Lamin Eain Online Shop

Lamin Eain Online Shop

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lamin Eain Online Shop, Health/Beauty, Yangon.

11/12/2021

😍ဝက်ခြံအကြောင်း သိသင့်တဲ့ဗဟုသုတလေးတွေမျှဝေလိုက်တယ်နော် ချစ်တို့ရေ😍

☘️ရေများများသောက်ပါ
☘️အိပ်ရေးဝအောင်အိပ်ပါ
☘️Stress တွေမများစေနဲ့နော်
☘️လတ်ဆတ်တဲ့အသီးအရွက်တွေစားပေးပါ
☘️လိုအပ်တဲ့ supplements လေးတွေလည်း
သောက်ပေးပါနော်
☘️ဆံပင်လဲမညစ်ပတ်စေနဲ့နော်
☘️လက်နဲ့မျက်နှာကိုခဏခဏ မကိုင်ပါနဲ့နော်
🥰🥰🥰

18/09/2021

#အဆီဖု ဝက်ခြံ ရှင်းတမ်း မင်မင်သိသလောက်ပြောပြပီနော် 🥰

❄️အဆီဖုလို့ပြောကြပေမယ့် တကယ်တမ်း
အဆီဖုအမျိုးအစားက များပါတယ်

☀️တော်တော်များများမှာရှိကြတဲ့ အဆီဖုဆိုတာ
ဆားဝက်ခြံအဆီဖုအဖြူပါ
Closed comedones အမျိုးအစားထဲကဖြစ်ပြီး
အဆီ‌တွေ အရေပြားအောက်ကနေ အပေါ်တက်မလာနိုင်ပဲ
ပိတ်မိနေတဲ့ သဘောပါပဲ
milia လည်း Closed comedones ပါ

☀️ဆားဝက်ခြံအဆီဖုအမဲ ဆိုရင်တော့ သိကြတဲ့အတိုင်း
ဆားဝက်ခြံ Blackhead ပါ
သူက Open comedones အမျိုးအစားဖြစ်ပါတယ်
(Crd to Dr. Wai )

☀️မျက်ခွံအောက်မှာ ပေါက်တတ်တဲ့ အဆီဖု
ညှစ်မရ ပျောက်ဖို့ခက်တဲ့ကောင်ကကျ Milia လို့ခေါ်တယ်
(မြန်မာလိုမသိ)သူက ဆေးခန်း‌တွေမှာ ခွဲထုတ်တာဖြစ်ဖြစ်
Retinol နဲ့လချီပြီး ကုတာဖြစ်ဖြစ် အဲ့လိုလုပ်မှပျောက်တယ် ဆေးခန်းပြတာ‌အကောင်းဆုံးပါ

☀️နောက်တစ်မျိုးကကျ အဆီဖုတော့ အဆီဖုလိုမျိုးပဲ
ဒါပေမယ့် ယားတယ် စပ်တယ် အပြုံလိုက်ပေါက်နေတယ်ဆိုရင်
ကျိန်းသေပါတယ် fungal acne ပါ
(ယားစပ် အပြုံလိုက်ပေါက် တော်ရုံမပျောက်)
ဈေးကွက်ထဲက product 95% လောက် သုံးလို့မရပါ

☀️အနီရောင်အဖု‌သေး‌သေးလေးတွေ ဆိုရင်တော့
အဲ့တာ papules ပါ Dictionary ထဲမှာတော့
"အဖု။ အရေပြားပေါ်တွင် စူထွက် မို့ဖောင်းနေသောအရာ" လို့ရေးထားတယ် တခါတခါ ထိရင် နာတယ်
ယောင်တာမျိုးလည်းရှိတတ်တယ် (နီပြီး ဖုသေး)

☀️Papules ကိုမှ ထိပ်မှာ ပြည်လေးရှိတယ်
(နီပြီး ပြည်ရှိ အဖုသေး) ဒါဆိုရင် Pimples ပါတဲ့
(စာတွေ့ လေ့လာခဲ့တာမဟုတ်ပဲ google က လိုက်ရှာဖတ်ပြီး
ရေးရတာမို့ ကွဲပြားနိုင်ပါတယ်နော် ☹️)

☀️အဲ့ Papules ကိုမှ အဖုကြီးရင် Pustules ပါ
(နီပြီး အဖုကြီး)

☀️နောက်တစ်မျိုးက Cysts
Cystic acne လို့ပြောကြတယ် သူကကျ အနီဖုအကြီးကြီး
နာလည်းနာတယ် ယောင်လည်းယောင်နေတတ်တယ်
(နီပြီး အဖုကြီး ယောင်နေ ပြည်ရှိ)

☀️နောက်ဆုံးတစ်မျိုးက Nodules
သူက Cysts လိုမျိုးပြည်မရှိဘူး
ဒါပေမဲ့ ယောင်ကိုင်းပြီး အကြီးကြီးပဲ

အကျဉ်းချုပ်ပြောရရင်

➡️ ဆား၀က်ခြံအဆီဖုအဖြူ (Whitehead)
အရေပြားအောက်မှာ ပိတ်မိနေတဲ့အဖု

➡️ ဆား၀က်ခြံအဆီဖုအမဲ Blackhead (open comedomes) ထိပ်မဲကောင်

➡️ Milia မျက်လုံးအောက်ကအဖု
သေချာကြည့်ရင်အကျိတ်လေးလို (ပုံမှာကြည့်ပါ)

➡️ Fungal Acne ယားစပ်အပြုံလိုက်ပေါက်
ဆား၀က်ခြံအဆီဖုအဖြူလိုပုံစံ

➡️ Papules နီပြီး အဖုသေး

➡️ Pimples နီပြီး ပြည်ရှိအဖုသေး

➡️ Pustules နီပြီး အဖုကြီး

➡️ Nodules နီပြီး အဖုကြီးယောင်နေ

➡️ Cysts နီပြီး အဖုကြီးပြီးယောင်နေ ပြည်ရှိ

အဖုအကြောင်းသိကြပြီဆိုရင် အဖုပေါ်မူတည်ပြီး
ယောင်ယမ်း၀က်ခြံ (inflammatory acne) လား❓
မယောင်ယမ်း၀က်ခြံ (non-inflammatory acne) လား❓ဆိုတာထပ်ခွဲလို့ရပါတယ်

၀က်ခြံရဲ့ဘေးပတ်ပတ်လည်ကိုကြည့်လိုက်လို့ ယောင်နေတယ်
နာနေမယ်ဆိုရင် inflammatory acne
(ယောင်ယမ်း၀က်ခြံ)ပါပဲ

မနာဘူး မယောင်ဘူးဆိုရင်တော့
non-inflammatory acne ပါ

အကြမ်းအားဖြင့် Whiteheads, Blackheads နဲ့
Milia တို့ပဲ non-inflammatory acne ဖြစ်ပြီး
ကျန်တာ inflammatory acne ပါ

ကိုယ့်မျက်နှာပေါ်မှာရှိတဲ့ အဖုအမျိုးအစားကိုသိမှ
သေချာထိထိရောက်ရောက် ကုနိုင်မှာပါ
(အရမ်းများလွန်းတဲ့ အဆီဖုဆိုရင် အရေပြားဆရာ၀န်နဲ့
သေချာပြသင့်ပါတယ်နော်)
🙅🏻‍♀ ဟိုစမ်းဒီစမ်းလျှောက်စမ်းပြီး မကုသဖို့မှာချင်ပါတယ်

16/09/2021

အမေးအများဆုံးမေးခွန်းပါ✅
အဆီဖုတွေပေါက်နေလို့ ဘာလုပ်ရမလဲ?

ဘာလုပ်ရမလဲ မပြောခင် ဘာကြောင့်ဖြစ်လဲဆိုတာ အရင်ဆုံး ပြောပြပေးချင်ပါတယ်🔸

အဆီဖုဖြစ်ရတဲ့အကြောင်းအရင်း📌...........................

>မိတ်ကပ်လိမ်းပြီး သေချာပြောင်အောင်မဖျက်တာ
>သနပ်ခါးလိမ်းပြီး double cleansing မလုပ်တာ
>suncream မလိမ်းပဲ အပြင်ထွက်တာ
> မျက်နှာကိုသေချာပြောင်စင်အောင်မသစ်ပဲ အိပ်ရာ၀င်တာ
> ရေသောက်နည်းတာ
>အဆီအဆိမ့်နဲ့ ဆီကြော်စာတွေအစားများတာ
>လေထုထဲကအညစ်အကြေးဖုန်မှုန့်တွေကြောင့်လဲ
ချွေးပေါက်ပိတ်ဆို့ပြီး အဆီဖုတွေဖြစ်လာနိူင်ပါတယ်

အဆီဖု အဖြစ်အများဆုံးနေရာတွေကတော့
နဖူး မျက်လုံးအောက်ဖက်နဲ့ မေးစေ့တစ်ဝိုက်ပဲဖြစ်ပါတယ်
စိတ်ဖိစီးမှုများခြင်းကြောင့်နဲ့ ဟော်မုန်းအပြောင်းအလဲ
ကြောင့်လဲ အဆီဂလင်းတွေပိုမိုပြီးအလုပ်လုပ်ရာကနေ
အဆီထုတ်လုပိမှုများပြီးတော့ ချွေးပေါက်တွေပိတ်ဆို့ရာက
နေ မျက်နှာပေါ်မှာရှိနေတဲ့ဆဲလ်သေတွေက အပြင်သို့
မထွက်နိုင်တဲ့အခါ အဆီဖုတွေဖြစ်လာရပါတယ်

>အဆီဖုမှာလဲအမျိုးအစားရှိပါတယ် ထိပ်ဘက်မှာအဆံအမဲ
ရှိတာကို ဆား၀က်ခြံအဆီဖု (blackhead.)ဖြစ်ပြီး
ထိပ်ဘက်မှာအဆံအဖြူ လေးတွေရှိတာက (White head)ပါ

>Oily skinတွေနဲ့ Combination skin typeတွေမှာ
ပိုပြီးအဖြစ်များပါတယ် အဆီထုတ်လုပ်မှုများတဲ့အတွက်
မျက်နှာကိုချွေးပေါက်ပွင့်အောင် မဖွင့်ပေးဘူးဆိူရင်
မျကိနှာအရေပြားအောက်မှာအောင်းပြီး ၀ကျခွံ အဆီဖု
ဆား၀က်ခြံတွေဖြစ်လာရတာပါ ဒါကြောင့်oily skin type
တွေနဲ့ combination skin type တွေက cleansing ကို
သေချာနိုင်အောင်လုပ်ပေးဖို့လိုအပ်ပါတယ်

>>လိုက်နာရမည့်အချက်များ📌

>မိတ်ကပ်ကိုပြောင်စင်အောင်ဖျက်ပါ မိတ်ကပ်မဖျက်ပဲ
အိပ်ရာမ၀င်ပါနဲ့
>မိတ်ကပ်မလိမ်းတဲ့နေ့လဲမျကိနှာကိုသေချာသန့်စင်ပေးဖို့
လိုအပ်ပါတယ် ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ၀င်နေနိူင်တာ
ကြောင့် cleansing လုပိပေးရပါမယ်
>တစ်ပတ်နှစ်ကြိမ်မျကိနှာကို scrub တိုက်ပေးပါ
>အပြင်သွားတိုင်းsuncreamလိမ်းပေးပါ
>စိတ်ဖိစီးမှုလျော့ချပါ
>ရေများများသောက်ပါ
>အဆီအဆိမ့်အချိူ သကြားနို့ ရှောင်ပါ
>မျက်နှာကိုမကြာခဏ ကိုင်တွယ်ခြင်းရှောင်ပါ
>ဆံပင်နဲ့ အိပ်ယာခင်းများကိုသန့်စင်အောင်ထားပါ

>>>>အိမ်တွင်းကုသရမည့်နည်းလမ်း📌

ရေနွေးငွေ့နဲ့မကြာခဏပေါင်းတင်ပါ။

ရေနွေးပွက်ပွက်ဆူတာကို ဇလုံတစ်ခုထဲကိုထည့်ပါ ။ထွက်လာတဲ့အငွေ့ကိုမျကိနှာအပ်ပြီးခံပါ။
အရမ်းနီးကပ်ဖို့ မလိုပါဘူး ။
ကိုယ်ခံနိုင်သလောက် အနေအထားကနေ အငွေ့အပြင်ကို
မထွက်စေဖို့ တဘတ် ခေါင်းပေါင်းပါ😍

Crd

15/09/2021

ဝက်ခြံ ၊ ဆားဝက်ခြံ နှင့် ချွေးပေါက်ကျယ်တာတွေအတွက် အစွမ်းထက် ခရမ်းချဉ်သီးနည်းလမ်း

ခရမ်းချဉ်သီးမှာ မြင့်မားစွာပါဝင်တဲ့ lycopene ဓါတ်ဟာ အရေပြားအတွက် အထူးပင်ကောင်းမွန်မှု ရှိပါတယ် ။

ဒါကြောင့် အသားအရေလှချင်ရင် ခရမ်းချဉ်သီး များများစားပါလို့ ပြောကြတာ ဖြစ်ပါတယ် ။ ခရမ်းချဉ်သီးဟာ အရေပြား အတွင်းရော အပြင်ကိုပါ ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ် ။

မျက်နှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝက်ခြံ ၊ ဆားဝက်ခြံတွေကို အထူးပျောက်ကင်းစေနိုင်ပြီး ချွေးပေါက်ကျယ်တွေကိုလည်း ကျဉ်းစေနိုင်စွမ်း ရှိပါတယ် ။ မျက်နှာ အသားအရေကိုလည်း ပိုပြီး ဖြူလာစေပါတယ် ။

ခရမ်းချဉ်သီးနဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ ကြည့်ရအောင် ..

၁။မျက်နှာအသားအရေ ကြည်လင်ဖြူဖွေးဖို့အတွက် ခရမ်းချဉ်သီး နှင့် သကြားပထမဦးစွာ သကြားလက်ဖက်ရည် ၂ဇွန်းကို ခွက်တစ်ခုထဲ ထည့်ထားပါ ။

ထို့နောက် ခရမ်းချဉ်သီးတစ်လုံးကို နှစ်ခြမ်းခြမ်းပြီး အသုံးပြုမယ့် တစ်ခြမ်းကို သကြားခွက်ထဲ
၂မိနစ်ခန့် နှစ်ထည့်ထားပါ ။

ပြီးသွားလျှင်တော့ မျက်နှာအနှံ့ ပွတ်ပေးပါ ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး မျက်နှာကို ပိုမိုဖြူဖွေးစေကာ ဆားဝက်ခြံ ၊ ဝက်ခြံတွေကို သိသာစွာ
ပျောက်ကင်းစေပါတယ်။

၂။နေလောင်ဒဏ်အတွက် ခရမ်းချဉ်သီးနှင့်ဒိန်ချဉ်

အကြောင်းအမျိုးမျိုးကြောင့် အရေပြားမှာ နေလောင်ရာတွေနဲ့ အသားအရေ ညိုမဲညစ်နေသူများ သုံးသင့်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

ဒိန်ချဉ် ခွက်တစ်ဝက်ခန့်နှင့် ခရမ်းချဉ်သီးတစ်လုံးကို ကြိတ်စက် (သို့ ) Blender ဖြင့် ခပ်ပျစ်ပျစ်လေးရအောင် ကြိတ်ပေးပါ ။

ထို့နောက် နေလောင်မှုတွေဖြစ်နေသော အရေပြားနေရာသို့ သုတ်လိမ်းပေးပြီး အနည်းဆုံး ၁၅မိနစ်ခန့်ကြာအောင် ထားလိုက်ပါ ။

ပြီးသွားလျှင်တော့ ရေအေးလေးဖြင့် ဆေးကြောပေးလိုက်ပါ ။ တစ်ပါတ် ၃ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးပါ။

၃။အဆီပြန်ခြင်းအတွက် ခရမ်းချဉ်သီးနှင့်သခွားသီး

သင်ဟာ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင်တေ့ာ ဒီနည်းလမ်းက လုံးဝ အထောက်အကူပြုမှာပါ ။

သခွားသီးနှင့် ခရမ်းချဉ်သီးကို အရည်သီးသန့်ညှစ်ပြီး လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်ဆီ ဆတူရောစပ်ပြီး မျက်နှာပေါ်သို့ ညှင်သာစွာ သုတ်လိမ်းပေးပါ ။

၁၀မိနစ်ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောလိုက်ပါ ။ တစ်ပါတ်လျှင် အနည်းဆုံး ၂ကြိမ်ခန့်
ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် မျက်နှာအဆီပြန်ခြင်းကို သိသိသာသာ လျော့ကျသွားမှာ ဖြစ်ပါတယ် ။

၄။ချွေးပေါက်ကျယ်ခြင်းအတွက် ခရမ်းချဉ်သီးနှင့်သံပုယိုသီး

ချွေးပေါက်ကျယ်တဲ့ ပြဿနာကြောင့် ဖုန်မှုန့်တွေ အရေပြားထဲဝင်ပြီး ဆားဝက်ခြံ နှင့် ဝက်ခြံတွေကို ပိုပြီး ဖြစ်ပွားစေပါတယ်။

ခရမ်းချဉ်သီး နှင့် သံပုယိုသီး နည်းလမ်းကို အသုံးပြုပေးပါ။ ခရမ်းချဉ်သီး နှင့် သံပုယိုသီးကို အရည်ညှစ်ပြီး လက်ဖက်ရည်ဇွန်း ၂ဇွန်းစီ ရောစပ်လိုက်ပါ။

ထို့နောက် ဂွမ်းဖြင့်တို့ကာ ချေးပေါက်ကျယ်တဲ့ နေရာတွေကို အဓိကထား လိမ်းပေးပါ ။ ၁၅မိနစ်ကြာအောင်ထားပြီး ခြောက်သွေ့သွားလျှင် ရေအေးဖြင့် ဆေးကြောပေးပါ ။

ကျေနပ်တဲ့ ရလဒ်ရတဲ့အထိ တစ်ပါတ် ၃ကြိမ်ခန့် ပုံမှန် ပြုလုပ်ပေးပါ ။

၅။ဝက်ခြံတွေအတွက်ခရမ်းချဉ်သီး
မျက်နှာပေါ်မှာ ဖြစ်လေ့ရှိတဲ့ ဘယ်လိုဝက်ခြံမဆို
ကုသဖို့အတွက် ခရမ်းချဉ်သီးက အကောင်းဆုံးပါပဲ ။

သန့်ရှင်းလတ်ဆတ်တဲ့ ခရမ်းချဉ်သီး တစ်လုံးကို
ယူပြီး နှစ်ခြမ်းခြမ်းလိုက်ပါ ။တစ်ခြမ်းကိုယူပြီး မျက်နှာအနှံ့ပွတ်လိုက်ပါ ။

ဝက်ခြံရှိတဲ့နေရာကို အဓိကထား ပွတ်လိမ်းပေးပါ ။
၁၀မိနစ်ခန့်ကြာ ခြောက်သွေ့အောင် ထားပြီးလျှင် ရေဖြင့် ဆေးကြောလိုက်ပါ ။တစ်ပါတ် ၃ကြိမ် ပြုလုပ်ပေးရမှာပါ။

ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ ဗီတာမင်အေ နှင့် စီ ဟာ ဝက်ခြံတွေကို ထိရောက်စွာ ကုသပေးနိုင်ပါတယ် ။

ဝက်ခြံမရှိသူများလည်း ဒီနည်းလမ်းလေးကို
လုပ်ပေးမယ်ဆိုရင် ဝက်ခြံ ၊ ဆားဝက်ခြံ ဖြစ်ခြင်းမှ ကြိုတင်ကာကွယ်ရာရောက်သလို မျက်နှာအသားအရေကိုလည်း ကြည်လင်ဝင်းပစေနိုင်ပါတယ်။

မှတ်ချက် ။ ။ အထက်ဖော်ပြပါနည်းလမ်းတွေကို အသုံးမပြုခင်မှာ မျက်နှာသစ်ထားဖို့တော့ လိုပါမယ်။

Photos from Lamin Eain Online Shop's post 06/09/2021

Skinတွေကိုcareနေရဲ့သားနဲ့ ဘာလို့ ဝက်ခြံထွက်နေသေးလဲဆိုတဲ့💙တွေ ဖတ်ပေးပါနော်

သင့်မျက်နှာပေါ်က ၀က်ခြံတွေက သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြနေတာ သင်သိပါရဲ့လား ?

သင့် နှဖူး၊ နှာခေါင်း၊ပါး၊နားနဲ့ မေးစေ့၀န်းကျင်တွေမှာ ၀က်ခြံတွေ မကြာခဏပေါက်တတ်ပါသလား?

သင့်နှဖူး အပေါ်ဖက် ဆံစတစ်ဝိုက်မှာ ၀က်ခြံပေါက်ခြင်းဟာ သင့်အစာအိမ်ရဲ့ အစာခြေဖျက်မှုစွမ်းအင်နဲ့ သက်ဆိုင်နေပါတယ်။ ၀က်ခြံပျောက်ကင်းစေဖို့ အစာခြေဖျက်အား ကောင်းစေမဲ့ အစားအသောက်တွေ ဖြစ်တဲ့ ဘယ်ရီသီး၊ သံပရာရည်နဲ့ Green Tea တို့ကို များများစားသောက်ပေးဖို့လိုအပ်ပါတယ်။

နှဖူး အောက်ပိုင်း မျက်ခုံးနားမွာ ၀က်ခြံပေါက်ခြင်းကတော့ ညအိပ်ရာ၀င်ချိန်မမှန်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ၀က်ခြံပျောက်ကင်းစေဖို့ နည်းလမ်းကောင်းတွေကတော့
စောစောအိပ်ပါ။ ည၁၁နာရီ မတိုင်ခင်အိပ်ရာ၀င်လျှင် အကောင်းဆုံးဖြစ်ပါတယ်။ စိတ်ဖိစီးမှုလျှော့ချပါ။ ရုပ်ရှင်ကြည့်ပါ။ တရားထိုင်ပါ။ သို့မဟုတ် ရေကြာကြာချိုးပါ။

နှာခေါင်းမှာ ၀က်ခြံပေါက်ခြင်းကတော့ နှလုံးနဲ့သက်ဆိုင်ပါတယ်။ Blood Pressure နှင့် စိတ်ဖိစီးမှုတို့ကြောင့်ဖြစ်ပါတယ်။ နည်းလမ်းကတော့ အတူတူပါပဲ။ စိတ်ဖိစီးမှုလျှော့ချပါ။ ရေကြာကြာချိုးပါ။
သီချင်းနားထောင်ပါ။ မိမိနှစ်သက်ရာ အပန်းဖြေနည်းတစ်မျိုးမျိုးဖြင့် အနားယူပါ။

မျက်ခုံးတစ်ဝိုက်မှာ ၀က်ခြံပေါက်ခြင်းကတော့ အဆီပါတဲ့ အစားအစာ စားသောက်မှုများခြင်းကြောင့်နဲ့ အရက်သောက်သုံးခြင်းကြောင့်ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဘာတွေကို လျှော့ရမယ်ဆိုတာ သိလောက်မယ်ထင်ပါတယ်နော်။

နားမှာ၀က်ခြံပေါက်ခြင်းကတော့ ကျောက်ကပ်နဲ့ ဆက်နွယ်နေပါတယ်။ ရေသောက်နည်းခြင်း၊ ဆားနဲ့ ကာဖင်း စားသုံးမှုများပြားခြင်းတို့ကြောင့် ဖြစ်လေ့ရှိပါတယ်။ ၀က်ခြံပျောက်ကင်းစေဖို့ နည်းလမ်းကောင်းတွေကတော့ ရေများများသောက်ပါ။ ဆားနဲ့ ကာဖင်းစားသုံးမှုကို လျှော့ချပါ။

ညာဘက်ပါးပြင်ပေါ်မှာ ၀က်ခြံပေါက်ခြင်းကတော့ အဆုတ်နဲ့ သက်ဆိုင်ပါတယ်။ အရေပြားဓာတ်မတည့်မှု (allergies)၊ ဆေးလိပ်သောက်သုံးခြင်း၊ Respiratory stress တို့ကြောင့် ၀က်ခြံပေါက်ရခြင်းဖြစ်ပါတယ်။

ပါးစပ်နဲ့ မေးစေ့တစ်ဝိုက်မှာ ၀က်ခြံပေါက်ခြင်းကတော့ ၀မ်းချုပ်ခြင်း၊ Fast Food စားသုံးမှုများခြင်းတို့ကြောင့်ဖြစ်ပါတယ်။အမျှင်ပါတဲ့ အသီးအနှံ၊ လက်ဆတ်တဲ့ အသီးအရွက်တွေကို စားသုံးပေးဖို့လိုပါတယ်။

မေးစေ့ ဘေးနှစ်ဖက်၀န်းကျင်မှာ ၀က်ခြံပေါက်ခြင်းကတော့ ဟိုမုန်းအပြောင်းအလဲ၊ သွေးသားစီးဆင်းလည်ပတ်မှု သို့မဟုတ် ကျောက်ကပ်အလုပ်လုပ်ရ များခြင်းတို့ကြောင့်ဖြစ်ပါတယ်။

ဒါဆိုရင်တော့ ဘာတွေဘယ်လိုရှောင်ပြီး ဘာတွေ ဘယ်လိုစားသောက်နေထိုင်ရမယ်ဆိုတာ သိလောက်ပြီထင်ပါတယ်ရှင်။

နောက်ထပ်လည်းအလှအပရေးရာသိရှိရန် မင်မင်ကတင်ပေးအုံးမှာဖစ်တာမို့လို့ သဲလေးတွေ page လေးကို like & follow လေးလုပ်ထားပေးဖို့မမေ့နဲ့နော်...

04/09/2021

ဝက်ခြံ ဖြစ်လွယ်သူတွေ Mask တပ်ကြတဲ့အခါ 😷

Google မှလေ့လာပြီး ပြန်လည်မျှဝေလိုက်ပါတယ် (Google မှ ရေးသားသူ Yun Sandi Nan Mon)

Covid -19ရောဂါ အန္တရာယ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ဖို့ လူတိုင်း Mask တပ်ကြဖို့ အရေးကြီးပါတယ်။ ဒီလိုအခြေအနေမှာ အစာစားချိန်၊ ရေသောက်ချိန်ကလွဲလို့ Mask ကို မချွတ်တမ်း တပ်ထားဖို့ လိုအပ်လာပါတယ်။

ဝက်ခြံ ပိုင်ရှင်တို့အတွက် ပြဿနာက အဲဒီမှာ စတော့တာပါပဲ။ နဂိုကမှ မျက်နှာပေါ် ဆံပင်လေးတစ်မျှင်ကျတာတောင် ဝက်ခြံထပေါက်ရတဲ့အထဲ ချွေးတလုံးလုံးနဲ့ အလုံပိတ် Mask ကို တစ်နေကုန် တပ်ထားရမယ်တဲ့လား။

ဝက်ခြံ ပိုများမလာအောင် ဘာတွေ သတိထားရမလဲ

😍Mask တပ်တိုင်း ဝက်ခြံ မဖြစ်ပါဘူး။ ဒါပေမယ့် ကိုယ့်ဘက်က ဂရုစိုက်ပေးရတာလေးတွေတော့ ရှိတာပေါ့။ အရေးကြီးတဲ့ အချက်လေးတွေ အကြံပေးလိုက်မယ်နော်

(၁) သုံးပြီးသား Mask ကို အခါခါ ပြန်မသုံးပါနဲ့။

😷တစ်ခါသုံး Mask ပဲ ဖြစ်ဖြစ်၊ အဝတ် Mask ပဲ ဖြစ်ဖြစ် ဒီတစ်ခုတည်း ကိုပဲ ကြာကြာ သုံးလို့ မရပါဘူး။ Mask တစ်ခုကို အများဆုံး ၈ နာရီပဲ အသုံးပြုသင့်ပါတယ်။ ချွေးတွေနဲ့ Mask ကို ခဏ ချိတ်ထားလိုက်ပြီး လိုမှ ပြန်တပ်သွားတာမျိုးက ဝက်ခြံထက် ရောဂါအန္တရာယ် ကို ပိုစိတ်ပူရပါတယ်။

😷အဝတ် Mask ဆိုရင်တောင် လျှော်ပြီးသား တစ်ခုနဲ့ မကြာခဏ အသစ် လဲသုံးပါ။ ဘယ် Mask မဆို ချွေးတွေ သိပ်ရွှဲလာတာနဲ့ အသစ်တစ်ခု လဲပါ။

(၂) Mask ကို မေးစေ့မဆွဲချမထားပါနဲ့။

😷မေးစေ့အောက် အရေပြားမှာ ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေက ချွေးနဲ့အတူ ကပ်ငြိနေတတ်ပါတယ်။ ဒီလိုနေရာကိုမှ Mask ကို ဆွဲချကပ်ထားပြီး မျက်နှာမှာ ပြန်ဖုံးအုပ်တဲ့အခါ ဝက်ခြံတွေက ပျော်မြူးလို့တောင် နေပါလိမ့်ဦးမယ်။

😷မေးစေ့အောက် အရေပြားမှာ ရောဂါပိုးက ကပ်တွယ်နေခဲ့ရင် Mask ပြန်ဆွဲတင်တဲ့အခါ ပိုးတွေကို ရှူသွင်းသလို ဖြစ်စေနိုင်ပါတယ်။ ဒီအချက်က သတိထားသင့်တဲ့ အရေးကြီးအချက်ပါ။

(၃) Mask ကို ချွတ်ပြီး တွေ့ကရာမချပါနဲ့။

အထူးသဖြင့် အစာစားတဲ့အချိန်၊ အသက်ရှူမဝလို့ ခဏချွတ်တဲ့အချိန် မှာပေါ့။ အသာလေးချွတ်ပြီး တစ်နေရာချထားလိုက်တယ်၊ ပြီးရင် ပြန်ကောက်တပ်တယ်။

ရောက်လေရာမှာ Mask ကို ချွတ်ပြီး ဘေးချထားတတ်တာ၊ လက်ထဲမှာ ဆုပ်ကိုင်ထားတတ်တာလည်း ဝက်ခြံ ဖြစ်စေတဲ့ အကြောင်းရင်း တစ်ခုပါပဲ။ ချလိုက်တဲ့နေရာက သို့မဟုတ် ကိုယ့်ရဲ့လက်က ရှိသမျှ ပိုးမွှားတွေ Mask မှာ အကုန်ကပ်ပါသွားပါရောလား။

ဒီလိုမဖြစ်ရအောင်၊ ရောဂါပိုးလည်း ကာကွယ်နိုင်အောင် ခဏချွတ်မယ်ဆို Mask ကို အတွင်းဘက်ခေါက်ချိုးပြီး ဘူးလေး၊ အိတ်လေးနဲ့ သို့မဟုတ် တစ်ရှူးနဲ့ ပတ်ပြီး ချထားပါ။

(၄) Mask မတပ်ခင် မျက်နှာကို သန့်စင်အောင်ထားပါ။

😷Mask မတပ်ခင် မျက်နှာကို သန့်စင်အောင် အရင်လုပ်ပါ။ အစတည်းက မသန့်စင်ထားတဲ့ မျက်နှာ အသားအရေ မှာ Mask တပ်ပြီး လှောင်ပိတ်ထားတဲ့အခါ ပိုးမွေးသလို ဖြစ်စေနိုင်လို့ပါပဲ။

(၅) မျက်နှာမှာ အလှကုန်တွေ သိပ်မတင်ပါနဲ့။

မျက်နှာမှာ မိတ်ကပ်တွေ၊ ပေါင်ဒါတွေလို လိမ်းကျံရတဲ့ အလှကုန် အဆင့်ဆင့်ကြောင့် ချွေးပေါက် ပိတ်ဆို့ပြီး Mask အောက်မှာ ဘက်တီးရီးယားတွေ ပိုဖြစ်စေနိုင်ပါတယ်။ မျက်နှာ အသားအရေ ယားယံတာ၊ ဝက်ခြံထွက်တာတွေ ပိုဆိုးစေနိုင်ပါတယ်။

ရှင်းရှင်းပြောရရင် အမြဲတပ်ထားရမယ့် Mask အောက်မှာ အလှပြင်ထားလို့ သိပ်တော့မထူးလှဘူးလေ။ ဝက်ခြံသာ အမြတ်ထွက် ကျန်ရစ်ခဲ့မယ်ဆို အလှကုန်စရိတ်သာ ဆုံးရမှာပေါ့။

(၆) Moisturizer သုံးပါ။

ဝက်ခြံ ကာကွယ်၊ ကုသနိုင်တဲ့ Moisturizer (အစိုဓာတ်ထိန်းခရင်မ်)တွေကို မဖြစ်မနေ သုံးပေးပါ။ မျက်နှာ အသားအရေ မှာ အစိုဓာတ် ထိန်းနိုင်ဖို့ Moisturizer သုံးတာက အသားအရေထိန်းသိမ်းမှု မှာ မပါမဖြစ် အဆင့်တစ်ခု ဖြစ်ပါတယ်။

(၇) Mask ချွတ်တာနဲ့ မျက်နှာသန့်စင်၊ ဆဲလ်သေ ဖယ်ရှားပါ။

လေဝင်လေထွက် မကောင်းတဲ့ အနေအထားနဲ့ တစ်နေကုန် နေခဲ့ရတဲ့ မျက်နှာ အသားအရေမှာ အဆီ၊ ဆဲလ်သေတွေနဲ့ တခြား အညစ်အကြေးတွေ ကပ်ငြိနေမှာပါပဲ။ ဒါ့ကြောင့် အိမ်ပြန်ရောက်တာ နဲ့ ခန္ဓာကိုယ် သန့်စင်ပြီး မျက်နှာ ကိုပါ သေချာ သန့်စင်ပါ။

ပြီးရင်တော့ Toner နဲ့ Moisturizer ပြန်သုံးပေးပါ။ လိုအပ်ရင် ညဘက် မျက်နှာ ပေါင်းတင်ပါ၊ Face Mask ကပ်ပြီး အားဖြည့်ပေးနိုင်ပါတယ်။

😍ဒီလောက်ဆို ဝက်ခြံဖြစ်လွယ်သူတွေ Mask တပ်တဲ့အခါ သိသင့်တဲ့ ဆောင်ရန် ရှောင်ရန်လေးတွေ လုံလောက်ပြီထင်ပါတယ်နော်။ ကျန်းမာရေးကို ဂရုစိုက်ပါ၊ အသားအရေကိုလည်း စောင့်ရှောက်ပါလို့ သတိပေးလိုက်ပါရစေ။
😍😍အတူတူလှကြမယ်
Credit:::::

#ခုလိုဗဟုသုတရစေမဲ့စာလေးတွေ အမြဲတမ်းတင်ပေးမှာမို့ Page လေးကို Like လုပ်ထားဖို့မမေ့နဲ့နော်...😍


လက်လီလက်ကား ဝယ်ယူအားပေးနိုင်ပါပီရှင့်...
Agent ဝင်ချင်သူများ CB တွင်အသေးစိတ်လာမေးလို့ရပါတယ်ရှင့်...😍😍😍
ဒီက မတ်မတ်က စိတ်ရှည်ရှည်နဲ့သေချာလေးရှင်းပြပေးမယ်နော်...😍😍😍

03/09/2021

သိချင်ရင် အချိန်ပေးဖတ်ကြည့်ကြပါ👇🏽😍

ချွေးပေါက်တွေ အကြောင်းနှင့် ချွေးပေါက်ကျယ်ခြင်း (Unicode, Zawgyi)

ချွေးပေါက် ဆိုတာ လူတိုင်းရဲ့ မျက်နှာတိုင်းမှာ ရှိတဲ့ မွှေးညှင်းပေါက်လေးတွေပါ. ဒါပေမယ့် ဘာလို့ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြလဲဆိုတာ ဖတ်ကြည့်ကြအောင်

ချွေးပေါက်ဘာလို့ ကျယ်လာတာလဲ❓
- မိဘမျိုးရိုး
- အသက်အရွယ်
- နေလောင်ခြင်း
- မိတ်ကပ်
- သန့်ရှင်းမှု
- အစားအသောက်
- Skincare မှားသုံးခြင်း
- ဂရုမစိုက်ခြင်း စတဲ့ အရာတွေကြောင့် ချွေးပေါက်ကျယ်လာရခြင်း ဖြစ်ပါတယ်.

ချွေးပေါက်ကျယ်တာကို ဘယ်လို ကာကွယ်မလဲ?

အမျိုးသမီးအများစုက ချွေးပေါက်ကျယ်တာကို မနှစ်သက်ကြပါဘူး ဘာလို့လဲဆိုတော့ ချွေးပေါက်ကျယ်တဲ့အခါ Makeup လိမ်းရင်တောင် ထင်းနေအောင် မြင်နေရလို့ပါဘဲ.
ချွေးပေါက်ကျယ်ခြင်း ကို ကာကွယ်နည်းတွေကတော့ နေ့စဉ် Sunscreen/sunblock ပုံမှန်လိမ်းမယ်, Deep Cleansing လုပ်မယ်, Exfoliate လုပ်ပေးမယ်, ရေများများသောက်မယ်, moistuizer ပုံမှန် သုံးပေးမယ်ဆ်ိုရင်တော့ ကာကွယ်ပြီးသား ဖြစ်မှာပါ.

ချွေးပေါက်ကျယ်နေတာကို ဘယ်လိုကျဉ်းအောင် ပြန်လုပ်မလဲ?

ချွေးပေါက်ကျဉ်းစေတဲ့ toner လေးတွေသုံးမယ်
ရေခဲ ပုံမှန်ကပ်ပေးမယ်
ကိုယ့်အသားအရည်နဲ့ လိုက်ဖက်တဲ့ Skincare တွေကိုသေချာ လိမ်းပေးမယ်
Clay Mask, Sheet Mask လေးတွေ ပုံမှန်သုံးပေးမယ်
Cleansing နဲ့ Deep Cleansing ကို အချိန်ပေးပြီး သေချာလုပ်ပေးမယ်
Spa Treatment လေးတွေ ယူမယ်ဆိုရင် ချွေးပေါက်တွေ ပြန်ကျဉ်းနိုင်ပါမယ်.

ဒါဆို ချွေးပေါက်လည်းကျယ်, အဆီလည်းပြန်, ဝက်ခြံလည်း ထွက်တတ်တဲ့ သူဆို ဘာသုံးရမလဲ❓❓❓

Skin Problem ရဲ့ အရေးကြီးဆုံးဖြစ်တဲ့ ဝက်ခြံ/အဆီဖုတွေကို စ ကုပါ. (Salicylic Acid, Benzoyl Peroxide အစရှိတဲ့ ပစ္စည်းတွေ ပါတဲ့ Skincare ကိုသုံးပါ)
ပြီးမှ အဆီပြန်တာ သက်သာတဲ့ ပစ္စည်းတွေ သုံးပါ
နောက်ဆုံးကျမှ ချွေးပေါက်ကျယ်တာကို ကုသပေးပါ

အားလုံး အလှဆုံး မျက်နှာလေးတွေကို ပိုင်ဆိုင်ကြပါစေရှင့် 💖

Zawgyi

ချွေးပေါက်တွေ အကြောင်းနှင့် ချွေးပေါက်ကျယ်ခြင်း

ချွေးပေါက် ဆိုတာ လူတိုင်းရဲ့ မျက်နှာတိုင်းမှာ ရှိတဲ့ မွှေးညှင်းပေါက်လေးတွေပါ. ဒါပေမယ့် ဘာလို့ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြလဲဆိုတာ ဖတ်ကြည့်ကြအောင်

ချွေးပေါက်ဘာလို့ ကျယ်လာတာလဲ?
- မိဘမျိုးရိုး
- အသက်အရွယ်
- နေလောင်ခြင်း
- မိတ်ကပ်
- သန့်ရှင်းမှု
- အစားအသောက်
- Skincare မှားသုံးခြင်း
- ဂရုမစိုက်ခြင်း စတဲ့ အရာတွေကြောင့် ချွေးပေါက်ကျယ်လာရခြင်း ဖြစ်ပါတယ်.

ချွေးပေါက်ကျယ်တာကို ဘယ်လို ကာကွယ်မလဲ?

အမျိုးသမီးအများစုက ချွေးပေါက်ကျယ်တာကို မနှစ်သက်ကြပါဘူး ဘာလို့လဲဆိုတော့ ချွေးပေါက်ကျယ်တဲ့အခါ Makeup လိမ်းရင်တောင် ထင်းနေအောင် မြင်နေရလို့ပါဘဲ.
ချွေးပေါက်ကျယ်ခြင်း ကို ကာကွယ်နည်းတွေကတော့ နေ့စဉ် Sunscreen/sunblock ပုံမှန်လိမ်းမယ်, Deep Cleansing လုပ်မယ်, Exfoliate လုပ်ပေးမယ်, ရေများများသောက်မယ်, moistuizer ပုံမှန် သုံးပေးမယ်ဆ်ိုရင်တော့ ကာကွယ်ပြီးသား ဖြစ်မှာပါ.

ချွေးပေါက်ကျယ်နေတာကို ဘယ်လိုကျဉ်းအောင် ပြန်လုပ်မလဲ?

ချွေးပေါက်ကျဉ်းစေတဲ့ toner လေးတွေသုံးမယ်
ရေခဲ ပုံမှန်ကပ်ပေးမယ်
ကိုယ့်အသားအရည်နဲ့ လိုက်ဖက်တဲ့ Skincare တွေကိုသေချာ လိမ်းပေးမယ်
Clay Mask, Sheet Mask လေးတွေ ပုံမှန်သုံးပေးမယ်
Cleansing နဲ့ Deep Cleansing ကို အချိန်ပေးပြီး သေချာလုပ်ပေးမယ်
Spa Treatment လေးတွေ ယူမယ်ဆိုရင် ချွေးပေါက်တွေ ပြန်ကျဉ်းနိုင်ပါမယ်.

ဒါဆို ချွေးပေါက်လည်းကျယ်, အဆီလည်းပြန်, ဝက်ခြံလည်း ထွက်တတ်တဲ့ သူဆို ဘာသုံးရမလဲ???

Skin Problem ရဲ့ အရေးကြီးဆုံးဖြစ်တဲ့ ဝက်ခြံ/အဆီဖုတွေကို စ ကုပါ. (Salicylic Acid, Benzoyl Peroxide အစရှိတဲ့ ပစ္စည်းတွေ ပါတဲ့ Skincare ကိုသုံးပါ)
ပြီးမှ အဆီပြန်တာ သက်သာတဲ့ ပစ္စည်းတွေ သုံးပါ
နောက်ဆုံးကျမှ ချွေးပေါက်ကျယ်တာကို ကုသပေးပါ

အားလုံး အလှဆုံး မျက်နှာလေးတွေကို ပိုင်ဆိုင်ကြပါစေရှင့် 💖



#ခုလိုဗဟုသုတရစေမဲ့စာလေးတွေ အမြဲတမ်းတင်ပေးမှာမို့ Page ကို Like လေးလုပ်ထားဖို့မမေ့နဲ့နော်...😍



လက်လီလက်ကား ဝယ်ယူအားပေးလို့ရပါပီရှင့်...
ပြန်ရောင်းချင်သူများ CB တွင်အသေးစိတ်လာမေးလို့ရပါတယ်ရှင့်...😍😍😍
ဒီက မတ်မတ်က စိတ်ရှည်ရှည်နဲ့သေချာလေးရှင်းပြပေးမယ်နော်...😍😍😍

Photos from Lamin Eain Online Shop's post 02/09/2021

မျက်နှာသစ်တဲ့ အခါတိုင်း ရှောင်ကြဉ်ရမယ့် နည်းလမ်း ၇ ခု

နေ့စဉ် မျက်နှာသစ်နေရင်းက အမှားတွေ လုပ်မိနေတာကို ပျိုမေတို့ သိပါသလား။ မှန်ကန်တဲ့ မျက်နှာသစ်နည်း မဟုတ်တဲ့အခါ မျက်နှာမှာ ဝက်ခြံတွေ၊ အဆီဖုတွေ ပေါက်တတ်ပါတယ်။ မျက်နှာကို ပုံမှန် ဂရုစိုက်နေပေမယ့် အသားအရေ ပျက်စီးနေတယ်လို့ ခံစားရတာက မျက်နှာသစ်နည်း မှားနေလို့ပါ။

ဒီလို မဖြစ်စေဖို့ မျက်နှာသစ်တဲ့အခါ ရှောင်ကြဉ်ရမယ့် နည်းလမ်းအချို့ကို ရေးသား ဖော်ပြလိုက်ပါတယ်။

(၁) ကိုယ်တိုက်ဆပ်ပြာ မသုံးပါနဲ့

ခြေထောက်နဲ့ လက်တွေကို တိုက်တဲ့ ကိုယ်တိုက်ဆပ်ပြာမှာ အသားအရေကို ခြောက်သွေ့စေတဲ့ Alkaline PH ပါဝင်ပါတယ်။ သင်က နဂိုတည်းက အသားခြောက်တတ်တဲ့သူဆို မျက်နှာမှာ အရေပြား ပြဿနာ ဖြစ်စေတာမို့ သင့်အသားအရည်နဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်သုံးစွဲပါ။

(၂) မျက်နှာကို တအား မပွတ်တိုက်ပါနဲ့

ဆားဝက်ခြံတွေ၊ ချွေးပေါက်တွေ ပျောက်ချင်ဇောနဲ့ မျက်နှာကို အားနဲ့ကုတ်ခြစ်တာက မှန်ကန်တဲ့နည်းလမ်း မဟုတ်ပါဘူး။ Scrub သုံးပြီး မျက်နှာကြေး (ဂျီး) ချွတ်တာမျိုးကို ၁ ပတ်မှာ ၁ ခါလောက်သာ လုပ်သင့်ပါတယ်။ မျက်နှာကို ပွတ်တိုက်တာများတဲ့အခါ အရေးကြောင်းနဲ့ အသားခြောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

(၃) နံနက်ပိုင်းမှာ မျက်နှာသစ်ပါ

အိပ်စက်ခြင်းက သင့်အသားအရေ ဆဲလ်ကို ပြန်လည်အားဖြည့်စေပေမယ့် အညစ်အကြေး၊ အဆီနဲ့ ပိုးမွှား တွေကတော့ ချွေးပေါက်အတွင်းမှာ ပိတ်မိနေနိုင်ပါတယ်။ အိပ်စက်နေတဲ့ ၈ နာရီ အတွင်းမှာ ခေါင်းအုံးက ဖုန်မှုန့်တွေ မျက်နှာမှာ ရှိနိုင်တာကြောင့် အိပ်ရာထတာနဲ့ မျက်နှာသစ်ပါ။

(၄) အရမ်းပူတဲ့ရေ မသုံးပါနဲ့

ရေနွေးနဲ့ မျက်နှာသစ်ခြင်းက အသားအရေအတွက် ကောင်းတာကြောင့် မျက်နှာသစ်မိတယ်ဆိုရင် အရမ်းပူတဲ့ ရေအစား ရေကြက်သီးနွေးလောက်နဲ့ဆို အဆင်ပြေပါတယ်။

(၅) Mask မသုံးခင် မျက်နှာသစ်ပါ

Face Mask သုံးမယ်ဆိုရင် သင့်မျက်နှာက ပြောင်ရှင်းပြီး သန့်ရှင်းနေဖု့ိ လိုအပ်ပါတယ်။ Mask က ဓာတ်တွေ သင့်အသားထဲ စိမ့်ဝင်စေဖို့ မျက်နှာကိုသစ်ပါ။

(၆) မျက်နှာသစ် ဆပ်ပြာနဲ့ မိတ်ကပ် မဖျက်ပါနဲ့

အခုခေတ် မိတ်ကပ်တွေက ရေစိုလည်း မပျက်၊ ချွေးထွက်လည်း မပျက်အောင် ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတာပါ။ မိတ်ကပ်ဖျက်ဆေး မသုံးနိုင်ရင်တောင် Double Cleansing လုပ်ဖို့ မိတ်ကပ်ပညာရှင်တွေက အကြံပြုထားပါတယ်။

(၇) မျက်နှာသုတ်ဖို့ အဝတ် သီးသန့်ထားပါ

ခန္ဓာကိုယ်ကိုသုတ်တဲ့ တဘက်နဲ့ မျက်နှာကို မသုတ်မိအောင် သီးသန့်ထားပါ။ ဖြစ်နိုင်ရင်တခါသုံး face Towel သုံးပါ၊ခန္ဓာကိုယ်က ဘက်တီးရီးယား တွေက သင့်မျက်နှာ အသားအရေကို ပျက်စီးစေပါတယ်။

မျက်နှာမှာ ဝက်ခြံ၊ အဆီဖု ပေါက်နေတယ်ဆိုရင် အသားအရေကို အမှန်တကယ်ပဲ ဂရုစိုက်ဖို့ လိုအပ်နေတာမို့ နည်းလမ်း မှန်မှန်ကန်ကန်နဲ့ မျက်နှာသစ်ပြီး ဝင်းပစိုပြေတဲ့ မျက်နှာလေးရအောင်လုပ်ကြည့်ပါနော်။

Original Writer

#ခုလိုဗဟုသုတရစေမဲ့စာလေးတွေ အမြဲတမ်းတင်ပေးမှာမို့ Page လေးကို Like လုပ်ထားဖို့မမေ့နဲ့နော် သဲလေးတို့...😍


- 6500
(20 ml) - 14500
(30ml) - 21000
- 15000
- 16000
cleanser - 15000
(Black & White) - 12500
လက်လီလက်ကား ဝယ်ယူအားပေးနိုင်ပါပီရှင့်...😘

Agent ဝင်ချင်သူများ CB တွင်အသေးစိတ်လာမေးလို့ရပါတယ်ရှင့်...😍😍😍
ဒီက မတ်မတ်က စိတ်ရှည်ရှည်နဲ့သေချာလေးရှင်းပြပေးမယ်နော်...😍😍😍

01/09/2021

ဝက်ခြံတွေ မထွက်အောင် ဒီသုံးချက်ပဲ နေ့စဉ်လုပ်ဖို့လိုတယ်နော်

၁။မနက်တစ်ကြိမ် ညအိပ်ခါနီးတစ်ကြိမ် အစိုဓာတ်ကလေးကျန်ခဲ့ပြီး မျက်နှာခြောက်သွေ့မသွားစေတဲ့မျက်နှာသစ် ကောင်းကောင်းလေးသုံးပါ။

(ကောင်းကောင်းလေးဆိုတာ ဈေးကြီးတာကို မဆိုလိုဘူးနော် ဈေးသင့်ပြီး ကောင်းတဲ့မျက်နှာသစ်လေးတွေ ဈေးကွက်ထဲမှာရှိပါတယ်)မျက်နှာသစ်ပြီးတိုင်း ချွေးပေါက်ထဲက အဆီလေးတွေသန့်ဖို့ အရက်ပျံမပါတဲ့ တိုနာလေးသုံးပေးပါနော်

၂။ သဘာဝပစ္စည်းတွေနဲ့ထုတ်လုပ်ထားတဲ့ Skincare လေးတွေ နေ့စဉ်သုံးပြီး အသားရည်ထိမ်းသိမ်းပါ။

၃။အိပ်ရေးဝအောင် အချိန်မှန်အိပ်ပါ။
ဝမ်းမှန်အောင် အသီး အရွက်များများစားပါ။
အငံ အစပ်နဲ့ အချိုမှုန့်တွေ လျော့စားပါ

အားလုံးပဲ ဝက်ခြံကင်းစင်တဲ့ မျက်နှာလှလှလေးတွေ
ပိုင်ဆိုင်နိုင်ပါစေရှင့်




- 6500
(20 ml) - 14500
(30ml) - 21000
- 15000
- 16000
cleanser - 15000
(Black & White) - 12500

Agent ဝင်ချင်သူများ CB တွင်အသေးစိတ်လာမေးလို့ရပါတယျရှင့်...😍😍😍
ဒီက မတ်မတ်က စိတ်ရှည်ရှည်နဲ့သေခြာရှင်းပြပေးပါမယ်နော်...😍😍😍

Photos from Lamin Eain Online Shop's post 01/09/2021

သင်သိထားသင့်သော ဝက်ခြံအကြောင်း

ဝက်ခြံ ဖြစ်ပေါ်လာရတဲ့ ဇစ်မြစ်များ

1.နေရောင်ချည်နဲ့ အလွန်အကျွံထိတွေ့မှုကြောင့်
2.ဟောမုန်းဓာတ်အပြောင်းအလဲကြောင့်
3.ဆေးလိပ်သောက်ခြင်းကြောင့်
4.အရေပြားမူမမှန်မှုကြောင့်
5.စိတ်ဖိစီးမှုများခြင်း
6.အဆီပြန်ပြီး ချွေးပေါက်ကျယ်ခြင်းကြောင့်
7.make-up ပစ္စည်းများသန့်စင်မှုမရှိဘဲ ထပ်တလဲလဲ အသုံးပြုချင်းကြောင့်(မင်မင်သိသလောက် ဒီ 7ချက်က အဓိက ဖြစ်မယ်ထင်ပါတယ်)

ဝက်ခြံ ပေါက်နေချိန်တွင် မပြုလုပ်သင့်သော အရာများ

1.သနပ်ခါးမလိမ်းရ/ဝက်ခြံပင်ေပါ် ထုံးမလိမ်းရ🙅🙅
2.သံပုရာသီးမလိမ်းရ/ဆရာခိုမလိမ်းရ🙅
3.vasline gel /whitening cream မလိမ်းရ
4.သွားတိုက်ဆေး/Bar soap(ကိုယ်တိုက်ဆပ်ပြာ )
မသုံးရ
5.alcohol /baking soda သုံးရ
6.ဝက်ခြံပေါက်နေတဲ့အချိန်အတွင်း scrubမတိုက်ရ
ဝက်ခြံ မဖြစ်အောင် ကာကွယ်နည်း
1.အိပ်ရေးဝဝအိပ်ပါ
2.ရေများများသောက်ပါ
3.အပူအစပ် လျှော့စားပါ
4.suncreen အမြဲလိမ်းပါ(even stay at home)
5.ရေခဲတုံးနဲ့ မကြာမကြာ ပွတ်တိုက်ပေးပါ
6.မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာ သစ်ပေးပါ
7.အလှပြင် ပစ္စည်းတေကို တစ်ပတ်တစ်ခါ ဆေးကြောပေးပါ

-ဝက်ခြံဖြစ်တာဟာ ခန္ဓာကိုယ် အားနည်းတာနဲ့ အများကြီးဆိုင်ပါတယ်နော်

အဓိက ကတော့ ရေးများများသောက်ပေးပါ
အိပ်ရေးဝဝအိပ်ပါ

_Supplement အနေနဲ့ collengenတစ်မျိုးမျိုးကို သောက်ပေးပါ

Collengen သောက်ခြင်းက အရွယ်တင်နုပျိုစေတယ် ဝက်ခြံထွက်ခြင်းကို လုံးဝကာကွယ်ပေးပါတယ်နော်

ဘယ် collengen သောက်ရမလဲ??
(မသိရင်ရင် vitamin ဓာတ်ပြည့်ဝပီး ကျန်းမာရေးထောက်ခံချက်ရှိတဲ့ collagenလေးရှိတယ် ပေးရတဲ့စျေးနဲ့တကယ်တန်တယ်)
-စျေးမကြီးဘူးနော်

အားလုံးအဆင်ပြေကြပါစေ
#ဝက်ခြံ ပြဿနာ

03/12/2020

✅ ချွေးပေါက်ကျယ်တာ - (၃) မျိုးရှိပါတယ်
-----------------------------------------
1. O shaped (T zone, oily skin type ) အတွေ့အများဆုံး
2. U shaped ( Dry skin )
3. Y shaped ( အသက်ရွယ်ကြောင့် collagen တွေ နဲလာတဲ့ အခါ )

✅ ချွေးပေါက်တွေ ဘာကြောင့်ကျယ်လာရသလဲ ဆိုရင်
-------------------------------------------------
1. အသက်ရွယ်ရလာတဲ့အခါ သို့မဟုတ် နေရောင်ခြည်ကြောင့် အရေပြားရဲ့ Collagen , elasticity တွေ အားနည်လာတဲ့ အခါ
2. အညစ်အကြေး , make up , အဆီ , ချွေး တွေ ချွေးပေါက်ကိုပိတ်လာတဲ့ အခါ
3. အသားရေ အရမ်းခြောက်သွေ့သောအခါ
တွေဆိုရင် ကျယ်လာရပါတယ် ။

✅ ဘယ်လိုလူတွေမှာ အဖြစ်များသလဲဆိုတော့
-----------------------------------------
(1) အသက်ရွယ်ရလာတဲ့ သူတွေ
(2) နေရောင်ခြည် အရမ်းထိတွေ့တဲ့ သူတွေ
(3) မျက်နှာပုံမှန်မသစ်တဲ့သူတွေ
(4) သစ်တဲ့ခါ ကြမ်းကြမ်းတမ်းတမ်း scrub တွေ အရမ်းသုံးတဲ့ သူတွေ
(5) make up သုံးပြီး သေချာသန့်စင်အောင် မလုပ်တဲ့ သူတွေ
(6) အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ သူတွေ
(7) ဆေးလိပ်သောက်တဲ့ သူတွေ
( 8) ဆီကြော်အစားစားများ အစားများတဲ့ သူတွေ
မှာ အဖြစ်များပါတယ် ။

🚫 ချွေးပေါက်မကျယ်အောင် ဘာတွေရှောင်သင့်သလဲ ဆိုရင်
-----------------------------------------------------
(1) အဆီဖု , ဆားဝက်ခြံ , ဝက်ခြံ အဖုတွေ မညစ်ရဘူး ။
(2) ကြမ်းကြမ်း scrub တွေမသုံးရဘူး ။
(3) မတည့်တာတွေ ရှောင်ရပါမယ် ။

•••••••••••••••••••••••••••••••••••••••••••••••••••
Crd ~ Dr Naing

30/09/2020

Hello🙋🙋🌺
ညီမလေးခင်ယွန်းစန္ဒီအောင် လေ့လာထားတဲ့ skin knowledge လေးကို သူ့ဆီ ခွင့်တောင်းပြီး ချိုချဉ်လုံးလေးတွေလေ့လာနိုင်အောင် ပြန်တင်ပေးတာပါ 😍😍😍

ဒီတစ်ခါ အယွန်းပြောပြမှာကတော့ အယွန်းတို့ရဲ့ မျက်နှာပေါ်မှာ အရမ်းကိုကြည့်ရဆိုးပြီး စိတ်ညစ်ဖို့ကောင်းတဲ့ " #ဝက်ခြံတွေဘာကြောင့်ဖြစ်ပေါ်လာရတာလဲ"ဆိုတဲ့ အကြောင်းကို အယွန်းသိသလောက်လေး မျှဝေပေးမှာ ဖြစ်ပါတယ်ရှင့်💁🥳

👉မျက်နှာပေါ်မှာဝက်ခြံတွေ ဘာလို့ ဖြစ်ပေါ်လာရတာလဲ???
☘️လူအများစုက ဆယ်ကျော်သက်အရွယ်မှာ ဟော်မုန်းပြောင်းလဲမှုကြောင့် ဝက်ခြံတွေ စပြီး ဖြစ်ပေါ်လာကြပါတယ်နော်
☘️ဝက်ခြံဖြစ်တာက မျိုးရိုးဗီဇနဲ့လဲ ဆိုင်တယ်တဲ့နော်😬(ဥပမာ_မိဘတွေက အသက်၁၂/၁၃လောက်မှာ ဝက်ခြံတွေ စဖြစ်ခဲ့တယ်ဆိုရင် ကိုယ်လဲ အဲ့ဒီအချိန်လောက်မှာ ဝက်ခြံတွေ စပြီးဖြစ်တတ်ပါတယ်နော်)
☘️ဆယ်ကျော်သက်အရွယ်မှာ အဖြစ်များဆုံး ဝက်ခြံအမျိုးအစားက" vulgaris"လို့ခေါ်တဲ့ ဝက်ခြံအမျိုးအစားပဲ ဖြစ်ပါတယ်နော်
☘️အဲ့ဒီဝက်ခြံအမျိုးအစားက 👉မျက်နှာ လည်ပင်း ပုခုံး နောက်ကျောတွေနဲ့ ရင်ဘက်ပေါ်တွေမှာ ဖြစ်လေ့ရှိပါတယ်နော်
☘️sebumလို့ ခေါ်တဲ့ အဆီတွေအထွက်များပြီး dead cellsတွေ များလွန်းရင် ချွေးပေါက်တွေမှာ အဆီတွေ ပိတ်ဆို့ကြတယ်နော်
☘️အဲ့လိုပိတ်ဆို့ခြင့်ခံရတဲ့ ချွေးပေါက်တွေထဲမှာ ဝက်ခြံဖြစ်စေတဲ့ bacteriaတွေ ပိတ်မိပြီး တဖြည်းဖြည်းနဲ့ ချွေးပေါက်ထဲမှာ bacteriaတွေများလာတယ်
☘️ပြီးတော့ အဲ့ဒီနေရာတွေမှာ အသားရေနီမြန်းခြင်း ရောင်ရမ်းခြင်းတွေ ဖြစ်ပေါ်လာပါတယ်နော်
☘️နောက်တော့ ဝက်ခြံတွေ ဖြစ်လာတာပေါ့
☘️အဲ့လိုမျိုးနဲ့ ဝက်ခြံတွေက ဖြစ်ပေါ်လာတာပါနော်

နောက်ထပ် အယွန်းပြောပြပေးမှာကတော့...

🌺နှာခေါင်းတွေပေါ်မှာ ဝက်ခြံပေါက်ရခြင်းက...
⚡သွေးလည်ပတ်မှုစနစ်မမှန်ခြင်း
⚡တကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း
⚡အဆီအရမ်းပြန်ပြီး ချွေးပေါက်များ ပိတ်ဆို့ခြင်း
တို့ကြောင့် ဖြစ်ပေါ်လာရပါတယ်🤗🙋

🌺ဆံပင်စပ်နဲ့ နှဖူးတွေပေါ်မှာ ဝက်ခြံပေါက်ရခြင်းကတော့...
⚡ဆံပင်ဆိုးဆေး ခေါင်းလိမ်းဆီ ခေါင်းလျှော်ရည် စတဲ့ ဆံပင်အသုံးဆောင်ပစ္စည်းများကြောင့်‌ ပေါက်ခြင်း
⚡အစာချေစနစ်မမှန်ခြင်း
⚡စိတ်ဖိစီးမှုများခြင်း တို့ကြောင့် ဖြစ်ပေါ်လာရတာပါရှင့်🤗🙋

🌺ပါးတွေပေါ်မှာ ဝက်ခြံပေါက်ရခြင်းကတော့...
⚡အသည်းနဲ့ အဆုပ်ပြသနာများကြောင့်ပေါက်ခြင်း
⚡ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တွေ အားနည်းခြင်း
⚡ခေါင်းအုံးစွပ် မသန့်ရှင်းခြင်း
⚡လေထုညစ်ညမ်းသော ဖုန်ထူသောအရပ်သို့ သွားရောက်လည်ပတ်ခြင်း များကြောင့် ဖြစ်ပေါ်လာရတာပါ🤗🙋

🌺မျက်ခုံးမွှေးအလယ်မှာ ဝက်ခြံပေါက်ရခြင်းက...
⚡သကြားဓာတ် ကစီဓာတ်ပါသော အစားအစာများ စားသုံးမှုများခြင်း
⚡အရက်သောက်စားမှုများခြင်း
⚡အသည်းအားမကောင်းခြင်း တို့ကြောင့် ဖြစ်ပေါ်လာရတာပါရှင့်🤗🙋

🌺မေးစေ့နဲ့ မေးရိုးတစ်လျှောက်မှာ ဝက်ခြံပေါက်ရခြင်းကတော့...
⚡ကိုယ်တွင်းဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်ခြင်း
⚡ဟော်မုန်းမျှတမှုမရှိခြင်း
⚡အိပ်ရေးပျက်ခြင်း များကြောင့် ဖြစ်ပေါ်လာရတာပါနော်🤗🙋

ကဲ အခုဆို အယွန်းတို့ကို အရုပ်ဆိုးစေတဲ့ ဝက်ခြံတွေအကြောင်းကို ကောင်းကောင်း သိပြီဟုတ်!!!
ကြာသပတေးနေ့မှာ အဲ့ဒီစိတ်ညစ်စရာကောင်းတဲ့ ဝက်ခြံတွေကို ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုတဲ့ အကြောင်းလေးကို လေ့လာပြီး ပြန်လည်မျှဝေသွားအုံးပါမယ်ရှင့်💁💁🥳

အရင်ပတ်တုန်းက သေချာမကြည့်မိလိုက်တဲ့ သူငယ်ချင်းများ အယွန်းရဲ့ accထဲမှာ "👉 #ချွေးပေါက်တွေအကြောင်းနဲ့ချွေးပေါက်တွေဘယ်လိုကျဉ်းအောင်လုပ်ရမလဲ"👈ဆိုတာကို အယွန်းသိသလောက်လေး မျှဝေပေးထားတာ ရှိပါတယ်ရှင့်🙋🤗❣️





♥️
🌺

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon