Chit Thet _ Online Shop

Chit Thet _ Online Shop

Share

�စိတ်ထားကောင်းလျှင်ကံကောင်းမည်�

05/10/2024

Good Morning ပါ ချစ်သောမိတ်ဆွေများရှင်...

အချစ်များစွာနဲ့အတူ
သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ဖြစ်ပါစေနော်
🩷🩷🩷

03/10/2024

လွယ်ကူရိုးရှင်းစွာ မေတ္တာပို့မယ် မေတ္တာခံယူမယ်

🙏🙏🙏

02/10/2024

ချက်ချင်း လင်ငင်းအကျိုးပေးသော
ကံပွင့် လာဘ်ပွင့် စန်းပွင့်
ဝိဇ်ဇာအထူးယတွာ
(မိမိနေအိမ်၊အဆောင်၊တိုက်ခန်းတွင်
အလွယ်တကူ လုပ်ဆောင်နိုင်ပါသည်)

(မနက်ဖြန် သီတင်းကျွတ် လဆန်း ၁ရက်နေ့ပါ)

မြန်မာ ပြက္ခတိန် မှာ
အပိုင်း (၂ပိုင်း) ရှိပါသည်။

တစ်ပိုင်း လဆန်းပိုင်း
တစ်ပိုင်း လပြည့်ကျော်ပိုင်း

လဆန်းပိုင်း (လဆန်း ၁ရက်နေ့မှ လဆန်း ၁၄ရက်အထိ)
ဆိုရင် စမ်းပြီး လှူရမည့် လှူဖွယ်ရာများကို
ဘုရားရှင် ကိုယ်တော်မြတ်ကြီး အား
အာရုံပြုကာ လှုဒါန်းပါ။

လှူဒါန်းနိုင်သည့် လှူဖွယ်ရာများ

ထမင်းဆီစမ်း
ပေါင်မုန့်နို့စမ်း
ဆွမ်းထမင်းပျားရည်စမ်း
မုန့်ပေါ် အချိုရည်လောင်း(စမ်း)

လဆန်းရက်များတွင် လှုကြည့်ပါ။

လပြည့်ကျော်ပိုင်း (လပြည့်ကျော် ၁ရက်နေ့မှ လပြည့်ကျော် ၁၄ရက်အထိ သို့မဟုတ် လပြည့်ကျော် ၁၃ရက်အထိ) ဆိုရင် ကြော်ထားပြီး လှူရမည့် လှူဖွယ်ရာများကို
ဘုရားရှင် ကိုယ်တော်မြတ်ကြီး အား
အာရုံပြုကာ လှူဒါန်းပါ။

လှုဒါန်းနိုင်သည့် လှူဖွယ်ရာများ

ထမင်းကြော်
ခေါက်ဆွဲကြော်
ကြာဇံကြော်
ပေါင်မုန့်ကြက်ဥကြော်
ကြက်သားကြော်+ဆွမ်းထမင်း
ဝက်သားကြော်+ဆွမ်းထမင်း
ငါးခြောက်ကြော် + ဆွမ်းထမင်း

လပြည့်ကျော်ရက်များတွင် လှုကြည့်ပါ။

02/10/2024

ဤစာဖတ်နေသူသည်

October လ တစ်လလုံး

🍀 ကံကောင်းခြင်း

🍀 ချစ်ခြင်းမေတ္တာ

🍀 ငွေကြေးဥစ္စာပေါများခြင်း

🍀 လာဘ်လာဘပေါများခြင်း

🍀 စိတ်ချမ်းသာခြင်း

🍀 ကျန်းမာခြင်း စသည့်ကောင်းခြင်း အဖြာဖြာပိုင်ဆိုင်နိုင်ပါစေ..

29/09/2024

🪷ဘုမ္မိကာလ မှာ ဘာတွေဖြစ်တတ်လဲ?
🪷ဘုမ္မိကာလ နဲ့ နဝင်းချေယတြာကြီးချေသင့်ပုံ

မယုံမရှိနဲ့ မိတ်ဆွေတို့ရေ ... ကိုယ်တွေ့ ကြုံလို့။ တချို့က ယုံတယ်။ တချို့က ခြိမ်းခြောက်တယ်ထင်တယ်။ ဘာဖြစ်ဖြစ် သတိလေး ကပ်ထားတော့ ကောင်းတာပေါ့။

မြန်မာ့ ဗေဒင်ပညာဟာ တစ်ကမ္ဘာလုံးအတွက်ကိုမှန်နေတာ။

လူတိုင်း ဘုမ္မိနဲ့ ကြုံရမယ်။
ဘုမ္မိဟာ သိပ်ကို ကြောက်ဖို့ ကောင်းပါတယ်။

🚩ဘုမ္မိဟာ
ငွေဝင်ခြင်း၊ ရာထူးအာဏာတတ်ခြင်း၊ ချမ်းသာခြင်း၊ ကျန်းမာခြင်း၊ အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ကံကောင်းခြင်းတွေကို ဘုမ္မိက ဖျက်စီးပစ်နိုင်တယ်။

🚩ဘုမ္မိ ကြုံပြီဆိုရင်
ရုတ်တရက် သေတာ၊ အလုပ်ပြုတ်တာ၊ စီးပွားပျက်တာ၊ မိသားစု ဆွေမျိုးတွေနဲ့ ခွဲခွာရတာ၊ ပြောင်းရွှေ့ရတာ၊ အမှုဖြစ် ထောင်ကျတာ၊ မကြုံဖူးသေးတဲ့ ရောဂါ ဖြစ်တာ၊ အပူသောကနဲ့ ကြုံတွေ့ရတာတွေဟာ ဘုမ္မိက အပြစ်ပေးသလိုပါပဲ။

🚩ဘုမ္မိဟာ ကုလည်း ဆေးမတိုး၊ အနာတခြား ဆေးတခြား၊ ရောဂါ အမျိုးမျိုးဖြစ်၊ ဆေးအမျိုးမျိုးနဲ့ ကုလည်း မပျောက်၊ လူပြု၊စားခြင်းခံရ။ စုန်းတိုက်၊ နတ်တိုက်၊ ကဝေတိုက်၊ စုန်းပယောဂ။ ရိုးရာအနှောင့်အယှက်၊ အိမ်ခိုက်၊ ဆိုင်ခိုက်၊ မြေခိုက် ကြုံရပြီး ကုလည်း မပျောက်၊ ကိုယ်အင်္ဂါ ခွဲစိပ်ကုသရပြီး ရောဂါဖြစ်လည်း မပျောက်ကင်းနိုင် ဘုမ္မိက အဲ့လိုကို ဒုက္ခ ပေးပါတယ်။

🚩ဒါကြောင့် ဘုမ္မိဟာ ဘဝပျက်လောက်အောင် ကြောက်ဖို့ကောင်းတယ်။

☑ဘုမ္မိ ဆိုတာ မိမိမွေးနံကနေ စရေရင် လေးခုမြောက်၊ ခုနစ်ခုမြောက် ဂြိုလ်ကို ဘုမ္မိလို့ ခေါ်ပါတယ်။

☑ဘုမ္မိရဲ့ အဓိပ္ပါယ်က လူသေ မြုပ်နှံရာ သချိုင်း၊ တစ်နည်းအားဖြင့် မကောင်းတဲ့ အညစ်အကြေး စွန့်ပစ်ရာအရပ် အမှိုက်ပုံလို့ အဓိပ္ပာယ် ရပါတယ်။

☑တစ်နည်းပြောရရင် ဘုမ္မိဟာ အနိဋ္ဌ ပါပဲ။

☑ဗေဒင်ပညာရဲ့ သက်ရောက် ဂြိုဟ်စားမှာ ဘုမ္မိကို အခြေခံကာ ဘုမ္မိ၊ ဘုမ္မိလေး၊ ဘုမ္မိကြီး ဆိုပြီး ကြောက်စရာကောင်းတဲ့ နှစ်ကာလတွေ ဖြစ်ပေါ် လာပါတယ်။

☑မွေးနံက စရေရင် လေးခုမြောက် ဘုမ္မိ နှစ်ကိုရောက်ရင် ကျန်းမာရေး ချို့တဲ့ တတ်တယ်။ စိတ်ဆင်းရဲတာတွေ ဖြစ်တတ်တယ်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အညံ့အခိုက်တွေ ကြုံရတတ်ပါတယ်။

☑မွေးနံက စရေရင် ခုနှစ်ခုမြောက် ဘုမ္မိလေးကျ လေးခုမြောက် ဘုမ္မိထက် ပိုဆိုးပါတယ်။ စိတ်ပိုင်းရော ရုပ်ပိုင်းရော ဒုက္ခပေးပါတယ်။ ကျန်းမာရေး ညံ့တာ၊ အမှုဖြစ်တာ၊ စီးပွားပျက်တာ၊ ထောင်ကျတာတွေဟာ ဘုမ္မိ၊ ဘုမ္မိလေး ကြုံနေရတဲ့ နှစ်တွေ ဖြစ်နေပါတယ်။ လင်မယား ကွဲတာ၊ ဘဝင်မကြာတာလည်း ဘုမ္မိလေး ပါပဲ။၊

☑လေးခုမြောက် ဂြိုလ်အိပ်ပြီး ခုနှစ်ခုမြောက် သက်ရောက်ရင်တော့ သူကို ဘုမ္မိကြီးလို့ ခေါ်ပါတယ်။ ဘုမ္မိကြီးကတော့ တစ်ဘဝလုံးရဲ့ အဆိုးဆုံး ကာလပါပဲ။ ဒီဘုမ္မိကြီးကို မဖြတ်ကျော်နိုင်ရင် မကြီးပွားဘူး၊ မချမ်းသာဘူး။ ကြီးပွားလည်း တခဏပဲ။ ဘုမ္မိကို ကျော်ဖြတ်နိုင်သူမှသာ လူပီသပါတယ်။

☑ဘုမ္မိဟာ ဂုဏ်၊ စည်းစိမ်၊ ရာထူး၊ အသက်၊ တည်မြဲ ခိုင်ခန့်မှု မရှိဘူး။ ရန်သူမျိုး ငါးပါးဘေးကြောင့်၊ သူတပါး လုပ်ကြံမှု မမျှော်လင့်ပဲ မထင်မှတ်ပဲ ပုံစံအမျိုးမျိုးနဲ့ သိက္ခာကျ ရုတ်တရက် စီးပွားကျတာ လူ့ဘဝရဲ့ အဆိုးဆုံး အကြမ်းဆုံး အန္တရယ်ကြီးကာလကို ဖြတ်သန်းနေရလို့ပါပဲ။

🚩🚩တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး သားသမီးတွေ ဘုံမိ ကာလမှာ ဂုဏ်၊ စည်းစိမ်၊ ရာထူး၊ သိက္ခာ မထိခိုက်ရင်တောင် နာလန်မထူနိုင်တဲ့ ရောဂါ ဆိုးတွေ ခံစားရတယ်။ ရုတ်တရက် ဘေးကြုံရတတ်တယ်။

🚩🚩အင်္ဂါ၊ ကြာသပတေး၊ သောကြာ၊ စနေ သားသမီတွေ
ဘုံမိကာလမှာ အသက်မသေသော်လည်း ငတ်ကြောရှည်၊ ဂုဏ်၊ စည်းစိမ်၊ ရာထူး၊ ပျက်ပြားတတ်တယ်။ စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်း ခံစားရတတ်တယ်။

🚩🚩တစ်ခုထူးခြားတာကတော့ ဘုမ္မိဟာ အခြေခံလူတန်းစားတွေ၊ လက်လုပ်လက်စားတွေ၊ တစ်နေ့လုပ်မှ တစ်နေ့ စားရတဲ့ လူမွဲတွေကိုကျတော့ ဘုမ္မိက သက်သာခွင့် ပေးတယ်။ ငွေမရှိ၊ ဒုက္ခရောက်နေပြီးသားဆိုတော့ အစဉ်မပြေတာတွေ သိပ်သတိမထားမိတော့ဘူး။

🚩🚩ဒါပေမယ့် အောင်မြင်တိုးတက်ဖို့ ကြိုးစားနေတဲ့ လူလတ်တန်းစားတွေ၊ ကြီးပွားသထက် ကြီးပွားအောင် လုပ်နေတဲ့ သူဋ္ဌေးကြီးတွေ၊ ပညာတတ်ကြီးတွေကိုကျတော့ ဘုမ္မိကြီးက မျက်နှာသာ မပေးဘူး။

🚩🚩ဘုမ္မိကာလမှာ လူတွေဟာ စိတ်ပိုင်းဆိုင်ရာ အားနည်းချက် အမှားရှိတယ်။ စိတ်မတည်ငြိမ်ဘူး။ စိတ်တွေ လှုပ်ရှားနေတယ်။ လူကလည်း ဂနာမငြိမ်ဘူး။ နှလုံးခုန် မြန်နေတတ်တယ်။ ဒေါသတွေ ထွက်နေတယ်။ စိတ်အားလည်း ငယ်နေတတ်တယ်။

🪴တနင်္ဂနွေသားသမီးများ
ဘုမ္မိ ကြုံတွေ့နေတဲ့ နှစ်ကာလကို ရောက်ရင် အရှက်ကွဲတာ၊ အိမ်ထောင်ရေး ရှုပ်ထွေးတာ၊ ဂုဏ်သိက္ခာကျတာ၊ စီးပွားရေး ပြဿနာတွေ ကြုံတွေ့ရတတ်တယ်။
အိမ်ထောင်ရေး ပြုကွဲတာ၊ စီးပွားရေး ဆုံးရှုံးတာ၊ လူမှုရေး၊ ဂုဏ်သိက္ခာကျတာ၊ ကျန်းမာရေးညံ့တာ၊ အလုပ်ပြုတ်တာ၊ အမှုအခင်း၊ သေကွဲ၊ ရှင်ကွဲ ကြဲတာ၊ ရှိသမျှ ကုန်တာ ကြုံရတတ်တယ်။

🪴တနင်္လာသားသမီးများ
ဘုမ္မိကြုံတွေ့နေတဲ့ နှစ်ကာလကိုရောက်ရင် ဆွေမျိုးပြဿနာ၊ သေကွဲ၊ ရှင်ကွဲကွဲတာ၊ ခရီးသွားရင် ဘေးကြုံတာ၊ လမ်းမှာ အသက်ဆုံးရှုံးတာ၊ အမှုဖြစ်တာ၊ ထောင်ကျတာ၊ စီးပြားပျက်တာ၊ ရောဂါ ဝေဒနာဆိုး ခံစားရတာ၊ ဥပစ္ဆေဒက သင့်တာ၊ လူသေလျှင်သေ၊ မသေရင် ဘဝသေတာ၊ အိမ်ထောင် ပြိုကွဲတာ၊ အရှက်ကွဲတာ၊ မုဒိန်းမှုဖြစ်တာ၊ ကြုံရတတ်ပါတယ်။

🪴အင်္ဂါသားသမီးများ
ဘုမ္မိ ကြုံတွေ့နေတဲ့ နှစ်ကာလကို ရောက်ရင် အမှုအခင်း၊ ပြဿနာ ရင်ဆိုင်ရတတ်တယ်။ စီးပွားရေး အတိုက်အခံ၊ ကြုံတာတွေ ဖြစ်တတ်တယ်။ အစိုးရဝန်ထမ်းဆို အမှု ပြဿနာရင်ဆိုင်ရတတ်တယ်။ စည်းစိမ်၊ရာထူး၊ ဂုဏ်သိက္ခာ ထိခိုက်တတ်တယ်။ ကျန်းမာရေး စိုးရိမ်ရပြီး ပစ္စည်းပျောက်၊ သူခိုးခိုးခံရတာ၊ မိသားစုထဲက တစ်ဦးဦး ကျန်းမာရေး စိုးရိမ်ရတတ်တယ်။ ရုတ်တရက် ဘေးတွေ့၊ အလုပ်ပြုတ်၊ ထောင်ကျတာ၊ ပြောင်းရွှေ့ရတာ၊ ရောဂါ ဆန်းတွေ ဖြစ်တာ၊ အရှက်တကွဲ အကျိုးနည်းတာ၊ အိုးအိမ် ဆုံးရှံးတာ၊ နာတာရှည် ရောဂါ ဖြစ်တတ်တယ်။

🪴ဗုဒ္ဓဟူးသားသမီးများ
ဘုမ္မိ ကြုံတွေ့နေတဲ့ နှစ်ကာလကို ရောက်ရင် စိတ်ဆင်းရဲ စေတဲ့ ပြဿနာအချို့ ကြုံရတတ်ပါတယ်။ ငွေကြေးဆုံးရှုံးတာ၊ စီးပွားပျက်တာ၊ သားသမီတွေ အရှုပ်အထွေး ပေါ်တာ၊ ရောဂါရ၊ သေကွဲ ရှင်ကွဲ ဖြစ်တာ၊ ရာထူးပြုတ်၊ အလုပ်ပြုတ်၊ အပြောင်းအရွှေ့၊ ဇနီး၊ ခင်ပွန်း ဖောက်ပြန်တာတွေ ကြုံရတတ်ပါတယ်။ အိမ်ထောင်ရေး အရှက်တကွဲအကျိုးနည်းတာ၊ ဖြစ်တတ်တယ်။

🪴ကြာသပတေးသားသမီးများ
ဘုမ္မိ ကြုံတွေ့နေရတဲ့ နှစ်ကာလကို ရောက်ရင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစိုးရိမ်ရပြီး သေလွယ်တာ၊ ရောဂါ တစ်မျိုးပြီးတစ်မျိုး ဖြစ်တတ်တယ်။ ပြဿနာ အမျိုးမျိုး တွေ့ရပြီး စီးပွားရေးကျဆင်း ပျက်စီးတတ်တယ်။ ဂုဏ်ထူး၊ ရာထူး၊ ရုတ်တရက် ပြုတ်တာ၊ အပြောင်းအရွှေ့၊ အေရးယူခံရတာ၊ တစ်သက်လုံး အဖက်ဆယ်မရနိုင်တဲ့ အရှက်ကွဲတာ၊ သားသမီး၊ မြေး၊ မြစ်အထိ အမျိုးနဲ့ချီပြီး နာမည်ပျက်တာ ဖြစ်တတ်တယ်။ ဘုမ္မိက အသေသတ်လို့ မသေရင် နာတာရှည် ရောဂါဖြစ်တာ၊ လေဖြတ်တာ၊ ကိုယ်လက်အင်္ဂါချို့ယွင်းတာ၊ ဆေးဝါး ဓါတ်စာ မပြည့်စုံတာ၊ စောင့်ရှောက်မယ့်သူ မရှိတာ၊ နေစရာမရှိ စားစရာမရှိ ဘဝနဲ့ သေရတတ်တာ ဖြစ်တယ်။

🪴သောကြာသားသမီးများ
ဘုမ္မိကြုံတွေ့နေရတဲ့ နှစ်ကာလကို ရောက်ရင် ဆွေမျိုးပြဿနာ ပေါ်တာ၊ ဆွေခန်း မျိုးခန်း ပြတ်တဲ့အထိ ကြုံရတတ်တယ်။ အမွေကိစ္စ ရင်ဆိုင်ရတတ်တယ်။ ရုတ်တရက် စီးပွားရေး ရပ်တန့်သွားပြီး ဆုံးရှုံးမှုဖြစ်တတ်တယ်။ လူလိမ် လူညာနဲ့ တွေ့ပြီး အမှုအခင်း၊ပြဿနာရင်ဆိုင်ရတတ်တယ်။ ဂုဏ်သိက္ခာ ကျဆငိး တတ်တယ်။ ခွဲစိပ်ကုသရတဲ့ ရောဂါ ဖြစ်တတ်တယ်။ အလုပ်ပြုတ်၊ နယ်ပြောင်းရွှေ့ခံရ၊ အမှုဖြစ်ထောင်ကျတာ၊ မိသားစု အိမ်ထောင် သေကွဲ၊ ရှင်ကွဲကွဲတာ၊ အိုးမဲ့ အိမ်မဲ့ ဘဝရောက်တာ ၊ ကြုံတွေ့ရတတ်တယ်။

🪴စနေသားသမီးများ
ဘုမ္မိ ကြုံတွေ့နေတဲ့ နှစ်ကာလကို ရောက်ရင် အောင်မြင် နေတဲ့ လုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ မိသားစု ပြိုကွဲခြင်း၊ ရောဂါရခြင်း ကြုံတွေ့ရတတ်တယ်။ စိတ်ဆင်းရဲရပြီး စည်းစိမ်၊ ဥစ္စာ၊ လုပ်ငန်း ဆုံးရှုံးတာ၊ ချစ်သောသူများနဲ့ ကွေကွင်းတာ၊ အသက်မသေသော်လည်း ကိုယ်အင်္ဂါခွဲစိပ်ကုသရပြီး ချို့ယွင်းတာ၊ စိတ်လိုက်မာန်ပါ ဒေါသကြောင့် ထောင် ဆေးရုံ ရောက်ရတတ်တယ်။

🙏ဘုမ္မိကို ကာကွယ်နိုင်တဲ့ ဘုရားကုက ရတနာ ၃ ပါးကို ယုံယုံကြည်ကြည်နဲ့ ဆည်းကပ်သူတွေ၊ ဘုရားရှင်ရဲ့ ပရိတ်တော် ဂုဏ်တော် ဂါထာတွေကို ထုံမွှန်နေအောင် ရွတ်ဖတ်သရဈယ်နေတဲ့သူတွေ၊ သရဏံဂုံ ပွားများသူတွေ၊ နေ့စဉ် မေတ္တာပို့ အမျှဝေ ပဋ္ဌာန်း တရားတော် ရွတ်ဖတ်နေတဲ့သူတွေ ဘုမ္မိက လွတ်ကင်း ကြပါတယ်။

🙏နောက်လည်း နေမင်းပရိတ်ခေါ်တဲ့ နမောတေ ဂါထာကို မနက် ၁၀၈ ခေါက် ညအိပ်ရာဝင်ရင် ၁၀၈ ခေါက် ရွတ်ဆိုရင်လည်း ဘုမ္မိဘေးက ကျော်နိုင်ပါတယ်။ နမောတေဂါထာဟာ အလွန် အစွမ်း ထက်လို့ပါပဲ။

ဗေဒင် ယတြာကိစ္စကျ
(ဥပမာ)

🏵️တနင်္ဂနွေ သားသမီးများ အုန်းလက် တစ်ရပ်စာကို မိမိအရပ်နဲ့ တိုင်းပြီးဖြတ်ပါ။

ဆံပင် အင်္ကျီ အဖျားမှာချည်၊ စာရွက်တစ်ရွက်မှာ နာမည် နေ့သား အသက်ရေး၊ ဆန်တစ်ထုပ် အလယ်မှာ လက်သည်း အင်္ကျီနဲ့ချည်၊ စာရွက်တစ်ရွက်မှာ နာမည်နေ့သားအသက်ရေး၊ ဆန်တစ်ထုပ်၊ အရင်းကျ ခြေသည်း လုံချည်နဲ့ချီ စာရွက်တစ်ရွက်မှာနာမည်နေ့သားအသက်ရေး၊ ဆန်တစ်ထုပ် မိမိမွေးနံကနေစရေရင် လေးခုမြောက် တဲ့ညမှာ မိမိလက်ဝဲဘက် ထားအိပ်။ နောက်တစ်နေ့မှာ ဆန် ၃ ထုပ် ဖြုတ်ယူပြီး မိမိ ဘုမ္မိ အရပ်မှာ ငါ့မကောင်းတဲ့ ဘေးဒဏ် မကောင်းတဲ့ နိမိတ် မကောင်းတဲ့ အတိတ် ကိုယ်ကခွာ၍ အားလုံး သွားရော့ ဆိုပြီး ပစ်လိုက် လုံးဝ ပြန်မကြည့်ရ။

🏵️ဆန် ၃ ထုတ်ယူ ခေါင်းရင်းက ဆန်ထုတ်ကို ဆွမ်းချက် ဘုရားလှူ။

🏵️ခါးလယ်က ဆန်ထုတ်ကို ဆွမ်းဆန်စိမ်းအနေနဲ့လှူ။

🏵️ခြေရင်းက ဆန်ထုတ်ကို စာကလေးကို အစာကျွေး။

🏵️နောက်ပြီး မိမိ မွေးနံ အပင်ကို ရေသက်စေ့ လောင်း၊ ဘုရား မွေးနံထောင့်မှာ ရေသက်စေ့ သပ်ပါယျ၊ ယပ်သက်စေ့ ခပ်ပြီး ဘုရားကို ပူဇော် ဆုတောင်းပါ။

🪴🪴🪴အထူးမှတ်ချက်။ ။

🪴🪴🪴နဝင်း ယတြာ ချေရင် ရက်ပိုင်းအတွင်း ဘုမ္မိ ဆိုးကျိုးက လွတ်ပါတယ် ဆိုတဲ့ သတင်းကောင်းပါးအပ်ပါသည်။ နဝင်းယတြာမှာ သာမန် နဝင်း ယတြာမျိုး မရပါဘူး။ နေ့ အချိန် အရပ်မျက်နှာ ကြိုးနဝင်း ရေမီးအစုံ ပန်းနဝင်း သတ္တဗီသနဝင်း ချေတတ်မှသာ နေ့ချင်းညချင်း ဘုမ္မိ ဆိုးကျိုးက လွတ်ပါတယ်။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့ကို ရိုသေလေးစားလျက်ပါ။

https://www.facebook.com/share/p/qibLLbpuWJb2nXkf/?mibextid=oFDknk

Credit;
Photo Credit;
Link Credit;

28/09/2024

အိမ်ခြောက်လာရင် သတိထား
အိမ်တစ်အိမ်မှာ လာဘ်ပိတ်နိုင်တဲ့
အကုသိုလ်ဝင်နိုင်တဲ့အချက်က ၂ချက်ပဲရှိပါတယ်

၁။အချက်က အိမ်ခြောက်တာ
၂။အချက်က အိမ်ဆူတာပါ

အိမ်ခြောက်တယ်ဆိုတာကို
တော်တော်များများကြုံဖူးကြပါလိမ့်မယ်

မိသားစုလိုက်နေနေရင်းနဲ့
အိမ်က တစ်ခါတစ်လေမှာ
ဘာဖြစ်သွားမှန်းမသိပဲ
စိုစိုပြေပြေမရှိတော့ပဲ
လူမရှိသလို လူမနေသလို
တိတ်ဆိတ်ပြီး
ခြောက်ကပ်ကပ်ဖြစ်သွားတာကို
အိမ်ခြောက်တယ်လို့ခေါ်ပါတယ်

အိမ်ဆူတယ်ဆိုတာက
အလကားနေ မိသားစုတွေ
တစ်ယောက်နဲ့တစ်ယောက်လှည့်ပြီး
ရန်ဖြစ်စကားများနေတဲ့အိမ်တွေပါ

အဲ့လိုတွေကြုံလာရင် ဖြစ်လာရင်
လာဘ်ပိတ်လာနိုင်သလို
အကုသိုလ်တွေလည်းဝင်လာနိုင်ပါတယ်

အိမ်ဆူတယ်
အိမ်ခြောက်တယ်ဆိုတာကလည်း
အကြောင်းမဲ့ဖြစ်လာတာမဟုတ်ပါဘူး

မမြင်ရ မမြင်အပ်တဲ့
နာမ်လောကသားတွေရဲ့
နှောင့်ယှက်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်

အိမ်အိုတွေ အိမ်ဟောင်းတွေမှာ
မကောင်းဆိုးဝါးတွေရှိတယ်
သရဲတွေခြောက်တယ်ဆိုတာ
လူတွေမနေတာကြာလို့
မကောင်းဆိုးဝါးတွေက
ဝင်ပြီး ခိုကပ်နေထိုင်ခြင်းဖြစ်ပါတယ်

လူတွေမနေတော့ရင်
အဲ့ဒီအိမ်တွေမှာ
အစောင့်အရှောက်ဆိုတာလည်း
မရှိတော့ပါဘူး

အဲ့ဒါကြောင့် အဲ့လိုအိမ်တွေဆိုရင်
မကောင်းဆိုးဝါးတွေ
ဝင်ထွက်သွားလာနေထိုင်နိုင်ပါတယ်

လူတွေနေထိုင်နေရင်းနဲ့
အိမ်ခြောက်လာတယ်ဆိုရင်တော့
အိမ်ကိုကြာကြာအခြောက်မခံပါနဲ့

မေတ္တာသုတ်ကိုများများရွတ်ပြီး
ဘုရားတရားအလုပ်ကို
များများလုပ်ပေးပါ

တစ်ချို့အိမ်တွေမှာ
လူတွေနေနေပေမယ့်
လူမနေသလို လူမရှိသလို
အိမ်တွေခြောက်ကပ်နေတာရှိပါတယ်

အဲ့လိုအိမ်မျိုးတွေကို
သွားဝင်ကြည့်လိုက်ရင်
အိမ်ထဲမှာ
ကျန်းမာရေးမကောင်းတဲ့သူ
သို့မဟုတ်
အခက်အခဲပြသနာတစ်ခုခုနဲ့
ရင်ဆိုင်ကြုံတွေ့နေရတဲ့အိမ်တွေသာ
အများဆုံးဖြစ်နေတာကိုတွေ့ရပါတယ်

၁။အချက်က
အိမ်ဆူ အိမ်ခြောက်လာရင်
အဲ့ဒီအိမ်မှာ
ဘယ်သူလုပ်လုပ်မလုပ်လုပ်
တစ်ယောက်ကတော့
ဘုရားတရားအလုပ်ကိုလုပ်ပြီး
ပြင်းပြင်းထန်ထန်ခုခံကာကွယ်မှသာ
ပြန်ပြီးအဆင်ပြေပါလာပါလိမ့်မယ်

အဲ့လိုမှမလုပ်ဘူးဆိုရင်
၁။အချက် အရင်လာဘ်ပိတ်လာပြီး
၂။အချက်က အကုသိုလ်
အလုံးအရင်းနဲ့ တစ်ခုပြီးတစ်ခု
ဝင်လာတော့မှာပဲဖြစ်ပါတယ်

အိမ်ခြောက်လာပြီဆိုတာနဲ့
မကောင်းဆိုးဝါးတွေဝင်လာပြီး
အိမ်မှာနေတဲ့မိသားစုဝင်တွေကို
အိမ်မှာမနေနိုင်တော့အောင်
ပြသနာတွေ အကုသိုလ်တွေ
တစ်ခုပြီးတစ်ခုနဲ့
ဖယ်ထုတ်မောင်းထုတ်ပါလိမ့်မယ်

အဲ့ဒါကြောင့်
အိမ်မှာလူတွေနေထိုင်လျှက်နဲ့
လူမနေသလို လူမရှိသလို
နေ့ရော ညရော တိတ်ဆိတ်ပြီး
ခြောက်ကပ်လာပြီဆိုရင်
ဘုရားတရားများများလုပ်ပြီးတော့သာ
ပြန်ပြီးခုခံကာကွယ်ထားပါ

အဲ့လိုမလုပ်ရင်တော့
မလိုလားတဲ့ပြသနာတွေ
အပူသောကတွေ
တစ်ခုပြီးတစ်ခုရောက်လာပြီး
ရင်ဆိုင်ကြုံတွေ့ရပါလိမ့်မယ်

.. ဘုန်းကြီး

27/09/2024

မင်္ဂလာနံနက်ခင်းပါရှင်

ကျန်းမာချမ်းသာကြပါစေ

လိုအင်ဆန္ဒများပြည့်စုံကြပါစေ

23/09/2024

ယနေ့ခေတ် မြန်မာနိုင်ငံမှာ အလှူခံတဲ့အခါ

Push မလုပ်မိပါစေနဲ့။ ဒီကာလက လူတိုင်းခက်ခဲ နေကြတာပါ။ ကိုယ်က သူလှူနိုင်တယ်ထင်ပြီး ခင်လို့ပဲဖြစ်စေ မခင်လို့ပဲဖြစ်စေ personally ( ph, chat box , by name or verbally etc;)အလှူသွားခံတာ
ပါပဲ ။ ဒါပေမယ့် ကိုယ်သိထားရမှာ သူ့ဆီမှာ အလှူလာခံတာ ကိုယ်တယောက်တည်း ဟုတ်ချင်မှ ဟုတ်မှာပါ။
ရှေ့မှာ သူ ဘာတွေလှူခဲ့ပြီးပြီလဲ တချို့က ဖော်ပြကြတယ် တချို့ကမဖော်ပြကြဘူး။

ဒါပေမယ့် ကိုယ်ကအလှူသွားခံတဲ့အတွက် သူ့အနေအထား နဲ့ မရှိဘူး မပြောချင်တာလဲဖြစ်နိုင်မယ်။
ရှေ့မှာလှူထားရတာတွေများလို့ ထပ်လှူဖို့ခက်ခဲနေတာလဲရှိမယ်။ အားလုံးက အဆင်ပြေနေတယ်လို့ထင်ပေမယ့် အဆင်ပြေမနေတာလဲရှိမယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် အလှူခံမယ်ဆို တဖက်သားကို ကုသိုလ်ပဲဖြစ်ပါစေ။ အလှူဆိုတာ စိတ်ရှင်းဖို့ အရေးကြီးပါတယ်။ မလှူနိုင်တာပဲ ဖြစ်ဖြစ် ယုတ်ဆွ မလှူချင်တာပဲ ဖြစ်ဖြစ် ဘယ်လိုဖိအားမျိိုးမှ လှူဖို့ မပေးသင့်ပါဘူး။

ပရဟိတစိတ်ပဲဖြစ်ဖြစ် သူရဲကောင်းစိတ်ပဲဖြစ်ဖြစ်
မွန်မြတ်တဲ့ စိတ်ထားဟာ သူ့အလိုလိုပဲ ပေါ်ထွက်တတ်တာမျိုးပါ ။

Crd 🙏🙏🙏

19/09/2024

ဆီမီးခွက်မငွေလှိုင်ရယ်....
အမှန်ပါ....နော်....တကယ်....
ချစ်သူဝိုင်းဝိုင်းလည်....

😘🍀😘

17/09/2024

ချစ်တဲ့သူကိုဘယ်လိုမေတ္တာပို့ရမလဲ....လာ....လာမေးကြလို့
ထိ​ရောက်တဲ့မေတ္တာပို့နည်းလေးတင်ပေးလိုက်တယ်နော်။

#အကြည်ဓာတ်ခြောက်ပါးမေတ္တာပွားနည်း
_________________________

( ကျေးဇူးတော်ရှင် လယ်တီဆရာတော်
ဘုရားကြီး၏မေတ္တာပို့နည်းအပြည့်အစုံ)

လူတစ်ဦးတစ်ယောက်ကို
မေတ္တာပို့တော့မယ်ဆိုရင်
အရင်ဆုံး
အကြည်ဓာတ် (၆)ပါးဆိုတာကို
သိထားရမယ်။

လူတစ်ဦးတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ
အကြည်ဓာတ် (၆) ပါးဆိုတာ ရှိတယ်။

အဲဒီ အကြည့်ဓာတ် (၆)ပါးကို
အနုလုံ ပဋိလုံ ပို့ပေးရမှာ ။

မြန်မာလိုပြောရရင်တော့
အပြန်ပြန် အလှန်လှန်ပေါ့။

အရင်ဆုံး
အကြည်ဓာတ်(၆)ပါးကို ပြောပြမယ်။

မျက်စိအကြည်ဓာတ်..........
နားအကြည်ဓာတ် ............
နှာခေါင်းအကြည်ဓာတ်..........
လျှာအကြည်ဓာတ်............
ကိုယ်အကြည်ဓာတ်..........
ဟဒယ(နှလုံး)စိတ်အကြည်ဓာတ်..........

အဲဒီ အကြည်ဓာတ် (၆)ပါးကို
လေးလေးနက်နက် အာရုံပြုပြီး မေတ္တာပို့ပေးရမယ်။

မျက်စိအကြည်ဓာတ်ကို
မေတ္တာပို့ပေးတော့မယ်ဆိုရင်
သူ့ရဲ့ မျက်လုံးအတွင်းထဲက
အကြည်ဓာတ်ကလေးကို
အာရုံပြုပြီးနာမည်ကို ဆိုပြီး
လေးလေးနက်နက် အာရုံပြုပြီး
မေတ္တာပို့ပေးရမယ်။

နားဆိုလည်း နားပေါ့။
လျှာဆိုလည်း လျှာပေါ့။
ဥပမာ ဒီလို မေတ္တာပို့ပေးရမယ်။

ကို/မ.........ရဲ့ မျက်စိအကြည်ဓာတ်လေး
ကျန်းမာပါစေ..
ချမ်းသာပါစေ...
အေးချမ်းပါစေ

ကို/မ.........ရဲ့ နားအကြည်ဓာတ်လေး
ကျန်းမာပါစေ...
ချမ်းသာပါစေ ...
အေးချမ်းပါစေ..

ကို/မ...........ရဲ့ နှာခေါင်းအကြည်ဓာတ်လေး
ကျန်းမာပါစေ..
ချမ်းသာပါစေ...
အေးချမ်းပါစေ

ကို/မ...........ရဲ့ လျှာအကြည်ဓာတ်လေး
ကျန်းမာပါစေ...
ချမ်းသာပါစေ ...
အေးချမ်းပါစေ..

ကို/မ............ရဲ့ ကိုယ်အကြည်ဓာတ်လေး
ကျန်းမာပါစေ..
ချမ်းသာပါစေ...
အေးချမ်းပါစေ

ကို/မ............ရဲ့ စိတ်အကြည်ဓာတ်လေး
ကျန်းမာပါစေ...
ချမ်းသာပါစေ ...
အေးချမ်းပါစေ..

အဲဒီလို အစဉ်အတိုင်း ပို့ပြီးရင်
နောက်တစ်ခေါက်
အောက်ကနေ ပြန်ပြီးပို့ရမယ်။
ဒီနည်းအတိုင်းသာ ပို့ပေးပေတော့။

(အောက်ကနေ အထက်သို့ပြောင်းပြန်ပို့ပုံ)

ကို/မ.............ရဲ့ စိတ်အကြည်ဓာတ်လေး
ကျန်းမာပါစေ...
ချမ်းသာပါစေ ...
အေးချမ်းပါစေ..

ကို/မ.............ရဲ့ ကိုယ်အကြည်ဓာတ်လေး
ကျန်းမာပါစေ..
ချမ်းသာပါစေ...
အေးချမ်းပါစေ

ကို/မ...........ရဲ့ လျှာအကြည်ဓာတ်လေး
ကျန်းမာပါစေ...
ချမ်းသာပါစေ ...
အေးချမ်းပါစေ..

ကို/မ.............ရဲ့ နှာခေါင်းအကြည်ဓာတ်လေး
ကျန်းမာပါစေ..
ချမ်းသာပါစေ...
အေးချမ်းပါစေ

ကို/မ............ရဲ့ နားအကြည်ဓာတ်လေး
ကျန်းမာပါစေ...
ချမ်းသာပါစေ ...
အေးချမ်းပါစေ..

ကို/မ..........ရဲ့ မျက်စိအကြည်ဓာတ်လေး
ကျန်းမာပါစေ
ချမ်းသာပါစေ
အေးချမ်းပါစေ

ဟုတ်ပြီနော်။

အဲဒီလို မေတ္တာပို့ပေးရမယ်။
မေတ္တာပို့တိုင်း မေတ္တာပို့တိုင်းလည်း
မျက်စိဆိုရင်မျက်စိကို သေသေချာချာ
အာရုံပြုရမယ်။မြင်အောင် ကြည့်ရမယ်။

အဲဒီအတိုင်းသာ
ပုံမှန် မေတ္တာပို့ပေးမယ်ဆိုရင်
သေချာပေါက် ပြောနိုင်ပါတယ်။

ကိုယ်ပို့သတဲ့ မေတ္တာတရားဟာ ရက်ပိုင်းအတွင်း
ပို့ချင်တဲ့ လူရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို
စိမ့်၀င်ပျံ့နှံ့ သွားမယ်ဆိုတာကို
ရဲရဲကြီး အာမခံပါတယ်။

Credit original uploader and photo

12/09/2024

မင်္ဂလာနံနက်ခင်းပါရှင်

မြန်မာပြည်သူပြည်သားအားလုံး

ကပ်ကြီးသုံးပါးမှလွတ်ကင်းကျော်လွှားနိုင်ကြပါစေ

🙏🙏🙏

09/09/2024

#ကြယ်ငါးကောက်သူများ
~~~~~~~~~~~
***************

တစ်ခါတုန်းက အဘိုးအိုတစ်ယောက်ဟာ
မနက်တိုင်းမနက်တိုင်း ကမ်းခြေတစ်လျောက်မှာ
လမ်းလျောက်လေ့ရှိတယ်တဲ့။
တစ်နေ့တာလုပ်ငန်းတွေကို မစတင်ခင်မှာ
ဒီလိုမျိုးလမ်းလျောက်ရတာလည်း အကျင့်တစ်ခု
ဖြစ်နေသတဲ့လေ။

တစ်ခုသောညမှာတော့ အဘိုးအိုလျောက်လေ့ရှိတဲ့
ကမ်းခြေတစ်လျောက်မှာ မိုးသက်မုန်တိုင်းကြီး
ကျပါလေရော။
အဲ့ဒီ မုန်တိုင်းကြီးပြီးတော့ နောက်တစ်နေ့
ရောက်တဲ့အခါ အဘိုးအိုလည်း ထုံးစံမပျက်
ကမ်းခြေမှာလမ်းလျောက်ပါတယ်။

ဒါပေမဲ့ အဲ့ဒီမနက်ခင်းမှာတော့ မြင်ရတဲ့
မြင်ကွင်းတွေဟာ ခါတိုင်းနေ့တွေနဲ့မတူတော့ပါဘူး။

ပတ်ဝန်းကျင်တစ်ခုလုံး အုပ်မှိုင်းမှိုင်းဖြစ်ပြီး
ကြည်ကြည်လင်လင်မရှိလှဘူး။

ထူးခြားတာတစ်ခုကတော့ ကမ်းခြေတစ်ခုလံးမှာ
မုန်တိုင်းနဲ့အတူပါလာတဲ့ ကြယ်ငါးလေးတွေ
ပြန့်ကျဲနေပါတော့တယ်။

အဘိုးအိုလည်း လမ်းဆက်လျောက်လာရင်းနဲ့
တစ်နေရာအရောက်မှာတော့ထူးခြားမှုတစ်ခုကို
သတိပြုမိပါတယ်။

အရမ်းကိုငယ်ရွယ်လှတဲ့ကောင်လေးတစ်ယောက်
အားကြိုးမာန်တက်နဲ့ကို ကမ်းခြေမှာ သောင်တင်
နေတဲ့ ကြယ်ငါးတွေကို ပင်လယ်ပြင်ဆီကို
ကောက်ယူသယ်ဆောင်သွားပေးနေတာပါ။

အဘိုးအိုလည်း စိတ်ဝင်စားသွားပြီး ကောင်လေးရဲ့
လှုပ်ရှားမှုတွေကို စောင့်ကြည့်နေလိုက်တယ်။

အတော်အတန်ကြာတဲ့အထိ ကောင်လေးဟာ
ကြယ်ငါးတွေကို နိုင်သလောက် သယ်သွားလိုက် ၊
ပင်လယ်ထဲလွှတ်ပေးလိုက် ၊ နောက်တစ်ခေါက်
ပြန်လာလိုက်နဲ့ ၊ အလုပ်ရှုပ်နေပါတော့တယ်။

နောက်ဆုံးအဘိုးအိုလည်း မနေနိုင်တော့တာနဲ့
ကောင်လေးကို ဖွင့်ဟမေးလိုက်ပါတယ်။

"ကောင်လေး....မင်းဘာလုပ်နေတာတုန်း"
"ကျွန်တော် ကြယ်ငါးလေးတွေကိုယူပြီး
ပင်လယ်ထဲကိုလွှတ်ပေးနေတာပါ"
"ဘာလို့ အဲ့ဒီလိုလုပ်နေတာတုန်း"
"ခဏနေလို့ နေမြင့်လာရင် ကမ်းခြေမှာရှိတဲ့
ကြယ်ငါးတွေအားလုံး သေကုန်ပါလိမ့်မယ်။

အဲ့ဒါကြောင့် သူတို့ကို ပင်လယ်ပြင်ဆီပြန်ရောက်အောင် လွှတ်ပေးနေတာပါ။"

ကောင်လေးရဲ့အဖြေစကားကိုကြားတော့ အဘိုးအို
သဘောကျစွာ ပြုံးမိတယ်။

"ကမ်းခြေမှာ ကြယ်ငါးလေးတွေ ဒီလောက်တောင်
များနေတာကွာ မင်းဘယ်လိုလုပ် ကုန်အောင်
လွှတ်ပေးနိုင်မှာတုန်း"

"ကမ်းခြေမှာရှိတဲ့ ကြယ်ငါးတွေအားလုံးကို
လွှတ်ပေးဖို့ကတော့ မဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ ကျွန်တော်လက်လှမ်းမှီသလောက်တော့
လွှတ်ပေးလို့ရပါတယ်။

အနည်းဆုံးတော့ ကျွန်တော်လွှတ်ပေးခွင့်ရမယ်။
ကြယ်ငါးလေးတွေဟာ ဒုက္ခကနေလွတ်မြောက်ပြီး
ပင်လယ်ပြင်ထဲ ကူးခတ်ရှင်သန်ခွင့်ရမယ်ဆိုရင်
ကျေနပ်ပါပြီ။"

ကောင်လေးရဲ့စကားကိုကြားရတော့ အဘိုးအို
မှင်သက်သွားမိတယ်။
နောက်ပြီးသတိတစ်ခုလည်း ဝင်သွားတယ်။

လောကမှာလူတိုင်းကိုကူညီဖို့ဆိုတာ မဖြစ်နိုင်ဘူး။
လူတိုင်းကို လမ်းမှန်ရောက်အောင် လုပ်ဖို့ဆိုတာလည်း
မဖြစ်နိုင်ဘူး။
လူတိုင်းကိုစောင့်ရှောက်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။

ဒါပေမဲ့ လက်လှမ်းမှီသလောက် လူတွေကိုတော့
ကူညီလို့ရတယ်။
လမ်းမှန်ရောက်အောင် လုပ်လို့ရတယ်။
စောင့်ရှောက်လို့ရတယ်။

လောကရဲ့အကျိုးအတွက် နိုင်သလောက်ဝန်ကို
နိုင်သလောက်အားနဲ့ ထမ်းနေတဲ့သူတွေတိုင်းဟာ
ကြယ်ငါးကောက်သူတွေပါပဲ

ကြယ်ငါးလေးတွေကို နိုင်သလောက် လက်လှမ်း
မှီသလောက် ကောက်ကျရအောင်လား။

#ဆရာဖေမြင့်ရဲ့နှလုံးသားအဟာရများစာအုပ်မှ......

Wai PonLa.

#မူရင်းရေးသားသူအားလေးစားစွာcreditပေးပါတယ်ရှင့်
#စာပေချစ်မြတ်နိူးသူများအားလုံးကိုလေးစားလျက် 🙆
#ချစ်မိတ်ဆွေများအားလုံးကျန်းမာပျော်ရွှင်သောနေ့ရက်လေးများကိုပိုင်ဆိုင်နိုင်ကြပါစေရှင် 🙏

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon