Health is Wealth
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Health is Wealth, Health/Beauty, Yangon.
13/06/2021
" Enteric Fever/Typhoid Fever/Paratyphoid Fever/အူရောင်ငန်းဖျားရောဂါ "
အူရောင်ငန်းဖျားဆိုတာ ကျနော် တို့ ငယ်ငယ်ထဲက ကြားဖူးနေကြဖြစ်မှာပါ။
မိုးတွေ တဖွဲဖွဲကျလာတဲ့ ယခုလို ရာသီအချိန်မှာ တော့ အူရောင်ငန်းဖျားရောဂါ အကြောင်းလေး ပြောပြချင်မိပါတယ်။
✍️ Typhoid Fever ကို ဘာ က ဖြစ်စေတာလဲ?
☑️ Typhoid Fever ဆိုတဲ့ အူရောင်ငန်းဖျား ရောဂါ ကို ဖြစ်စေတဲ့ တရားခံက တော့ Salmonella Typhi လို့ခေါ်တဲ့ ဘက်တီးရီးယား တစ်မျိုးပဲ ဖြစ်ပါတယ်။
✍️ ရောဂါ အကြောင်းမပြောခင် အဲ့ ဘက်တီးရီးယား အကြောင်းလေး ဆွေးနွေးတာပေါ့။
☑️ S.Typhi က ကျွန်တော်တို့ရဲ့ အူလမ်းးကြောင်းနဲ့ သွေးထဲမှာ ရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား ပိုးတစ်မျိုး ဖြစ်ပါတယ်။ သူ့ကြောင့်ဖြစ်ရင် Typhoid Fever ပေါ့။ Salmonella Paratyphi က လဲ သူနဲ့ ဆင်တူပါတယ်။ S. Paratyphi ကြောင့်ဆိုရင်တော့ Paratyphoid fever ဖြစ်မှာပါ။
ရောဂါလက္ခဏာ အားလုံးတူညီပေမယ့် Paratyphoid က တော့ ပိုပျော့ပါတယ်။
✍️ အဲ့ဘက်တီးရီးယား က ကျွန်တော်တို့ဆီ ဘယ်လို ရောက်လာခဲ့သလဲ??
☑️ သူ့ရဲ့ ကူးစက်မှုက တော့ Faecal Oral Route လို့ ခေါ်တဲ့ အစာလမ်းကြောင်းက ဝင်တာပါ။
ရောဂါပိုး ရှိနေတဲ့ သို့မဟုတ် ကပ်တင်နေတဲ့ အစားအစာ/ ရေ တို့ကို သောက်မိ စားမိတာက တဆင့် ကူးစက်ပါတယ်။
Salmonella Typhi/Typhoid Fever က ရောဂါပိုးနဲနဲဝင်ရင်တောင် ရောဂါဖြစ်တတ် ပြင်းထန်တတ်ပြီး S. Paratyphi/Paratyphoid ကတော့ ရောဂါပိူး အများကြီးဝင်မှ ဖြစ်တတ်ပေမယ့် မပြင်းထန်ပါဘူး။
လူ့ရဲ့ ခန္တာကိုယ်ထဲ ရောက်သည် နဲ့ တချို့ ဘက်တီးရီးယားများဟာ အစာချေဖျက်ခြင်းနှင့်အတူ တိုက်ပွဲ ကျဆုံးခဲ့ပေမယ့် ရှင်ကျန်ရစ်သူတွေက အူနံရံ များတွင် ကပ်တွယ်ကာ အင်အားစုဆောင်းခြင်း/မျိုးပွားခြင်းမျာ ပြုလုပ်ကာ အင်အားများအောင် လုပ်ဆောင်ပါတယ်။ အဲ့နောက်မှာတော့ အသည်း သည်းခြေ အဆုတ် ဘေလုံး ကျောက်ကပ် တို့ဆီရောက်ရှိပြီး ဆက်လက် ပွားများပါတယ်။
ရောဂါပိုးများဟာ အဲ့မှ တဆင့် သွေးထဲရောက်ရှိပြီး Septicaemic Stage လို့ ခေါ်တဲ့ သွေးဆိပ်တက်ပြီးး အပြင်းဖျားခြင်းနှင့် တခြားလက္ခဏာများစွာ ပေါ်လာတတ်ပါတယ်။။
