Paye Sone Nyein

Paye Sone Nyein

Share

Shwe Thoon

Photos from Paye Sone Nyein's post 06/12/2021

"ဂျပန်လူမျိုးတို့၏ မှတ်သားဖွယ် ပညာရှိစကား"

#တစ်ဆင့်ပြန်လည်မျှဝေခြင်း ။

Photos from Paye Sone Nyein's post 06/12/2021

"စိတ်ခွန်အားဖြစ်စေသော ဗဟုသုတစာပေများ"

#တစ်ဆင့်ပြန်လည်မျှဝေခြင်း ။

06/12/2021

"ဆက်လျှောက်"
💪💪💪💪💪💪💪💪💪💪💪💪💪
မအောင်မြင်ခင်မှာ.....
သင်အထင်လွဲ ခံရလိမ့်မယ်။
ဒါပေမယ့် အောင်မြင်သွားရင်တော့
အတုယူတာ ခံရပါလိမ့်မယ်။

မပြီးမြောက်ခင်မှာ.....
သင်အဝေဖန် ခံရလိမ့်မယ်။
ဒါပေမယ့် လမ်းဆုံးသွားရင်တော့
ဝန်းရံ ခံရပါလိမ့်မယ်။

အမြင့်ကို တက်နေချိန်မှာ.....
သင်ဆွဲချတာ ခံရလိမ့်မယ်။
ထိပ်ဆုံးရောက်ရင်တော့ ဆွဲတင်ဖို့
လက်ကမ်းကြပါလိမ့်မယ်။

တည်ဆောက်နေချိန်မှာ.....
ဖျက်ဆီးတာ သင်ခံရလိမ့်မယ်။
ဒါပေမယ့် လုံခြုံသွားရင်တော့
ခိုနားဖို့ တောင်းပန်ကြပါလိမ့်မယ်။

ချမ်းခိုက်နေတဲ့ အချိန်မှာ.....
သင်ရေလောင်းတာ ခံရလိမ့်မယ်။
ဒါပေမယ့် နွေးထွေးသွားရင်တော့
သင်ထွေးပွေ့ဖို့ သူတို့တောင့်တကြပါလိမ့်မယ်။

အားနည်းနေချိန်မှာ.....
သင်တိုက်ခိုက်တာ ခံရလိမ့်မယ်။
ဒါပေမယ့် သန်မာသွားရင်တော့
ကာကွယ်ပေးဖ်ို့ အသနား ခံကြပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ကိုယ်ရဲ့ပန်းတိုင်ကို
မယိုင်မလဲပဲ လျှောက်လှမ်းနေဖို့ပဲ
လိုပါတယ်။


#တစ်ဆင့်ပြန်လည်မျှဝေခြင်း ။

Photos from Paye Sone Nyein's post 06/12/2021

"မတည့်တာကိုမှစားချင်သူမျာအတွက်_
အန္တရာယ်ကင်းအောင် စားနည်းများ"
👇👇👇👇👇👇👇👇👇👇👇👇👇
၁။ လက်ဖက်ကို
အမြဲနိုင်တာ
လျှက်ဆားဖြစ်ပါတယ်။
အစာမကြေ၊ လေပွ၊
ရင်ပြည့်ရင်ကယ် မဖြစ်အောင်
လက်ဖက်သုပ်စားပြီး
၁၅ မိနစ်ခန့်ကြာရင်
လျှက်ဆား၊
ကိုးပါးဆေး၊
မဟာဖြေဆေး စတဲ့
လေနဲ့ဆိုင်တဲ့ ဗမာဆေးတစ်ခုခုကို
အနည်းငယ် လျှက်ပေးလိုက်ရင်
အဆင်ပြေပါပြီ။

၂။ လက်ဖက်သုပ်၊ ဂျင်းသုပ် စတဲ့
အသုပၥဳံတို့ကို စားတဲ့အခါ
ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်း
ကိုက်လေ့ရှိကြတယ်။
တစ်ချို့က
ပါးစပ်နံမှာစိုးရိမ်ပြီး စားချင်လျှက်နဲ့
မစားဘူး။
ဘာမှမပူနဲ့ စားသာစား။
မစားခင်လေးမှာ
မြေပဲစေ့ ၄၊ ၅ စေ့ကိုသာ
အရင်ဖယ်ထား။
စားပြီးတာနဲ့ မြေပဲကို ဝါးပြီး
ပါးစပ်ထဲ ၁ မိနစ်ခန့်ငုံထား။
ကြက်သွန်ဖြူ ၊ ကြက်သွန်နီ
စတဲ့အနံ့တွေကို မြေပဲက
စုပ်ယူနိုင်တဲ့
အစွမ်းသတ္တိရှိပါတယ်။
ချက်ချင်း အနံ့ပျောက်တယ်။

၃။ ငှက်ပျောသီး
အလွန်ကြိုက်သူတွေ
တစ်ဖီးကုန်အောင်စားနိုင်တယ်တဲ့။
စားပြီးလျှင် အချိုကြောင့်
ဗိုက်နာတယ်။
ဘာမှမပူနဲ့
ဆားအနည်းငယ်နဲ့သာ တို့ပြီးစား။
လုံး၀ ဗိုက်မနာတော့ဘူး။

၄။ ငရုတ်သီးကြိုက်သူတွေ၊
အစပ်များများစားချင်သူတွေအတွက်
ရခိုင်တို့ရဲ့အစပ်စားနိုင်ခြင်း
အကြောင်းရင်းကတော့
ငရုတ်သီးကို
အပူပေးပြီးမှ စားခြင်းဖြစ်ပါတယ်။

ငရုတ်သီးကို အစိမ်းလိုက်
ဘယ်တော့မှ မစားနဲ့။
လှော်၊ ကြော်၊ ပြုတ်၊ ဖုတ်၊
အဲလိုအပူပေးပြီးမှ
ကြိုက်သလောက်စား။
သံပုရာသီးလေးညှစ်ထည့်၊
ပြီးမှ စား။
ဗိုက်မနာတော့ဘူး။

၅။ အုန်းနို့ခေါက်ဆွဲ၊
မုန့်တီ၊ အသုပ်မျိုးစုံ
မုန်းဟင်းခါးစတဲ့
အဆီအဆိမ့်များသည့်
အစားအစာတို့ကို မစားမီ
ရှေးဦးစွာ သံပုရာသီးတစ်စိတ်
အရင်ကိုက်စားလိုက်ပါ။
သို့မဟုတ် ဇွန်းထဲတွင်
အရည်ညှစ်၍ သောက်ချ
ပြီးမှ မုန့်များကို စားပါ။
အန္တရာယ်ကင်းသော
မုန့်စားနည်း ဖြစ်ပါသည်။

၆။ လက်ဖက်ကို
ဘေးဥပဒ်ဖြစ်စေနိုင်သည့်
အခါးဓါတ်ကိုလျော့ရန်အတွက်
ပထမဦးစွာ ဆား၊
သံပုရာရည်တို့ဖြင့်
နာနာပွတ်နယ်၍ ရေဆေးပြီး
အလွန်ပြင်းထန်သောအခါးဓါတ်
လျှော့ချပြီးမှ သုပ်စားလျှင်
အန္တရာယ်ကင်းပါသည်။
အစာမကြေခြင်း
လေအောင့်ဖြစ်စေခြင်းတို့မှလည်း
လျှော့နည်းစေပါသည်။

၇။ အဆီအဆိမ့်များလွန်းသော
ဒံပေါက်ထမင်း၊
ထောက်ပတ်ထမင်း၊
ကြက်ဆီထမင်းတို့ကို
မစားမီ အနားမှာ ချပေးထားတဲ့
ပူဒီနာ (ပုစီနံ) ရွက်များကို
အရင်ဝါးစားပြီးမှထမင်းစားပါ။
အဆိပ်အတောက်ကင်းပါသည်။

၈။ အဆိပ်အတောက်များသော
မျှစ်ချဉ်၊ အသည်းပျက်တတ်သော
မျှစ်ချဉ်ကို လုံးဝမစားဘဲနေက
အန္တရာယ်ကင်းပါသည်။
စိတ်မခိုင်၍ စားလိုပါက
မျှစ်ချဉ်ထဲသို့ သံပုရာရည်
အနှံ့ညှစ်ချပြီး နာနာနယ်၍
ရေဆေးပြီး စစ်ထားပါ။
ပြီးမှ မိမိစိတ်ကြိုက်ချက်စားပါ။
သို့မဟုတ် -
မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည်
ညှစ်ချ ပြီး မွှေနှောက်ကာ
ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။
အဆိပ်အတောက်
နည်းသွားပါသည်။

၉။ ရင်ကျပ်ရောဂါ
မဖြစ်နိုင်အောင်
မန်ကျည်းသီးစိမ်းကို
အပေါ်မှ အပွေးခွံ
ညို ညစ်ညစ်များကို
ခြစ်ထုတ်ပြီး အစိမ်းရောင်
မန်ကျည်းသီးသားများကိုသာ
ထောင်း၍ချက်စားသင့်ပါသည်။

အသက်ကို
ဉာဏ်စောင့်၍
ကျန်းမာရွှင်လန်းစွာ
နေထိုင်နိုင်ကြပါစေ…...................


#တစ်ဆင့်ပြန်လည်မျှဝေခြင်း ။

Photos from Paye Sone Nyein's post 06/12/2021

"မေမေများအတွက် သိထားသင့်သော ဗဟုသုတများ"

#တစ်ဆင့်ပြန်လည်မျှဝေခြင်း ။

Photos from Paye Sone Nyein's post 06/12/2021

"စိတ်ခွန်အားဖြစ်စေသော စာစုလေများ"

#တစ်ဆင့်ပြန်လည်မျှဝေခြင်း ။

05/12/2021

"ရင့်ကျက်သူဖြစ်ဖို့"
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻

(၁) မဖြေချင်တဲ့ မေးခွန်းမျိုး အမေးခံရတဲ့အခါ မေးသူရဲ့မျက်လုံးကို စိုက်ကြည့်ပြီး ပြုံးပြပါ။

(၂) လမ်းလျှောက်ချိန် ကိုယ်ကို တည့်တည့်မတ်မတ် ထားပါ။ စိတ်ရှုပ်ချိန် လမ်းမှာတွေ့တဲ့ လူတွေကို နှုတ်မဆက်ချင်ရင် ခေါင်းညိတ်ပြုံးပြပါ။

(၃) သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက်က သင်အဆင်ပြေချိန် သူပျော်မယ်။ သင်အဆင်မပြေချိန် သင်နဲ့အတူ သူပူပန်မယ်။ ဒါကို သေချာမှတ်ထားပါ။

(၄) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ ပြင်ဆင်ပါ။ စမလုပ်ခင် လောကကြီးမှာ နောင်တ ကုဆေးဆိုတာ မရှိကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။

(၅) ကိုယ်လုပ်ဆောင်ရမယ့်အလုပ်ကို ရာနှုန်းပြည့် ကြိုးစားပြီး လုပ်ပါ။

(၆) ကိုယ့်ကိုယ် "သေးသေးလေး"(နှိမ့်ချ)လို့ လက်ခံပြီး မျက်စိထဲမှာတော့ "လောက အကြီးကြီး"ကို ထည့်သွင်းထားပါ။

(၇) လူတစ်ယောက်ကို တကယ်ချစ်ရင် သူ့ကိုလွတ်လပ်ခွင့်ပေး၊ သွားခွင့်ပေးပါ။ တကယ်လို့ သင့်ကိုသူတကယ်ချစ်ရင် သင့်ဆီသူပြန်လာလိမ့်မယ်။

(၈) ကိုယ့်ကိုယ်ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့။
အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြဘူး။

(၉) ရမ်းသမ်းပြီး ဒေါသမထွက်နဲ့။ ဘယ်သူကမှ သင့်အပေါ် အကြွေးမတင်ဘူး။

(၁ဝ) မလိမ်ညာပါနဲ့။ အမှန်တရားဆိုတာ တစ်နေ့မှာ ပေါ်စမြဲပါ။

(၁၁) ဘယ်တစ်ဦးတစ်ယောက်ကိုမှ အထင်မသေးနဲ့။

(၁၂) အတိတ်ကို သင်မမေ့ချင်လဲရတယ်။ ဒါပေမဲ့ လက်လွတ်တတ်ရမယ်။

(၁၃) သင်ကိုယ်သင် တွေးထင်သလောက် သင်ဘယ်တော့မှ အရေးမပါနိုင်ဘူး။

(၁၄) ငွေကြေးနဲ့ ဖြေရှင်းလို့ရသမျှ ပြဿနာကို ပြဿနာလို့မခေါ်ဘူး။

(၁၅) "ချစ်တယ်" ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တကယ့်စိတ်ရင်းနဲ့ပြောပါ။
"ဆောရီး"ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။

(၁၆) အပြင်ပုံပန်းသဏ္ဍာန်နဲ့ ဘယ်တော့မှ တစ်ဘက်သားကို မဆုံးဖြတ်နဲ့။ ပြောစရာရှိတာကို ဖြေးဖြေးပြောပါ။ တွေးစရာရှိတာကို မြန်မြန်တွေးပါ။

(၁၇) ကိုယ့်ကိုယ်အားလပ်ချိန်လေးပေးပြီး တစ်ယောက်ထဲ ထီးထီးနေကြည့်ပါ။

(၁၈) ကိုယ့်ပစ္စည်းမဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲနှစ်သက် နှစ်သက် လက်လွတ်တတ်ဖို့ နားလည်ပါ။

(၁၉) ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ ဘယ်တော့မှမရှိနိုင်သလို လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့ အောင်မြင်ခြင်းဆိုတာလည်း မရှိဘူး။

(၂၀) လူသုံးယောက်ရှိရင် တစ်ယောက်က ကိုယ့်ထက်တော်သူဖြစ်တယ်။ ကိုယ့်ထက်ညံ့သူ မရှိဘူး။

"ငါ ကြိုးစားကြည့်ပြီးပြီးလား" လို့ ကိုယ့်ကိုယ်မေးကြည့်ပါ။ ဒီအချက်တွေကို လုပ်နိုင်ရင် သင် ရင့်ကျက်ပြီတဲ့............


#တစ်ဆင့်ပြန်လည်မျှဝေခြင်း ။

Photos from Paye Sone Nyein's post 05/12/2021

"ဗောက်လောက်ညိုနှင့် ရေဖျင်း"

ဤဆေးပင်ကိုက်လက်တွေ့ကြုံဖူး၍ ပြန်လည်မျှဝေခြင်းဖြစ်၏။
အလွန်လည်း အစွမ်းထက်၏။

ရောဂါဝေဒနာတို့သဘောသည်က
စပ်ဆက်နေတတ်သည်။

အလွန်သဘောကောင်းသော
ကျောင်းဆရာလေးတစ်ဦးနှင့်ခင်ဖူးသည်။
ထိုဆရာလေးမှာ နှလုံးရောဂါရှိသည်။
မကြာခဏဆေးရုံပြသော်လည်း
မသက်သာလှပါ။

ထိုမှတဆင့်
ပါးစပ်အတော်နံသည်ကို သတိပြုမိသည်။

နောက်ပိုင်း ထပ်ဖြစ်လာသည်က
ဗိုက်တဖြည်းဖြည်းပူလာခြင်းဖြစ်လေသည်။

သိရသည်မှာ ရေဖျဉ်းဆွဲခြင်းဖြစ်လေသည်။
ရေဖျင်းစွဲသော ဆရာလေးမှာ အသက်ရှူကြပ်ပြီး
လှုပ်ရှားမှုပြုတိုင်း မောလွန်းခြင်းပင်။
နောက်ပိုင်း အညစ်အကြေးစွန့်ရန်ပင်
တွဲထူတွဲမ လုပ်မှရတော့သည်။
ရင်ညွန့်အောက်မှ ဗိုက်သားတစ်ပြင်လုံး တင်းရောင်ကာ
အိပ်ရာထက်
ဟိုဘက်ဒီလက်လှည့်ရန်ပင်ခက်လေသည်။
ပါရဂူဖြင့်မပြဘဲ အင်္ဂလိပ်ဆေးများအား
ရောဂါကို ပြော၍ဆေးဝယ်သောက်သည်။
သို့သော် မသက်သာလှပါ။

ဆရာလေးအား ရန်ကုန်တက်ပြီးပါရဂူဖြင့်
ပြရန်တိုက်တွန်းသည်။
သို့သော်ဆရာလေးက ဝေဒနာ
ကိုအလူးအလဲခံကာ ခေါင်းခါသည်သာ။
အကြောင်းကား ဆရာလေးသည်လစာလေးဖြင့်
အမေအိုကို လုပ်ကျွေးနေသူ ။
သူ့တွင်အပိုဝင်ငွေမရှိ။
အပိုသုံးစရာငွေလည်း မရှိခြင်းပင်။
ရင်နှီးသူမို့ ဝေဒနာခံစားရင်း
ပါးပြင်ထက်သို့ မျက်ရည်စများစီးကျနေသည်ကို
မြင်ရ၍ စိတ်မကောင်းပြန်။

#ကျောင်းဆရာလေးအားကယ်တင်ရှင်ပေါ်ပြီ

တိုင်းရင်းသမားဆေးသမားတော်ကြီးဦးကြွယ်
ရောက်လာခြင်းဖြစ်သည်။
နည်းပြသည်ကသမားတော် ကယ်တင်သောဆေးပင်က
#ဗောက်လောက်ညိုသာဖြစ်တော့သည်။

ဗောက်လောက်ညိုပဉ္စ(၅)ပါးကို သုံးခွက်တစ်ခွက်တင်ပြုတ်ကျိုပြီး
နံက်ညရေနွေးကြမ်း ပန်းကန်တစ်လုံးစာ ညနေတိုက်ခြင်းသာဖြစ်သည်။
ထိုပြင်အရွက်ကိုသုပ်ပြီး အနည်းငယ်မျှစားစေပြန်သည်။
တစ်ပတ်အတွင်းပူဖေါင်းနေသော
ဗိုက်သိသိသာသာကြီးကျဆင်းသွားသည်။ ဆီးလည်းခဏခဏ သွားလေသည်။

ထိုကျောင်းဆရာလေး ဆရာကြီးဦးကြွယ်ပြသော
ဗောက်လောက်ညိုပင်ဖြင့်
လူကောင်းပကတိ ပြန်ဖြစ်ခဲ့သည်။
ဝမ်းသာလိုက်ကြသော တပည့်များ
ရွာသူရွာသားများ ။
အံ့ဖွယ်အတိဆေးပင်ရှိခဲ့ပြီ။

ထိုအပင်အား
အရှင်နာဂသိန်ကျမ်းတွင်ဖတ်ရှု ကြည့်ရာ-

ထိုအပင်သည်မိုးဦးကျ၌ စိမ်းလန်းစိုပြေစွာ
အလိုလျောက် ပေါက်လာတတ်၏။
မြေဆွေး အမှိုက်ပုံများရှိရာ နေရာတို့၌
အထူးသဖြင့် မြောက်များစွာ ပေါက်ရောက်တတ်၏။
မသိသောသူတို့သည် နှုတ်ပစ်ဖယ်ရှား ကျော်လွှားသွားကြကုန်၏။
သိသောသူတို့မှာ အောက်ပါဆေးနည်း များအတိုင်း ဖော်စားကြကုန်၏။

အမှိုက်ပုံမှ အလိုလျောက်ပေါက်သော
ဆေးတစ်ပင်သည်
လူသားတို့၏ ရောဂါအမျိုးမျိုးအတွက် ကယ်တင်ရှင်ဖြစ်သည်ကို သတိပြု၍ ဆေးအဘိဓာန်ကျမ်းကို ကျေညက်အောင် ကြည့်ရှုလေ့လာရာ၏။
ဟုမှတ်ချက်ပြုလေသည်။

ပုံသဏ္ဌန်

၁-ပေမှ ၃-ပေအထိမြင့်၏။ အခက်အလက်များကောက်ကွေး၏။
အရွက် လုံး၍ရှည်၏။
အပွင့်ဖြူ၏။
အသီးနုသောအခါ စိမ်း၍ ရင့်သောအခါ နီ၏။
ထို့နောက် မှည့်သောအခါ ညို၏။

ဂုဏ်နှင့်စွမ်းရည်
ပဉ္စငါးပါးကို အသုံးပြုရသည်။
ခါးစပြ၏။ ပူ၏။
ဝိပါက၌ စပ်၏။ ပြေပြစ်၏။
အသံကို မှန်အောင် ထိန်းပေးတတ်၏။
မျက်စိကို အကျိုးပြု၏။
ဒေါသသုံးပါးကို နိုင်၏။
ရောင်တင်းခြင်း၊ နူနာ၊ မြင်းသရိုက် ၊ အဖျား ၊
တုလာသရော ၊ ကြို့ထိုး ၊ နှလုံးရောဂါ စသည်ကို ပျောက်ကင်းစေ၏။

ရောဂါအလိုက်အသုံးပြုနည်း
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

#အသည်းရောင်ရောဂါ

၄င်းအပင်၏ ပဉ္စငါးပါး၏ သတ္တုရည်ကို
၁၀-ကျပ်သားမှ ၁၅-ကျပ်သားအထိ ယူ၍
မီးနွေးနွေးဖြင့် နှင်းဆီရောင်သန်းလာသည်အထိ ချက်ပါ။
၄င်းချက်ထားသောအရည်ကို
အသည်းရောင်သောသူအား တိုက်ကျွေးပါလျှင် အလွန်နှစ်ကာလရှည်စွာ ဖြစ်နေသောရောဂါပင် ဖြစ်စေကာမူ လျှင်မြန်စွာ ပျောက်ကင်းသည်။

#ဝမ်းမီးနုံ့သောရောဂါ

၄င်းဗောက်လောက်ညိုကို
၄-ဖို့ ၁-ဖို့ကြွင်း ပြုတ်၍
ပိတ်ချင်းသီးမှုန့်အနည်းငယ်မျှ ထည့်၍
သောက်က ဝမ်းမီးနုံရောဂါ ပျောက်ကင်း၏။

#အပူဖျား ရောဂါ

ဗောက်လောက်ညို
၄ - ဖို့ ၁ - ဖို့ကြွင်းပြုတ်၍
သင့်တော်ရုံသောက်ပါက အပူဖျားများ သက်သာရာရ၏။

#အိပ်မပျော်သောရောဂါ

၄င်းဗောက်လောက်ညို၏ အမြစ်ကို
သန့်ရှင်းစွာယူပြီးလျှင် ပြုတ်ရည်ပြု၍
၄င်းတွင် ထန်းလျက်သင့်တော်ရုံထည့်၍
သောက်သော် ကြာမြင့်စွာ အိပ်မပျော်သူများ အိပ်ပျော်လာပါလိမ့်မည်။

#ခွေးရူးကိုက်ရောဂါ

ဗောက်လောက်ညိုကို သုံးခွက် တခွက်တင်ကျိုပြီးလျှင် ခွေးရူးကိုက်ခံရသောသူအား သောက်စေရာ၏။ ၄င်းပြုတ်ရည်ဖြင့် ခွေးရူးကိုက်ခံရသော နေရာကို ဆေးကြောပေးရာ၏။
အနာလည်းပျောက် ခွေးရူးဆိပ်လည်း ကျ၏။

#ကျောက်ကလေး

၄င်းဗောက်လောက်ညိုပဉ္စငါးပါးကို ပြုတ်ပြီးလျှင် ၄င်းအရည်ကို သောက်စေသော် ငုပ်နေသော ကျောက်ကလေးများ အပြင်သို့ထွက်လာပါလိမ့်မည်။

#ရေဖျင်း နှင့် နှလုံးရောဂါ

ဗောက်လောက်ညို၏ အရွက် အသီး အကိုင်းအခက်များကို သတ္တုရည်ထုတ်၍
၂-ပဲသားမှ ၈-ပဲသားအထိ
တနေ့ တကြိမ် သို့မဟုတ် နှစ်ကြိမ်
အခြေအနေကြည့်၍ တိုက်ခဲ့သော်
ရေဖျင်းရောဂါနှင့်
နှလုံးရောဂါအမျိုးမျိုးကို ပျောက်ကင်းပေနိုင်၏။

#လျှာအာကွဲနာ

ဗောက်လောက်ညိုရွက်ကို ဝါးပေးလျှင် စောလျှင်စွာ လျှာကွဲခြင်း ပါးစပ်ကွဲခြင်း ပျောက်ကင်းပါလိမ့်မည်။

#ဆီအောင့်ရောဂါ(မုတ္တကိစ်)

ဗောက်လောက်ညို၏သတ္တုရည်တွင်
သကြားခဲ ခပ်၍သောက်ပါလျှင်
ဆီးအောင့်ရောဂါများ လျှင်မြန်စွာပျောက်ကင်းပါလိမ့်မည်။

(ကျင်ငယ်ဆင်းသောအခါ အနံ့မခံနိုင်အောင်ဆိုးသော ကျင်ပုပ်ရောဂါ၌ အထက်ဖော်ပြပါအတိုင်း အသုံးပြုရ၏။)

#သွားနဲ့ရောဂါ

သွားမခိုင်ဘဲ ကျိုးတော့မည့်အခါတွင်
လွန်စွာနာကျင်သဖြင့် ဒုက္ခဝေဒနာခံစားရသော် ၄င်းအပင်၏ သတ္တုရည်နှင့်
ဆီ (သို့) ထောပတ်စစ်စစ်တို့ကိုရော၍
သွားရင်း၌ သိပ်ပေးခဲ့သော် နာကျင်ခြင်းကင်းလျှက် အလိုလို သွားထွက်သွားပါလိမ့်မည်။

#ပျို့အန်သောရောဂါ

၄င်းအပင်၏ သတ္တုရည်ကို လက်ချားအစိမ်းရော၍ တိုက်ခဲ့သော် ပျို့အန်သောရောဂါများ ပျောက်ကင်းပါလိမ့်မည်။

#အဖုအပိမ့်အနီထရောဂါ

၄င်းသတ္တုရည်ကို ရောဂါအခြေအနေအရ တိုက်ကျွေးခဲ့သော် တကိုယ်လုံး အနှံ့အပြား အနီရော အဖုအပိန့်များ ဆောလျင်စွာ ပျောက်ကင်းပါလိမ့်မည်။

ထိုအရှင်နာဂသိန်ဆေးကျမ်းကိုဖတ်မိပြီး တိုက်ဆိုင်စွာပင်ကျောင်းဆရာလေးတွင်ရှိနေသော နှလုံးရောဂါနှင့် ဖြစ်ပေါ်လာသော
ရေဖျင်းရောဂါ အတွက်ဆေးဆရာကြီးပြပေးသော ဗောက်လောက်ညိုပင်
ကျောင်းဆရာလေး အတွက်
ကံစပ်စွာတိုက် ဆိုင်ခြင်းနှင့်အတူ အသေအချာယုံကြည်မိသည်က ရေဖျင်းရောဂါအတွက်လွန်စွာ
ဆေးစွမ်းထက်လှသည်ဟု ယုံကြည်မိသည်။


#တစ်ဆင့်ပြန်လည်မျှဝေခြင်း ။

Photos from Paye Sone Nyein's post 05/12/2021

"နှလုံးနဲ့ ကျောက်ကပ်ကိုအားကောင်းစေတဲ့ အာတာလွတ်ဥ"

(၁) နှစ်ခြိုက်စွာ အိပ်ပျော်စေတယ် အာတာလွတ်ဥဟာ မဂ္ဂနီဆီယမ်ပါဝင်မှုမြင့်မားတာကြောင့် နှစ်ခြိုက်စွာအိပ်ပျော်စေနိုင် ပါတယ်။ အိပ်မပျော်တာ၊ နှစ်ခြိုက်စွာ အိပ်မပျော်တာတွေအားလုံးကို ဖြေရှင်းပေးနိုင် ပါတယ်။

(၂) သွေးအားကို ထိန်းညှိပေးတယ် အာတာလွတ်ဥမှာ ပိုတက်စီယမ်နဲ့ ဆိုဒီယမ် ပါဝင်မှု များတာကြောင့် သွေးအားကို ထိန်းညှိပေးနိုင် ပါတယ်။ သွေးတိုးရောဂါ ရှိတဲ့ သူတွေ မဖြစ်မနေ စားသုံးပေးသင့်တဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်

(၃) ကျောက်ကပ်အားကောင်းစေတယ် အာတာလွတ်ဥမှာ ပိုတက်ဆီယမ် ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကျောက်ကပ်ကို သန့်စင်ပေးပြီး ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင် ပါတယ်။

(၄) နှလုံးအားကောင်းစေတယ် အာတာလွတ်ဥ ထဲမှာ ပါဝင်တဲ့ folate လို့ ခေါ်တဲ့ ဓာတ်ဟာ နှလုံးရောဂါဖြစ်စေတဲ့ homocysteine ဓာတ်ကို လျှော့ချပေး ပါတယ်။ မဂ္ဂနီဆီယမ် ပါဝင်မှု မြင့်မားပြီး သတ္တုဓာတ်ကြွယ်ဝ တာကြောင့် သွေးလည်ပတ်မှု အားကောင်းစေ ပါတယ်။

(၅) ဗီတာမင်ဘီအုပ်စု ကြွယ်ဝတယ် အာတာလွတ်ဥမှာ ဗီတာမင်ဘီအုပ်စု ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကောင်းမွန်တဲ့ ကိုလက်စထောတွေ ပါဝင်တာကြောင့် နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေး ပါတယ်။ သွေးအားနည်းရောဂါအပြင်၊ မူးမော်တာတွေ မဖြစ်အောင်လည်း ကာကွယ်ပေး ပါတယ်။

(၆) သွေးနီဥတိုးစေတယ် Copper နဲ့ သံဓာတ်ဟာ သွေးနီဥ အသစ်တွေဖြစ်ပေါ်စေဖို့ မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တွေဖြစ် ပါတယ်။ အာတာလွတ်ဥ ထဲမှာ ဒီဓာတ်တွေကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးအားကောင်းစေ ပါတယ်။

(၇) ဉာဏ်ရည်ထက်မြက်စေတယ် အာတာလွတ်ဥထဲမှာ ပါဝင်တဲ့ သံဓာတ်ဟာ သွေးလည်ပတ်မှုအားကောင်းစေတဲ့လို့ ဦးနှောက် ထဲကို အောက်စီဂျင်လုံလောက်စွာ ရောက်ရှိစေတဲ့အတွက် ဉာဏ်ကောင်းစေ ပါတယ်။ သတိမေ့ရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

#အားလုံးကျန်းမာကြပါစေ။


#တစ်ဆင့်ပြန်လည်မျှဝေခြင်း ။

Photos from Paye Sone Nyein's post 05/12/2021

"သင့်အသက်(၂၅)နှစ်မပြည့်သေးဘူးဆိုရင် ဖတ်ထားသင့်တဲ့(၁၀)ချက်"
*************************************

#တစ်ဆင့်ပြန်လည်မျှဝေခြင်း ။

Photos from Paye Sone Nyein's post 05/12/2021

"လွဲမှားနေသော ရှေးရိုးအယူအများ"❌
××××××××××××××××××××××××××××××

#တစ်ဆင့်ပြန်လည်မျှဝေခြင်း ။

Photos from Paye Sone Nyein's post 05/12/2021

အသီးအရွက် များနှင့် ကျန်းမာရေး ဗဟုသုတများ

#တစ်ဆင့်ပြန်လည်မျှဝေခြင်း ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon