Your Fitness Partner Nway

Your Fitness Partner Nway

Share

Certified personal Trainer (MFTA)
Certified Sport Nutrition
Certified Fitness Nutrition

30/05/2026

Yoga ကို အခြေခံ က စပြီး သေချာ လေ့လာဖူးကိုယ်တိုင်လဲ လေ့ကျင့်ဖူးတဲ့ တွက် prenatal Yoga နဲ့ ကိုယ်ဝန်ဆောင် ကာလ အတွေ့ကြုံလေး မျှ ဝေပေးထားပါတယ် ။

ကိုယ့်ရဲ့ professional မဟုတ်လို့ ပိုပြီး safe ဖြစ်အောင် professional instructor တွေရဲ့ အကြံပြုချက်လည်း ယူခဲ့သလို prenatal Yoga က ကိုယ်ဝန်ဆောင်မှ လေ့လာရတာမို့ In person instructor နဲ့ မလေ့ကျင့်ဖြစ်ပေမယ့် YouTube က နေ ထပ် လေ့လာပီး မှ ကိုယ်နဲ့ အကိုက်ညီဆုံး TV channel နဲ့ လိုက်လေ့ကျင့် ဖြစ်ခဲ့တာ ခုဆို second trimester ပြီးဆုံးခါနီးထိ ဘေးကင်းကျန်းမာ စွာ ဖြတ်သန်းလာခဲ့ ပြီးပါပြီ ။

ဒီ vdo လေးက ဆရာဝန်နဲ့ လစဉ် စစ်ဆေးမှုရှိပြီး လေ့ကျင့်ခန်း လုပ်ခြင်း နဲ့ ရင်းနှီးပီးသား သူလေးတွေ အနေနဲ့ ကိုယ်ဝန်ဆောင်ကာလ ကိုယ်လက်လှုပ်ရှားမှု ပြန်စတင် နိုင်ဖို့ remind လုပ်ရန် ရည်ရွယ် ပြီး ဝေမျှခြင်း သာဖြစ်ပါတယ်။

27/05/2026

End of the second trimester ☺️
ကိုယ်ဝန်ဆောင်ချိန်ရဲ့ ရွှေရောင်ကာ လလေးလို့ တင်စားတဲ့ ဒုတိယ ၃လပတ်လေး ဘာလိုလိုနဲ့ ပီးပြန်တော့မယ်

စိတ်ရော လူပါ comfort အဖြစ်ဆုံးကာလမို့ ကိုယ့်ရဲ့ lifestyle လေး ပြန် ရနိုင်ခဲ့တာ လည်း blessing တစ်ခုပါပဲ သို့သော် ဒီလိူ blessing ဖြစ်ဖို့ ကိုယ်တိုင်ပဲ ကြိုးစားတည်ဆောက်ခဲ့ရတာ ဖြစ်ပါတယ် ။

ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ကျန်းမာချင်ရင် ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်
စဉ်ကာလ မှာတင် လေ့ကျင့်ခန်း စတင်လုပ်ပါ 💪

မေမေတိုင်း Happy and Healthy pregnant journey လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင် 🙏

24/05/2026

Sunday Morning ဆိုတော့ အေးဆေးလေးပဲကွယ် 🍀🥰

20/05/2026

Everyday Breath & Stretch 🍀🧘🏻‍♀️

ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အခြေခံ အကျဆုံးနဲ့ အရေးကြီးဆုံး ဟာ အသက်ဝဝ ရှု ဖို့နဲ့ အကြောလျှော့ဖို့ပါ ။

ကိုယ်ဝန်ဆောင်ချိန်မှာ hormone changes (အထူးသဖြင့် relaxin hormone) ကြောင့် joint နဲ့ ligament တွေ လျော့လျဲလာတတ်ပြီး၊ ဝမ်းဗိုက်ကြီးလာတာနဲ့ body weight shift ဖြစ်တာတွေကြောင့် ခန္ဓာကိုယ်အောက်ပိုင်းနဲ့ တင်ပါးဆုံတွင်း muscle တွေမှာ strain ပိုများလာနိုင်ပါတယ်။

ဒါတွေကို ပိုမခံစားရစေဖို့ တစ်ဘက်တစ်လမ်းကနေ release လုပ်ဖို့ဆို ခုလို prenatal stretching (သို့မဟုတ်) prenatal yoga စတာတွေကို ပြုလုပ်ပေးနိုင်ပါတယ် ။

အားလုံးပဲ ကျန်းမာကြံ့ခိုင်တဲ့pregnant journey လေးကိုကို ပိုင်ဆိုင်ကြပါစေရှင် 🥰💪

18/05/2026

ရာသီ ဥတုလေး ကိုယ့်ဘက်ပါလာပီဆိုတော့ ပေါ့ပေါ့ပါးပါးလေးကနေ ပြန်အားယူ ပါပီ 🥰

26/04/2026

Breakfast Preparation 🍳🍌🧈🥛
Simple but full nutrition 😋

Photos from Your Fitness Partner Nway 's post 09/01/2026

ဒီနှစ်အတွက် PT အချိန်လေးတွေ ထပ်မပေးတော့ပါဘူးရှင့် ။

ဒီနှစ်ကိုတော့ ကိုယ့်အတွက် ကိုယ်အချိန်လေးပေးပြီး လေ့လာစရာတွေ ထပ် လေ့လာရင်း improve ဖြစ်ချင်တာရယ် ။
ကိုယ့် ကိုယ်ပိုင်မိသားစုအတွက် ရည်မှန်ထားတာလေးတွေ အတွက် အဆင်သင့်ဖြစ်ချင်တာရယ်ကြောင့် လက်ရှိ client အဟောင်းလေးတွေက လွဲပြီး အချိန်သစ်တွေ ထပ်မပေးနိုင်သေးပါဘူး ရှင် ။

ကိုယ့်ကိုယုံကြည်စွာ ရွေးချယ်ပေးခဲ့ကြတဲ့ fitness partner တစ်ဦးချင်းစီတိုင်းကို ကျေးဇူး အထူးတင်ပါတယ်ရှင်🤝😍

your fitness partner Nway 💐💪

06/01/2026

ငွေဆောင်ခေါ်သွားပီးကောင်လေးကို ဂုတ်ခွစီးပစ်လိုက်တယ် 🤪

Want your business to be the top-listed Beauty Salon in Yagon?
Click here to claim your Sponsored Listing.

Website

Address


Yagon