Myanmar Beauty and Cosmetic Guide
အလှအပ နှင့် အကုန်ပစ္စည်းများရဲ့ အသိပညာ ဗဟုသုတများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ Knowledge of beauty and products.
Celebrating my 5th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
28/04/2022
La Mer The Deep Soothing Collection
======
Deep Soothing Collection ကတော့ အသားအရေအတွက် လိုအပ်တဲ့ ရေဓါတ်ကို ပြည့်ဝစွာဖြည့်ပေးတဲ့အပြင် ညစ်နေတဲ့အသားအရေကို ကြည်လက်တောက်ပစေတယ်။ Soothing Effect ပါတာကြောင့် အသားအရေကို ချောမွေ့နေစေပြီ ရေဓာတ်ပြည့်ဝဝနဲ့ ဝက်ခြံ ၊ အဆီဖု နဲ့ အဆီခဲ တွေကို ပျောက်ကင်းသက်သာစေပါတယ်။
PH level ကို ထိန်းညှိပေးလို့ အသားအရည် ယားယံတာတွေ ခြောက်သွေ့ကြမ်းတမ်းနေတာတွေကို သိသိသာသာပျောက်ကင်းစေပြီး အသားအရေ နီမြန်းတာတွေ အနီစက် နဲ့ အနီကွက်တွေကို လည်း ပျောက်ကင်းစေပါတယ်။ .
ဘာသုံးသုံးမတည့်သူတွေ၊ဝက်ခြံသမားတွေနဲ့ပါ အထူးသင့်တော်ပါတယ်။ အချိန်ခဏလေးနဲ့ ရေဓာတ်ပြည့်ဝ စိုပြေကြည်လင် တောက်ပတဲ့ Healthy Skin ကိုပိုင်ဆိုင်စေပါတယ်။ အသားရောင်ကို ညီညာစွာတောက်ပစေပြီး ၊ ချွေးပေါက်ကျဥ်းစေကာ မျက်နှာပေါ်က အဆီခဲ အဆီဖု နှင့် ဝက်ခြံတွေ ရောင်ရမ်းနီစပ်နေတာကိုလည်း သက်သာစေပါတယ်။
စျေးနှုန်းအသေးစိတ်ကိုတော့ Violet Inya Cosmetic Store Page ရဲ့ Chat Box မှ စုံစမ်းနိုင်ပါတယ်ရှင့်....။.....
Online ကနေမှာယူချင်တယ်ဆိုရင်တော့ Phone/Viber 09-420056111 နဲ့ page ရဲ့ Chat Box မှာ မှာယူနိုင်ပါတယ်နော်...😇
....
🏡 ဆိုင်လိပ်စာ- No(18/4-5), Inya Road, Kamayut Township, Yangon.
📱 Phone : 09420056111, 0930333111
✨Opening Hours : 11:00 AM to 6:00 PM
25/04/2022
La Collection Hydratation Eclat
+++++++++
The Radiant Hydratation Eclat က အသားအရေ ရေဓာတ်ပြည့်ဝဖို့အတွက် ဆိုရင် ဆရာတစ်ဆူလို့ပြောလို့ရတဲ့အထိ အသားအရေအတွက် အကောင်းဆုံး ထုတ်ကုန်တစ်မျိုးလည်းဖြစ်ပါတယ်။
La Collection Hydratation Eclat set 3 မျိုးထဲမှာ Treatment Lotion နဲ့ The Revitalizing Hydrating Serum တို့က အသားအရေကို စိုပြေပီ ပျော့အိအိလေးနဲ့ နူးနူးညံ့ညံ့လေးအဖြစ်ပြောင်းလဲပေးပြီ Moisturizing Soft Cream ကတော့ အသားအရေအတွက် မရှိမဖြစ်လိုအပ်တဲ့ တောက်ပမှု နဲ့ အဟာရဓာတ်တွေကို ဖြည့်တင်းပေးပါတယ်။
La Collection Hydratation Eclat set 3 မျိုးလုံးဝယ်ယူသူတိုင်းအတွက် လက်ဆောင်အနေဖြင့် LAMER တံဆိပ်ပါအိတ်တစ်လုံးကိုလည်း လက်ဆောင်ထည့်ပေးမှာပါဖြစ်ပါတယ်။
ပါဝင်ပစ္စည်း ၃ မျိုးကတော့
- The Treatment Lotion 100ml၊
- The Revitalizing Hydrating Serum 30ml နှင့်
- Moisturizing Soft Cream 30ml တို့ ပါဝင်ပါတယ်။
စျေးနှုန်းအသေးစိတ်ကိုတော့ Violet Inya Cosmetic Store Page ရဲ့ Chat Box မှ စုံစမ်းနိုင်ပါတယ်ရှင့်....။.....
Online ကနေမှာယူချင်တယ်ဆိုရင်တော့ Phone/Viber 09-420056111 နဲ့ page ရဲ့ Chat Box မှာ မှာယူနိုင်ပါတယ်နော်...😇....
🏡 ဆိုင်လိပ်စာ- No(18/4-5), Inya Road, Kamayut Township, Yangon.
📱 Phone : 09420056111, 0930333111
✨Opening Hours : 11:00 AM to 6:00 PM
27/01/2021
"moisturizer အကြောင်း စနစ်တကျ လေ့လာရအောင်"
…………………………………………………………………………
Moisturizer ဆိုတာ အစိုဓာတ်ထိန်းဆေးဖြစ်တယ်။ အစိုဓာတ်ထိန်းတာ မှန်သမျှ moisturizer ထဲပါတယ်။ ဒါ့ကြောင့် ကပ်သီးကပ်ဖဲ့ပြောရင် serum, essence, ampoule တွေကိုလည်း moisturizer ထဲထည့်လို့ရတယ်။ မြန်မာနိုင်ငံမှာတော့ moisturizer ဆိုတာ day cream နဲ့ night cream ကိုခေါ်ကြတာ။ အမှန်တော့ moisturizer အမျိုးအစား (၄)မျိုးရှိတယ်။
• Emulsion
Emulsionဆိုတာ ရေဓာတ်အခြေခံ အစိုဓာတ်ထိန်းပစ္စည်းပါပဲ။ အဆီပြန်တဲ့အသားအရေအတွက် emulsion type ကို ရွေးချယ်သင့်တယ်။ အစိုဓာတ်ကို ထိနိးပေးရုံမက အသားအရောင်ကို နညိးနည်းတင်ပေးတယ်။အသားရောင် ဖြူစင်ဝင်းပစေတယ်။ အဆီဂလင်းပိတ်ဆို့မှု လျှော့နည်းစေတယ်။ အရေပြားပါးပြီး sensentive သိပ်ဖြစ်ရင် Emulsion ကိုသုံးပါ။
• Lotion
လိုးရှင်းဆိုတာ အရေပြားကို လိမ်းရတဲ့ ခပ်ကျဲကျဲအရည်ကို ခေါ်တာပါ။ Emulsion ထက် နည်းနည်းပိုပြစ်တယ်။ ဒါပေမယ့် ထုတ်တဲ့ နိုင်ငံပေါ်မူတည်ပြီး လက်တွေ့မှာ အခေါ်ဝေါ်တွေ မတူညီကြပါ။ ကိုရီးယားလိုးရှင်းတွေဟာ moisturizer အများစုမှာ သုံးတဲ့အခေါ်ဖြစ်ပါတယ်။ ဂျပန်လိုးရှငိးတွေဆိုရင် toner ကို အဓိကပြောချင်တာပါဂ။ ဥပမာ Kose Sekkisei Lotion ဆိုတာ refreshing toner တိုနာတမျိုး ဖြစ်ပါတယ်။
• Cream
အဆီကို အခြေခံထုတ်ထားတယ်။ ဒါပေမယ့် အဆီပြနိတဲ့အသားအရေမှာ မသုံးပဲ အရေပြားခြောကိသွေ့သူတွေ သုံးသင့်တယ်။ အထူးသဖြင့် ဆောငိးရာသီမှာ သုံးရတယ်။ ခရင်မ်တွေထဲမှာလည်း အသားဖြူတာ၊ အရေးအကြောငိးကင်းစင်တာ၊ ရေဓာတ်အားဖြည့်တာနဲ့ ဝက်ခြံအတွက်ဆိုပြီး ထုတ်ထားတယ်။ မိမိနှစ်သက်ရာ ရွေးချယ်သုံးပါ။ day cream, night cream တွေက moisturizer တွေဖြစ်ကြတယ်။
• Gel
ရေဓာတ်အခြေခံဖြစ်လို့ အဆီပြန်တဲ့အသားအရေတွက်သင့်တော်တယ်။ silicone or gylerin မျိုး ထည့်ထားတယ်။ ဂျယ်ပုံစံဖြစ်လို့ cream (သို့) emulsion တို့ထက် အရောင်ပိုကြည်တယ်။ သုံးထားရင် အရေပြားက သန့်စင်ကြည်လင်သလို ဖြစ်နေတယ်။
ခြုံသုံးသပ်ရရင် အဆီပြန်တဲ့အသားအရေမှာEmulsion နဲ့ Gel moisturizers ကို သုံးရမှာ ဖြစ်ပြီး အရေပြားခြောက်သွေ့သူမှာ Creamကိုသုံးရမှာ ဖြစ်ပါတယ်။ lotion ကတော့ ပါဝင်ပစ္စည်းကို ကြည့်ပြီး သုံးသင့်တယ်။
ဒေါက်တာ အေးမင်းထူး
11/01/2021
မျက်နှာသစ်ဆေး ဘယ်လိုရွေးရင်ကောင်းမလဲ
အရေပြားအလိုက် အသုံးပြုရမယ့် cleanser အကြောင်းသိရင် တခုချင်းစီရဲ့ အာနိသင်ကို ပြောပါမယ်။အာနိသင်အလိုက် cleanser အမျိုးအစားများ (၅)မျိုး ခွဲထားတယ်။ ယေဘုယျအားဖြင့် cleansers ရွေးတဲ့အခါ အပေါ်မှာပါတဲ့ စာလုံးတွေကို သေချာဖတ်ပါ။ ပြီးမှရွေးချယ်ပါ။
(၁) Acne Cleansers
အဆီမပါတဲ့ gels(သို့) foam အမြှုပ်ပုံစံလာတယ်။ ဝက်ခြံကို သိသိသာသာ လျှော့ပါး သက်သာစေတယ်။ ဝက်ခြံကို တိုက်ဖျက်နိုင်တဲ့ Tea Tree Oil, Benzoyl Peroxide ( 10%), Glycolic Acid (up to 10%) စတာတွေ ပါလေ့ရှိတယ်။ Salicylic Acid ( 2%) ပါရင် အရေပြားမခြောက်သွေ့အောင်ထိန်းထားလိမ့်မယ်။ တချို့မှာ scrub ပုံစံအစေ့သေးလေးတွေပါတာလည်း ရှိတယ်။ micro-beads ခေါ်တယ်။ အရေပြားအပေါ်ယံ အညစ်အကြေးကို ပွတ်တိုက်ဖယ်ရှားပြီး အရေပြားဂလင်းပိတ်ဆို့မှာကို ကာကွယ်တယ်။
(၂) Cream, Milk and Lotion Cleansers
အရေပြားခြောက်သွေ့သူတွေမှာ သုံးတယ်။ မိက်ကပ်ဖျက်ရာမှာ သိပ်ကောင်းတယ်။ သုံးပြီး ထပ်နွေးနွေးရေနဲ့ မျက်နှာသစ်ပါ။ ပြီးရင် တစ်ရှုးနဲ့ သုတ်ပေးပါ။ ဝက်ခြံထွက် အဆီပြန်တဲ့ မျက်နှာမှာ မသုံးသင့်ပါ။ ဝက်ခြံပိုဆိုးစေမယ်။
(၃) Exfoliating Cleansers
သာမန်အသားအရေ(သို) အဆီပြန်တဲ့အသားအရေမှာ သုံးကြတယ်။ အပေါ်ယံအရေပြားကို ကွာကျစေမယ့်ဓာတုပစ္စည်း (AHA or BHA) သို့မဟုတ် အစေ့အမှုန်လေးတွေ ပါလေ့ရှိတယ်။ scrub မှာပါတဲ့ပုံစံမျိုးပေါ့။ physical exfoliants ( beads, granules or powder) မျိုးပါလေ့ရှိတယ်။ ပုံမှန်ဖြင့် ဒီအမျိုးအစားတွေက ရွံ့စေး၊ ခရင် ၊ဂျယ် စသည်ဖြင့် အမျိုးမျိူးဖြစ်နိုင်တယ်။
(၄) No-Rinse Cleansers
အရည်ပုံစံ(cleansing water) သို့ ခရင်မ်(cold cream) ပုံစံနဲ့လာတယ်။ ဂွမ်းစ(သို့) လက်ညှိုးကို သုံးပြီး လိမ်းပါ။ပြီးရငိ ခြောက်တဲ့အဝတ်စနဲ့ ပြန်သုတ်ပါ။ ဒီအမျိုးအစားက လိမ်းပြီး သုံးပြီး ရေနဲ့ပြန်သစ်စရာမလိုဘူး။ sensitiveဖြစ်တဲ့ အရေပြားမှာ သုံးသင့်တယ်။ မျက်နှာသစ်ဖို့ မလိုတာမို့ သုံးစွဲရလွယ်တယ်။
(၅) Oil-based Cleansers
အာရှတိုက်အသားအရေနဲ့ အထူးသင့်တော်တယ်။ အဆီပါတဲ့ cleanser တွေက ရေစိုခံမိတ်ကပ်ဖျက်တဲ့အခါ သိပ်အသုံးဝင်တယ်။ ဖုန်၊အညစ်အကြေးစတာတွေ ဖယ်ရှားပြီး အရေပြားပိတ်ဆို့မှာကို ကာကွယ်ပေးတယ်။ ဒါပေမယ့် ဒီCleansersမသုံးခင် လက်ကို သန့်စင်အောင် အရင်ဆေးပါ။ ခြောက်သွေ့တဲ့ မျက်နှာမှာ လိမ်းပါ။ ပြီးရင် ရေ အနည်းငယ်သုံးပြီး နှိပ်ပေးပါ။ အဆီတွေက အထဲထိစိမ့်ဝင်ပိတ်ဆို့နေတဲ့ အရေပြားထိ ဝင်ရောက်ပြီး အညစ်ကြေးတွေ ဖယ်ရှားပေးလိမ့်မယ်။
ဒေါက်တာ အေးမင်းထူး
၁၈.၁၁.၂၀
01/01/2021
ဆောင်းရာသီမှာ ဘယ်လို မျိုး ရှောင်သင့်လဲ
=========
#ဆောင်းရာသီက အေးအေးလေးနဲ့ နေလို့ကောင်းပေမဲ့ အသားအရေအတွက်တော့ မကောင်းပါဘူး။ အဲ့လိုမျိုး အသားအရေအတွက် မကောင်းတဲ့ #ဆောင်းရာသီမှာ တွေကိုလည်း ရွေးချယ်ပြီး အသုံးပြုသင့်သလို ရှောင်ရှားသင့်တာလေးတွေလည်း ရှိပါတယ်။ ဒီနေရာလေးမှာတော့ ဘာတွေကို ရှောင်ရှားသင့်လဲဆိုတဲ့ အချက်လေးတွေကို ပြောပြပေးပါမယ်။
#ရေချိုးတဲ့အခါမှာ ဆပ်ပြာကို တစ်ကိုယ်လုံးတိုက်စရာမလိုပါဘူး။ ဒါလေးကိုတော့ အံ့သြသွားတယ်ဟုတ်။ ဟုတ်ပါတယ်။ သင်ကရော #ဆောင်းတွင်းဘက်မှာ ရေချိုးတိုင်း တစ်ကိုယ်လုံးကို ဆပ်ပြာတိုက်စရာမလိုပါဘူး။ တကယ်လို့ သင်ကသာ ရွံ့တွေလူးပြီးနေတာမျိုးမဟုတ်ရင် တစ်ကိုယ်လုံးကို ဆပ်ပြာမတိုက်လည်းရပါတယ်တဲ့။ အဓိက နေရာတွေဖြစ်တဲ့ ဂျိုင်းအောက်တို့ တခြား private area တို့လို အတွင်းနေရာလေးတွေကို ဆပ်ပြာသုံးရုံနဲ့သာ လုံလောက်ပါတယ်။
-based toner တွေကို သုံးခြင်းက အသားအရေကို ခြောက်သွေ့သွားစေနိုင်ပါတယ်။ ဆိုတာ အသားအရေကို #အဆီထိန်းချုပ်ဖို့နဲ့ #အသားအရေကို balance ဖြစ်အောင် ထိန်းညှိပေးနိုင်တဲ့ ထုတ်ကုန်တစ်မျိုးဖြစ်ပါတယ်။ တိုနာက alcohol ပါဝင်မှုကြောင့် အသားရေကို ခြောက်သွေ့စေနိုင်တာကြောင့် တကယ်လို့ မဖြစ်မနေ Toner သုံးရတော့မယ်ဆိုရင် alcohol ပါဝင်မှုနည်းတဲ့ မျိုးကိုသာ ရွေးချယ်ပြီး သုံးစေချင်ပါတယ်။
Mask တွေကို လျော့သုံးပေးပါ။ ရာသီဥတုကြောင့် အသားအရေကို ဂရုစိုက်ဖို့ တွေသုံးသင့်ပါတယ်။ တော်တော်များများက #ဆောင်းရာသီရောက်တဲ့အချိန်မှာလည်း mask တွေကို အရင်လိုပဲ ပုံမှန်သုံးလေ့ရှိပါတယ်။ တကယ်တော့ ဆောင်းရာသီရောက်တဲ့အချိန်မှာ mask သုံးတာကို ပုံမှန်ထက် နည်းနည်းပိုလျော့သင့်ပါတယ်။
ဒါလေးတွေက #ဆောင်းရာသီမှာ မလုပ်သင့်တာမျိုး မသုံးသင့်တဲ့ မျိုးကို ဖော်ပြပေးထားတာဖြစ်ပြီးတော့ ဒါမျိုးလုပ်နေမိရင်လည်း သတိထားပြီး လုပ်ပေးကြဦးနော်............😍😍😍
Crd.magazine.yathar
01/01/2021
မျက်နှာနဲ့ ပတ်သတ်တဲ့ Basic Skin Care နည်းလမ်းလေးတွေကို လူတိုင်းနီးပါး သိကြမှာပါ။ ဒါပေမဲ့ တခြားခန္ဓာကိုယ် အပိုင်းတွေဆိုရင်ရော ?
အမှန်တကယ်တော့ လည်ပင်းနှင့် ပုခုံးသားနေရာလေးတွေက Signs of Aging အရင်ဆုံးပြတဲ့ နေရာလေးတွေပဲဖြစ်ပါတယ်။ အသက်အရွယ်တစ်ခု ရောက်ရှိလာတာနဲ့အညီ လည်ပင်းနှင့် ပုခုံးသားနေရာလေးတွေက Collagen နှင့် Elastine လေးတွေ စတင်လျော့ရဲ ကျလာပါတယ်။
နဲ့ ဆိုတာကတော့ အသားရေကို တင်းရင်းချောမွေ့စေတဲ့ ပရိုတင်းဓာတ်ဖြစ်ပါတယ်။ အဲ့လိုဆိုရင် အသားရေပေါ်မှာ ကွေးကျလာတဲ့ အရေးကြောင်းလေးတွေကို မြင်ရတော့မှာဖြစ်ပါတယ်။
တချို့ဆိုထင်းလွန်းတဲ့ အရေးကြောင်းတွေပေါ်ပေါက်လာစေပြီးအသားရေ ပျက်စီးမှုကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။
စိတ်မကောင်းစရာကောင်းတာကတော့ မိန်းကလေးအများစုက ဂရုစိုက်ဖို့ အရေးကြီးတယ်ဆိုတာ အရေးအကြောင်းတွေ ထင်းထွက်လာတဲ့အထိ သတိမပြုမိ သလို ဂရုလည်းမစိုက်မိ ကြပါဘူး။
အခုတော့ Yon-Ka ရဲ့ အထူး ကိုဘယ်လိုဂရုစိုရမလဲဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။
1️⃣ ကိုပုံမှန်မျက်နှာ and အဆင့်တွေလိုပဲ လုပ်သင့်ပါတယ်။ ဒါပေမဲ့ အကြမ်းတွေမသုံးသင့်ပါဘူး။နုးညံ့တဲ့ မျိုးပဲ သုံးပေးသင့်ပါတယ်။
2️⃣Sensitive မဖြစ်စေတဲ့ Anti Aging Product လေးတွေလည်းသုံးသင့်ပါတယ်။အဘယ်ကြောင့်ဆိုသော် ၎င်းနေရာကနုးညံ့သောကြောင့် ဖြစ်ပါတယ်။
3️⃣ SPF 30 (သို့မဟုတ်) သူ့ထက်မြင့်တဲ့ နေရောင်ခြည်ကို ကောင်းစွာကာကွယ်နိုင်တဲ့ Sun Cream လိမ်းပေးသင့်ပါတယ်။
4️⃣ အလွန်အကျွန် ဇတ်ချိုးခြင်းမပြုလုပ်သင့်ပါ။ ၎င်း က လည်ပင်းနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေးကြောင်းပေါ်ပေါက်လာခြင်းကို ဖြစ်ပေါ်စေနိုင်ပါ
တယ်။
5️⃣ Moisturing လိမ်းမည်ဆိုပါက လည်ပင်းတစ်လျှောက် အပေါ်ဘက်ကို ပင့်တင်ပြီး လိမ်းပေးသင့်ပါတယ်။
6️⃣ အချိန်ကြာကြီး ကိုယ်တစောင်းအိပ်တတ်တဲ့သူတွေဆိုရင် ပါးပြင်ပေါ်မှာ အရေးကြောင်းများမြန်မြန် ထွက်လာတတ်ပါတယ်။ကျောချပြီး အများဆုံးအိပ်နိုင် ဖို့ ကြိုးစားပေးပါနော်။
7️⃣ ရေဓာတ်ဖြည့်တဲ့ Anti Aging Product လေးကို နေ့စဉ်အသုံးပြုသင့်ပြီး ရေဓာတ်ဖြည့် Hydration Mask ကို ၎င်း Neck and Decollete Area သို့ တစ်ပတ်တစ်ကြိမ် အသုံးပြုပေးသင့်ပါတယ်။
အသားရေဂရုစိုက်မယ္ဆိုရင် အခုကစပြီးတော့ နောက်မကျ သေးပါဘူး။အသက်(22)ပဲဖြစ်ဖြစ် (42) ပဲဖြစ်ဖြစ် နေ့စဉ် ပုံမှန် Skin Care အသုံးပြုမှု၊ သန့်စင်ပေးမှူ၊ ကျန်းမာပြီး ရေဓာတ်ပြည့်ဝနေအောင် ပြုလုပ်ပေးသင့်ပါတယ်။
အတြက် Yon-Ka မွ ပေးနိုင် တဲ့ Anti Aging Product လေးတွေကတော့
1️⃣
2️⃣ +
3️⃣
4️⃣ တို့ဖြစ်ပါတယ်။
+
01/01/2021
#ဝက်ခြံအတွက်ဒီ တွေကို ဘယ်လိုအကျိုးကျေးဇူးတွေရှိလဲ
1. Acnes Pure White Cleanser 100g/Acnes
ACNES PURE WHITE Wash သည် အသားအရေဖြူဝင်းချောမွေ့စေရန်အတွက်အထူးစီမံထုတ်လုပ်ထားပါသည်။ သဘာဝအရင်းအမြစ်များမှ ထုတ်လုပ်ထားသောကြောင့် ဆဲလ်သေများကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်များကိုထပ်မံဖြစ်ပေါ်စေပါသည်။ အသားအရေကို နေ့စဉ်လန်းဆန်း ချောမွေ့စေသည်။ ဒိန်ချဉ်ပါဝင်မှုကြောင့် အရေပြားအတွင်းဆုံးအလွှာအထိ အားဖြည့်ပေးပြီး အသားအရေကို ထိခိုက်စေသော ဘက်တီးရီးယားပိုးများကို ဖယ်ရှားပေးပါသည်။ Vitamin C နှင့် E တို့ပါဝင်သောကြာင့် အသားအရေညိုညစ်မှုကို လျော့ချပေးပြီး အသားအရေစိုပြေစေပါသည်။
100g/
2. Acnes Vitamin Cream 40g/Acnes
အမဲစက် ကင်းစင်ပြီး ချောမွေ့သော အသားအရေကို ပိုင်ဆိုင်ရရှိစေသည်။ဝက်ခြံများသည် အရေပြားဆဲလ်များ တစ်ရှုးများကို ဖျက်ဆီးပစ်ပြီး အသားအရေကို တင်းရင်းမှုလျော့ကျစေပါသည်။ ACNES VITAMIN CREAMက ဝက်ခြံဖြစ်ပေါ်ပြီးချိန်တွင် အသားအရေအတွက် လိုအပ်သော ဗီတာမင် ၆မျိုးဖြစ်သော Vitamin A,E,C,B3,B5 & B6 တို့ဖြစ် ဖွဲ့စည်းထုတ်လုပ်ထားသောကြောင့်အသားအရေကို ယခင်ထက်ပိုမိုတောက်ပစေပြီး မျက်နှာပေးရှိ အစက်အပျောက်များကို မှေးမှိန်စေပါသည်။ အသားအရေကို စိုပြေဝင်းပပြီး အိုမင်း ရင့်ရော်ခြင်းမှကာကွယ်ပေးပါသည်။ပျက်စီးသွားသောဆဲလ်များကို အမြန်ဆုံးပြန်လည်ကောင်းမွန်စေသည်။ အဆီပြန်ခြင်းကိုလျော့နည်းစေသည်။ချွေးပေါက်များကိုကျဉ်းစေသည်။ဝက်ခြံဖြစ်ပေါ်မှုကို ကာကွယ်ပေးသည်။
/
3. Acnes Pure White Cream 50g/Acnes
ချောမွေ့သောအသားအရေကိုအာဟာရဖြည့်တင်းပေးခြင်း၊ Melanin ဖွဲ့စည်းခြင်းကိုလျော့ချခြင်းနှင့်အရေပြားဆဲလ်များမှ Melanin များကိုဖယ်ရှားခြင်း၊ အရေပြားပေါ်တွင်ခရမ်းလွန်ရောင်ခြည်ဒဏ်ကိုကာကွယ်ပေးနိုင်သည်။
/
29/12/2020
ဆောင်းတွင်း အသားပတ်တဲ့အခါ လိမ်းသင့်တဲ့အဆီ (၃) မျိုး
======
ဆောင်းတွင်းမှာ အသားပတ်ရတဲ့အကြောင်းအရင်းကတော့ ရေဓာတ်ခမ်းခြောက်နဲ့ စိုထိုင်းစနည်းတဲ့ လေထုတွေကြောင့်ဘဲ ဖြစ်ပါတယ်။ ဆောင်းတွင်းမှာ အသားပတ်လာပြီဆိုရင် အသားရေခြောက်သွေ့ခြင်း၊ အသားရေပတ်ကြာအပ်ခြင်းတွေကြောင်း အရမ်းကြည့်ရဆိုးစေပါတယ်။
လိုးရှင်းနဲ့ မတည့်တဲ့သူတွေ အတွက် အခု ပြောပြတဲ့ အဆီ (၃) မျိုးကို လိမ်းရင် အသင့်တော်ဆုံးပါပဲ။
၁.
အသားအရည်ကို ထိန်းသိမ်းတဲ့ သူတွေဆိုရင် ဒီဗူးလေးကိုသိကြမယ်လို့ ထင်ပါတယ်။ ကို ညအိပ်ခါနီးတိုင်း လိမ်းပေးရင် အသားပတ်တာကိုလည်း ထိန်းသိမ်းပေးသလို ရင်သားပျော့တွဲနေတဲ့ အမျိုးသမီးအတွက်လည်း အသုံးဝင်ပါတယ်။
၂.
ကတော့ ကလေးတွေ အတွက် ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ဓာတုဗေဒပစ္စည်းတွေ ပါဝင်မှုက နည်းသလို နူးညံ့တဲ့ အသားအရည်တွေအတွက် သင့်တော်ပါတယ်။ ကို ပုံမှန်လိမ်းပေးပါရင် သင့်အသားအရည်လေးတွေက နူးသထက်နူးညံ့လာသလို ဖြစ်လာစေမှာတော့ အသေချာပါပဲ။
၃. #အုန်းဆီ
ညအိပ်ခါနီးတိုင် တစ်နေ့၁ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် အသားအရည်လေးတွေက စိုပြေလာမှာပါ။
#အသားပတ်ခြင်း
#အုန်းဆီ
29/12/2020
မိန်းကလေးတိုင်းမှာ မဖြစ်မနေရှိသင့်တဲ့ နှုတ်ခမ်းနီအရောင်များ
===========
အလှအပတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နှုတ်ခမ်းနီတွေက အရောင်လှလှလေးတွေ ထွက်လာတာအများကြီးပါပဲ။ အသစ်ထွက်တော့လည်း ဝယ်ချင်မိတယ်။ ဝယ်ပြီးမှ မဆိုးဖြစ်လို့ ပစ်လိုက်ရတာတွေကို အားလုံးကြုံဖူးကြမယ် ထင်ပါတယ်။ ဒီတော့ အများကြီးထွက်သမျှကာလာတွေလိုက်ဝယ်နေမယ့်အစား မိန်းကလေးတိုင်းမှာ ဘယ်လို နှုတ်ခမ်းနီအရောင်လေးတွေ ရှိသင့်လဲဆိုတာကို အကြံပေးချင်ပါတယ်။
#အနီရောင်
#အနီရောင်နှုတ်ခမ်းနီ ကတော့ မိန်းကလေးတိုင်းအတွက် ရှိကိုရှိသင့်တဲ့ အရောင်လေးဖြစ်ပါတယ်။ ခုနောက်ပိုင်း မိန်းကလေးတိုင်းရဲ့ နှုတ်ခမ်းပေါ်တွေမှာ ခေတ်စားလာတဲ့ အရောင်ဆိုရင် အနီရောင်ဖြစ်တဲ့အတွက် ကိုယ့်မှာလည်း ရှိကို ရှိနေသင့်ပါတယ်။
#ပန်းရောင်
#ပန်းရောင်နှုတ်ခမ်းနီ ကတော့ တကယ့်ကို Sweet ဖြစ်တဲ့အရောင်ပါ။ ထသွားထလာဆိုးဖို့ဆိုရင် ပန်းရောင်လေးက အားလုံးနဲ့လိုက်ဖက်တဲ့အရောင်လေးပါ။ ဘာလေးနဲ့ပဲဝတ်ဝတ် ပန်းရောင်လေးက အဆင်ပြေတယ်လို့ပြောလို့ရပါတယ်။
#အညိုရောင်
#အညိုရောင် ကိုတော့ တော်တော်များများကကြိုက်ပေမယ့် တချို့ကတော့မကြိုက်ကြပါဘူး။ ခပ်မိမိမိုက်မိုက် စတိုင်လ်တွေဝတ်တဲ့အခါ အညိုရောင်နှုတ်ခမ်းနီက သင့်ရဲ့ဖက်ရှင်ကို ပိုကြွလာအောင် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် အညိုရောင်လေးကလည်း ရှိထားသင့်ပါတယ်။
#အသားရောင်
#အသားရောင်နှုတ်ခမ်းနီ ကတော့ နှုတ်ခမ်းသားနဲ့တစ်ထပ်တည်းဖြစ်တဲ့အတွက် ကိုယ့်ရဲ့မျက်နှာကို တည်ငြိမ်မှုအပြည့်ပေးပါတယ်။ ဒါကြောင့် ဒီလိုအရောင်လေးတွေကိုလည်း ဆောင်ထားဖို့လိုပါတယ်။
#လိမ္မော်ရောင်
#လိမ္မော်ရောင်နှုတ်ခမ်းနီ ကတော့ ခုနောက်ပိုင်းလူငယ်တွေကြားထဲမှာ ရေပန်းစားနေတဲ့အရောင်လို့ ပြောရင်လGည်းမမှားပါဘူး။
ဒီတော့ ဒီနှုတ်ခမ်းနီအရောင် ၅ မျိုးကတော့ မိန်းကလေးတိုင်းအတွပ် အဓိကရှိသင့်တဲ့ အရောင်လေးတွေလို့ ပြောရင်လည်း မမှားနိုင်ပါဘူးနော်...။
Ref:Crd.
#နှုတ်ခမ်းနီ
28/12/2020
အစဥ်အတိုင်းသုံးနည်း
=======
အတိကျမသိသေးသူတွေအတွက်
(1)
(2)
(3)
(4)
(5)
(6)
(7)
(8) /
နေ့စဥ် #မနက်တိုင်း #ညတိုင်း ပုံမှန်လုပ်ပေးခြင်းဖြင့် ကိုရရှိလာမှာပါနော်.
အလှအပရေးရာတွေကိုလဲတင်ပေးမှာမို့ ေးကို လဲ လုပ်ပေးဖို့မမေ့ရဘူးနော်....
Click here to claim your Sponsored Listing.
Category
Website
Address
Yangon