Derma Care

Derma Care

Share

အရေပြားဆရာ၀န်များ၏ထောက်ခံချက်
ရရှိထားသောSkinCareများ

26/08/2026

🦠 အရေပြားမှိုစွဲခြင်း (Skin Fungal Infection)
အရေပြားမှိုစွဲခြင်း ဆိုတာ အရေပြားပေါ်မှာ မှိုပိုးများ ပွားများလာခြင်းကြောင့် ဖြစ်ပေါ်တဲ့ ကူးစက်နိုင်သော အရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။

မှိုပိုးတွေဟာ ပူနွေးပြီး စိုစွတ်တဲ့နေရာ၊ ချွေးအောင်းတဲ့နေရာတွေမှာ ပိုမိုပွားများလွယ်ပါတယ်။

📌 အဖြစ်များတဲ့ အရေပြားမှိုရောဂါများ

1️⃣ ပွေး (Ringworm / Tinea)
အရေပြားပေါ်မှာ အနီရောင် အဝိုင်းကွင်းပုံ အကွက်တွေ ဖြစ်လာပြီး အနားသတ်မှာ အဖတ်လန်ခြင်းနဲ့ ယားယံခြင်းတွေ ဖြစ်တတ်ပါတယ်။

2️⃣ ညှင်း (Tinea Versicolor)
ရင်ဘတ်၊ ကျော၊ ပခုံးတို့မှာ အရေပြားအရောင်ထက် ပိုဖြူတဲ့ သို့မဟုတ် ပိုညိုတဲ့ အကွက်ငယ်တွေ ဖြစ်တတ်ပါတယ်။ နေပူထဲထွက်တဲ့အခါ အကွက်တွေ ပိုသိသာလာနိုင်ပါတယ်။

3️⃣ ဦးရေပြားမှို (Tinea Capitis)
ဦးရေပြားမှာ အဖတ်လန်ခြင်း၊ ယားယံခြင်းနဲ့ အကွက်လိုက် ဆံပင်ကျွတ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

4️⃣ ခြေထောက်မှို (Athlete’s Foot / Tinea Pedis)
အထူးသဖြင့် ခြေချောင်းကြားမှာ အရေပြားလန်ခြင်း၊ ကွဲအက်ခြင်း၊ နီရဲခြင်းနဲ့ ယားယံခြင်းတွေ ဖြစ်တတ်ပါတယ်။

5️⃣ ပေါင်ခြံမှို (Jock Itch / Tinea Cruris)
ပေါင်ခြံနဲ့ အရေပြားအတွန့်နေရာတွေမှာ နီရဲခြင်း၊ ယားယံခြင်းနဲ့ စပ်ဖျဉ်းဖျဉ်း ဖြစ်တတ်ပါတယ်။ ချွေးထွက်များသူတွေမှာ ပိုဖြစ်လွယ်ပါတယ်။

---

🔍 အဓိကလက္ခဏာများ

🔴 အရေပြားမှာ အနီရောင်အကွက်များ ဖြစ်ခြင်း
⭕ အဝိုင်း/ကွင်းပုံ အကွက်များ ဖြစ်ခြင်း
😣 ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်း ဖြစ်ခြင်း
🤍 အရေပြားခြောက်ပြီး အဖတ်လန်ခြင်း
💧 တချို့အခြေအနေတွေမှာ ရေကြည်ဖု သို့မဟုတ် အဖုငယ်များ ဖြစ်ခြင်း
💇 ဦးရေပြားမှိုဖြစ်ပါက ဆံပင်ကျွတ်ခြင်း ဖြစ်နိုင်ခြင်း

---

💊 ဘယ်လိုကုသကြမလဲ?

မှိုရောဂါအမျိုးအစားနဲ့ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး Antifungal ဆေးများ ကို အသုံးပြုနိုင်ပါတယ်။

လိမ်းဆေးများ
Clotrimazole, Miconazole, Ketoconazole, Terbinafine စတဲ့ Antifungal Cream / Gel / Lotion တွေကို အသုံးပြုနိုင်ပါတယ်။

သောက်ဆေးများ
ရောဂါကျယ်ပြန့်ခြင်း၊ ပြင်းထန်ခြင်း၊ ဦးရေပြား သို့မဟုတ် လက်သည်း/ခြေသည်းမှို ဖြစ်ခြင်းတို့မှာ ဆရာဝန်ညွှန်ကြားချက်အရ Antifungal သောက်ဆေး လိုအပ်နိုင်ပါတယ်။

Antifungal Shampoo
ဦးရေပြားမှာ မှိုပိုးနဲ့ ဆက်စပ်တဲ့ အခြေအနေတချို့မှာ Antifungal Shampoo ကို အသုံးပြုနိုင်ပါတယ်။

⚠️ ယားယံတာ သက်သာသွားပြီဆိုပြီး ဆေးကို ချက်ချင်းမရပ်ပါနဲ့။ သုံးစွဲရမယ့် အချိန်က ဆေးအမျိုးအစားနဲ့ ရောဂါအခြေအနေပေါ်မူတည်တာကြောင့် ဆေးညွှန်ကြားချက်အတိုင်း ပြည့်စုံစွာ အသုံးပြုပါ။

---

🛡️ မှိုရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

✅ အရေပြားကို သန့်ရှင်းပြီး ခြောက်သွေ့အောင်ထားပါ။
✅ ချွေးထွက်ပြီးပါက အဝတ်အစားလဲပေးပါ။
✅ လေဝင်လေထွက်ကောင်းတဲ့ ပွပွချောင်ချောင် အဝတ်အစားတွေ ဝတ်ပါ။
✅ တဘက်၊ အဝတ်အစား၊ ဘီး၊ အိပ်ရာခင်း၊ ဖိနပ်တွေကို သူတစ်ပါးနဲ့ မျှဝေမသုံးပါနဲ့။
✅ ခွေး၊ ကြောင် စတဲ့ အိမ်မွေးတိရစ္ဆာန်မှာ မှိုရောဂါရှိပါက တိရစ္ဆာန်ဆေးကုဆရာဝန်ထံ ပြသကုသပါ။

#အရေပြားမှို #မှိုရောဂါ #ကျန်းမာရေး
#အရေပြားကျန်းမာရေး

25/08/2026

🔥 အဆီပြန်/အဆီဖု ဝက်ခြံသမား‌တွေ နှင့်
အသားရေမဲညစ်နေသူ အသား‌ေရပြန်လည်ကြည်လင်စေလိုသူတွေအတွက် အကောင်းဆုံး Active Ingredient က Niacinamide 10 % + Zinc 1 % ပဲ ဖြစ်ပါတယ်။

🍀 Niacinamide က

✅အဆီပိုပြန်ခြင်းတားမြစ်ပေးတယ်။
✅နီးမြန်ရောရမ်းနေတာကို သက်သာစေတယ်။
✅အသားရေကို လင်းလက် စေတယ်။
✅ အသာရေကို ကျန်းမာအောင် ပြုပြင်တာထက် လှုံ့ဆော်ပေးတယ်။
✅ ချွေးပေါက်ကျယ်ဟနေတာကို သက်သာစေတယ်။
✅ နေ့စဉ်ထိတွေ့နေတဲ့ environmental pollution ဒဏ်ကနေ ကာကွယ်ပေးတယ်။

🍀 Zinc 1 % က

✅ဝက်ခြံကြောင်ဖြစ်တဲ့ ရောင်နေတာကို သက်သာစေတယ်။
✅အဆီပြန်နှုန်းကို လျော့ချပေးတယ်။ အဆီဖု၀က်ခြံတွေကိုသက်သာစေတယ်။
✅ဝက်ခြံ ဖြစ်စေတဲ့ bacteria ပေါက်ပွါးနှုန်းကို တားဆီပေးတယ်။

Niacinamide + Zinc အတွဲအစပ်က Combination, Oily Skin တွေ အတွက် အရမ်း သင့်တော်ပါတယ်။

Blemguard Serum က အဆီပြန်တာကို ထိန်းချုပ်သက်သာစေတဲ့အပြင် အသားရေ ကိုညီညာလင်းလက်စေကာ ဝက်ခြံဖြစ်ပြီး ကျန်ခဲ့တဲ့ အမဲစက်လေးတွေ မှေးမှိန်စေတယ်။ အသားရေ ညီညာချောမွေ့ ညက်စေတယ်။

အရေပြားဆေးခန်းသုံးဖြစ်လို့ ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပါတယ်ရှင်။

📍 အရေပြားဆရာ၀န်များ၏ထောက်ခံချက်ရရှိထားသည်။

အသေးစိတ်သိရှိရန် နှင့် ဆေးမှာယူရန်👇👇👇

💌 Viber
09970141545

☎️ Phone
09988201015

#အရေပြားအလှပဆေးခန်းသုံး


#၀က်ခြံ #အဆီဖု #အမဲစက် #အမာရွတ်

25/08/2026

အဆီဖု ၊ ၀က်ခြံ Sensitive Skin တွေအတွက် အရမ်းကောင်းတဲ့
အရေပြားဆေးခန်းသုံး 𝐂𝐨𝐬𝐦𝐨 𝐐 𝐀𝐂 𝐬𝐮𝐧𝐬𝐜𝐫𝐞𝐞𝐧 Instock မှာယူနိုင်ပါပြီ။🍀🍀🍀🍀

𝐂𝐨𝐬𝐦𝐨 𝐐 𝐀𝐂 𝐬𝐮𝐧𝐬𝐜𝐫𝐞𝐞𝐧 ( SPF 30+ Gel )

✅၀က်ခြံထွက်လွယ်သည့်အသားရေ

✅ထိခိုက်လွယ်သည့်အသားရေပိုင်ရှင်များအတွက်

✅စေးကပ်မှုမရှိ

✅ပူခြင်းပြာခြင်းမရှိ

လိမ်းလိုက်တာနဲ့အသားထဲစိမ့်၀င်လွယ်ပြီး နေရောင်ကိုကောင်းစွာကာကွယ်ပေးနိုင်ပါတယ်။

အရေပြားဆေးခန်း၊ဆေးရုံသုံး ဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပါတယ်။

အသေးစိတ်သိရှိရန် နှင့် ဆေးမှာယူရန်👇👇
m.me/dermacareburma

📩 Viber - 09970141545

📱Phone - 09988201015

Viber Channel link👇👇👇

https://invite.viber.com/?g2=AQB%2Fo%2FpU9rmCdVHiT%2FZOjM0IzhMAUBkNlNOZYEHCd16LXMqdBYk0NEhcADppZhvp

Made In India
#ဆေးcompanyတိုက်ရိုက်
#ပစ္စည်းစစ်စစ်
#အရေပြားဆေးခန်းသုံး



#၀က်ခြံ

24/08/2026

📌 Ketoconazole 2% - Dermazole Shampoo ပြန်ရောက်ပါပြီ။

ခေါင်းကဗောက်တွေဘာလို့မပျောက်သေးတာလဲ?

ကုသနည်းမမှန်သေးလို့ပါ။

တစ်ဘူးသုံးရုံဖြင့် ဗောက်များကင်းစင်ပြီး
ဦးရေပြားသန့်ရှင်းစေမည့်
📌 Dermazole Shampoo(ဗောက်ပျောက်ခေါင်းလျှော်ရည်)

✨ဦးရေပြားဗောက်ထယားယံခြင်း
✨ဦးရေပြားရောင်ရမ်းခြင်း
✨မှိုကြောင့်ဖြစ်သောယားနာများ
✨အဖုအပိန့်များယားယံခြင်း တို့မှာ အသုံးပြုနိုင်ပါတယ်။

တစ်ပတ်၂ကြိမ်(၃ရက်ခြားတစ်ခါ)ဖြင့်
၂ပတ်မှ ၄ပတ်အထိအသုံးပြုနိုင်ပါတယ်။
နေ့တိုင်းသုံးလျှင်၅ရက်ထက်ပိုမသုံးရပါ။

ဗောက်ထခြင်းကြိုတင်ကာကွယ်ရန် တစ်ပတ် ၁ကြိမ်၊၂ပတ်ခြားတစ်ခါအသုံးပြုနိုင်ပါတယ်။

၃-၅မိနစ်ခန့်ဦး‌‌ေရပြားမှာလိမ်းထားပြီးမှ ခေါင်းလျှော်
ရေဆေးချပါ။

ဦးရေပြားတွင်သာမက မျက်နှာ မှို၀က်ခြံ ၊ခန္ဓာကိုယ် တို့မှာပါ သုံးနိုင်ပါတယ်။

အသေးစိတ်သိရှိရန် နှင့် ဆေးမှာယူရန်👇👇
m.me/dermacareburma

📩 Viber - 09970141545

📱Phone - 09988201015

Viber Channel link👇👇👇

https://invite.viber.com/?g2=AQB%2Fo%2FpU9rmCdVHiT%2FZOjM0IzhMAUBkNlNOZYEHCd16LXMqdBYk0NEhcADppZhvp
#ဗောက် #ယားယံခြင်း
#အရေပြားမှိုစွဲခြင်း

20/08/2026

ခန္ဓာကိုယ်မှာဖြစ်တဲ့ ၀က်ခြံ၊မာခဲခဲအဆံအဖု‌၊အမဲစက်‌ေတွ နဲ့ ကြာဆူး၊ဒူးမဲ၊တံတောင်မဲ၊အသားရေကြမ်းတမ်းတာတွေအတွက်

Bio Glysal Daily Exfoliating Body Wash
ရေချိုးဆပ်ပြာရည်ရပါပြီ။

✅Salicylic Acid 1%
✅Glycolic Acid 0.5%

ဘာတွေကောင်းလဲ? ✨

✅ Body Acne / ကျောဝက်ခြံ၊ ရင်ဘတ်ဝက်ခြံ တွေကိုပျောက်ကင်းစေတယ်။
Salicylic Acid က ချွေးပေါက်အတွင်းက အဆီနဲ့ dead skin တွေကို ဖယ်ရှားကူညီပေးလို့ အဆီပိတ်ပြီး အဖုဖြစ်တာ၊ ဝက်ခြံဖြစ်လွယ်တာကို သက်သာစေဖို့ အထောက်အကူပြုပါတယ်။

✅ ကြာဆူး / အသားအရေ အဖုဖုကြမ်းကြမ်းတွေကိုပျောက်ကင်းစေတယ်။
Dead skin ဆဲလ်သေတွေစုပြီး အဖုအထစ်ဖြစ်တာတွေကို exfoliate လုပ်ပေးလို့ အသားအရေ ပိုချောမွေ့လာစေနိုင်ပါတယ်။
လက်မောင်း၊ ပေါင်၊ ကျောဘက်က မာကျောကျော အဖုအဆံအခဲ တွေကို ဖယ်ရှားပေးတယ်။

✅ ဒူး၊ တံတောင်ဆစ် မဲပြီး အသားထူကြမ်းခြင်း သက်သာတယ်။
Glycolic Acid က အပေါ်ယံ dead skin cells တွေကို ဖယ်ရှားကူညီပေးပါတယ်။
အသားထူကြမ်းပြီး မဲညစ်နေတဲ့ ဒူး/တံတောင်ဆစ် တွေကို ပိုမိုချောမွေ့ပြီး ကြည်လာစေဖို့ အထောက်အကူပြုနိုင်ပါတယ်။



#ဒူးမဲ #တံတောင်မဲ #ကြာဆူး #ကျော၀က်ခြံ #ရင်ဘတ်၀က်ခြံ #အသားရေကြမ်းတမ်း #အမဲစက်

20/08/2026

🧴 COAL TAR LOTION – PLAINTAR

အရေပြားက ခြောက်သွေ့၊ အဖတ်ထ၊ ထူလာပြီး ယားယံ နေတာကြောင့် စိတ်ညစ်နေပါသလား?

PLAINTAR Coal Tar Lotion က Coal Tar ပါဝင်တဲ့ Body & Scalp Lotion ဖြစ်ပြီး အဖတ်ထခြင်း၊ အရေပြားထူခြင်းနဲ့ ယားယံခြင်းရှိတဲ့ အချို့သော အရေပြားအခြေအနေတွေကို ထိန်းချုပ်သက်သာစေဖို့ အသုံးပြုနိုင်ပါတယ်။ ✨

💜 အသုံးပြုနိုင်တဲ့ အခြေအနေများ
• Psoriasis – အရေပြားထူပြီး အဖြူရောင်အဖတ်များထခြင်း
• Eczema / Dermatitis – ခြောက်သွေ့၊ ယားယံပြီး အဖတ်ထခြင်း
• Seborrheic Dermatitis / Scalp Scaling – ဦးရေပြားအဖတ်ထ၊ ဗောက်နှင့် ယားယံခြင်း
• Ichthyosis – အရေပြားအလွန်ခြောက်ပြီး အကြေးခွံလို အဖတ်ထခြင်း

✨ ဘာတွေကို ကူညီပေးနိုင်လဲ?
✔️ အရေပြားအဖတ်ထခြင်း လျော့စေခြင်း
✔️ အရေပြားထူထပ်မှုကို သက်သာစေခြင်း
✔️ ယားယံခြင်းနှင့် မအီမသာဖြစ်မှု လျော့စေခြင်း
✔️ Body & Scalp နှစ်မျိုးလုံး အသုံးပြုနိုင်ခြင်း

🌿 Steroid မပါဝင်တဲ့ Coal Tar Lotion ဖြစ်တဲ့အတွက် steroid cream တွေလို မဟုတ်ဘဲ scaly skin conditions တွေအတွက် ရည်ရွယ်အသုံးပြုတဲ့ lotion ဖြစ်ပါတယ်။

📩 အသေးစိတ်သိရှိလိုပါက Derma Care မှာ မေးမြန်းဝယ်ယူနိုင်ပါတယ်။

#ဦးရေပြားယားယံအဖတ်ထ #ဗောက်

19/08/2026

KLM က products တွေကို နှစ်သက်သူတွေအတွက်
KLM က Tretinoin ရပါပြီ။ ✨✨✨

TRUNEX Tretinoin Cream USP မှာ
💙 0.025%
🖤 0.05%
ဆိုပြီး Strength ၂ မျိုး ရွေးချယ်နိုင်ပါတယ်။

Tretinoin က အသားအရေရဲ့ cell turnover ကို မြှင့်တင်ပေးတာကြောင့်—

✔️ ဝက်ခြံနှင့် အဆီဖုများကို ကူညီလျော့ချပေးနိုင်
✔️ Blackheads / Whiteheads များကို ကူညီထိန်းချုပ်ပေးနိုင်
✔️ ဝက်ခြံကြောင့်ကျန်တဲ့ အမဲစက်တွေကို တဖြည်းဖြည်းဖျော့စေနိုင်
✔️ အသားအရေ Texture ပိုမိုချောမွေ့လာစေနိုင်
✔️ အရေးအကြောင်းတွေသက်သာစေပါတည်။
✔️ Fine lines နဲ့ skin aging လက္ခဏာတွေကိုလည်း ရေရှည်အသုံးပြုရာမှာ ကူညီနိုင်ပါတယ် ✨

0.025% — စတင်သုံးသူများအတွက် ပိုသင့်တော်တဲ့ Strength
0.05% — Tretinoin ကို အသုံးပြုနေကျသူများအတွက် ပိုမိုအားပြင်းတဲ့ Strength

⚠️ Tretinoin က active treatment ဖြစ်တဲ့အတွက် စတင်သုံးချိန်မှာ ခြောက်ခြင်း၊ နီခြင်း၊ စပ်ခြင်း ဖြစ်နိုင်ပါတယ်။ ညဘက်မှာ အသုံးပြုပြီး Moisturizer + Sunscreen ကို မမေ့ပါနဲ့။

📩 Tretinoin ဘယ် Strength ကိုရွေးသင့်လဲ မသိသေးရင် Derma Care မှာ Skin concern ပြောပြီး မေးမြန်းနိုင်ပါတယ်။

#မအိုဆေး

Photos from Derma Care's post 18/08/2026

✨ Tyrolite Cream တွေ ပစ္စည်းပြန်ရောက်ထားပါပြီ။

✨ Tyrolite Cream – တင်းတိပ်၊အမည်းစက်လျော့၊ အသားအရေတောက်ပစေတဲ့ Skin Brightening Cream ✨

ဝက်ခြံပြီးကျန်တဲ့ အမည်းစက်တွေ၊ နေလောင်မဲစက်တွေ၊ အသားအရောင်မညီညာတာတွေကြောင့် စိတ်ညစ်နေပါသလား?

Tyrolite Cream မှာ ပါဝင်တဲ့ β-White, Tyrostat နှင့် Melanostatine တို့က Melanin ဖြစ်ပေါ်မှုကို လျှော့ချပေးပြီး အမည်းစက်တွေကို ဖြည်းဖြည်းချင်း သက်သာလာစေကာ အသားအရေကို ပိုမိုကြည်လင်ညီညာစေပါတယ်။

✨ အဓိကအကျိုးကျေးဇူးများ

✔️ ဝက်ခြံပြီးကျန်တဲ့ အမည်းစက်များကို လျော့ပါးစေသည်
✔️ နေလောင်မဲစက်နှင့် Pigmentation ကို သက်သာစေသည်
✔️ အသားအရောင် မညီညာမှုကို ညှိပေးသည်
✔️ အသားအရေကို ကြည်လင်တောက်ပစေသည်
✔️ နေ့စဉ်အသုံးပြုနိုင်သော နူးညံ့သိမ်မွေ့သည့် Formula
🌿 Steroid မပါဝင်သော Formula ဖြစ်ပြီး နေ့စဉ်အသုံးပြုရန် သင့်တော်ပါသည်။

အသုံးပြုနည်း
🌙 ညဘက် မျက်နှာသန့်စင်ပြီးနောက် ပါးပါးလိမ်းပေးပါ။
☀️ မနက်ပိုင်းတွင် SPF 30+ Sunscreen ကို မဖြစ်မနေ လိမ်းပေးပါ။

အသားအရေကြည်လင်ပြီး ယုံကြည်မှုအပြည့်နဲ့ တောက်ပချင်သူများအတွက် Tyrolite Cream က ရွေးချယ်သင့်တဲ့ Skin Brightening Partner တစ်ခုပါ

15/08/2026

✨ အဆီဖု၊၀က်ခြံ ကုသဖို့ Adapalene မှာဆို Deriva®

ဝက်ခြံကုသရာမှာ အရေးကြီးတာက မှန်ကန်တဲ့ Active Ingredient + ယုံကြည်စိတ်ချရတဲ့ Brand ကိုရွေးချယ်အသုံးပြုဖို့ပါ။

Deriva® Gel — Adapalene 0.1% w/w
ဝက်ခြံဖြစ်စေတဲ့ ပိတ်ဆို့နေတဲ့ pores တွေကို လျော့ချပေးပြီး အဆီဖု၊ blackheads၊ whiteheads နဲ့ acne breakouts တွေကို ထိန်းချုပ်ရာမှာ အသုံးပြုနိုင်ပါတယ်။

💗 ဘာတွေအတွက်ကောင်းလဲ?
• အဆီဖု / Closed Comedones
• Whiteheads & Blackheads
• ဝက်ခြံထပ်ခါထပ်ခါဖြစ်ခြင်း
• Pore ပိတ်ဆို့မှုများ
• Acne-prone skin

🌙 အသုံးပြုပုံ
ညဘက် မျက်နှာသစ်ပြီး အသားခြောက်သွားတဲ့အခါ pea-sized ပမာဏခန့် ကို ဝက်ခြံဖြစ်လွယ်တဲ့ဧရိယာတစ်ခုလုံးအပေါ် ပါးပါးလိမ်းပါ။

⚠️ စတင်အသုံးပြုချိန်မှာ ခြောက်ခြင်း၊ နီခြင်း၊ စပ်ခြင်း ဖြစ်နိုင်ပါတယ်။ အရေပြားအခြေအနေပေါ်မူတည်ပြီး ဖြည်းဖြည်းချင်းစတင်အသုံးပြုပါ။ နေ့ဘက်မှာ Sunscreen မဖြစ်မနေသုံးပေးပါ။

Derma Care မှာ Deriva® ရရှိနိုင်ပါတယ်။ 💕
Clearer Skin Starts with the Right Acne Treatment.

13/08/2026

✨ Tyrolite Cream – တင်းတိပ်၊အမည်းစက်လျော့၊ အသားအရေတောက်ပစေတဲ့ Skin Brightening Cream ✨

ဝက်ခြံပြီးကျန်တဲ့ အမည်းစက်တွေ၊ နေလောင်မဲစက်တွေ၊ အသားအရောင်မညီညာတာတွေကြောင့် စိတ်ညစ်နေပါသလား?

Tyrolite Cream မှာ ပါဝင်တဲ့ β-White, Tyrostat နှင့် Melanostatine တို့က Melanin ဖြစ်ပေါ်မှုကို လျှော့ချပေးပြီး အမည်းစက်တွေကို ဖြည်းဖြည်းချင်း သက်သာလာစေကာ အသားအရေကို ပိုမိုကြည်လင်ညီညာစေပါတယ်။

✨ အဓိကအကျိုးကျေးဇူးများ

✔️ ဝက်ခြံပြီးကျန်တဲ့ အမည်းစက်များကို လျော့ပါးစေသည်
✔️ နေလောင်မဲစက်နှင့် Pigmentation ကို သက်သာစေသည်
✔️ အသားအရောင် မညီညာမှုကို ညှိပေးသည်
✔️ အသားအရေကို ကြည်လင်တောက်ပစေသည်
✔️ နေ့စဉ်အသုံးပြုနိုင်သော နူးညံ့သိမ်မွေ့သည့် Formula
🌿 Steroid မပါဝင်သော Formula ဖြစ်ပြီး နေ့စဉ်အသုံးပြုရန် သင့်တော်ပါသည်။

အသုံးပြုနည်း
🌙 ညဘက် မျက်နှာသန့်စင်ပြီးနောက် ပါးပါးလိမ်းပေးပါ။
☀️ မနက်ပိုင်းတွင် SPF 30+ Sunscreen ကို မဖြစ်မနေ လိမ်းပေးပါ။

အသားအရေကြည်လင်ပြီး ယုံကြည်မှုအပြည့်နဲ့ တောက်ပချင်သူများအတွက် Tyrolite Cream က ရွေးချယ်သင့်တဲ့ Skin Brightening Partner တစ်ခုပါ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Meikhtila
Yangon