Cxan online shop

Cxan online shop

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cxan online shop, Health/Beauty, Yangon.

25/12/2022
01/01/2022
30/12/2021

2021 မှာ ထားပစ်ခဲ့ရမယ့် skincare ideas အမှားတွေက ဘာတွေလဲ ?

(1) Detox, Toxin

အသားအရည်မှာ အဆိပ်အတောက်ဆိုတာမရှိပါဘူး။ ဒါကြောင့် အဆိပ်ထုတ်တယ် တို့၊ Skin detoxifying mask, scrub တို့ ဆိုတာတွေက wrong labelling တွေသာဖြစ်ပါတယ်။

(2) MLM ပေမယ့် Quality ကောင်းပါတယ်။

Pyramid system နဲ့ distribute လုပ်တဲ့ ပစ္စည်းကို သုံးစွဲနေပြီဆိုကတည်းက သေချာတဲ့အချက်က ~ သင်ဟာ မတန်တဆဈေးနဲ့ ပေးသုံးနေရပါပြီ။ မကောင်းတဲ့အဖွဲ့အစည်းကို support ပေးသလိုဖြစ်တဲ့အတွက် မကောင်းမှုကိုအားပေးအားမြှောက်ပြုတဲ့သူပါဖြစ်နေပါပြီ။ မလုပ်ပါနဲ့။

(3) Flower extract, Organic products တွေက Man-made ingredients တွေထက် ကောင်းတယ်။

• တကယ်တမ်း synthetic တွေထက် allergies ပိုဖြစ်စေနိုင်တာက flower extract တွေ၊ ရနံ့မွှေးတဲ့ Botanical extract တွေပါ ချစ်ချစ်တို့။

• Cancer ဖြစ်စေတယ်လို့ သတ်မှတ်ထားတဲ့ Carcinogens တွေကလည်း ခရမ်းချဉ်သီး၊ ငှက်ပျောသီး၊ ပန်းသီး၊ နာနတ်သီး၊ မုန်လာဥနီ၊ သရက်သီး၊ သစ်တော်သီး စတဲ့စတဲ့ အသီးအနှံတိုင်းမှာ ပါပါတယ်။ ဒါပေမယ့် very very low level ပဲပါတာမလို့ အန္တရာယ်ရှိမနေပါဘူး။ The dose makes the poison ပါ။

ဒါကြောင့် ကောင်းတယ် မကောင်းဘူးဆိုတာ Organic, Natural, Synthetic စတဲ့အချက်တွေပေါ်မှာ မူတည်မနေပါဘူး။

(4) Toner မသုံးလို့မရဘူး။ သုံးကိုသုံးရမယ်။

Toner မသုံးလည်း ရပါတယ်။ Cleansing, Sun Protecting, Moisturizing ကသာ အရေးအကြီးဆုံးပါပဲ။ Skincare ဆိုတာ selfcare ဖြစ်တဲ့အတွက်၊ ကိုယ့်အတွက် enjoyable ဖြစ်နေရပါမယ်။

(5) Toner ကို Cleansing လုပ်ပြီးနောက် ကျန်ခဲ့တဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးဖို့သုံးသင့်တာဖြစ်တယ်။

Toner ရဲ့အလုပ်က Cleansing မဟုတ်ပါဘူး။ အရင်ကဟုတ်ရင်ဟုတ်ခဲ့မှာပေါ့ Double Cleansing ခေါတ်မစားခင်က။ but အခုတော့မဟုတ်ဘူး။ ( Double Cleansing လုပ်ပြီးနောက် Toner ကို cotton pad နဲ့သုံးတာ ချေးတွေကပ်ပါလာသေးတယ်ဆိုရင် အဲ့ဒါ Cleansing လုပ်တာ မနှံ့စပ်လို့ပါ ) ဒါကြောင့် Toner ကို Cleansing အတွက် အားမကိုးပါနဲ့။

(6) Chemical Sunscreen တွေက Pregnancy safe မဖြစ်ဘူး။

ကိုယ်ဝန်ဆောင်တဲ့အခါမှာ အသားအရည်က နဂိုကထက်ပိုခြောက်တာ၊ sensitive ပိုဖြစ်တာ အပြင် pigmentation ပိုဖြစ်တာ၊ ဖြစ်ရင် ပျောက်ဖို့ပိုကြာတာ၊ irritation ဖြစ်လာနိုင်ခြေပိုများတာ စတဲ့ skin changes တွေရှိလာနိုင်တာမလို့ သုံးလက်စ skincare တွေနဲ့ မတည့်တာမျိုးကဖြစ်လေ့ဖြစ်ထရှိပါတယ်။

ဒါကြောင့် less irritating ဖြစ်တဲ့ Inorganic sunscreen ကိုသုံးခိုင်းတာဖြစ်ပြီး၊ Organic sunscreen တွေက သန္ဓေသားကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ တိကျသေချာတဲ့ research လည်းရှိမထားပါဘူး။ NO EVIDENCE !

အသားအရည်မညို၊ မမည်းတဲ့သူအတွက်က ပြဿနာမရှိပေမယ့်၊ people of color/ physical sunscreen လိမ်းမရလောက်အောင် dark ဖြစ်တဲ့ skin ပိုင်ရှင်တွေ ကိုယ်ဝန်ဆောင်ပြီဆို ဘယ်လိုလုပ်မလဲ စဉ်းစားကြည့်လေနော် 🥶

Face ပြီးတော့ Body ... body sunscreen ထဲက 100% inorganic ( physical ) sunscreen / ဝယ်ရလွယ်မယ်၊ SPF 50 PA++ ပါမယ်၊ ဈေးသက်သာမယ်။ အဲ့လိုအချက်တွေနဲ့ ပြည့်စုံ ကိုက်ညီတဲ့ sunscreen မြင်ဖူးလား။ အိ ရှာသလောက်ကတော့ မတွေ့ဘူးပဲ။ ဒီမှာ လက်လှမ်းမှီတဲ့ body sunscreen တိုင်းက chemical sunscreen တွေချည်းပါပဲ။

"can i use chemical sunscreen during pregnancy" လို့ Google မှာ ရှာပြီး ကြုံရာ website တွေက SS တွေ/ celebrities' skincare video link တော့လာမပြပါနဲ့နော်။ အဲ့လိုဆို နည်းနည်းရယ်ချင်လို့။ 🙏

So, စိတ်မသန့်ရင် မသုံးပါနဲ့။ ဒါပေမယ့် မဟုတ်တာကိုတော့ အဟုတ်လုပ်ပြီးမပြောပါနဲ့။

(7) Chemical Sunscreen vs Physical Sunscreen

အမှား - " Chemical Sunscreen က UV Rays တွေကို စုပ်ယူပြီး၊ Physical sunscreen က ဒိုင်းသဖွယ်ကာကွယ်ပေးထားတယ်၊ reflect လုပ်ပေးတယ် "

ရှင်းပြချက် - Physical Filters, Chemical Filters တွေရဲ့ လုပ်ဆောင်ပုံချင်းက အကုန်နီးပါး ဆင်တူပါတယ်။ Organic sunscreen, Inorganic sunscreen တွေက UV rays တွေကို စုပ်ယူခြင်းအားဖြင့် Protection ပေးတာချည်းပဲ။ ခြွင်းချက်အနေနဲ့ Physical ( inorganic ) filter မှာဆိုရင် Titanium Dioxide ရဲ့ ပုံစံနဲ့ particle size ပေါ်မူတည်ပြီး UVB rays ကိုဆို 95% absorb လုပ်ပြီး ( Chemical/ Organic sunscreen တွေအတိုင်းပဲ ) heat အဖြစ် release လုပ်ပေမယ့် UVA rays ကိုဆိုရင်တော့ wavelength 360nm အထက်ကစပြီး Wavelength ရှည်လေလေ Reflect ပိုဖြစ်လေလေ ဆိုတာမျိုးတော့ရှိတယ်။ Chemical/Organic filter မှာဆိုရင်လည်း UVR absorb ပေမယ့် Heat release မလုပ်ပဲ structure ပြောင်းသွားပြီး less protected ကနေ တဖြည်းဖြည်း no longer being protected ဖြစ်စေတဲ့ Avobenzone လို ingredient လည်းရှိတယ်။

အမှား - " Chemical sunscreen က အသားထဲစိမ့်ဝင်ပြီး Physical Sunscreen က အသားပေါ်တင်ကျန်နေတာ "

ရှင်းပြချက် - တကယ်က physical ရော chemical ရော အသားထဲစိမ့်ဝင်ပါတယ်။ ဘယ်လောက်စိမ့်ဝင်လဲဆိုတာကတော့ particle size, formulation စတာတွေပေါ်မူတည်ပါတယ်။ အဲ့လို အယူအဆတွေမှားကုန်တော့ " Chemical Sunscreen ကို moisturizer အောက်မှာခံလိမ်းရမယ် တို့၊ Physical Sunscreen ဆိုရင် moisturizer ပြီးမှ လိမ်းရမယ်" တွေ ဖြစ်ကုန်ရော။ တကယ်က moisturizer ရဲ့ formulation ပေါ်လည်းမူတည်သလို၊ ဘယ်လိုလိမ်းလိမ်း၊ အသားပေါ်မှာ EVEN, CONTINUOUS layer တခုအနေနဲ့ ရှိနေရမယ်၊ ဒါဆိုရပြီ၊ အဲ့ထက်ပိုတွေးဖို့မလိုပါ။

(8) Clean Ingredients, Dirty Ingredients.

Clean Beauty, Clean Brand, Clean Ingredients ဆိုတာတွေက Just marketing terms တွေပါ။ Clean မလို့ Better, Safer ဖြစ်တယ်၊ Dirty မလို့ harmful, dangerous, bad ဖြစ်တယ် စတဲ့ idea ကို သပ်သပ်မဲ့ ရိုက်သွင်းနေတာရယ်။

အန္တရာယ်ဖြစ်မဖြစ်ဆိုတာ ingredient ရဲ့ dosage, percentage, formulation, အသုံးပြုပုံနဲ့ပဲ ဆိုင်ပါတယ်။ ရေနစ်ရင်သေတတ်တယ်ဆိုတဲ့အကြောင်းပြချက်ကြောင့် ရေမသောက်ပဲနေမလို့လား ?

Again, Food Science Babe ပြောနေကျစကားအတိုင်း the dose makes the poison ပါ။

(9) Comedogenic.

စာအရှည်ကြီးလည်းရေးပြီးပြီနော့။ 100% ပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ rating မလို့၊ ယုန်နားရွက်ပေါ်စမ်းထားတဲ့အဖြေမလို့၊ လူကျောကုန်းပေါ် ပလာစတာကပ်ပြီး ရလာတဲ့အဖြေမလို့၊ အကြမ်းဖျင်းလောက်ကလွဲရင် လူ့အသားအရည် မျက်နှာပေါ် ဘယ်လောက် ချွေးပေါက်ပိတ်စေမလဲဆိုတာ ပြောလို့မရပါဘူး။ လူတယောက်နဲ့တယောက်ကလည်း skin ချင်း မတူပါဘူး။ တလောကပဲ 100% မှာ Comedogenic rating 2 ပဲရှိတဲ့ ingredient/ allowance percentage က အမြင့်ဆုံးမှ 3% ရှိတဲ့ ingredient ပါတဲ့ wash off product ( leave on တောင်မဟုတ်ဘူးနော် ) ကိုသုံးပြီး သူ့ကြောင့် pore clog ဖြစ်တယ်လို့ကောက်ချက်ချထားတာမျိုးတွေ့လိုက်ရသေးတယ်။ 😬

(10) ဆံပင်ကျွတ်တာရပ်စေတယ်

ဆံပင်ကျွတ်တာက ရပ်အောင်လုပ်လို့မရပါဘူးနော် 😭 အကျွတ်နည်းအောင်ပဲလုပ်လို့ရပါတယ်။

(11) silicone မကောင်းဘူး၊ alcohol မကောင်းဘူး၊ Paraben မကောင်းဘူး၊ တာရှည်ခံဆေးပါတာမကောင်းဘူး၊ Chemical free မှ။

Allergic ဖြစ်လွယ်တဲ့သူ၊ super sensitive ဆိုရင်၊ Fragrance free, essential oil free ဖြစ်တာ၊ pe*******on enhancer နည်းတာတာကို ရွေးသင့်တာက ဟုတ်သင့်သလောက် ဟုတ်ပေမယ့် ingredient ကိုပဲကြည့်ပြီး criticize & blame လုပ်တာကတော့ မကောင်းပါဘူး။ နက်ဖြန်မှ အသေးစိတ်တင်ပေးမယ်ရှင်။

ဒီနေ့က စာရှည်လွန်းသွားပြီ။

ဒီ (11) ချက်ထဲမှာ ကိုယ်မှားသိထားတာ ဘယ်နှချက်ပါလဲ ? Comment မှာ ပြောခဲ့ပါဦးနော်။

Disclaimer : Content provided on this blog post is only for informational purposes and should not be substituted for advice from a healthcare professional.

ကူးယူဖော်ပြခြင်းမပြုပါနှင့်။

Photos from Cxan online shop's post 28/12/2021

မင်မင်အရမ်းကြိုက်တဲ့ collagen လေး
ပါရှင်
မှာပီး၃ရက်အတွင်းပို့ပေးပါတယ်ရှင်

🏡နယ်မြို့များဆို ငွေလွှဲပီး၃ရက်အတွင်း

ကားဂိတ်ပို့ပေးပါတယ်ရှင်🚌🚌🚌

28/12/2021

ကာကာလေးတေ ဖတ်ကြည့်ကြနော်...❤

* စတီးရွိုက်ဆိုတာ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးပဲ *

စတီးရွိုက်ပါတဲ့လိမ်းဆေးဖြစ်စေသောက်ဆေးဖြစ်စေထိုးဆေးဖြစ်စေ

လိမ်းဆေးဆိုလည်း မျက်နှာပေါ်လိမ်းမှ စတီးရွိုက်ထိတာမျိုးမဟုတ်ဘူး

တစ်ချို့ရှိတယ်မျုက်နှာလိမ်းလို့မရရင်ခြေထောက်တွေ
လက်တွေလူးပစ်မယ်ဆိုတာ...နိုး....မရဘူး..
လက်တွေခြေထောက်တွေလိမ်းလည်း အခန့်မသင့်ရင် စတီးရွိုက်ရဲ့
ဆိုးကျိုးကိုခံစားရမှာပဲ....

လိမ်းဆေးတွေမှာတင်မဟုတ်ဘူး...
သောက်ဆေးတွေမှာလည်းပါတတ်တယ်...
--------------------------------------------------------
စတီးရွိုက်ကိုနားလည်လွယ်အောင်ပြောရရင်
Man made version of Chemical ပါပဲ

လေ့လာရသလောက် 3 types of Steroid တွေ့ရတယ်

Oral Steroids
(ရောင်ရမ်းတာတွေသက်သာစေဖို့ကုသရာမှာသုံးတယ် )

Topical Steroids
(လိမ်းဆေးစတီးရွိုက်)

Steroid Nasal Sprays
(နှာခေါင်းဖြန်းတဲ့ Spray လိုမျိုး)

စတီးရွိုက်စထိပီဆိုဘယ်လိုလက္ခဏာပြတတ်လဲဆိုရင်...
ရောင်ပီးပြည်တည်တဲ့ဝက်ခြံအဖူကြီးတွေ
တစ်ဖုစနှစ်ဖုစနဲ့ပွားပွားလာတယ်...

အဖုတွေကသာမန်ဝက်ခြံလိုမျိုးမဟုတ်ပဲ
တင်းပီးနာနေမယ် ကိုက်နေမယ်...

အသားတွေသိသိသာသာခြောက်ပီးအဲ့နေရာတွေကယားနေမယ်
ကိုယ်ကစတီးရွိုက်ထိမှန်းမသိတော့အဲ့ ဆေးကိုပဲ
ထပ်ခါထပ်ခါလိမ်းတယ်....

လိမ်းလေပိုဆိုးလေနဲ့နောက်ဆုံးလုံးလုံးကြီးကိုစတီးရွိုက်ထိသွားတာ

အဲ့တာကြောင့်ဒီနေ့လိမ်း ​နောက်နေ့သက်သာတယ်
ဒီနေ့လိမ်းနောက်ရက်ပျောက်သွားတယ်ဆိုမယုံနဲ့
ဘယ်ဆေးဘယ် Skincare မှ ရေရှည်ထွက်နေတဲ့အဖုကို
တစ်ခနလေးနဲ့ပျောက်အောင်မလုပ်ပေးနိုင်ဘူး...

ငါတော့သက်သာနေတာပဲ သုံးနေတာကြာပီ ခုထိဘားမှမဖြစ်ဘူးဆိုတဲ့
ဆရာထက်သားတစ်လကြီးစကားတွေလည်းကြားရပါတယ်😑

စတီးရွိုက်ရဲ့သဘောသဘာဝက
လူတစ်ယောက်နဲ့တစ်ယောက်ရဲ့
Skin Resistance ပေါ်မူတည်ပီး
တစ်လနဲ့စုတ်တဲ့သူရှိမယ်
တစ်ပတ်လောက်သုံးပီးထိသွားတာရှိမယ်
သုံးလနေမှစလက္ခဏာပြတာမျိုးရှိမယ်...

ရှင်းပြတယ်မရဘူး....လွှတ်သာထားလိုက်
လူဆိုတာကိုယ်ထိမှကိုယ်နာတတ်တာမလား..
ကိုယ်မခံရသေးသ၍ ကွန်ဖီးဒန့်လယ်ဗယ်ဆိုးဟိုက်နေမှာပဲ.....

အခုဖြူ အခုနူ ဖြစ်မှာ...
စတီးရွိုက်မှမဟုတ်ဘူး.....
မာကျူရီ, Lead အစရှိတာတွေပမာဏများများပါရင်လည်း
အဲ့တာစတီးရွိုက်ထိသလိုစုတ်ပြတ်သွားမှာပဲ
ပမာဏများများသာသွားသုံးမိရင်အထဲက ကလီစာတွေပါထိတတ်တယ်လို့ဖတ်ဖူးတယ်

စတီးရွိုက်ထိပီဆိုတာနဲ့..🤷‍♀️
1️⃣.ဆေးပြင်းတွေသောက်ရမယ် ပိုးသတ်ဆေးလိုမျိုး
2️⃣ရေရှည်စွဲကုရမယ်
3️⃣ဘတ်ဂျက်တွေထိလာမယ်..
4️⃣လူတောမတိုးရဲလောက်အောင် ဝက်ခြံတွေဆိုးနေမယ်
5️⃣အဲ့အဖုတွေရဲ့ကိုက်ခဲနာကျင်တဲ့ဝေဒနာတွေခံရမယ်..

နောက်ဆက်တွဲအနေနဲ့ မျက်နှာညစ်သွားမယ်
ချွေးပေါက်တွေကျယ်ပီးအမာရွတ်ဗရပွနဲ့ကျန်ခဲ့မှာ..

သိလို့ဖြတ်မယ်ဆိုရင်တောင်ချက်ချင်းကြီးဖြတ်ချလို့မရဘူး..
နေ့တိုင်းသုံးရာကနေနှစ်ရက်ခြားသုံး
ပီးရင်လေးရက်ခြား တစ်ပတ်ခြားအဲ့လိုလေးဖြည်းဖြည်းချင်းဖြတ်ရတာ

ပျောက်သွားရင်တောင် Skin ကအရင်လို
Resistance မရှိတော့ဘူး....
အထိမခံအရေပြားပိုင်ရှင် စန်းစန်းတင့်ဖြစ်သွားမှာ

ဘယ်လိုပစ္စည်းတွေမှာစတီးရွိုက်အများဆုံးတွေ့ရလဲဆိုရင်

-China ကလာပီးဈေးပေါပေါပဲပဲနဲ့ရတဲ့ မျက်နှာလိမ်းဆေးတွေ
-အောက်လမ်းကတရားဝင်ခွင့်ပြုချင်မရပဲသွင်းလာတဲ့
အလှကုန်တွေ
-တင်းတိပ်ပျောက်ဆေးတွေ
-MLM သောက်စုတ်သောက်ပြတ်တွေ
-FDA ခွင့်ပြုချက်မရပဲ တင်းတိပ် အဆီဖု ဝက်ခြံ ဘာညာစွယ်စုံ
အကုန်ပျောက်
ဇော်ဂျီဖိုလ်ဝင်တောင်ကရတဲ့ဆေးတောင်သူတို့လောက်မစွမ်း😃
နေ့လိမ်းညသက်သာ အဲ့လိုဆေးတွေမှာအများဆုံးတွေ့ရတတ်ပါတယ်..

အားလုံးပဲ စတီးရွိုက် ထိခြင်းကင်းဝေးပီး
ဂျင်းထည့်ခြင်းကင်းဝေးကာ အမြဲလှပနိုင်ကြပါစေ



#စတီးရွိုက်


ရရှိနိုင်မဲ့ပစ္စည်းများပါရှင်
မှာပီး၃ရက်အတွင်းပို့ပေးပါတယ်ရှင်

🏡နယ်မြို့များဆို ၃ရက်အတွင်း

ကားဂိတ်ပို့ပေးပါတယ်ရှင်🚌🚌🚌

Photos from Cxan online shop's post 24/12/2021

နာဘီ Collagen ပန်းရောင်လေး instock ရပါပီရှင်
Direct From Korea 🇰🇷
Price - 26500 ks (အထုပ် 60 ပါ)2လစာ

အသက် 25 ကျော်ပြီဆိုရင်တော့ Collagen 1000mg ပါတဲ့ ပန်းရောင်လေးကို ရွေးချယ်ရပါမယ်ရှင်

အရသာက ….
ပန်းရောင်က Blueberry အရသာလေးပါ😍

သူက Collagen အပြင် Vitamin C လည်းပါ၀င်တာမို့ ကိုယ်ခံအားလည်း ကောင်းပြီး Collagen effect ပိုထိရောက်အောင် Vit-C သက်သက် သောက်ပေးစရာမလိုတော့ပါဖူးရှင်

👉အရေးအကြောင်းတွေ သက်သာစေတယ် ဖြစ်မလာအောင် တားဆီးပေးတယ်

👉ဆံပင်ကျွတ်တာ သက်သာစေတယ်

👉ခြေသည်း လက်သည်းလေးတွေ သန်မာစေတယ်

👉အကြောပြတ်ရာတွေကို မှေးမှိန်စေတယ်

👉ကိုယ်ခံအားအတွက်အထောက်ကူပြုတယ်

👉အသားအရည်ကို တင်းရင်း ကြည်လင်စေပါတယ်

❇မနက်ပိုင်း မနက်စာ မစားခင် သောက်ပေးလို့ရသလိုညအိပ်ခါနီး သောက်ပေးလို့လည်း ရပါတယ်
အဓိကက အစာနဲ့ ၃နာရီလောက် ခွါသောက်ပေးဖို့လိုပါတယ်
🥛🥛🥛 ရေများများလဲ သောက်ပေးရပါမယ်နော်။

🚫ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်များသောက်လို့မရပါဖူးနော်

Photos from Kristal's post 14/12/2021

ကောင်းမကောင်း reviewလေးသာဖတ်ကြည့်နော်...

Photos from Cxan online shop's post 14/12/2021

အရမ်း hot ဖြစ်နေတဲ့ BP Serum 😍
မင်မင် ဆီ instock ပါနော်

price-8500

03/12/2021

Moisturizer မလိမ်းပဲ toner ပဲလိမ်းလို့ရလား ? serum ပဲလိမ်းလို့ရလား ? Ampoule ပဲလိမ်းလို့ရလား ? Essence ပဲလိမ်းလို့ရလား ?

ကပ်သီးကပ်သတ်မေးခွန်းတွေပေါ့ :3 သေချာလေးရေးထားတာမို့ သိချင်တာလေးတွေသိလိုက်ရမယ်လို့မျှော်လင့်ပါတယ်။

💧Moisturizer ဆိုတာ ???

Moisturizer ဆိုတာ အစိုဓါတ်ထိန်းပစ္စည်းပါ။ Ingredients ပေါ်မူတည်ပြီး ရေဓါတ်လည်းဖြည့်မယ်၊ အစိုဓါတ်လည်းထိန်းပေးမယ်။ Formulation ပေါ်မူတည်ပြီး " TWEL (Transepidermal water loss) ဆိုတဲ့ အရေပြားအလွှာတွေကနေ ရေဓါတ်ဆုံးရှံးတာ" ကို ကာကွယ်ပေးတယ်။

ဘာလို့ ingredients ပေါ်မူတည်တယ်လို့ပြောတာလဲ ဆိုရင် - Moisturizer တွေကို formulate လုပ်တဲ့အခါမှာ‌ေယဘုယျအားဖြင့်

✓ Occlusives => အရေပြားပေါ်မှာ ရေဓါတ်ဆုံးရှုံးမှုလျော့ပါးစေဖို့ အလွှာတခုလိုကာကွယ်ပေးတဲ့အရာတွေ။

✓ Humectants => hydrated skin ဖြစ်စေဖို့ အရေပြားထဲကို ရေဓါတ်ဆွဲယူထိန်းသိမ်းပေးထား‌ေပးတဲ့အရာတွေ။

✓ Emollients => Skin cells တွေအကြားဝင်ရောက်ပြီး ခြောက်သွေ့‌ ကြမ်းတမ်းတာတွေကိုချောမွေ့သွားစေတဲ့အရာတွေ။

အဲ့လို သုံးမျိုးသုံးစားပါဝင်တယ်။ အဲ့ထဲမှာမှ gel type moisturizer တွေဆိုရင် occlusive မပါသလောက် နည်းမယ်။ cream ဘက်ရောက်လာလေလေ occlusives & emollients များလာလေလေ။ occlusive အဖြစ်ဆုံးကတော့ petroleum jelly ပေါ့။

Hydrating နဲ့ Moisturizing (တနည်း) Hydrator နဲ့ Moisturizer ဘာကွာလဲဆိုရင်တော့

Hydrating/ Hydrating => အရေပြားရဲ့ moisture content မြင့်လာဖို့အတွက်သာဖြစ်ပြီး

Moisturizing/ Moisturizer => moisture content မြင့်လာဖို့ရယ် ရေဓါတ်မဆုံးရှုံးအောင်ရယ် emollient effect ရယ် တာဝန်ယူပေးပါတယ် ။

အပေါ်ကမေးခွန်းကိုပြန်ဖြေဖို့ဆို နည်းနည်းထပ်ရှင်းပြရဦးမယ်။

🧫 Essence ဆိုတာ — အများအားဖြင့် Hydrating အဓိကဦးစားပေး product တွေပါ။ occlusive နည်းမယ်။ အဓိကက humectants တွေပါမယ်။

🔖 Serum/ Ampoule ဆိုတာ — ယေဘုယျအားဖြင့် glorified moisturizer တွေဖြစ်ပြီး သက်ဆိုင်ရာ ingredient ရဲ့ property အလိုက် skin ကို treatment လုပ်ပေးတဲ့ products တွေပါ။ ဥပမာ Niacinamide/ Vit C serum ဆိုရင် skin brightening အတွက်ကောင်းတယ်၊ Tea tree/ Cica serum တွေဆိုရင် ဝက်ခြံတွေ ရောင်ရမ်းတာတွေ အဓိကသက်သာစေ‌‌မယ် အစရှိသဖြင့်ပေါ့။

🏷️ Toner ဆိုတာ — အဓိကက skin pH balance ညှိပေးဖို့၊ acid toner ဆိုရင် ဆဲလ်သေဖယ်ဖို့၊ အဲ့ထဲမှာမှ Hydrating ingredients လေးတွေ skin-loving ingredients လေးတွေပါမယ်၊ occlusives တွေကတော့မပါသလောက်ပဲပေါ့။

_____________

ဒါဆို Moisturizer မလိမ်းပဲ toner ပဲလိမ်းလို့ရလား ? serum ပဲလိမ်းလို့ရလား ? Ampoule ပဲလိမ်းလို့ရလား ? Essence ပဲလိမ်းလို့ရလား ? လို့မေးရင် —

Skin type ကဘာလဲလို့ အရင်ပြန်မေးရပါလိမ့်မယ်။ (ဘယ် skin type မဆို Moisturizer လိမ်းတာက ‌ေတာ့အကောင်းဆုံးနော်)

အကယ်၍ dry skin ဆိုရင် ရေဓါတ်ရော၊ အဆီဓါတ်ရော လိုအပ်တဲ့အတွက် Cream Moisturizer မျိုးတွေလိမ်းဖို့လိုပါလိမ့်မယ်။

Combination skin ဆိုရင် အနည်းဆုံး အသားခြောက်တတ်တဲ့ ပါးနှစ်ဖက်အတွက်လိုပါလိမ့်မယ်။

Oily skin ဆို Hydrating essence or Hydrating serum လောက်နဲ့လည်းအဆင်ပြေပါလိမ့်မယ်။

ဒါပေမယ့် အဲ့ oily & combination skin က dehydrated skin မဟုတ်ဖို့တော့လိုပါတယ်။ dehydration prone ဆိုရင်တော့ Moisturizer လိမ်းပေးဖို့လိုအပ်ပါတယ်။

ဖြေဖို့ တခုကျန်ခဲ့တယ်၊ toner ချည်းပဲလိမ်းလို့ရလားဆိုတာ။ Hydrating toner ကျတော့ အပေါ်မှာပြောခဲ့သလို Hydrate လုပ်နိုင်ပေမယ့် ရာသီဥတု၊ ပတ်ဝန်းကျင်ကအပူရှိန်အပြင် air con ခန်းထဲနေတဲ့သူဆိုရင်အသားခြောက်လာမှာ (TEWL ဖြစ်လာမှာ) နဲ့ဆို occlusives လိုလုပ်ဆောင်နိုင်မယ့် ingredient မပါရင်‌ေရရှည်မှာအဆင်မပြေနိုင်ဘူး။ acids toner တွေဆိုရင်လည်း အဆီပိုတွေဖယ်ပေး၊ ဆဲလ်သေတွေဖယ်ပေးလို့ ယေဘုယျအားဖြင့်အသားခြောက်စေတတ်တယ်ဆိုတော့ Moisturizer က လိုပြန်ရော။

To conclude, toner ကတော့ တခုတည်းလိမ်းလို့မလုံလောက်ပါဘူး။ တခုတည်းလိမ်းလည်း Moisturizer မလိမ်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အဖုတွေထလာတာမျိုးရှိမှာမဟုတ်ဘူးနော်။ dehydration prone skin ဆို dehydrate ဖြစ်လာပြီး အဆီပိုထုတ် >> အဲ့အဆီကြောင့် အဆီဖုထ ။ အဲ့လိုတော့ရှိနိုင်တယ်။ တခါတလေတော့ admin လည်း Hydrating toner ချည်းလိမ်းတာမျိုးလုပ်ပါတယ်။ ပျင်းလို့ပါ။ #မလုံလောက်တာပဲရှိပြီး ပြဿနာထွေထွေထူးထူးတော့မရှိပါဘူး။

အဲ့လောက်ဆိုသေချာနားလည်လောက်ပြီလို့ထင်ပါတယ်။ သိချင်တာတွေမပါခဲ့ရင်မေးခဲ့ပေးပါနော်။

Disclaimer : Content provided on this blog post is only for informational purposes and should not be substituted for advice from a healthcare professional.

Do NOT copy.

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon