Online consultation and home visit heath care service

Online consultation and home visit heath care service

Share

ရောဂါဆိုတာ မဖြစ်လေကောင်းလေ

16/06/2025

ဆရာလူနာတက်လို့ ဆိုပြီး လာပင့်တိုင်း လူနာတက်ချိန်သည် အများသောအားဖြင့် ၁ မိနစ်မှ ၅ မိနစ်ကြားဖြစ်ခြင်းကြောင့် တက်နေစဉ်ဆရာဝန်နှင့်လူနာတွေ့ရန် ရာခိုင်နှုနိးနည်းပါးလိမ့်မည်
သို့ဖြစ်၍ အိမ်သားကိုယ်တိုင်သိထားသင့်သော
Fit ဖြစ်နေသူအတွက် First Aid ပြုစုနည်းကို ဖေယ်ပြလိုက်ရပါတ်

အရေးကြီးသော အချက်များ (Do’s)
----------------------------------------
1. လူနာ၏ ခန္ဓာကိုယ်နဲ့ ဦးခေါင်းကို ပျော့သောအရာ(ဥပမာ–အင်္ကျီ၊ အဝတ်) ပေါ်တွင် ဘေးတစောင်းအနေအထားနှင့် ထားပါ
2.လေရနိုင်အောင်လုပ်ပေးပါ
• လူနာအနားက အုံနေသောလူများကို ချက်ချင်းဖယ်ရှားပေးပါ။
• လူနာက လည်ချောင်းထဲမှာ အစာ ကွမ်း သွားတုမရှိကြောင်းစစ်ဆေးပြီး ရှိရင်ဖယ်ထုတ်ပါ။
3. အန္တရာယ်ကင်းသောနေရာသို့ရွှေ့ပါ
• လူနာအနားက ပြုတ်ကျ၍အန္တရာယ်ရှိသောပစ္စည်းများ (စားပွဲထောင်၊ ထိုင်ခုံများ၊ မီးဖို) နှင့်ဝေးအောင်ရွှေ့ပါ
• လှုပ်ရှားလာလျှင် ဖိတားခြင်းမပြုပါနှင့်။
4. Fit ပြီးဆုံးချိန်မှာ
• လူနာကို recovery position ( ဘေးတံစောင်း အပေါ်ဘက်ရှိသောလက်ခြေကိုကွေး၍ ထားပြီး ဦးခေါင်းလည်ပတ်အောင် )ချထားပါ။



မလုပ်သင့်သောအရာများ (Don’ts).....
• မျက်လုံး နှာခေါင်း ပါးစပ်ထဲသို့ မည်သည့်ပစ္စည်းမှ မထည့်ပါနှင့်။ ခြေမချိုးခြင်း လကချိုးခြင်းမလုပ်ရပါ
• လှုပ်နေစဉ် လက်နဲ့မဖိပါနှင့်။
• ရေ မသောက်ခိုင်းပါနှင့်။
• သတိပြနိမရခင် မလိုအက်သော ဆေးမသောက်ခိုင်းပါနှင့်။


ဆေးရုံတင်သင့်သည့်အခြေအနေများ
• Fit ကြာချိန် ၅ မိနစ်ကျော်နေပါက
• Fit ပြီးပြီးနောက် အသိမပြန်လာပါက
• ခန္ဓာကိုယ် ဒဏ်ရာရှိခြင်း
• အလွနိအကျွ့သွေးတိုးနေခြင်း
• ပထမဦးဆုံးဖြစ်ခြင်း (First time seizure).........

05/10/2023

ဆေးအလျူပါဗျ
Enoxaprine
2024 /7 လပိုင်းDate
0.4 and 0.6
Levoflox infusion 6/2024
Albumin 11/23 2လုံး
များလိုအပ်လျှင် လူနာဆေးစာအုပ်ပြ၍ အခမဲ့လာယူနိုင်ပါသည်...
ရန်ကုန် မရမ်းကုန်း
နယ်များမှလိုအပ်လျှင် Cb မှဆက်သွါယ်နိုင်ပါသည်
Ph 09799544570

25/04/2023

ကရင်ပြည်နယ်ရွာလေးတစ်ရွာမှာ
မြို့တက်အလုပ်ရှာပါ
ရွာကိုထားခဲ့ တက်လမ်းရှာပါ ဆိုတာ အကြိမ်ကြိမ်ငြင်းခဲ့သူ
တရွာလုံး တစ်ယောက်သူတစ်ယောက်တည်းပညာတတ် တစ်ယောက်ထဲ မြန်မာစကားပြန်
ရွာကလူဆေးရုံတက်ရင် ကိုယ်နဲ့ဘားမှမတော်ပဲ လိုက်ပေးရ....
Synto မရှိတဲ့ရွာမှာ NS ချိတ် ရေနွေးအိတ်နဲ့ PPH ကုခဲ့ရသူ
Male nurse ဆရာလေးတစ်ယောက်ရှိလေရဲ့...
လိုင်းမကောင်းလို့ လူနာလာလို့ Case ကြီးရင် တောင်ကုန်းပေါ်တက် ဖုန်းလေးဆက်ပြီး ကျွန်တော်နဲ့ အတူတရွာလုံးကို ဆေးကုပေူခဲ့တာ
စေတနာနားမလည်းတဲ့လူနာက ဆေးမထိုးပေးလို့အော်ဆဲမတတ်......
ခုထိတော့ ငတ်တလှည့်ပြတ်တလှည့်ပေကပ်နေရင်း လူနာတွေ ပေးတဲ့ ပစ္စည်း ဆရာနဲ့ လည်းဆိုင်ပါတယ်ဆိုပြီး ထည့်ပေးလိုက်လေရဲ့......
ဒူးရင်းဆိုတာမျိုးကလည်း သူဌေးစာ
သူမှမကြွေးရင် ဒီတစ်ရာသီစားရဖို့မမြင်
ဆရာဝန်ဆိုတာမျိုးက ပညာတတ် ထမင်းငတ်အုပ်စုထဲ မှာ နံပါတ်စဥ်ချိတ်တဲ့အမျိုးဆိုတော့ စားစရာက ကြွားစရာတွေပဲဖြစ်လာတော့တယ်

13/04/2023

ဆေးပညာအသိနှင့်လွဲမှားအယူအဆများ နှင့် အလကားဆရာဝန်များအကြောင်း....
ဤစာသည် ဆောင်းပါးဖြစ်သဖြင့် ကျန်းမာရေး လူမှုရေးနှင် စာရေးသူအာဘော်များပါသည်....
1)အကြောဆေးနှင့် အားဆေးသွင်းခြင်းအယူအဆများ
မြန်မာပြည်ရှိ လူအများစုသည် ပင်ပန်းနွမ်းနယ်လာပါက ဆေးခန်းသွားအကြောဆေးလေးသွင်းလိုက်မှ သက်သာပျောက်ကင်းသည်ဟု အသိရှိသည်...
ယနေ့ခေတ် ဆေးခန်းအများစုမှသည်လည်း အကြောဆေးသွင်းခြင်း အားဆေးသွင်းခြင်းကို လူနာဆန္ဒပေါ်မူတည်၍ ထိုးနှံပေးကြသည်... အများသောအားဖြင့် Vit B6 B12 VitC နှင့် Folic acid စသည်များကို Glucose နှင့် လည်းကောင်း Glucose မပါပဲလည်းကောင်း မော်လာရာမင်း ဟုခေါ်သော အသားဓါတ်အားဆေးကို လည်းကောင်း ထိုးနှံပေးကြသည်.
ထိုဆေးများသည် အန္တရယ်ရှိမှုအနည်းဆုံးဟုဆိုသော်လည်း လုံးဝအန္တရယ်ကင်းနေတာမျိုးတော့မဟုတ်သလို ထိုရံဖန်ရံခါထိုးနှံခြင်းကြောင့် ခန္တာကိုယ်ထဲတွင်လည်ထိရောက်မှု အလွန်အမင်းကြီးမားစွာပေးနိုင်မည်မဟုတ်ပါ...
အများသောအားဖြင့်မိမိပါးစပ်ဖြင့်မစားနိုင်ခြင်းနှင့် အခြားသောလိုအပ်ချက်များရှိမှသာ သွေးပြန်ကြောမှတစ်ဆင့်ဆေးသွင်းခြင်းကို လုပ်ကြရပါသည်....
အကြောဆေးသွင်းခြင်းသည် လူနာ၏စိတ်ကို အဟာရပေးယုံမျှသာဖြစ်သည်....
အကြောဆေးသွင်းခြင်း၏ ဖြစ်တောင့်ဖြစ်ခဲဖြစ်သော Fluid overload, Anaphylasix, IV site infection, Metabolic syndrome စသည့်ဆိုးကျိုးများရှိသည်ကို သာမန်လုပ်သားပြည်သူများ အသိထပ်လွဲမည်ဆိုးသောကြောင့် အကျယ်တပွင့် မရေးလိုပါ... အကယ်၍ ကျွန်ုပ်ဖွင့်ဆေးခန်းတွင် အကြောဆေးသွင်းချင်လို့ ဟုဆိုပြီး လူနာရောက်လျှင် အပြုံးတုလေးပြုံးလျက် အောင့်သက်သက်နှင့်သွင်းပေးရုံမှတပါး အခြားမရှိ... ဆရာဝန်သည်လည်း အစာအိမ် ရှိသည်.....
သို့သော် မိမိ ဆေးခန်း သို့မဟုတ် ဆေးရုံတွင် အကြောဆေး သွင်းဝန်ဆောင်မှုအကြောင်း ကြော်ငြာပါက ဆရာဝန်တစ်ယောက် အနေနှင့်၊ ဆေးခန်းတစ်ခုအနေနှင့် ရှက်စရာကောင်းလှသည်....
2) ကိုယ်ဝန်ဆောင်နှင့်အစားရှောင်ခြင်း
မိခင်နို့ရည်သည် အစာအိမ်နှင့်တိုက်ရိုက်ချိတ်ဆက်မနေပါ...
မိခင်စားလိုက်သော အရာများသည် အသားဓါတ် ကစီဓါတ် သံဓါတ် ဗီတာမင် စသည်များပြိုကွဲပြီးနောက် သွေးမှတဆင့် နို့ရည်ဂလင်းများသို့ ရောက်ပြီးလျှင် အဟာဖြစ်သောနို့ရည်အဖြစ် ပြောင်းလဲပြီးမှသာ ကလေးထံသို့ရောက်သည်.... (ချွင်းချက်... အချို့သောဆေးဝါးများသည် နို့ရည်ထဲသို့ ရောက်ရှိနိုင်သည်).....
အစားရှောင်ခြင်းကြောင့် ကလေးသည် အဟာရမပြည့်ဝခြင်း မီးတွင်းအသားဝါခြင်း ပိုးဝင်ခြင်းများဖြစ်နိုင်သည်...
မြန်မာလူမျိုးများ ပြောရခက်သည်... ဟင်ချိုမှလွဲ ဘာမှမသောက်
ထို့ကြောင့်ပင် နွားတစ်ကောင်လုံး အသုံးပြုနည်းစာအုပ်တွင် နွားမြှီးကို အရွက်စုံထည့် ဟင်းချိုလုပ်နည်းကို
"သူ့လင်စို့တောင် မကုန်" ဟုအောက်လုံးနှော၍ စကားလှည့်ရေးသားထားသည်....
နို့တိုက်မိခင်သည် အစားရှောင်ရန်မလိုပါ.....

3) စပ်ဆေးများ နှင့် လမ်းကြုံဆရာဝန်
စပ်ဆေးများ ဒုက္ခပေးမှုကြောင့် မြန်မာတွင် ဆေးယဥ်ပါးခြင်း သွေးတိုးဆီးချို အဝလွန်ခြင်းများ ရာခိုင်နှုန်းများစွာ တိုးပွားလာလျက်ရှိသည်ကို အမျိုးမျိုးသော စာပေ ဆောင်းပါးများတွင် တွေ့ကောင်းတွေ့နိုင်ပါလိမ့်မည်ဖြစ်သည်ကြောင့် စပ်ဆေးမျအကြောင်း အကျယ်တပွင့်မရေးလိုပါ...
သို့သော် မိမိဆေးခန်းထံ အကြောတက် ညောင်းကိုက်လူနာတစ်ယောက်ရောက်လာလျှင် ဆရာဝန်တစ်ယောက်အနေနှင့်မျက်စိဖြင့်ခြုံငုံကြည့်သည်...သွေးပေါင်ချိန်သည်... အဆုတ်နှင့် နှလုံးကေိုနားထောင်သည်.. ခြေထောက်ဖောမဖောကြည့်သည်.. ပိုပိုသာသာလုပ်လျှင်ရင် ဗိုက်ကိုစမ်းသပ်မည်... အကြောတက်သောနေရာတွင် အလုံးအကြိတ်ရှိနေလားဖိကြည်မည်.. အသက်ကြီးလျှင် ဆီျိုဖောက်ကောင်းဖော်ကြည့်မည်... ဤမျှလုပ်ပြီး ဆရာဝန်မှ Para လေးတစ်နေ့ ၂ ကြိမ်လောက်ပေးလိုက်လျှင် လူနာမှာ မ​ကျေနပ်... ဆရာဝန်သည် သင့်ကို paracetamol ပေးနိုင်ရန် ဦးနှောက် ရာခိုင်နှုန်းများစွာ အသုံးပြုပြီးဖြစ်သည်... ၎င်းနောက် ဆေးခန်းကပြန်လျှင် စပ်ဆေးဝယ်သောက်ကြသည်.... စပ်ဆေးဆိုင်သည် သင့်မျက်နှာကို ကြည့်မည်မဟုတ် သင့်ငွေဘယ်လောက်ပါလဲကြည့်မည်... သင့်ဝတ်စားဆင်ရင်ပုံကိုကြည့်မည်... သင့်ငွေကြေးတက်နိုင်မှုပေါ်မူတည်၍ ဆေး ကွာလတီ ချိန်ပေးမည်... စတီးရှိုက်ခေါ် ဟိုမုန်းဆေးပေးမည်... ဤကားဖြစ်တန်သောသဘောရှိသည်... ရှိစေတော့.....
ပိုဆိုးသည်မှာ အအေးထွက်ဝယ်သောဆရာဝန်ကို အအေးဆိုင်မှ ဆရာရေကျွန်တော်အကြောတွေ တက်နေတာ ဘာသောက်ရမလဲမေးသည်...
ဆေးခန်းတွင်လို ဘာမှစမ်းသပ်လို့မရ... မျက်စိဖြင့်ကြည့်သည်.. နည်းနည်းပိုပိုသာသာ လက်ကောက်ဝတ်သွေကြောကိုင်လိုက်သည်ထားဦး... ပြီးနောက် Para နဲ့ Barplex လေးတွဲသောက်ပါဟာပြောလိုက်သည်... ထိုဆေး ၂မျိုးပေးရန် ဆရာဝန်သည် ပါးစပ်ထဲရှိသည့် ဆေးပြောခဲ့တာမဟုတ်ပါ ..မိမိ လမ်းကြုံ မျက်စိနှင့်ကြည့်၍ လုပ်နိုင်သမျှပေးခဲ့သော ဆေးဖြစ်သည်... အအေးဆိုင်က ထွက်သည်နှင့် ဆိုင်ရှင်မှာ အကြောတက်တာ Para လောက်တော့ သောက်တတ်တာပေါ့ ဟူ၍ကွယ်လျိုးပြောနေနိုင်သည်... အလကားကုတော့အလကားဆရာဝန်ဖြစ်ချေပြီ.... ဤပြသနာ ဆရာဝန်တိုင်းကြုံဖူးသည်...
ရှောင်မရပြီ... ရှိစေတော့.........
အခြားအဖြစ် ဆရာဝန်နှင့် လူနာကြားမှထားရှိသင့်သော အပြန်အလှန်နားလည်မှုအကြောင်းပေးပါဦးမည်...
စာရှည်လျှင်လိုရင်ပျောက်မည်စိုးသည်...
ရည်ရွယ်ချက်မှာ မိမိပတ်ဝန်းကျင်က ဆရာဝန်ကို တန်ဖိုးထားတတ်စေလိုသည်........

07/03/2023

အမေးများဆုံးမေးခွန်းအားဖြေကြားခြင်း............
"ဆရာ အမျိုးသားအင်္ဂါကြီးချင်ရင်ဘယ်လိုလုပ်ရမလဲ"
၎င်းမေးခွန်းအား မေးမြန်းကြရာတွင် အွန်လိုင်းမှတစ်ဆင့် မေးကြခြင်းမှာ မျက်နှာပူ စရာ မရှိတာကတစ်ကြောင်း
မိမိဘယ်အရွယ်ရှိသည်ကို ဆရာဝန်အားပြစရာမလိုတညတစ်ကြောင်း အမျိုးမျိုးသောအကြောင်းအရာများကြောင့်အလွယ်တကူ မေးတတ်သည်........
အမေးလွယ်၍ အဖြေခက်သည်
မိမိတို့ ဆရာဝန်စာတွင် အမျိုးသားလိင်တံ၏ Anatomy ခန္ဓာဗေဒသာ သင်ခဲ့ရသည်....
သွေးကြောများဖြင့် ထောက်ပံ့ပေးသော အထူးပြုကြွက်သားးဖြစ်သည်...
ထိုကြွက်သားသန်မာအားကောင်းရန်ပြုလုပ်နည်း မသင်ကြားခဲ့ရပေ...
အင်တာနက်စာမျက်နှာတွင် အမျိုးမျိုးသောဆေးဝါးများ
ပစ္စည်းကရိယာများဖြင့် ကြီးထွားစေရန်နည်းလမ်းပေါင်းများစွာကို ဖြန့်ဝေထားကြသည်....
နည်းလမ်းအမှန် မရှိသလောက်ရှားသည်
ယောက်ျား 90 ရာခိုင်နှုံးသည် မိမိ၏ လိင်တံအရွယ်အစားကို ကျေနပ်အားရမှုမရှိကြပါ.....၄င်းသည် ယောက်ျားများအတွင် မွေးရာပါစိတ်ရောဂါ..
ဤတွင်မေးစရာရှိသည်...
ဘာကြောင့် အရွယ်အစား ကြီးချင်သနည်း...
စစ်တမ်းကောက်ယူချက်များနှင့် စိတ်ပညာ ရှုထောင့်မှ ဆုံးဖြတ်ရာတွင်
မိမိ၏ လိင်ဆက်ဆံဖက်အား စိတ်ကျေနပ်စေရန် မဟုတ်ပါ
မိမိကိုယ်ကိုယ်ယုံကြည်မှုရှိစေရန် မဟုတ်ပါ
မိမိ ကို အမျိုးသမီး များသဘောကျစေရန်မဟုတ်ပါ..
လေ့လာချက်အဖြေသည် ယောက်ျားအချင်းချင်း မနာလို ဖြစ်ရာမှ သူ့ထပ်ငါကြီးအပြိုင်ကြီးချင်သည် ဟူသောအဖြေထွက်သည်........ ထိုအချက်မှန်မမှန်ပြန်စမ်းစစ်ပါ....
ယောက်ျားများသည် သဝန်တိုချင်းမနာလိုချင်းမရှိသော်လည်း ထိုကိစ္စတွင် မနာလိုသော ပြိုင်ဆိုင်လိုသောစိတ်ရှိကြသည်... အလှောင်ခံရမှာ စိုစရွံ့ကြသည်
ထို့ကြောင့်လည်း အမျိုးသမီးများဖောက်ပြန်ချင်ူကို အမျိုးသားများမှ ဆက်ဆက်ထိမခံ အသည်းခိုက်အောင်နာကျင်တတ်ကြသည်....
ဤကားအမျိုးသားများ လိင်စိတ်နှင်ပတ်သတ်သော စိတ်ကျန်းမာရေးချို့ယွင်းချက်ဖြစ်သည်....
မှားယွင်းသော နည်းလမ်းများသုံးခြင်းကြောင့်နော်ဆက်တွဲဆိုးကျိုးများသည် အသက်အန္တရယ် ခြိမ်းခြောက်သည်အထိ ဖြစ်တတ်သောသဘောရှိသည်..
နဂါးနိုင်ဓါးသုံးသုံး တိမ်လွှာဓါးသုံးသုံး သိုင်းတတ်သူသာအနိုင်ရစမြဲဖြစ်သည်... ဤကား စကားချပ်...
ဆက်ပါမည်...
လိင်ကျန်းမာရေးနှင့်ပတ်သတ်၍ အကြံပြုရလျှင်
၁) အိပ်ရေးဝအောင်အိပ်ပါ
၂) ပုံမှန်စားပါ
၃) ရေများများသောက်ပါ
၄) ပုံမှန် ခန္ဓာကိုယ်လေ့ကျင့်ခန်းလုပ်ပါ
၅) ဆေးလိပ်ဖြတ်ပါ
၆) ဖြည့်စွက်စာ အနေနှင့် အရည်ရွမ်းသောအသီးစားပါ ဥပမာ ဖရဲသီး
၇) ပုံမှန် ဆေးကြောပါ
၈) ပျော်အောင်နေပါ
၉)သင်လက်တွဲဖော်ကို ချစ်ပါ ကြင်နာပါ ယုယပါ........
အဆုံးသတ်ရလျှင် အမျိုးသမီးများသည် သင့်လိင်တံအကြီးအသေးကို စိတ်မဝင်စားပါ.... ယောက်ျားများကတော့ စိတ်ဝင်စားကောင်းစားလိမ့်မည်😇😇😇
မိတ်ဆွေ ခင်ဗျားကျန်းမာမှ ညီလေးကြမ်းမာပါမယ်...
ကောင်းမွန် မှန်ကန်သော ကျန်းမာရေးဗဟုတုသ ရရန်ရည်ရွယ်ပါသည်.........
(Silicon ကြောင့် ဖြစ်သော လိင်တံ အနာများအတွက် ဆက်သွယ်တိုင်ပင်နိုင်ပါသည်..)

07/03/2023

Enoxaprin 0.4/0.6
Free
လိုအပ်သောလူနာရှိပါက
မရမ်ကုန်းတွင်လာယူနိုင်ပါသည်
09799544570

07/03/2023

လူနာသေဆုံး၍ ကျေးဇူးတင်ခံရခြင်း............
ကိုဗစ်ကာလ ဆရာဝန်ရှားပါးချိန် အိမ်ပင့်လူနာ တစ်ယောက်ကြည့်ခဲ့ဖူးသည်....
လူနာမှာ ဧရာဝတီတိုင်းမှဖြစ်သည်
သတိမလည်၍ ရန်ကုန်ရောက်လာဖြင်းပင်...
ကျွန်ုပ်ရောက်သောအခါ လူနာမှာ လေဖြတ်ထားပုံရပြီး သတိရှိခြင်းအမှတ်၃ (ကိုမာ) ဝင်နေပြီ....
သိကြားမင်းဆင်းကုလည်း မကယ်နိုင်...
လူနာရှင်များမှာ ငွေကြေးတတ်နိုင်သောအနေအထားရှိပြီး ပျောက်အောင်ကုရန် ဆန္ဒရှိသော်လည်း ဆေးရုံများမှ လက်မခံ၍ ကျွန်တော့်အား ကောက်ရိုးတစ်ပင်အဖြစ် ဆက်သွယ် ခေါ်ယူခဲ့ခြင်းပင်...
ကျွန်ုပ် ရင်ဘတ်ကို ဖိကြည့်သည်နှင့် ရောဂါ အခြေအနေသိနှင့်ပြီ (ဘယ်ဆရာဝန်မဆို သိပါသည်)
လူနာမှာ သတိမလည်တာ ၃ ရက်ခန့်ရှိပြီဆို၏...
လူနာအခြေအနေကို ရှင်းပြရတော့မည်ဖြစ်ရာ လူနာမှာ မကယ်နိုင်​တော့ကြောင်းနှင့် ဆေးရုံပြလည်းမထူးတော့ကြောင်းရှင်းပြပြီးလျှင် အားပေးစကား သဘောဖြင့် "မွေးရပ်သာ ပြန်ခေါ်သွားပါ လူနာကိုယ်တိုင်လည်း မွေးရပ်မှာ ခေါင်းချချင်တဲ့ ဆန္ဒရှိကောင်းရှိလိမ့်မယ် "ဟုဆိုကာ လိုအပ်သော ဆေးဝါးများပေး၍ ပြန်ခဲ့သည်..
နောင် ၂ ရက်တွင် လူနာ၏ သမီးဖြစ်သူမှ ဖုန်းဆက်၍
အမေဆုံးပြီဖြစ်ကြောင်း တဆတ်မြိတ်ဝင်ဝင်ခြင်းတွင် အသက်ထွက်သွားကြောင်း အမေဆန္ဒပြည့်ဝ၍ သူမအားအိမ်မက်ပေးကြောင်း ကျွန်ုပ်အားကျေးဇူးတင်ကြောင်းပြော၍ ကိုဗစ်ကာလ အလျူအတန်း လုပ်ရန် ငွေ ၃သိန်း လျူလေသည်...
ကျွန်ုပ်မှာ "အင်း လူနာဆန္ဒပြည့်ဝသွားတာပေါ့သမီးရေ" ဟုသာ ချောလဲရောထိုင်ပြောလိုက်နိုင်သည်
တောသူတောင်သားများ "ရိုး" ပေစွ.....
သြော် ဘဝ MBBS မှ အထက်လမ်းဆရာဖြစ်ချေပြီ.....
(၄င်းပိုက်ဆံကို ယခု အော်ဆီဂျင်စက်တစ်လုံး ဝယ်၍ အများအကျိုး အသုံးပြုထားသည်)...

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon