Nail Tips by May
Nail နဲ့ ပါတ်သတ်တဲ့ tips တွေ
ဆောင်ရန် ရှော?
Valentine's Day Nail Art Ideas
04/02/2024
How to treat dry nail after nail polish?
ဟုတ်ပါတယ်
ဒီဘက်ခေတ်ရဲ့ အလှအပရေးရာမှာ တခုအပါအဝင်ဖြစ်တဲ့ လက်သည်းကို ဘယ်လို treat လုပ်မလဲဆိုတာ စဥ်းစားဖို့လိုလာပါပြီ။ ဒါဆို အမြဲလိုလို လက်သည်းဆိုးနေတာတွေ၊ extension ဆက်နေတာတွေက လက်သည်းကို မထိခိုက်နိုင်ဘူးလား၊ လက်သည်းတွေ မခြောက်သွေ့နိုင်လာဘူးလား။ ဒီလိုဖြစ်လာရင် ဘယ်လိုကာကွယ်ရမလဲ၊ အရမ်းဆိုးရင် ဘယ်လို ကုသမှု ယူရမလဲ။ အိုခေ အဲ့ထဲကမှ မေက ဒီနေ့ လက်သည်းတွေ ခြောက်လာရင် ဘယ်လို treat မလဲဆိုတာ ပြောပြပေးပါမယ်။
ဆိုတော့ လက်သည်းတွေ ခြောက်လာရင် ဘယ်လို လက္ခဏာတွေပြလဲ။
လက်သည်းကျိုးလွယ်မယ်၊ ဘယ်လိုကျိုးမလဲဆိုရင် လက်သည်းဘေးစောင်းလေးတွေကနေ ကျိုးတာ၊ အလွှာလိုက်ပြတ်ထွက်တာမျိုးကိုဆိုလိုတာပါ။
အဲလို ဖြစ်လာရင် အလွယ်ဆုံးနည်းလမ်းကတော့ သဘာဝဆီဖြစ်တဲ့ jojoba or coconut တို့လို ဆီမျိုးကိုနေ့စဥ် လိမ်းသင့်ပါတယ်။ နLi balm လိုမျိုး cuticle balm တို့၊ hydrate ပါတဲ့ hand cream တွေ သုံးခြင်းကလည်း လက်သည်းကို ရေဓာတ် ပြန်လည်ပြည့်ဝစေပြီး ပြန်ကျန်းမာလာစေနိုင်ပါတယ်။
အားလုံးပဲ ကျန်းမာတဲ့ လက်သည်းလှလှလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။
30/06/2023
Brand မှ ကြိုက်တတ်တဲ့ အချစ်လေးတွေ ဒီမှာ OPI ရှိတယ်ဆိုတော့ သွား try ကြည့်ဖို့ sharing ်ပေးတာပါရှင့်။
How Nail Polish Is Made
Benefits of Nail Polish
လက်သည်းဆိုးခြင်းကြောင့် ရရှိလာမယ့် ကောင်းကျိုးတွေ
- လက်သည်းလှလှလေးတွေ ကြည့်ပြီး စိတ်ချမ်းသာလာမယ်၊ good mood တွေ ရလာနိုင်တယ်။
- လက်သည်းကိုက်တတ်တဲ့အကျင့် ရှိတဲ့သူဆိုရင် လက်သည်းနီဆိုးထားတာကြောင့် မကိုက်မိတော့တာမျိုး အကျင့် ရသွားနိုင်တယ်။
- လက်ပန်းကုံးကို နှိပ်နယ်ပေးခြင်းကြောင့် လက်သည်းတွေ ပိုကျန်းမာလာမယ်။
- လက်သည်းနီကောင်းကောင်း အသုံးပြုခြင်းကြောင့် လက်သည်းနီမှာ ပါဝင်တဲ့ vitamins, conditioners တွေက လက်သည်းတွေ အရှည်မြန်အောင်၊ လက်ပန်းကုံးခြောက်သွေ့ခြင်းကနေ ကာကွယ်ပေးတာ၊ လက်သည်းကျန်းမာရေး တိုးတက်လာနိုင်တယ်။
ဒါကြောင့် လက်သည်းနီ ကောင်းကောင်းအသုံးပြုဖို့ရယ်၊ cuticles oil သုံးခြင်းဖြင့် လက်သည်းတွေ၊ လက်ပန်းကုံးတွေ ပိုကျန်းမာလာမယ်၊ အရှည်မြန်လာမယ်၊ လက်သည်းမကိုက်ဖြစ်တော့ဘူး၊ နောက်ဆုံး mood တွေ ပိုကောင်းလာမယ် စတဲ့ အကျိုးကျေးဇူးတွေ ရလာနိုင်တာကြောင့် beauty ထဲက တခုအပါအဝင်ဖြစ်တဲ့ လက်သည်းကိုလည်း ဂရုစိုက်စေချင်ပါတယ်။
07/06/2023
2023 မှာ ဘယ်လို လက်သည်း style တွေ ခေတ်စားလာလဲ???
အဲ့ထဲက popular အဖြစ်ဆုံး ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။
မိမိ ကြိုက်နှစ်သက်တဲ့ လက်သည်း style ပါရင်ဖြစ်ဖြစ်၊ ဆိုင်ကိုသွားဖြစ်မယ့် idea တခုခု ဖြစ်ဖြစ် ရသွားတယ်ဆိုရင် မန့်ခဲ့ပေးပါဦး။
1) French Glass Nails
လွယ်လွယ်ပြောရင် အကြည်ရောင်လက်သည်းtips ကို မိမိမှာ ရှိပြီးသား လက်သည်းရှည်ပေါ်မှာ တင်လိုက်တဲ့ style မျိုးပဲဖြစ်ပါတယ်။ google and Pinterest ကနေ ရှာထားတဲ့ ပုံတချို့ကို တင်ပေးထားပါတယ်။
ဖုန်းတွေမှာလည်း နောက်ဖုံး အကြည်နဲ့ design မျိုးက ခေတ်စားသွားတာမျိုးတွေ ရှိတာကြောင့် try ကြည့်သင့်တဲ့ style ထဲမှာ ပါလာတာ ဖြစ်ပါတယ်။
2) Minimal Nails
အရမ်း ရှည်လျားတဲ့ လက်သည်းမျိုးမဟုတ်ပဲ 2cm, 3cm အများဆုံးရှည်တဲ့ လက်သည်းကိုမှ ခပ်ပြောင်ပြောင် n**e ကာလာဆိုးထားပြီး အရမ်းရိုးရှင်းတဲ့ style ဖြစ်ပါတယ်။ ဒီ design မျိုးကို Jennifer Lopez, Selena Gomez, Bella Hadid တို့လည်း ဆိုးခဲ့ဖူးပါတယ်။
3) Velvet Nails
Cat Eye design မျိုးကို သိကြမယ်ထင်ပါတယ်။ အဲလို design ပုံစံမျိုးကလည်း ဒီနှစ်ရဲ့ popular trend design ထဲမှာ ပါလာပါတယ်။ ဆိုးဖူးကြတယ် ဟုတ်။
4) Negative Space Nails
ရိုးရှင်းတဲ့ လက်သည်းပေါ်မှာ topping လိုpoly gel နဲ့ လက်သည်းဘောင်ကို ခတ်ထားတဲ့ design မျိုးပဲဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ အတော်လေး Elegant ဖြစ်လွန်းပါတယ္။
5) Long Red Nails
အနီတောက်တောက် cat eye, matt type, glitter ဘာနဲ့ပဲဖြစ်ဖြစ် တရောင်တည်း တောက်တောက်ပပ ဆိုးထားတဲ့ style ကလည်း အထာကျပြီး ရဲရင့်တဲ့ သဘောကြောင့် ဒီနှစ် Popular ထဲမှာ ပါလာတာပဲဖြစ်ပါတယ်။
6) Thin French Nail Style
ကြည့်ရတာ အရမ်းပေါ့ပါး သွက်လက်တဲ့ သွင်ပြင်ဖြစ်နေပြီး လှပလွန်းတာကြောင့် ဒီနှစ် lady တိုင်းရဲ့ လက်မှာ မြင်ရနိုင်တဲ့ design ပါလို့တော့ ညွှန်းထားပါတယ်။ လက်သည်း အနားသားလေးတွေကို ခပ်ပါးပါး ကွပ်ထားတဲ့ပုံမလို့ ကြွရွနေတာကတော့ မငြင်းနိုင်ပါဘူး။
7) Chrome Nails
2023 မှာ တောက်ပဖို့ chrome nail polish ဆိုတဲ့ ဆိုရိုးတောင် ဖြစ်တဲ့ နှစ်တနှစ်ပါပဲတဲ့။ ကဲ tryကြည့်လိုက်ရပါနော်။
8 ) Melted Metal Nail Style
နာမည်နဲ့တင် အရည်ပျော်ချင်စရာကောင်းနေပြီ ထင်ပါရဲ့။ design တွေလည်း အောက်မှာကြည့်ပြီး ကြွေသွားရင် try ကြည့်လို့ရပါတယ်နော်။
9) 3D Nail Style
လက်သည်းနီကိုပဲ brush နဲ့ design ဆွဲတာ မဟုတ်တော့ပဲ poly gel ကို လက်သည်းပေါ်မှာ designဖော်တဲ့ 3Ddesign မျိုးလည်း ဒီနှစ်မှာ ခေတ်စားပါတယ်တဲ့။
10) Milky White Nails
တကယ့်ကို ကြွကြွရွရွနဲ့ လှပလွန်းတဲ့ design ပါပဲ
