Glamdust LTD

Glamdust LTD

Share

Home Care and Personal Care Production and Distribution

20/08/2026

📢 ဝန်ထမ်းခေါ်ယူခြင်း – Logistics / Supply Chain

ကျွန်ုပ်တို့၏လုပ်ငန်းတွင် တာဝန်ယူမှုရှိပြီး အတွေ့အကြုံကောင်းမွန်သော Logistics / Supply Chain ဝန်ထမ်း တစ်ဦး ခေါ်ယူနေပါသည်။

🎯 လိုအပ်သောအရည်အချင်းများ

• Logistics, Supply Chain Management, Business Administration, Management သို့မဟုတ် သက်ဆိုင်ရာဘာသာရပ်ဖြင့် Bachelor’s Degree ရရှိထားသူ
• Logistics / Transportation / Distribution / Supply Chain လုပ်ငန်းအတွေ့အကြုံ ၃–၅ နှစ် ရှိသူ
• Supervisor / Team Leader အတွေ့အကြုံ ၁–၂ နှစ် ရှိသူ ဦးစားပေးမည်
• Company ကားများ၊ ယာဉ်မောင်းများ၊ Delivery နှင့် Logistics စာရွက်စာတမ်းများကို စီမံခန့်ခွဲနိုင်သူ
• Delivery Plan နှင့် လမ်းကြောင်းစီမံခန့်ခွဲမှု ကောင်းမွန်သူ
• ကားပြုပြင်ထိန်းသိမ်းမှုနှင့် ဆီအသုံးပြုမှုကို စောင့်ကြည့်ထိန်းချုပ်နိုင်သူ
• Microsoft Excel, Word နှင့် MS Office အသုံးပြုနိုင်သူ
• ERP / Inventory Management System အသုံးပြုဖူးသူ ဦးစားပေးမည်
• ခေါင်းဆောင်မှု၊ ဆက်သွယ်ညှိနှိုင်းမှုနှင့် ပြဿနာဖြေရှင်းနိုင်မှု ကောင်းမွန်သူ
• စီမံကိန်းချမှတ်ခြင်း၊ အဖွဲ့အစည်းနှင့် ကုန်ကျစရိတ်ထိန်းချုပ်မှု ကောင်းမွန်သူ
• ဖိအားများသောအခြေအနေတွင် တာဝန်ယူလုပ်ကိုင်နိုင်သူ
• လိုအပ်ပါက ခရီးသွားလာနိုင်ပြီး အလုပ်ချိန်အပြောင်းအလဲကို လိုက်လျောညီထွေရှိသူ
• ယာဉ်မောင်းလိုင်စင်ရှိပြီး Company ကားမောင်းနိုင်သူ ဦးစားပေးမည်

📩 စိတ်ဝင်စားသူများအနေဖြင့်
Face page သို့မဟုတ်
09444440296
09891261054

20/08/2026
20/08/2026

Excel Care/Duvera/MaxiD တို့Delivery ပို့ရန်အတွက်
Delivery Driver
Position Information
Position: Delivery Driver
Department: Logistics
Reports To: Senior Logistics / Logistics Supervisor
Location: အရှေ့ဒဂုန်

Delivery Driver သည် Company ၏ ကုန်ပစ္စည်းများကို သတ်မှတ်ထားသော Customer များထံ အချိန်မီ၊ မှန်ကန်ပြီး လုံခြုံစွာ ပို့ဆောင်ပေးရန် တာဝန်ယူရမည်ဖြစ်ပါသည်။ Company ယာဉ်ကို စနစ်တကျ အသုံးပြုထိန်းသိမ်းခြင်း၊ Delivery Documents များကို မှန်ကန်စွာ ကိုင်တွယ်ခြင်းနှင့် Customer များနှင့် ကောင်းမွန်စွာ ဆက်ဆံခြင်းတို့ကိုလည်း တာဝန်ယူရမည်ဖြစ်ပါသည်။

Company မှ သတ်မှတ်ပေးသော Delivery Route နှင့် Schedule အတိုင်း ကုန်ပစ္စည်းများကို အချိန်မီ ပို့ဆောင်ခြင်း

Delivery မပြုလုပ်မီ ကုန်ပစ္စည်းအမျိုးအစား၊ အရေအတွက်နှင့် Delivery Documents များကို စစ်ဆေးခြင်း

ကုန်ပစ္စည်းများကို Loading / Unloading ပြုလုပ်ရာတွင် ပျက်စီးမှု၊ ပျောက်ဆုံးမှု မဖြစ်စေရန် ဂရုစိုက်ခြင်း

Customer ထံသို့ ပစ္စည်းများကို မှန်ကန်စွာ လွှဲပြောင်းပေးအပ်ခြင်း

Delivery Order, Invoice, DO နှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို Customer ထံမှ မှန်ကန်စွာ လက်မှတ်ရယူခြင်း

Customer ထံမှ ငွေကြေး သို့မဟုတ် သက်ဆိုင်ရာစာရွက်စာတမ်းများ လက်ခံရရှိပါက Company သတ်မှတ်ချက်အတိုင်း အချိန်မီ ပြန်လည်အပ်နှံခြင်း

Delivery ပြီးဆုံးပြီးနောက် ရရှိလာသော Documents နှင့် Delivery Status များကို Logistics Team ထံ ပြန်လည်တင်ပြခြင်း

Company ယာဉ်၏ Fuel, Mileage နှင့် Daily Trip များကို စနစ်တကျ မှတ်တမ်းတင်နိုင်ရပါမည်

ယာဉ်၏ Engine Oil, Tire, Brake, Battery နှင့် အခြား Maintenance အခြေအနေများကို ပုံမှန်စစ်ဆေးခြင်း

ယာဉ်ချို့ယွင်းမှု သို့မဟုတ် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာ Supervisor ထံ ချက်ချင်းအကြောင်းကြားခြင်း

ယာဉ်ကို Company ခွင့်ပြုချက်မရှိဘဲ ကိုယ်ရေးကိုယ်တာကိစ္စများအတွက် အသုံးမပြုခြင်း

ယာဉ်မောင်းနှင်ရာတွင် Traffic Rules နှင့် Company Safety Rules များကို တိကျစွာ လိုက်နာခြင်း

Customer များနှင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံပြီး Company ၏ Professional Image ကို ထိန်းသိမ်းခြင်း

Delivery Delay, Customer Complaint, Product Damage စသည့် ပြဿနာများကို သက်ဆိုင်ရာ Supervisor ထံ အချိန်မီတင်ပြခြင်း

Senior Logistics / Logistics Supervisor မှ ပေးအပ်သော အခြားတာဝန်များကို ဆောင်ရွက်ခြင်း

Requirements
အနည်းဆုံး အလယ်တန်းအဆင့် / High School အဆင့် ပညာအရည်အချင်းရှိသူ
သက်ဆိုင်ရာ Driving License ကိုင်ဆောင်ထားသူ
Delivery Driver / Company Driver အတွေ့အကြုံရှိသူ ဦးစားပေးမည်
ရန်ကုန်မြို့တွင်း လမ်းကြောင်းများနှင့် အဓိကလမ်းမကြီးများကို ကောင်းစွာသိရှိသူ
Google Maps / Map Application များ အသုံးပြုနိုင်သူ
ယာဉ်မောင်းနှင်ရာတွင် Safety ကို ဦးစားပေးသူ
Delivery Documents များကို စနစ်တကျ ကိုင်တွယ်နိုင်သူ
အချိန်တိကျပြီး တာဝန်ယူမှုရှိသူ
Customer များနှင့် ယဉ်ကျေးစွာ ဆက်ဆံနိုင်သူ
Team နှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ
ကျန်းမာရေးကောင်းမွန်ပြီး Delivery လုပ်ငန်း၏ သွားလာမှုများကို လိုက်ပါဆောင်ရွက်နိုင်သူ
Preferred Qualifications FMCG / Consumer Products / Factory / Distribution Company တွင် Delivery Driver အတွေ့အကြုံရှိသူ
Company Delivery Vehicle များကို မောင်းနှင်ဖူးသူ
မြို့တွင်းနှင့် မြို့ပြင် Delivery Route များကို မောင်းနှင်ဖူးသူ
Basic Vehicle Maintenance နှင့် ယာဉ်ပြဿနာများကို နားလည်သူ
Delivery Documents နှင့် Cash Handling အတွေ့အကြုံရှိသူဖြစ်ရပါမည်
09891261054
09444440296

09/08/2026

ယနေ့တွင် ရောက်ရှိလာ သော Glamdust Company ရဲ့ ပဲ့ကိုင်ရှင် CEO Sir.Biju ရဲ့ BIRTHDAY 🎂 လေးဘဲဖြစ်ပါတယ်ရှင့်
ဆရာ မွေးနေ့မှစ ကျန်းမာပျော်ရွင် လိုအင်ဆန္ဒတွေပြည့်ပါစေလို့ Glamdust Team ကိုယ်စားဆုတောင်းပေးလိုက်ပါတယ်ရှင့်🎊🎊🎊🎊

07/08/2026

📣 မှန်တွေ ကြည်လင်ဖို့ Excel Care
​✨ ဖုန်၊ အစွန်းအထင်းတွေကို အားစိုက်စရာမလိုဘဲ လွယ်ကူစွာ ဖယ်ရှားပေးတယ်။
✨ အိမ်သုံး၊ ရုံးသုံး၊ ကားသုံး မှန်အမျိုးမျိုးအတွက် အထူးသင့်တော်။
🏪 ရန်ကုန် Market တွေတိုင်းမှာ ဝယ်ယူရရှိနိုင်ပါပြီ။
​💼 လက်လီ/လက်ကား ပြန်လည်ရောင်းချလိုသူများ အသေးစိတ် ဆက်သွယ်မှာယူနိုင်ပါသည်။
​📞 [ 09 44444 0296 09 891261054]
📩 Messenger

#မှန်ကြည်ဆေး #လက်လီလက်ကား

Photos from Glamdust LTD's post 25/07/2026

🏠 လုပ်ငန်းခွင်၊ အိမ်နဲ့ သွားလေရာမှာ ပိုးမွှားကင်းစင်ပြီး ဘေးကင်းဖို့အတွက် Hygenex Hand Sanitizer တွေ ရှိနေပါပြီ!

🌍 WHO က ထောက်ခံထားတဲ့ Formula နဲ့ ထုတ်လုပ်ထားပြီး ပိုးမွှား ၉၉.၉၉% ကို သေစေနိုင်ပါတယ်။
✅ Spray ရော Gel ပါ ရရှိနိုင်ပြီး၊ ပမာဏအစုံအလင် (၃၀ မီလီလီတာ ကနေ ၅ လီတာအထိ) ရှိလို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

လုပ်ငန်းသုံးမလား ?အိမ်သုံးမလား ?Size အစုံထုတ်လုပ်ပေးထားတာကြောင့် စိတ်ကြိုက်ရွေးချယ်မှာယူနိုင်ပါတယ် ။ 📩📞
09 444440296 09 09 891261054

Photos from Glamdust LTD's post 08/07/2026

သန့်ရှင်းသောလက်တစ်စုံဖြစ်ဖို့ ....
အခုထိ ဂရုတစ်စိုက်လက်ဆေးဖို့...
ပေါ့ပေါ့တန်တန်လို့ သဘောထား နေတုန်းဘဲလား ? Why 🤷‍♀️ ?
ဒါဆိုရင်တော့ ဒီပစ္စည်းလေးက သင့်အတွက်ပါ
👇👇👇👇
(1) Glamdust Company ထုတ် ISO GMP FDA စသည့်ကျန်းမာရေး ထောက်ခံချက်ရထားပြီးသားမို့ စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ခြင်း။
(2) Myanmar Market/Center ကြီးတွေမှာ No-2 ရောင်းအားအကောင်းဆုံး ဖြစ်နေသော product ဖြစ်နေခြင်း။
(3)သုံးပြီးရလဒ်ကတော့ bacteriaကင်း / အနံ့ဆိုးတွေကိုဖယ်ရှာပေးပြီး လက်အသားရည်ကိုနူးညံ့စေခြင်း အားသာချက်ဖြစ်နေခြင်း။
ဒါကြောင့် ExcelCare Hand Wash ကို သုံးကြည့်ဖို့ လိုမယ်နော် ....
အိမ်သုံး/ရုံသုံး /လုပ်ငန်းသုံး အတွက်လဲ Sizeစုံ ထုတ်ပေးထားပါတယ်ရှင့်... 500ml / 5l / 20l
လက်မှတစ်ဆင့် မလိုလားအပ်ဘဲဖြစ်ပွားမည့် ရောဂါများ ကာကွယ်ဖို့ဆိုရင် သတိထားပြီး လက်ဆေးကြပါစိုလို့ မေတ္တာဖြင့် ကျန်းမာရေးအသိလေး မျှဝေပေးလိုက်ရပါတယ်ရှင့်

26/06/2026

အလုပ်ခေါ်ယူခြင်း (Job Vacancy)
ရာထူး - HR Assistant (၁) ဦး

ကျွန်ုပ်တို့၏ ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ရန် HR Assistant ရာထူးအတွက် အရည်အချင်းပြည့်မီပြီး ကြိုးစားသင်ယူလိုစိတ်ရှိသော လျှောက်ထားလိုသူများကို ဖိတ်ခေါ်အပ်ပါသည်။

တာဝန်ဝတ္တရားများ (Job Responsibilities)
ဝန်ထမ်းရေးရာဆိုင်ရာ နေ့စဉ်လုပ်ငန်းများကို ကူညီဆောင်ရွက်ခြင်း။
ဝန်ထမ်းကိုယ်ရေးအချက်အလက်နှင့် Personnel Files များကို စနစ်တကျ သိမ်းဆည်းထိန်းသိမ်းခြင်း။
Attendance၊ Leave နှင့် OT မှတ်တမ်းများကို ပြုစုထိန်းသိမ်းခြင်း။
Recruitment လုပ်ငန်းစဉ်များ (အလုပ်ခေါ်ယူခြင်း၊ အင်တာဗျူးစီစဉ်ခြင်း၊ Candidate များနှင့် ဆက်သွယ်ခြင်း) ကို ကူညီဆောင်ရွက်ခြင်း။
HR စာရွက်စာတမ်းများ၊ Report များနှင့် Letter များကို ပြင်ဆင်ပေးခြင်း။
Orientation၊ Training နှင့် Employee Engagement Activities များတွင် ပါဝင်ကူညီဆောင်ရွက်ခြင်း။
အထက်အရာရှိမှ တာဝန်ပေးအပ်သော HR ဆိုင်ရာ အခြားလုပ်ငန်းများကို ဆောင်ရွက်ခြင်း။
လိုအပ်သော အရည်အချင်းများ (Requirements)
ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
HR ပိုင်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိသူကို ဦးစားပေးမည်။ (Fresh Graduates များလည်း လျှောက်ထားနိုင်ပါသည်။)
Microsoft Word၊ Excel၊ PowerPoint နှင့် Email အသုံးပြုနိုင်ရမည်။
မြန်မာနှင့် အင်္ဂလိပ်ဘာသာဖြင့် အခြေခံဆက်သွယ်ရေး ကျွမ်းကျင်ရမည်။
Communication Skills ကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်ရမည်။
တာဝန်ယူမှုရှိပြီး သင်ယူလိုစိတ်ရှိသူ ဖြစ်ရမည်။
HR Diploma (သို့မဟုတ်) HR Certificate ရရှိထားသူကို ဦးစားပေးမည်။
လုပ်ငန်းတည်နေရာ
ရန်ကုန်၊တောင်ဥက္ကလာပ။
ခံစားခွင့်များ
လစာ (ညှိနှိုင်းနိုင်)

Bonus နှင့် အခြားခံစားခွင့်များကို ကုမ္ပဏီ၏ မူဝါဒအရ ခံစားခွင့်ရှိမည်။
လျှောက်ထားရန်

စိတ်ပါဝင်စားသူများသည် CV၊ ပညာရေးအထောက်အထားများနှင့် လတ်တလောဓာတ်ပုံတို့ကို Email (သို့မဟုတ်) Fb Messenger မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။
09444440296
09891261054

Photos from Duvera's post 24/06/2026
24/06/2026

Glamdust LTD factory တွင်တာ၀န်ထမ်းဆောင်ရန်
Warehouse Supervisor (ဂိုဒေါင်ကြီးကြပ်ရေးမှူး)

Job Summary

Warehouse Supervisor သည် ဂိုဒေါင််
အတွင်း နေ့စဉ်လုပ်ငန်းဆောင်တာများကို ကြီးကြပ်စီမံပြီး ကုန်ပစ္စည်းလက်ခံခြင်း၊ သိုလှောင်ခြင်း၊ စာရင်းထိန်းချုပ်ခြင်းနှင့် ပို့ဆောင်ခြင်းလုပ်ငန်းများကို ထိရောက်စွာ လည်ပတ်နိုင်စေရန် တာဝန်ယူဆောင်ရွက်ရသည်။

အဓိကတာဝန်များ
ဂိုဒေါင်ဝန်ထမ်းများ၏ နေ့စဉ်လုပ်ငန်းများကို ကြီးကြပ်စီမံခြင်း။
ကုန်ပစ္စည်းလက်ခံခြင်း၊ သိုလှောင်ခြင်း၊ Picking, Packing နှင့် Shipperလုပ်ငန်းများကို စောင့််ကြည့််ထိန်းချုပ်ခြင်း။
Stock နှင့် ကုန်ပစ္စည်းစာရင်းများ တိကျမှန်ကန်စေရန် စီမံခန့််ခွဲခြင်း။
Inventory Control များပြုလုပ်ပြီး ကွာဟ
ချက်များကို စစ်ဆေးဖြေရှင်းခြင်း။
ဂိုဒေါင်ကို သန့််ရှင်းသပ်ရပ်စွာ စီမံထိန်းသိမ်းခြင်း။
လုပ်ငန်းခွင်လုံခြုံရေး (Safety) စည်းမျဉ်းများကို လိုက်နာစေရန် ကြီးကြပ်ခြင်း။
Team Work ကို Control လုပ်နိုင်ရမည်။

အလုပ်ချိန်ဇယား (Shift Schedule) စီစဉ်
ခြင်းနှင့် တာဝန်များ ခွဲဝေချထားခြင်းများ လုပ်ဆောင်နိုင်ရမည်။သယ်ယူပို့ဆောင်ရေးအဖွဲ့များ၊ ပေးသွင်းသူများနှင့် အခြားဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။လုပ်ငန်းဆိုင်ရာ အစီရင်ခံစာများ ပြုစုတင်ပြခြင်း။
လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းခြင်း။
လိုအပ်သော အရည်အချင်းများ
အနည်းဆုံး အထက်တန်းပညာအောင်မြင်ထားရမည်။
Warehouse, Logistics သို့မဟုတ် Inventory Management လုပ်ငန်းအတွေ့အကြုံ ရှိရမည်။
Supervisor သို့မဟုတ် Team Leader အတွေ့အကြုံ ရှိသူ ဦးစားပေးမည်။
Warehouse Management System (WMS)
အသေးစိတ်သိလိုပါက
09891261054
09444440296

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


132 Hanthar Waddy 21st Street South Okkalapa , 132, Hanthar Waddy 21st Street, Ward 6, South Okkalapa, Yangon East
Yangon
11091