခဏခဏခေါင်းကုတ်နေရတဲ့ ဒုက္ခတွေကနေ သင်လဲကင်းလွတ်နိုင်ပါပြီ။ဗောက်တွေကြောင့် ဖုံးကွယ်နေတဲ့ ဆံကေသာအလှစစ်ကို WE9 ရဲ့ ပြင်သစ်ပင်လယ်ဆားshampooလေးနဲ့ အမြန်ဆုံးပုံဖော်လိုက်ပါနော်။
ဦးရေပြားနဲ့ပတ်သတ်ပြီး ကြုံတွေ့နေရတဲ့ပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ဗောက်ပြဿနာဟာ မိန်းကလေးတွေသာမက ယောကျာ်းလေးတွေမှာလည်းအဖြစ်များတတ်ပါတယ်👈🏻 ဒါဆိုမဖိတ်ခေါ်ဘဲရောက်လာပြီး ကိုယ့်ခေါင်းမှာမင်းမူနေတဲ့ ဗောက်တွေကိုဒီတိုင်းပဲထားတော့မှာလား🤔 မဟုတ်ပါဘူးရှင်းပစ်ရပါမယ်ဒါကိုဖြေရှင်းဖို့နည်းလမ်းတွေထဲကအကောင်းဆုံးတစ်ခုကတော့ WE9 ရဲ့ ပြင်သစ်နိုင်ငံကထုတ်လုပ်ထားတဲ့ French Sea Salt Shampoo လေးကိုအသုံးပြုပြီး မင်းမူနေတဲ့ဗောက်ကောင်တွေကိုနန်းချလိုက်ရုံပါပဲ။👌👌

French Sea Salt Anti-dandraff Shampoo လေးမှာဆိုရင်……………

🎯 သဘာဝကထွက်တဲ့ ရေဓာတ်ထိန်းသိမ်းတဲ့
နေရာမှာအလွန်အားကောင်းတဲ့ Hyaluronic acid ပါဝင်ခြင်း

🎯ထိုacidပါဝင်တဲ့အတွက်ဦးရေပြားမှာ လိုအပ်နေတဲ့ရေဓာတ်ကို
ဖြည့်တင်းပေးနိုင်ခြင်း

🎯 အစိုဓာတ်ကိုပြန်လည်ထိန်းညှိပေးနိုင်ခြင်း

🎯အဖျားနှစ်ခွဖြစ်နေတဲ့ ဆံကေသာပိုင်ရှင်တွေ အဆီပြန်လွန်းတဲ့
ဆံကေသာပိုင်ရှင်များအတွက်လည်း အထူးအသုံးပြုရန်
သင့်တော်ခြင်း

🎯French Sea Salt Anti-dandraff Shampoo မှာအုန်းဆီ(Coconut oil) မှစနစ်တကျပေါင်းခံထုတ်ယူထားတဲ့ cocamide ပါဝင်နေတာဖြစ်တဲ့အတွက် သုံးပြီးတာနဲ့ဆံသားတွေကို နူးညံ့တောက်ပြောင်ပြီး သန့်ရှင်းစေခြင်း
ဆိုတဲ့ ဆံကေသာအတွက်အကောင်းဆုံးသောလိုအပ်နေတဲ့ ဓာတ်တွေကို ဖြည့်ဆည်းပေးမှာပဲဖြစ်ပါတယ်။

French Sea Salt Shampooကိုသုံးနေတဲ့သူတွေရဲ့ ပြန်လည်ပြောပြချက်များအရတော့ ဆံသားကိုကျန်းမာစေပြီး ဆံပင်သန်စေတယ်ဆိုတဲ့ feedbacks လေးတွေလဲပြန်ကြားရတဲ့အတွက် အမှန်တကယ်ယုံကြည်စိတ်ချစွာဝယ်ယူနိုင်တဲ့ shampooလေးတစ်ခုပဲဖြစ်ပါတယ်။🔮

ကဲဒါဆိုရင်ဗောက်တွေကိုရှင်းလင်းဖို့အခုပဲ WE9ရဲ့French Sea Salt Anti-dandraff Shampooလေး
အသုံးပြုလိုက်ပါတော့နော်။ဈေးနှုန်းလေးကလည်း လူတိုင်းဝယ်ယူအသုံးပြုနိုင်တဲ့ဈေးနှုန်းလေးဖြစ်တဲ့ တစ်ဘူးမှ ၉၄၀၀ ကျပ်တည်းဆိုတော့ အမြန်ဆုံးသာမှာယူဖို့မင်မင် တိုက်တွန်းလိုက်ပါတယ်နော်။မှာယူချင်သူတွေအနေနဲ့
📲Page messengerမှာပဲဖြစ်စေ
☎09263486355
ကိုဖုန်းဆက်၍ဖြစ်စေစိတ်တိုင်းကျမေးမြန်းစုံစမ်း၍မှာယူနိုင်ပါပြီနော်။📣📣

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon