Wint War By Shwe Mann Thu

Wint War By Shwe Mann Thu

Share

�ဝင့်ဝါ� အူရှင်းဗိုက်ချပ် အဆီကျ ညသေ?

Photos from Wint War By Shwe Mann Thu's post 06/06/2023

😱😱ကြွေစမ်းကွာ to me✨✨

🤎🤎ခုလ်ို ဝင့်ဝါဓာတ်ဗူးလေး ၂ဗူး ပိုင်ဆိုင်ထားတဲ့အပြင် #ရွှေဆွဲကြိုးပါ ပိုင်ဆိုင်ထားပီ👏👏👏

🤎💛အခုလ်ို အပိုဆုတေ ပိုင်ဆိုင်နိုင်တယ်ဆိုတာ ကျနော်ကိုယ်တိုင်ရော ကျနော့ မိသားစုကြီးပါ တက်ညီလက်ညီ ကြိုးစားကြလို့ဘဲ ဖြစ်ပါတယ်👏👏👏👏

🤎💛အရမ်းးးးတော်သော Myteam ကြီးရေ နောက်ထပ် ရွှေဆွဲကြိုးတေ အတူတူထပ်မံ သိမ်းပိုက်ကြမယ်နော့ 👌💪💪

#ပြည်တွင်းထုတ်မို့ဂုဏ်ယူစွာလက်တွဲသည်🤝🤝

Photos from Wint War By Shwe Mann Thu's post 06/06/2023

တခါသောက် တထုတ်တဲ့ အယ်နေရောဘဲ😋😋

၁၀ထုတ်ပါ ၁ပါကင် 💵 ၉၉၀၀/-
📲09 43153772, 959 090 325

#ပြည်တွင်းဖြစ်ကိုအားပေးပါ

23/08/2022

ပိုက်ဆံရှာရတာကလွယ်ပါတယ်

ဘယ်အရာခက်လဲဆိုတော့

✅ပိုက်ဆံကိုထိန်သိမ်းတာ
✅ကိုယ့်ကိုယ်ကိုနှိမ့်ချတာ
✅အားတင်းပြီးဆက်တိုက်လုပ်တာ
✅ကိုယ့်ကိုယ်ကိုဒီထက်ပိုပြီးတန်ဖိုးရှိတယ်လို့ယုံကြည်တာ
✅အမြဲမပြတ် လေ့လာသင်ယူတာ
✅အိမ်မက်အကြီးကြီးမက်ရဲတာ
✅မကောင်းတဲ့အကျင့်ဖျောက်တာ
✅ကောင်းတဲ့အကျင့်မွေးတာ

ပိုက်ဆံတော့ရှာတတ်တယ်
ဒီအရာတွေကို လွယ်ကူတဲ့ကိစ္စဖြစ်အောင်မလုပ်နိုင်ရင်
လည်း
သင်တိုးတက်အောင်မြင်ဖို့ ခက်ခဲနေပါဦးမယ်နော်

Fighting All 💪💪

12/08/2022

❝ #အမေချစ်တာ_အဖေမမှီဘူးလား ❞


❀အဖေကကြမ်း ၊ အမေနမ်းတော့
အမေ့ကို.. ချစ်တာပေါ့...
အဖေဆူ ၊ အမေက...ချော့တော့
အမေ့ကို .. ချစ်မှာပေါ့...

❀အဖေကအဝေး ၊ အမေထွေးတော့
အမေ့ကို... ချစ်မှာပေါ့....
အဖေကရုန်းရ ၊ အမေကပြုံးပြတော့
အမေ့ကို.. ချစ်တာပေါ့....

❀အဖေကငွေရှာ ၊ အမေကဆင်ရှာတော့
အမေ့ကို ချစ်မှာပေါ့....
အဖေကချွေးပြို ၊ အမေကတေးဆိုတော့
အမေ့ကို .. ချစ်တာပေါ့....

❀အဖေကမထွေး ၊ အမေကကျွေးတော့
အမေ့ကို.. ချစ်ကြတာပေါ့....
အမေကမကြိုက် ၊ အဖေကရိုက်တော့
အဖေ့ကို... မုန်းတာပေါ့....

❀အမေ့ပါးမှာက. နံ့သာ
အဖေ့ပါးမှာ... နေလောင်ရာ
အဖေ့ပါးပြင်..ထက်
အမေ့ပါးကို.... နမ်း
ပိုချစ်ကြတာ မဆန်းပေမဲ့....

❀ချစ်မေတ္တာက အတူတူ
အမေချစ်တာ... အဖေ
မမှီဘူးတဲ့လား..?

❀ဆန်အိုးထဲက..ဆန်
ဂလုံမဆန်အောင် ၊ အပြည့်ထည့်
ဝမ်းစာရတက်မပွေ..
စားမခက်လေအောင်..
အဖေ့မေတ္တာလက်နဲ့ ကြံဆောင်ထား
ဆန်အိုးထဲက ဆန်းများပါ
သားရယ်....

❀ဆီပုလင်းထဲ...ဆီ
အဲ့ဒီမှာ...
အဖေ့ချွေးစက်တွေက...အစီအရီပါ..
ဘယ်ပန်းချီ ၊ မိုးပြိုကျ
ဥံဖွဆိုပြီး...
ရောက်လာတာမဟုတ်ဘူးလေ..
ဆီတစ်စက် ... အလိုကျ
အဖေ့.. ချွေးစက်တွေက
ရင်းရခဲ့တာပေါ့...သမီးရယ်...

❀အမေဆင်တဲ့ ၊ အဝတ်အစား
အဖေ့ခွန်းအားကို... အရင်းထိုင်
ချည်တိုင်လက်နဲ့ ၊ သဒ္ဒါစက်ကိုတွဲ
အဖေ့..ချွေးနဲ့ ယက်တဲ့
အဖေ့အကြင်နာ အခက်တွေပေါ့...

❀ အဖေဆူတဲ့ ဒေါသ
ခဏတာတော့... မောကြမှာပေါ့
ရင့်ကျက်လာတဲ့ ..တစ်နေ့
အဖေ့မေတ္တာ ..အရိပ်အငွေ့
မင်းတို့တတွေ...ပြန်တွေ့ကြမှာပါ...။

❀အဖေရိုက်တဲ့ လက်ဖဝါး
မင်းတို့အသည်း.. မနာပါနဲ့
တစၻဝစာ... လိမၼာဖို့
ခဏတာ နာကျင်စေမှူ့ မပါတဲ့
ဆန္ဒတွေအစား
အေဖတို့ရဲ့ ....
ကရုဏာတရားတွေပါ...။

❀ အဖေမပေးနိုင်တဲ့.. မေတ္တာ
အဖေမပေးနိုင်တဲ့... နွေးထွေးမှု
အဖေမပေးနိုင်တဲ့...
ဖြည့်ဆည်းမှုတွေ
အမေ´ပေးတယ်လေ...
အဲဒီမှာတင်....
အဖေ့မေတ္တာကရှုံးနေပါပြီ ...

❀ပြုံးနေတဲ့သား... မျက်နှာ
လှ နေတဲ့ သမီး.. ကညာ
ဟိုးအဝေးက ... ခိုးကြည့်
မင်းတို့ မသိခဲ့ပါဘူး.... ..

❀ပျော်နေတဲ့ ... သားမျက်နှာ
ကျေနပ်နေတဲ့ ...သမီးကညာ
အိမ့်ထောင့် ၊ တစ်နေရာကလေ...
အဖေ့မျက်နှာ .. ပြုံးစိစိ
ဒါကို...မင်းတို့မသိကြပါဘူး...

❀အိပ်ပျော်နေတဲ့... သားမျက်နှာ
နံ့သာတင်ထားတဲ့.. သမီးမျက်နှာ
ခြေရင်းမှာ... ငူငူရပ်
အပြောမတတ် ၊ စကားမချို
မျက်လုံးချိုချို ၊ သကာကိုချ
အဖေတဝကြီး ... ခိုးကြည့်
ဒါကို..မင်းတို့မသိကြပါဘူးလေ...

❀လိုချင်တာရ ၊ ရှာတာချလို့
ခါးတွေလည်းလှ ၊ ဝမ်းတွေဝရင်လေ
ငါ့ဖို့ဆိုတာ...နောက်ထား
ဖိနပ်... ပါးလို့ အမြီးတို
ချွေးဆိုဆို ၊ နေပူ.ကျဲ
လျှောက်ရဲခဲ့တာ..အဖေပါ....

❀ မိုးပြိုလို့ တိမ်အောက်
ဆင်းရဲခြင်း ဇောက်နက်နက်ထက်
မိုးပေါက် ကြီးကြီးတွေကိုလည်း
ဒူးမထောက် ၊ လက်မမြောက်
အဖေ... မကြောက်ခဲ့ပါဘူး...

❀သားသမီးအတွက် ..ဆိုရင်လေ
ကိုယ့်ဘဝကို... နင်းခြေ
အသည်းကြွေကာ ၊ ဘဝတွေဆုံး
ခန္ဒာတုံးလည်း ၊ အချစ်မပြယ်..
အသက်ဆုံးလည်း ၊ မေတ္တာမပြယ်...

❀လောကဓံကို.....ဖက်တွယ်ရင်းနဲ့
ဆင်းရဲခြင်းကို အံတု
အဖေ့မေတ္တာ ၊ အစုစုကို
မင်းတို့ နားလည်တဲ့တစ်နေ့...

❀နောင်တ.. တကွေ့ .
နောင်မှ....မတွေ့အောင်...
အဖေ့ရင်ထဲက....စကား
အဖေများရဲ့ ...မေတ္တာအများ
အဖေများရဲ့...ကရုဏာတရား

❀မချစ်ချင်ရင်တော့နေပါ..သားရယ်
မခင်ချင်ရင်တော့...နေပါသမီးရယ်
အဖေ့များကိုတော့...
မမုန်းကြပါနဲ့လို့...

❀မှန်သောသစ္စာ ၊ ဖမေတ္တာကို
ဖော်ကာနှိုင်းစု ၊ မရတုသည်
များခုလိမ္မာ ၊ သိနိုင်ပါစေ
သိကြားစေကြား သိစေသား..

~ အရှင်သီလာစာရ (ဘဝအလင်းရောင်)


~❃ ~ မိဘများမေတ္တာကို ~❃~
အထူးသိတတ် ၊ ပြန်ဆပ်နိုင်ကြပါစေ ...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

❃ အဖေဆိုတာ..နေ
အ မေ ဆိုတာ..လ
မေတ္တာမျှတာခြင်း အတူတူ
ဘယ်သူက... ပိုသူ
ဘယ်သူက..လိုသူ
မရှိရိုးထုံးစံ ၊ ဖြစ်အမှန်မို့....

❃ အဖြစ်ခြင်း...မတူပေမဲ့
သားသမီးတွေ...အတွက်ဆို
စစ်ခင်းရဲတာခြင်း.....အတူတူ
ချစ်ကြတာခြင်းကလည်... အတူတူ...
မမုန်းကြတာလည်း ..အတူတူပါပဲ....

~~~ ရွှင်လန်းချမ်းမြေ့
သာယာပျော်ရွင်ကြပါစေ ~~~
📘Credit Original Writer
မူရင်းရေးသားသူအားလေးစားစွာဖြင့်
Credit
ယဥျယဥျ

02/08/2022

ဒီမနက် စျေးထဲရောက်တုန်း ကြက်ဥဆိုင်လေး
ခဏဝင် ကြက်ဥဝယ်တုန်း
မိန်းမသားတစ်ယောက်
ပိုက်ဆံ ၂၀၀ တန် လေးလေးရွက်ကိုင်ပြီး ဆိုင်ထဲဝင်လာတယ်
ကြက်ဥ တစ်လုံး ဘယ်လောက်လဲ တဲ့
တစ်လုံးချင်းဆို ၂၅၀ တဲ့ ဆိုင်ရှင်က ပြန်ဖြေလိုက်တယ်
ပိုက်ဆံလေးကို ကြည့်ရင်း ဆိုင်ထဲက ပြန်ထွက်သွားတယ်
နောက်တစ်ခေါက် ပြန်ရောက်လာတယ်
အကွဲ ရှိလားတဲ့ …. ဆိုင်ရှင်က ပြန်ပြောတယ် မရှိသေးဘူးတဲ့
အဲ့ဒီစကားကြားတော့ ​ေနာ်ထင်တာ ကြက်ဥအောက်ခံတဲ့ ဖွဲရှိလားလို့မေးတယ်ပဲ ထင်တာ … တကယ်တမ်းတော့ ကြက်ဥ အကွဲရှိလား မေးတာ

ခဏနေတော့ အဲ့ဒီအမျိုးသမီးဆိုင်ထဲ ပြန်ဝင်လာတယ် အကွဲလေးရှိရင် ၆၀၀ ဖိုးလောက် ရောင်းပေးပါတဲ့ …
အဲ့အချိန်မှ ဆိုင်က ဟိုအနောက်ကဟာတွေ တစ်လုံး ၁၅၀ နဲ့ရတယ်ဆိုပြီး ကြက်ဥကွဲနေတာတွေ လက်ညိုးထိုးပြလိုက်တော့ … သူအရမ်းပျော်သွားတယ် … အဲ့ဒါ ၆၀၀ ဖိုးပေးပါဆိုပြီး ပြုံးပျော်စွာနဲ့ ဝယ်သွားလေရဲ့ ….

မိဘတွေ အိမ်မှာ ကြက်ဥချည်းပဲချက်လို့ဆိုပြီး အပြစ်မတင်ပါနဲ့ …. ဒီကြက်ဥလေးချက်ဖို့တောင် အနိုင်နိုင်ကြိုးစားနေရတာ ….
အခြေခံလူတန်းစားတွေမှာ ကြက်ဥလေးတောင် အနိုင်နိုင်ဝယ်နေရတာ …


#နော်ဂဲလယ်ထူး (စာပေပရဟိတ)

30/07/2022

ပဌာန်းရွတ်လို့ မြန်မာပြည်ကြီး
ဆင်းရဲတာကနေ မချမ်းသာသွားပါဘူး။
ထီလည်းမပေါက်ပါဘူး။
မြတ်စွာဘုရားဟာ ဖန်ဆင်းရှင် မဟုတ်လို့ပါ။

ပရိတ်တွေ ပဋ္ဌာန်းတွေရော ရွတ်နိုင်သေးလား ရွတ်ပါ..

ပုတီးဘဲ စိပ်နိုင်လား စိပ်ပါ...

တရားပါထိုင်နိုင်သေးလား
ထိုင်လိုက်ပါဦး အလွန်ကိုကောင်းပါတယ်။

တရားလေးလည်း နာပါဦး
သီးသန့် မနာနိုင်ဘူးလား။

မျက်နှာသစ် သွားတိုက်ချိန် အစာစားချိန်
အိမ်အလုပ်လုပ်နေတဲ့အချိန် ဖုန်းလေးနဲ့
ဖွင့်ထားပြီး နာကြည့်ပါ။

နောက်ဆို တရားသံလေးမှ
မကြားရရင် မနေနိုင်
ဖြစ်လာပါလိမ့်မယ်။

ဘာမှမလုပ်ဘဲနဲ့ နေတာထက်စာရင်
ပါးစပ်က ဘုရား တရား သံထွက်နေတာ
မကောင်းဘူးလား။

သူများကို ဆဲနေတာ မဟုတ်တဲ့အတွက်
အလိုလို ကုသိုလ်ရနေတာပါ။

စိတ်ကတော့ လွင့်နေမှာဘဲ
မလွင့်အောင် တဖြေးဖြေး
ကျင့်ယူပါ။

ဘုရားစာတွေ ဗရွတ် ဗရွတ် ရွတ်လို့
ထီပေါက်လား ဆိုတော့ မပေါက်ပါဘူး။
မြတ်စွာဘုရားဟာလည်း
ဖန်ဆင်းရှင် မဟုတ်ပါဘူး။

ဒါပေမဲ့ ဘာရလဲ ဆိုတော့
စိတ်စွမ်းအင် မြင့်တက်လာတာပါ။
ကောင်းမှုကို ပြုလုပ်နေတယ်ဆိုတဲ့ စိတ်ကြောင့်
ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာပြီး
ဘဝမှာ နေပျော်လာပါတယ်။

မကောင်းတာလုပ်ဖို့ တွန့်ဆုတ်လာလို့
ကုသိုလ် အလိုလိုရလာတယ်။

ဘာလေးလုပ်လုပ် အောင်မြင်လာတဲ့အခါ
ငါ့ရဲ့ ကောင်းမှုကြောင့်ဆိုတဲ့ ပီတိရလာသလို
မအောင်မြင်သေးရင်လည်း စိတ်မှာ
ဖြေသိမ့်လာနိုင်ပြီး ရောင့်ရဲလာတဲ့စိတ်ကြောင့်
ဘဝဟာ နေပျော်လာမှာပါ။

အတိတ်ရဲ့ကံကြွေးကို နားလည်နိုင်ပြီး
ဘဝရဲ့အေးချမ်းမှုကို ရပါတယ်။

ဘဝရဲ့အေးချမ်းမှုဟာ ဥစ္စာပစ္စည်းထက်
တန်ဖိုးရှိပါတယ်။

ဘဝရဲ့အေးချမ်းမှုကိုရဖို့ ကောင်းမှုမှန်သမျှ
လုပ်တဲ့နေရာမှာ လူတန်းစားအမျိုးမျိုး
ဖြတ်သန်းရတဲ့ ဘဝအဖုံဖုံကြောင့်
ပြုလုပ်ပုံ ပြုလုပ်နည်း ပူဇော်ပုံ ပူဇော်နည်းတွေ
ကွာတဲ့အခါ ကွာနေမယ်။

အသိတွေ ကွာတန်သလောက် ကွာနေမယ်။

ဒါပေမဲ့ ဦးတည်ချက်က
အကုသိုလ်မလုပ်ဖြစ်တော့ပဲ ကုသိုလ်ရနေဖို့ပါပဲ။

#ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏

#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။🙏

#ကုသိုလ်ကောင်းမှုများကို
မမေ့မလျော့ ပြု နိုင်ကြပါစေ။
🙏🙏🙏🙏🙏🙏🙏

30/07/2022

ငယ်တုန်းက
ပိုက်ဆံမရှိတော့ဘူးလို့
မိဘကိုအမြဲညာတတ်တယ်

ကြီးလာတော့
ပိုက်ဆံရှိသေးတယ်ဆိုပြီး
မိဘကိုအမြဲညာပြန်တယ်

ငယ်တုန်းက
မိဘပိုက်ဆံနဲ့ မိဘက
ပစ္စည်းဝယ်ခိုင်းရင်
ဈေးအမြဲ ပိုပြောတတ်တယ်

ကြီးလာတော့
ကိုယ့်ပိုက်ဆံနဲ့ မိဘကို
ပစ္စည်းဝယ်ပေးတတ်လာတော့
ဈေးအမြဲ လျော့ပြောပြန်တယ်

ငယ်တုန်းက
အခက်အခဲနည်းနည်းမရှိလိုက်နဲ့
ရှိတာနဲ့အိမ်ပြန်ရောက်တာနဲ့ ငိုယိုပြီး
မိဘကိုတိုင်တန်းတတ်တယ်

ကြီးလာတော့
အပြင်မှာအဆင်မပြေလေ
အိမ်ရောက်ရင်ပြုံးလေပဲ

ကိုယ်ကတဖြည်းဖြည်းနဲ့
ရင့်ကျက်လာသော်လည်း
မိဘတွေကျတော့အိုးမင်းရင့်ရော်သွားပြီ

ဖေဖေ နဲ့ မေမေ အသက်ရှည် ကျန်းမာပါစေ။🙏❤

29/07/2022

* လှအောင်နေပါ *

* လောဘ *နဲ့အသက်မရှင်ပါနဲ့
ဖိအားတွေကြောင့်ပင်ပန်းနေမယ်
လှအောင်နေပါ ***

* ဒေါသ *ရိပ်ကိုမခိုပါနဲ့
အရွယ်မတိုင်ခင်အိုမင်းနေမယ်
လှအောင်နေပါ ***

* မောဟ *နဲ့မိတ်ဆွေမဖွဲ့ပါနဲ့
တပ်မက်မှုတွေကြောင့်ပူလောင်နေမယ်
လှအောင်နေပါ **

ဘယ်အရာမဆို
ကိုယ်ယူမှရတာမို့
ယူသမျှ * အကောင်းမြင်စိတ် *လေး
ထည့်ကြည့်ပေါ့
လှစေချင်လို့ပါ *****

🌹🌹🌹🌹🌹

.
နေ့ရက်တိုင်း စိတ်နှလုံး အေးချမ်းပါစေ 🌹🌹🌹

26/07/2022

🌳🌳မနေ့ကလဲ က်ိုယ်တတ်စွမ်းသမျှ လှူဒါန်းမှုပြုခဲ့တယ်🙏🙏🙏

🌳🌳နောင်လဲ ခုထက်ပို လှူဒါန်းနိုင်ဖို့ ကျနော်
ခုထက်ပို ၂ဆ ငွေရှာရမယ်💵💵

🌳🌳ပိုရှာမယ် ပိုသုံးမယ် ပ်ိုလှူမယ်💵💵

🏡🏡အိမ်ထဲနေပီး ငွေရှာနိုင်သလို
🏡🏡အိမ်ထဲနေပီး လှူဒါန်းခွင့်ရလို့

🙏🙏ကျေးဇူးများစွာတင်ပါတယ် ချစ်ရသော များရှင်🙏🙏

24/07/2022

ရယ်မောသံတွေ ပျော်ရွှင်မှုတွေနဲ့ပြည့်နေတဲ့ ဘဝက

သင်ကိုယ်တိုင်ရွေးချယ်တဲ့ဘဝပါ✌️

စိတ်ဖိစီးမှုတွေနဲ့ မပျော်ရွှင်တဲ့ဘဝကလည်း

သင်ကိုယ်တိုင်ရွေးချယ်တဲ့ဘဝပါ✌️

ဘယ်ဘဝကိုရွေးချယ်မလဲ‼️‼️

24/07/2022

ပြသာနာဆိုတာ ၂ မျိုးပဲရှိပါတယ်
ဖြေရှင်းလို့ရတဲ့ပြသာနာနဲ့ ဖြေရှင်းလို့မရတဲ့ပြသာနာ

တစ်ကမ္ဘာလုံးကနိုင်ငံအတော်များများကုန်ဈေးနူန်းတက်တဲ့ပြသာနာကြုံတွေ့နေရပါတယ်
ကိုယ်တစ်ယောက်တည်းကြုံတွေ့နေရတာမဟုတ်ပါဘူး

ဒါကြောင့်ကိုယ်တစ်ယောက်တည်းဖြေရှင်းလို့မရပါဘူး

အချိန်အခါကိုစောင့်ပြီး
အခွင့်အရေးပေါ်လာတာနဲ့ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေအောင် လုပ်ထားဖို့ပဲရှ်ပါတယ်

ပြီးတော့ဖြေရှင်းလို့ရတဲ့ပြသာနာဆိုတာကတော့
ကိုယ့်ရဲ့စိတ်ပဲဖြစ်ပါတယ်

အတားအဆီးလို့မြင်မှာလား?
ကိုယ့်အတွက် စိန်ခေါ်မှု အဖြစ်မြင်မှာလား?

အရူံးပေးမယ်ဆို ရူံးမယ်
အရူံးမပေးဘူးဆို မရူံးဘူး

ကိုယ့်ရဲ့စိတ် ကိုယ့်ရဲ့ ခံယူချက်နဲ့ပဲဆိုင်ပါတယ်‼️

:

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Near Parami Hotel, Parami Road, Mayangone T/S
Yangon