G I R L
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from G I R L, Health/Beauty, Yangon.
တောင်းကြီးမြို့သူရဲ့နောက်ကွယ်က မုန့်ဟင်းခါးတစ်ပွဲ
သမီးရေ…..။
ဟိုးလွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ဖေဖေတို့၊သမီးတို့တစ်တွေ ရှမ်းမြို့တော် တောင်ကြီးရှိရာကို အလည်အပတ်သွားခဲ့ကြတဲ့ ခရီးစဥ်ကလေးကိုတော့ ဖေဖေသမီးတစ်ယောက် မှတ်မိနေလိမ့်ဦးမယ်လို့ ဖေဖေ ထင်မိတယ်လေ။ဖေဖေတို့တစ်တွေ သွားလည်ကြတုန်းက ကမ္ဘောဇဟာ အထူဆုံး အနွေးထည်ကို၀တ်ထားရတဲ့ ဒီဇင်ဘာလက်ကျန် ဆောင်းရက်တွေထဲမှာပဲပေါ့။
ချယ်ရီပန်းတို့ ပွင့်ေ၀ကြရာ၊ပါးအို့နီနီရဲရဲတို့ရဲ့ စကားသံကလေးတွေ၀ဲကြရာ ကမ္ဘောဇတစ်ခွင်ကို ဖေဖေတို့ တစ်၀ကြီးလည်ပြီးနောက် မန္တလေးကိုခရီးဆက်မယ့် မနက်ကျတော့ အေးသာယာကို ဖေဖေတို့ ရောက်နေကြရပါရော။ အေးသာယာဆိုတာက တောင်ကြီးမြို့အောက်ခြေက အေဝးပြေးကားတေွစုေ၀◌းရာ ဂိတ်စခန်းမြို့သစ်ကလေးလေ။
ဖေဖေတို့ အေးသာယာကိုရောက်တော့ အချိန်က တော်တော်ကလေးကိုစောပါသေးတယ်။ ဒါနဲ့ တစ်ခုခု စားကြသောက်ကြရရင် ကောင်းမှာပဲဆိုပြီး နီးရာဆိုင်ကလေးတစ်ဆိုင်ထဲကို ၀◌င်ဖြစ်ခဲ့ကြပါရဲ့ ။ ဖေဖေတို့တစ်တွေ ၀◌င်ထိုင်ဖြစ်လိုက်ကြတာက မိန်းကလေးနှစ်ယောက်ရောင်းနေတဲ့ မုန့်ဟင်းခါးဆိုင်ကလေး။ အင်းလေ အဲ့သည်ဆိုင်လေးမှာ ထိုင်မိခဲ့ကြရာကစလို့ ဖေဖေ့သမီးကိုဖေဖေ ပြောပြချင်စရာတွေ ရှိလာရပြန်တာပဲပေါ့။
ပြောရရင်တော့ သမီးရယ်၊ဟောသည့်ကမ္ဘာပေါ်မှာ မုန့်ဟင်းခါးဆိုင် တစ်ဆိုင်တည်းရှိပြီး အဲ့သည်ဆိုင်ကလည်း မြောက်၀◌င်ရိုးစွန်းမှာ သွားဖွင့်ထားတယ်ဆိုရင်တောင် သွားစားဖို့ ၀◌န်မလေးချင်တဲ့ သမီးနဲ့သမီးမေမေတို့တစ်တွေမုန့်ဟင်းခါးကို ကိုယ်စီမှာကြပြီပေါ့။ ဖေဖေကတော့ ဟိုး ခပ်လှမ်းလှမ်းလက်ဖက်ရည်ဆိုင်က လက်ဖက်ရည်တစ်ခွက်ကိုပဲ မှာခိုင်းလိုက်ခဲ့ပါတယ်။
တကယ့်တကယ်တမ်းကတော့ ဖေဖေဟာလည်း ယောကျ်ားမဆန်လွန်းစွာ မုန့်ဟင်းခါးကြိုက်သူဆိုတာ ဖေဖေ့သမီး သိပါတယ်။ ၀◌ါးခယ်မမှာ သင်္ဘာဆိုက်တဲ့အခါ ဆိပ်ကမ်းပေါ်ကို မဟားတရားခုန်တက်ပြီး ပုစွန်ဥ◌ီးနှောက်ကြော်နဲ့ရောင်းတဲ့ မုန့်ဟင်းခါးကို ဖေဖေ ပြေးစားတတတာ သမီးအသိ။ လပွတ္တာရောက်ရင် မနက်ထမင်း ညထမင်းကို အသာလေး လွှတ်ပေးလိုက်ပြီး ဇင်ရွဲတစ်လှည့်၊ မခွေးလေးတစ်လှည့် မုန့်ဟင်းခါးဆိုင်က ဖေဖေ မထတာ သမီးအသိ။ရန်ကုန်မြို့တော်မှာ ဟင်းခါးရည်ကို ဆီမသုတ်ဘဲနဲ့ ချက်တယ်လို့နာမည်ကြီးတဲ့ မြောင်းမြဒေါ်ချိုတို့၊ ဘီတွတ်လှလှရီတို့ရဲ့ ဆိုင်တွေဘက်ကိုဖေဖေ လစ်ထွက်သွားတတ်တာ သမီးအသိ။ဟင်္သာတက ငါးသလောက်ဥကြော်နဲ့ နာမည်ကြီးတဲ့ မြစ်ကွေ့ကျောင်းလမ်း မုန့်ဟင်းခါးဆိုင်ကို ဖေဖေရောက်ရောက်သွားတတ်တာ သမီးအသိ။ ဒါပေမဲ့ သမီးရယ်၊မုန့်ဟင်းခါးလို့ နာမည်တပ်ထားရုံနဲ့ ကြုံရာအရပ်မှာ ကြုံရာပါးစပါနဲ့ စားလိုက်ရအောင်ကတော့ ဖေဖေ့ရသတဏှာက အညှာမလွယ်လှပြန်ပါဘူး။ ဟင်းချိုအောင် ဆိတ်ရိုး၊အမဲရိုး ပြုတ်ထည့်တဲ့တတ်တဲ့၊ငါးပိလေးစွတ်ထည့်တတ်တဲ့ မြောက်ပိုင်းက မုန့်ဟင်းခါးတွေကို ဖေဖေကြောက်တယ်လေ။ ပုဂံ-ညောင်ဥ◌ီး၊မိတ္ထီလာ၊မန္တလေး၊ရေနံချောင်း၊ကျောက်ပန်တောင်း ဘယ်တော့မှ ဖေဖေ မုန့်ဟင်းခါး မစားခဲ့ဘူး။ ဒါကြောင့် တောင်ကြီးမြို့ခြေရင်းမှာလည်း လက်ဖက်ရည်တစ်ခွက်ကိုသာ ဖေဖေမှာသောက်နေခဲ့ပါတယ်။
မှတ်မိသေးတယ်။ အဲ့သည်နေ့က သမီးရယ်၊ သမီးမေမေရယ်လေ တစ်ဇွန်းနှစ်ဇွန်းလား စားရသေးတယ်၊ မျက်နှာရှုံ့ခနဲဖြစ်သွားပြီး ဆက်မစားကြတော့ဘူး။သမီးရေ … စားဝတ်နေရေးအတွက် ဘယ်လိုမှ မလုပ်မဖြစ်တော့တာကြောင့် မချက်တတ် ချက်တတ်နဲ့ ချက်ရောင်းရရှာတဲ့ မုန့်ဟင်းရည်မို့များ သမီးတို့ပါးစပ်ကို မတိုးလေရော့သလား။ ဒါမှမဟုတ် သူ့ရွာနဲ့ သူ့အထာအကောင်းဆုံးချက်ထားပါလျက်နဲ့ သမီးတို့ပါးစပ်နဲ့ စိမ်းနေလို့များ ခံတွင်းမတွေ့လေရော့သလား။ဒါတွေကိုတော့ ဖေဖေ မသိပါဘူး။ဒါပေမယ့် အဲသည်တုန်းက သမီးမေမေတစ်ယောက် မုန့်ဟင်းခါးနှစ်ပွဲကို တစ်ပွဲတည်းပေါင်းပြီး ဘေးနားကမြောင်းထဲကို သွန်ပစ်လိုက်ဖို့ ပြင်တာကိုတော့ ဖေဖေသတိထားမိခဲ့လိုက်တယ်။
တော်သေးတာပေါ့ သမီးရယ်။ဖေဖေက ဥ◌ီးအောင် လှမ်းတားမိလိုက်လို့သာပေါ့၊ မတားများ မတားမိလိုက်ရင် သမီးမေမေ သွန်မယ့်အချိန်မှာ မိန်းကလေးတစ်ယောက်က လှမ်းကြည့်လို့၊ဘယ်လောက် မျက်နှာပူစရာကောင်းလိုက်လေမလဲ။တကယ်တော့ သည်မုန့်ဟင်းခါးပွဲဟာ သွန်တော့သွန်ပစ်ရမယ့် မုန့်ဟင်းခါးပွဲပေါ့သမီးရယ်။ဒါကို ဖေဖေသိပါတယ်။
ဒါပေမယ့် ဖေဖေတို့မစားဘဲနဲ့ ပြန်ပေးပြီး ငွေပေးဖို့ဆိုတာ မသင့်တော်သလို၊ပိုက်ဆံပေးထားတာဆိုတဲ့စိတ်နဲ့ သူ့ရှေ့မှာတင် သွန်ပစ်လိုက်ဖို့ ဆိုတာဟာလည်း ရင့်သီးလွန်းတယ်လို့ ဖေဖေကတော့ ယူဆမိတယ်။ သည်တော့ ဖေဖေ ဘာလုပ်လိုက်သလဲသိလား။ ဟိုးကောင်တာရဲ့နောက်မှာမိန်းကလေးတစ်ယောက်က ပန်ကန်ကို ငုံ့ဆေးနေတုန်း၊တစ်ယောက်က တစ်ခြား၀◌ိုင်းကို သွားနေတုန်းမှာ သမီးမေမေရှေ့က မုန့်ဟင်းခါးပန်ကန်ကို ဆတ်ခနဲဆွဲယူပြီး မြောင်းထဲကိုသွန်ပစ်လိုက်တဲ့ မုန့်ဟင်းခါးတစ်ပွဲကို ဖေဖေ့သမီး မှတ်မိနေလိမ့်ဥ◌ီးမယ်လို့ပဲ ဖေဖေယုံကြည်မိပါတယ်။
သမီးတို့မကြိုက်တဲ့ မုန့်ဟင်းခါးတစ်ပွဲကို ဖေဖေ သွန်ပစ်ပေးခဲ့ဖူးပါရဲ့။ ဒါပေမယ့် ကမ္ဘောဇက မိန်းမပျိုလေးနှစ်ယောက်ကိုတော့ သိခွင့် လုံး၀လုံး၀ကို ဖေဖေ မပေးခဲ့ပါဘူး သမီးရယ်။
မောင်သာချိုသမီးဖတ်ဖို့နှလုံးသားရှုမျှော်ခင်းများ
စာမျက်နှာ15
မှထုတ်နုတ်ဖော်ပြပေးထားပါသည်
01/02/2023
အချစ်ဆိုတာ
တစ်ဖက်သားရဲ့ချွတ်ယွင်းချက်ကိုသိသည့်တိုင်နားလည်လက်ခံပေးတဲ့ ခံစားချက်ဖြစ်တယ်။
အချစ်ဆိုတာ
ငြင်းခုန်ရန်ဖြစ်ပြီးနောက် စိတ်တိုဒေါသထွက်လည်းအချင်းချင်းဆုံးရှူံသွားမှာကို ကြောက်တဲ့ခံစားချက်ဖြစ်တယ်
အချစ်ဆိုတာ
ရင်ခုန်ခြင်း၊စိတ်အားထက်သန်မှုတွေလျော့နည်းသွားလည်းအချင်းချင်း ဂရုစိုက်ကြင်နာတဲ့ ခံစားချက်ဖြစ်တယ်
အချစ်ဆိုတာ
တစ်ယောက်ရဲ့ဘဝကို တစ်ယောက်က ဂရုစိုက်စောင့်ရှောက်တာဖြစ်တယ်
အချစ်ဆိုတာ
မဆိုင်သူရဲ့အီစီကလီ မြှူဆွယ်တာတွေကိုငြင်းဆန်နိုင်တာဖြစ်တယ်
ကျွန်မဖတ်ဖို့၄
နိုင်းနိုင်းစနေ
01/02/2023
မိမိကူညီတဲ့အကြောင်း တခြားသူတွေကို မပြောပါနဲ့လား
လူတော်တော်များများဟာ တခြားသူတွေကို ကြင်နာသနားစိတ်ထားတာ အကူညီပေးတာတွေ လုပ်ပြီးသွားရင် အဲ့ဒီအကြောင်းကို တခြားသူတွေကို ပြောပြတတ်ကြတယ်။ အဲ့ဒီလို လုပ်တာဟာ ကြွားချင်လို့ မဟုတ်ကြပါဘူး။ဒီလို အကြောင်းတွေကြောင့်ပါ။ ကျွန်တော်တို့ဟာ သူများတွေကို ကြင်နာခဲ့တာ ကူညီခဲ့တာတွေကို တခြားသူတွေကို ပြောပြလိုက်ရရင် မိမိကိုယ်မိမိ ကြင်နာသနားတတ်သူ စိတ်စေတနာကောင်းရှိသူ ရက်ရောတတ်သူလို့ စိတ်ထဲမှာ ခံစားလိုက်မိတယ်။ စိတ်ထဲမှာ ကြည်နူး၀မ်းသာမှုလည်း ဖြစ်ပေါ်လာပါတယ်။ နောက်ပြီ လူတွေရဲ့ချီးမွမ်းမှုကို ခံယူချင်လို့လည်း ဖြစ်ပေါ်လာပါတယ်။ နောက်ပြီ လူတွေရဲ့ချီးမွမ်းမှုကို ခံယူချင်လို့လည်း ဖြစ်ပါတယ်။
အခုကြင်နာတာ ကူညီတာတွေလုပ်လိုက်တဲ့အကြောင်း တခြားသူတွေကို ပြောပြလိုက်လို့ ရလိုက်တဲ့ ကြည်နှုးပျော်ရွှင်မှုထက် ပိုတဲ့ ခံစားမှုကို ရချင်ပါသလား။ ခုလို လုပ်ကြည့်လိုက်ပါ။ နောက်တစ်ခါ လူတစ်ယောက်ကို ကြင်နာတာကူညီတာ လုပ်ပေးပြီးသွားရင် ဒီအကြောင်းကို ဘယ်သူ့ကိုမှမပြောဘဲ စိတ်ထဲမှာပဲ မြိုသိပ်သိမ်းဆည်းထားလိုက်ပါ။ ဘာကြောင့် ဒါကိုလုပ်ခိုင်းရသလဲဆိုတော့ မိမိကူညီပေးလိုက်တဲ့ကြောင်း တခြားသူတစ်ယောက်ကို ပြောပြလိုက်ခြင်းဟာ မိမိရဲ့ ၀မ်းသာကြည်နှူးစိတ်ကို အားပျော့သွားစေပါလိမ့်မယ်။ တကယ်လို့ ဒီအကြောင်းကို မပြောပြရင် ၀မ်းသာကြည်နှုးစိတ်ဟာ သူ့ရင်ထဲမှာ အပြည့်အ၀ ကျန်ရှိနေမှာပါ။
ကျွန်တော်တို့ တစ်စုံတစ်ယောက်ကို ကူညီတာ ပေးကမ်းစွန့်ကြဲတာဟာ သူ့ဆီက တစ်စုံတစ်ခုကို ပြန်ရယူချင်လို့ မဟုတ်ပါဘူး။ ဘာမှ ပြန်ရဖို့ ကိုလည်း မမျှော်လင့်ပါဘူး။အဲ့ဒီလို လုပ်ပေးလိုက်ရလို့ ၀မ်းသာကြည်နှုးစိတ်ဖြစ်ပေါ်လာတာကိုပဲလိုချင်တာပါ။၀မ်းသာကြည်နှုးစိတ်တကယ်လည်းဖြစ်ပေါ်လာပါတယ်။ဒါပေမဲ့ ၀မ်းသာ ကြည်နှုးမှုကို အပြည့်အ၀ ခံစားချင်ရင် တော့ အဲ့ဒီကူညီမှုအကြောင်း ဘယ်သူ့ကိုမှ မပြောဘဲ ရင်ထဲမှာ မြိုသိပ်သိမ်းဆည်းထားလိုက်ပါ။ တခြားသူတွေ သိဖို့ မသိဖို့ဆိုတာ အရေးမကြီးပါဘူး။
အသေးအဖွဲလေးတွေနဲ့ စိတ်ညစ်မနေပါနဲ့
ဗန်မော်သိန်းဖေ
31/01/2023
ဆန္ဒရဲ့အနောက်
အရှက်တရားတွေ
တကောက်ကောက်....
အဆင့်တန်းရှိတဲ့ မိန်းမတစ်ယောက်ဟာ လိုချင်တာတစ်ခုအတွက်နဲ့ နာမည်ကို ချမရင်းပါဘူး။
လိုချင်တာတစ်ခုအတွက် ရုပ်ပျက် ဆင်းပျက် သူများနဲ့အပြိုင်လိုက်လုနေမှာ မဟုတ်ပါဘူး။
ဖြစ်ချင်တာတစ်ခုအတွက် မိဘအသိုင်းဝိုင်းရဲ့မျက်နှာကို အိုးမည်းသုတ်မှာ မဟုတ်ပါဘူး
သူမရဲ့ဆန္ဒနဲ့သိက္ခာကို အသိဉာဏ်နဲ့ တည့်မတ်သွားပါတယ်။
ပျော်ရွှင်ခြင်းတံခါးပေါက်
မာရင်ရင်
Pg15
31/01/2023
အချစ်နဲ့ပတ်သက်လာရင်
ဒီ့ထက် ပိုကောင်းတဲ့အချစ် ရှိသေးတယ်လို့ မထင်လိုက်ပါနဲ့။အခု လက်ရှိပိုင်ဆိုင်ထားတဲ့အချစ်က အကောင်းဆုံးပါ။
အသက်ငယ်သေးတယ်။ နောက်ကျမှ အိမ်ထောင်ပြုလည်းရတယ်လို့ မထင်လိုက်ပါနဲ့။အချစ်က အသက်အရွယ်ကို စောင့်နေမှာမဟုတ်ဘူး။
အကွာအေဝးကြောင့် အချစ်ကိုလက်လွတ်ဖို့ မကြိုးစားပါနဲ့။ အချစ်က ကိုယ်နဲ့အတူ ရထား၊လေယာဥ်စီးလို့ ရပါတယ်။
ငွေကြေးမချမ်းသာတဲ့ ချစ်သူကို မစွန့်လွတ်လိုက်ပါနဲ့။ အသုံးမကျနဲ့လူကလွဲလို့ လုံ့လဝီရိယရှိသူဆိုရင် သင့်ကို ချမ်းသာအောင် ထားနိုင်ပါတယ်။
အချစ်ကရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။ တစ်သက်မှာ တစ်ယောက်တည်းချစ်တာက အကောင်းဆုံးဖြစ်တယ်။ချစ်တာများပြီးခံစားချက်အတွေ့အကြုံများရင်ထုံကျဥ်သွားတတ်တယ်။လမ်းခွဲကြိမ်များရင်ကျင်သားရသွားတတ်တယ်။ချစ်တာများရင် နှိုင်းယှုဥ်မှုတွေ များသွားတတ်တယ်။နောက်ဆုံးမှာ အချစ်ကို အယုံအကြည် မဲ့သွားတတ်တယ်။
အချစ်က ၀မ်းနည်းစရာကောင်းတဲ့ ဒဏ္ဏာရီပုံပြင်တစ်ပုဒ်ဖြစ်ကောင်းဖြစ်မယ်။ ကိုယ့်ကိုချစ်တဲ့ လူတစ်ယောက်ကို စွန့်ရတာ သိပ်မနာကျင်ပေမယ့် ကိုယ်ချစ်တဲ့လူတစ်ယောက်ကို စွန့်ရတာလောက် နာကျင်တာ မရှိပါဘူး။ ကံအကြောင်းပါခဲ့ရင် အတူဆုံမိလည်း တစ်ယောက်ကိုတစ်ယောက် မနှစ်လိုတတ်ကြဘူး။
အချစ်ကို ကျေကျေနပ်နပ်ခံစားရင် ထိခိုက်နာကျင်ခဲ့လည်း နောင်တမရတတ်ဘူး။အချစ်ကို အတွေ့အကြုံတစ်မျိုးကို မှတ်ယူခဲ့ရင် အသဲကွဲချိန် ချိုမြိန်တာကို ခံစားမိမယ်။အချစ်ကို ဖြတ်သန်းမှုတစ်ခုလို့ မှတ်ယူခဲ့ရင် လဲပြိုချိန်မှာ လှပတယ်လို့ ခံစားမိမယ်။အထီးကျန် စိတ်လေလို့ လူတစ်ယောက်ကို မှားချစ်မိတာမျိုး မဖြစ်စေပါနဲ့။လူတစ်ယောက်ကို မှားချစ်မိလို့လည်း တစ်သက်လုံး အထီးမကျန်ပါစေနဲ့။ အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။
သတ္တိရှိတဲ့ပထမခြေလှမ်း
နိုင်းနိုင်းစနေ
31/01/2023
ဖမ်းဆုပ်ထားလို့ မရနိုင်တော့တဲ့ လူတစ်ယောက်ကို ထွက်ခွာခွင့်ပြုလိုက်ပါ။
သူလည်း သူ့အကြံညဏ်၊သူ့စိတ်ကူးနဲ့။ ကိုယ်လည်း ကိုယ့်အနာဂတ်၊ကိုယ့်ရည်မှန်းချက်နဲ့ ရှေ့ဆက်လျောက်ရမယ့်လမ်းတွေ ရှိသေးတယ်
နိုင်းနိုင်းစနေ
ကျွန်မဖတ်ဖို့(၄)
30/01/2023
တစ်ယောက်တည်းလည်းနေတတ်ပါတယ်...
တဖြည်းဖြည်း အရာအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းနိုင်ပြီ။
မပျော်ရွှင်လည်းပဲ လူတွေကို ခပ်ပြုံးပြုံး တုံ့ပြန်သွားနိုင်ပြီ။
အဆင်မပြေမှုတွေကြားထဲမှာ ဘာမှမဖြစ်ပါဘူးဆိုတဲ့ စကားတစ်ခွန်းကို ခပ်အေးအေး တုံ့ပြန်သွားနိုင်ပြီ။
ဝမ်းနည်းနေချိန်မှာ အဆင်ပြေပါတယ်ဆိုတဲ့ မုသားစကားလေးနဲ့ ချေဖျက်သွားနိုင်ပြီ။
အထီးကျန်တဲ့အခါ သီချင်းလေးနားထောင်၊ ရုပ်ရှင်ကြည့်ရင်း နေသားကျသွားပြီ။
တစ်ယောက်တည်း နေထိုင်ရှင်သန်ပြီး ဘဝကို ရုန်းကန်နေရသူတွေမှာ ဒီလိုခံစားချက်လေးတွေ ရှိတတ်ပါတယ်။
ပျော်ရွှင်ခြင်း တံခါးပေါက်
မာရင်ရင်
Pg-55
ကိုယ့်မီးကိုယ်ရှို့
မွန်းကျပ်ပြီး အသက်မရှူချင်လောက်အောင်ပင်ပန်းတယ်ဆိုတာ အဓိကကတော့ လက်မလွတ်နိုင်ခြင်းဆိုတဲ့ ခေါင်းစဉ်ကြောင့်ပါပဲ။
ကိုယ့်ကိုထားပြီး ထွက်သွားတဲ့သူကို လက်မလွတ်နိုင်ခြင်း။
ကိုယ့်ရဲ့အတိတ်တွေကို လက်မလွတ်နိုင်ခြင်း။
ကိုယ့်ရဲ့ အမှတ်တရတွေကိုလက်မလွတ်နိုင်ခြင်းတွေကြောင့်ပါ။
လက်လွတ်လိုက်ပြီး အတွေးတွေကို ဖြေလျော့လိုက်ရင် အရာအားလုံးလွတ်လပ်ပေါ့ပါးသွားမှန်းသိပေမယ့် လွယ်လွယ်ကူကူနဲ့လက်မလွတ်ဘဲ အချိန်တွေဖြုန်းပြီး ခံစားချက်တွေနဲ့ ကိုယ့်ကိုယ်ကိုမီးရှို့နေတတ်ကြတယ်။
ပျော်ရွှင်ခြင်းတံခါးပေါက် မာရင်ရင်
Pg-77
14/06/2020
တစ်ချို့က
လူယောက်ကိုနာအောင်ပြောပြီးမှ
သူတို့သတိမထားမိလို့ပြောမိသလို
အထာနဲ့လာရောနေသေးတာ🤢
Click here to claim your Sponsored Listing.
Category
Website
Address
Yangon