# ရောဂါ လက္ခဏာ တွေ အနေဖြင့်
အပြင်းဖျားခြင်း
ပင်ပန်းနှုံးနယ် နွမ်းလျခြင်း
ခေါင်းကိုက်ခြင်း
ချမ်းတုန်ခြင်း
ဝမ်းချုပ်ခြင်းး နဲ့ ဝမ်းလျှောခြင်း
ချောင်းခြောက်ဆိုးခြင်း
ကြွက်သားနာကျင်ခြင်း
ချွေးထွက်များခြင်း
ဗိုက်အောင့်ခြင်းးး
အစားအသောက်ပျက်ခြင်းး
ဝိတ်ကျသွားခြင်း
အနီစက် ထွက်ခြင်း တို့ ဖြစ်တတ်ပါတယ်။
❗❗❗ကုသမှုသာ မခံယူခဲ့ရင်
သူတို့ကိန်းအောင်းခဲ့ တဲ့ ကိုယ်တွင်း organ မှန်သမျှ ရောင်ရမ်း နိုင်ပါတယ်။
သွေးအဆိပ်တက် လွန်၍ အလှုပ်အရှား နည်းပြီး အိပ်ယာ ထဲ ဗုံးဗုံးလှဲ သွားနိုင်ပါတယ်။
အူနံရံမှာကပ်တွယ် ပြီး ရောင်ရမ်းခြင်းများဖြစ်စေသည့် အတွက် အစာအိမ် အူလမ်းကြောင်း နံရံများ ရောင်ရမ်း သွေးကြော ပေါက်ခြင်း အူပေါက်ခြင်းများ ဖြစ်တတ်ပါတယ်။ ။
☑️ကုသမှု အနေနဲ့တော့
💊 ဆရာဝန်ညွှန်ကြားသော ပိုးသတ်ဆေးများ ရက်အပြည့် ဆေးတခွက် မပြတ် မှန်မှန်သောက် ဖို့လိုပါမယ်။
(သက်သာပြီဟူ၍ ဆေးဖြတ်လို့ လုံးဝ လုံးဝ မရပါ)
💉 ထိုးဆေးဖြစ်ခဲ့လျှင် ရက်မှန်မှန် အချိန်မှန်မှန်ထိုးဖို့ လိုပါမယ်။
💪 ကိုယ်ခံအားကောင်းအောင် အနားကောင်းကောင်းယူပါ ။
☑️ရှောင်ရန်အချက်များ ❗❗❗
အစာမာမာ စားခြင်း အပူအစပ်စားခြင်း အဖတ်စားခြင်းများ ရှောင်နိုင်လျှင် ပိုကောင်းပါတယ်။
အရည်သီးသန့် က ပိုသင့်တော်ပါတယ်။
အကိုက်အခဲ ပျောက်ဆေးများ သောက်ခြင်း ထိုးခြင်းများ မပြုသင့်ပါ။
☑️ကာကွယ်ခြင်း နှင့် ရောဂါထပ် မပြန့်ရန် ☑️
အပေါ့အလေး သွားပြီးလျှင် လက်ကို ဆပ်ပြာဖြင့် သေချာဆေးပါ။
ယင်နားစာများ၊ အပြင်အစားအစာများ ရှောင်နိုင်သမျှ ရှောင်ပါ။
အစားစားခါနီး လက်သေချာဆေးပါ အိုးခွက်ပန်းကန် ဇွန်းများ သေချာ ဆေးပါ။
ဟင်းသီးဟင်းရွက် အသား ငါးများ ဝယ်လာလျှင် ရေသေချာဆေးပါ၊ အစိမ်း စားခြင်းများ ရှောင်ပါ။
အိပ်ရေးဝဝ အိပ်ပါ ။ ကိူယ်ခံအား ကောင်းအောင်နေပါ။ ။
🌺 ဒီလောက်ဆို စာဖတ်သူ ညီအကိုမောင်နှမ တို့လဲ အူရောင်ငန်းဖျား အကြောင်းလေး နဲနဲတော့ သိလောက်ပီ ထင်ပါတယ်။ မိုးရာသီ ဆိုလျှင် ဖျားနာသူ များတတ်ပါတယ်။
🌺ပုံမှန်ရာသီတုပ်ကွေးကတော့ ၃ရက်လောက်ဆို သိသိသာသာ ကောင်းလာတတ်ပါတယ်။
🌺အူရောင်ငန်းဖျားကတော့ အဖျားကြာရှည်ပါတယ် အဖျားကြီးပါတယ်။
🌺ဒါ့အပြင် ရောဂါပိုးဟာ ရောဂါခံစားရသူ သက်သာသွားသည့်တိုင်အောင် စွန့်သော မစင်ထဲတွင် ဘက်တီးရီးယားများသည် ၁လခွဲ နှစ်လ လောက်ထိပါလာ နိုင်ပါသေးတယ်။
ထို့အတွက်ကြောင့် လက်ဆေးခြင်း ဟာ ရောဂါ ကာကွယ်မှုရဲ့ အဓိက အပိုင်းပါပဲ။
🌺ကိုယ်ကိုတိုင်လက်ဆေးဖို့ လိုသလို ကိုယ့်အတွက် အစားအစာ ပြင်ဆင်ပေးသူမှာလဲ လက်ဆေးခြင်း ပန်းကန် ခွက် ဇွန်း သေချာဆေးကြောခြင်းက အရေးကြီးပါတယ်။ ။
🌺မိုးရာသီရောက်သည့်အတွက် အဖျားရောဂါ တခုဖြစ်လာလျှင် ပုံမှန်တုပ်ကွေး အူရောင်ငန်းဖျား သွေးလွန်တုပ်ကွေး ဝမ်းကိုက်ပိုး များ ပေါင်းစုံ ဝင်လာတတ်သည့် အခါသမယမို့ သတိပြုမိနိုင်ကြပါစေလို့ ရည်ရွယ်ရင်းးး
သင်ဆရာ မြင်ဆရာ များအား ဂါရဝ ပြုလျှက်။
ဒေါက်တာရဲကျော်အောင်
M.B;B.S(Ygn)
တခြားသိလိုသည့် အကြောင်းအရာများ ဆွေးနွေးလိုသည်များ ရှိလာခဲ့ရင် အောက်က Link ပေးထားတဲ့ ကျွန်တော့် Account လေးမှာ လာရောက် ဆွေးနွေးနိုင်ပါတယ်။ ။
https://www.facebook.com/yair.kyaw.129
28/05/2021
*** နှလုံးသွေးကြောကျဥ်းရောဂါ နဲ့ အသက်အန္တရာယ် ***
> ကျွန်တော်တို့ ခန္တာကိုယ်မှာ Vital Organs လို့ ခေါ်တဲ့ လူတစ်ယောက် အသက်ရှင် ကျန်းမာဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ရှိပါတယ်။
ဦးဏှောက်၊နှလုံး၊ကျောက်ကပ်၊အသည်း၊ဘေလုံး ရယ်ပေါ့။ အဲ့ထဲမှာမှ ဦးဏှောက် နှလုံး နဲ့ ကျောက်ကပ် က တော့ Permanent cells လို့ ခေါ်တဲ့ ဆဲလ်အမျိုးအစားနဲ့ ဖွဲ့စည်းထားတော့ ပိုပြီး အရေးကြီးပါတယ်။ permanent ဆဲလ် ဆိုတဲ့ အမျိုးအစား က တခါပျက်စီးပြီးရင် ပြန်ပြီး အသစ်ပြန်မဖြစ်တဲ့ အမျိုးအစားကို ဆိုလိုတာပါ။
> ကျွန်တော်တို့ ရဲ့ သွေးကြောလေးတွေ ဟာ ဆိုရင်တော့ဖြင့် ရှုသွင်းလိုက်တဲ့ Oxygen နဲ့ စားနပ်ရိက္ခါ အာဟာရ လေးတွေကို နေရာ အနံ့ ပို့ဆောင်ပေးတဲ့ Delivery လေးတွေလိုပါပဲ။ အဲ့ဒီတော့ သွေးကြောလေးတွေ ကျဥ်းခြင်း ပိတ်ခြင်းဟာ Delivery လမ်းကြောင်းပိတ်ဆို့ခြင်း ဟာ Oxygen ပြတ်တောက်မှု ကို ဖြစ်စေပါတယ်။
Sanction ထိတားတဲ့ ဒေသလို စားနပ်ရိက္ခါပြတ် တောက်ပီး ဆဲလ် လေးတွေ သေဆုံးသွားစေပါတယ်။ ။
> အဲ့အတွက်ကြောင့် နှလုံးသွေးကြောကျဥ်းခြင်း ပိတ်ခြင်း ဟာ လူနာရဲ့ အသက်အန္တရာယ် ရှိစေတဲ့ Emergency ရောဂါ အမျိုးအစား ဖြစ်ပါတယ်။
စက္ကန့်တိုင်းဟာ လူနာရဲ့ အသက်အတွက် အရေးကြီးလို့ လုံးဝ ပေါ့ဆလို့ မရပါဘူး။ ။
နေ့မြင်ညပျောက် မျက်လှည့်ပြနိုင်တဲ့ ရောဂါ ဖြစ်လို့ သတိထားစေချင်ပါတယ်။ ။
# ဘယ်လိုလူတွေ နှလုံးသွေးကြောကျဥ်းတတ်သလဲ??
> အဖြစ်များတဲ့ အချက်တွေကတော့
1) သွေးတိုး ဆီးချို
2) အဝလွန်ခြင်း
3) ဆေးလိပ်သောက်ခြင်း
4) အရက်သောက်ခြင်း
5) သွေးတွင်း အဆီဓာတ်များခြင်း
6) ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း
ကိုက်ညီတဲ့ အချက်များလေ သွေးကြော ကျဥ်းနိုင်ခြေ ပိုများလေပါပဲ။ ။
# နှလုံးသွေးကြောကျဥ်းတဲ့ လက္ခဏာတွေက ဘာဖြစ်မလဲ ??
> နှလုံးသွေးကြောကျဥ်းရောဂါ ခံစားရသူတွေရဲ့ အဓိက အပြောများတာ ကတော့
"ရင်ဘတ်အောင့်ခြင်း"ပါ။
လက်နဲ့ စွဲဆုတ်ထားသလိုမျိုး ကျောနဲ့ရင် ညှပ်အောင့်တာပါ။တော်တော်ခံရခက်ပါတယ်။ သေလုမတတ်ပါ။ လူနာက ဒီတောင်ကိုမကျော်နိုင်လောက်ဘူး လို့ထင်ရတဲ့အထိ အောင့်တာမျိုးပါ။ ။
> အခြားလက္ခဏာ တွေက တော့
1) ဘယ်ဘက်လက်မောင်း၊ ပုခုံး၊မေးစေ့ နားအောင့်ခြင်းး
2) ရင်ညွှန့်တည့်တည့် အစာအိမ် အောင့်သလို အောင့်ခြင်း
3) ချွေးဆီးပြန်ခြင်း
4) မောခြင်း များဖြစ်နိုင်ပါတယ်
5) တခါတရံ ခေါင်းမူးခြင်း ပျို့အန်ခြင်းတွေလဲ ဖြစ်တတ်ပါတယ်။ ။
သတိပြုစရာ အချက်က အသက်ကြီးသူများနှင့် ဆီးချိုရောဂါအခံ ရှိသူများတွင် သိသာထင်ရှားသော လက္ခဏာများ မပြဘဲ နှလုံးသွေးကြော ပိတ်ခြင်း ဖြစ်ပေါ်တတ်ပါတယ်
> > အပေါ်မှာ ပြောထားသလို စက္ကန့်တိုင်းဟာ လူနာရဲ့အသက်ဖြစ်နေတဲ့အတွက် ဆေးရုံတွေမှာ လူနာတစ်ယောက် ယခုပုံစံ အောင့်နေခဲ့ရင် အခြားလူနာတွေကိုပစ်ထားပြီး ထိုလူနာကို နှလုံး ECG ဆွဲ ပြီး သေချာရင် အချိန်မဆွဲပဲ ကုသမှု ပေးရတာမျိုးပါ။
နှလုံးသွေးကြောကျဥ်းတာမှာ ECG မှာပေါ်တဲ့ အမျိုးအစား ရှိသလို ECG မှာ မတွေ့တဲ့ အမျိုးအစားလဲ ရှိပါတယ်။
Trop T လို့ခေါ်တဲ့ သွေးတစ်မျိုး စစ်လိုက်ရင်တော့ သေချာအဖြေသိရပါတယ်။ ။
# နှလုံးသွေးကြောမကျဥ်းအောင် ဘာလုပ်ရမလဲ ??
အဓိက တော့
ပုံမှန် ပေါ့ပေါ့ပါးပါး exercise များပြုလုပ်ပါ ။
သွေးတိုး ရောဂါ ရှိလျှင် ထိန်းပါ ။
ဆီးချို ရောဂါ ရှိလျှင် ထိန်းပါ ။
ဆေးလိပ် အရက် ရှောင်ကြဥ်ပါ ။
အဝလွန် နေလျှင် ဝိတ်ချပါ ။
အဆီအစိမ့် လျှော့စားပါ ။
အချုပ်ပြောရရင် နှလုံးသွေးကြောကျဥ်းခြင်းဟာ အရေးပေါ် ရောဂါ ဖြစ်တဲ့အတွက် မိမိ အသိ မိတ်ဆွေ ရင်ဘတ် အောင့်လာခဲ့ရင် ဆေးရုံ ဆေးခန်း အချိန်မှီ ပြသရန် အချိန် မလင့်ဟင်းဖို့ မှာချင်ပါတယ်။
နေ့မြင်ညပျောက်ရောဂါဆိုးကြီးရဲ့ အန္တရာယ် ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်းး
သင်ဆရာမြင်ဆရာများအားလေးစားလျှက်
Dr. ရဲကျော်အောင် (M.B,B.S) YGN
27/05/2021
**** ရင်သား အကျိတ် နှင့် ရင်သားကင်ဆာ ****
အမျိုးသမီး များနဲ့ သက်ဆိုင်တဲ့ ရောဂါလေး အကြောင်း သိထားဖွယ်ရာလေး ပြောပြပေးပါ့မယ်။ ရင်သားအကျိတ် နဲ့ ရင်သားကင်ဆာ အကြောင်းလေး ပေါ့...
တရက်ရက်မှာ မိမိရင်သားမှာ အကျိတ်လေး တစ်ခုစမ်း မိခဲ့သည် ရှိသော် ဘာတွေ ဆောင်ရွက်ရမလဲ ပေါ့နော် ။
ရင်သားအကျိတ် ဆိုတာကတော့ အပျိုဖော် ဝင်ကာစ ကနေ menopause အရွယ် ဖြစ်ရင်တောင် ဖြစ်နိုင်ပါတယ်။
ငယ်ရွယ်စဥ် မှာတော့ ရိုးရိုးအကျိတ် အဖြစ်များပြီးတော့ အသက်အရွယ် ကြီးလာသ၍ ကင်ဆာအကျိတ်က ဖြစ်နိုင်ချေ ပိုများလာတယ် ။ ။
အမျိုး သမီး များ ရင်သား တစ်ခု ဟာ ဘာတွေနဲ့ ဖွဲ့စည်းထားလဲ ဆိုရင်
1) Ni**le
2) နို့ရည် gland များနဲ့ ဖွဲ့စည်းထားတဲ့ Ar**la
3) lymphatics လို့ခေါ်တဲ့ စွန့်ထုတ်တဲ့လမ်းကြောင်းများ (အထူးသဖြင့် ချိုင်းအောက်က Lymph node လေးတွေ ဆီပေါ့)
4) Fat အဆီများ
5) ligaments of cooper (ကြွက်သားများတောင့်တင်းပုံပေါ်စေတဲ့ တွဲဆက်ပေးတဲ့ Ligament လေးတွေပေါ့)
ရင်သား တစ်ခုကို အပေါ်ယံ Area နဲ့ အပိုင်းလေးပိုင်း ခွဲကြည့်မယ် ဆိုရင်
1) Upper Outer
2) Upper Inner
3) Lower Outer
4) Lower Inner
အကျိတ်ဖြစ်တဲ့ နေရာပေါ် မူတည်ပြီးး အကြမ်းဖျင်း ရိုးရိုးလား ကင်ဆာလား ခန့်မှန်းလို့ ရတာပေါ့လေ။ ။
# ရင်သားအကျိတ် အမျိုးအစား အနေနဲ့တော့
1) Fibroadenoma
အသက် 15-25 အတွင်းအဖြစ်များတယ်
အလုံးဖြစ်တာများတယ်
ရိုးရိုးအကျိတ်၊ ရွေ့လျားနိုင်တယ် ၊ အရွယ်အစားက သတိထားမိတာထက် သိသာအောင် ကြီးမလာတတ်ဘူး၊ မနာဘူး။
2) Cyst/ Fibrocystic
ပျော့တာရှိသလို မာတာလဲရှိတယ်၊ အလုံးဖြစ်တာများတယ်
အသက် 25-50 အတွင်းအဖြစ်များတယ်
ရိုးရိုးအကျိတ် ၊ ရွေ့လျားနိုင်တယ်၊ မနာတာရှိသလို နာတာလဲ ရှိတယ်၊ အရွယ်က သိသိသာသာ ကြီးမလာတတ်ဘူး။
3) Cancer
မာတယ်၊ ပုံစံက အမျိုးမျိုးဖြစ်နိုင်တယ်
အသက် 25 ကနေ အသက်အရွယ်ကြီးတဲ့အထိဖြစ်တတ်တယ်၊ မရွေ့တာများတယ်၊ နာတာများတယ်၊ size ကလဲ ခနအတွင်း စမ်းမိတာထက် ကြီးလာတတ်တယ်။ တခြားကင်ဆာတွေရဲ့ လက္ခဏာ အတိုင်း အစားအသောက်ပျက်တာ ပိန်တာ တွေ ရှိတတ်တယ်။ ။
4) နို့တိုက်မိခင် နို့ပြွန်ခဲခြင်း
နို့တိုက်မိခင်များ နို့တိုက်ချိန်မမှန်တာကြောင့်ဖြစ်တတ်တယ်။ တအားနာပီး ပြည်တည်နာပြောင်းလဲနိုင်တယ်။ ။
# ဘယ်အရာတွေက ရင်သားမှာ အကျိတ် ဖြစ်လာဖို့ အားပေးစေလဲ ဆိုရင်တော့
1) Early Menarche Late Menopause
အပျိုဖြစ်စောခြင်း နဲ့ သွေးဆုံးနောက်ကျခြင်း (50)
2) တားဆေးများ(OC Pill) နဲ့ Hormone Replacement Therapy
3) မိသားစုထဲ ရင်သားကင်ဆာ ဖြစ်ဖူးခြင်း
4) အပျိုကြီးများနှင့် သားသမီး မရှိသူများ၊
သားသမီးရ နောက်ကျသူများ။
5) ဆေးလိပ် နှင့် အရက် အလွန်သောက်သုံးခြင်း
6) အဆီအစားများခြင်းး
# ရင်သားကင်ဆာရဲ့ လက္ခဏာလေးတွေ ပြောကြတာပေါ့...အဲ့ဒါတွေ ရှိခဲ့ရင်တော့ သတိထားဖို့လိုအပ်မယ်နော်။ ။
အပေါ်က ပြောဖူးတဲ့ လက္ခဏာအပြင် ရင်သားကင်ဆာတွေ ဟာ
1) Outer Upper မှာအဖြစ်များတယ်
2) အကျိတ်က တစ်ခုအပြင် များတတ်တယ်
3) ချိုင်း အောက် က Lymph node လေးတွေအထိ အကျိတ်က ရောက်နေတတ်တယ်
4) နို့တိုက်မိခင် မဟုတ်ပဲ နို့ရည်များသွေးများ ပါလာတတ်တယ်
5) ရင်သားပုံစံ မမှန်ခြင်း လိမ္မော်သီးအခွံကဲ့သို့ ဖြစ်ခြင်းများဖြစ်တတ်တယ်
6) ကြွက်သားမူမမှန်ခြင်းကြောင့် Ni**le (နို့သီးခေါင်းကျုံ့ဝင်နေတတ်ပါတယ်။
# ကုသမှု အနေနဲ့တော့ ဘာရင်သားအကျိတ် မျိုးလဲ အဓိက သိဖို့ လိုအပ်ပါတယ်။ အဲ့အတွက် Triple assessment လို့ခေါ် တဲ့ အပိုင်း သုံးပိုင်းပါဝင်ပါမယ်။ ။
1) Clinical
လူနာအသက်အရွယ်၊ စသတိထားမိတဲ့အချိန် စတဲ့ရောဂါ history အပိုင်း နဲ့ ဆရာဝန် စမ်းသပ်ခြင်း examination နှစ်ပိုင်းပါဝင်ပါမယ်
2) Imaging (BiRads Scoring)
USG အဖြေ နဲ့ Mammogram အဖြေ ကြည့်ဖို့လိုပါမယ်
3) pathology
Biopsy အသားစယူတဲ့ အပိုင်းပေါ့
မခွဲခင် အပ်နဲ့ အသားစယူ စစ်ဆေးတာရယ်
အဲ့အသားစအဖြေ ကောင်းနေခဲ့လျှင်
ခွဲစိတ်ဆရာဝန်ကြီးရဲ့ အကျိတ်အပေါ် အမြင်အရ
ခွဲ၍ရလာတဲ့အကျိတ်ကို Biopsy ထပ်စစ်ဆေးတာ ရယ် ရှိပါမယ်။ ။
# # ခွဲစိတ်ကုသမှုအနေ နဲ့
ရိုးရိုးသာမန် အကျိတ် ဆိုရင်တော့
Lumpectomy (အကျိတ်သာလျှင်ခွဲထုတ်ခြင်း)
ကင်ဆာအကျိတ် ဖြစ်ခဲ့လျှင်
Mastectomy (ရင်သားတခုလုံးခွဲထုတ်ခြင်း)
Chemotherapy နဲ့
Radiotherapy ကတော့
ကင်ဆာအကျိတ် ဆိုရင်တော့
ကုထုံးထဲထပ်ပါဝင်မှာပေါ့ ။ ။
အချုပ်ဆိုရလျှင် အမျိုးသမီး အများစုဟာ အရှက်အကြောက်ကြီးတတ်ပါတယ်။ မိမိရဲ့ အတွင်းကိစ္စ ကို မိသားစုက အမျိုးသမီးအချင်းချင်းတောင် ဖွင့်မပြောပဲ ကြိတ်မှိတ် နေတဲ့သူ ရှိတတ်ပါတယ်။ ။
ရောဂါဖြစ်ခြင်းဟာ ရှက်စရာ မဟုတ်ပါ။ ရင်သားအကျိတ်ဟာ စောစောသိ စောစောကုလျှင် ပျောက်ပါတယ်။ အချိန် ကြာလေ အန္တရာယ် များလေ ဖြစ်တာကြောင့် မို့ သတိထားစေချင်ပါတယ်။ ။
ရင်သားအကျိတ်ဖြစ်ခြင်းမှ ကင်းဝေးပြီးး ကျန်းမာစေဖို့ တောင်းဆုပြုရင်းးး
သင်ဆရာ မြင်ဆရာများအား ဂါရဝ ပြုလျှက်
Dr. ရဲကျော်အောင် (M.B,B.S)YGN
27/05/2021
*** ခါးနာခြင်းး အကြောင်း သိမှတ်ဖွယ်ရာ ***
ကျွန်တော်တို့မြန်မာလူမျိုး အများစု ဟာ အလုပ်အကိုင် အနေနှင့် ပင်ပန်းစွာ လုပ်ကိုင်ရတာ များပါတယ်။ ။ ထို့အတွက်ကြောင့် ခါးနာခြင်း ဆိုတာက လူနာ အများစု ရဲ့ complaint အဖြစ် မြင်တွေ့ရများတယ်။။ အဲ့တော့ ခါးနာခြင်း အကြောင်းလေး သိစရာလေး မျှဝေပေးခြင်ပါတယ်။ ။
# # ခါးနာခြင်း ဘယ်က စလဲ ? ?
> ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းက များလွန်းပါတယ်။ အဖြစ်များတာလေးတွေတော့ သိထားတာကောင်းတာပေါ့။
1) exercise လွန်ကဲခြင်းကြောင့် ခါးရှိ ကြွက်သား နှင့် အရွတ်များ ရောင်ရမ်းခြင်းး (Muscle/Tendon/ Ligament spasm)
2) ခါးဆစ်ရိုး ကျွံခြင်း (Intervertebral Disc Prolapse)
3) အရိုးကျီးပေါင်းး (OA)
4) အရိုးပွ၍ ကျိုးခြင်း (Osteoporotic fracture)
5) ထိခိုက်ဒဏ်ရာ များ
6) အာရုံကြော လမ်းကြောင်းကျဥ်းခြင်းး (lateral root/spinal canal Stenosis)
7)ခါးဆစ်ရိုးနေရာ လွဲခြင်းး (vertebral body Slip)
8) လေးဖက်နာရောဂါ
9) ကိုယ်ဝန်ဆောင်မိခင်များ
10) LifeStyle ( Posture / Smoking )
11) TB
12) အခြားတနေရာမှ Refer pain
ဥပမာ ကျောက်ကပ်ရောင်ခြင်း,ဓမ္မတာနှင့်အမျိုးသမီးရောဂါများ, ပန်ကရိယရောင်ခြင်း စသဖြင့် ပေါ့....
> ဖြစ်စေနိုင်သော အကြောင်းအရာကို ရှာဖို့က အရေးကြီးပါတယ်။ ရောဂါ ရှာဖွေခြင်းနဲ့ ပတ်သတ်ရင်တော့ ဒီသုံးခု တော့ လုပ်ဆောင်သင့်ပါတယ်
1) TL spine X Ray or Lumber Spine Xray
2) MRI
3) USG(abd)
# # ကုသမှု
> > လေ့ကျင့်ခန်း နဲ့ အနားယူခြင်းက အကောင်းဆုံးကုသခြင်းပါပဲ
အကိုက်အခဲ ပျောက်ဆေးများ နဲ့ Steroid ဆေးများကလဲ ခါးနာခြင်းကို သက်သာစေပါတယ်။ အမြဲ ဆွဲသုံးနေဖို့တော့ မသင့်တော်ပါဘူး ။ ။
လေ့ကျင့်ခန်း ကအဓိက ပါ။ Video တွေ့ခဲ့ရင် comment မှာ တင်ပေးထားပါ့မယ်။ ။
# ဘယ်လိုလူအတွက် ခါးနာခြင်း က ပေါ့ဆလို့ မရသလဲ??
> > ကျနော်တို့ ဆရာကြီးတွေ ကတော့ TUNA FISH ဆိုပြီး မှတ်ရလွယ်အောင် ပြောထားတော့ ဝေမျှပေးလိုက်ပါတယ်...
အဲ့အချက် တခုခု ရှိခဲ့ရင်တောင် ခါးနာတာကပေါ့ဆလို့ မရသလို ဆရာဝန်နဲ့ ပြသပြီး ကုသဖို့လိုအပ်ပါတယ်။
T - Trauma (ထိခိုက်ဒဏ်ရာ)
U - Unexplain Loss of Weight or
Loss of appetite (အစားပျက်/ ဝိတ်ကျ)
N- Neurological Deficit (ခါးနာခြင်းအပြင် အာရုံကြောများ ပျက်စီးခြင်းး/ ခြေလက် လှုပ်မရခြင်း)
A - Age (50)
ငယ်လွန်းကြီးလွန်း
F - Fever (ခါးနာခြင်း+ ဖျားခြင်း)
I - IVDU and Immunocompromised
(ဆေးသုံးခြင်း , ခုခံအားကျရောဂါ တခုခု ရှိခြင်း/eg HIV)
S - Steroid ဆေးများသုံးစွဲခြင်းး
H - history of Cancer (ကင်ဆာရောဂါ တခုခု ဖြစ်ဖူးခဲ့ခြင်း)
# ဘယ်လို အချိန်မှာ ခွဲစိတ်ကုသဖို့ လိုအပ်လဲ ??
> > ခါးနာခြင်းမှာ ခွဲစိတ်ကုသရမယ့် အခြေအနေ တခု ရှိပါတယ်... အဲ့ဒါကတော့ Cauda Equina Syndrome လို့ခေါ်တဲ့ ခါးရှိ အာရုံကြော ပိခြင်း ညှပ်ခြင်း ပေါ့ ။ ။ လက္ခဏာလေးတွေ အနေ နဲ့
1) ဆီးမထိန်းနိုင်ခြင်းး
2) စအို နားတဝိုက် ထုံကျဥ်နေခြင်း (saddle anethesia)
3) ခါးနာခြင်း ဒူးနာခြင်း နှင့် ခါးမှ ခြေသလုံးအထိ ကိုက်ခဲ နေခြင်းးး / လမ်းလျှောက်ရ ခက်ခဲ/ လမ်းမလျှောက်နိုင်တော့ခြင်းး
4) Sexual Dysfunction
Cauda Equina Syndrome ရှိခဲ့ရင်တော့ ခွဲစိတ်ခြင်းက ကုသခြင်းပါပဲ ။ ။
စာဖတ်သူအားလုံးး ခါးနာခြင်း ကင်းဝေး၍ ကျန်းမာပါစေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ။
အမှားများပါခဲ့ရင် လဲ ထောက်ပြ အကြံပြုပေးပါရန် တောင်းဆိုပါတယ်။ ။
သင်ဆရာ မြင်ဆရာ အားလုံးကိုဂါရဝ ပြုလျှက်...
Dr. ရဲကျော်အောင်(M.B,B.S)YGN
Click here to claim your Sponsored Listing.
Category
Website
Address
Yangon