Spa Supplies By Archer Queen

Spa Supplies By Archer Queen

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Spa Supplies By Archer Queen, Health/Beauty, southokklapa, Yangon.

25/08/2026

Cupping set လေးတွေ လကုန်ရောက်ပါမယ်
အများကြီးမပါတာ မို့ လိုအပ် ရင် ph no လိပ်စာလေးပေးပြီးမှာ ထား လို့ ရပါတယ် ရှင့်

Photos from Spa Supplies By Archer Queen's post 23/08/2026

🌿 Spa ဆိုင်တိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ Lemongrass Essential oil ဘူးကြီးတွေရောက်ပါပြီနော်။ spa ဆိုင်ထဲကို ခြေလှမ်းလိုက်တာနဲ့ ဧည့်သည်တွေရဲ့ စိတ်ဖိစီးမှုတွေကို ချက်ချင်းပြေလျော့သွားစေမယ့် လျှို့ဝှက်ချက်လေးကတော့ ❤️❤️

သင်းပျံ့တဲ့ သဘာဝရနံ့ (Aroma Therapy) - Lemongrass ရဲ့ မွှေးပျံ့တဲ့ အနံ့လေးက ဆိုင်ခန်းတစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံသွားစေပြီး ဝင်လာတဲ့ ဧည့်သည်တွေကို လန်းဆန်းတက်ကြွတဲ့ ခံစားမှုကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။
Lemongrass ရဲ့ အနံလေးက အကြောအခြင် ပြေလျော့စေကာ
အနံ့ဆိုးများကို ဖယ်ရှားပေးပြီး လေဝင်လေထွက်နည်းတဲ့ အခန်းတွင်းက အနံ့အသက်ဟောင်းတွေကို ဖုံးကွယ်တာမျိုးမဟုတ်ဘဲ သဘာဝရနံ့လေးနဲ့ အထိရောက်ဆုံး ရှင်းလင်းပေးနိုင်ပါတယ်။
ရေသန့်လေးနဲ့ရောပြီး Spray ဘူးနဲ့ ထောင့်စွန်းတွေကို ပက်ဖျန်းပေးရုံနဲ့ ဧည့်သည်တွေအတွက် အနှောင့်အယှက်ဖြစ်စေမယ့် ခြင်နဲ့ ပိုးမွှားတွေကို သဘာဝအတိုင်း အလွယ်တကူ နှိမ်နင်းပေးပါတယ်။

အရောအနှောမရှိတဲ့ ဆီစစ်စစ်ဖြစ်လို့ အလှကုန် ပစ္စည်းတွေ၊ ဆပ်ပြာခဲတွေနဲ့ Aroma အလှဖယောင်းတိုင်တွေ ပြုလုပ်တဲ့နေရာမှာ အရည်အသွေးစိတ်ချစွာ သုံးနိုင်ပါတယ်။




☎️
#စပါးလင်ဆီ

ပစ္စည်းတွေ၊ ဆပ်ပြာခဲတွေနဲ့ Aroma အလှဖယောင်းတိုင်တွေ ပြုလုပ်တဲ့နေရာမှာ အရည်အသွေးစိတ်ချစွာ သုံးနိုင်ပါတယ်။

Photos from Spa Supplies By Archer Queen's post 22/08/2026

Herbal Ball ကိုဘာအတွက်သုံးကြလဲ ??
Herbal Ball massage ကနေ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ??
?????ဆိုတဲ့ သူလေးတွေအတွက် Herbal Ball ဆိုတာ ဆေးဖက်ဝင်အပင်တွေနဲ့ပြုလုပ်ထားပြီး Thai traditional massage တွေမှာ အသုံးပြုကြတဲ့ ပစ္စည်းလေးဖြစ်ပါတယ်ရှင် 🤗
Herbal Ball ဖြင့်နိုပ်နယ်ခြင်းဟာ နာကျင်မှုကိုသက်သာစေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။
သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး အဆိပ်အတောက်များကို ဖြေလျော့ပေးနိုင်ပါတယ်။
ပူနွေးတဲ့ Herbal ball လေးနဲ့ ညှင်သာစွာ နိုပ်နယ်ပေးလိုက်တဲ့အခါမှာ ကြွက်သားများကို ပြေလျော့စေပြီး ကြွက်သားတင်းမာမှုတွေကို သက်သာစေပါတယ်။
Herbal Ball မှာပါဝင်တဲ့ ဆေးဖက်ဝင်အပင်များရဲ့ရနံ့တွေဟာဆိုရင် စိတ်နှင့်ကိုယ်ကို လန်းဆန်းစေမှာ အမှန်ပါပဲရှင့် 🤗
ဒါ့အပြင် Herbal Ball ဖြင့် နှိပ်နယ်ပေးခြင်းက အရေပြားကျန်းမာရေးကို ကောင်းမွန်စေလို့ အလှအပကို ထိန်းသိမ်းချင်တဲ့သူတွေအတွက်လည်းသင့်လျော်ပါတယ်ရှင် 🤗
Herbal Ball Massage ကို Spa ဆိုင်တွေမှာ အသုံးပြုနိုင်သလို အိမ်မှာလည်း အလွယ်တကူအသုံးပြုနိုင်ပါတယ် ။

ဒီလို ကောင်းကျိုးတွေအများကြီးရှိတဲ့ Herbal Ball လေးတွေကို “Spa Supplies By Archer Queen” မှာ ဝယ်ယူနိုင်ပါပြီနော်

📮Made in Thailand Herbal Ball လေးတွေကို Body အတွက်ကော Facial အတွက်ကော Instock ရှိတာမို့ cb မှာ ဖုန်းနံပါတ် လိပ်စာလေးပေးပြီး မှာလို့ရပါတယ်

လာရောက်ဝယ်ယူချင်တယ်ဆိုရင်တော့
🏠အမှတ် 842/ခ ကျော်သူ 23 လမ်း 9ရက်ကွက် တ/ဥ မှာ လာရောက်ဝယ်ယူနိုင်ပါတယ်ရှင် 😘

Photos from Spa Supplies By Archer Queen's post 19/08/2026

ဘ၀မှာ များများစားစားမလိုဘူး .. ပင်ပန်းလာရင်
သက်တောင့်သက်သာနဲ့ အေးဆေးအနားယူဖို့ ပဲလိုတာပါ
လေထဲကနေလန်းဆန်းပြီးသင်းပျံတဲ့အနံလေးတွေနဲ့ စိတ်ကိုလန်းဆန်းတက်ကြွစေပါတယ်ရှင့်
ကိုယ်ရဲ့ အလုပ်စားပွဲမှာပဲဖြစ်ဖြစ်
ကား ထဲမှာ ကြည်ကြည်လင်လင်လေးမွှေးနေချင်တာ ပဲြဖစ်ဖြစ်
အနံ့အသက်တွေဖုံးပစ်စေချင်တာပဲဖြစ်ဖြစ်
အဝတ်ဗီရိုထဲမှာ အနံ သင်းသင်းလေးဖြစ်‌စေချင်လို့ ထည့်ချငိတာပဲဖြစ်ဖြစ်
အသံုးပြုလို့ရပါတယ်ရှင်
ပတ်ဝန်းကျင်ကို လည်းမွှေးစေတဲ့အပြင် စိတ်ခံစားမူကို လည်း ကောင်းမူစေပါတယ်ရှင့်
တချို့ကတော့ ကိုယ့်ရဲ့ ခံစားမူပေါ်မူတည်ပြီး အနံလေးတွေ ကိုအမြဲပြောင်းသံုးကြပါတယ်ရှင့်

Lemongrass essential oil
😁Lemongrass oilကို သူများတွေ ဘယ်လို သုံးကြလဲတော့မသိ ဘူး ကျမကတော့ ကြမ်းတိုက်တဲ့အချိန်သုံးလိုက်တာပဲ အသိအိမ်ကို အလည်သွားတ်ုင်းသူ့အိမ်ထဲဝင်တိုင်း မွှေးပြီး အမောပြေလို့ မေးကြည့်တော့ Lemongrass oilကို ရေနဲ့ ရောပြီး သုံးတယ်ပြောပါတယ် ကိုယ်လဲ သုံးကြည့်တော့ အဆင်ပြေပြီး အနံလေးစွဲပြီးမွှေးနေတာပါပဲရှင်။ စပါးလင်ဆီကို ခြင်ပြေးရန် အသံုးပြုလိုပါက စပါးလင်ဆီ အနည်းငယ် ကို ရေသန့် ဖြင့်ရောစပ်ပြီး ရေဖြန်းဘူး ( Spray )ထဲထည့်ပြီး အခန်းအနှံ့ နေရာ အနှံ့ ပက်ဖျန်း ပြီးသံုးလို့ရပါတယ်။ စပါးလင်ဆီအနံ့ ကအကြောအချင်တွေ အနံ့ဆိုးတွေ ပျောက်ကင်းစေတာမို့ Spa တွေ Hotel တွေနဲ့ လူစည်းကားသော ဆိုင်တွေမှာလည်းပဲ အသံုးပြုလို့အဆင်ပြေပါတယ်ရှင့် အမတို့ကော ဘယ်လိုတွေ သုံးကြလဲ comment မှာရေးပေးကြအုန်းနော်
Lemongrass essential oilလေးတွေလို ချင်ရင် လည်း ကျမဆီမှာ ဝယ်ယူအားပေးနိုင်ပါတယ်ရှင်

12/08/2026

😁😁

Photos from Spa Supplies By Archer Queen's post 08/08/2026

ယိုးဒယားခြေစိမ်ထုတ်လေးတွေ ကိုမှ လိူ ချင်ပါတယ် ဆို တဲ့ သူတွေအတွက်ပါရှင့်

#ခြေစိမ်

Photos from Spa Supplies By Archer Queen's post 04/08/2026

ဒီနေ့တော့ မင်မင်က မင်မင့်ကာကာလေးတွေကို hot stone နဲ့ ပတ်သက်တဲ့ knowledge လေးတွေ sharing လုပ်ပေးမှာဖြစ်ပါတယ်
Hot stone လေးတွေလိုအပ်ရင်တော့ မင်မင့်ဆီ မှာလို့ရပါတယ် ပစ္စည်းလေးတွေလည်း Instock ရှိပါတယ်နော် 🙋🏻‍♀️

Hot stone massage ဆိုတာကတော့ ချောမွေ့ပြီး အပူပေးထားတဲ့ ကျောက်တုံးတွေကို အသုံးပြုပြီး ကြွက်သားတင်းမာမှုနဲ့ နာကျင်မှုတွေကို သက်သာစေတဲ့ နှိပ်နယ်မှုနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ အများအားဖြင့် အပူကို ကောင်းကောင်းထိန်းထားနိုင်တဲ့ basalt ကျောက်တုံးတွေကို အသုံးပြုကြပါတယ်။
♦️Hot Stone Massage ရဲ့ အကျိုးကျေးဇူးတွေကတော့
🔹 အပူရှိန်က ကြွက်သားတွေထဲကို ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ပြီး ကြွက်သားတင်းမာမှုတွေကို လျှော့ချပေးလို့ နာတာရှည် ကြွက်သားနာကျင်မှု ခံစားရသူတွေအတွက် အထူးကောင်းမွန်ပါတယ်။
🔹ကျောက်တုံးရဲ့ အပူရှိန်က သွေးကြောတွေကို ကျယ်စေပြီး သွေးစီးဆင်းမှုကို တိုးတက်စေတာမို့ တစ်ရှူးတွေဆီကို အောက်ဆီဂျင် ပိုရောက်စေပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
🔹 နွေးထွေးတဲ့ အပူရှိန်က အာရုံကြောစနစ်ကို ငြိမ်သက်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးပါတယ်။
🔹 Hot stone massage က အိပ်မပျော်တဲ့သူတွေအတွက် ခန္ဓာကိုယ်ကို ပြေလျော့စေပြီး အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။
🔹 Endorphins ထွက်ရှိမှုကို လှုံ့ဆော်ပေးပြီး စိတ်ဓာတ်ကျခြင်း လက္ခဏာများကို လျှော့ချပေးနိုင်ပါတယ်။
🔹 အပူက ကြွက်သားနာကျင်မှုကို သက်သာစေပြီး အဆစ်အမြစ်ရောင်ရမ်းခြင်း (arthritis) သို့မဟုတ် ခါးနာခြင်းကဲ့သို့သော နာတာရှည်ရောဂါများအတွက် အထောက်အကူပြုပါတယ်။

♦️Hot Stone Massage မလုပ်သင့်တဲ့သူတွေကတော့
🔹ကိုယ်ဝန်ဆောင်အမျိုးသမီးများ
🔹ဖျားနာနေသူများ/အဖျားကြီးသူများ
🔹သွေးတိုး၊ နှလုံးရောဂါ သို့မဟုတ် သွေးလည်ပတ်မှုပြဿနာရှိသူများ
🔹သွေးခဲလွယ်သူများ သို့မဟုတ် သွေးကြောမျှင်ဖောင်းသူများ (varicose veins)
🔹ဆီးချိုရောဂါ (Diabetes) ရှိသူများ
🔹ကင်ဆာရောဂါ ကုသမှုခံယူနေဆဲ သို့မဟုတ် ခံယူခဲ့ဖူးသူများ
🔹အရေပြားပြဿနာရှိသူများ
🔹ခွဲစိတ်မှု သို့မဟုတ် ဓာတ်ရောင်ခြည်ကုသမှု ခံယူထားသူများ
🔹အပူဒဏ်ကို မခံနိုင်သူများ

💆🏻‍♀️Hot Stone Massage ကိုဘယ်လိုအသုံးပြုကြလဲ
Therapist က ကျောက်တုံးတွေကို ရေနွေးထဲမှာ သင့်တော်တဲ့ အပူချိန်အထိ အပူပေးပြီး အဲဒီ ချောမွေ့ပြီး အပူပေးထားတဲ့ ကျောက်တုံးတွေကို ကျော၊ ဗိုက်၊ မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါး စတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ တစ်ခါတရံ လက်ချောင်းတွေနဲ့ ခြေချောင်းတွေကြားမှာ ဆီလိမ်းပြီး ကြွက်သားတွေပေါ်မှာ နှိပ်နယ်ဖို့ အသုံးပြုပါတယ်။ ဒီလိုနှိပ်နယ်ရာမှာ စက်ဝိုင်းပုံ လှုပ်ရှားမှုတွေ၊ ဆုပ်နယ်တာတွေ၊ ပုတ်တာတွေနဲ့ တုန်ခါမှုတွေ ပါဝင်နိုင်ပါတယ်။ ကျောက်တုံးတွေ အေးသွားတဲ့အခါ တခြားအပူပေးထားတဲ့ ကျောက်တုံးတွေနဲ့ လဲလှယ်ပေးပါတယ်။

Hot stone massage က ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးစလုံးကို နက်ရှိုင်းစွာ ပြေလျော့စေပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးတဲ့ ကုသမှုတစ်ခုဖြစ်ပါတယ်။

မသေချာရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ Hot stone massage ပြုလုပ်သင့်ပါတယ်။

Photos from Spa Supplies By Archer Queen's post 02/08/2026

Sauna လေးမှာ သံုးတဲ့ ဆေးဘက်ဝင် Herba steam bath 🦶 foot massage crem ပရုပ်ဆီလေးတွေ အစံုပလံုရောက်ပါပြီနော်

Made in Thailand
#

Photos from Spa Supplies By Archer Queen's post 02/08/2026

ကိုယ်လက်ပင်ပန်းနွမ်းနယ်မှုတွေကို အနားပေးဖို့
Massage oilကို gold ကော ginger oilကောရပါြပီရှင့်

#အနှိပ်ဆီ #ကျန်းမာရေးစောင့်ရှောက်မှု #မှာယူနိုင်ပါပြီ

Photos from Spa Supplies By Archer Queen's post 01/08/2026

🍊 ဆေးမြစ်နံ့၊ အနံ့စူးစူး မကြိုက်တဲ့သူတွေအတွက် လုံးဝအဆင်ပြေမယ့် သင်းပျံ့လန်းဆန်း လိမ္မော်ရနံ့ Cooling Herbal Massage Balm) လေးရှိပါတယ်ရှင့် ✨
ခေါင်းကိုက်၊ ခေါင်းမူး၊ ဇက်ကြောတက်တာတွေအတွက် ဆေးတောင့်ကြီးတွေ၊ အနံ့ပြင်းတဲ့ ဆေးဆီတွေ မကြိုက်သူများအတွက် ဒီbalmလေးက သင်းပျံ့တဲ့ လိမ္မော်ရနံ့လေးဖြစ်လို့ စိတ်ကိုပါ ကြည်လင်လန်းဆန်းစေပါတယ် 😍
အနံ့မစူးဘဲ သင်းသင်းလေးမို့ အလုပ်ချိန်မှာပဲဖြစ်ဖြစ်၊ အပြင်သွားရင်းပဲဖြစ်ဖြစ် အလွယ်တကူ လိမ်းလို့ရပါတယ်။
လိမ်းလိုက်တာနဲ့ အအေးဓာတ်လေး ပျံ့နှံ့သွားပြီး

ပင်ပန်းနွမ်းနယ်တာတွေကို ချက်ချင်း သက်သာစေပါတယ်။

အသားထဲ စိမ့်ဝင်လွယ်ပြီး စေးကပ်မှု မရှိပါဘူး။

Made in Thailand

Category

Website

Address


Southokklapa
Yangon