Jade Fragrance

Jade Fragrance

Share

The best place to start your perfume collection.

01/11/2025

Announcement 📣

Admin တွေရဲ့ အချိန်မလုံလောက်မှုကြောင့် ရေမွှေးဘက် မလှည့်ဖြစ်တဲ့ အတွက်ကြောင့် Page ရဲ့ activity နဲ့ decant အရောင်းလေးများကို ခဏနားထားပါတယ် ခင်ဗျာ

ရင်းနှီးတဲ့ ပတ်ဝန်းကျင်လောက်ပဲ ပြောထားမိလို့
Page ကို တိုက်ရိုက်လာမေးတဲ့သူတွေ အဆင်မပြေတာလေးတွေဖြစ်သွားရင်လည်း သွေ့ပုချီပါ ခင်ဗျာ

အစဉ်အမြဲ အားပေးနေတဲ့ သူငယ်ချင်းများ အားလုံးကို အထူး ကျေးဇူးတင်ပါတယ် ခင်ဗျာ

အချိန်တခုရအောင် စီစဉ်ပီး ဒီထက်ကောင်းတဲ့ အစီအစဉ်လေးတွေနဲ့ ပြန်လာခဲ့ပါ့မယ် ခင်ဗျာ

Cheers !!!

!!

31/01/2025

Iris နံ့ မှာ နာမည်ကြီးတဲ့ Dior Homme 2011 တို့ Dior Homme Intense တို့ မသုံးကြည့်ခင်

Iris နံ့ကို အခုမှစသုံးချင်တဲ့သူတွေ စသုံးသင့်တဲ့ ရေမွှေး
Iris powdery အနံ့ကိုမှ leather နဲ့ Patchouli ခက်ပါးပါးပြန်အုပ်ထားတော့ multi-layered ဖြစ်တာပေါ့

27/01/2025

Terre d’ Hermes တို့ Tom Ford ရဲ့ Grey Vetiver တို့နဲ့ vibe တူတူပဲ opening တို့ dry down တို့ ဘာညာတွေတော့နဲနဲစီကွာတာပေါ့ perfumer မှ မတူတာ

အဲ့ဒါတွေရှိပီးရင် ဒါ ဝယ်စရာမလိုဘူး
ဒါပေမဲ့ ဘာလို့ဝယ်လည်းမေးရင် ဒီပုလင်းကို ကြိုက်လို့ဝယ်တာ 😅😅

14/01/2025

ကျွန်တော့် collection ထဲမှာ ဆောင်းတွင်းနဲ့ ညနေခင်းအေးအေးလေးတွေအတွက် အလိုက်ဖက်ဆုံး MFK ကို ပြောပါဆိုရင်တော့

Orange နဲ့ Lavender နဲ့ ဖွင့်ပီး
ဆောင်းတွင်း vibe ကိုပေးတဲ့ cedar ကို vanilla နဲ့ Amber နဲ့ dry down ပေးထားတဲ့ Grand Soir ပဲ ..

Amyris Homme လောက် all year rounded မဖြစ်ပေမဲ့
မိုးအေးအေးလေးရွာတဲ့နေတွေလည်း အဆင်ပြေတာပဲ
Sharp and bold ဖြစ်တဲ့ scent ဖြစ်တဲ့ အတွက်ကြောင့် formal ဆရာ Casual ရော ဗျင်းလို့ကောင်းတယ်

13/01/2025

MFKရဲ့ Amyris Homme က Iris dominant ရေမွှေးထဲတွေထဲမှာ All year rounded အဆင်ပြေဆုံးဆိုပေမဲ့
Chocolate နဲ့ Tonka Bean နံ့လေးက ခပ်ပါးပါးလေးပါနေတော့… ဒီလို အေးနေတဲ့ ရန်ကုန်ဆောင်းနဲ့ဆိုတော့ .. အလှဆုံးဖြစ်နေတာပေါ့

Photos from Jade Fragrance's post 30/11/2024

ဒီနေ့ အတွက် Declattering က ကျွန်တော့်ရဲ့ perfume collection ထဲက ကျွန်တော် signature scents နီးနီး အသုံးများတဲ့ ပုလင်းတွေပါ။

အခုလည်း ကြိုက်နေတုန်းပဲ နောက်လည်း ဆက်ကြိုက်ဖြစ်နေမယ်ထင်တဲ့ scents လေးတွေပါ

ဘာကြောင့် ရောင်းလည်းဆိုတော့ … အလုံးတိုင်းနီးပါး back up bottle တွေ ဝယ်ပီးထားလို့ .. အနံ့စမ်းချင်တဲ့သူတွေနဲ့ ပုလင်းစုချင်တဲ့သူတွေ အတွက် ရောင်းပေးတာပါ

စျေးကတော့ အရင်ရောင်းစျေးကို အခြေခံပီး စိတ်ထဲဖြစ်သင့်တယ်ထင်တဲ့စျေးနဲ့ ရောင်းပေးထားတာပါ.. တိုက်ဆိုင်မှုရှိမှ ဝယ်ကြပါ ခင်ဗျာ

Declattering အလုံးတွေက COD ပဲ လက်ခံပါတယ် … first come first serve ပါ ✌️✌️

Have a great scents …. Cheers !!

Photos from Jade Fragrance's post 29/11/2024

Declattering လုပ်မယ်ပြောပီး အကြာကြီးပျောက်နေတာကို စောင့်နေပေးတဲ့ follower တွေကို ကျေးဇူးပါဗျာ

ဒီနေ့ က စရောင်းပေးပါမယ် တနေ့ နည်းနည်းစီ အချိန်ရသလောက် တင်သွားပေးပါမယ်

ဘာကြောင့် Declattering လုပ်လဲဆိုတော့

၁။ တချို့ပုလင်းတွေက ကုန်ခါးနီးတမင်ချန်ထားပီး ပုလင်းပါ collect လုပ်ချင်တဲ့ သူတွေအတွက်ရောင်းပေးတာပါ

၂။ တချို့ ရေမွှေးတွေက ကျွန်တော်နဲ့ ကီး မကိုက်တော့လို့ ရောင်းပီး collection ပုလင်း ချိန်းမလို့ပါ

၃။ စျေးကတော့ အတက်စျေး အကျစျေး အမျိုးမျိုးနဲ့ ဝယ်ထားတဲ့ ပုလင်းတွေမလို့ တိုက်ဆိုင်မူရှိမှ ဝယ်ပါ ခင်ဗျာ

၄ ။ လက်ကျန် ml တွေကတော့ တက်နိုင်သလောက် သေချာ မှတ်ထားတာပါ အတိအကျကြီးတော့ မမှန်နိုင်ပါဘူး ခင်ဗျာ

Edit - COD မရပါဗျာ first come first serve ပါ ✌️✌️

Have a good scents … cheers !!!

Photos from Jade Fragrance's post 31/08/2024

Announcement!!
ဒေါ်လာစျေး အတက်အကျနဲ့ နိင်ငံရေး အခြေအနေကြောင့် ပေ့က active သိပ်မဖြစ်ပေမဲ့ တောက်လျှောက် အားပေးနေတဲ့ customer တွေ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ

နောက်အပတ်ထဲမှာ ml နည်းနည်းကျန်တဲ့ ပုလင်းတွေနဲ့ taste ပြောင်းသွားလို့ အခြား collection ပြောင်းဖို့ ရောင်းချင်တဲ့ ရေမွှေး တချို့ကို Declattering လုပ်ဖို့ရှိပါတယ် ခင်ဗျာ

Declattering လုပ်ဖို့ ml စစ်နေတဲ့ အချိန်မှာတော့ decants အရောင်း ခဏပိတ်ထားမှာမလို့ decant order များကို 31 - August ည ၉ နာရီ အထိပဲ လက်ခံပါတော့မယ် ခင်ဗျာ

Stay tune & have a good scents!!
Cheers !!

Photos from Jade Fragrance's post 16/07/2024

❤️🍒 BDK Rouge Smoking 🍒❤️

မိုးအေးအေးမှာ ချယ်ရီရေခဲမုန့်လေး စားနေရသလို feeling ရစေတဲ့ BDK Rouge Smoking 🍦🍒

BDK ရေမွှေးလေးတွေရဲ့ အနံ့တွေက ဆန်းကြယ် မိမိုက်ပီးမိုးတွင်း ဆောင်းတွင်းတွေနဲ့ အရမ်းလိုက်ဖက်တယ်

အခု ဒီ 🍒Rouge Smoking🍒 ဆိုရင်လည်း စစစွတ်ချင်းမှာ Cherry နံ့လေး ဒါမယ့် ၁၅-၂၀ မိနစ် လောက်ကြာသွားရင် Vanilla အနံ့လေး ပြောင်းသွားရော

Cherry အနံ့သီးသန့်မဟုတ်ဘဲ Vanilla လေးပါ ပေါင်းစပ်ထားတော့ သူ့အနံ့လေးက ပြောစရာမလိုအောင်ရှယ်ကောင်း 😉😉

Longevity နဲ့ Projection ကတော့ ပြောနေစရာကိုမလိုတာ အကျီမှာဆိုရင် နောက်နေ့အထိကို အနံ့လေးက ချိုသင်းမွှေးလေး ဖြစ်နေတုန်း 🤗🤗

Unisex ဖြစ်လို့ Couple တွေလည်း ဆင်တူ သုံးလို့ရတယ်

Cherry & Creamy vibe ကိုကြိုက်တဲ့ သူလေးတွေအတွက်ကတော့ fully recommend 👍👍👍

04/07/2024

💙Jade Fragrance ကို ချစ်တဲ့ customers လေးတွေ ဘယ်လောက်တောင်များလဲဆိုရင် ……. 💙

👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍

16/06/2024

“ Happy Father’s Day “ to all the world’s greatest fathers 💙💙💙

13/06/2024

တနွေလုံး နေ့တိုင်းနီးပါး fresh and clean ပဲ စွတ်လာရတာ တအားပျင်းလာလို့ ဘာမှတောင် မတင်ဖြစ်တာကြာပီ

မိုးစရွာကတည်းက တောက်လျှောက် လက်ကမချမိတဲ့ Valentino Uomo new versionလေး

2018 မှာ L O’real က Valentino Beauty range ဘက်ကို ဝယ်ပီးနောက်မှ ပုလင်း ပုံစံ နည်းနည်းပြောင်းပီးထုတ်ထားတာ juice ဘာညာကတော့ မပြောင်းဘူးပြောပေမဲ့ old version နဲ့ ဘယ်ညာ ယှဉ်သုံးကြည့်ရင်တော့ သိသာတယ်
ဒါပေမဲ့ အရမ်းကြီးမကွာဘူး old version ရှာရခက်ရင် ဒါပဲဝယ်။

အလွယ်ပြောရရင် တောရှောက်ခါး အနံ့က roasted လုပ်ထားတဲ့ ကော်ဖီစေ့နဲ့ chocolate cream နံ့ကို ပေါင်းပီးထွက်လာတာ အပျံစားမိုက်တယ် .. ခဏခဏသာ မစွတ်မိစေနဲ့ .. အနံ့က delicious ဖြစ်လွန်းလို့ ကောင်မလေးတွေ ကိုက်စားသွားလိမ့်မယ်
😝😝😝

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11181