Thwe beauty Place
အလှအပမြတ်နိုးသူတိုင်း သိချင်တာလေးမေးချင်သူတိုင်း တိုင်ပင်ဆွေနွေးချင်သူတိုင်းအလည်လာဖို့ဖိတ်ခေါ်ပါတယ်🥰
18/01/2024
ဒေါသထွက်လာတဲ့အခါ တိတ်ဆိတ်ခြင်းနဲ့ပဲ
ကိုယ့်စိတ်ကို ထိန်းချုပ်လိုက်တယ်။
ဝမ်းနည်းတဲ့အခါ တစ်ယောက်တည်း သီးသန့်နေပြီး
စာအုပ်နဲ့အတူ စိတ်ကို အနားပေးတယ်။
အကောင်းနဲ့ပဲ ကြုံကြုံ
အဆိုးနဲ့ပဲကြုံကြုံ အမြဲတမ်း ပြုံးနိုင်အောင်
ကြိုးစားတယ်။
အဆင်ပြေသည်ဖြစ်စေ ၊
အဆင်မပြေသည်ဖြစ်စေ ၊
တစ်ယောက်တည်းပဲ ဘယ်သူ့ကိုမှ အပူမပေးဘူး။
ငါသည် မသန်မာပေမယ့်
ထင်သလောက်တော့ စိတ်ဓာတ်ပျော့ညံ့တဲ့
လူတစ်ယောက် မဟုတ်ပါဘူး။
#ဖားစည်ရည်ကျော်
17/01/2024
ကိုယ့်ကိုကိုယ်သာ အားကိုးပါ
===================
သင့်ကို ဘယ်သူမှ ဂရုမစိုက်တဲ့အခါ
သင် ... အားမငယ်ပါနဲ့။
အားငယ်တတ်တဲ့ သင့်ရဲ့စိတ်တွေက
သင့်ကို ပိုပြီးသိမ်ငယ်စေပါတယ် ။
သင့်ကို ဂရုမစိုက်တဲ့ သူတွေကို
သင် ... ကျေးဇူးတင်လိုက်ပါ။
သူတို့ကြောင့် ...သင်ဟာ
ကိုယ့်ဘဝကို ရုန်းကန်တတ်လာတယ်။
ကိုယ့်ကိုကိုယ် အားကိုးတတ်လာတယ်။
သူတို့ကြောင့်
သင် အတွေ့အကြုံတွေ ရလာတယ်။
သင် သင်္ခန်းစာတွေ ရလာတယ်။
သင် သူများကို ...အားကိုးချင်တဲ့
စိတ်တွေပျောက်လာတယ်။
သင့်ဘဝမှာ မဖြစ်နိုင်ဘူးလို့
ထင်ထားတာတွေ ဖြစ်လာတယ်။
သင် သူများဆီက မျှော်လင့်နေရတဲ့
စိတ်ဆင်းရဲမှုတွေ နည်းလာတယ်။
သင့်ကြောင့် .... သူတစ်ပါး
စိတ်ဆင်းရဲမှုတွေနည်းလာတယ်။
ဒါ့ကြောင့်
သင် အားမငယ်ပါနဲ့ မသိမ်ငယ်ပါနဲ့။
လောကမှာ .... သင့်အတွက်
သင့်လောက်ယုံကြည်အားကိုးရတဲ့သူ
ဘယ်သူမှ ..မရှိပါဘူး။
သင့်ကိုယ်သာသင် ...
ကောင်းကောင်း ..အားကိုးကူညီပါ။
သင့်ရဲ့ အဆင်မပြေမှုတွေက
မကြာခင် အဆင်ပြေသွားပါလိမ့်မယ်။
လေးစားစွာဖြင့်
Credit...............
16/01/2024
"လူအများစုကတော့
ဟိုလူ့အကြောင်းသိ ဒီလူ့အကြောင်းသိနဲ့
"နောက်ဆုံး
ကိုယ့်အကြောင်းကိုယ်မသိတာများတယ် ။
15/01/2024
#ဝေဖန်ရေး
လူတစ်ယောက်ဟာ
ပန်းချီဆွဲပြီး သူ့ရဲ့ ပန်းချီကားကို
လူတွေဘယ်လိုပြောကြမလဲဆိုတာ အရမ်းသိချင်မိတယ် ။
အဲ့ဒါနဲ့ ဈေးထိပ်တစ်နေရာမှာ
ပန်းချီကားချပ်ကို ချိတ်ထားပြီး
အပေါ်မှာစာတစ်ကြောင်းရေးထားလိုက် တယ် ။
ရေးတဲ့စာကတော့ ....
" #အဆင်မပြေတာတွေ့ရင်_ဝေဖန်နိုင်ပါတယ်"...ပေါ့ ။
ဈေးသွားဈေးလာလူတွေအားလုံးက
ပန်းချီကားကို ကြည့်ပြီး တစ်ယောက်တစ်မျိုး ဝေဖန်ကြတယ် ။
သူကြားသမျှကတော့ အားလုံး အပြစ်တင်တာချည်းပဲ
တစ်ခုမှ အဆင်မပြေဘူး... တဲ့ ။
ပန်းချီဆရာလည်း စိတ်ပျက်လက်ပျက်နဲ့
ပန်းချီကားကို ယူပြီး အိမ်ပြန်လာခဲ့တယ် ။
အိမ်ရောက်တော့ သူ့အဖေကိုတွေ့တယ်ဆိုရင်ပဲ
ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ် ။
စိတ်ဓာတ်လည်း အတော်ကျနေရှာတယ် ။
အဖေဖြစ်သူကအကြံပေးတယ် ။
"ငါ့သား...အပေါ်ကစာကြောင်းလေး ပြောင်းရေးကြည့်ပါ."..တဲ့ ။
ဘယ်လို ရေးခိုင်းလဲဆိုတော့... ။
#အဆင်မပြေတာရှိရင်_ပြင်ဆင်ဖြည့်စွက်_ရေးဆွဲသွားကြပါ.'. ဆိုပြီး ခေါင်းစဉ်ပြောင်းချိတ်..ခိုင်းတယ်။
နောက်တနေ့ရောက်တော့ ပန်းချီဆရာလည်း
သူ့အဖေ မှာတဲ့အတိုင်း ပန်ချီကားကိုဈေးထိပ်မှာချိတ်တယ်။
ထူးထူးဆန်းဆန်းပဲ !!
ဒီတခါတော့ ဈေးသွားဈေးလာလူတွေအားလုံးက
ဘာအသံမှ မထွက်ကြတော့ဘူး..။
ဘယ်သူမှလည်း ပန်းချီကားကိုအပြစ်မပြောကြ တော့ဘူး။
ကိုယ်တိုင်လည်း ဘယ်သူကမှ
ပန်ချီကားမှာ ဖြည့်စွက် ပြီး ဝင်မဆွဲကြဘူး..တဲ့
ဘာလို့လဲဆိုတော့ ....
သူတို့မှာ သူတစ်ပါးလုပ်တာကိုကြည့်ပြီး
ဝေဖန်ကြဖို့ လောက်ပဲ အသိရှိကြတယ်။
ကိုယ်တိုင်က လုပ်တတ်တဲ့ အရည်အချင်း မရှိကြလို့ပဲ။
#စာအုပ်စင်လေး
14/01/2024
ထင်တစ်လုံးနဲ့ သင်မရှုံးပါစေနဲ့
ဖတ်ကြည့်နော်
အထင်သေးခံရလို့လည်း
မကြောက်နဲ့။
အထင်ကြီးခံရလို့လည်း
မမြောက်နဲ့။
အထင်ဆိုတာ အထင်ပါပဲ။
တကယ်မှ မဟုတ်တာ။
တကယ် ဟုတ် မဟုတ်က
ကိုယ်ပဲ သိတာ။
သူများက ထင်ရုံပဲ ထင်တာ။
သူများအထင်တွေမှာ
ကိုယ့်စိတ်ခံစားမှုတွေ မများစေနဲ့ပေါ့
သူတို့ရဲ့ လွတ်လပ်ခွင့်အနေနဲ့
သူတို့ ထင်ချင်သလို
ထင်ခွင့်ရှိတယ်။
သူတို့ မြင်ချင်သလိုလည်း
မြင်ခွင့်ရှိတယ်။
သူတို့ ပြောချင်သလို
ပြောခွင့်ရှိတယ်။
ကိုယ်တားလို့ မရဘူး။
ဟုတ်တာ မဟုတ်တာ သူတို့အပိုင်းပဲ။
ကိုယ့်အပိုင်းကတော့
ကိုယ့်လိပ်ပြာ ကိုယ်သန့်နေရင်
ပြီးတာပါပဲ။
အဓိက က တော့
သူများက ကိုယ့်အပေါ်
ထင်နေတဲ့ အထင်
မြင်နေတဲ့ အမြင်
ပြောနေတဲ့ အပြောတွေနောက်
လိုက်ပြီး
ကိုယ့်စိတ်ကလေး ပြောင်းမသွားဖို့ပါပဲ။
သူတို့ထင်တာ သူတို့အထင်ပါပဲ။
သူတို့မြင်တာ သူတို့အမြင်ပါပဲ။
သူတို့ပြောတာ သူတို့အပြောပါပဲ။
ကိုယ့်သဘော ဘယ်လိုရှိတယ်ဆိုတာ
ကိုယ်ပဲ အသိဆုံးပဲလေ
အမှန်တရား ဆိုတာ
တစ်ခါတစ်ခါ
အချိန်လေးတော့ စောင့်ရတယ်။
အချိန်မတန်သေးရင်
အမှန်တရားက မပေါ်နိုင်သေးဘူး။
အချိန်တန်တော့လည်း
အထင်ကင်းပြီး
အမြင်ရှင်းသွားမှာပဲပေါ့။
လောကရဲ့ သဘော
လူတွေရဲ့ သဘော က
ထင်ကြေးတွေအပေါ်မှာ
ကိုယ့်ရဲ့ခံစားချက်တွေ
လိုက်ပြီး
ပုံဖော်နေကြတာ များတယ်။
မသိစိတ်ကိုက
ဟုတ်တာ မဟုတ်တာ
အသာထား။
ကိုယ့်ကို အထင်ကြီးရင်
ကျေနပ်တတ်တယ်။
ကိုယ့်ကို အထင်သေးရင်လည်း
နေမထိ ထိုင်မထိ
စိတ်က
ကလိ ကလိကို ဖြစ်နေတော့တာပေါ့...
စိတ်ခံစားချက်က
စကားလုံးတွေ အောက်ကကို
ရုန်းမထွက်နိုင်ကြတာ များတယ်ပေါ့
ဒီတော့ကား
ဘယ်သူ ဘယ်လိုပဲထင်ထင်
ကိုယ်အဆင်ပြေဖို့ အရေးကြီးတယ်။
အထင်တွေအောက်မှာ
သင် မမှောက်စေနဲ့။
သင်ဖျောက်နိုင်ရင်
သင်ကြောက်စရာ မလိုဘူးပေါ့
သူများရဲ့ ထင်ကြေးတွေအပေါ်မှာ
သင်အတွေးတွေ မချော်စေနဲ့ပေါ့
အထင်ကြီးခံရလို့လည်း
စိတ်ကြီး မဝင်စေနဲ့။
အထင်သေးခံရလို့လည်း
စိတ်ကလေး မလေးစေနဲ့။
အထင်ကို
အထင်လို့သာ သိထားရင်
ဘာနဲ့မှ
ညိစရာအကြောင်း မရှိပါဘူး။
တကယ်တမ်းကျတော့
အထင်ဆိုတာအထင်ပါပဲလေ။
တကယ်မှ မဟုတ်တာ။
Credit
13/01/2024
မလိုတာတွေ ဖယ်လိုက်ပါ
*************************
ကိုယ့်ဘဝကို
အတ္တတွေနဲ့
ဘောင်မခက်ထားပါနဲ့။
ရိုးရှင်းတဲ့ဘဝတွေကို
မမြင်ရမှာစိုးရိမ်လို့ပါ။
မာနတွေနဲ့
ကိုယ့်ရဲ့စိတ်ကို
အနိုင်မယူချင်ပါနဲ့။
ကိုယ့်ကို
တန်ဖိုးထားတဲ့အရာတွေ
ဆုံးရူံးသွားမှာစိုးရိမ်လို့ပါ။
ကိုယ်အနားမှာ
အတ္တတွေ
မာနတွေရှိနေသ၍
ဘဝမှာ.....
ကိုယ့်တစ်ယောက်ထဲ
အထီးကျန်ဆန်စွာ
ဖြတ်သန်းရပါလိမ့်မယ်။
ဒါကြောင့်......
ကိုယ်ဘဝကို
ကျဉ်းမြောင်းစေမယ့်အရာတွေကို
ဖယ်ရှားပစ်နိုင်ပါစေ။
ပြန်လည်မျှဝေပါသည်။
11/01/2024
* ကိုယ်ကောင်းပေမယ့် သူဆိုးတဲ့အခါ
အပြုံးလေးနဲ့ဘဲ နေလိုက်ပါ....
* ကိုယ်မှန်ပေမယ့် သူငြင်းတဲ့အခါ
ဥပက္ခာဘဲ ပြုလိုက်ပါ....
* ကိုယ်ကြိုးစားပေမယ့် ကျရှုံးတဲ့အခါ
သင်္ခန်းစာဘဲ ယူလိုက်ပါ.....
* ကိုယ်မျော်လင့်ပေမယ့်
တကယ်ဖြစ်မလာတဲ့ အခါ
မျော်လင့်ချက်ဘဲ လျော့ချပစ်လိုက်ပါ
* ကိုယ်ယုံကြည်ခဲ့ပေမယ့်
သူကတိမတည်တဲ့အခါ အပြစ်မယူပါနဲ့
နောက်တစ်ခါအတွက်ဘဲ ဆင်ခြင်ပေးလိုက်ပါ
* ကိုယ်သစ္စာကို
တည်တည်မြဲမြဲချည်းထားပေမယ့်
သူဖြန့်ချ ဖျက်စီးတဲ့အခါ စိတ်မဆိုးပါနဲ့
သူပြသတဲ့ သူ့ရဲ့ဗီဇ/ သူ့ရဲ့စိတ်ဓာတ်ကို
သိခွင့်ရတဲ့ အတွက် ကျေးဇူးတင်လိုက်ပါ
*ကိုယ်အကောင်းဆုံးကြိုးစားခဲ့ပေမယ့်
အဆိုးဆုံးဘဲကြုံတွေ့နေရတဲ့အခါ
စိတ်ပျက်မသွားပါနဲ့ လဲကျမသွားပါနဲ့
အရှုံးမပေးလိုက်ပါနဲ့
* အရာအားလုံးဟာ ခဏတာဘဲ
မုန်းတိုင်းပြီးရင် လေပြေ / မိုးရွာပြီးရင် နေထွက်
ဒီပြဿနာပြီးရင် သင်္ခန်းစာများစွာနဲ့
ရခဲ့တဲ့ ရင့်ကျက်မှုကို ကျေးဇူးတင်ပြီး
မနက်ဖြန်တိုင်းအတွက်ဘဲ
အားပိုတင်းထားလိုက်ပါ.....
*ဘာတွေပဲဖြစ်ဖြစ်လုပ်စရာရှိတာဆက်လုပ်ပါ
ကဗျာလေးများ
Crd....
09/10/2023
ပဲခူးမြို့ အမြန်ဆုံး အဆင်ပြေကြပါစေရှင်..🙏
ပဲခူးမြို့ ကူညီကယ်ဆယ်ရေးနှင့် လူမှုရေးအသင်းများအား ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်
၁ ။ ကြီးလေးကြီးမင်းမင်းထွန်း
( 09777047759 )
၂ ။ ဦးမောင် rescue
( 095001419)
၃ ။ ဆန်းလွင်ဦး
( 09428180490 )
၄ ။ ကိုကုလား
( 095140662 )
၅ ။ ဖြိုးဘို
( 09792145520 )
၆ ။ ကိုကျော်ထိုက်
( 095302140 )
၇ ။ နန်းတော်ရာလူမှု
( 09796946368 )
၈ ။ မာတလိလူမှု
( 09423666014 )
၉ ။ သကျနွယ်လူမှု
( 09428175000 )
၁၀ ။ မေတ္တာသီတာရေစင် ( ရွှေ့ပြောင်းကယ်ဆယ် )
( 09447222929 )
၁၁ ။ သုဘ လူမှူကူညီရေး
( 09428139424 )
မေတ္တာဖြင့်
#ကွီးကျော်ဇင်
09/10/2023
ရန်ကုန်ပြန်ရောက်တော့ အလုပ်တွေပြန်လုပ်ဖို့ပစ္စည်းတွေပြန်နေရာချရှင်းလင်းနေတုန်းလေး ရန်ကုန်က IB ကာကာတွေက ပစ္စည်းလေးလာမှာကြတော့ ပင်ပန်းတာတွေဘယ်ရောက်သွားမှန်မသိဘူးကွယ်😘😘😘
Cream 7ml 23,Facial 2,Suncream 1,Collagen 1,Toner 1,Cream 1,Gel 1 # sold out #
ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်
'm luck girl #
😁😁😁
စိတ်ညစ်နေတဲ့သူများ ကြည့်ဖြစ်အောင်ကြည့်နော်!!!
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon