You & Me
ကျန်းမာရေးထုတ်ကုန်များနှင့် ကျန်မာရေးဗဟုသုတများအကြောင်း
ယနေ့ 92
တစ်လီတာ 2130 ကျပ်
21/10/2021
မင်းလေးနဲ့ ကော်ဖီလေးတစ်ခွက်သာရှိရင်ရပြီဆိုသူများအတွက်
💯💯ကော်ဖီရဲ့မွှေးပျံ့ခါးသက်မှုနဲ့ 🐛ဆောင်းပိုးရဲ့ ပေါင်းစပ်မှုအရသာသစ်ကိုခံစားကြည့်လိုက်ပါ။
☕ဆောင်းပိုးကော်ဖီ 12ထုပ်ပါတစ်ဘူးလျှင် 10500 ကျပ်
📱09423736193, 09252091740 သို့ဆက်သွယ်ဝယ်ယူလိုက်ပါ။
💥3ဗူးနဲ့ အထက် ရန်ကုန်မြို့တွင်း 💥free delivery
💥နယ်မြို့များ သက်ဆိုင်ရာကားဂိတ် 💥အခမဲ့ပို့ပေးပါတယ်။
Kpay ,CB pay ဖြင့်ပေးချေနိုင်ပါသည်။
21/10/2021
😇😇သီတင်းကျွတ်မှာ ဘာကန်တော့ရမလဲ
☕ကော်ဖီကြိုက်နှစ်သက်သူများ ☕ကော်ဖီလည်းသောက်ကျန်းမာရေးလည်းစောင့်ရှောက်လိုက်ပါနော်။
ဆေးဖက်ဝင် ဆောင်းပိုးနွေမြက်ကော်ဖီရဲ့အာနိသင်
✅ အဆုတ်အားကောင်းစေခြင်း
✅သွေးလည်ပတ်မှုအားကောင်းစေခြင်း
✅ ကျောက်ကပ်ရဲ့လုပ်ငန်းစဉ်များတိုးမြင့်ပေးခြင်း
✅ တက်ကြွလန်းဆန်းစေခြင်း တို့ပဲဖြစ်ပါတယ်။
☕ဆောင်းပိုးကော်ဖီ (12)ထုပ်ပါတစ်ဘူးလျှင် 10500 ကျပ်
😇😇3ဗူးနဲ့အထက်မှာယူရင် free delivery
📱09252091740,09423736193 သို့ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
🚚ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေစနစ်ပါ။
🚌နယ်ဆိုရင်ကားဂိတ်ချပေးပါတယ်။
02/10/2021
Digital blood pressure monitors သွေးဖိအားတိုင်း-ကရိယာ သီတင်းကျွတ်မှာ ကန်တော့ချင်လို့ပါ
ယခုနောက်ဆုံးပေါ်နေတဲ့ အလိုလျှောက် သွေးပေါင်ချိန်စက်တွေထဲမှာ လက်မောင်းမှာ သွေးပေါင်ချိန် တိုင်းတဲ့စက်နဲ့ လက်ကောက်ဝတ်မှာတိုင်းတဲ့စက်ဆိုပြီး နှစ်မျိုးတွေ့မိတယ်။ ဝါကျွတ်မှာ အိမ်ကလူကြီးတွေကို ဝယ်ကန်တော့ချင်လို့ ဘယ်စက်က ပိုပြီး တိကျမှန်ကန်မလဲ၊ ပိုပြီးသင့်တော်မလဲဆိုတာ သိပါရစေ။
“သွေးပေါင်ချိန်” လို့ခေါ်တာလေး ပြင်ပေးပါရစေ။ “သွေးဖိအား” ဖြစ်ပါတယ်။ ပေါင်ဆိုတဲ့ ယူနစ်ကိုသုံးတာမဟုတ်လို့ပါ။ သွေးဖိအားတိုင်းကရိယာတွေက အမျိုးအစား အကြမ်းအားဖြင့် (၃) မျိုးရှိပါတယ်။ (၁) ဆေးရုံတိုင်း၊ ဆေးခန်းတိုင်းမှာ မြင်နေကြတဲ့ Sphygmomanometer (ဆဖစ်ဂမို-မင်မိုမီတာ)၊ Dial type Blood pressure Apparatus ဒိုင်ခွက်ပါ ကရိယာနဲ့ (၃) Digital blood pressure monitors (ဒစ်ဂျယ်တယ်လ်) ကရိယာတွေဖြစ်တယ်။
(ဒစ်ဂျယ်တယ်လ်) အလိုအလျှောက် တိုင်းနိုင်တဲ့ သွေးဖိအားတိုင်း ကရိယာတွေကလဲ အမျိုးမျိုးရှိသေးတယ်။
ကြော်ညာတွေ ကြည့်ပြီး ပိုကောင်း-မကောင်း ပြောဘို့ ခက်တယ်။ British Hypertension Society (BHS) က ညွှန်းတာကတော့ စိတ်ချနိုင်တယ်။ ရှာဘို့တော ခက်နိုင်တယ်။ လက်မောင်း-ပတ်တာက လက်ကောက်ဝတ်-ပတ်တာထက် ပိုကောင်းတယ်။
စျေးနှုန်း။ Fully automatic ဆိုရင် စျေးပိုမယ်။ Internal pumps ဆိုတဲ့ သူ့ဖါသာသူ လေဖြည့်တာပါတယ်။ ကိုယ်တိုင် လေသွင်းရတဲ့ ရာဘာအလုံး ပါနေရင် စျေးသက်သာတယ်။ (မင်မိုရီ) မှတ်ဉာဏ်များများ မှတ်ထားနိုင်တာ ပိုစျေးကြီးမယ်။ ဘာဖြစ်ဖြစ် အညွှန်းကို သေသေခြာခြာ ဖတ်ပါ။
လက်မောင်းပတ်-အစ အရွယ်အစားက တိုင်းမဲ့လူနဲ့ ကိုက်ရမယ်။
- Small အသေး = 18-22 cm = 7.1-8.7”
- Medium အလတ် = 22-32 cm = 8.8-12.8”
- Large အကြီး = 32-45 cm = 12.8-18”
ဘယ်လိုတိုင်းရမလဲ။ စက်နဲ့ လူနာရဲ့နှလုံး ရေပြင်ညီတား တိုင်းပါ။ စိတ်တည်ငြိမ်မှ တိုင်းရင် အဖြေမှန် ရနိုင်တယ်။ “ဖေဖေ ဘာစာအုပ်တွေဖတ်နေသလဲ”။ “မေမေ တရားစခန်းသွားအုံးမှာလား”။ “အန်တီ ဘာဟင်းချက်လဲ”။
များသောအားဖြင့် ဂဏန်း ၃ မျိုး ပြတာဖြစ်တယ်။
- အရင်ဆုံးက Systolic pressure အထက်သွေး၊
- နောက်က Diastolic pressure အောက်သွေး၊
- အောက်ဆုံးက Heart rate/Pulse rate နှလုံးခုန်နှုံး ဖြစ်တယ်။
ဖတ်ပြီးရင် တချို့စက်တွေမှာ ၅% အပေါင်း-အနုတ် ထည့်ရတယ်။ ဥပမာ
- BP = 117/77 and 123/83 ဆိုတာ 120/80 လို့ ယူနိုင်တယ်။
- Pulse = 76 and 84 ကို 80/min လို့ ယူနိုင်တယ်။
မှတ်သားစရာတွေရှိတယ်။ Blood pressure သွေးဖိအားနဲ့ Heart rate နှလုံးခုန်နှုန်းတွေဟာ အမြဲ ပြောင်းလဲနေတယ်။ တခါတိုင်းပြီး ချက်ချင်း တိုင်းကြည့် မတူတော့ပါ။ ကောင်းတာက ၃ ခါတိုင်းပြီး၊ ပျမ်းမျှယူနိုင်တယ်။ စက်တွေဟာ Battery ဘက်ထရီနဲ့ အလုပ်လုပ်တာမို့ ဘက်ထရီ ကောင်းနေရမယ်။ အခါအားလျှော်စွာ စစ်ရမယ်။ ဘက်ထရီ ကောင်းတာပါရင် စျေးပိုနိုင်တယ်။ Monitors ဆိုတဲ့ ဂဏန်းပြ မျက်နှာပြင်ကိုလဲ Recalibration လုပ်ပေးသင့်တယ်။
အီလက်ထရောနစ် ပစ္စည်းတိုင်း နှစ်ကာလကြာရှည် မခံပါ။ Quatz နာရီတွေ၊ ကွန်ပြူတာတွေလိုပေါ့။ အသစ်ထပ်ဝယ်လှူတော့ ကုသိုလ်ထပ်ရတာပေါ့။
Dr. တင့်ဆွေ
၂-၁၀-၂၀၁၄
30/09/2021
🫀🫀နှလုံးရောဂါစွဲကပ်နိုင်ကြောင်းအသိပေးသောလက္ခဏများ
၁။ အိပ်နေစဉ် အသက်ရှုရပ်ခြင်း၊
၂။ အဝါရောင် အင်ပြင်များ ထခြင်း၊
၃။ မြဲမြဲမြံမြံ ဆုပ်ကိုင်နိုင်စွမ်း မရှိတော့ခြင်း၊
၄။ လက်သည်းတွင် အမဲစက်များ ပေါ်လာခြင်း၊
၅။ မကြာခဏ မူးဝေခြင်း၊
၆။ လိင်မှု စွမ်းဆောင်ရည် ကျဆင်းခြင်း၊
၇။ အသားအရေ နဲ့ အသားအရောင် ပြောင်းလဲလာခြင်း၊
၈။ သွားဖုံး သွေးယိုခြင်း၊
၉။ အရေပြားပေါ်တွင် အညိုအမဲ စွဲခြင်း၊
၁၀။ အသက်ရှူရ ခက်ခဲခြင်း၊
၁၁။ ခြေထောက်များ ယောင်ကိုင်းလာခြင်း၊
၁၂။ မောပန်းနွမ်းနယ်လာခြင်း၊ စတာတွေဖြစ်ပါတယ်။
ဒီ လက္ခဏာတွေ ထဲက တချို့တလေ ရှိလာပြီဆိုရင် နှလုံးရောဂါ ဝေဒနာ စွဲကပ်ဖို့ အစပြုနေပြီဆိုတဲ့အကြောင်း ခန္ဓာကိုယ်ဆီက အသိပေးနေတဲ့ နိမိတ်စကားပဲဖြစ်ပါတယ်။
မိမိမှာ ဒီ လက္ခဏာတွေ ရှိနေပြီဆိုရင် သတိထားဖို့ လိုအပ်မှာ ဖြစ်ပြီးတော့ ပြင်းထန်တဲ့ ရောဂါအဆင့်ကို ရောက်မလာစေဖို့ ကာကွယ် ကုသမှုတွေ ပြုလုပ်ဖို့ လိုအပ်တော့မှာ ဖြစ်ပါတယ်။
25/09/2021
🧠🧠မှတ်ဥာဏ်အားဖြည့် ကယ်လ်ဆီယမ်🧠 🧠
🧠လူတစ်ဦးရဲ့ နေ့စဉ်သွားလာလှုပ်ရှားမှုမှန်သမျှကို ဦးနှောက်က ထိန်းချုပ်ပေးနေတာပါ။ ဦးနှောက်က သင်ကြားသင်ယူမှုတွေ ၊ တွေးတောစဉ်းစားမှုတွေနဲ့လေ့လာမှတ်သားမှုအလုံးစုံကို လုပ်ဆောင်ပေးနိုင်ဖို့အတွက် နေ့စဉ်ဆဲလ်အသစ်ပေါင်းများစွာကိုရှင်သန်ပေါက်ဖွားစေပါတယ်။
🧠ဒါပေမဲ့လည်း ယနေ့ခေတ်လူမှုအဖွဲ့စည်းရဲ့ တိုးတက်လာမှုတွေ ကိုလိုက်မှီစေဖို့ ဦးနှောက်က လိုအပ်တာထက်ပိုပြီးလုပ်ဆောင်ရပါတယ်။ ဒါကြောင့် ပုံမှန်ထက် သာလွန်ပြီး ဦးနှောက်စွမ်းရည်မြင့်တင်ဖို့လိုအပ်လာပါတယ်။
🧠ဦးနှောက်ရဲ့အဓိကကြတဲ့လုပ်ဆောင်မှု တစ်ခုဖြစ်တဲ့ မှတ်သားခြင်းနဲ့ စဉ်းစားတွေးခေါ်မှုတွေကို အားကောင်းလာစေဖို့ " Tiens မှတ်ဉာဏ်အားဖြည့် ကယ်လ်ဆီယမ် " နဲ့မိတ်ဆက်ပေးချင်ပါတယ်။
🧠😍"မှတ်ဥာဏ်အားဖြည့်ကယ်လ်ဆီယမ် " မှာ ဦးနှောက်အတွက် လိုအပ်တဲ့
👉ဇီဝကယ်လ်ဆီယမ်အရိုးမှုန့်
👉လက်ဆီသင်း
👉တော်ရင်း
👉ဗီတာမင် B1, B12
👉ဗီတာမင်C
👉cyclodextrin တို့ အဓိကပါဝင်ပါတယ်။
🧠🧠" မှတ်ဉာဏ်အားဖြည့်ကယ်လ်စီယမ် "ကိုသောက်သုံးခြင်းဖြင့်ဘာအကျိုးကျေးဇူးတွေရနိုင်မလဲ။
😇ဦးနှောက်ကိုကြည်လင်လန်းဆန်းစေခြင်း
🤔မှတ်သားနိုင်မှုစွမ်းရည်ကို တိုးတက်စေခြင်း
🤯အချိန်ကြာမြင့်စွာအာရုံစူးစိုက်မှုကြောင့်ဖြစ်ပေါ်လာသော ခေါင်းကိုက်ခြင်း ၊ ဇက်ကြောထိုးခြင်း နှင့် ပင်ပန်းနွမ်းနယ်ခြင်းကို သက်သာပျောက်ကင်းစေခြင်း
🧠🧠 "မှတ်ဉာဏ်အားဖြည့်ကယ်လ်ဆီယမ် " ကိုဘယ်သူတွေသောက်သင့်သလဲ။
1.နေ့စဉ် စာလေ့လာနေရသောကျောင်းသား၊ကျောင်းသူများ
2.လုပ်ငန်းခွင်အတွင်း နေ့စဉ် ဦးဆောင်၊စီမံခန့်ခွဲနေရသူများ
3.ကွန်ပြူတာ ၊ ဖုန်း ကဲ့သို့ အိုင်တီ ပစ္စည်းများကို အသုံးပြုပြီးနေ့စဉ် အလုပ်လုပ်နေရသူများ
4.မှတ်ဉာဏ်လျော့ကျခြင်းကိုခံစားနေရသူများနှင့် မှတ်ဉာဏ်လျော့ကျမှုကို ကာကွယ်လိုသူများ
5.မကြာခဏ ခေါင်းကိုက်ခြင်းဝေဒနာခံစားရသူများ
တစ်နေ့လျှင်( 3)ကြိမ် ၊တစ်ကြိမ်လျှင်( 3)လုံး သောက်သုံးပေးနိုင်ပါသည်။
မှတ်ဉာဏ်အားဖြည့်ကယ်လ်ဆီယမ်💊 (၁၈)လုံး ပါ
တစ်ဘူးလျှင် 💵 13500 ကျပ်
📱09423736193,📱 09252091740 သို့ဆက်သွယ်ဝယ်ယူနိုင်ပါသည်။
🚚ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေ စနစ်
🚌နယ်မြို့နယ်များ ကားဂိတ်ချပေးပါတယ်။
22/09/2021
မျက်ရည်ဆိုတာဘာလဲ ။ ဘာကြောင့်မျက်ရည်ကျရတာလဲ။ 👇👇👇
Tears မျက်ရည်
မျက်ရည်ထဲမှာ ရေက ၁%သာပါပြီး ခံစားချက်က ၉၉% ပါတယ်လို့ ကဗျာဆန်ဆန်စာဆိုကြတယ်။ ကျွန်တော်ကတော့ ဆေးပညာအရသာရေးပါမယ်။ မျက်ရည်ကို ခံစားမှုနဲ့ဆက်စပ်တဲ့ မျက်ရည်စိတ်ပညာနဲ့ ဆေးပညာနဲ့ဆက်စပ်တဲ့ မျက်ရည် ဇီဝကမ္မဗေဒလို့ နှစ်မျိုးခွဲပြောလို့ရတယ်။ ရောဂါဗေဒလည်းပါမယ်။
လူတွေဘာလို့ငိုကြသလဲ။ အကြောင်းသုံးပါးရှိတယ်။ အီမိုရှင်းမျက်ရည်က ဝမ်းနည်းပူဆွေးရာကကျတယ်။ သနားစိတ်၊ ဝမ်းသာလွန်းလို့ကျတယ်။ ဒါ့အပြင် မျက်စိကိုကာကွယ်ဘို့ရာ မျက်လုံးမှာ မျက်ရည်အမြဲတမ်းစိုနေရတယ်။ ကြက်သွန်နံ့ ကနေလည်း မျက်ရည်ထွက်တယ်။ Syn-propanethial-S-oxide ဓါတ်ကြောင့်ပါ။ ပန်းဝတ်မှုံ စတာတွေကြောင့်လည်း မျက်ရည်ကျတယ်။ မိကျောင်းမင်းမျက်ရည်ဆိုတာရှိတယ်။ အတုမျက်ရည်၊ သရုပ်ဆောင်မျက်ရည်။ အဲတာကမျိုးက ကျွမ်းကျင်မှုလိုတယ်။ တခါတလေ မျက်ရည်ကျနေမှန်းမသိထွက်နေတာရှိတယ်။ မျိုချလို့ အပြင်မှာ မမြင်ရပါ။
မျက်လုံးထဲမှာ မျက်ရည်ပမာဏ 7 microliters သာထိန်းထားနိုင်တယ် အဲတာထက်ပိုရင် စီးကျတယ်။ ယေဘုယျပြောရရင် အမျိုးသမီးတွေက ငိုတာပိုကြတယ်။ တနှစ်မှာ အကြိမ် ၅ဝ နဲ့ ယောက်ျားတွေက ၁ဝ ကြိမ်လို့ လေ့လာမှုတခုက ဆိုပါတယ်။ အမျိုးသမီးတွေပိုပြီးငိုကြတာ သူတို့မှာ Prolactin ပါတာ ၆ဝ% ပိုများတယ်။ မိန်းမတွေမှာ မျက်ရည်ထွက်လမ်း ပိုသေးငယ်တယ်။ အဲတော့ ဖိတ်စင်ကျတာပိုများစေတယ်။ ချမ်းသာတဲ့တိုင်းပြည်တွေက အမျိုးသမီးတွေက ပိုပြီး ငိုကြပါသတဲ့။ ကလေးငယ်လေးတွေ တနေ့မှာ ငိုချိန် ၁ နာရီကနေ ၃ နာရီထိကြာတယ်။ သူတို့ငိုကြတာ အကြောင်း အမျိုးမျိုးတွေကနေ ဖြစ်စေတယ်။ ဆာလို့၊ အလိုမကျလို့၊ နာလို့၊ အထီးတည်းဖြစ်နေလို့၊ အငိုသန်ကလေးဖြစ်လို့။
မျက်ရည် Lipid layer အလွှာမှာ အဆီပါတယ်။ Meibomian glands ဂလင်းတွေကနေထုတ်ပေးတယ်။ ဟိုက်ဒရောလစ် ဘယ်ရီယာ ဖြစ်စေတယ်။ မျက်ရည်ကိုထုပ်ပေးထားတယ်။ Aqueous layer အလွှာမှာ Water, ရေ၊ electrolytes ဓါတ်ဆားတွေနဲ့ (antibodies, lipocalin, lactoferrin, lysozyme, lacritin) ပရိုတင်းဓါတ်တွေပါတယ်။ ပိုးဝင်လာမှာကို တားဆီးပေးတယ်။ အော့စ်မောတင်ဖိအားညီမျှစေတယ်။ Mucous layer အလွှာမှာ Mucins ပါတယ်။ သူကနေမျက်ရည်ကို ညီညီမျှမျှ ဖြစ်စေတယ်။ Cornea မျက်ကြည်လွှာကိုဖုံးပေးတယ်။
Lacrimal glands မျက်ရည်ဂလင်းတွေကနေ Lacrimal fluid မျက်ရည်ထုတ်ပေးနေတယ်။ Excretory ducts မျက်ရည်ပြွန်လေးတွေဆီ ဆက်စီးထွက်လာတယ်။ မျက်တောင်ခတ်တာနဲ့ မျက်ရည်က မျက်လုံးမျက်နှာပြင်တခုလုံးကို စိုစွပ်စေတယ်။ Lacrimal canaliculi ခေါ်မျက်စိအတွင်းဖက်ဒေါင့်မှာရှိတဲ့ပြွန်ငယ်လေးကနေ Lacrimal sac ထဲ ရောက်လာတာဖြစ်တယ်။ Nasolacrimal duct ပြွန်ကနေတဆင့် နှာခေါင်းထဲစီးကျလာတယ်။
မျက်ရည်အမျိုးအစားတွေ ခွဲထားတယ်။
၁။ Basal tears ဘေဆယ်မျက်ရည်
မျက်လုံးကိုစိုစွပ်အောင်လုပ်ပေးတယ်။ water, mucin, lipids, lysozyme, lactoferrin, lipocalin, lacritin, immunoglobulins, glucose, urea, sodium နဲ့ potassium တွေပါဝင်တယ်။ Lysozyme ကနေ ရောဂါပိုးဝင်လာတာကို ခုခံမှုလုပ်ပေးနေတယ်။ သွေးအရည် Plasma ပလာစမာလိုအတူတူ ဆားဓါတ် ပါတယ်။ လူတယောက်ဟာ ၂၄ နာရီမှာ မျက်ရည်ထုထည် 0.75 ကနေ 1.1 grams အထိထုတ်ပေးနေတယ်။ အသက်ကြီးလာရင် နည်းလာတယ်။
၂။ Reflex tears ရီဖလက်စ်မျက်ရည်
မျက်စိထဲကို ပြင်ပအရာတခုခုဝင်လာရင်တုန့်ပြန်ပြီးထွက်တဲ့မျက်ရည်ဖြစ်တယ်။ မသင့်တာတခုခု ဥပမာ ကြက်သွန်ခွံ၊ ဓါတ်ငွေ့၊ မီးခိုးနဲ့တွေ့ရင် အဲလိုမျက်ရည်ကျလာတယ်။ စူတဲ့အလင်းရောင်။ ပူစပ်တာနဲ့တွေ့ရင်အဲလိုမျက်ရည် ကျတယ်။ အန်တာ၊ ပျို့တာ၊ သန်းဝေတာတွေနဲ့ဆက်စပ်မှုရှိတယ်။
၃။ Crying သို့ Weeping ငိုလို့ကျတဲ့မျက်ရည်
အဲတာမျိုးကို Psychic tears စိတ်မျက်ရည်လို့ခေါ်တယ်။ စိတ်ခံစာမှုများရာကနေထွက်လာတယ်။ စိတ်ဖိအား၊ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း၊ ဒေသထွက်ခြင်း၊ နာကျင်မှုစတာတွေကနေထွက်စေတယ်။ ငိုတာနဲ့အတူ လူအမူအယာ ပြောင်းတယ်။ အသက်ရှူတာကတက်သလိုဖြစ်တယ်။ ချောင်းဆိုးတာနဲ့တွဲတယ်။ ကိုယ်အစိတ်အပိုင်းတွေ စိတ်က ထိန်းလုပ်တာမဟုတ်ာမျိုးဖြစ်တယ်။ စိတ်ခံစားမှုကနေကျတဲ့မျက်ရည်ထဲမှာ ပါတဲ့ ဓါတ်တွေမတူပါ။ Prolactin ပရိုလက်တင် ဟော်မုန်းပိုပြီးပါတယ်။ adrenocorticotropic ဟော်မုန်းနဲ့ Leu-enkephalin ဓါတ်တွေလည်းပါတယ်။
ဆင်ဇိုရီအာရုံကြောစနစ်မှာ Trigeminal V1 အာရုံကြောနံပတ်ငါးက မျက်ရည်နဲ့ဆိုင်တယ်။ အဲတာကိုဖြတ်လိုက်ရင် ရီဖလက်စ် မျက်ရည်မကျတော့ပါ။ စိတ်ခံစားမှုမျက်ရည်တော့ကျသေးတယ်။ မျက်စိထဲကို ကိုကိတ်မျက်စဉ်ခပ်လိုက်ရင် ပါရာလိုက်စ် ဖြစ်သွားလို့ အဲလိုဖြစ်မယ်။ မိုတာ (အော်တိုနောမစ်) စနစ်မှာ Facial (Seventh) nerve အာရုံကြောနဲ့ ဆိုင်တယ်။ ပါရာဆင်ပသက်တစ် acetylcholine ဓါတ်ကနေမျက်ရည်များများကျစေတယ်။ atropine inhibits ဆေးကနေ မျက်ရည်များစေတယ်။ မေ့ဆေးမပေးခင်ပေးတဲ့ဆေးမျိုးဖြစ်တယ်။ မွေးစကလေးတွေမှာ အဲဒီစနစ်က မပြည့်စုံသေးလို့ ငိုပေမဲ့ မျက်ရည် မကျလာသေးဘူး။
မျက်ရည်ရောဂါများ
မျက်ရည်လမ်းကြောင်းပိတ်နေရင် ရောဂါဖြစ်တယ်။ ထိခိုက်မိလို့၊ ပိုးဝင်လို့။ ဆစ်စ်ဖြစ်လို့၊ ကျူးမားဖြစ်လို့ ပိတ်နိုင်တယ်။ ALS, Alzheimer’s disease, multiple sclerosis နဲ့ stroke ရောဂါရှိနေသူတွေမှာ စိတ်ခံစားမှုမပါဘဲ မျက်ရည်ကျတယ်။ Crocodile tears syndrome မိကျောင်းမင်းမျက်ရည် ဆင်ဒရုမ်းရောဂါရှိတယ်။ Bogorad's syndrome လို့ခေါ်တယ်။ အာရုံကြောထိခိုက်မှုကနေဖြစ်စေတယ်။ ဥပမာ Bell's palsy မျက်နှာတခြမ်းလေဖြတ်ခြင်း။ Facial nerve ကိုထိခိုက်ခံရလို့ဖြစ်တယ်။ Keratoconjunctivitis sicca ရောဂါဆိုတာ ခြောက်နေတဲ့မျက်စိကိုခေါ်တယ်။ Familial dysautonomia ဆိုတာ မိသားစုလိုက်တယ်။ ငိုတာမှာ မျက်ရည်နည်းလွန်းတယ်။
မတူတဲ့ယဉ်ကျေးမှုတွေက ငိုခြင်းကို လက်ခံတာ၊ နားလည်တာ၊ အဓိပ္ပါယ်ဖွင့်တာ မတူကြပါ။ ငိုလို့ အလိုပြည့်တာရှိတယ်။ ချစ်ခင်မှုရတာရှိတယ်။ ဖဲကြဉ်တာခံရနိုင်တယ်။ ငိုသင့်လို့ငိုတာ ကောင်းတယ်။ တင်းထားတဲ့ မြိုသိပ်ထားတဲ့ဖိအားကို လျှော့ချလိုက်တာဖြစ်တယ်။ ငိုလွန်းရင် ခေါင်းကိုက်လာတယ်။ မျက်စိနဲ့ နှာခေါင်းခြောက်သွေ့လာမယ်။ အဲတာ မကောင်းပါ။ ဓါတ်ပုံပညာရှင်တွေက မျက်ရည်အမျိုးမျိုးကို အရအမိပုံဖေါ်ထားကြတယ်။
ဒေါက်တာတင့်ဆွေ
19/09/2021
🧠🧠 လူ့ဦးနှောက်
🧠အရွယ်ရောက်ပြီး လူ့တစ်ယောက် ရဲ့ ဦးနှောက်ဟာ ပျှမ်းမျှ 70ကျပ်သားကနေ ၊ 80ကျပ်သားလောက်အလေးချိန်ရှိပါတယ်။ပုံမှန်အားဖြင့် အမျိုးသားတွေရဲ့ ဦးနှောက်က အမျိုသမီးတွေထက်ပိုကြီးပါတယ်။ကမ္ဘာပေါ်မှာ ဦးနှောက်အကြီးဆုံး သတ္တဝါကတော့ ဝေလငါးများဖြစ်ပြီး (35)တန် မှ (40)တန်အထိရှိပါတယ်။
🧠လူ့ဦးနှောက်မှာ ရေဓါတ်များပြားစွာပါဝင်ပြီး ၊ 60ရာခိုင်နှုန်းကတော့အဆီတွေပဲဖြစ်ပါတယ်။ လူ့ဦးနှောက်က ခန္ဓာကိုယ်ရဲ့ 2ရာခိုင်နှုန်းလောက်သာ လေးပေမဲ့ ၊ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ စွမ်းအင် 25ရာခိုင်နှုန်းလောက် ကိုနေ့စဉ် အသုံးပြုနေပါတယ်။
🧠ဦးနှောက်ဟာ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် နှစ်ဆယ်ရာခိုင်းနှုန်းလောက်ကိုအသုံးပြုပါတယ်။
နှလုံးမှညစ်လွှတ်လိုက်တဲ့ သွေးရဲ့ နှစ်ဆယ်ရာခိုင်နှုန်း လောက်ကလည်း ဦးနှောက်ဆီ ကိုရောက်ပါတယ်။
🧠မွေးကင်းစကလေးတစ်ဦးရဲ့ ဦးနှောက်မှာ နာဗ်ဆဲလ်ပေါင်း သန်း100,000လောက်သာပါဝင်ပေမဲ့ 3နှစ်အရွယ် ကလေးတစ်ဦးဖြစ်လာပြီဆိုရင်တော့ 1,000,000,000,000,000 အထိပွားလာပါတယ်။ အသက် 60 လောက်ကနေစတင်ပြီး လူ့ဦးနှောက်က တစ်ဖြည်းဖြည်းကျုံ့လာတတ်ပေမဲ့လည်း ဆဲလ်အသစ်တွေကတော့ ထွက်နိုင်ပါသေးတယ်။
🧠 ဦးနှောက်ကို အခြေခံအားဖြင့်တော့အပိုင်း (3)ပိုင်းခွဲခြားနိုင်ပါတယ်။
1.ဦးနှောက်အောက်ဘက်ပိုင်း brainstem (အမြစ်နဲ့တူပြီးဦးနှောက်နဲ့ကျောရိုးနာဗ်ကြောမကိုဆက်သွယ်ထားပေးကာ အသက်ရှုခြင်းနဲ့ပတ်သတ်တဲ့အခြေခံလုပ်ဆောင်မှုတွေကို ထိန်းချုပ်ပေးပါတယ်)
2.ဦးနှောက်ရဲ့နောက်ပိုင်း cerebellum (လှုပ်ရှားမှုတွေ နဲ့ခန္ဓာကိုယ် ဟန်ချက်ညီဖို့ထိန်းချုပ်ပေးတဲ့)
3.ဦးနှောက်အရှေ့ဘက်ခြမ်း cerebrum (ဦးနှောက်ရဲ့အကြီးဆုံး အစိတ်ပိုင်းတစ်ခုဖြစ်ပြီး ၊ ဦးခေါင်းခွံအတွင်းနေရာအများဆုံးယူ ထားတဲ့အပိုင်းလည်းဖြစ်ပါတယ်။Cerebrum မှာ ဘယ်ဘက်ခြမ်း နဲ့ ညာဘက်ခြမ်းနှစ်ရှိပြီး အလယ်မှာ မြောင်းတစ်ခုနဲ့ခြားထားပါတယ်။)
YOU & ME
17/09/2021
🌴🌴🥥🥥အုန်းစိမ်းရည်နဲ့ ကျန်းမာရေး🌴🌴🥥
🥥🥥နှစ်ပေါင်းများစွာကတည်းက အုန်းစိမ်းရည်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်တယ်ဆိုတာကို သိရှိထားပြီးဖြစ်ပါတယ်။ အုန်းစိမ်းသီးတစ်လုံးမှာ အရည်ဓါတ် ၂၀၀ မီလီလီတာ ကနေ ၁,၀၀၀ မီလီလီတာ အထိပါဝင်ပါတယ်။
🥥🥥အုန်းစိမ်းရည်က အရသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းတဲ့ သဘာဝ အချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာ အုန်းသီးခြောက်အရည်ထက် အာဟာရဓါတ်ပိုမိုပါဝင်ပါတယ်။ အုန်းစိမ်းရည်မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမိုင်နိုအက်ဆစ်၊ အင်ဇိုင်းတွေ၊ ဗီတာမင် ဘီဓါတ်တွေ၊ ဗီတာမင် စီ၊ သံဓါတ်၊ ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ မဂ္ဂနီ နဲ့ ဇင့် ဓါတ်တွေလိုမျိုး သတ္တုဓါတ်တွေပါဝင်နေပါတယ်။
🥥🥥အုန်းစိမ်းရည်မှာပါတဲ့ အာဟာရဓါတ်တွေက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့cytokinin လို့ခေါ်တဲ့ အပင်ဟော်မုန်းတစ်မျိုးကလည်း အရွယ်တင်နုပျိုစေသလို ဘက်တီးရီးယားတွေနဲ့ကင်ဆာရောဂါတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်းလည်းရှိပါ တယ်။ အုန်းစိမ်းရည်က ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပေးနိုင်သလဲဆိုတဲ့အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
🥥🥥အုန်းစိမ်းရည်ကနေရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
🥥🥥ခန္ဓါကိုယ်ကိုရေဓါတ်ဖြည့်ပေးခြင်း
အုန်စိမ်းရည်က အပူဒဏ်ေကြာင့်ဖြစ်တဲ့ရေငတ်တာကိုပြေစေနိုင်တဲ့ သဘာဝအချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာပါတဲ့electrolyte compositionတွေကြောင့် ဝမ်းလျှောတာ၊အော့အန်တာနဲ့အလွန်အမင်း ချွေးထွက်တာေတွကြောင့် ခန္ဓါကိုယ်ကဆုံးရှုံးသွားတဲ့ရေဓါတ်ကိုပြန်လည်ဖြည့်တင်းပေးပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါဝင်တာကြောင့် ခန္ဓါကိုယ်ကို အားပြည့်စေပါတယ်။
🥥🥥သွေးတိုးကျစေခြင်း
အုန်းစိမ်းရည်မှာ ဗီတာမင် စီ၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ပါဝင်နေတာကြောင့်သွေးတိုးရောဂါရှိသူတွေအတွက် သင့်တော်ပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့ ပိုတက်ဆီယမ်က ကိုယ်တွင်းကအကျိုးမပြုတဲ့ ဆိုဒီယမ်ပမာဏကိုထိန်းညှိပေးခြင်းဖြင့်သွေးတိုးကျအောင်အထောက်အကူပြုပါတယ်။
🥥🥥နှလုံးကျန်းမာစေခြင်း
ကိုလက်စထရော နဲ့ အဆီပါဝင်မှုနည်းတဲ့ အုန်းစိမ်းရည်က နှလုံးကိုကျန်းမာစေပါတယ်။ ခန္ဓါကိုယ်အတွက်အကျိုးမပြုတဲ့ ကိုလက်စထရော (LDL) ကိုလျော့ကျစေပြီး အကျိုးပြုကိုလက်စထရော (HDL) ကိုတိုးစေနိုင်တာကြောင့် နှလုံးရောဂါခံစားရနိုင်ခြေကိုလျှော့ချပေးပါတယ်။
🥥🥥အုန်းစိမ်းရည်မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ရောင်ရမ်းမှုကိုလျော့ပါးစေတဲ့ အစွမ်းသတ္တိ နဲ့antiplatelet propertiesတွေပါဝင်နေပြီးသွေးလည်ပတ်စီးဆင်းမှုကို တိုးတက်ကောင်းမွန်စေပါတယ်။သွေးကြောတွေထဲမျာ အနယ်အနှစ်စုပုံတာမျိုးတွေကိုလျှော့ချပေးနိုင်ပြီး ရုတ်တရက်နှလုံးရပ်တာနဲ့လေဖြတ်တာမျိုးတွေကိုလည်းလျှော့ချပေးပါတယ်။
🥥🥥အရက်နာကျတာကို သက်သာစေခြင်း
အုန်းရည်က အရက်နာကျတာကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။ အရက်က ခန္ဓါကိုယ်ရဲ့ရေဓါတ်ကိုကုန်ဆုံးစေပြီးရေဓါတ်ကုန်ဆုံးမှုကနောက်တစ်နေ့မနက်မှာ အရက်နာကျတာကိုဖြစ်စေပါတယ်။ အုန်းရည်က ခန္ဓါကိုယ်ရဲ့electrolyte ကိုပြန်လည်ဖြည့်တင်းပေးပြီးရေဓါတ်ကိုပြန်လည်ဖြည့်တင်းပေးနိုင်တာကြောင့် အရက်နာကျတာကိုသက်သာစေပါတယ်။
🥥🥥ကိုယ်အလေးချိန်ကျစေနိုင်ခြင်း
ကိုယ်အလေးချိန်ကျချင်တဲ့သူတွေအတွက် အုန်းစိမ်းရည်ကသောက်သုံးဖို့သင့်တော်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပြီး အစာအိမ်အတွက်လည်း အထောက်အပံ့ပြုပါတယ်။ အုန်းစိမ်းရည်မှာ အစာချေဖျက်မှုကို အထောက်အပံ့ပေးပြီး အဆီတွေချေဖျက်မှုကို တိုးမြှင့်ပေးနိုင်တဲ့bioactive အင်ဇိုင်းတွေအများအပြားပါဝင်ပါတယ်။
🥥🥥အုန်းစိမ်းရည်မှာပိုတက်ဆီဝမ်ကြွယ်ဝစွာပါဝင်ပါတယ်။ ကိုယ်တွင်းက မလိုအပ်တဲ့အရည်တွေနဲ့ အဆိပ်အတောက်တွေကို စွန့်ထုတ်အောင်အထောက်အပံ့ပေးပါတယ်။
🥥🥥ခေါင်းကိုက်တာကို သက်သာစေခြင်း
ခေါင်းကိုက်တာ၊ခေါင်းတစ်ခြမ်းကိုက်တာအများစုက ရေဓါတ်ဆုံးရှုံးတာကြောင့်ဖြဟ်တာဖြစ်ပါတယ်။ အုန်းစိမ်းရည်က ခန္ဓါကိုယ်အတွက် လိုအပ်တဲ့electrolytesတွေကိုထောက်ပံ့ပေးရာမှာ အထောက်အကူပြုသလို ခန္ဓါကိုယ်ရဲ့ရေဓါတ်ကိုမြှင့်တင်ပေးပါတယ်။
🥥🥥အုန်းစိမ်းရည်မှာ မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့်ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားနေရသူတွေအနေနဲ့သောက်သုံးပေးသင့်ပါတယ်။ ကိုယ်တွင်းမှာ မဂ္ဂနီဆီယမ်ပမာဏလျော့နည်းလာတာကြောင့်ခေါင်းတစ်ခြမ်းကိုက်တာဖြစ်ပါတယ်။
🥥🥥လေပွတာကို သက်သာစေခြင်း
ဆိုဒီယမ် စားသုံးမှု များတာကြောင့်လေပွတာဖြစ်ပါတယ်။ အုန်းစိမ်းရည်က ခန္ဓါကိုယ်တွင်းက ဆိုဒီယမ်ပမာဏကိုလျှော့ချပေးပါတယ်။ အုန်းစိမ်းရည်မှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် ဆိုဒီယမ်ပမာဏကိုလျှော့ချရာမှာ အထောက်အကူပြုပေးပါတယ်။
🥥🥥အယ်လ်ဇိုင်းမား( Alzheimer)ရောဂါကို သက်သာစေနိုင်ခြင်း
အုန်းစိမ်းရည်က အယ်လ်ဇိုင်းမားလိုမျိုး အာရုံကြောထိခိုက်ပျက်စီးတဲ့ရောဂါတွေကို ကုသရာမှာ အထောက်အကူပြုနိုင်တဲ့ အရာတစ်ခုဖြစ် လာနိုင်ဖွယ်ရှိပါတယ်။ အုန်းစိမ်းရည်ထဲမှာ အပင်ဟော်မုန်းတစ်မျိုးဖြစ်တဲ့cytokinin ပါဝင်တာကြောင့် ဦးနှောက်ဆဲလ်တွေ ပျက်စီမှုကို ကာကွယ်ပေးပါတယ်။ မှတ်ဉာဏ်တွေပြန်လည်ကောင်းမွန်လာအောင်လည်း အထောက်အကူပြုပါတယ်။
🥥🥥မျက်လုံးကျန်းမာစေခြင်း
အမြင်အာရုံကြည်လင်စေဖို့အတွက် အုန်းစိမ်းရည်သောက်ပေးနိုင်ပါတယ်။ ဦးနှောက်နဲ့ မျက်လုံးကျန်းမာသန်စွမ်းစေဖို့အတွက် ခန္ဓါကိုယ် က ဗီတာမင် B1ကိုလိုအပ်ပါတယ်။ ဗီတာမင် B1 က မျက်လုံးကြွက်သားတွေကို သန်စွမ်းစေပြီး ညဘက်မှာလည်း မျက်လုံးအမြင်အာရုံကိုကောင်းမွန်စေပါတယ်။
🥥🥥pH ပမာဏကိုထိန်းညှိပေးခြင်း
အသင့်စားအလွယ်စား အစားအစာတွေလိုမျိုး အက်ဆစ်ဓါတ်ပါဝင်မှုများတဲ့အစားအသောက်တွေကို အများအပြားစားသုံးတာ၊ စိတ်ဖိစီးတာ နဲ့ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကြောင့် ခန္ဒါကိုယ်ရဲ့ pH ပမာဏက အက်ဆစ်ဖြစ်လောက်တဲ့အထိမြင့်တက်သွားတဲ့အခါ ခန္ဓါကိုယ်ရဲ့ စွမ်းအင်ကိုလျော့ကျစေပြီး ဗီတာမင် နဲ့ သတ္တုဓါတ်တွေစုပ်ယူနိုင်စွမ်းကိုလည်း ကျဆင်းစေပါတယ်။
🥥🥥pH ပမာဏမြင့်တက်သွားတဲ့အခါ အသည်းရဲ့ လုပ်ငန်းစဉ်တွေ ထိခိုက်တာ၊လေးဖက်နာ အဆစ်ရောင်ရောဂါ၊ အရိုးအဆစ်ရောင်ရမ်းနာ၊ဆီးချို (diabetes) ၊သွေးတိုး (hypertension) နဲ့ ကိုယ်ခံအားနည်းတဲ့ဝေဒနာတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့ alkalineတွေက ကိုယ်တွင်းမှာ pH ပမာဏများတာကြောင့်ဖြစ်တတ်တဲ့ အစာအိမ်အချဉ်ပေါက်တာနဲ့ ရင်ပူတာတွေကို သက်သာစေသလို ကိုယ်တွင်း pH ပမာဏကိုလည်းထိန်းညှိပေးပါတယ်။
🥥🥥သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးခြင်း
အုန်းစိမ်းရည်ထဲမှာ အမိုင်နိုအက်ဆစ် နဲ့ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့အမျှင်ဓါတ်တွေပါဝင်တာကြောင့်သွေးတွင်းသကြားဓါတ်ကိုထိန်းညှိရာမှာအထောက်အကူပြုသလို ခန္ဓါကိုယ်ရဲ့ အင်ဆူလင်တုံ့ပြန်မှုကိုလည်း တိုးတက်စေပါတယ်။
🥥🥥ဆီးချိုသမားတွေသောက်သုံးဖို့သင့်တော်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီးသွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပါတယ်။
🥥🥥ဆီးရွှင်စေခြင်း
အုန်းစိမ်းရည်က သဘာဝဆီးရွှင်ဆေးတစ်မျိုးပါ။ ဆီးပမာဏကိုတိုးစေပြီး ဆီးရွှင်စေပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (urinary tract infections) လိုမျိုးဝေဒနာတွေကိုလည်း ကာကွယ်ပေးပါတယ်။
🥥🥥ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်တွင်း ကအဆိပ်အတောက်တွေကိုဆီးအဖြစ်နဲ့စွန့်ထုတ်စေပြီးကျောက်ကပ်မှာကျောက်တည်တာတွေကိုလည်းကျေပျက်စေနိုင်ပါတယ်။
🥥🥥အုန်းရည်မှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဆီးအိမ်ကိုပိုးကူးစက်တာတွေကိုတိုက်ဖျက်ရာမှာလည်း အထောက်အပူပြုပေးပါတယ်။
🥥🥥အရွယ်တင်စေခြင်း
အုန်းစိမ်းရည်ထဲမှာ ဆဲလ်တွေနဲ့ တစ်ရှုးတွေကို အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ cytokinin တွေပါရှိပါတယ်။ နာတာရှည်ဝေဒနာတွေနဲ့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ရောဂါတွေဖြစ်ပေါ်ခံစားရနိုင်ခြေကို လျော့ကျစေပါတယ်။
🥥🥥လတ်ဆတ်တဲ့ အုန်းစိမ်းရည်က အရေပြားကို နူးညံ့ချောမွေ့စေအောင် အာဟာရဖြည့်ပေးသလိုရေဓါတ်လည်းပြည့်ဝအောင်လည်းလုပ်ဆောင်ပေးပါတယ်။
🌴🌴အုန်းစိမ်းရည်ရဲ့ဘေးထွက်ဆိုးကျိုးများ
🙅🙅ကျောက်ကပ်တွေက ပုံမှန်အလုပ်လုပ်ရင် (သို့) ကိုယ်တွင်းမှာ ပိုတက်ဆီယမ်ပမာဏ အရမ်းများနေရင် အုန်းစိမ်းရည်မသောက်သင့်ပါဘူး။
🙅🙅သစ်သီးသစ်စေ့ဓါတ်မတည့်သူတွေအနေနဲ့ အုန်းစိမ်းရည်မသောက်သင့်ပါဘူး။
🙅🙅အုန်းစိမ်းရည်က အချို့သူတွေကို အစာအိမ်နာတာနဲ့လေပွတာမျိုးတွေဖြစ်စေနိုင်ပါတယ်။
🙅🙅အုန်းစိမ်းရည်က ခွဲစိတ်မှုခံယူပြီးချိန်နဲ့ ခွဲစိတ်မှုခံယူနေစဉ်မှာသွေးပေါင်ချိန်ထိန်းညှိမှုကိုအနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့်ခွဲစိတ်ကုသမှုခံယူဖို့ရှိရင် ခွဲခန်းမဝင်ခင် ၂ ပတ်လောက်အလိုကတည်းက အုန်းစိမ်းရည်ကိုမသောက်ဘဲနေပေးပါ။
🙅🙅အုန်းစိမ်းရည်ကဆေးဖက်ဝင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ နဲ့ ကလေးငယ်တွေအနေနဲ့တော့ ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှသောက်သုံးသင့်ပါတယ်။
🙅🙅အုန်းစိမ်းရည်ကသွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်ပြီး အချို့ဆေးဝါးတွေနဲ့ ဓါတ်ပြုနိုင်တာကြောင့်သွေးကျဆေးသောက်သုံးနေရသူတေါအနေနဲ့ ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှသောက်သင့်ပါတယ်။
🙅🙅အုန်းစိမ်းရည်အလွန်အကျွံသောက်ရင်လေပွတာ ဗိုက်ထဲမှာ မအီမသာဖြစ်တာမျိုေးတွဖြစ်နိုင်တာကြောင့် အလွန်အကျွံမသောက်မိဖို့သတိပြုပါ။
15/09/2021
ဒိန်ချဉ် နှင့် ကျန်းမာရေး
၁) ဝမ်းပျက်ဝမ်းလျှော ရောဂါကို ကုသနိုင်ခြင်း
ဝမ်းပျက်ရင် ဒိန်ချဉ်မသောက်ရဘူးဆိုပြီး တော်တော်များများက အယူအဆမှားတတ် ကြပါတယ်။ တကယ်တော့ ဝမ်းလျှောဝမ်းပျက်ဖြစ်ခဲ့ရင် ဒိန်ချဉ်သောက်ပေးသင့်တာပါ။
ဘာကြောင့်လဲဆိုရင် ဒိန်ချဉ်မှာ Lacto bacilli လို့ခေါ်တဲ့ အူလမ်းကြောင်းအတွက် ကောင်းမွန်တဲ့ ဘတ်တီးရီးယားလေးတွေ အမြောက်အမြားပါဝင်လို့ပဲ ဖြစ်ပါတယ်။
ဝမ်းပျက်တဲ့အခါ ခန္ဓာကိုယ်ထဲက အူနံရံတွေဟာ ပျက်စီးရပါတယ်။ Lacto Bacilli ဆိုတဲ့ ဘတ်တီးရီးယားလေးတွေမှာ ဝမ်းပျက်လို့ ပျက်စီးနေတဲ့ အူနံရံတွေကို ပြန်လည်ကောင်းမွန်လာစေခြင်း၊ အန္တရာယ်ရှိတဲ့ ပြင်ပပိုးမွှားတွေ နေရာမယူနိုင်အောင် အင်အားသုံးဖယ်ထုတ်နိုင်ခြင်း စတဲ့ အစွမ်းတွေရှိတာကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်တာကို သက်သာစေပါတယ်။
(၂) အသားအရေ စိုပြေ လှပစေခြင်း
ဒိန်ချဉ်မှာ ဆိုရင် အရွယ်တင်နုပျိုလှပစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် အသားအရေအပြင် ဆံကေသာရဲ့ လှပနုပျိုခြင်းကိုပါ ရရှိနိုင်စေပါတယ်။ ဒိန်ချဉ်ကို ပုံမှန်သောက်သုံးသွားမယ်ဆိုရင် အသားအရေ လှပခြင်းကို ထိန်းသိမ်းရာရောက်ပြီး အရွယ်တင် နုပျိုလှပစေမှာပါပဲ။
(၃) ဝိတ်ကျစေခြင်း
ဒိန်ချဉ်ဟာ အစာအိမ်ကို ပြည့်စေပြီး အဆာခံစေပါတယ်။ ဒါကြောင့် ဒိန်ချဉ် စားထားပြီးချိန်မှာ ဗိုက်ခဏခဏ မဆာတော့တဲ့အတွက် မလိုအပ်တဲ့ ကယ်လိုရီအပိုတွေကို စားသုံးမိခြင်းမှလည်း ကာကွယ်ပေးရာရောက်ပါတယ်။
(၄) ခံတွင်းပျက်ခြင်းကို သက်သာစေနိုင်ခြင်း
ဒိန်ချဉ်စားခြင်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်း ရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်ကောင်းမွန်စွာ လည်ပတ်စေနိုင်တဲ့ အတွက် ခံတွင်းပျက်ခြင်း၊ အစားအသောက်ပျက်ခြင်း တို့ကို ပျောက်ကင်းစေပါတယ်။ ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ စိတ်ဖိစီးမှုကြောင့်ဖြစ်ဖြစ် အစားစားချင်စိတ် လျော့နည်းလာနေပြီဆိုရင်တော့ ဒိန်ချဉ်အေးအေးလေး တစ်ခွက်က ဆေးတစ်ခွက်အလား ကုစားပေးနိုင် မှာပါ။
(၅) အရိုးတွေကို သန်မာစေပါတယ်။
ကယ်စီယမ်နဲ့ ဗီတာမင်ဒီဟာ အရိုးကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒိန်ချဉ်ဟာ နို့ထွက်ပစ္စည်းဖြစ်တာကြောင့် ကယ်စီယမ်နဲ့ ဗီတာမင်ဒီပါဝင်ပါတယ်။ ဒိန်ချဉ်သောက်သုံးခြင်းအားဖြင့် အရိုးတွေကို ကြံ့ခိုင်သန်မာစေနိုင်တာမို့ လူငယ်တွေအပြင် အသက်ကြီးသူတွေပါ သောက်သုံးသင့်ကြောင်း တိုက်တွန်းချင်ပါတယ်။
(၆) သွေးပေါင်ချိန် ထိန်းညှိပေးနိုင်ပါတယ်။
ဒိန်ချဉ်ဟာ သွေးပေါင်ချိန် မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်တာမို့ သွေးတိုးသမားတွေ သောက်သုံးသင့်တဲ့ အစားအစာတစ်ခုပါ။ သွေးပေါင်ချိန်ကိုထိန်းပေးနိုင်တာကြောင့် နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၇) ရောင်ရမ်းမှုကို သက်သာစေနိုင်ခြင်း
ဒိန်ချဉ်သောက်သုံးခြင်းအားဖြင့် ရောင်ရမ်းနာကျင်ခြင်းတွေကို လျော့နည်း သက်သာစေတယ်လို့ ဆိုထားပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Building 37, BAGO River Road, Yuzan Garden City
Yangon
Opening Hours
| Monday | 07:00 - 19:00 |
| Tuesday | 07:00 - 19:00 |
| Wednesday | 07:00 - 19:00 |
| Thursday | 07:00 - 19:00 |
| Friday | 07:00 - 19:00 |
| Saturday | 07:00 - 19:00 |
| Sunday | 07:00 - 19:00 |