Skylar's

Skylar's

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Skylar's, Health/Beauty, Bahan Township, Myanmar (Burma), Yangon.

Photos from Skylar's post 23/02/2023

😻

Photos from Skylar's post 07/02/2023

ခေတ်စားနေတဲ့ wallpaper လှလှလေးတွေ🌸🌻🌷🌹

Photos from For Your Better Skin's post 18/08/2022

😍

09/08/2022

Baby Bright Milk & Lemon bath body scrub
🥛🍋

Review - ကြိုက်လွန်းလို့ 1st review အနေနဲ့ ဒါလေးနဲ့စလိုက်မယ်နော်
ဒါလေးကို စမသုံးခင် Baby Bright ထဲကပဲ Body peeling လေးကို စသုံးဖြစ်တယ် တကယ်သဘာကျလို့ ဒါလေးလဲ သုံးကြည့်မယ်ဆိုပြီးဝယ်လာတာ ဝယ်ဝယ်လာချင်းပဲ ဖောက်လိုက်တာ အနံ့လေးကိုစကြွေ ငယ်ငယ်က စားဖူးလို့ နို့ရေခဲချောင်းလိုအနံ့မျိုး 💖

ကိုယ်က scrub ဆို နူးနူးညံ့ညံ့လေးကြိုက်တဲ့သူမဟုတ်တော့ စသုံးလိုက်တဲ့အချိန် မ​ကြိုက်ဘူးပေါ့ သူ့ texture က လုံးဝနူးညံ့ပြီး ပျော်သွားတာဆိုတော့ but အနံ့နဲ့တင် ရေချိုးရတာတန်နေပြီလို့တွေးထားခဲ့တာ ရေဆေးချလိုက်တဲ့အချိန် အသားလေးက နူးညံ့သွားပြီး အစိုဓာတ်လေးကျန်ခဲ့တော့ တကယ်ကြိုက်သောပဲ😍

သူ့ထဲမှာ Milk protein ပါလို့ အသားအရေကိုအာဟာရဖြည့်ပေးပြီး lemon က အမာရွတ်တွေကိုမှေးမှိန်စေတယ် စျေးနှုန်းကလဲ ၃၀၀၀ ဝန်းကျင်နဲ့တကယ်သုံးပျော်တယ် ဒီအထုပ်လေးကို ဘယ်လောက်မှ မသုံးရဘူးထင်ထားတာ ကိုယ့်လို ဆပ်ပြာတိုက်သလို တစ်ကိုယ်လုံးတိုက်တဲ့သူတောင် အနည်းဆုံး ၇ ခါ ၈ ခါလောက် သုံးလို့ရတယ်🙊
Bath scrub ဖြစ်တဲ့အတွက် ဆပ်ပြာထပ်သုံးဖို့လဲ မလိုဘူး
ရေချိုးပြီးတိုင်း confidence level so high နေရော💯

*Scrub တိုက်ပြီးတိုင်း moisture ပါတဲ့ lotion လေးကိုတော့သေချာလေးပြန်လိမ်းပေးနော်*🙆

🍀 May everyone have healthy and glowing skin 🍀

09/08/2022

ဝက်ခြံ ပျောက်ဆေးတွေ skincare တွေသုံးနေရဲ့သားနဲ့ ဝက်ခြံတွေက ပျောက်မသွားဘူး ဘာကြောင့်မထိရောက်တာလဲ ???🤷‍♀️
ကိုယ့်လိုဝက်ခြံသမားတွေအတွက် သိသလောက်လေးပြန်လည်မျှဝေပေးမယ်နော်❤ သိပြီးသားသူတွေလဲ သိမှာပါ
မသိသေးတဲ့သူလေးတွေအတွက်ပါ

1. ပထမဆုံးပြောချင်တာကတော့ ဝက်ခြံတွေကို လက်နဲ့လုံးဝ မညစ်ပါနဲ့နော်❌❌
လက်မှာမမြင်နိုင်တဲ့ပိုးမွှားတွေအများကြီးရှိပါတယ် လက်နဲ့ညစ်ရင် ကျန်ခဲ့တဲ့အမာရွတ်တွေကပျောက်ဖို့ခက်ပါတယ် အဲ့ဒါကြောင့် လက်နဲ့လုံးဝမညစ်ပါနဲ့

2. Makeup မဖျက်ပဲ မအိပ်သင့်ပါဘူး❌❌
ဝက်ခြံထွက်တတ်တဲ့ သူတွေက Cleansing သေချာလုပ်သင့်ပါတယ်နော် makeup လိမ်းတဲ့သူတွေဆိုလဲ makeup remover နဲ့အရင်ဖျက်ပြီး facial foam တွေနဲ့ပြန်သစ်ပေးသင့်ပါတယ်နော် အဲ့နေရာမှာ makeup ကအထူကြီးလိမ်းထားတဲ့သူဆိုရင် Facial foam သုံးပြီးတာတောင် makeup remover ပြန်သုံးပေးပါနော် အဲ့ဒါမှ ချွေးပေါက်ထဲမှာ makeup အညစ်အကြေးနဲ့ဖုန်မှုန့်တွေမကျန်ခဲ့မှာပါ

3. Makeup မလိမ်းတဲ့သူတွေလဲ မျက်နှာကို cleansing လုပ်ပြီးမှ အိပ်သင့်ပါတယ်✅
ကိုယ်ကဒီနေ့ဘယ်မှမသွားလို့ ဘာမှမလိမ်းထားတာမို့လို့ ညဘက်အိပ်ရင်ဒီအတိုင်းမအိပ်လိုက်သင့်ပါဘူးနော်
Cleansing လုပ်ရပါမယ်နော်

4. အိပ်ရေးပျက်ရင်လဲ ဝက်ခြံထွက်တတ်ပါတယ်🙁
အခုခေတ် လူငယ်တွေအများစုက ညဘက်ဆိုတော်ရုံနဲ့မအိပ်တတ်ကြဘူး ကိုယ်လဲပါပါတယ်✌ဝက်ခြံထွက်တတ်တဲ့သူတွေဆိုရင် အိပ်ရေးပျက်မခံပါနဲ့ ၁၁နာရီ နောက်ဆုံးထားပြီးအိပ်ပေးသင့်ပါတယ်နော်

5. ခေါင်းအုံးစွပ်တွေ မျက်နှာသုတ်ပဝါ​တွေကို သန့်သန့်ရှင်းရှင်းထားဖို့လိုပါတယ် ခေါင်းအုံးစွပ်တွေ မျက်နှာသုတ်ပဝါမသန့်ရင်လဲ ဝက်ခြံပေါက်တတ်ပါတယ်😑
ခေါင်းအုံးစွပ်ကို တစ်ပတ်၂ကြိမ်လောက်တော့လျှော်ပေးသင့်ပါတယ်နော်

6. နောက်တစ်ချက်က ဆံပင် 👩 ဆံပင်ကိုလည်း တစ်ပတ် ၂ခါလောက်အနည်းဆုံးလျှော်ပေးသင့်ပါတယ် ဆံပင်က မျက်နှာနဲ့ထိတွေ့တဲ့အခါ ဆံပင်မှာကပ်​နေတဲ့ ဖုန်မှုန့်နဲ့အညစ်အကြေးတွေကြောင့် မျက်နှာမှာဝက်ခြံထွက်တတ်ပါတယ် အချို့ Ban ထားတဲ့ကောင်မလေးတွေက တစ်ခေါင်းလုံးလျှော်ရမှာမအားတဲ့အခါကျရင် အရှေ့က ban လေးတွေကိုပဲလျှော်လေ့ရှိတယ် နဖူးမှာပဲထွက်တာဆိုရင်တော့အဆင်ပြေပါတယ်👍

7. ဝက်ခြံအမြဲပေါက်တတ်တဲ့သူတွေက အစားအသောက်ဆင်ခြင်ရပါမယ် 😫 ( ဒီအချက်ကတော်တော်ဆိုးတယ်)
အဆီအစိမ့်တွေ နို့နဲ့နို့ထွက်ပစ္စည်းတွေ ချိုလွန်းတာတွေ ငန်လွန်းတာတွေ မစားသင့်ပါဘူး ဝက်ခြံပိုထွက်စေပါတယ်
အသင့်စား အစားအစာတွေကလဲ ဝက်ခြံထွက်စေပါတယ်(အာလူးကြော်🚫)
ကဖိန်းဓာတ်ပါတဲ့ အချိုရည်တွေကလဲ ဝက်ခြံထွက်စေပါတယ်

8.အချို့ မိန်းကလေးတွေက Period time တွေမှာ ဝက်ခြံထွက်တတ်ပါတယ် ဒါကတော့ရှောင်လို့မရပါဘူး 😪

9. စိတ်ဓာတ်ကျနေတဲ့အချိန် စိတ်ညစ်စရာတွေများရင်လဲ ဝက်ခြံတွေထွက်တတ်ပါတယ် စိတ်ညစ်မခံပါနဲ့💪

10.နောက်ဆုံးတစ်ခုကတော့ အခု covid အတွင်းမှာ ဖြစ်တဲ့ Maskne ဆိုတဲ့ ဝက်ခြံပါ Mask တွေတပ်ရတာကြောင့်ဖြစ်တာပါ
တစ်ခါသုံး mask တွေကို တစ်ကြိမ်ပဲသုံးသင့်ပါတယ်
အဝတ်စ mask တွေအသုံးပြုရင်လဲ တစ်နေ့တစ်ခါလျှော်ပေးသင့်ပါတယ် မဟုတ်ရင် mask တပ်တဲ့ တစ်ဝိုက်မှာ ဝက်ခြံတွေထွက်လာတတ်ပါတယ်😿

အများကြီးသိလို့မဟုတ်ပါဘူးနော် ဆရာမကြီးလဲမဟုတ်ပါဘူး
သိသလောက်လေးပြန်လည်မျှဝေတာပါ🙆

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Bahan Township, Myanmar (Burma)
Yangon