Chit Chit Tone Online shop

Chit Chit Tone Online shop

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chit Chit Tone Online shop, Beauty, cosmetic & personal care, Ohh bo Street, Yangon.

04/03/2024

ထူးချွန်တဲ့ ကလေးတွေကို ဒီလိုပျိုးထောင်ကြပါတယ်။
+++++++++++++++++++++++++++++++++++

၁။ နေ့တိုင်း အနည်းဆုံး နာရီ၀က်ခန့် အချိန်ယူပြီး သင့်ကလေးနဲ့ ဆွေးနွေးပါ။

၂။ အိမ်မှာနေတယ်ဆိုပေမဲ့လည်း “ မင်္ဂလာပါ။ Good morning, Good night, စတဲ့ ယဉ်ကျေးတဲ့ စကားတွေနဲ့ နူတ်ဆက်သင့်ပါတယ်။

၃။ ကလေးများ ငယ်စဉ်မှ စ၍ တစ်ကိုယ်ရည် သန့်ရှင်းရေး ကို အကျင့်ပါပါစေ။

၄။ ကလေးရဲ့ စိတ်တွင်းစကားကို သေသေချာချာ နားထောင်ကြည့်ပါ။
စိတ်ရှည်ပါ။ မေတ္တာအပြည့်အ၀ သုံးပါ။ ပျော်ရွှင်တဲ့စိတ်နဲ့ နားထောင်ပေးပါ။

၅။ ကလေးက်ို သတိပေးတယ်ဆိုပြီးတော့မှ ကလေးရဲ့ အနာဟောင်းကို ခဏခဏ သွားမဆွ ပါနဲ့။

၆။ ကလေးအပြစ်တစ်ခုခု လုပ်မိရင် လေးလေးနက်နက် သဘောထားပြီး ရှင်းပြပါ။ ဆုံးမပါ။

ရ။ မိဘဆိုပြီးတော့မှ အမြဲတမ်း မျက်နာကြီး တည်မနေပါနှင့်၊ ကလေးတွေနဲ့ အတူ ရယ်မောနိုင်ပါစေ။ရယ်မောသံဟာ ကလေးတွေကို သူတို့ဘ၀ကို ပိုမို နှစ်သက်စေပါတယ်။
အပြုသဘော ပိုဆောင်ပါတယ်။ဘယ်အရာမဆို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ ပါးပါး ကြည့်မြင်တတ်တဲ့ အကျင့် ရှိသွားစေတတ်ပါတယ်။

၈။ ကလေးတွေကို ပုံ ပြင်ပြောပြတဲ့အခါ စိတ်ရှည်ပါ။ အကျိုးဖြစ်ထွန်းစေမယ့် ပုံပြင်ကို ရွေးဖတ်ပြပါ။

၉။ ကိုယ်ဘ၀မှာ မအောင်မြင်ခဲ့တဲ့ ရည်ရွယ်ချက်တွေကို ကလေးအပေါ် ပုံမလွှဲပြောင်းပါနဲ့၊ မပုံချပါနဲ့

၁၀။ ကလေးရဲ့ အခြေအနေမှန်အပေါ် မူတည်ပြီး နေ့စဉ်နေ့တိုင်း ကလေးရဲ့ တိုးတက်ဖြစ်ထွန်းမူ တစ်ခုခု ကို စဉ်းစား အကြံအဥာဏ်ထုတ်ကြည့်ပါ။

၁၁။ ငယ်ရွယ်တဲ့ ကလေးများကို သူတို့ အဖိုးအဖွားတွေနဲ့ အချိန်အကြာကြီး မထားပါနှင့်၊ သားမှာအချစ်၊ မြေးမှာ အနှစ်၊ အနှစ်လွန်သွားရင် ကလေးကို လမ်းမှန်ပြန်ရောက်အောင် ပြန်ခေါ်ဆောင်ရတာ ခက်ခဲတတ်တယ်။ သုတေသန အရ မျိုးဆက်ကျော် ပျိုးထောင်မူ ဟာ ကလေးကို ထိခိုက်တတ်တဲ့ သာဓကတွေ အများကြီး တွေ့ရှိနေပါပြီ။

၁၂။ ကလေးများကို ပြုံးတတ်အောင် ငယ်စဉ်ကစပြီး သင်ကြားပေးထားပါ။

၁၃။ ကလေးများကို လွယ်လွယ်နဲ့ ဟိုဟာ၀ယ်ပေးမယ်။ဒီခေါ်လည်မယ်လို့ ကတိ
ပေးမလွယ်ပါနှင့်၊ ကတိပေးခဲ့ရင် ကတိကို ရအောင် အကောင်အထည်ဖေါ်ပါ။

၁၄။ မိဘများအနေနဲ့ နေရာလဲလှယ်ပြီး စဉ်းစားတတ်တဲ့အကျင့်ရှိပါစေ၊ ငါသူတို့အရွယ်တုန်းကကောဘယ်လို အနေအထားမျိုး ရှိပါသလဲ၊

၁၅။ အခြားကလေးထက် ညံံ့တယ်၊ အခြားကလေးကို ဘယ်နေရာမှာ မမှီဘူး လို့ ဘယ်တော့မှ မပြောမိစေနဲ့

၁၆။ ကလေးကို ချီးကျူးဖို့ အကြောင်းအရာ အမျိုးမျိုးကို ရှာဖွေပါ။ ရက်ရက်ရောရော အသိအမှတ်ပြုပါ။ ချီးကျူးပါ။

၁၇။ ကလေးကို ဘယ်တော့အခါမှ မခြိမ်းခြောက်ပါနှင့်၊ အထူးသဖြင့် ဘာသာရေး ပုံပြင်များဖြင့် မခြိမ်းခြောက်ပါနှင့်

၁၈။ ကလေးကို လူရှေ့သူရှေ့တွင် မဆဲဆိုမိပါစေနှင့်၊ မလှောင်ပြောင်မိပါစေနှင့်၊ ကလေး ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပျောက်ဆုံးသွားတတ်တယ်။

ကလေးပျိုးထောင်တဲ့ အကြောင်းအရာတွေကို မရေးဖြစ်တာတောင် အချိန်အတော်ကြာနေပါပြီ။ အဓိက ကတော့ ရေးစရာ အချက်အလက်တွေ ရေးရင်းရေးရင်းနဲ့ အပ်ကြောင်းထပ်လာလို့ပါ။ အမှန်တော့ ဘယ်နိုင်ငံပဲ ကြည့်ကြည့် ကလေးတွေ ပျိုးထောင်တဲ့ အခြေခံ အယူအဆတွေ သိပ် အကွာခြားကြီး မဟုတ်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်ရှည်ရှည် နဲ့ ကုန်ဆုံးအောင် ဖတ်ရူ့သူ မိဘများအားလုံးကို အစဉ် ကျေးဇူးတင်ပါတယ်။ အသုံး၀င် အကျိုး ပြု နိုင်ပါစေ။

Ref: Wechat

Credit to >>U Aung Ko Latt
=================================
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ

31/12/2023

ကဲ .. Page လေး ဖွင့်ထားတာ ကြာပါပီ ဈေးစရောင်းပါတော့မယ် ☺️

Photos from Chit Chit Tone Online shop's post 13/11/2023

ပိုင် အာလူးကြော်များ ရပါပီ နော်

အချိူ အကြီး ၃၀၀၀
အသေး ၁၅၀၀

အစပ် အကြီး ၃၀၀၀
သေး ၁၅၀၀

အစုံကြော် သေး ၁၅၀၀

နောက်ဆုံးပုံ ရွှေရင်အေးလေး က မရပါဘူးနော် ☺️

အဆုံးထိ ကြည့်ပေးကြလို့ အားလုံးကို ကျေးဇူးတင်ပါ

တယ် ရှင့် 😘

လက်ကား ပြန်ရောင်းချင်သူများအတွက် ဒီအစ်မကြီး

​ဇေယျာဖြိုးပိုင် 09 257 101 558 ကနေလဲ
တိုက်ရိုက်မှာလို့ရပါတယ် ကားဂိတ် ထိ တိုက်ရိုက်တင်ပေးပါတယ်နော်

Pre order 5 days 📱 09421119531

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Ohh Bo Street
Yangon