Magic Lover AAN

Magic Lover  AAN

Share

Magic product ကို ယုံကြည်စွာ သုံးစွဲလိုက်ကြပ

29/12/2021

နှစ်ဟောင်းမှာ ချန်ထားသင့်တဲ့အရာများ
*************************

ငိုတတ်တဲ့အကျင့်
**********
ထစ်ကနဲဆို ငိုတတ်ပြီး
မျက်ရည်လွယ် တတ်တဲ့အကျင့်ကို ဖျောက်ပစ်ခဲ့ပါ။
နှစ်သစ်မှာစိတ်ဓာတ်ကြံ့ခိုင်ပြီး သန်မာတဲ့လူတစ်ယောက်အဖြစ်နဲ့
နေထိုင်ပါ။

အားနာတတ်တဲ့စိတ်
**************

လူတိုင်းက ကိုယ့်ရဲ့ရိုးသားမှု ကူညီတတ်မှုနဲ့မထိုက်တန်တဲ့အတွက်ကြောင့်
အမြဲလိုလိုအားနာပြီး ကိုယ့်အတွက်နစ်နာစေမယ့်
အပြုအမူကို စွန့်လွတ်ခဲ့ပါ။

အလျော့ပေးတတ်တဲ့စိတ်
*************
ဘယ်အလုပ်မှမလုပ်ချင်
ဘယ်အရာကိုမှမကြိုးစားချင်တဲ့စိတ်
ငါမလုပ်နိုင်ဘူး ငါမဖြစ်နိုင်ဘူးဆိုတဲ့
အရှုံးပေးတတ်တဲ့အကျင့်ဆိုးတွေကို
နှစ်ဟောင်းမှာ ထားခဲ့လိုက်ပါ။

မချစ်သင့်တဲ့ သူတွေကို မတွယ်ကပ်ပါနဲ့.
*************************

သူငယ်ချင်း ပဲဖြစ်ဖြစ်. ချစ်သူရည်းစားပဲဖြစ်ဖြစ်
ကိုယ့်ဘက်ကသာ တစ်ဖက်သတ် ချစ်ခင်ရပြီး
သူတို့ဘက်က လျစ်လျူရှုထားရင်
ကိုယ့်ဘက် က အဲ့ဒီတွဲလက်တွေကိုဖြုတ်ချခဲ့ပါ။
နှစ်သစ်မှာသူတို့ထက်သာတဲ့ စစ်မှန်တဲ့လူတွေကိုသာ
လက်တွဲပါ။

အမှားများခြင်း
***************

လူတိုင်းမှားသင့်ပါတယ်။အမှားသိမှလည်းအမှန်ကိုမြင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်အမြဲလိုလိုမှားတတ်တဲ့အကျင့်ကို နှစ်ဟောင်းမှာ ထားခဲ့လိုက်ပါ။နှစ်သစ်မှာ အမှားနည်းပြီး အမှန်ကိုသိတဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားပါ။

ကံကိုပုံချခြင်း
********

ကံဆိုတာ အလုပ်ပါ
အလုပ်လုပ်ရင်ကံကောင်းမယ်
ကြိုးစားရင် ကံကောင်းမယ် ။ဘာမှမလုပ်ပဲ
ကံမကောင်းဘူး ဆိုပြီး ကံကိုပုံချတတ်တဲ့စိတ်ကို
နှစ်သစ်ကိုမသယ်သွားပါနဲ့။ နှစ်သစ်မှာ ကြိုးစားပြီး
အလုပ်ကိုသေချာလုပ်ခြင်းဖြင့်ကံကောင်းတဲ့သူတစ်ယောက်ဖြစ်ပါစေ။
စိတ်မရှည်ခြင်း
**********
ဘာပဲလုပ်လုပ်စိတ်မရှည်ပဲ
အမှားတွေဆက်တိုက်ကြုံခဲ့တဲ့နှစ်ဟောင်းမှာ
စိတ်မရှည်တဲ့ရောဂါဆိုးကိုထားခဲ့လိုက်ပါ။
နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ စိတ်ရှည်ပြီး
ဘယ်အရာမဆို သေ သပ်လှပစွာပြုလုပ်နိုင်တဲ့လူတစ်ယောက်ဖြစ်အောင်နေထိုင်ပါ။

နှစ်သစ်မှာ မကောင်းတဲ့အကျင့်ဆိုးနဲ့ မကောင်းတဲ့သူတွေကို
မတွယ်ကပ်တော့ပဲ စိတ်သစ်လူသစ် အကျင့်သစ်နဲ့ လူတော်လူကောင်းဖြစ်အောင် နေနိုင်တဲ့သူတွေဖြစ်အောင်
အကောင်းမွန်ဆုံးနေထိုင်ပါ။

Poe

copy ယူလျှင်ကလောင်နာမည်ကို credit ပေးပါ။

https://www.facebook.com/100678238328086/posts/449527296776510/

page မှာလည်းဖတ်ဦးနော်

13/12/2021

အားငယ်တဲ့အချိန်
➖➖➖➖➖➖
အားပေးတတ်သူမရှိတဲ့အခါ
ကိုယ့်ကိုကိုယ်အားပေးတတ်အောင်
သင်ယူရလိမ့်မယ်

လဲကျတဲ့အချိန်
ထူပေးတဲ့သူမရှိတဲ့အခါ
ကိုယ့်ဘာသာ ပြန်ထနိုင်အောင်
ကြိုးစားတတ်ရမယ်။

နာကျင်မှုတွေနဲ့ကျရှုံးမှုတွေကြုံတဲ့အခါ
ကိုယ့်ကိုကိုယ်အကောင်းဆုံးတွေဖြစ်အောင်
လေ့ကျင့်ရလိမ့်မယ်။

မျက်ရည်ကျတဲ့အခါ
သုတ်ပေးမဲ့လက်တစုံမရှိတဲ့အခါ
ကိုယ်ကိုယ်တိုင်မျက်ရည်သုတ်ပြီး
ပျော်အောင်ကြိုးစားတတ်ရမယ်။

လောကမှာ...
အဖော်ဆိုတာအမြဲမရှိနိုင်ဘူး
တစ်ယောက်တည်းဖြစ်သွားတဲ့အခါ
တစ်ယောက်တည်းနေတတ်အောင်
ကြိုးစားရမှာပဲ။
~


Zawgyi
အားငယ်တဲ့အချိန်
➖➖➖➖➖➖
အားပေးတတ်သူမရှိတဲ့အခါ
ကိုယ့်ကိုကိုယ်အားပေးတတ်အောင်
သင်ယူရလိမ့်မယ်

လဲကျတဲ့အချိန်
ထူပေးတဲ့သူမရှိတဲ့အခါ
ကိုယ့်ဘာသာ ပြန်ထနိုင်အောင်
ကြိုးစားတတ်ရမယ်။

နာကျင်မှုတွေနဲ့ကျရှုံးမှုတွေကြုံတဲ့အခါ
ကိုယ့်ကိုကိုယ်အကောင်းဆုံးတွေဖြစ်အောင်
လေ့ကျင့်ရလိမ့်မယ်။

မျက်ရည်ကျတဲ့အခါ
သုတ်ပေးမဲ့လက်တစုံမရှိတဲ့အခါ
ကိုယ်ကိုယ်တိုင်မျက်ရည်သုတ်ပြီး
ပျော်အောင်ကြိုးစားတတ်ရမယ်။

လောကမှာ...
အဖော်ဆိုတာအမြဲမရှိနိုင်ဘူး
တစ်ယောက်တည်းဖြစ်သွားတဲ့အခါ
တစ်ယောက်တည်းနေတတ်အောင်
ကြိုးစားရမှာပဲ။
~

11/12/2021

💞 နှ လုံး သား လှ ဖို့ စာ ဖတ် ပါ 💞
📚------------📚------------📚

လျှောက်နေတဲ့ လမ်းချင်းတူရင်တောင်
ကိုယ်က သူများထက်ပိုပြီး ရှေ့ရာက်ချင်ပါသလား?

လဲကျတာချင်း တူရင်တောင်
ကိုယ်က ပြန်ထတဲ့နေရာမှာ ကျွမ်းကျင်ချင်ပါသလား?

ကြိုးစားပြီး လုပ်နေတာချင်းတူရင်တောင်
ကိုယ်က ပိုအောင်မြင်ထူးချွန်ချင်ပါသလား?

လူလူချင် တူရင်တောင်
ကိုယ်က ပိုတန်ဖိုးရှိတဲ့လူဖြစ်ချင်ပါသလား?

အခက်အခဲတွေကို
နည်းမှန် လမ်းမှန် ဖြေရှင်းပြီး
လောကဓံဆိုးတွေကို ရင်ဆိုင်ရဲချင်ပါသလား?

အထင်လွဲခံရမှုတွေ
ဝေဖန် စွပ်စွဲခံရခြင်းတွေ
အပြစ်တင် ချောက်တွန်းခံရခြင်းတွေကို
မတုန်မလှုပ် လက်ခံဖြတ်ကျော်တတ်ချင်ပါသလား?

နာကျင်မှုတွေက ရုန်းထွက်ပြီး
ဒဏ်ရာအနာတရတွေကို အမြစ်ပြတ်အောင်
ကု စား ချင် ပါ သ လား?

ဒါ ဆို ရင်
စာ ဖတ် ပါ

စာ ထဲ မှာ
နည်းလမ်းကောင်းတွေ ရှိတယ်
အတွေ့အကြုံကောင်းတွေ ရှိတယ်
စိတ်သက်သာရာ ရနိုင်မယ့်ဗဟုသုတတွေရှိတယ်

ကိုယ့်ပျော်ရွှင်မှုကို
ကိုယ် ရှာဖွေတတ်ဖို့အတွက် စာဖတ်ပါ

အမှားတွေက သင်ခန်းစာယူပြီး
အနာဂတ်အတွက်အသင့်ဖြစ်နေဖို့ စာဖတ်ပါ

အထီးကျန်မှုတွေ ကင်းပြီး
ပိုကောင်းအောင် ရှင်သန်နိုင်ဖို့အတွက် စာဖတ်ပါ

ဘယ်သူ့မှ အနားမှာမရှိလည်း
တစ်ယောက်ထဲရပ်တည်နိုင်ဖို့အတွက် စာဖတ်ပါ

သဘောထားတွေ ပြည့်ဝလာပြီး
စိတ်တေတ်တွေ ခိုင်မာလာစေဖို့ စာဖတ်ပါ

ကိုယ်ချင်းစာစိတ် ထားတတ်လာပြီး
အကြင်နာတရား ရင်မှာကိန်းလာဖို့ စာဖတ်ပါ

ဘယ်သူ မုန်းမုန်း
ကိုယ်ပြုံးနိုင်ဖို့အတွက် စာဖတ်ပါ

ဘယ်သူချစ်ချစ် မချစ်ချစ်
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ စာဖတ်ပါ

ဘယ်သူ့ ကောင်းကောင်း မကောင်းကောင်း
ကိုယ်အမြဲ ကောင်းအောင်နေနိုင်ဖို့ စာဖတ်ပါ

စာဖတ်ပါ
စာဖတ်ပါ
မဖြစ်မနေ စာဖတ်ပါ
ဘာလို့လဲဆိုတော့ စာဖတ်ခြင်းဟာ
လူတစ်ယောက်ရဲ့ ဦးနှောက်အာဟာရအတွက်ရော
နှလုံးသားအာဟာရအတွက်ပါ အရမ်းအရေးကြီးလို့ပါ

တစ်အုပ်ဖတ်ဖတ်
တစ်ကြောင်းဖတ်ဖတ်
တစ်လုံးဘဲ ဖတ်ဖတ်
ဖတ်နိုင်သလောက် အချိန်ပေးပြီးဖတ်ပါ
တစ်လုံးတစ်ပါဒမှ မဖတ်တဲ့သူထက်စာရင်တော့
လက်လှမ်းမှီသလောက်လေး ဖတ်ထားတဲ့ကိုယ်က
စိတ်သဘောထားရေးရာမှာလဲ
သူများထက် ကိုယ်ကသာသလို
ဘဝရေးရာ လူ့မှုကိစ္စတွေမှာလဲ သူများထက်
ကိုယ်က ပိုပြီး ကျွမ်းကျင်နားလည်လာနိုင်ပါတယ်

ဒါကြောင့်
ဘ ဝ မှာ
အရှုံးသမားမဖြစ်ဖို့နဲ့
နှလုံးသား လှဖို့အတွက် စာဖတ်ပါ … ။

#အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ
`စာပေချစ်သူများအား ခင်မင်လေးစားလျက်ပါ´

ှင်ဇဝန_သူ့စိတ်ကြိုက်စာပေများ

Photos from Magic Lover  AAN's post 11/12/2021

💘💘 ရာသီဥတု အေးလာလေလေ
💘💘 Cara Perfume Lotion ကို
💘💘 လိုအပ်လာလေပါပဲ ❄️☃️

အသားအရေ စိုပြေစေမည့်အပြင်
တနေကုန်မွှေးလဲမွှေးစေမည့် Cara Lotion လေး 😍💜

Price -15,500/ ကျပ်

☎️09400006925 or cb

10/12/2021

💁💁Magic Emulsion(နို့ရည်)🍁🍁
❄❄ဆောင်းတွင်းမှာ မျက်နှာလေးတင်းတင်းကြီးနဲ့ အသားကြမ်းကြမ်းမဖြစ်ဖို့
(Magic နို့ရည်)လိမ်းဖို့လိုနေပြီနော် အသဲလေးတို့ရေ😘😘

🍁အသားပက်တာ
🍁အသားကြမ်းတာ
🍁အသားခြောက်‌တာ
🍁ယားယံတာ
🍁အသားစပ်တာတွေ

သက်သာပျောက်ကင်းချင်ရင်
နို့ရည်တဘူးသာ ဒီဆောင်းမှာဆောင်ထားလိုက်ပါ❤️❤️
(အမဲစက်,တင်းတိတ်တို့ပါ သက်သာပြီး Suncream အနေနဲ့ပါ သုံးလို့ရသေးတယ်)

24000ks
5လ/6လလောက်အသုံးခံ😍အရမ်းတန် တလကို 5000 လောက်ပဲကျတယ်နော်✌️

သနပ်ခါးအောက်လဲခံလိမ်းလို့ရတယ်👏
မိတ်ကပ်အောက်လဲခံလိမ်းလို့ရတယ်နော်👏

🌲 မှာယူလိုပါက အသင့်ရှိ🌲

Lover AAN
☎️09400006925 (or) CB

Photos from Magic Lover  AAN's post 08/12/2021

ကောင်းရင် တစ်ရက်

Care ကောင်းရင် တစ်သက်ပါ

တစ်ရက်ပဲလှချင်ရင်မိတ်ကပ်လိမ်းပါ

တစ်သက်လုံးလှချင်ရင် Skincare ပါ

ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ အတွဲလေးသာရွေးချယ်လိုက်ပါ

တစ်သက်လုံးလှဖို့ တာဝန်ယူပါလိမ့်မယ်

Photos from Magic Lover  AAN's post 07/12/2021

🥰ဆောင်းရာသီမှာ အလိုအပ်ဆုံးပစ္စည်းထဲကတမျိုးဖြစ်တဲ့ ………““နို့ရည်””

🥰တင်းတိပ် အမဲစက် မှဲ့ခြောက်သမားတွေအထူးဂရုစိုက်သင့်တဲ့ဆောင်းရာသီပါ ‼️

🥰တင်းတိပ် အမဲစက်က နေထိရင်ပိုပွါးတတ်လို့ နို့ရည်ကောင်းတဘူး ရှိသင့်နေပါပြီရှင်

🥰မိတ်ကပ်အောက်ကပဲ ခံလိမ်းမလား❓
🥰သနပ်ခါးအောက်ကပဲ ခံလိမ်းမလား❓

ဘယ်လိုလိမ်းလိမ်းအဆင်ပြေတယ်နော်

🥰အသားလဲဖြူစေတဲ့အပြင် တင်းတိပ်၊အမဲစက်၊မှဲ့ခြောက်တွေ ကိုလဲ အထူးသက်သာအောင် ကုသပေးနိုင်ပါတယ်ရှင်

🤍နို့ရည်လိုချင်တယ်ဘာသုံးရမှန်းမသိဖြစ်နေရင် magic emulsion လေးရှိနေပြီနော်

🔅တဘူး-၅လ၆လ အသုံးခံပါတယ်ရှင်

Price - 28,000ks

Emulsion

09400006925 (or) Cb

Photos from Magic Lover  AAN's post 07/12/2021

ဆောင်းရာသီရဲ့ နံနက်ခင်းတိုင်းကို

Cara လေးနဲ့ အတူဖြတ်သန်းလိုက်ပါ ❄️❄️☃️

တနေကုန်ခြောက်သွေ့ခြင်း မရှိပဲ စိုပြေတဲ့အသားအရေနဲ့အတူ

မွှေးပျံ့လန်းဆန်း နေစေမှာပါ 🌸

အရမ်းအေးတဲ့ မြို့တွေဆို နေ့တိုင်းရေမချိုးပါနဲ့

Cara ရှိရင် ရေမချိုးလဲ ရပြီ ☺️💜

Price -15,500 Ks

📞📞 09400006925 or cb

Photos from Magic Lover  AAN's post 06/12/2021

ဦး​ရေပြား​တွေ ​ခြောက်တဲ့ ဒီလို​ဆောင်းတွင်းကာလမှာ

Magic ​လေးသာ ​ရွေးချယ်ထားပါ🥰

20% off discount ရှိတုန်းဝယ်ထားမယ်❤️
(၁)ဘူး ၁၂၈၀၀
(၃)ဘူး ၃၈၄၀၀ ပဲနော်။

📞📞 09 400006925

04/12/2021

လောကမှာ
လူ သုံးမျိုးရှိတယ်။
ပထမတစ်မျိုးက
ကြည့်ရတာသိပ်မလှဘူး
ဒါပေမယ့် ,
ကြာကြာပေါင်းသင်းကြည့်မှ
ပိုပိုလှလာတာကို တွေ့ရတယ်။

ဒုတိယတစ်မျိုးက
ကြည့်လှတယ်
ဒါပေမယ့် ,
ကြာကြာပေါင်းသင်းကြည့်တော့
နည်းနည်းမှမလှကြောင်း သိလာတယ်။

တတိယတစ်မျိုးက
ကြည့်ရတာလှတယ်
ဒါပေမယ့် ,
ကြာကြာပေါင်းသင်းကြည့်တော့လည်း
တော်တော်လှတယ်။

အလှတစ်မျိုးက
ပြင်ပကလာတယ်။
အလှတစ်မျိုးက
အတွင်းစိတ်ကလာတယ်။
လူတစ်ယောက်အတွက်
အတွင်းစိတ်အလှက
အကောင်းဆုံး အမှတ်တံဆိပ်ဖြစ်တယ်။
မွေးကတည်းကပါလာတဲ့
ရုပ်ရည်ကို
သင်မပြောင်းလဲနိုင်ခဲ့ရင်
နှလုံးသားကို
လှပအောင်တော့
သင် ဖန်ဆင်းနိုင်ပါတယ် ။ ။

Credit to Original Writer

04/12/2021

အမေးများတဲ့ မျက်ခမ်းအောက် အဆီဖု

မျက်ခမ်းအောက်က အဆီဖုကို millia လို့ခေါ်တယ်။ အရေပြားအောက်မှာ ကရာတင် အရေပြားပရိုတင်း (keratin)နဲ့ ဆဲလ်သေတွေ အထပ်ထပ်ပြည့်နှက်နေလို့ အိတ်လိုဖြစ်လာတယ်။ တနည်းအားဖြင့် မွှေးညှင်းအိတ်ရဲ့ အောက်ဆုံးအခြေပိတ်ဆို့သွားတာပါ။ မွေးကင်းစကလေးတွေရဲ့ နှာသီးဖျားနှစ်ဖက်မှာ တွေ့ရတတ်တဲ့ အဆီဖုသေးသေးလေးတွေဟာ millia ဖြစ်ပါတယ်။ စမ်းကြည့်ရင် ပုလဲလုံး သေးသေးလေးတွေလို တွေ့ရတယ်။

Milia ဟာ syringoma နဲ့လည်း မတူဘူး။ ဝက်ခြံနဲ့ မတူတာက ရောင်ရမ်းတာ၊ ပိုးဝင်တာမရှိဘူး။ အောက်လွှာမှာ ကရာတင်ပရိုတင်း အထပ်ထပ်ပိတ်နေတာဖြစ်လို့ ညှစ်ထုတ်ဖို့ ခက်တယ်။ Miliaဟာ ကိုလက်စတောများသူ၊ ထရိုင်ဂလစ်စရွက်များသူတွေမှာ ပိုတွေ့ရတယ်။ သီအိုရီအရ ပိုလျှံတဲ့အဆီတွေကို ခန္ဓာကိုယ်က ဗီတာမင်ဒီအဖြစ် ပြောင်းတယ်။ ဒါ့ကြောင့် Milia ရှိသူဟာ ကိုလက်စတောချဖို့ လိုအပ်ပါတယ်။

ကုသနည်း
လိမ်းဆေးထဲမှာ salicylic acid (သို့) glycolic acid သုံးနိုင်တယ်။ chemical peeling လုပ်တာမျိုးလည်းရှိတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးများတယ်။ အစိုဓာတ်လိမ်းဆေး အလုပ်မဖြစ်တာများတယ်။ တချို့ပိုဆိုးလာတယ်။ Salicylic acid ပါတဲ့ Sebogel လိမ်းဆေးကို မျက်ခမ်းအောက်အဆီဖုအတွက် တနေ့ နှစ်ကြိမ် လိမ်းပေးနိုင်တယ်။ ပျောက်ဖို့ အချိန်ယူရတယ်။ နောက်ဆုံးနည်းကတော့ plasma သို့မဟုတ် CO2 laser ပစ်တာပဲ။ အရွယ်အစားနဲ့ လုပ်ချက်ပေါ်မူတည်ပြီး အမာရွတ်နည်းနည်း ကျန်နိုင်တယ်။

အကြံပြုချက်

– ဝက်သား၊ ဘဲသား၊ အမဲသားအဆီအဆိမ့်များတာ လျှော့စားပါ။

- Salicylic acid နဲ့ glycolic acid ပါတဲ့ မျက်နှာသစ်ဆေးမျိုး ပြောင်းသုံးသင့်တယ်။

– မိတ်ကပ်ထူထူးမလိမ်းပါနဲ့။ နေလောင်ကာ၊ မျက်နှာလိမ်းခရင်ကြောင့်ဖြစ်ရင် ရှောင်ပါ။

– အစိုဓာတ်ထိန်းဆေးနဲ့ မျက်ကွင်းလိမ်းဆေး (Eye cream) တွေ လျှော့သုံးရမည်။

Crd ဒေါက်တာအေးမင်းထူး
(အရေပြားအထူးကုဆရာဝန်)

03/12/2021

🌿အဆီဖုတွေကင်းစင်အောင် 🌿
🌿အခြေခံskincareအဆင့်လေးပါ🌿

🌸ညဖက်မျက်နှာမသစ်ခင်မှာ Make Up Removerသုံးပေးပါ

🌸မျက်နှာသစ်ဆေးကို လက်နှစ်ဖက်ထဲအမြုပ်ထွက်အောင်ပွတ်ပြီးမှမျက်နှာပေါ်ညင်သာစွာပွတ်ပြီးသစ်ပါ
🌸ရေ‌စင်စင်ဆေးချပါ

🌸မျက်နှာသုတ်ပဝါသီးသန့်(သို့)တစ်ရှူးလေးနဲ့ ညင်သာစွာဖွဖွလေးသုတ်ပါ

🌸Tonerသုံးပါ သုံးတဲ့အခါမှာ ချက်ချင်းလိမ်းပစ်တာမျိုးမလုပ်ပဲဂွမ်းလေးထဲထည့်ပြီးတော့မှ ညင်ညင်သာသာလေးပွတ်ပေးပါ ပြီးမှ လိမ်းလိုကလိမ်းပါ

🌸Essence.Moisture.Serum.Night cream သုံးနေကျအဆင့်ဆင့်လိမ်းပါ
အဆင့်ဆင့်မသုံးချင်ပါက Night Cream ကောင်းကောင်းလေးတခုရွေးသုံးပါ

🔺ကိုယ်တိုင်လုပ်နေကျလေးပြန်မျှပေးတာဖြစ်လို့ အဆင်ပြေကြပါစေရှင်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon