Dr. D
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. D, Health/Beauty, Yangon.
30/07/2021
Test က Negative. .စစ်မှ အဆုတ်တခြမ်းထိသွားတယ်ဆိုတော့😭😭😭😭
Test စစ် ရင်လည်းNegative
XRay မှာ ပဲ ပေါ်မယ် ဆိုရင်တော့
ကိုဗစ်ရေ နင်ရှိ မရှိကို နင်နဲ့ ဘုရား ပဲသိတော့ မယ် 😭😭😭
Lastest ပိုးပါ 😅😅 အနံ့မပျောက် ချောင်းမဆိုး
😢ဗီဇပြောင်းပြန်ပြီတဲ့ 😢
အရေးပေါ်သတိပေးချက်
Covid-Deltaမျိုးစိတ်အသစ်ကိုကာကွယ်နိုင်ရန်Maskနှစ်ထပ်တပ်ဆင်ပါ။
Covid-Delta သည်ကွဲပြားခြားနားစွာ အသက်အန္တရာယ်ရှိပြီး စမ်းသပ်လို့မရနိုင်သောလက္ခဏာရှိသည်။
Covid-Delta virus၏လက္ခဏာအသစ်မှာ ချောင်းမဆိုး မဖျားပါ။
ဖြစ်တတ်သည်မှာ
အဆစ်အမြစ်နာခြင်း၊ခေါင်းကိုက်ခြင်း၊လည်ချောင်းနာခြင်း၊နောက်ကျောနာခြင်း၊အဆုတ်ရောင်ရောဂါ(နမိုးနီးယား)၊အားနည်းခြင်း၊အစာစားချင်စိတ်လျော့နည်းခြင်းတို့ဖြစ်ပါသည်။
မျိုးစိတ်သစ်Covid-Deltaသည်ကူးစက်ပိုမြန်ပြီး သေနှုန်းမြင့်မားပါသည်။
အချိန်တိုတွင်းရောဂါပြင်းထန်ပြီး တခါတရံလက္ခဏာမပြပါ။
သို့ပါ၍ ပိုပြီးဂရုစိုက်ကြပါ။
ပိုးသည်အာရုံခံအပိုင်းများတွင်မရှိနေပဲ အဆုတ်ကိုတိုက်ရိုက်ထိခိုက်စေပါသည်။
နာကျင်မှုမရှိပဲ အဖျားမရှိတဲ့ပိုးတွေ့လူနာများကိုတွေ့ခဲ့ပါသည်။သို့သော် X-rayရိုက်ကြည့်မှသာနမိုးနီးယားအပျော့စားတွေ့ရှိရသည်။
နှာခေါင်းတို့ဖတ်ယူခြင်းသည် Covid-Delta result ကိုNegativeသာအပြများပြီးNegativeအမှားများနှာခေါင်းတို့ဖတ်တွင်ပိုများလာသည်။
၎င်းမှာVirusပိုးသည်အဆုတ်သို့တိုက်ရိုက်ရောက်ရှိသွားပြီးအဆုတ်ယောင်ရောဂါကြောင့်ဖြစ်သော အသက်ရှူရခက်ခြင်းကိုဖြစ်ပေါ်စေသည်။
ယခုလိုရှင်းပြရခြင်းမှာပိုးသည်ပို၍ပြန့်နှံ့မြန်လာပြီးသေနှုန်းများလာခြင်းကြောင့်ဖြစ်သည်။
ပိုပြီးဂရုစိုက်ကြပါ၊ လူစုလူဝေးများရှောင်ရှားပါ၊ လေဝင်လေထွက်ကောင်းသောနေရာတွင်ပင်1.5mအကွာတွင်နေပါ၊ maskနှစ်ထပ်တပ်ပါ၊ လက်ကိုမကြာခဏဆေးပါ၊(ချောင်းဆိုးခြင်း၊နှာညှစ်ခြင်းများပြုလုပ်ပြီးတိုင်းလက်ဆေးပါ)။
ယခုလှိုင်းဟာ ပထမလှိုင်းထက်စာလျှင်သေနှုန်းပိုများပါသည်။ ဒါကြောင့်ပိုမိုဂရုစိုက်ပြီး ကြိုတင်ကာကွယ်ထားကြရန်လိုအပ်ပါသည်။
သင့်မိသားစုနဲ့သူငယ်ချင်းများကိုလဲ ပြန်လည်ဝေမျှပေးပါ။
သင့်အတွက်ပဲဒီမက်ဆေ့ကိုသိမ်းမထားပါနဲ့ သင့်မိသားစုနှင့်နီးစပ်ရာမိတ်ဆွေများကိုတတ်နိုင်သလောက်မျှဝေပေးပါ။
Crd #
https://www.lung.org/blog/covid-19-delta-variant
25/07/2021
#လိုအပ်သူများအတွက်ပါ
ုန်ပါပြီ
Fingertip Oximeter လေးတွေ ၁ခု ၁၈၀၀၀ကျပ်ပါ။
လက်ရှိ ၄၇ခု ကျန်ပါတယ်။
ကျေးဇူးပြု၍ (Cash) ငွေသားဖြင့်သာပေးချေပေးပါ။ အမြတ် ၁ကျပ်မှ မယူထားလို့ပါခင်ဗျ။
နောက် ၁ပတ်လောက်အတွင်း ၅ထောင်လောက်ဈေးကျဖို့ရှိလို့ အရေးမကြီးရင် မဝယ်ပဲစောင့်လိုက်ပါ။
- - - - - - - - ///- - - - - - - -
Zaw Zaw Mobile
Brand New & Second Hand
🛣️ အမှတ် ၄၃၂၊ သိမ်ဖြူလမ်းမကြီး၊ မင်္ဂလာတောင်ညွန့်၊ ရန်ကုန်။
(မြန်မာဂုဏ်ရည်လမ်းနှင့် ဗိုလ်မင်းရောင် လမ်းကြား၊ သိမ်ဖြူဈေး ကားမှတ်တိုင်အနီး)
Call, Viber & Telegram :
09777777735, 09666666635
23/07/2021
အရည်အသွေးကောင်း 4Layers 94 Mask များ Instock ပါ
အဖြူရောင် နှင့် အနက်ရောင် ရပါမည်။
1ထုတ်ဈေးနှုန်း = 1900
5ထုတ်ဈေးနှုန်း = 1800
#ဖာလိုက်လက်ကားဈေး_ChatBox
(1ထုတ်တွင် = ၁၀ခုပါ ပါသည်)
📲 𝐏𝐇 : 𝟎𝟗𝟕𝟗𝟓𝟗𝟕𝟗𝟒𝟗𝟑 (YGN)
ရန်ကုန်ကပို့ပေးတာဖြစ်လို့ ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေပါ။ နယ်မြို့များ ငွေကြိုလွှဲရပြီး ဂိတ်များမှ ပို့ဆောင်ပေးပါသည်။ KPAY KBZ CB AYA 𝐌𝐨𝐛𝐢𝐥𝐞 𝐁𝐚𝐧𝐤𝐢𝐧𝐠 များဖြင့် ငွေပေးချေနိုင်ပါသည်။
23/07/2021
ငါကရိုးရိုးဖျားတာပါ ဆိုတဲ့သူတွေ
ဝန်ခံပါ
ပါတ်မပြေးပါနဲ့ 😔
ရာသီတုပ်ကွေး နဲ့ ကိုဗစ်မှာ
ဖြစ်ပွားပုံအဆင့်ဆင့်ဟာ 80% လောက်တူပါတယ်
ကိုဗစ်မှန်းသေခြာပြီ အနံ့ပျောက်ပြီ O2 ကျပြီဆိုကာမှ ကိုဗစ်ဆိုတာ စ ကွဲ ပြားတာပါ
အဲ့ကျမှ စ ကုမယ် စ ပြီးဆင်ခြင်မယ်ဆိုရင်
အချိန် 7 ရက်ကနေ 14 ရက်လောက် ပုပ်ပြီးသွားပါပြီ
ယေဘူယျပြောရ ရင် အပျောက်အရှ များနေတဲ့ အကြောင်းရင်းက အဲ့တာပါ
😒
ရာသီတုပ်ကွေးကိုကိုဗစ်ထင်ပြီးတော့Isolateလုပ်မိမယ်
အားဖြည့်စာတွေစားမယ် အိပ်မယ် နားမယ်
အစားတွေ မဝင်ဝင်အောင်ဖိစားမယ်ဆို
ဘာအကျိုးယုတ်သွားမှာမို့လို့လဲ_ဘာမှအကျိုးမယုတ်ပါဘူး 😊
ကိုဗစ်ကိုရာသီတုပ်ကွေးလို့ယူဆပြီးခပ်ပေါ့ပေါ့နေမိမယ်ဆိုရင်တော့
- အချိန်တွေ လွန်သွား ပုပ်သွားမယ်
- Treatment လုပ်ဖို့ နောက်ကျသွားမယ်
- မိမိ မိသားစုကို ကူးစက်သွားလောက်ပြီ
- မိမိ ပါတ်ဝန်းကျင်ကို ဖြန့်ဝေမိသွားပြီ
ဘာများကောင်းကျိုးရှိမလဲ 😔
ဒါ့ကြောင့်
စဖျားတာနဲ့ငါကိုဗစ်ဖြစ်နေပြီလို့တွေးပါယူဆပါ
ကိုဗစ်ဖြစ်ခဲ့သော်ဆိုတဲ့procedureကိုလုပ်ပါတော့
ငွေဆိုတာ ပြန်ရှာလို့ရတယ် ရွှေဆိုတာ ပြန်ဝယ်လို့ရတယ် ခုနေ ရှိသမျှ အစွမ်းကုန်သုံးပြီး အားဖြစ်အောင်စားပါ
နားကပ်ဖြုတ်ရောင်းရ ရောင်းရ
ဆွဲကြိုးချွတ် ပေါင်ရပေါင်ရ ဖြစ်အောင်လုပ်ပါ
အားရှိတာ အကုန်ကျွေး ထ စားပြီးတာနဲ့ အိပ်ခိုင်းပါ
မအိပ်ရင် ကလေးတွေလို ရိုက်သိပ်ပါ
ကိုဗစ် ဖြစ်နေလဲ အနိုင်တိုက်နိုင်ပါတယ်
လက်ဦးမှုရယူပါ
သင် ဘာကိုစောင့်နေတာလဲ
အနံ့မပျောက်သေးလို့လား
O2 မကျသေးလို့လား
မစောင့်ပါနဲ့ အချိန်မလင့်ခင် လက်ခံပါ
ရဲရဲ ရင်ဆိုင်ပါ
အနိုင်တိုက်ပါ
Credit
23/07/2021
KF94 Mask
အဖြူရောင် နှင့် အနက်ရောင် ရပါမည်။
1ထုတ်ဈေးနှုန်း = 1900
5ထုတ်ဈေးနှုန်း = 1800
#ဖာလိုက်လက်ကားဈေး_ChatBox
(1ထုတ်တွင် = ၁၀ခုပါ ပါသည်)
📲 𝐏𝐇 : 𝟎𝟗𝟕𝟗𝟓𝟗𝟕𝟗𝟒𝟗𝟑 (YGN)
ရန်ကုန်ကပို့ပေးတာဖြစ်လို့ ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေပါ။ နယ်မြို့များ ငွေကြိုလွှဲရပြီး ဂိတ်များမှ ပို့ဆောင်ပေးပါသည်။ ကြိုက်နှစ်သက်ရာ 𝐌𝐨𝐛𝐢𝐥𝐞 𝐁𝐚𝐧𝐤𝐢𝐧𝐠 ဖြင့် ငွေပေးချေနိုင်ပါသည်။
23/07/2021
ကိုဗစ်ပိုးက စကားပြောရင်းထွက်လာတဲ့ တံတွေးအာငွေ့တွေထဲမှာပါလာနိုင်ပါတယ်။
ကိုဗစ်နည်းလမ်းနှစ်မျိုးနဲ့ ကူးပါတယ်။
နည်းလမ်း(၁)က စကားပြောရင်း ထွက်ကျလာတဲ့တံတွေးတွေစင်ထားတဲ့ ပစ္စည်းတွေကိုထိကိုင်မိမယ်၊ ကိုင်ထားတဲ့ လက်နဲ့ နှာခေါင်းပါးစပ်ကို ပြန်တို့ထိမိတဲ့အခါ ကူးစက်ပါတယ်။ လက်ဖြင့်ကိုယ်တွယ်ခြင်းက တဆင့်ခံကူးတာဖြစ်ပြီး စားသောက်လို့ကူးတာမဟုတ်ပါဘူး။ နည်းလမ်း(၁)အရ မြန်မာပြည်ကစျေးသည်တွေ မာစ်လေးမေးချိတ်ပြီး အာပြဲနဲ့အော်ရောင်းနေပုံနဲ့ဆို သူတို့ရောင်းချတဲ့ ပစ္စည်းတွေပေါ်မှာ တံတွေးတွေစင်မှာတော့ အမှန်ပါ။
ဒါကြောင့် နည်းလမ်း(၁) ကိုကာကွယ်ဖို့ ဟင်းသီးဟင်းရွက် စားစရာ ဘုရားပန်း စတွေကို ရေများများနဲ့ သေချာဆေးကြောပါ။ အစားအသောက်တွေကို ပိုးသတ်ဆေးတွေ အရက်ပြန်တွေနဲ့ ဆေးလို့မရပါဘူး၊ ပိုးရှိနေတဲ့ဟင်းရွက်သားငါးများကို စားသောက်လို့ ပိုးမကူးပါ၊ ကိုင်တွယ်ပြီး လက်နဲ့ မျက်စိနှာခေါင်းကို ထိမိပါက ကူးနိုင်ပါတယ်၊ ဟင်းရွက်သားငါးများကို ချက်ပြုတ်လိုက်ရင်လည်း ပိုးကသေပါတယ်။ ဒါကြောင့် ဟင်းရွက်သားငါး ကိုင်တဲ့လက်ကို သေချာဆေးပါ။ စျေးကပြန်လာရင် ကိုယ်လက်သန့်ရှင်းရေး စနစ်တကျလုပ်ပါ၊ စျေးခြင်းတောင်း ထုတ်ပိုးထားတဲ့အိပ်တွေနဲ့ ပိုက်ဆံအိပ်တွေကို သေချာသန့်ရှင်းပေးပါ။
နည်းလမ်း(၂) ကူးစက်နည်းက ပိုးရှိသူစကားပြောလိုက်တဲ့အခါထွက်လာတဲ့ တံတွေးအမူန်လေးတွေ အာငွေ့တွေကို တိုက်ရိုက်လေထဲက ရှူရှိုက်မိလိုက်ရင် ကိုဗစ်ပိုးတွေပါ ဝင်လာပြီး ကူးနိုင်ပါတယ်။
နည်းလမ်း(၂)ကိုကာကွယ်ဖို့ စျေးသွားတိုင်း မာစ်ဝတ်ပါ။ ခပ်ခွါခွါနေပါ၊ ခွါနေရင် ပိုးပါတဲ့အာငွေ့တွေကို တိုက်ရိုက် မရှုမိနိုင်ပါဘူး။ လူများတဲ့နေရာတွေ လူကျပ်တဲ့ စျေးတွေကိုရှောင်ပါ၊ မရှောင်နိုင်ရင် စျေးဝယ်တဲ့ အကြိမ်အရေအတွက်ကိုလျှော့ချပါ။ တတ်နိုင်သမျှ အွန်လိုင်းကမှာပါ။ လမ်းထဲလာရောင်းတဲ့ စျေးသည်တွေဆီက ဝယ်ပါ။
လမ်းဘေးအစားအသောက် ပြင်ပအစားအစာမစားကြပါနဲ့ ။အိမ်မှာသာ သန့်ရှင်းစွာ ချက်ပြုတ်စားသောက်ပါ။
Credit
23/07/2021
🌕 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🌕
••••••••••••••••••••••••••••••••••
ယနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ဝါဆိုလပြည့်နေ့ ဖြစ်ပါတယ်။
ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ
……………………………………………………
ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ
သန္ဓေ တောထွက် ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို တဲ့
ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော
ဝါဆိုလပြည့်နေ့
( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား
ပဋိသန္ဓေ နေသောနေ့
( ၂ ) ဘုရားလောင်း တောထွက်
တော်မူသောနေ့
( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ
စတင်ဟောတော်မူသောနေ့
( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့
( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့
( ၆ ) တရားရတနာ စတင်ပေါ်သောနေ့
( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့
( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
ကူးပြောင်းခွင့်ကြုံသောနေ့
( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
စတင်ကြားရသောနေ့
ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်
~~~~~~~~~~~~~~~~~~~~~
ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့
စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း
တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု
ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတ
ဉာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်
မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏
လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကို
တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။
ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဉာဏ် ဣန္ဒြိယပ
ရောပရိယဉာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။
ပထမဦးစွာဈာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့
ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီး
ဖြစ်သည် ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို
မြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်
လွန်ခဲ့ပြီဖြစ်၏။
ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား
တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။
ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်
သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ
သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။
ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့
ခရီးဆက်တော်မူလေသည်။
အစားနည်းသောအကျင့်မှ များသောအကျင့်သို့
ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု
ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်း
အား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့
ရောက်ခဲ့ ကြလေသည်။
မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏
ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင်
အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်
ပင်ဝင်လာတော်မူ၏။
ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်
ကြည်ညိုဖွယ်ရှိ၏ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီး
ဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။
အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏
ဆည်းဆာညချမ်း ဖြစ်သည်။
သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်
ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည်
ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်
ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်
တော်မူုလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်
သံ အစတည်း။
ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်
ထို့ပြင် သဒ္ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများ
ဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏
နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။
ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူ
ကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်
တည်းတိုက်တွန်း၏ သို့သော်မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။
ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကို
ဟောကြားတော်မူလေသည် ထိုတရားတော်၏
အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ
အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌
တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။
ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌
အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ
တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။
ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်
ကြလေသည်။ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင်
မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကို
ဟောကြားတော်မူခဲ့သည်။
ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်
ထိုနေ့ကို လည်း '' ရဟန္တာ '' ဟု ဗုဒ္ဓဘာသာဝင်တို့
သတ်မှတ်ယူကြကုန်သည်။
ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား
သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ '' ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌာတု
Credits
ယနေ့မှစ၍ မြန်မာပြည်သူပြည်သား၊ ကမ္ဘာပြည်သူပြည်သားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ရောဂါဘယများ ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏🏻🙏🏻🙏🏻🙏🏻🙏🏻
22/07/2021
အခု က Covid သက်သာပြီးမှ အသက်အန္တရာယ် ထိခိုက်ကြတာတွေ တွေ့နေရလို့ပါ
အဆုတ်ထဲ မှာ ပိုး ကျန် ပြီး
လွယ်လွယ်မထွက်သွားပါဘူးနော်
နှစ်နဲ့ ချီ ဒုက္ခပေးနိုင်ပါတယ်
🚨🚨🚨 ကိုဗစ်ဖြစ်ပြီး ထပ်စစ်လို့ Negative ဖြစ်တယ်ဆိုတာ ကိုဗစ်ပိုးမရှိတော့တာကိုပဲ ပြောတာ။
အဆုတ်ယောင်တာကနဂိုပုံမှန် အတိုင်းပြန်ဖြစ်သွားတာမဟုတ်ဘူး။
နောက်ပြီး ကိုဗစ်ပိုးနဲ့ကိုယ်ခံအားတိုက်ပြီး ထွက်ထားတဲ့ ယောင်ယမ်းစေတဲ့ဓါတ်တွေလဲ အကုန်ကုန်မသွားသေးဘူး။
ကိုယ်ခံအားလဲချက်ချင်းအပြည့်အဝမထွက်သေးဘူး။
အဲ့ချိန်မှာပင်ပင်ပန်းပန်းအလုပ်တွေ ပြန်လုပ်ရင်
အောက်စီဂျင်ကျပြီး အသက်အန္တရယ်ဖြစ်နိုင်လို့
သတိထားကြပါ။
22/07/2021
ဆေးကုမဏီမှာ15နှစ်လုပ်လာပြီး မန်းလေးမှာဆေးဆိုင်ဖွင့်ထားသူမို့ မနေနိူင်မထိုင်နိူင်လျှာရှည်ပါရစေနော်
စာဖတိပြီးဝယ်ပေးပါ ပါဝင်တဲ့အာနိသင်တူရင်ဝယ်သာသောက်ပါ
မူရင်းစာရေးသူ ပို့စ်ကို အနည်းငယ် ဖြည့်ထားပါသည် ။
Biogesic Paracetamol 500 mg ပါတယ်
ဒီဆေးတွေမှာလည်း paracetamol 500 mg ပါပါတယ်
1.LenSen
2.Paracap အစိမ်းရောင်
3. Para-denk
4. Tylenol
စသဖြင့် brand ပေါင်းများစွာရှိပါတယ် အဆင်ပြေတာ ဝယ်သောက်လို့ရပါတယ်
Decolgen /Fluza / Mixagrip တို့ ဆိုတာကလည်း ပါရာစီတမောနဲ့ ဘာမီတွန်ကို အခြေခံထားတာပါဘဲ
Alaxan ( Ibuprofen + paracetamol)
Gofen (Ibuprofen) စတာတွေဟာလည်း pain killer တွေပါ
1.Becozinc မှာ Vitamin B complex ရယ် Zinc 54.93 mg ရယ် Vitamin C 150 mg ပါတယ်
2.Enervon C မှာ Vitamin B complex နဲ့ Vitamin C 500 mg ပါ ပါတယ်
3. Ascozin မှာ Vitamin C 500 mg နဲ့ Zinc 15 mg ပါ ပါတယ်
Enervon C / Vitacee / Vicee / Net C အားလုံးဟာ vitamin C 500 mg ပါတာတူတူပါ တမျိုးသောက်ရင်ရပါတယ်
ချောင်းဆိုးပျောက်ဆေးကလည်း Solmux တစ်ခုပဲရှိတာမဟုတ်ပါဘူး
Atussin/Contus/Woods / Cherry cough/ Ascoril/ Solvin / Bronchest
ကြိုက်တာဝယ်လို့ရတယ် ပါဝင်ပစ္စည်းတွေက မတိမ်းမယိမ်းတွေပါ
တစ်ခြား Brand တွေလည်းရှိပါသေးတယ်
Covid ဖြစ်ရင် ဒါတွေသောက်ဆိုပြီး brand name တွေတပ် FB မှာ share မလိုအပ်ဘဲ စျေးကွက်ထဲက မသမာသူတွေက ပစ္စည်းပျက်တယ်လုပ် စျေးတွေ အဆမတန်တင်ရောင်း လူတွေက လုဝယ် 😩
ခေတ်ပျက်ကြီး ပြည်ပျက်ကြီးမှာ မလုပ်ကြပါနဲ့ မလုပ်ကောင်းပါဘူး 😪
ကြားရတဲ့သတင်းတွေက မျိုးစုံလို့ Remidisivir လိုဆေးမျိုးကို ရွာက ပိုက်ဆံရှိတဲ့ သူဌေးချွေးမက လိုင်းကနေသွင်းပြီး covid ပျောက်ဆေးဆိုပြီး nurse ခေါ်ထိုးခိုင်းတယ် အဲ့ nurse က တရက်ကို သိန်းချီဝင်တယ်ဆိုဘဲ 😓
ကိုယ်ဆိုသည်မှာ ဆေးနဲ့ ပတ်သတ်လာရင် မစမ်းစမ်းတင့်
ဆိုတော့ မနေနိုင်ပြောမိပါပြီ 🥴
မနက်မိုးလင်းရင်တော့
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ တဲ့လား 😔
တရားကျစရာ ကောင်းတဲ့ ဤနိုင်ငံ
အမေစု ပြောသလို ဒီလိုတွေလုပ်လို့ ဦးဇော်ဇော်လို ချမ်းသာသွားကြမယ်ဆို လုပ်ကြပါလေ 😔
Crd
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |