Healthy Net Myanmar

Healthy Net Myanmar

Share

healthy net myanmar page have give to all peoples in around the world.

Photos from Ministry of Health, Myanmar's post 25/11/2020
16/06/2020

အုန်းရည်သောက်ခြင်း၏ကောင်းကျိုးများ
သွေးထဲမှာရှိတဲ့သကြားဓာတ်ကိုထိန်းညှိပေးပါတယ်…
သွေးလည်ပတ်မှုကိုအားကောင်းစေပါတယ်…
ကျောက်ကပ်မှာရှိတဲ့ကျောက်ကိုပျော်ဝင်စေပါတယ်…
ရေဓာတ်ဆုံးရှုံးခြင်းကိုသက်သာစေပါတယ်…
ကိုယ်ခံစွမ်းအားကိုမြင့်တက်စေပါတယ်…
နှလုံးကိုကျန်းမာစေပါတယ်…
ခန္ဓာကိုယ်အဆီကိုလောင်ကျွမ်းစေပါတယ်
အသားအ‌ရေကိုစိုပြေစေပါတယ်…
net myanmar

12/06/2020

ရာသီတုပ်ကွေးဖြစ်ပွားရင်ဒါတွေလုပ်လို့ရပါတယ်…
ချင်းကိုနုတ်နုတ်စင်းပြီးရေနွေးပူပူထဲမှာစိမ်ပြီးသောက်ပါ
ဆားကျက်ရည်ကိုငုံပြီးမကြာခဏအာလုပ်ကျင်းပေးပါ
ရေနွေးငွေ့ရှုခြင်းဖြင့်နှာပိတ်ခြင်းနှင့်နှရည်ယိုခြင်းကိုသက်သာစေပါတယ်…
ရေနွေးကြမ်းသောက်ပေးပါကိုယ်ခံအားကိုတက်စေပါတယ်…
နံနွင်းကိုရေနွေးပူနှင့်ရောသောက်ပေးပါကအအေးမိဖျားနာကိုကာကွယ်ပေးပါတယ်…
သံပုရာသီး၊ပျားရည်နှင့်သစ်ကြမ်းပိုးခေါက် တို့ကိုရောပြီးသောက်ပေးတာကလည်းအလွန်ထိရောက်ပါတယ်…
net myanmar

10/06/2020

ဝမ်းချုပ်နေလား …ဒါတွေစားပါ..ဒါတွေလုပ်ပါ
အမျှင်ဓာတ်ပါသောအစားအစာတွေစားပါ…ငှက်ပျောသီး။သရက်သီး။သင်္ဘောသီး၊ပဲအမျိုးမျိုး
ဗီတာမင် ဘီ၊စီ ၊ဒီပါသောအစားအစာများစားပါ …မာကလာသီး၊ပန်းသီး၊ထောပတ်သီး၊လိမ္မော်သီး၊ဘရိုကိုလီ
စိတ်ဖိစီးမှုလျှော့ပါ
ရေများများသောက်ပါ
လေ့ကျင့်ခန်းလုပ်ပါ
ယောဂကျင့်ပါ
net myanmar

08/06/2020

ခေါင်းကိုက်နေသလား?
ပန်းသီး၊သခွားသီး၊ကိုက်လန်၊ချင်းနှင့်တရုတ်နံနံတို့ကိုရောကျိတ်ပြီးသောက်သုံးပေးပါက လျှင်မြန်စွာ
ခေါင်းကိုက်သက်သာပျောက်ကင်းစေပါတယ်...
net myanmar

06/06/2020

ကျောက်ကပ်ကျန်းမာဖို့ကော်ဖီဘာကြောင့်မသောက်သင့်သလဲ
ကော်ဖီမှာပါဝင်တဲ့ကဖင်းဓာတ်ကကျောက်ကပ်နဲ့ဆက်စပ်ရောဂါရှိနေသူတွေမသောက်သစင့်ဘူးလို့ကျောက်ကပ်အထူးပြုသုတေသနပညာရှင်တွေကဆိုထားပါတယ်။ကော်ဖီကကျန်းမာရေးအတွက်ကောင်းကျိုးကိုအများကြီးအထောက်အကူပြုသလိုဆိုးကျိုးကိုလည်းများစွာပေးတတ်ပါတယ်..ကော်ဖီသောက်တာကြောင့်ကော်ဖီမှာပါတဲ့ကဖင်းဓာတ်ကကျောက်ကပ်ရဲ့လုပ်ဆောင်ချက်ကိုဖိအားပေးပြီး‌ခန္ဓာကိုယ်မှာရှိတဲ့ရေဓာတ်ကိုစုပ်ယူတာကြောင့်ဆီးကိုမကြာခဏသွားစေပါတယ်ခန္ဓာကိုယ်မှာရှိတဲ့ရေဓာတ်ကိုစုပ်ယူတာကြောင့်ဆီးကိုမကြာခဏသွားစေပါတယ်…
ရေဓာတ်ကိုစုပ်ယူထားတာကြောင့်ရေဓာတ်အမြဲဆုံးရှုံးပြီးရေအမြဲဆာတတ်ပါတယ်..ကော်ဖီအလွန်အကျွံသောက်သုံးတာကြောင့်ဆီးထဲမှာအမှုန်တွေပါလာပြီးဆီးလမ်းကြောင်းပိတ်တဲ့အထိတောင်ထိခိုက်စေနိုင်ပါတယ်..ကျောက်တည်စေတဲ့အကြောင်းတွေထဲမှာကော်ဖီမှာပါဝင်တဲ့ကဖင်းဓာတ်ကြောင့်လို့ဆိုပါတယ်..ကော်ဖီမှာပါတဲ့ကဖင်းဓာတ်အမှုန်အမွှားလေးတွေကကျောက်ကပ်မှာစုပြီးအနည်ကျလာကာကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေမူမမှန်ဖြစ်ပြီးနောက်ဆုံးမှာကျောက်ကပ်မှာပိတ်ပြီးအသက်အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်…ဒါ့ကြောင့်ကောဖီကိုတစ်နေ့တစ်ခွက်ထက်ပိုပြီးမသောက်သုံးသင့်ပါဘူး…တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းကျောက်ကပ်ကိုကျန်းမာစေဖို့အတွက်ကော်ဖီသောက်သုံးခြင်းကိုလျှော့ချဖို့တိုက်တွန်းလိုက်ပါတယ်
net myanmar
https://youtu.be/eTVw1p9QRj8

21/05/2020

ကိုယ်ခံအားကိုကောင်းစေတဲ့ရဲယိုသီးရဲ့ကောင်းကျိုးများ
မြန်မာနိုင်ငံ မိုးများတဲ့ဒေသတွေအတွေ့များပြီး
ရဲယိုပင်ဟာတစ်ပင်လုံးအသုံးဝင်ပါတယ်….အသီးရောအရွက်ပါ
ဆေးဖက်ဝင်တဲ့အတွက်လူသိများတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်…
အရွက်ကိုငါးဖယ်၊ငါးခူနဲ့ထုပ်ပြီးဟင်းချက်စားသုံးကြသလို
အသီးကိုတော့အမှည့်ကိုသကြားနဲ့ခေါက်ပြီး စားသုံးကြပါတယ်…သူရဲ့အနံ့ကအနည်းငယ်ဆိုးပေမယ့်ဆေးဖက်ဝင်တဲ့နေရာမှာထိပ်ဆုံးကရှိပါတယ်….
ရဲယိုသီးစားရင်ပျောက်ကင်းနိုင်တဲ့ရောဂါတွေကတော့အဆိုးဆုံးဖြစ်တဲ့
ကင်ဆာ၊ဆီးချိုသွေးချိုလေဖြတ်ခြင်း၊လေးဘက်နာရောဂါ၊ဂေါက်ရောဂါ၊စိတ်ဓာတ်ကျခြင်း၊မှတ်ဉာဏ်စွမ်းရည်ကျခြင်း၊အဝလွန်ခြင်း၊
သူငယ်ပြန်ခြင်း၊အယ်လ်ဇိုင်းမားစတဲ့ရောဂါတွေကိုပျောက်ကင်းနိုင်တဲ့
အပြင်ကိုယ်ခံအားကောင်းစနစ်ကိုကောင်းမွန်စေပြီးရောဂါဆိုးတွေမဝင်ရောက်အောင်တားဆီးပေးနိုင်တဲ့အစွမ်းရှိပါတယ်…
အာဟာရတစ်ခုလိုနေ့စဉ်မှီဝဲမယ်ဆိုရင်ရောဂါဆိုးတွေကင်းဝေးပြီး
ကျန်းမာအသက်ရှင်စွာနဲ့နေထိုင်နိုင်မှာ ဖြစ်ပါတယ်…သရဲယိုသီးစားရင်သတိထားရမယ့်အချက်ကတော့
ဓာတုဗေဒပစ္စည်းတွေနဲ့လုပ်ထားတဲ့
အစားအစာတွေကိုစားတဲ့အချိန်နဲ့ခွာပြီးစားရပါမယ်လို့
Healthy Net Myanmar မှ အကြံဉာဏ် ပြုပါရစေခင်ဗျ

20/05/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၀-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ (၂၀-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၁၅၉) ခုနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်အဖြစ်ဓာတ်ခွဲနမူနာ (၉၄) ခု၊ စုစုပေါင်း (၂၅၃) ခုကို စစ်ဆေး ပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၆) ဦးတွေ့ရှိရပါသည်။

၂။ (၂၀-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၉၉) ဦးရှိပြီဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၄) ဦး (Case- 28, 43, 87 နှင့် 125) ရှိခဲ့သဖြင့် (၂၀-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၈) ဦးရှိပါသည်။ ၎င်းတို့အနက် (၉၈) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆) ဦး ရှိပါသည်။

၅။ (၁၉-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၀-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၆၆) ဦး ရှိပါသည်။
Source:Ministry Of Health & Sports
Net Myanmar

19/05/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၉-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ (၁၉-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၁၈၄) ခုနှင့် ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၅၉) ခု၊ စုစုပေါင်း (၃၄၃)ခုအား စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂) ဦးတွေ့ရှိရပါသည်။

၂။ (၁၉-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၉၃) ဦးရှိပြီဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ ၏ ဓာတ်ခွဲနမူနာများစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၃) ဦး (Case- 34, 122 နှင့် 157) ရှိခဲ့သဖြင့် (၁၉-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၄) ဦးရှိပါသည်။ ၎င်းတို့အနက် (၉၁) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက် ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆) ဦး ရှိပါသည်။

၅။ (၁၈-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၉-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၆၇) ဦး ရှိပါသည်။
Source:Ministry Of Health & Sports
Net Myanmar

19/05/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၉-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၂၃၉) ခုအား (၁၈-၅-၂၀၂၀) ရက်နေ့ ညပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃) ဦးတွေ့ရှိရပါသည်။

၂။ (၁၉-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၉၁) ဦးရှိပြီဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်းများတွင် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၁)ဦး ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၁၈-၅-၂၀၂၀) ရက်နေ့တွင် ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၁၇၀) ခုနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၄၂၇) ခု၊ စုစုပေါင်း (၅၉၇) ခုအား စစ်ဆေးခဲ့ပါသည်။
Source:Ministry Of Health & Sports
Net Myanmar

18/05/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၈-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ ယနေ့ (၁၈-၅-၂၀၂၀) ရက်နေ့အတွက် ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၁၇၀) ခုနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၁၈၈) ခု၊ စုစုပေါင်း (၃၅၈) ခုတို့အား စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦးတွေ့ရှိရပါသည်။

၂။ သို့ဖြစ်ပါ၍ (၁၈-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၈၈) ဦးရှိပြီဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက်ပိုးမတွေ့ရှိသူ (၄) ဦး (Case - 36, 48, 88 နှင့် 114) ရှိသဖြင့် (၁၈-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၁)ဦးရှိပါသည်။ ၎င်းတို့အနက် (၈၈)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၁၇-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၈-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၄၈) ဦး ရှိပါသည်။
Source:Ministry Of Health & Sports
Net Myanmar

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Kyimyindaing
Yangon
11101