ကဲ ၁၀ ခုလုံးဖော်ပြပြီးပြီဆိုတော့ ဘယ် နံပါတ်က ကိုယ်အကြိုက်ဆုံးလဲ၊ try ဖူးလဲ၊ ဘယ်နံပါတ်ကို ထပ် try ဖို့ရှိမလဲ မန့်သွားပေးကြပါဦးနော်။
30/12/2022
2022 မှာ ရေပန်းအစားဆုံး လက်သည်းကာလာ ၁၀ခု
ဘာတွေ ပါမလဲ။ ကိုယ်ဆိုးခဲ့တဲ့ ကာလာတွေက ဘယ် အမှတ်စဥ်မှာ ရှိနေမလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါနော်။
1) Marble Nails
Marble nail ကတော့ top of the list မှာရှိနေပြီး customer တွေကလည်း ဒီ Designကို အများဆုံးမေးကြပါတယ်လို့ဆိုပါတယ်။ အရင်နှစ်က black and wihite marble nail တွေ အမေးများခဲ့ပေမယ့် ၂၀၂၂ မှာတော့ color marble nail တွေကို ပိုမေးပြီး လူကြိုက်များခဲ့ပါတယ်တဲ့။
2) Minimal Nails
ပြီးခဲ့တဲ့နှစ်မှာ n**e nail trend က အတော်လေး အောင်မြင်ခဲ့ပြီး Jennifer Lopez, Selena Gomez တို့လို celebrities တွေတောင် wearing ဖြစ်ခဲ့ပါတယ်တဲ့။ n**e color nails တွေက ကြည့်လိုက်တာနဲ့ အတော်လေး fresh ဖြစ်ပြီး casual or formal style နဲ့လည်း လိုက်ဖက်ကြောင်း တွေ့ရပါတယ်။
3) Velvet Nails
4) Rhinestones Nails
5) Classic Red Nails. Or with a twist
2022 မှာတော့ Red nails တွေက Top ပြန်ဖြစ်လာတယ်ဆိုတော့ ဘာကြောင့်လဲလို့ ပြောစရာရှိပါတယ်။ ဆိုတော့ red nails တွေက gentle ဖြစ်ပြီး စိတ်ကူးယဥ်ဆန်ဆန်နဲ့ ရင့်ကြတ်တည်ငြိမ်တဲ့ အသွင်ကိုဆောင်တယ်။ red nail နဲ့သာဆိုရင် confident level so high လို့ရပြီလို့ ပြောလို့ရပါတယ်တဲ့။
6) Gold Foil Nail Style
၂၀၂၂ မှာ ရွှေရောင်နဲ့ ဆက်စပ်နေတဲ့ လက်သည်းတွေကို နေရာအနှံတွေ့ကြမယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်ရဲ့ perfect choice ဖြစ်ပြီး elegant ဖြစ်နေလို့ပါပဲတဲ့။
7) Pastel Nail Color
Palette ဆန်ဆန် ဘယ်လိုအခြေအနေ၊ အဝတ်အစားမှာပဲဖြစ်ဖြစ် လိုက်ဖက်နေမယ့် ကာလာ style ပါပဲ။ wednesday ထဲက enid ကို သိကြမယ်မလား။ သူကတော့ rainbow 🌈 ပေါ့လေ။
8) Pink Nail Color
ကဲမိန်းမဆန်ဆန်ကာလာလေးကိုလည်း ရွေးချယ်ဖြစ်ကြတယ်မဟုတ်လား။ သူကတော့ နံပါတ် ၈ နေရာကနေ 2022 ကို နှုတ်ဆက်လိုက်ပါတယ်။
9) Very Peri Nails
Lavander tone နဲ့ နွေရာသီမှာ တောက်ပနိင်ပြီ မြင်လိုက်တာနဲ့ excited ဖြစ်စေနိုင်တဲ့ ၂၀၂၂ ရဲ့ နှစ်သက်ဖွယ်ရာ ကာလာလေးပါ။
10) Animal Print Nails
နွားသရေပုံစံ အဖြူအမဲ အကွက်လေးတွေ၊ ငှက်လေးတွေ စတဲ့ ချစ်စရာ အကောင်လေးတွေရဲ့ print တွေလည်း ၂၀၂၂ ရဲ့ trend မှာ တခု အပါအဝင်ပါပဲတဲ့။
Beauty and the Beast Nail Art
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Middle Baho Street
Yangon