Perfect Detox Juice

Perfect Detox Juice

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Perfect Detox Juice, Health/Beauty, Yangon.

24/08/2026

အရွက်စိမ်းကြိတ်ရည် သောက်ချင်တဲ့ ချစ်ရတဲ့ customerများအတွက် မင်မင်တို့ကိုယ်တိုင်စိုက်ပျိူးထားတဲ့ organic kaleအရွက်လေးနဲ့ မကြာခင်
Juiceအသစ်လေး ဖျော်ပေးပါတော့မယ်နော်💚🍀🍀🍀

detox Juice
09787032935
Kale & beetroot

Photos from Perfect Detox Juice's post 16/08/2026

12000ကျပ်ထဲနဲ့ detox Juiceသောက်ကြမယ်။
သဘာ၀ အသီးကြိတ်ရည်စစ်စစ်
100% တာရှည်ခံဆေးမပါ
သကြားမပါ
ရေ မပါပါ။🍀🍀
အရသာ ၅မျိူးထိ ရှိတာမို့
ကြိုက်တဲ့အရသာလေး ရွေးပြီး
အချိုရည် အစားထိူးသောက်မလား?
အူ-ရှင်း ဝိတ်-ချဖို့ အတွက်
ညစာအစားထိုးပြီး သောက်မလား ???
ဒါဆို ရင်တော့ အသီးကြိတ်ရည်စစ်စစ်နဲ့လုပ်ထားတဲ့ perfect detox Juiceကို သတိရလိုက်နော်🤍။

detox Juice plan
09787032935

11/08/2026

ရွက်တွန့်ကိုက်လန် (ခေါ်) kale
မင်မင်တို့ စိုက်ပျိူးထားတဲ့
100% organic kale အရွက်လေးတွေ ကို နောက် ၂ပတ်လောက်နေရင် ခူးလို့ရတော့မှာမို့
လာကြွားတာပါ😁။
Kale နဲ့ ဖျော်ပေးမဲ့ juice plan အသစ်လေး သောက်ချင်ကြတဲ့ customerတွေ အတွက်ပါ။
ကိုယ်တိုင်စိုက်ပျိူးထားတဲ့
ဓာတုကင်းတဲ့ အတွက်
လတ်လတ်ဆတ်ဆတ် စိတ်ချလက်ချ သောက်လို့ရပါတော့မယ်နော်။💚...

ပြင်ဦးလွင်တွင် စိုက်ပျိုးသည်။
detox Juice
09787032935
Organic kale

Photos from Perfect Detox Juice's post 09/08/2026

ချစ်ရတဲ့ customerလေးတွေရဲ့ reviewလေးတွေ လာကြွားတာပါ 🤭....
ချစ်ရတဲ့ customerတွေရဲ့
ယုံကြည်မှုနဲ့ အားပေးမှု က
Perfect Detox Juiceရဲ့
အကြီးမားဆူံး အားဖြစ်ပါတယ်။

Perfect Detox Juiceကိုရွေးချယ်ပေးလို့ရော
အခုလို good reviewလေးကြားရလို့ရော အရမ်းစိတ်ချမ်းသာ နေပါပြီရှင်😚💚💚💚
ချစ်ရတဲ့ customerလေးတွေလည်း အများကြီးကျန်းမာပြီး အများကြီးပိုပို လှကြပါစေနော်😚
# perfect Detox Juice

30/07/2026

Colorful detox juice 🤍
detox Juice

25/07/2026

12000 ks ထဲနဲ့ Detox Juiceသောက်လို့ ရပြီနော်🤍..
လတ်တလော အရသာ 4မျိုးရ..
✅ ဥနီ
✅နာနတ်သီး
✅ ချဉ်စော်ကားသီး
✅ မန်ကျည်းသီး ...

တထုပ်မှာတခါသောက် အသေး ၅ထုပ် ပါပါတယ်ရှင့်💦🍀🍀
# perfect Detox Juice
09787032935

23/07/2026

🌿 ၃ ရက်အတွင်း ခန္ဓာကိုယ်ကို Detox လုပ်ပြီး ပေါ့ပါးလန်းဆန်းသွားမယ့် "3-Day Juice Fasting Plan" 🌿

ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ အဆိပ်အတောက်တွေကို ရှင်းထုတ်ပြီး ဝမ်းဗိုက်ကို ပေါ့ပါးရှင်းလင်းသွားချင်ပါသလား❓
Perfect Detox ရဲ့ 3-Day Fasting Plan နဲ့အတူ သင့်ခန္ဓာကိုယ်ကို Reboot လုပ်လိုက်ပါ! ✨

Juice Plan မှာ ဘာတွေပါဝင်လဲ?
၁ ရက်လျှင် အရသာ အစုံ(၆) ဗူးကို သတ်မှတ်ထားသော အချိန်အတိုင်း သောက်သုံးပေးရပါမည်ရှင့်။

၃ ရက်စာ အတွက် စုစုပေါင်း (၁၈) ဗူး ပါဝင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကို အပြည့်အဝ ဖြည့်ဆည်းပေးမှာပါရှင့်။

💡 3-Day Juice Fasting ရဲ့ ကောင်းကျိုးများ
🍃 ** Cleanse:** ခန္ဓာကိုယ်တွင်း မလိုအပ်တဲ့ အဆိပ်အတောက်များကို ရှင်းထုတ်ပေးခြင်း

✨ ** Transform:** ဝမ်းဗိုက်
ချပ်ရပ်စေပြီး အသားအရေ ဝင်းပစိုပြည်လာစေခြင်း။
ပေါ့ပါး လန်းဆန်း လာစေခြင်း။

⚠️ သောက်သုံးနည်း လမ်းညွှန်:
၃ ရက်တာကာလအတွင်း ပုံမှန်အစာအမာများကို ခေတ္တခဏဖြတ်ထားပြီး Perfect Detox Juice (၁ ရက်လျှင် ၆ ဗူး) သောက်သုံးပေးရပါမည်။

အသေးစိတ်ကိုတော့ မင်မင်တို့
ထပ်ပြီး ရှင်းပြပေးမှာမို့လို့
✅Page Messenger သို့
Phone: 📞 09787032935ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။
Perfect Detox – Detox Your Body • Boost Your Energy • Feel Your Best ✨

20/07/2026

Banana juice 🍌🍌ရဲ့
ကောင်းကျိူးများ.....

✅တစ်နေ့တာအတွက် လျင်မြန်စွာ အားအင်ပြည့်ဝစေခြင်း..
✅မနက်ခင်း အလုပ်မလုပ်ခင်ဖြစ်စေ၊ ကိုယ်လက်လှုပ်ရှားမှု (Workout) မလုပ်ခင်နဲ့ လုပ်ပြီးနောက်ဖြစ်စေ သောက်သုံးပေးရင် ပင်ပန်းနွမ်းနယ်မှုကို အမြန်ဆုံး ပြေပျောက်စေပါတယ်။
✅ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းဝမ်းမှန်စေခြင်း
ငှက်ပျောသီးမှာ ကောင်းမွန်တဲ့ (အမျှင်ဓာတ်) နဲ့ (Prebiotics) တွေ ကြွယ်ဝစွာ ပါဝင်လို့ အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေကို အားပေးပါတယ်။
✅ပျားရည်မှာပါတဲ့ သဘာဝ အင်ဇိုင်း (Enzymes) တွေက အစာခြေစနစ်ကို ချောမွေ့စေပြီး အစာအိမ်ရောင်ရမ်းတာ၊ လေပွတာတွေကို သက်သာစေတဲ့အပြင် ဝမ်းမှန်စေဖို့ ကူညီပေးပါတယ်။

💦ချွေးထွက်များတဲ့အခါ ဒါမှမဟုတ် အပူရှိန်ပြင်းတဲ့အခါ ခန္ဓာကိုယ်က ပိုတက်စီယမ်နဲ့ ဆိုဒီယမ်ဓာတ်တွေ ဆုံးရှုံးတတ်ပါတယ်။
ငှက်ပျောသီးမှာ ပါဝင်တဲ့ Potassium နဲ့ ပန်းရောင်ဆား တို့ ပေါင်းစပ်မှုက ခန္ဓာကိုယ်ရဲ့ ရေဓာတ် ကို အကောင်းဆုံး မျှတအောင် ထိန်းညှိပေးပါတယ်။

ကြွက်တက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

✅နှလုံးကျန်းမာရေးနှင့် သွေးဖိအားကို ထိန်းညှိပေးခြင်း

ငှက်ပျောသီးရဲ့ ပိုတက်စီယမ်ဓာတ်က သွေးကြောတွေကို ပွင့်စေပြီး သွေးတိုးကျစေဖို့ ကူညီပေးသလို၊ ပန်းရောင်ဆားကလည်း သမားရိုးကျဆားတွေထက် ဆိုဒီယမ်ဓာတ် ပိုမိုမျှတလို့ သွေးဖိအားကို ပုံမှန်ဖြစ်အောင် ပံ့ပိုးပေးပါတယ်။
✅ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး အဆိပ်အတောက် ပြေစေခြင်း
✅သဘာဝအတိုင်း ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့ Detox လုပ်ငန်းစဉ်ကို အထောက်အကူပြုပါတယ်။
ဒါကြောင့်မို့
ငှက်ပျောသီး ဖျော်ရည်လေးကိုလည်း Tryကြည့်သင့်ပါတယ်နော်။
အရသာချိုမွှေးနေအောင်သေချာလေးဖျော်ပေးထားတာမို့
တကြိမ်လောက်တော့ သောက်ကြည့်နော်။

detox Juice
09787032935

Photos from Perfect Detox Juice's post 17/07/2026

Detox Juice အရသာရဲ့ reviewလေးပါရှင့်။
Perfect Detoxကို သောက်ဖူးရင် perfect Detox Juiceက
အသီးအရသာလေးတွေကို စွဲလမ်းသွားကြတာ ကြည့်ပါပဲရှင်🤭။
Detox Juiceဆိုတာ သောက်ရမခက်ပါလား အသီးအရသာလေးအတိုင်းပါလား အရမ်းကြိုက်တယ်ဆိုပြီး အမြဲမှာယူအားပေးနေကြတဲ့ အမာခံ customerတွေ အများကြီးရှိနေလို့ 6နှစ်တာ ကာလ ခုချိန်ထိ
ရပ်တည်နိုင်တာပါရှင့်။
Perfect Detox Juiceကို မှာယူ အားပေးကြတဲ့ customerတဦးတယောက်စီတိုင်းကို အမြဲတမ်း အများကြီး ကျေးဇူးတင်ပါတယ်နော်။
ကျန်းမာလှပပြီး စီးပွားရေးတွေလည်း ဒီထက်မက တိုးတက်ကြပါစေရှင့်။🤍🤍🤍....
# perfect Detox Juice

15/07/2026

မုန်လာဥနီ (Carrot)၊ နာနတ်သီး (Pineapple)၊ ပန်းသီး (Apple) နဲ့ လိမ္မော်သီး (Orange) တို့ကို ပေါင်းစပ်ပြီး သဘာဝအတိုင်း ထုတ်လုပ်ထားတဲ့ Perfect Detox Juice ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကတော့✅

အသီးအနှံတွေ ပေါင်းစပ်လိုက်တဲ့အခါ ရရှိလာမယ့် ထူးခြားတဲ့ အကျိုးကျေးဇူးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်ရှင့်။✅

🍊 အသီးအနှံများ ပေါင်းစပ်ခြင်း၏ အဓိက အကျိုးကျေးဇူးများ
၁။ အသားအရေကို စိုပြေဝင်းပစေခြင်း (Skin Glowing & Anti-Aging)
ဗီတာမင် C နှင့် Beta-carotene တို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် အသားအရေကို ကြည်လင်ဝင်းပစေပြီး အရွယ်မတိုင်ခင် အရေးအကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။
(Collagen) ထုတ်လုပ်မှုကို ကူညီပေးလို့ အသားအရေကို တင်းရင်းပြီး နုပျိုစေပါတယ်။
၂။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း (Immune Booster)
လိမ္မော်သီးနဲ့ နာနတ်သီးမှာ ပါဝင်တဲ့ ဗီတာမင် C မြင့်မားမှုက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ဖျားနာခြင်းနဲ့ အအေးမိခြင်းတို့မှ ကာကွယ်ပေးပါတယ်။✅✅

၃။ အစာခြေစနစ်ကို ကောင်းမွန်စေပြီး အဆိပ်အတောက် ဖယ်ရှားပေးခြင်း (Digestion & Detox)
နာနတ်သီးမှာပါတဲ့ Bromelain ဆိုတဲ့ အင်ဇိုင်းက ပရိုတင်းဓာတ်တွေကို ချေဖျက်ရလွယ်ကူစေပြီး လေပွခြင်းကို သက်သာစေပါတယ်။✅✅
ပန်းသီးမှာပါတဲ့ အမျှင်ဓာတ် က အူလမ်းကြောင်းထဲက အညစ်အကြေးတွေနဲ့ အဆိပ်အတောက်တွေကို သဘာဝအတိုင်း သန့်စင်ဖယ်ရှားပေးဖို့ ကူညီပေးပါတယ်။✅✅

၄။ မျက်စိအားကောင်းစေခြင်း
မုန်လာဥနီမှာ ဗီတာမင် A အဖြစ် ပြောင်းလဲပေးနိုင်တဲ့ Beta-carotene အမြောက်အမြား ပါဝင်တာကြောင့် အမြင်အာရုံကို ကြည်လင်စေပြီး ညဘက် အမြင်အာရုံချို့ယွင်းခြင်းမှ ကာကွယ်ပေးပါတယ်။✅✅

၅။ သဘာဝအတိုင်း လန်းဆန်းတက်ကြွစေပြီး
ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေပါတယ်။ဆိုးကျိုးမရှိဘဲ ကျန်းမာရေးနဲ့ညီညွတ်စေပါတယ်။✅✅

ဒါကြောင့်မို့ မုန်လာဥနီဖျော်ရည်လေးကိုလည်း တပတ်မှာ 2ကြိမ် 3ကြိမ်လောက်အထိ သောက်ပေးနိုင်ပါတယ် ရှင့်။✅
# perfect Detox Juice
09787032935

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11012