Khin Thuzar Clinic - Health Education Section

Khin Thuzar Clinic - Health Education Section

Share

ကျန်းမာရေးအသိပညာပေး အစီအစဥ်များကို

17/04/2022

အောက်ကတော့ ရှာဖွေပြီးတင်ပေးထားတဲ့အဖြစ်မှန်ပါ တကယ့်ဖြစ်ရပ်ပါ ။
✖✖✖✖✖✖✖✖✖✖✖✖✖✖✖✖

ဒီနေ့မနက်မှာပဲ
မိတ်ဆွေတယောက်ရဲ့(၆)နှစ်သား ကလေးငယ်လေး
ရက်လည်ဆွမ်းကျွေးသွားဖြစ်တယ်
ကလေးက ရုတ်တရက်ကြီးလို ရေချိုးနောက်ကျရာက အပြင်းဖျား ဆေးရုံရောက်တယ်လေ အဲ့ကနေနောက်တရက်ပဲ ဆုံးသွားရှာတယ်
နောက် သိလိုက်ရတာ ဦးနှောက်အမြှေးရောင်တာတဲ့
ဘာကြောင့်ဖြစ်မှန်းမသိ မိဘတွေမှာ..ဇဝေဇဝါပေါ့
ရုတ်တရက်ဘာဖြစ်ပါလိမ့်ပေါ့
ကလေးဆေးရုံက ဆရာဝန်ကြီးကမေးတယ်
ခင်ဗျားတို့
အိမ်မှာ ငှက်တွေများမွေးသလားပေါ့..
မမွေးပါဘူးပေါ့..မိဘတွေကလည်း
ဘာလို့လဲဆရာဆိုတော့
ကလေးမှာဘက်တီးရီးယားတွေကူးစက်ခံထားရတယ်
အတွင်းကလီစာတွေလည်းထိခိုက်ထားတယ် တဲ့လေ

နောက်မှ..သူ့အဖေက စဉ်းစားလာမိတယ်
အားပါးပါး... နေနေတဲ့ တိုက်ခန်း(၄)လွှာဝရံတာ မျက်နှာကြက်အမိုးအောက်မှာ ခိုတွေ..ခိုတွေ..
အသိုက်ဖွဲ့နေကြတာ မြင်မကောင်းဘူး
ခိုချေးတွေက လက်ရန်းဘောင်တွေမှာ နင်းကြမ်း..
နေလာတာ (၂)နှစ်ကျော်ပြီတဲ့လေ..
ကလေးက ခနခန ခေါင်းကိုက်တယ် ဗိုက်နာတယ်ပြောပါတယ်
မိဘတွေက ကျောင်းမတတ်ချင်လီု့ ဂဂျီဂဂျောင်လုပ်တယ်ထင်နေခဲ့တာလေ..အခုမှ သိတော့တယ် ကလေးက သူဖြစ်နေတာကို သူ မပြောပြတတ်တာကိုး

စိတ်မကောင်းဖြစ်မိသလို နောက်ထပ်လည်းမဖြစ်စေရအောင် သတိပြုစေချင်လို့ အောက်ဖော်ပြပါ စာတွေကို ရှယ်ပေးလိုက်ရပါတယ်..
အားလုံးကျန်းမာချမ်းသာစွာဖြင့်
လောကကောင်းကျိုးသယ်ပိုးနိုင်ကြပါစေ

"ခို" သို့မဟုတ် မြို့ပြ အန္တရာယ်
******** ********************

ကုသိုလ်ရရာ ရကြောင်းဆိုတဲ့ အကြောင်းပြချက်ပဲဖြစ်ဖြစ်၊ တိရိစ္ဆာန်တွေကို သနားကြင်နာလို့ပဲဖြစ်ဖြစ်၊ ယတြာချေတာပဲဖြစ်ဖြစ် မြန်မာနိုင်ငံတင်မကပဲ ကမ္ဘာတ၀န်း ခိုတွေကို အစာကြွေးကြပါတယ်။ ခိုစာကြွေးတာ ကုသိုလ်ကောင်းမှူ ဖြစ်မဖြစ် ဒီနေရာမှာအငြင်းမပွားလိုပါဘူး ဒါပေမယ့် ဒီစာစုကို ဆက်ဖတ်ရင်းမိမိဖာသာ သုံးသပ်မိလာပါလိမ့်မယ်။ ခိုစာကြွေးတာ ခိုတွေကိုသနားရာလုံး၀ မရောက်ပဲ လမ်းမထက်မှာကား မဆိုထားနဲ့ ဆိုက်ကားကို တောင်မရှောင်နိုင်တဲ့ ခိုတွေတိုးပွားအောင်အားပေးရာပဲရောက်ပါတယ်။ ဘာကြောင့်ခိုတွေကို အစာမကြွေးသင့်သလဲဆိုတဲ့ အကြောင်းပြချက် အများကြီးရှိပေမယ့် အဓိကအားဖြင့် ကျွန်ုပ်တို့ရဲ့ ပါတ်၀န်းကျင်ကိုထိခိုက်ပျက်စီးစေပြီး ကျေးငှက်သဘာ၀ ကိုလည်းထိခိုက်ပျက်စီးစေလို့ဖြစ်ပါတယ်။



ခိုတွေများလာတာ ကျန်းမာရေးအန္တရာယ်

ကျွန်တော်တို့ အနီးအနားပါတ်၀န်းကျင်မှာခိုတွေ အထိန်းအကွပ်မရှိတိုးပွားလာခြင်းဟာ မြို့ပြလူနေမှူ့စနစ်အတွက် ပြဿနာမျိုးစုံတိုးပွားလာခြင်းပဲဖြစ်ပါတယ်။ နေရာတကာ မှာအဆက်မပြတ်ဆိုသလို စွန့်ပစ်ချနေတဲ့ ခိုအုပ်ကြီးတွေရဲ့ အညစ်အကြေးတွေဟာ အများပြည်သူ သွားလာနေတဲ့ပလက်ဖောင်းတွေ၊ သာသနိကအဆောက်အဦတွေ၊ ရုံးတွေ အစရှိတဲ့ နေရာတွေမှာ အနံ့အသက် အမှုန်အမွှား တွေနဲ့ အော်ကလီဆန်စရာ ဖြစ်စေရုံမျှ မကပဲ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါခံစားနေရသူတွေအတွက် အသက်အန္တရာယ် ကိုပါခြိမ်းခြောက်လာနိုင်တဲ့ ရောဂါပိုးတွေကို အရှိန်အဟုန်နဲ့ ဖြန့်ဖြူးပေးနေတာလဲဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ ခိုတွေနားနေတတ်လို့ ဓါတ်ကြိုးတွေ၊ တယ်လီဖုန်းကြိုးတွေ မကြာခဏ ပြတ်ကျတာမျိုး ဖြစ်လေ့ရှိပါတယ်။ ခိုတွေ ရဲ့ အသိုက်တွေဟာ အဖိုးတန်အဆောက်အအုံတွေရဲ့ အမိုးတွေ၊ ပြဿတ်တွေ၊ မျက်နှာကျက်တွေ ကိုပျက်စီးစေရုံမျှမကပဲ ခိုသိုက်တွေရဲ့ အမှိုက်သရိုက်တွေဟာ ရေတံလျှောက်တွေ၊ ပိုက်လိုင်းတွေကို ပိတ်ဆို့စေပါတယ်။ နောက်ပြီး အသိုက်ထဲမှာ ကျန်နေတတ်တဲ့ လှေးတွေ၊ မွှားတွေဟာ လူတွေ အိမ်မွေးတိရိစ္ဆာန်တွေဆီကို အလျှင်အမြန်ပဲ ကူးဆက်သွားလေ့ရှိပါတယ်။ ခိုစာ တွေ ဟာအမှိုက်တွေဖြစ်သွားသလို ကြွက်တွေကို အထူးသဖြင့်စွဲဆောင်ပါတယ်။ ကာလ အတန်ကြာခိုစာရောင်း၊ ခိုစာကြွေးနဲ့ နေရာတွေကို ကြည့်ရင် ခိုမွှေးတွေ၊ ခိုချေးတွေ တင်မကပဲ ခိုစာရောင်းသူရဲ့ မနီးမဝေး ကြွက်တွင်းတွေ၊ မြောင်းဘောင်တွေ မှာ ပြူတစ်ပြူတစ် လုပ်နေတဲ့ အမွှေးရှည် မြေကြွက်ကြီးတွေကို ရွံရှာဖွယ် တွေ့ရလေ့ရှိပါတယ်။

ခိုမှတဆင့်ကူးဆက်တတ်သောရောဂါများ

ခိုတွေဟာ ယုံနိုင်လောက်စရာမရှိအောင်များပြားလှတဲ့ လူကိုကူးဆက်နိုင်တဲ့ရောဂါပိုးတွေ ကို သည်ဆောင်ထားပါတယ်။ ခိုတွေအတွက် ကံကောင်းပြီး လူနဲ့သဘာ၀ပါတ်၀န်းကျင်အတွက် ကံမကောင်းစေတဲ့ အချက်က ခိုတွေကိုအစာအဖြစ်စားတဲ့ တိရိစ္ဆာန် အလွန်တရာ နည်းတဲ့အတွက် ခိုအုပ်ကြီးတွေရဲ့အရေအတွက်ဟာ အရှိန်အဟုန်နဲ့ သိသိသာသာပဲတိုးပွားနေပါတယ်။ အခြေခံအားဖြင့် ရောဂါဖြန့်ဖြူးရာ မူလပထမက ခိုချေးပဲဖြစ်ပါတယ်။ ရောဂါရှိတဲ့ ခိုရဲ့ ချေးထဲမှာ ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားတွေ ရှိနေပါတယ်။ အဲဒီခိုချေးတွေ ခြောက်သွေ့သွားတဲ့ အခါ ဖုန်မှုန့် အဖြစ်လေနဲ့ အတူ အရပ်ရှစ်မျက်နှာကို လွင့်တော့တာပါပဲ။ အဲဒါကို ရှုမိတဲ့ သူကတော့ ခိုကပေးတဲ့ ရောဂါရ ဖို့သေချာပြီပေါ့။ ယေဘုယျအားဖြင့် ခိုကနေကူးစက်တတ်တဲ့ရောဂါလေးမျိုးရှိတယ်လို့ဆိုတယ်။

၁။ ခရစ်ပ်တိုကွတ်ခယ် ဦးနှောက်အမြှေးယောင်ရောဂါ (Cryptococcal Meningitis)
ခိုတွေသည်ဆောင်လာတတ်တဲ့ရောဂါပိုးတွေကြောင့်ဖြစ်တဲ့ ရောဂါထဲမှာအန္တရာယ်အရှိဆုံးလို့ဆိုနိုင်တဲ့ ဦးနှောက်အမြှေးယောင်ရောဂါကြောင့်ကာလအတန်ကြာသတိလစ်သွားနိုင်ပြီး အသက်ပြန်မလည်လာတော့ပဲ အသက်ဆုံးရှုံးမှူတွေထိဖြစ်နိုင်တဲ့ရောဂါဖြစ်ပါတယ်။

၂။ အူလမ်းကြောင်းမှာဖြစ်တဲ့ရောဂါပိုး နှစ်မျိုး (Salmonella and Listeria)
ခံတွင်းသို့မဟုတ် အသက်ရှူလမ်းကြောင်းမှတဆင့် ၀င်သွားတဲ့ ခိုချေးတွေကြောင့် အူလမ်းကြောင်းမှာ တိုက်ဖွိုက် ကဲ့သို့ အူယောင်ငန်းဖျားရောဂါရောဂါ ဟာ ကိုယ်၀န်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေအတွက် အသက်အန္တရာယ် ထိခိုက်စေရုံမျှ မကပဲ ကိုယ်၀န်ပျက်ကျခြင်း၊ လမစေ့မီ မွေးဖွားခြင်းတွေကိုလဲ ဖြစ်စေပါတယ်။

၃။ ဦးနှာက်မြှေးယောင်ရောဂါပိုး နောက်တမျိုး (Viral Encephalitis)
အထက်ပါ ဗိုင်းရပ်ပိုးကြောင့်ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင် ရောဂါ ကြောင့် ယာယီ အာရုံကြောနဲ့ပါတ်သက်တဲ့ ရောဂါဝေဒနာမှ နာတာရှည်ဖြစ်ပြီး အသက်ဆုံးရှုံးမှူတွေဖြစ်စေနိုင်ပါတယ်။

၄။ ၀မ်းပျက်၀မ်းလျှောရောဂါပိုး (E. Coli)
၀မ်းပျက်၀မ်းလျှောရောဂါပိုး (E. Coli) ဟာလဲ ခိုချေးထဲမှာ ပါလေ့ရှိပါတယ်။ ခိုတွေ အများကြီးရှိတတ်တဲ့ နေရာတွေမှာ ချက်ပြုပ်တာ မသန့်ရှင်းတာ၊ လက်ကိုစင်ကြယ်အောင် ဆပ်ပြာနဲ့ မဆေးကြောတာတွေ့ကြောင့် ၀မ်းပျက်၀မ်းလျှောရောဂါပိုးတွေဟာ လူကို အလျင်အမြန်ကူးဆက်ပြီးဆိုးဝါးတဲ့ ရောဂါဝေဒနာကို ဖြစ်စေပါတယ်။

ခိုတွေကိုအစာကျွေးခြင်းဟာ အလွန်အကျွံပေါက်ပွားမှူကိုအားပေး

ခိုများကို အစာကျွေးခြင်းဟာအလွန်အကျွံမျိုးပွားမှူကိုဖြစ်စေပါတယ်။ ပုံမှန်အားဖြင့် ခိုမတွေဟာ တစ်နှစ်မှာ နှစ်သားကနေ သုံးသားပေါက်ပြီး တစ်ခါဥရင် နှစ်ဥ ဥလေ့ရှိပါတယ်။ ဒါပေမယ့် အလွန်အကျွံ အစာကျွေးလေ့ရှိတဲ့ မြို့ကြီးတွေမှာ ခိုတွေဟာ တစ်နှစ်ကို ရှစ်ဆ အထိမျိုးပွားနိုင်ပါတယ်။

ခိုစာကျွေးခြင်းဟာ ခိုများကိုထိခိုက်စေ

တကယ်တော့ခိုစာကျွေးခြင်းဟာ ခိုများအတွက်ကောင်းကျိုးလုံး၀ မဖြစ်စေပါဘူး။ သူတို့ရ သဘာအလေ့အထ အတိုင်းအစာထိုးယက်ရှာဖွေစားသောက်ရှင်သန်တတ်မှူကို ပျောက်ဆုံးစေပါတယ်။ အလွန်အကျွံများပြားလှတဲ့ ခိုအုပ်ကြီးတွေဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ပါတ်၀န်ကျင်ညစ်ညမ်းမှုကိုဖြစ်စေပြီး သဘာ၀အတိုင်းရှင်သန်ကျက်စားနေတဲ့ ပါတ်၀န်းကျင်က တခြား ငှက်တွေကိုလဲထိခိုက်ပျက်စီးစေပါတယ်။ ခိုအုပ်ကြီးရင်ကြီးသလို ပျက်စီးထိခိုက်မှု့လဲကြီးမားလာပါတယ်။
သင်နဲ့ သင့်ပါတ်၀န်းကျင် ကျန်းမာသန့်ရှင်းစေရေး နဲ့ ခိုများအလွန်အကျွံပေါက်ပွားလာခြင်းမှ ကာကွယ်ရန် ခိုစာလုံး၀ မကျွေးရန်အရေးတကြီးလိုအပ်ပါတယ်။

မှတ်ချက်။ ။ခိုနဲ့ ပါတ်သက်၍ရတတ်သောရောဂါ များအကြောင်းရှင်းပြသော အစ်မကိုကျေးဇူးအထူးတင်ပါတယ်။
crd ကိုထွဋ်

03/12/2021

Omicron မျိုးကွဲကိုဗစ်က ထိုင်းထိ
**************************
ရောက်လာပြီတဲ့
**************
Credit to original uploader.

ပိုးအသစ် ထိုင်းရောက်ပြီတဲ့

ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ
~~~~~~~~~~~~~~~~
ထိုင်းနိုင်ငံတွင် ကူးစက်ပျံ့ပွားနေသည့် ဗြိတိသျှမျိုးစိတ်အသစ် ကိုဗစ်ရောဂါသည် စိုးရိမ်ဖွယ်ကောင်းသည့် ကူးစက်မြန်၊ ပျံ့နှံ့လွယ်အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။

မျိုးဗီဇပြောင်းဖြစ်ကြောင်းကိုလည်း စစ်ဆေးအတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ ကူးစက်မှုသည် ယခင်ကထက် ၃၀ မှ ၅၀ ရာနှုန်းအထိ ပိုမိုပြင်းထန် အားကောင်းပါသည်။

ထို့ကြောင့် လူတိုင်း သတိရှိရန် လိုအပ်ပါသည်။

ဗီဇပြောင်း Covid 19 လက္ခဏာများ

ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရ။ှိ
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

၄ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။ သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ၀မျးလြှော၍ အော့အန်မည်။

၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေမည်။
၄။ အပြင်းအထန် ၀မျးလြှောမညျ။
၅။ အော့အန်မည်။

၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။

ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

-----
Info from the hospital. Chulalongkorn
* The outbreak that is coming from yesterday and today is breed B. 1.1.7 or British variant that has gone viral.
(Genome check confirmed)
The outbreak will be 30 to 50 % stronger. should be careful.
Covid-19 signal. Summary from Sathorn.
Face will help each other.
#
Day 1-3
1. looks like a cold.
2. little sore in neck
3. No fever, no tiredness.
4. eat / drink normally

Day 4
1. little sore throat
2. talk starts hurting in the neck
3. Fever looks normal 36.5C
Lol disturbing with eating
Lol little headache lol
6. light belly.
Lol feel like getting drunk

Day 5
1. pain in the neck. Talk _ hurt
Lol little bit tired
3. mercury fever 36.5-36.7C
3. Tired, joint pain.

Day 6
1. Mercury. Fever 37 C+
2. dry cough.
3. neck pain while eating / talking
4. tired, nauseous
5. occasional difficulty breathing
6. inches feels pain
7. diarrhea, vomit.

Day 7
1. fever 37.4-37.8C
2. consecutively coughing with phlegm.
3. body / head ache
4. very diarrhea
5. vomit

Day 8
1. fever 38C +++
2. difficult to breathe.
3. consecutive coughing
4. Headache, joints, muscles
5. limb and bottom pain

Day 9
1. no better and worse
2. very high fever
3. symptoms have collapsed.
4. fighting to breathe
Symptoms on the 9th. Need blood test CT Scan chest.

For mutual benefit, you can share or pass on information.
Thank you.

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ
ထုတ်ပြန်သည်။

Credit

Photos from Khin Thuzar Clinic - Health Education Section's post 02/12/2021
12/09/2021
Photos from Khin Thuzar Clinic - Health Education Section's post 26/01/2021

သတိ

24/01/2021

BMI chart
Dr.Khin Swe Oo
Khin Thuzar Clinic.

24/01/2021

https://m.facebook.com/story.php?story_fbid=234557654950722&id=114941403579015

12:43 pm, 24/1/2021

ယနေ့အချိန်တွင် ကမ္ဘာပေါ်မှာ ကိုဗစ်ပိုးကူးစက်ခံနေရသူ ၉၈ သန်းနီးပါးရှိနေပြီး သေဆုံးသူ ၂.၁ သန်းကျော် သေဆုံးသည်အထိ ဖြစ်စေသည့်ရောဂါဖြစ်သဖြင့် မပေါ့ဆစေလိုပါ ကမ္ဘာ့နိုင်ငံ/ဒေသ ၁၉၂ တွင် ဖြစ်ပွားနေပါသည်

သေဆုံးသည့် လူတစ်ယောက်ချင်းစီတွင် ကျန်ရစ်ခဲ့ရသည့် မိသားစုဝင်များ၏ ဝမ်းနည်းနာကျင်ပူဆွေးစိတ်သောကရောက်ရမှုများစွာ မရေတွက်နိုင်ပါ မည်သူမျှ ယခုလိုအဖြစ်ဆိုးနှင့်မကြုံဆုံလိုပါ

ဒါ့ကြောင့် ကိုဗစ်ကာကွယ်ရေးနည်းလမ်းစည်းကမ်းများကို ကိုယ်တိုင်လည်းလိုက်နာပါ မိသားစုဝင် ဆွေမျိုး အသိမိတ်ဆွေများကိုလည်း လိုက်နာအောင် အသိပေး သတိပေးကြပါ ဒါဆိုကျွန်မတို့တွေ ကိုဗစ်အန္တရာယ်မှ ရှောင်ရှားနိုင်မှာပါ

ယခုဆိုလျှင် မြန်မာပြည်ကို ကာကွယ်ဆေးလဲ ၂၂/၁/၂၀၂၁ က ရောက်ရှိခဲ့ပြီး ဇန်နဝါရီ ၂၇ မှစတင်ပြီး ကျန်းမာရေးဝန်ထမ်းများကို ထိုးနှံပေးတော့မှာဖြစ်ပါသည် ပြီးလျှင် တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ပွားကူးစက်များသောအုပ်စုတွေကို ထိုးနှံပေးမှာဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးပြီးနောက် စည်းကမ်းများကိုဘာ့ကြောင့် ဆက်လက်လိုက်နာရန် လိုအပ်ကြောင်းကို အပိုင်း ၁ အဖြစ်တင်ဆက်လိုက်ပါတယ်

ကာကွယ်ဆေးထိုးပြီးရင်တောင် Mask ဆက်တပ်ဖို့လိုတဲ့အကြောင်းရင်း ၅ ချက်

အပိုင်း (၁)

ကာကွယ်ဆေးများသည် အထူးအစွမ်းထက်ပါသည် သို့သော် ကာကွယ်ဆေးထိုးနှံပြီးသည်နှင့် Mask တပ်စရာမလိုတော့ဘူးဟု မထင်ပါနှင့်

ကာကွယ်ဆေးနှင့်ပတ်သက်၍ herd immunity အစုလိုက်ကိုယ်ခံအား ရရှိနိုင်သည့်အချိန်အထိ mask တပ်ခြင်း လက်ဆေးခြင်း လူအုပ်စုရှောင်ခြင်း ကို ဆက်လက်လုပ်ဆောင်နေရအုံးမည်ဖြစ်ပါသည်

ဘာလို့ပါလဲ? ဒီလိုအကြောင်းတွေကြောင့်ဖြစ်ပါသည်

၁/ ကာကွယ်ဆေးမှန်သမျှသည် 100% မကာကွယ်နိုင်ပါ

-Pfizer/BioNTech ကာကွယ်ဆေးနှင့် Moderna ကာကွယ်ဆေးသည် ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားစေနိုင်သော နာမကျန်းမှုများကို 95% ကာကွယ်နိုင်ပါသည် အဆိုပါရလဒ်သည်ကောင်းမွန်သော်လည်း ကာကွယ်ဆေးထိုးသူ ၂၀ တွင် တစ်ယောက်သည် ကာကွယ်မှု မရနိုင်ပါ ကာကွယ်ဆေးစမ်းသပ်သည့် clinical trials အဆင့်များကို လုပ်ဆောင်ရာတွင်လည်း ထိပ်တန်း ဆေးရုံ/ဆေးကုဌာနများတွင် လုပ်ဆောင်ခဲ့ပြီး စိတ်ချရသောအခြေအနေဖြစ်အောင် အထူးပြုလုပ်ထားပါသည်

-သို့ရာတွင် လက်တွေ့ပြင်ပအခြေအနေတွင် ကာကွယ်ဆေး၏ထိရောက်မှု အနည်းငယ်လျော့နိုင်ပါသည် စမ်းသပ်မှုတွင် ကာကွယ်ဆေး၏ ထိရောက်မှုကို efficacy ဟုသုံးစွဲပြီး ပြည်သူလူထုအတွင်းထိုးနှံရာမှ အမှန်တကယ် အာနိသင်ထက်မြက်မှုကို effectiveness ဟု ခေါ်ပါသည်

-ကာကွယ်ဆေး၏ ထိရောက်မှုသည် အကြောင်းအရာများစွာပေါ်မူတည်နေပါသည် ကာကွယ်ဆေးသိုလှောင်ဖြန်ဖြူးထိုးနှံသည့်အဆင့်တိုင်းအပေါ် မူတည်နေပါသည်

-Pfizer နှင့် Moderna ကာကွယ်ဆေးကဲ့သို့ အအေးထိန်းစနစ်အထူးလိုသော mRNA ကာကွယ်ဆေးများဆိုလျှင် ကာကွယ်ဆေးတွင်ပါဝင်သော genetic material သည်အလွန်ပျက်စီးလွယ်သဖြင့် အထူးဂရုစိုက် သိုလှောင်ရန် သယ်ပို့ရန် လိုအပ်ပါသည် ဗိုင်းရပ်ပိုးဗီဇပြောင်းခြင်းကလည်း ကာကွယ်ဆေး၏ အာနိသင်ထက်မြက်မှုကို တနည်းတဖုံ အကျိုးသက်ရောက်နိုင်ပါသေးသည်

၂/ ကာကွယ်ဆေးထိုးပြီးနောက် ချက်ချင်းကာကွယ်မှု မရနိုင်ပါ

-ကာကွယ်ဆေးသည် ခုထိုး ခုချက်ချင်းကာကွယ်မှု မရပါ ကာကွယ်ဆေးထိုးပြီးနောက် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က ရောဂါကို ခုခံနိုင်ဖို့ Antibody ထုတ်ဖို့အချိန် နှစ်ပတ်လိုအပ်ပါသည် ဒါမှသာ ဗိုင်းရပ်စ်ပိုးဝင်လာလျှင် အဆင်သင့် block တားဆီးနိုင်မည် ဖြစ်ပါသည် (မှတ်ချက်...ဒါ့ကြောင့်ကာကွယ်ဆေးထိုးပြီးလဲ နှစ်ပတ်အတွင်း ကာကွယ်နိုင်မှုမရသေးသည့်အတွက်ရောဂါကူးစက်နိုင်ပါသည် ဒီအချက်အပေါ်အခြေပြု၍ တချို့သောအဖျက်အမှောင့်သမားများက ကာကွယ်ဆေးထိုးပြီး ရောဂါပိုးကူးစက်ခံရသည်ဟု မမှန်သတင်းလွှင့်ခြင်းဖြစ်တတ်ပါသည် ဆင်ခြင်နိုင်ရန် ရှင်းပြခြင်းဖြစ်ပါသည်)

-ကာကွယ်ဆေးများထဲတွင်မှ ကိုဗစ်ကာကွယ်ဆေးသည် တုပ်ကွေးကာကွယ်ဆေးနှင့်နှိုင်းစာလျှင် ကာကွယ်နိုင်မှုရဖို့ ပိုမိုအချိန်ယူရပါသည် Pfizer ကာကွယ်ဆေးသည် ၁၆ နှစ်အထက်သာထိုးနှံသင့်ပြီး ၃ ပတ်ခြားနှစ်ကြိမ်ထိုးရမည်ဖြစ်သလို Moderna ကာကွယ်ဆေးသည် ၁၈ နှစ်အထက်သာထိုးသင့်ပြီး ၄ ပတ်ခြား နှစ်ကြိမ်ထိုးရသည်ကို ကြည့်လျှင်သိနိုင်ပါသည်

-တနည်းပြောရလျှင် ကာကွယ်မှုအပြည့်နီးပါးရဖို့ ပထမအကြိမ်ထိုးပြီးနောက် ၅-၆ ပတ်ကြာသည်ဟူသော အဓိပ္ပါယ်ပင်ဖြစ်ပါသည် ဒါ့ကြောင့် New year မှာ ကာကွယ်ဆေးစတင်ထိုးသူသည် Valentine’s Day မရောက်ခင်အတွင်း အပြည့်အဝ ကာကွယ်မှု မရနိုင်ပါ

(မှတ်ချက်...ကျွန်မတို့မြန်မာနိုင်ငံကို ရောက်ရှိနေသော ကာကွယ်ဆေးသည် Oxford/AstraZeneca ကာကွယ်ဆေးကို မူပိုင်ခွင့်ယူထားသော စက်ရုံ ၃၀ ထဲအနက် အိန္ဒိယ ဆေးကုမ္ပဏီမှ Covishield အမည်ဖြင့် ထုတ်လုပ်ထားသော ကာကွယ်ဆေးဖြစ်ပြီး စိတ်ချရသောကာကွယ်ဆေးဖြစ်ကြောင်း သိစေအပ်ပါသည်)
ကျန်အချက် ၃ ချက်ကို အပိုင်း ၂ အဖြစ်ဆက်လက်ရေးပါမည် စောင့်မျှော်ဖတ်ရှုပါရန် ....

ပုံ Credit; USA Today

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 690 , Grd Floor , Thu Mana ( 4 ) Th Street , Section ( 16/4 ) , Thingangyun Tsp
Yangon
149274

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00