Ei Thel's Shop
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ei Thel's Shop, Beauty, cosmetic & personal care, 9th Street, Lamadaw Township, Yangon.
31/08/2021
လောကကို အလင်း ဆောင်သူ (ဗုဒ္ဓဖြစ်စဉ်)
===============================
အိန္ဒိယမှာတော့ ဒီဇာတ်လမ်းတွဲကြည့်ပြီး နိုင်ငံတော်အကြီးအကဲတော်တော်များများ
ဗုဒ္ဓဘာသာအဖြစ်ခံယူသွားကြတာပဲ
"" #လောကကိုအလင်းဆောင်သူ ဗုဒ္ဓ ""
----------------------------------
( အပိုင်း ၁ မှ ၅၃ ထိ )
လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ကျော်ကပွင့်တော်မူခဲ့သော လူသားမှဖြစ်သော ဘုရား…ဗုဒ္ဓဖြစ်တော်စဉ်ဇာတ်လမ်းတွဲလေးဖြစ်ပါသည်။
ဂေါတမမြတ်စွာဘုရား၏ ဗုဒ္ဓဝင်
သည် ဤမျှ သောရိုက်ကူးတင်ပြ မှု
ဖြင့်ပြည့်စုံမှု ရှိနိုင်မည်မဟုတ်ပါ။
အပြုသဘောဖြင့်ကြည့်ရှုပြီးကုသိုလ်သဒ္ဒါတရားမျ ားပွါးမျ ားနိုင်ပါစေရန်ရည်ရွယ်ပါသည်။
မိမိသိရှိထားသောဗုဒ္ဓဝင် အ
ကြောင်းအရာမျ ားနှင့်လည်းကွဲလွဲ
မှုရှိနိုင်ပါသည်-
ဥပမာ-ဝက်ပျိူ သား( အစား ) မှို
-ဗိမ္မိသာရမင်းကြီးသည်သား
တော်အဇာတသတ် ညှင်းဆဲ
သတ်၍ကံတော်ကုန်သည်မ
မဟုတ်ဘဲမိမိကိုယ်ကိုယ်သတ်
သေခြင်း
-အင်္ဂုလိမာလ မိခင်ကိုသတ်၍
လက်ညိုးဖြတ်ယူရန်ရည်ရွယ်
ချက်မပါဝင်ခြင်း
-မြေမြို မှု များရှောင်ရှားထား
ခြင်းစသည်…………………
မည်သို့ဆိုစေကာမူ…
ကမ္ဘာပေါ်တွင်အခြားဒိဋ္ဌိ( အယူလွဲ)များရှိနေသော်လည်းဗုဒ္ဓ၏ အကြောင်းဗုဒ္ဓဝင်ကို ရဲဝံ့စွာကမ္ဘာသို့တင်ပြနိုင်ခြင်း။အဝတ်အစားမှအစဂရုပြု ဝတ်ဆင်ပြီးသရုပ်ဆောင်မျ ားသည်လည်းအစွမ်းကုန်အထူးသရုပ်ဆောင်ထားခြင်း။ ခမ်းနားထည်ဝါစွာရိုက်ကူးတင်ဆက်ထားသည်မျ ားတွေ့ရှိရသဖြင့်ဗုဒ္ဓဘာသာဝင်မျ ားအတွက် ဝမ်းမြောက်ဂုဏ်ယူဘွယ်ဖြစ်ပါသည်။
ကြည့်ရှုခြင်းဖြင့် မြတ်ဗုဒ္ဓ၏ -
အတ်ိတ်မှ ပုံရိပ်တော်များကို မှန်းဆကြည်ညိုတော်မူရင်း ကုသိုလ်သဒ္ဒါတရားများပွားများအားထုတ်နိုင်ကြပါစေ..
အပိုင်း (၁မှ၅၃) ထိ အစအဆုံး
ဇာတ်ကား ကြည့်ရန် Link👇👇
အပိုင်း ၁ မှ ၃၀ထိ ➡
https://m.facebook.com/story.php?story_fbid=2286335538315395&id=100008169130872
အပိုင်း၃၁ မှ ၅၃ ထိ ➡
https://m.facebook.com/story.php?story_fbid=2286588458290103&id=100008169130872
ဇာတ်လမ်းတွဲများ စုစည်းရာ🌺
31/08/2021
"ကကြီး" မှ "အ" အထိ ပါသည့်
ဆေးညွှန်းဆေးမြီးတိုလေးများ
ရှယ် ပြီး သိမ်း ထားပါ..
ကလေးချွဲထပျောက် ဆေးနည်း
***t*****h*****u*****r*****a***
မြင်းခွာရွက်သတ္တုရည်ကို လက်ဖက်ရည်ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါ။ ချွဲ သလိပ်များ ကျဆင်းပါသည်။(တစ်နည်း)
ကြိတ်မှတ်ရွက်၊ ခွေးသေးပန်းရွက်တို့တွင် ရှိန်းခိုးအနည်းငယ်ထည့်၍ ကြိတ်ပြီးအရည်ကို ငယ်ထိမ်မှနေ၍ ရင်ဘတ်အထိ လူးပေးပါ။(တစ်နည်း)
ကလေးဆီးရောဂါပျောက် ဆေးနည်း
*****t*****h*****u*****r*** #*a*****
ကြက်သွန်နီကို မီးဖုတ်၍ ခွဲပြီး ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးပါ။ ကလေး ဆီးချုပ်ပျောက်၏။ (တစ်နည်း)
ကလေးဆီးအောင့်လျှင် ဒန့်ကျွဲပင်အမြစ်ကို ဆန်ဆေးရည်နှင့် သွေး၍ ရင်ညွှန့်ကစပြီး ဆီးစပ်အထိ လိမ်းပေးပါ။ (တစ်နည်း)
လိပ်ကျောက်မြီးကို ရေနှင့်သွေး၍ ချက်အောက်မှ ဆီးစပ်အထိ လိမ်းပေးပါ။ (တစ်နည်း)
ကလေးထိပ်အုံ ဆေးနည်း
***t***h***u***r***a***
ပန်းညိုရွက်၊ လင်းလေးရွက်၊ ကွမ်းရွက်၊ ကုလားပင်စိမ်းရွက်၊ ပင့်ကူမြှေးထည့်၍ကြိတ်ပြီး နှမ်းဆီနှင့်ဖျော်၍ ထိပ်မှာအုံပေးပါ။ နှာစေး ချောင်းဆို ပျောက်ကင်း၏။
ကလေးနို့မျက်ပျောက် ဆေးနည်း
*****t***h***u***r***a*****
ဖီးကြမ်းငှက်ပျော်သီးအလုံးကို မီးဖုတ်၍ အခွံခွာပြီး အသားကို ကျွေးပါ၊ အားလည်းရှိ စေသည်။
ကလေးသူငယ်နာကင်းရန် ဆေးနည်း
*****t*****h*****u*****r*****a*****
ငှက်ပျောသီးကို မီးဖုန်၍ မကြာခဏ ကျွေးပေးပါ။
ကလေးသန်ကျ ဆေးနည်း
***t***h***u***r***a***
ဆေးရွက်ကြီးကို ရေဆွတ်၍ ကလေးဗိုက်ပေါ်မှာ စည်းထားပေးပါ။
ကြက်ညှာချောင်းဆိုးပျောက် ဆေးနည်း
*****t***h***u***r***a*****
ကြက်သွန်ဖြူကို ထောင်းထု၍ နှမ်းဆီနှင့် သမအောင်နယ်ပြီး ရင်ဘတ်နှင့်ကျောကို လိမ်းကျံပေးပါ။ ခြေဖဝါးကို ကြိတ်နယ်ထားသော အဖတ်များဖြင့် ကပ်ပြီး ပတ်တီးစည်းထားပေးပါ။
ကြက်ညှာ ဆေးနည်း
**t**h**u**r**a**
ဟင်းနုနယ်ပြာ၊ ထန်းနို့ပြာ၊ ၎င်းနှစ်မျိုးကို ဆီးကင်းခန့် တိုက်ကျွေးပါ။
https://m.facebook.com/story.php?story_fbid=2283617238567317&id=100007571890625
ကင်းကိုက် ကင်းဆိပ်နိုင် ဆေးနည်း
*****t***h***u***r***a*****
ကဆော့မြစ်ကိုဖြစ်စေ၊ ကြောင်ပန်းမြစ်ကိုဖြစ်စေ၊ သမန်းမြက်ကိုဖြစ်စေ၊ ပေါင်းမြက်ကိုဖြစ်စေ ရရာကို ညက်စွာဝါး၍ နား၌ သုတ်လိမ်းပေးပါက ကင်းဆိပ်မျိုးနိုင်၏။ ကင်းကိုက်ပျောက်ကင်း၏။ (တစ်နည်း)
သပြေရွက်ကိုကြိတ်၍ အရည်ကို ကင်းကိုက်ခံရသောနေရာတွင် လူးပေးပါ။ (တစ်နည်း)
မန်ကျည်းစေ့ကို သွေး၍ လိမ်းပေးပါက ပျောက်၏။ (တစ်နည်း)
မြင်းခွာရွက်သတ္တုရည်နှင့်ကင်းကိုက်သော နေရာအား လိမ်းပေးပါ။ (တစ်နည်း)
ခွေးလှေးယားသီး အစေ့ကို ကြီတ်၍ ကင်းကိုက်ခံရသော နေရာအား လိမ်းပေးပါ။ (တစ်နည်း)
မန်ကျည်းရွက်ကို ကြိတ်၍ အုံပေးပါ။ (တစ်နည်း)
ငဖြူကြီးမြစ်ကို သွေး၍ ကင်းကိုက်ခံရသောနေရာအား လိမ်းပေးပါ။ (တစ်နည်း)
တမာရွက်ကို ကြိတ်၍ အုံပေးပါ။ (တစ်နည်း)
ကင်းမြီးကောက်ကိုက်ပါက တမာပွင့်ကို ရူပေးပါ။ (တစ်နည်း)
ကြေးဖလားကို ကင်းကိုက်ခံရသူကြားအောင် တီးပေးပါ။ (တစ်နည်း)
ကျပ်တီးနာပျောက် ဆေးနည်း
***t***h***u***r***a***
လည်ပင်းတွင် အဖုအစေ့ ကလေးများအဖြစ် ပေါက်သော ကျပ်တီးနာကို မြန်မာကုက္ကိုစေ့ ကြိတ်၍ လိမ်းပေးပါ။
ကြွက်နို့ပျောက် ဆေးနည်း
***t***h***u***r***a***
ချင်းတက်ကို ထိပ်ဘက်မှ ဓားဖြင့်လှီးပါ။ ထိပ်ကို ထုံးအနည်းငယ်ဖြင့်တို့ပြီး ကြွက်နို့ပေါ်မှာတဖြည်းဖြည်းချင်း ချင်းတက်ဖြင့် ပွတ်ပေးပါ။ ကြွက်နို့ ပါသွားပါလိမ့်မည်။
ကိုယ်ရောင်ရောဂါပျောက် ဆေးနည်း
*****t***h***u***r***a*****
ခံတက်ခေါက်၊ ဖျောက်ဆိတ်မြစ်၊ နနွင်းစိမ်း ၎င်းဆေးသုံးပါးကို အညီအမျှ သွေး၍ လိမ်းပေးပါ။ (တစ်နည်း)
နန်းလုံးကြိုင်မြစ်၊ ငရံ့ပတူမြစ်၊ ဘုမ္မရာဇာမြစ်၊ ပဲစင်းငုံမြစ်၊ ၎င်းဆေးလေးပါးကို တောအရက်ဖြင့် သွေးလိမ်းပေးပါ။ (တစ်နည်း)
ကျောပူခေါင်းပူထ ဆေးနည်း
***t***h***u***r***a***
ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက် ရှိန်းခိုအနည်းငယ်ထည့်၍ ကြိတ်၍ အရည်ကို ငယ်ထိပ်မှနေ၍ အောက်သို့ လူးပေးပါ။
ကြက်မျက်သင့်ရောဂါပျောက် ဆေးနည်း
****t****h****u****r****a****
ကြက်သွန်နီအရည်တွင် ဆားအနည်းငယ်ထည့်၍ မျက်စဉ်းခတ်ပေးပါ။ (တစ်နည်း)
တမာရွက် သတ္တုရည် နှစ်ကျပ်ခွဲသားကို နံနက်စောစော နေ့စဉ်သောက်ပေးပါ၊ ရက်မကြာခင် ပျောက်ကင်းပါလိမ့်မည်။ (တစ်နည်း)
လေညှင်းကို ဆိန်ကျင်ငယ်ရည်ဖြင့် သွေး၍ မျက်စဉ်းခတ်ပေးပါ။ (တစ်နည်း)
https://m.facebook.com/story.php?story_fbid=2283617238567317&id=100007571890625
ကျင်ငယ်တစ်စက်တစ်စက်ကျရောဂါပျောက် ဆေးနည်း
******t*****h*****u*****r*****a******
ဆီးဖြူသီးပြုတ်ရည်ကို ပျားရည်နှင့် သောက်ပါ။
ကျွဲအသားမာပျောက် ဆေးနည်း
***t***h***u***r***a***
ထမင်းနှင့် ဆားကိုကြိတ်၍ မီးဖုန်ပြီး အုံထားပေးပါ။ (တစ်နည်း)
ပြောင်းဖူးစေ့ကို ကြိတ်ပြီး အမူန့်လုပ်ပါ။ ၎င်းအမူန့်ကို ဆားအနည်းငယ်ထည့်၍ ဖျော်ပြီး လိမ်းပေးပါ။ အနာပေါ်တွင် ပိန်းရွက်အုံထားပေးပါ။ (တစ်နည်း)
ခရုသင်းပျောက် ဆေးနည်း
***t***h***u***r***a***
ငှက်ပျောပင်၏ ပဉ္စငါးပါးအား ပြာချ၍ နနွင်းနှင့် လူးပေးပါ။ (တစ်နည်း)
ကြိတ်မှန်ရွက်အရည်ကို မကြာခဏ လိမ်းပေးပါ။ (တစ်နည်း)
ခါးကိုက်ပျောက် ဆေးနည်း
***t***h***u***r***a***
၀ါးရွက်ကို ဟင်းချက်၍ သောက်ပါ။ (တစ်နည်း)
ခါးကို ဆပ်ပြာရည်နှင့် နှိပ်နယ်ပေးပါ။ (တစ်နည်း)
ခူနာပျောက် ဆေးနည်း
**t**h**u**r**a**
ဘူးရွက်နှင့် ထုံးဖြူကို အညီအမျှကြိတ်၍ ခူနာပေါ်မှာ အုံပေးပါ။ (တစ်နည်း)
မြင်းချေး၊ ငရုတ်ကောင်း၊ ၎င်းဆေးနှစ်ပါးအား ညက်အောင်ကြိတ်ပြီး အုန်းဆီစစ်စစ်ဖြင့် ဖျော်၍ လိမ်းပေးပါ။ (တစ်နည်း)
အုတ်ခဲအမူန့်ကို ဆီနှင့်နယ်ပြီး လုံး၍ ခူနာပေါ်မှာ လိမ်းပေးပါ။ (တစ်နည်း)
သရက်ခေါက် လတ်လတ်ဆတ်ဆတ်ကို ထုထောင်းပြီး ကျင်ငယ်ရည်ထည့်၍ အနာကို လိမ်းထားပေးပါ၊ တစ်နေ့လျှင် အသစ် နှစ်ခါလောက် ပြောင်း၍ စိမ်ပေးပါ။ အပျောက်မြန်၏။ (တစ်နည်း)
ညောင်ခေါက်ကို ရေနှင့်ညက်အောင်ကြိတ်ပြီး အနာကို အုံပေးပါ။ မှည့်စေလိုလျှင် ငါးပိထည့်၍ အုံပေးပါ။ မှည့်လွယ်ပြီး ခူနာ အပျောက်မြန်၏။ (တစ်နည်း)
https://m.facebook.com/story.php?story_fbid=2283617238567317&id=100007571890625
ခေါင်းကိုက်ခဲပျောက် ဆေးနည်း
***t***h***u***r***a***
မန်ကျည်းမှည့်ကို ဆားနှင့်နယ်၍ ရူပေးပါ။ (တစ်နည်း)
အညာကုက္ကိုပွင့်ကို ရေနှင့်ကြိတ်ပြီး ဦးခေါင်းနှင့် နားထင်ကို လိမ်းပေးပါ။
ချောင်းဆိုး ရင်ကြပ်ပျောက် ဆေးနည်း
***t****h****u****r****a***
ကျောက်ဖရုံမြစ်ကို အမူန့်ပြုလုပ်၍ ရေနွေးနှင့်သောက်ပါ။
ခံတွင်းပျက်ပျောက် ဆေးနည်း
***t***h***u***r***a***
ငှက်ပျောသီးမှည့်ကို ထန်းလျက်နှင့် စားပါ။
ခွေးရူးကိုက်နာပျောက် ဆေးနည်း
***t***h***u***r***a***
ကြာစွယ်ကို လက်ဖက်ရည်နှင့် သွေး၍ သောက်ပါ။ (တစ်နည်း)
ပဒိုင်းရွက် ငါးကျပ်သး၊ ဒုတ္ထာ တစ်ကျပ်သား၊ ၎င်းဆေးနှစ်ပါးကို ညက်စွာကြိတ်ပြီး ပဲကြီးစေ့့ခန့် လုံးထားပါ။ လူကြီးကိုက်ခံရသော် တစ်လုံး၊ ကလေးကိုက်ခံရသော် တစ်၀က်တိုက်ပါ။ အန်လျှင် ထန်းလျက်ကျွေးပါ။ (တစ်နည်း)
ငရုတ်ကောင်း၊ မုရိုးမြစ်၊ ဘူးမြစ်၊ ခွေးတောက်မြစ်၊ ထင်းရူးသား ၎င်းတို့ကို ဆတူကြိတ်-ကြိတ်၍ တိုက်ပါ။
ချွေးငုပ်ပျောက် ဆေးနည်း
***t**h**u**r**a***
ဧကရာဇ်မြစ်ကို ငါးပေါင်းကြော်လုပ်၍ စားပါ။ (တစ်နည်း)
ကသစ်ပွင့်နှင့် တရုတ်စံကားပွင့်ကို လက်သုပ်လုပ်၍ စားပါ။ (တစ်နည်း)
ငါးခူငါးကျည်းစူးပျောက် ဆေးနည်း
***t***h***u***r***a***
ငါးခူငါးကျည်းစူးပါက ဆီးဖြူသီးကို စားပေးပါ။
စိန်အဆိပ်ပျောက်ဖြေ ဆေးနည်း
***t***h***u***r***a***
ကန်စွန်းရွက်ကို ကြက်ပြုတ်ရည်ဖြင့် ချက်၍စားပါ။ (တစ်နည်း)
ရှားရွက်နှင့် ကန်စွန်းရွက် ချက်စားပါ။ (တစ်နည်း)
ရှားစေးတစ်ကျပ်သားကို ရေနှင့်သွေး၍ သောက်ပါ။ (တစ်နည်း)
ဆီးပူ၊ ဆီးအောင့် ဆီးရောဂါပျောက် ဆေးနည်း
******t****h****u****r****a******
ထန်းလျက်နှင့် ဇ၀က်သားဆတူကြိတ်၍ ဆီးဖြူသီးခန့် ရေအေးဖြင့် သောက်ပါ။
ခရုကို ဆားသွပ်ပြီး မီးဖုတ်၍ ထောင်းစားပါ။ ဆီးပူနာပျောက်၏။ (တစ်နည်း)
ဆီးဖြူသီးကို တင်လဲနှင့်စားပါက ဆီးအောင့်ပျောက်ကင်း၏။ (တစ်နည်း)
ကြက်သွန်ဖြူပြုတ်ရည်ကို သောက်ပါက ဆီးတစ်စက်စက်ကရောဂါ ပျောက်၏။ (တစ်နည်း)
ကြက်သားနှင့် မုန်လာဥကြီး အချိုချက်၍စားပါက ဆီးအောင့်နှင့် ကျောက်တည်ရောဂါ ပျောက်ကင်း၏။ (တစ်နည်း)
ကျောက်ဖရုံသီးကို သကြားနှင့်စားပါ။ ဆီးပူပျောက်ကင်း၏။ (တစ်နည်း)
သခွားသီးကို သကြားနှင့်စားပါ။ ဆီးပူပျောက်ကင်း၏။ (တစ်နည်း)
ထိကရုံးမြစ်ကိုကြိတ်၍ ဆီးခုံတွင် အုံပေးပါ။ (တစ်နည်း)
ဆီးဖြူသီးပြုတ်ရည်ကို ပျားရည်နှင့် တိုက်ပါက ဆီးအောင့်ရောဂါ ပျောက်၏။ (တစ်နည်း)
ဖီးကြမ်းငှက်ပျောသီးကို ထန်းလျက်နှင့် ဝအောင်စားပါ။ ဆီးချုပ်၊ ၀မ်းချုပ် ပျောက်ကင်း၏။ (တစ်နည်း)
မြင်းခွာရွက်ကို လက်သုပ်လုပ်စားပါ။ (တစ်နည်း)
ငုပင်၏ အနှစ်ကိုသွေး၍ ချက်အောက်တွင် မကြာခဏလိမ်းပေးပါ။ (တစ်နည်း)
ကုလားမျက်စိရွက်ကို ကြိတ်၍ အရည်ညှစ်ပါ။ ၎င်းအရည်ကို သောက်ပါက ဆီးချုပ်ရောဂါ ပျောက်ကင်း၏။ (တစ်နည်း)
ကြက်သွန်နီကို များများစားပေးပါ။ (တစ်နည်း)
ထိကရုံးမြစ်ကို သွေး၍ သွေး၍သောက်ပါက ဆီးအောင့် ကျောက်တည်ရောဂါ ပျောက်ကင်း၏။ (တစ်နည်း)
ဆီးဖြူသီးအစေ့ကို စားပေးပါ။ (တစ်နည်း)
တမာခေါက်ကိုပြုတ်၍ နံနက်စောစောပိုင်းတွင် သောက်ပေးပါ။ ဆီေးအာင့် ကျောက်တည် ပျောက်၏။
ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင် ကြို၍သောက်ပါ။ ဆီးအောင့် ကျောက်တည် ပျောက်၏။ (တစ်နည်း)
ဘူးသီးပြုတ်ကို များများစားပေးပါ။ (တစ်နည်း)
ယမနေရွက် သတ္တုရည်ကို ကြွေဇွန်းကြီး တစ်ဇွန်းသာသာ တစ်နေ့ နှစ်ကြိမ် သောက်ပေးပါ။ (တစ်နည်း)
https://m.facebook.com/story.php?story_fbid=2283617238567317&id=100007571890625
ဆံပင်ကျွတ်ပျောက် ဆေးနည်း
***t***h***u***r***a***
သလဲရွက်ကို ရေနှင့်ကြိတ်၍ သတ္တုရည်ကို တစ်နေ့နှစ်ကြိမ်လိမ်းပေးပါမူ ဆံပင်ကျွတ်ခြင်း ပျောက်ကင်း၏။
ဆံပင်ပေါက် ဆေးနည်း
***t**h**u**r**a***
သံပရာစေ့ကို ရေနှင့်ကြိတ်ပြီး နေ့စဉ်လိမ်ပေးပါ။
ဆံပင်နက် ဆေးနည်း
***t**h**u**r**a***
တမာဆီကို နေ့စဉ် လိမ်းပေးခြင်းအားဖြင့် ဆံပင်များပြန်၍ နက်ပြီးချောမွတ်စေသည်။ (တစ်နည်း)
မယားကြီးရွက်၊ ပဲရွက်၊ ပေါက်ပန်းဖြူရွက် ၎င်းသုံးမျိုးကိုကြိတ်၍ နှမ်းဆီနှင့် ဖျော်လိမ်ပေးပါ။ (တစ်နည်း)
သူငယ်စာ ငှက်ပျောကို ပျားရည်နှင့် တစ်နှစ်စိမ်ပြီးစားပါ။ (တစ်နည်း)
မန်ကျည်းသီး ငါးကျပ်သား၊ ဆားငါးကျပ်သား၊ ပွေးကိုင်းရွက် ငါးကျပ်သား၊ သကြားတစ်ဆယ်ကျပ်သား၊ ပျားရည် တစ်ဆယ်ကျပ်သား ၎င်းဆေးငါးပါးရော၍ စားပါ။ (တစ်နည်း)
သံချေး၊ မုယောပွင့်၊ ဆီးဖြူသီး ၎င်းတို့ကို အညီအမျှစု၍ ကြိတ်ပြီး သုံးရက်ခန့် လိမ်းပေးပါ။ (တစ်နည်း)
မန်ကျည်းသီးအဆံကိုသွေး၍ ဦးခေါင်းရှိ ဆံပင်အားလုံးကို လိမ်းပါ။ (တစ်နည်း)
ပွေးကိုင်းရွက်၊ ကြိတ်မှန်ရွက် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ အရည်ကို သောက်ပေးပါ။ (တစ်နည်း)
ယမနေသီး အဆီကို နှာရူပေးလျှင် ဆံပင်ဖြူပျောက်၏။ (တစ်နည်း)
တမာသီးအဆံကို ကြိတ်မှန်ရွက်နှင့်ကြိတ်၍ နှာရူပေးပါက ဆံပင်ဖြူပျောက်၏။ (တစ်နည်း)
ဒါန်းကြီးရွက်နှင့် မဲနယ်ပင်ကို ကြိတ်၍ သတ္တုရည်ကို ဖြူသောဆံပင်အား လိမ်းပေးပါ။ (တစ်နည်း)
ဒန္တသုခ ပင်လုံးပြုရည်ဖြင့် မကြာခဏ ခေါင်းလျှော်ပေးပါ။ ဆံပင်ဖြူပျောက်၍ ဘောက်ပါသေသည်။ (တစ်နည်း)
ဆံပင်ကောင်းရန် ဆေးနည်း
***t***h***u***r***a***
တမာရွက်နှင့် ဆီးရွက်ကို ဆတူကြိတ်ပြီး အမူန့်ကို ခေါင်းမှာလိမ်းပေးပါ။ ဆယ့်နှစ်နာရီကြာလျှင် ဆေးကြောပေးပါ။ ဤနည်းအတိုင်း ရက်အနည်းငယ် ပြုလုပ်ပေးပါက ဆံပင်ကောင်း၍လာ၏။
https://m.facebook.com/story.php?story_fbid=2283617238567317&id=100007571890625
ဆင်ခြေထောက်ရောဂါပျောက် ဆေးနည်း
****t****h****u****r****a****
ငဖြူကြီးမြစ်ကို ဆန်ပုန်းရည်ဖြင့် သွေး၍ လူးပေးပါ။
ဆုံဆို့နာပျောက် ဆေးနည်း
***t***h***u***r***a***
သင်္ဘောသီး အစိမ်ကို စားပေးပါ။ (တစ်နည်း)
ငါးရန့်ပတူမြစ်ကို သွေး၍ လူးပေးပါ။ (တစ်နည်း)
ကွမ်းသီးကိုကြိတ်၍ သုတ်လိမ်းပေးပါ။ (တစ်နည်း)
ဇက်လေးနာပျောက် ဆေးနည်း
***t***h***u***r***a***
တမာခေါက်ကို သုံးခွက်တစ်ခွက်တင် ကျို၍သောက်ပါ။
ညသေးပါရောဂါပျောက် ဆေးနည်း
ကျီးအာသီး သတ္တုရည်ကို လက်ဖက်ရည်ဖွန်း တစ်၀က်ခန့် ရက်အနည်းငယ် နေ့စဉ်ဆက်၍ သောက်ပါ။
ညောင်းကျရောဂါ ပျောက်ဆေးနည်း
****t***h***u***r***a****
ကြောင်ပန်းရွက်ကိုပြုတ်၍ နွေးနွေးထားပြီး မကြာခဏသောက်ပါ။
ညှင်းပျောက်ဆေးနည်း
***t**h**u**r**a***
ပဒုမ္မာကြာရိုးကို မီးဖုတ်၍ ပြာကိုလိမ်းကျံသော ညှင်း၊ တင်းတိတ် ပျောက်ကင်း၏။ (တစ်နည်း)
ကန့်ကိုရေနံဆီဖြင့်သွေး၍ ညအိပ်ရာ၀င်တွင် လိမ်းပေးပါ။ သုံးရက်ဆက်၍ လိမ်းပေးပါ။ ညှင်းများကွာကျ၍ ပျောက်ကင်း၏။ (တစ်နည်း)
ကြိတ်မှန်ရွက် သတ္တုရည်ကို လိမ်းပေးပါ။ (တစ်နည်း)
လက်ပံပင်၏ဆူးကို နို့ရည်နှင့်သွေး၍ လိမ်းပေးပါက ညှင်း၊ တင်းတိတ်ပျောက်ကင်း၍ မျက်နှာချောမွတ်စေသည်။
လက်ချားမီးဖုတ်ပြီး သံပုရာရည်နှင့်ဖျော်လိမ်းပါက ညှင်းပျောက်ပါသည်။
တင်းတိတ်ပျောက် ဆေးနည်း
***t***h***u***r***a***
ငရုတ်ကောင်း၊ ဂေါ်ရာဇင် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ လိမ်းပေးပါ၊ နေ့စဉ်ဆက်၍ လိမ်းပေးပါက ရက်အနည်းငယ်ကြာလျှင် ပျောက်ကင်း၏။ (တစ်နည်း)
လက်ပံပင်၏ဆူကို နို့ရည်နှင့်သွေး၍ တင်းတိတ်ရှိသော နေရာကို နေ့စဉ်ရက်ဆက် လိမ်းပေးပါက ရက်အနည်းငယ်အတွင်း ပျောက်ကင်း၏။ (တစ်နည်း)
ညောင်ကြတ်ညွန့် ပဲပိစပ် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ လိမ်းပေးပါ။ (တစ်နည်း)
ညအခါတွင် တင်းတိတ်ရှိသောနေရာကို မုန်ညင်းဆီသုတ်လိမ်းပေးပါ။ (တစ်နည်း)
နနွင်းနှင့် ငဖြူကြီးမြစ်ကို သွေး၍လိမ်းပေးပါ။ (တစ်နည်း)
ကြက်ဆူရွက်အရည်၊ ဘူးစေ့ ၎င်းဆေးနှစ်ပါးကြိတ်၍ တင်းတိတ်ရှိသောနေရာတွင် လိမ်းပေးပါ။ (တစ်နည်း)
သိန္ဓောဆားခဲကို ရေဖြင့်သွေး၍ လိမ်းပေးပါ။ (တစ်နည်း)
ဒန္တသုခ အရွက်စိမ်းရည်နှင့် သနပ်ခါးစပ်၍ လိမ်းပေးပါ။
ထိရှပွန်းပဲ့ခြင်းအနာပျောက် ဆေးနည်း
*****t***h***u***r***a*****
ကိုယ်လက်အင်္ဂါ ထိရှိပွန်းပဲ့ခဲ့သော် တမာဆီကို လိမ်းပေးပါ။ (တစ်နည်း)
နနွင်းနှင့် ကွမ်းစားထုံးကိုနယ်၍ အနာကိုထည့်ပေးပါ။ (တစ်နည်း)
ခွေးသေးပန်းရွက်အရည်ကို ညှစ်၍ အနာကိုထည့်ပေးပြီး ပတ်တီးစည်းထားပါ။ (တစ်နည်း)
ကြိတ်မှန်ရွက်အရည်ကိုညှစ်၍ ထည့်ပေးပါ။ (တစ်နည်း)
ကုက္ကိုရွက်ကိုကြိတ်ညှစ်ပြီး သတ္တုရည်ကိုထည့်ပေး၍ ပတ်တီး စည်းထားပေးပါ။ (တစ်နည်း)
https://m.facebook.com/story.php?story_fbid=2283617238567317&id=100007571890625
ဒူလာသွေး၀မ်းပျောက် ဆေးနည်း
***t***h***u***r***a***
– ငါးရှဉ့်ကို ဆီးဖြူသီးအခြောက်နှင့် ချက်၍စားပါ။
ဒူလာ၀မ်းပိတ်တား ဆေးနည်း
***t***h***u***r***a***
သံပရာရည်၊ ဆီ၊ ဆား ၎င်းဆေးသုံးပါးအား အညီအမျှ ရောစပ်၍ သောက်ပါ။
ဒူလာညောင်းညာကိုက်ခဲပျောက် ဆေးနည်း
*****t****h****u****r****a*****
မြင်းခွာရွက် တစ်ဆယ်ကျပ်သား၊ သင်္ဘောဆီးဖြူမြစ် ငါးကျပ်သား၊ ၎င်းဆေးနှစ်ပါးအား သုံးခွက်တစ်ခွက်တင်ကျို၊ လက်ဖက်ရည် ဇွန်းဖြင့် တစ်နေ့သုံးကြိမ်သောက်ပါ။ (တစ်နည်း)
ကုက္ကိုရွက်ကို အရည်ညှစ်၍ မီးနွေးနွေးပြပြီး နားထဲသို့ ထည့်ပေးပါ။ (တစ်နည်း)
ရှားစောင်း မြင်းနားရွက်အရည်ကို မီးနွေးနွေးပြပြီး နားထဲသို့ ကျပ်ပေးပါ။ (တစ်နည်း)
ရှားစောင်းလက်ပပ် သတ္တုရည်ကို မီးနွေးနွေးပြပြီး ညာဘက်နားကိုက်မူ ဘယ်ဘက်နားကိုထည့်၊ ဘယ်ဘက်နားကိုက်မူ ညာဘက်နားထဲသို့ ထည့်ပေးပါ။ လျင်မြန်စွာ ပျောက်ကင်းစေသည်။ (တစ်နည်း)
ကြောင်ပန်းရွက်အရည်၊ နှမ်းဆီ၊ ပျားရည် ၎င်းဆေးသုံးပါးကို ဆတူရော၍ နားထဲသို့ ကျပ်ပေးပါ။ (တစ်နည်း)
နားပြည်ယိုပျောက် ဆေးနည်း
***t***h***u***r***a***
ငုရွက်၊ ကြောင်ပန်းရွက် ၎င်းဆေးနှစ်ပါးကို အရည်ညှစ်၍ နားကို ကျပ်ပေးပါ။ (တစ်နည်း)
ကြောင်လျှာမြစ်ကို အမူန့်ပြုလုပ်၍ နှမ်းဆီနှင့်ဖျော်ပြီး မီးနွေးနွေးနှင့် ချက်ပါ။ ၎င်းကို နားထဲတွင် ကျပ်ပေးပါ။ (တစ်နည်း)
တမာရွက်ကို ရေနှင့်ပြုတ်၍ နားကိုသန့်ရှင်းအောင် ဆေးကြောပေးပါ။ (တစ်နည်း)
တမာဆီနှင့် ပျားရည်ရောပြီး နားထဲသို့ ကျပ်ပေးပါ။ (တစ်နည်း)
ရှားစေးမူန့်ကို နားတွင်းသို့ အနည်းငယ် ဖြူးဖြူးထည့်ပေးပါ။ (တစ်နည်း)
နားလေထွက် ဆေးနည်း
***t**h**u**r**a***
ကြောင်လျှာသီးနုနုကို သံပရာရည်လက်သုပ် လုပ်စားပါ။ (တစ်နည်း)
ထောပတ်ကို မီးနွေးနွေးပြပြီး နားကျပ်ပေးပါ။ (တစ်နည်း)
သစ်ကြံပိုးအဆီကို နားအတွင်းသို့ ကျပ်ပေးပါက နားအူ နားလေထွက် ပျောက်ကင်း၏။ (တစ်နည်း)
နို့နာပျောက် ဆေးနည်း
***t**h**u**r**a***
နနွင်းနှင့် ခရုကို သွေးလိမ်းပါ။ (တစ်နည်း)
လင်းလေနှင့် စပါးမြစ်ကို ကြိတ်၍အုံပေးပါ။ (တစ်နည်း)
ကြိတ်မှန်ရွက်ကို ငါးကြင်းသားနှင့် ချက်၍စားပါ။ (တစ်နည်း)
ဇရစ်ရိုးအရွက်များကို ဟင်းခါးချက်၍ စားပါ။ (တစ်နည်း)
တမာရွက်ကြိတ်၍ နို့အုံကို လိမ်းကျံ အုံပေးပါ။ (တစ်နည်း)
မိခင်များနို့ထွက် ဆေးနည်း
***t***h***u***r***a***
သင်္ဘောသီးအစိမ်းကို ဟင်းချက်၍စားပါ။ ရင်သားများတင်းမာလာပြီး နို့များထွက် စေသည်။
နှင်းခူပျောက် ဆေးနည်း
***t**h**u**r**a***
ငါးခူခေါင်းကို ပြာကျအောင်မီးဖုတ်ပြီး ၎င်းပြာကို ရေနံချေးဖြင့် နယ်၍ လိမ်းပေးပါ။ (တစ်နည်း)
ကနစို၊ ဆားခါး၊ မိတ်သလင် ၎င်းဆေးသုံးပါးအား အညီအမျှ စု၍ မီးဖုတ်ပြာချပါ၊ ၎င်းပြာကိုရေနံချေးဖြင့် နယ်၍ လိမ်းပေးပါ။ (တစ်နည်း)
မဖောက်ထုံး သုံးကျပ်သား၊ တရော် ငါးကျပ်သာ၊ ရေနံချေး တစ်ဆယ်ကျပ်သား ၎င်းဆေးသုံးပါးအား ကြိတ်နယ်၍ လိမ်းပေးပါ။ (တစ်နည်း)
ဘောင်မဘာရွက်၊ လောက်သေရွက်၊ ပဒိုင်းသီးရင့်ရင့် ၎င်းဆေး သုံးပါးကို ကျွမ်းအောင်လှော်ပြီး အမူန့်ပြုလုပ်၍ အုန်းဆီနှင့်ဖျော်ပြီး မီးနွေးနွေးပြကာ လိမ်းပေးပါ။ (တစ်နည်း)
ထိကရုံး ပဉ္စငါးပါးကို ကျွမ်းအောင်လှော်ပြီး အမူန့်ပြုလုပ်၍ အုန်းဆီနှင့် ဖျော်ပြီး လိမ်းပေးပါ။ (တစ်နည်း)
သဘောင်္မယ်ဇလီရွက်ကို သံပရာရည်ဖြင့် ကြိတ်၍ လိမ်းပါး။ အနာကို ဖန်ရည်ဆေးပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ် မှန်မှန်ပြုလုပ်ပေးပါ။ (တစ်နည်း)
မြင်းချေးလေးကျပ်သား၊ ငရုတ်ကောင်း တစ်ကျပ်သား ၎င်းဆေးနှစ်ပါးအား မူန့်ပြုလုပ်၍ အုန်းဆီနှင့် လိမ်းပေးပါ။ (တစ်နည်း)
ဂေါ်ဖီထုပ်အမြစ်ကို ပါးပါးလှီး၍ ခြောက်အောင် နေလှမ်းပါ။ အိုးတစ်လုံးတွင်ထည့်၍ ပြာချပါ။ ၎င်းပြာကို နံ့သာဖြူရည်နှင့်ဖျော်၍ တစ်နေ့ နှစ်ကြိမ်သုံးကြိမ် လိမ်းပေးပါ။ (တစ်နည်း)
နှာပိတ်ပျောက် ဆေးနည်း
***t***h***u***r***a***
ကြိတ်မှန်ရွက်ကို အရည်ညှစ်၍ မကြာခဏ ရူပေးပါ။ (တစ်နည်း)
လက်ချားကိုကြိတ်၍ ရူပေးပါ။ (တစ်နည်း)
ကုက္ကိုစေ့ကိုကြိတ်၍ ရူပေးပါ။ (တစ်နည်း)
ရေနံကို ရူပေးပါ။ (တစ်နည်း)
နှာခေါင်းရောဂါပျောက် ဆေးနည်း
***t***h***u***r***a***
တမာဆီကိုရူသော် နှာခေါင်း၌ဖြစ်သော ရောဂါပျောက်ကင်း၏။
နှာရည်ယိုပျောက် ဆေးနည်း
***t***h***u***r***a***
တမာရွက်နှင့် စမုန်ဖြူကို ကြိတ်၍ နှာခါင်းနှင့် နားထင်တွင် လိမ်းပေးပါ။ (တစ်နည်း)
ကြက်သွန်နီကို ရူပေးပါ။ (တစ်နည်း)
နှာခေါင်းသွေးလျှံပျောက် ဆေးနည်း
****t***h***u***r***a****
ဟင်းနုနယ်ရွက်ကို ညက်စွာကြိတ်ပြီး နှာခေါင်းမှစ၍ မျက်နှာ အထက်ပိုင်းကို လိမ်းကျံပေးပါ။ (တစ်နည်း)
နွားချေးခြောက်ကို ရူပေးပါ။ (တစ်နည်း)
နားထိုင်း၊ နားပင်းပျောက် ဆေးနည်း
****t***h***u***r***a****
စပါးကြီးသည်းခြေ၊ ဖားဆီ ၎င်းဆေးနှစ်ပါးကို ရောစပ်၍ ငှက်ခါးတောင်နှင့် ကျပ်ပေးပါ။ (တစ်နည်း)
သင်္ဘောစေ့တစ်စေ့၊ ဆားတစ်ရွေးသား၊ လေးညှင်းတစ်ပွင့် ၎င်းတို့ကို အမူန့်ပြုလုပ်၍ နှမ်းဆီနှင့်ရောစပ်ပြီး ကျပ်ပေးပါ။ (တစ်နည်း)
နားအူပျောက် ဆေးနည်း
***t**h**u**r**a***
စပါးလင်ဆီ၊ ထောပတ်ဆီ တစ်ခုခုကို နားမှာ ကျပ်ပေးပါ။
နားကိုက်ပျောက်ဆေးနည်း
***t**h**u**r**a***
ရှားစောင်းလက်ပပ်ကို မီးကင်၍ အရည်ကိုယူပြီး နားထဲသို့ ထည့်ပေးပါ။ မကြာခဏ ပြုလုပ်ပေးပါက ပျောက်ကင်း၏။ (တစ်နည်း)
ကြက်သွန်နီကို ထုထောင်း၍ အရည်ညှစ်ယူပါ၊ ၎င်းအရည်ကို မီးနွေးနွေးပြပြီး နားထဲသို့ ထည့်ပေးပါ။ (တစ်နည်း)
နူနာရေဂါပျောက် ဆေးနည်း
***t***h***u***r***a***
ရှားပင်၏အမြစ်၊ အခေါက်၊ အရွက်၊ အသီး၊ အပွင့် ပဉ္စငါးပါးကိုကျို၍ လိမ်းခြင်း၊ သောက်ခြင်း၊ ရူခြင်းများပြုလုပ်ပေးပါက ပျောက်ကင်း၏။ (တစ်နည်း)
ပိတောက်သား အနှစ်ကို ထုထောင်း၍ ရေစိမ်ထားပါ။ ၎င်းအရည်ကို စိပ်၍သောက်ခြင်းဖြင့် နူနာရောဂါကို ပျောက်ကင်းစေနိုင်သည်။ (တစ်နည်း)
နို့ပျဉ်းကျရောဂါပျောက် ဆေးနည်း
***t***h***u***r***a***
၀က်ချေးမနှဲပင်(တံမြက်စည်းပင်) အမြစ်ကို ရေနှင့်သွေး၍ တစ်နေ့ သုံးကြိမ်လိမ်းပေးပါ။
ပင့်ကူကိုက်ပျောက် ဆေးနည်း
***t***h***u***r***a***
ဆန်လှော်ကို ဝအောင်စားပါ။ (တစ်နည်း)
ကြခတ်ခါးစောင်းကို သွေး၍လူးပေးပါ။ (တစ်နည်း)
ပန်းနာပျောက် ဆေးနည်း
***t**h**u**r**a***
လေးညှင်း နှစ်ကျပ်ရှစ်ပဲ၊ ကရဝေး နှစ်ကျပ်ရှစ်ပဲ၊ ၎င်းဆေးနှစ်ပါးကို အမူန့်ပြုလုပ်၍ ပျားရည်နှင့်ရောပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ် ဆီးကင်းခန့်စားပါ။ (တစ်နည်း)
ဆီးဖြူသီးကို စားပေးပါ။ (တစ်နည်း)
ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက် ၎င်းဆေးနှစ်ပါးအားဆတူ ရော၍ကြိတ်ပြီး အရည်ညှစ်ယူပါ၊ ၎င်းအရည်ကို ဆားအနည်းငယ် ထည့်၍ လက်ဖက်ရည် အကြမ်းပန်ကန်တစ်၀က်ခန့် သောက်ပါ။(တစ်နည်း)
ချင်းသတ္တုရည် တစ်ဆယ်ကျပ်သား၊ ရှောက်ရည် တစ်ဆယ်ကျပ်သား၊ ဆားမီးဖုတ် ငါးကျပ်သား ၎င်းဆေးသုံးပါးအား သမအောင်ရောစပ်၍ နံနက်တစ်ကြိမ် ညတစ်ကြိမ် ကြွေးဇွန်းတစ်ဇွန်းခန့် သောက်ပေးပါ။ (တစ်နည်း)
https://m.facebook.com/story.php?story_fbid=2283617238567317&id=100007571890625
ပွေးပျောက် ဆေးနည်း
***t**h**u**r**a***
ငု၊ ရွှေဝါ အရွက်ကိုကြိတ်၍ အရည်ကို သံပရာရည်နှင့် ဖျော်၍လိမ်းပါ။ (တစ်နည်း)
ကလောသီးတ်လုံးကို ထုံးဖြူတစ်ကျပ်သားနှင့်ရောကြိတ်၍ ရေနံချေးနှင့်ချက်ပြီး အနာကို လိမ်းပေးပါ။ (တစ်နည်း)
ကြက်သွန်ဖြူ၊ ဥတစ်လုံ ခုနစ်တတ်၊ သင်္ဘောမယ်ဇလီ ခုနှစ်ရွက် ၎င်းဆေးနှစ်ပါးအား ကြိတ်၍ ခုနှစ်လုံး လုံးပါ။ တစ်နေ့ တစ်လုံးကျ စားသွားပါ။ (တစ်နည်း)
ကြက်သွန်ဖြူ ဥတစ်လုံးကို ဖင်လှီး၍ ထွက်လာသောအစေးနှင့် အနာကို မကြာခဏ ပွတ်ပေးပါ။ (တစ်နည်း)
သနပ်သီးအတွင်းမှ အဆံကိုကြိတ်၍ လိမ်းပေးပါ။ (တစ်နည်း)
သင်္ဘောသီးအစိမ်းမှ ထွက်လာသောအစေးကို လိမ်းပေးပါ။ (တစ်နည်း)
ဖျားပြီး အားနည်းရောဂါပျောက် ဆေးနည်း
***t*****h*****u*****r*****a***
တမာခေါက်ကိုပြုတ်၍ သောက်ပေးပါ။ ဖျားပြီး အားနည်းရောဂါပျောက်၏။
ဖောရောင်ပျောက်ဆေးနည်း
***t***h***u***r***a***
ကနဖော့ကို ပြုတ်၍စားပါ။ ၎င်းပြုတ်ရည်ဖြင့် ချွေးအောင်းပေးပါက ပျောက်ကင်း၏။ (တစ်နည်း)
စိန္နဘော် အရွက်ကိုပြုတ်၍ ရေချိုးပါ။ ၎င်းပြုတ်ရည်ဖြင့် ချွေးအောင်းပါ။ (တစ်နည်း)
မီးယပ်ငုပ်ပျောက် ဆေးနည်း
***t***h***u***r***a***
ကြိတ်မှန်ရွက်ကို လက်သုပ်လုပ်စားပါ။ (တစ်နည်း)
ကြိတ်မှန်ရွက်နှင့် ထန်းလျက်ကျို၍ ဆားအနည်းငယ်ထည့်ပြီး သောက်ပါ။ (တစ်နည်း)
ဒန့်သလွန်မြစ်ကို ဆားနှင့်သွေး၍ သောက်ပါ။ (တစ်နည်း)
မီးယပ် ခေါင်းကိုက်ပျောက် ဆေးနည်း
***t****h****u****r****a***
ဒန့်သလွန်မြစ်၊ ငရုတ်ကောင်း၊ ပန်းနု၊ လင်းလေ၊ ကုက္ကိုခေါက် ၎င်းဆေးငါးပါးအား အမျှစီစုပြီး ကြိတ်၍ အမူန့်လုပ်ရူပါ။
မီးယပ် ဆေးနည်း
**t**h**u**r**a**
နနွင်းကို ရေနှင့်ဖျော်ပြီး သမအောင်နယ်၍ ကိုယ်ကို လိမ်းကျံပါ။
မီးဖွားလွယ်ကူသော ဆေးနည်း
***t***h***u***r***a***
ပေါက်ပန်းဖြူကိုင်ကို လက်ဝဲလက်ယာကိုင်ပါစေ။ (တစ်နည်း)
လက်ပံမိူ့သီးကို သွေး၍ လိမ်းပေးပါက အပူသက်သာစေသည်။ (တစ်နည်း)
ငှက်ပျောသီးအမှည့်ကို အုံပေးပါ။ (တစ်နည်း)
၀ါစေ့အဆံကိုကြိတ်၍ အုံပေးပါ။ အပူသက်သာစေ၍ အမြန်ပျောက်ကင်း၏။ (တစ်နည်း)
မီးလောင်နာပျောက် ဆေးနည်း
***t***h***u***r***a***
လူတစ်ကိုယ်လုံး မီးလောင်ခဲ့သော် ငှက်ပျောရွက်ကိုခင်း၍ အုပ်ထားပါ။
မိတ်ပျောက် ဆေးနည်း
***t***h***u***r***a***
ခရေပွင့်ခြောက်ကို သနပ်ခါးနှင့် သွေး၍ လိမ်းပေးပါ။
မက်ကလောင်နာ ဆေးနည်း
***t***h***u***r***a***
အပူပြင်း၍ မျက်စိဝါခြင်း၊ မျက်လုံးမဖွင့်ခြင်းရှိသော် စအို၀တွင် အပူကန်၍ အဖုကလေးများ ရှိလိမ့်မည်။ ၎င်းအဖုလေးများအား ဖောက်ပေးပြီး ကြက်ဟင်းခါးအရည်ဖြင့် သုတ်လိမ်းပေးပါ။
မျက်စိနာ ဆေးနည်း
**t**h**u**r**a**
နှမ်းလှော်ကို ရှူပေးပါ။ (တစ်နည်း)
မန်ကျည်းပင်၏ အခေါက်အား ဆားအနည်းငယ်ထည့်၍ သွေးပြီး မျက်စိအား ကွင်းလိမ်းပေးပါ။ (တစ်နည်း)
တမာရွက်ကို အရည်ညှစ်၍ မျက်စဉ်းခတ်ပေးပါ။ (တစ်နည်း)
ကင်းမုန်ရွက်ကို ကြိတ်နယ်၍ (နင်ကရေယုန်၊ ငါကကင်းမုန်ဟုဆိုကာ) ရေယုန်ပေါက်သော နေရာအား မကြာခဏပွတ်ပေးပါက ပျောက်၏။ (တစ်နည်း)
မန်ကျည်းပနီမြစ်ကို ဆားနှင့်သွေး၍ လိမ်းပေးပါက ပျောက်၏။ (တစ်နည်း)
အုန်းဆီကို ရေနှင့်ဖျော်ပြီး မကြာခဏ သုတ်လိမ်းပေးခြင်းဖြင့်လည်း ပျောက်ကင်း၏။ (တစ်နည်း)
စစ်သိမ်မြစ်ကို ဆားနှင့်သွေး၍ မျက်စိကိုကွင်းလိမ်းပေးပါ။ (တစ်နည်း)
ရင်ဘတ်နာပျောက် ဆေးနည်း
***t***h***u***r***a***
ငရုတ်ကောင်းကို ပြာချ၍ ပျားရည်နှင့် စားပါက ပျောက်ကင်း၏။ (တစ်နည်း)
သံပရာသီးအစိမ်း အခွံကို စားပေးပါက လေနာ၊ ရင်ဘတ်နာ ပျောက်ကင်း၏။ (တစ်နည်း)
ရေငတ်၀မ်းကျပျောက် ဆေးနည်း
***t***h***u***r***a***
မန်ကျည်းဖျော်ရည်ကို သောက်ပေးပါ။ (တစ်နည်း)
ဧကရာဇ်မြစ်ကို သွေး၍ ဆန်ဆေးရည်နှင့် ရောစပ်ပြီး ကြွေဇွန်း တစ်ဇွန်းခန့် တစ်နေ့သုံးကြိမ် တိုက်ပါ။ (တစ်နည်း)
ရေဖျဉ်းရောဂါပျောက် ဆေးနည်း
***t***h***u***r***a***
ယမနေမြစ်ကို သွေး၍သောက်ပါ၊ ကိုယ်ကိုလည်း လိမ်းပေးပါ။ (တစ်နည်း)
ပွေးကိုင်းရွက်နှင့် ဆီးဖြူသီးကိုကြိတ်၍ အရည်ကို တိုက်ပေးပါ။ (တစ်နည်း)
ပုန်းရည်တစ်ကျပ်သား၊ ဆီနှစ်ကျပ်သား၊ ဆားငါးပဲသား၊ ၎င်းဆေးသုံးပါးအား ကြေးနီခွက်တွင်ထည့်၍ နေလှမ်းပြီး သုံးကြိမ်သောက်ပေးပါ။ (တစ်နည်း)
ကုက္ကိုခေါက်ကို သုံးခွက်တစ်ခွက်တင် ကျို၍သောက်ပေးပါ။ (တစ်နည်း)
ရေကျောက်ပျောက် ဆေးနည်း
***t***h***u***r***a***
စောင်းလျားသီးအရည်ကို ညှစ်၍တိုက်ပါ၊ ရေကို တစ်နေ့ နှစ်ကြိမ် သုံးကြိမ် ချိုးပေးပါ။
ဆေးနည်းများ ဖတ်ရှု၍ နားမလည်ပါက နီးစပ်ရာတိုင်းရင်းဆေးဆရာများထံတွင် ပြသဆွေးနွေးမေးမြန်းပါ။
Credit to Original
🙏🏻🙏🏻🙏🏻
ပြန်လည်မျဝေပါတယ်ခင်ျော
29/08/2021
THAICOM KU_BAND BISSKEY
👉Tp 12604V30000
=============
🖥️Live Sky1
✅PID 0301/0302/0301
🌺Bisskey 36 E4 18 32 62 F6 02 5A
👉Ani+hd
✅PID 0751/0752/0751
🌺Bisskey 36 E4 18 32 62 F6 02 5A
👉Live Sky3
✅PID 0321/0322/0321
🌺Bisskey-36 E4 18 32 62 F6 02 5A
🖥️Bangkok hd
✅PID 0251/0252/0252
🌺Bisskey 36 E4 18 32 62 F6 02 5A
🖥️Kaseat hd
✅PID 0421/0422/0421
🌺Bisskey 36 E4 18 32 62 F6 02 5A
🖥️Show 2
✅PID 0121/0122/0121
🌺Bisskey 36 E4 18 32 62 F6 02 5A
🖥️Show 1
✅PID 0211/0212/0211
🌺Bisskey 36 E4 18 32 62 F6 02 5A
🖥️Live Sky2
✅PID 0311/0312/0312
🌺Bisskey 36 E4 18 32 62 F6 02 5A
🖥️C-Sat TAI
✅PID 0511/0512/0511
🌺Bisskey 36 E4 18 32 62 F6 02 5A
🖥️C-Sat KLANG
✅PID 0501/0502/0501
🌺Bisskey 36 E4 18 32 62 F6 02 5A
🖥️Moviesat HD C-Sat
✅PID 0571/0572/0571
🌺Bisskey 36 E4 18 32 62 F6 02 5A
🖥️C Sat North
✅PID 0531,0532,0531
🌺Bisskey 36 E4 18 32 62 F6 02 5A
🖥️I Asia C-Sat hd
✅PID 0601/0602/0601
🌺Bisskey 36 E4 18 32 62 F6 02 5A
🖥️C-Sat ESAN hd
✅PID 0521/0522/0521
🌺Bisskey-36 E4 18 32 62 F6 02 5A
🖥️I Movie hd C-Sat
✅PID 0591/0592/0591
🌺Bisskey 36 E4 18 32 62 F6 02 5A
🖥️Series+ hd C- Sat
✅PID 0611/0612/0611
🌺Bisskey 36 E4 18 32 62 F6 02 5A
🖥️GOBA Tv hd
✅PID 1001/1002/1001
🌺Bisskey36 E4 18 32 62 F6 02 5A
🖥️Fawanmai
✅PID 0247/0347/0247
🌺Bisskey-11 11 11 33 11 11 11 33
🖥️135 Thai lite H26
✅PID 0171/0172/0171
🌺Bisskey 11 11 11 33 11 11 11 33
🖥️A Film hd
✅PID 0541/0542/0541
🌺Bisskey 36 E4 18 32 62 F6 02 5A
🖥️News1
✅PID 0244/0344/0244
🌺Bisskey 11 11 11 33 11 11 11 33
🖥️Live Sky 4
✅PID 0451/0452/0451
🌺Bisskey 36 E4 18 32 62 F6 02 5A
🖥️Toon Toon hd
✅PID 0161/0162/0161
🌺Bisskey 36 E4 18 32 62 F6 02 5A
Kozin Ygn …Yangon
26/08/2021
စျေးခဏခဏမသွားနိုင်တဲ့ကာလမှာ အသားငါး အသီးအရွက်အစုံ ရေခဲသေတ္တာထဲအထားခံအောင် သိမ်းဆည်းနိုင်မယ့် အသုံးဝင် မီးဖိုချောင်နည်းလမ်းလေးတွေပါ 🍅🥕
အသားဆို ဆားနနွင်းနယ်ပြီး ကော်ဘူးထဲထည့်သိမ်းလို့ရပါတယ် (ကြက် ၀က် အမဲသား ဘဲသား အသားစုံထိုနည်းအတိုင်းပါ)
ပုစွန်ဆို ကိုင်ပြီး ဆားနဲ့လှော်ကာ ဘူးထဲထည့်သိမ်းလို့ရပါတယ်
ကျက်နေအောင်ပြုပ်ပြီး ဆီအနည်းငယ်နဲ့ ကြော်ပြီးလည်း သိမ်းနိုင်ပါတယ်🍤🍤🍤
ငါးမွှေဖို့ဆို ငါးကို ငံပြာရည်နဲ့မာမာလေးပြုပ်ပြီး အသားနွှင် ဘူးထဲထည့်သိမ်းလို့ရပါတယ်
ကင်းမွန်ကိုတော့ သေချာကိုင်ပြီး ရေနွေးနဲ့ခနပြုပ်ပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်
ငါးဖယ်ကိုတော့ ချက်မှာဆို မပျော့မမာလေးကြော်ထားပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်
ငါးဖယ်အစိမ်းချက်ဆိုရင်တော့ ရေနွေးဆူထဲ ဆားနည်း၂ထည့် လက်လေးနဲ့ အနေတော်လုံးပြီး ၃မိနစ်လောက်ပြုပ်ပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်
ကင်းပွန်းချဉ်ရွက်ကိုတော့ သေချာနယ်ဖတ်ဆေးပြီး ရေနွေးအိုးဆူထဲ ခနပြုတ်ပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်
ကန်စွန်းရွက်ကိုတော့ ရင့်တာတွေဖယ်ပြီး
စားမယ့်အနုတွေချည်းကို သတင်းစာနဲ့ပတ်ပြီး
သိမ်းနိုင်ပါတယ်
ကန်စွန်းရိုးနီကိုတော့ ရေနွေးဆူထဲ ခနထည့်ပြုတ်ပြီး ကော်ဘူးထဲ သိမ်းနိုင်ပါတယ်
ဂေါ်ရခါးသီးကိုတော့ သတင်းစာနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်
ချဉ်ပေါင်ရွက်တွေကိုတော့ ချွေရေစင်အောင်ဆေးပြီး အိုးထဲထည့်ကျိုပြီး ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်
မုန်လာဥနီကိုတော့ သတင်းစာနဲ့ ၂ထပ်လောက်ပတ်ပြီး သိမ်းနိုင်ပါတယ် 🥕🥕🥕
မုန်လာဥကိုတော့ ရေနွေးဆူထဲ ခနထည့်ပြီး နည်း၂နူးရင် ဘူးထဲထည့်သိမ်းနိုင်ပါတယ်
မုန်ညင်းကိုတော့ တလွှာချင်းစီခွာပြီး သတင်းစာနဲ့တဖတ်ချင်းစီပတ်ပြီး သိမ်းနိုင်ပါတယ် 🥬🥬🥬
မျှစ်ကိုတော့ ရေစင်အောင်ဆေး တနာရီလောက်ပြုပ် ရေစစ်ပြီး အဖတ်တွေကို အိတ်လေးတွေနဲ့ထုပ်ပြီး အခဲကန့်မှာ ထည့်သိမ်းနိုင်ပါတယ်
ပဲပင်ပေါက်ကိုတော့ ရေစင်အောင်ဆေးပြီး ရေနွေးနဲ့ခနပြုပ် အခဲကန့်ထဲ တခါချက်စာ အိတ်လေးတွေနဲ့ထည့်ပြီး သိမ်းနိုင်ပါတယ်
ပဲပြားကိုတော့ ရေစင်အောင်ဆေး ၃မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲပဲပြားတုံး ရေမြုပ်တဲ့ထိစိမ်ပြီး သိမ်းနိုင်ပါတယ်
ဇရစ်ရိုးကိုတော့ အမျှင်တွေဖယ်သင်ပြီး ရေဆေးပြီး ရေနွေးဖျောကာ အခဲကန့်ထဲမှာ ဘူးနဲ့သိမ်းနိုင်ပါတယ်
ဂေါ်ဖီထုပ်ကိုတော့ ရိတာတွေ ပိုးကိုက်တာတွေကို ဓားနဲ့သင်ပြီးမှ သတင်းစာနဲ့ ၃ထပ်လောက်လုံနေအောင်ပတ်ပြီး သိမ်းနိုင်ပါတယ်
အချိန်ရရင် တဖတ်ချင်းစီခွာပြီး သတင်းစာနဲ့ပတ်ပြီးလည်း သိမ်းနိုင်ပါတယ်
နံနံပင်ကိုတော့ အမြစ်တွေဖယ် မသန့်တာတွေရွေးဖယ်ပြီး သတင်းစာနဲ့လုံအောင်ပတ်ပြီး
အိတ်ထဲထည့်ကာ သိမ်းနိုင်ပါတယ်
ငြုပ်သီးစိမ်းကိုတော့ ရေစင်အောင်ဆေး အညာချွေပြီး ရေနွေးဆူထဲ ၅မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်
ပြုတ်မထားဘဲ အစိမ်းထားချင်သူက ဘူးအောက်ခြေမှာ သတင်းစာလေးခံပြီး အညာချွေထားတဲ့ငြုပ်သီးလေးတွေကို ရေစင်အောင်သုတ်
ဖြန့်ထားကာ ထားနိုင်ပါတယ် 🌶🌶🌶
ဂေါ်ဖီပန်းပွင့်ကိုတော့ မကောင်းတာတွေဓားနဲ့ရှပ်ပြီး လက်တဆုပ်စာလေးတွေသင်ပြီး သတင်းစာလေးနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်🥦🥦🥦
ခရမ်းချဉ်သီးကိုတော့ ရေစင်အောင်ဆေး ရေနွေးဆူထဲထည့် အနှစ်ရတဲ့ထိမွှေပြီး အနှစ်ပျစ်လာတဲ့အခါအခါဆယ်ပြီး ဘူးထဲထည့် သိမ်းနိုင်ပါတယ်
ခရမ်းသီးကိုတော့ ရေစင်အောင်ဆေးပြီး သေချာခြောက်နေအောင် ပြန်သုတ်ပြီးတလုံးချင်းစီ သတင်းစာနဲ့ပတ်ပြီး သိမ်းနိုင်ပါတယ် 🍆🍆🍆
သံပရာသီးကိုတော့ ရေဆေးပြီး ဇကာပေါက်ပါတဲ့ခြင်းထဲထည့်ကာ သိမ်းနိုင်ပါတယ် 🍋🍋🍋
သံပရာသီးခြောက်မှာစိုးရင်တော့ အလုံးလိုက်အရည်တွေ ညစ်ယူပြီး ဖန်ပုလင်းအသန့်ထဲ ထည့်ကာ သိမ်းနိုင်ပါတယ်
ကြက်ဥ ဘဲဥကိုတော့ ရေစင်အောင်ဆပ်ပြာနဲ့ဆေးပြီး ကတ် သို့မဟုတ် ဇကာပေါက်ပါတဲ့ ကော်ခြင်းထဲထည့်ကာ သိမ်းနိုင်ပါတယ်
အသီးအနှံတွေကိုတော့ ရေဆေးပြီး ရေစင်အောင်ပြန်သုတ်ပြီး သတင်းစာလေးတွေနဲ့ တလုံးချင်းစီပတ်ကာ သိမ်းဆည်းနိုင်ပါတယ် 🍎🍇🍊🍋
ဆီခနခနသတ် အဖြူအနီတွေမထုထောင်းချင်ဖူးဆိုရင်တော့ ဂျင်းကြက်သွန်ဖြူနီကိုများများနွှာပြီးထုထောင်း ဆီသတ်နွမ်းတဲ့အခါ
အရောင်တင်မှုန့်ထည့်ပြီး
ဟင်းချက်နှစ်ကို စတီးချိုင့်ထဲထည့်ကာ
သိမ်းနိုင်ပါတယ်
ရေခဲသေတ္တာထဲ မထည့်သင့်တဲ့ အသီးကတော့ ငှက်ပျောသီးပါ အမှည့်ကြာစေတာမို့
အပြင်မှာဘဲထားစားပါ
ပေါင်မုန့်ကိုလည်းမထည့်သင့်ပါဖူး အစိုဓာတ်ကိုခြောက်သွေ့စေပြီး ပေါင်မုန့်သား မာဆတ်၂ ဖြစ်စေလို့ပါ
ကြက်သွန်ဖြူနီတွေကိုလည်းနွှာပြီး ရေခဲသေတ္တာထဲ ဒီတိုင်းမထည့်သင့်ပါဖူး အနံ့တွေနံတတ်လို့ပါ သိမ်းချင်ရင်နွှာပြီး ရေစင်အောင်ဆေးပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်ရှင့်😇
Credit မူရင်းဝေမျှသူ
Credit photos
26/08/2021
"သဘောကျလို့ ကော်ပီယူလာတာ"
••••••••••••••••••(အပျင်းပြေဖတ်ကြည့်ပေါ့)
ခုတော့ ငါ့ဘဝလည်း ဗဟိုဘဏ်ဖြစ်နေပြီ
( ပိုက်ဆံ မရှိတော့ဘူး )😏
အိမ်ကလည်း ပုဂ္ဂလိကဘဏ်လိုပဲ
( ထုတ်ချင်သလောက် ထုတ်မပေးနိုင်ဘူး )😩
စီးပွားရေးကလည်း မအလဖြစ်နေပြီ
( အကုန်ရှုံး )😔
အကြွေးကလည်း covid ဖြစ်နေပြီ
( အထူးစိုးရိမ်ရတဲ့ အခြေအနေ )😬
အမျိုးတွေကြည့်တော့လည်း ကုလသမဂ္ဂ
( ကိုယ့်ကိုသာ စိုးရိမ်နေတာ
သူတို့လည်း ဘာမှတတ်နိုင်ဘူး )😁
သူငယ်ချင်းတွေကလည်း အာဆီယံပဲ
(အားပေးစကားပြောပြီး ပျောက်သွားတာ)
ငါ့စိတ်နဲ့ ငါ့ကိုယ်ကတော့ mobile data ဖြစ်နေပြီ
( မမိတစ်ချက် မိတစ်ချက် ) 😖
Credit
25/08/2021
အဲလိုမျိုးကိုရှာနေတာကြာပြီ
ရှယ်ထားသင့်တယ်
မြန်မာပြည်ရဲ့ထူးခြားတဲ့
အကြောင်းဗဟုသုတတွေကို
တစ်နေရာတည်း ဒီလိုတွေ့ရဖို့ဆိုတာ
သိပ်ခက်ခဲလို့ပါ...
_______________________________
မြန်မာနိုင်ငံ၏ပထမဆုံးသော ပုဂ္ဂိုလ်များ
----------------------------------------------------
ပထမဆုံး ဗုဒ္ဓဘာသာ ထွန်းကားစေသူ အနော်ရထာမင်း
ပထမဆုံးမင်း တကောင်းအဘိရာဇာ
မြို့တော် ပုဂံ (အေဒီ ၁၀၄၄)
ပထမဆုံး ဝန်ကြီးချုပ် ဦးနု
ပထမဆုံး သမ္မတ စပ်ရွှေသိုက်
ပထမဆုံး အာဇာနည်နေ့ အခမ်းအနားဦးဆောင်ကျင်းပသူ
မြို့မ ဦးသန်းကြွယ်
ပထမဆုံး သိပ္ပံစာပေပြုစုသူ ယောမင်းကြီးဦးဘိုးလှိုင်
ပထမဆုံး အင်္ဂလိပ် မြန်မာ
အဘိဓာန် ရေးသားသူများ မက္ခရာမင်းသားနှင့် မစ္စတာလိန်း
(ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏
အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို)
ပထမဆုံး အလင်္ကာကျော်စွာဘွဲ့ရ သခင်ကိုယ်တော်မှိုင်း
ပထမဆုံး အနောက်တိုင်းဆေးဆရာ ဒေါက်တာရှောလူး
ပထမဆုံး အမျိုးသားကောလိပ်မှ ဝိဇ္ဇာဘွဲ့ ရသူ ဆရာကြီး ဦးရာဇာတ်
ပထမဆုံး အင်ဂျင်နီယာ ဖန်ချက်ဝန် ဦးရွှေအိုး
ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ ဆရာတော် ဦးဥတ္တမ
ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး ဒေါ်ဦးဇွန်း
ပထမဆုံး အမျိုးသမီးသံအမတ် ဒေါ်ခင်ကြည်
ပထမဆုံး ဘဏ်လုပ်ငန်းတည်ထောင်သူ ဦးရဲကျော်သူ
ပထမဆုံး ပန်းကန်စက်ပိုင်ရှင် ဦးသော်
ပထမဆူံးကျောက်စာဝန် တော်စိန်ခို
ပထမဆုံး ပြည်ထဲရေးဝန်ကြီး ဆာဦးခင်
ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် ဦးညီပု
ပထမဆုံး မြန်မာ့ရုပ်ရှင် ထူထောင်သူနှင့် ဒါရိုတ်တာ
လန်ဒန်အတ် ဦးအုန်းမောင်
ပထမဆုံး မြန်မာ့ရုပ်ရှင် ထူချွန်ဆုရ မင်းသား ကျော်စိုး
ပထမဆုံး ရုပ်ရှင်ထူချွန်ဆုရမင်းသမီး ကြည်ကြည်ဌေး
ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ
ကလေးသရုပ်ဆောင် အောင်ထွန်းလေး
ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ
ဇာတ်ပို့ ဆု အမျိုးသား ဦးကျောက်လုံး
ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ဆု ဒေါ်မေနွဲ့
ပထမဆုံး ရုပ်ရှင်ထူးချွန်ဆု ဦးသုခ
ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ စိန်ဗေဒါ
ပထမဆုံး သတင်းစာ ဆရာမ အင့်ဒီပင်ဒင့်ဒေါ်စန်း
ပထမဆုံး ရန်ကုန်တက္ကသိုလ်
အင်္ဂလိပ်စာကထိက ဒေါက်တာဘမော်
ပထမဆုံး အမျိုးသမီးမြန်မာစာပါမေက္ခ ဆရာမကြီးဒေါ်သန်းဆွေ
ပထမဆုံး ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး
ပါမောက္ခ ဦးဖေမောင်တင်
ပထမဆုံး ဥပဒေပါမေက္ခ ဦးဖေအောင်
ပထမဆုံးမဟာဝိဇ္ဇာဘွဲ့ Dr. တီးသံပြာ
ပထမဆုံး အိန္ဒိယ ပဋိညာဉ်ခံဝန်ထမ်း ( ICS) ရာထူးရသူဦးတင်ထွဋ်
ပထမဆုံး သမိုင်းကော်မရှင် ပညာမင်းကြီး စည်သူဦးကောင်း
ပထမဦးဆုံး အမျိုးသမီးဆရာဝန် ဒေါ်စောဆ
ပထမဆုံး ကာလပေါ်ဝတ္ထုစာရေးဆရာ ဂျိမ်းစ်လှကျော်
(မောင်ရင်မောင် မမယ်မဝတ္ထု)
ပထမဆုံး မြန်မာ့ကာတွန်းရှပ်ရှင်ဆရာ ဦးဘဂျမ်း
ပထမဆုံး စတီရီယို အဆိုတော် ထွန်းနောင်
ပထမဆုံး လေသူရဲ မီးပုံးပျံ ဦးကျော်ရင်
ပထမဆုံး စက်ရုပ်တီထွင်သူ ဦးကြည်
ပထမဆုံး နယ်လှည့် ဇာတ်သဘင် ဦးဖိုးစိန်
ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရား ဝန်ကြီးချုပ်
ဒေါက်တာ ဆာမြဘူး (၁၈၈၅ _ ၁၈၈၆)
ပထမဆုံး မြန်မာပါရဂူ ဒေါက်တာဘဟန် (၁၈၉၀_၁၉၆၉)
(ပြင်သစ်နှင့်ဂျာမနီပြန်)
ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာန တည်ထောင်သူ ဒေါက်တာတင်လှိုင်
ပထမဆုံး မြန်မာကာတွန်းဆရာ ဦးဘကလေး (ဦးရွှေကလေး)
ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဋ္ဌ
ပညာမင်းကြီး စည်သူဦးကောင်း
ပထမဆုံး ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ်
ဒေါက်တာ တင်မောင်
ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ သမဂ္ဂ (ဗ က သ) ဥက္ကဋ္ဌ ဦးးရာရှစ်
ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသားသူ
စာရေးဆရာ ချစ်ဦးညို (၁၉၂၄_၁၉၈၇)
ပထမဆုံး လူမှုထူးချွန်ဆု ပထမဆင့် ရရှိသူ အမျိုးသမီး
ဟာဂျီမ ပျဉ်းမနား ဒေါ်ပု
ပထမဆုံး ဖလောရင့် နိုက်တင်ဂေး ဆုရရှိသူ ဒေါ်ခင်အုန်းမြ(ခ)
စာရေးဆရာမ မြမာလာ
ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် ဦးဝင်းမြင့်(မန္တလေး)
ပထမဆုံး မြန်မာကုလသမဂ္ဂအတွင်း ရေးမှုး ဦးသန့်
ပထမဆုံး အဂ္ဂမဟာသီရိသုဓမ္မာသိဂီဘွဲ့ရ နဂါးဒေါ်ဦး
နိုင်ငံရေး ပုဒ်မဖြင့်ထောင်အကျခံခဲ့ရသည့် အမျိုးသမီးကြီး
သခင်မကြီးဒေါ်သိန်းတင်
မြန်မာ မှတ်စရာများ
…
၄ ။ မြန်မာနိုင်ငံ၏ပထမဆုံးသော ရာဇဝင်ကျမ်း
ရှင်မဟာသီလဝံသ ၏ ရာဇဝင်ကျော်ကျမ်း
…
၉။မြန်မာနိုင်ငံအတွင်း စတင်ခဲ့သော ရှေးခေတ်မြိူ့ပြများ
(က) တကောင်း
(ခ) ဗီဿနိူး
(ဂ) ဟန်လင်း
(ဃ) သရေခေတ္တရာ
(င) ဝေသာလီ
(စ) သုဝဏ္ဏဘုမ္မိ
…
၁၀။ မြန်မာမင်းဆက်များ ။
(1) ပထမ တစ်ကောင်း (၃၃) ဆက်
(2) ဒုတိယ တစ်ကောင်း (၁၇ ) ဆက်
(3) သရေခေတ္တရာ မင်းဆက် (၂၇) ဆက်
(4) ပုဂံ မင်းဆက် ( ၅၈) ဆက်
(5) ပင်းယ မင်းဆက် ( ၆ ) ဆက်
(6) စစ်ကိုင်းမင်းဆက် (၇) ဆက်
(7) အင်းဝ မင်းဆက် ( ၁၇ )ဆက်
(8)တောင်ငူမင်းဆက် (၄) ဆက်
(9) ဟံသာဝတီ မင်းဆက် (၁၁)ဆက်
(10) ညောင်ရမ်းမင်းဆက် ( ၁၁) ဆက်
(11) ကုန်းဘောင်မင်းဆက် ( ၁၁ ) ဆက်
…
၁၁။မြန်မာနိုင်ငံ ပထဆုံး မင့့့့်းတကောင်းအဘိရာဇာ
၁၂။ ရုပ်ပွားတော်အများဆုံးရှိသော စေတီ့့
မိုးညှင်းသံမ္မုဒ္ဓေ ( ၅၈၂၂၅၇ )
၁၃။မြန်မာ ပထမ ဆုံးသော မြို့တော် ။
ပုဂံ (A.D.1044) တွင် အနော်ရထာ တည်ထောင်
၁၄။ မြန်မာ့ ပထဦးဆုံးဒေါက်တာ
မွန်လူမျိုး ဒေါက်တာ ရှောလူး (1839-1929)
၁၅။ မြန်မာ နန်းရင်းဝန်များ ။
(က) ဂဠုန်ဦးစော
(ခ) ဦးပု
(ဂ) ဒေါက်တာဘမော်
(ဃ) ဆာဂျေအေမောင်ကြီး
…
၁၆။မြန်မာ နိုင်ငံ၏ အမြင့်ဆုံးတောင့့့်
ခါကာဘိုရာဇီတောင် ( ၁၉၂၉၆ ) ပေ
၁၇။စစ်တောင်းတူးမြောင်း၏ အရှည် ( ၃၈)မိုင်
၁၈။တွံတေးတူးမြောင်း (၂၁) မိုင်
…
၁၉။မြန်မာ့ ပထမဦးဆုံး ကုလသမဂ္ဂအတွင်းရေးမူ့့့း
ဦးသန့် (1909- Jan-2) တွင်မွေးဖွား
(1974-Nov-25) တွင် ကွယ်လွန်
…
၂၀။မြန်မာ့ ပထမဦးဆုံး ဘဏ်သူဋ္ဌေး
ရခိူင်လူမျိုး ဦးရဲကျော်သူ (1833-1910)
…
၂၁။မြန်မာ့ ပထမဆုံးသော ခရစ်ယာန် သာသနာပြု
ယုဒဿန် (1788-Aug-9) U.S.A. နိူင်ငံ့့့
မက်ဆာချူးဆက်ပြည်နယ် မော်ဒန် မြိုတွင်မွေးဖွား
(12-April-1850) အမေရိကန် ကိုအပြန် သဘောင်္ပေါ်တွင် ကွယ်လွန်
…
၂၁။မြန်မာ ပထမ ဦးဆုံးသော ခရစ်ယာန်ဘာသာဝင်
ဦးနော (1919-Jun-27)
၂၂။မြန်မာပြည်၏ ထင်ပေါ်ကျော်ကြားသော တင် သုံးတင်
(က) နန်းတော်ရှင် ဆရာတင်
(ခ) သဟာယ ဆရာတင်
(ဂ) ဝိုင်အမ်ဘီ ဆရာတင်
၂၃။မြန်မာ ပထမဦးဆုံး ကာလပေါ်ဝတ္တုရေးသူ
ဂျိမ်းစ်လှကျော် (1866-Jun-21)မှ(Nov-17-1919)
ဝတ္တုအမည် ။ မောင်ရင်မောင် မမယ်မ
၂၄။မြန်မာ ပထမဦးဆုံး အမျိုးသမီး ပါဠိပါမောက္ခ
MA ဒေါ်အုန်း
၂၅။ မြန်မာ နိုင်ငံနဲ နယ်နိမိတ် ထိစပ်နေသော သမုဒ္ဒရာ
အိန္ဒိယ သမုဒ္ဒရာ
၂၆။ မြန်မာနိုင်ံအတွင်းတောင်မှမြောက်စီးဆင်းသောမြစ်များ
(က) သောင်းရင်းမြစ်
(ခ) ဂျိုင်းမြစ်
(ဂ) အတ္တရံမြစ်
(ဃ) မြစ်သာမြစ်
(င) ဇော်ဂျီမြစ်
(စ) အတ္တရံမြစ်
၂၇။ မြန်မာနိုင်ငံ၏ အကြီးဆုံးရေအိုင့့်
အင်းတော်ကြီးအိုင် (ကချင်ပြည်နယ် )
…
၂၈။ မြန်မာ့ မြို့ရွာ များ၏ ရှေးဟောင်းအမည်/ အခေါ်
…
ရတနာသိင်္ခ/ရတနာသိင်္ဃ ။ ရွှေဘို
ဝေဘာရာ ဝေပုလ္လ ။ ကျောက်ဆည်အရှေ့ရိုး
ဝေသာလီ ။ မြောက်ဦးအနီး
ဝိမဏု ။ ဗိဿနိုး၊ တောင်တွင်းကြီးအရှေ့
သလ္လဝတီ ။ ချင်းတွင်းမြစ်
သာကေတ ။ ရန်ကုန်
သာဂရ ။ ဆွာအနီး
သာယာဝတီ ။ သုံးဆယ်အနီး
သိရီခေတ္တရာ ။ မော်ဇာ
သိရီပစ္စရာ ။ ပုဂံအနီး
သိင်္ဂုတ္တရ ။ ရွှေတိဂုံကုန်းတော်
သုနာပရန္တ ။ ဧရာဝတီမြစ်မြောက်ဘက်
သုဓမ္မဝတီ ။ သထုံ
သုဝဏ္ဏဘူမိ ။ တိုက်ကုလား၊ အရက်သမ၊ ဝင်က
သင်္ဃဿနာရ ။ တကောင်း
ဟရိပုဉ္စ ။ မွန်ပြည်နယ်/ ထိုင်း
ဟံသာဝတီ ။ ပဲခူး
အမရပူရ ။ တောင်မြို့
အရိမဒ္ဒနပူရ ။ ပုဂံ
အသီတဉ္စန ။ ရန်ကုန်
အလ္လကပ္ပ ။ စစ်ကိုင်းအနီး
အာဠဝတီ ။ မြစ်ကြီး
သွရဿိ ။ ပဲခူး
ဥက္ကလာပ ။ ရန်ကုန်
ကန်တာရ၀တီ ။ ကယား
ကမ္ဘောဇ ။ ရှမ်း
ကုသိနာဂရ ။ ပုသိမ်
ကေတုမတီ ။တောင်ငူ
ကေလာသတောင် ။ ကျိုက်ထိုဘီးလင်းတောင်ဘက်
ကောသမ္ဘီ ။ ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်
ခေမရဋ္ဌ ။ ကျိုင်းတုံ
ခေါသန္တီ ။ မြင်းမြေ၊ ရွှေဘိုအနီး
ခတ္တိယ ။ ဧရာဝတီမြစ်ဝကျွန်းပေါ်
ဂန္ဓာရ ။ စိန့်၊ ကချင်ပြည်နယ်
စေတုတ္တရာ ။ စလင်းအနောက်ဘက်
စိနရဋ္ဌ ။ ကချင်ပြည်နယ်
စန္ဒပူရ ။ မဏိပူရဘက်နယ်စပ်
စမ္ပာနဂရ ။ သပိတ်ကျင်းမြောက်ဘက်
ဇေယဝဍ်ဎန ။ တောင်ငူနယ်
ဇေယျပူရ ။ စစ်ကိုင်း
ဇောတိနုဂရ ။ ကျိုင်း ဟုံ ကြီး စိ စွမ် ပန္နား လူ ၁၂ နယ်
တတ္ထဒေသ ။ ခန်းခြောက်မြေ၊ ပုဂံနယ်
တမ္ပဒီပ ။ ဧရာဝတီမြောက်ပိုင်း
ဓညဝတီ ။မြောက်ဦး
ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ။ မြစ်ငယ်
ဒွာရာဝတီ ။သံတွဲ
နဂရာဇာ ။ နဂရစ်
ပဉ္စာလရာဇ် ။တကောင်း
ပဌမနဂရ ။ မကွေးတောင်ဘက်
ပေါက္ကရ၀တီ ။ ရန်ကုန်
မဟာနဂရ ။ မွန်ငယ်
မစ္ဆဂီရိ ။ ချင်းတောင်တန်း
မေဃဝတီ ။ မာန်အောင်
မိတ်ထီလာ ။ မိတ်ထီလာ
ယက်ခပုရ ။ သထုံ
ယောနက ။ ယော
ရတနပုရ ။ အင်းဝ
ရတနာပုံ ။ မန္တလေး
ရာဇဂြီဟ ။ ကလေးအနီး
ရာမညဒေဝ. ။ မွန်ပြည်နယ်
ရမ်မာဝတီ ။ ရမျးဗွဲ
…
၂၉။ မြန်မာနိုင်ငံအရှည်ဆုံးမြစ့့့် ( ဧရာဝတီ )
၃၀။ မြန်မာနိုင်ငံ အတိုဆုံးမြစ်… {စစ်တောင်း)
၃၁။ အင်္ဂလိပ်လက်အောက် မကျခဲ့သောပြည်နယ် (ကယားပြည်နယ် )
၃၂။ မြန်မာနိုင်ငံ ၏ဒုတိယ အကြီးဆုံးရေအိုင်
အင်းလေးအိုင် (ရှမ်းပြည် )
၃၃။ မြန်မာနိုင်ငံ ၏အစွန်ကျဆုံးသော မြစ်များ
(က) အရှေဘက် မဲခေါင်မြစ်
(ခ) အနောက်ဘက် နတ်မြစ်
(ဂ)တောင်ဘက် ပါချန်မြစ်
(ဃ)မြောက်ဘက် မေခမလိခ မြစ်
၃၄။မြန်မာနိုင်ငံ၏ အမြင်ဆုံးသောမြို့ …[ချင်းပြည်နယ်ဖလမ်းမြို့]
၃၅။ မြန်မာနိုင်ငံ၏အကြီးဆုံးဆည် …[ သဖန်းဆိပ်ဆည် ]
၃၆။ မြန်မာ့နိူင်ငံ၏ ၂၀၁၄သန်းခေါင်စာရင်းအရ လက်ရှီလူဦးရေ အရေအတွက် ……… [ ၅၁.၄၉ ] သန်း
…
၃၇။ မြန်မာနိုင်ငံ လူဦးရေအထူထပ်ဆုံးသော တိုင်း
ရန်ကုန်တိုင်း (၁၂)သန်း
၃၈။ မြန်မာနိုင်ငံ ၏ လူဦးရေ အနည်းဆုံးသော ပြည်နယ်
ကယားပြည်နယ် ( ၄ )သိန်း
၃၉။ မြန်မာနိုင်ငံ၏ အကျယ်ဝန်းဆုံးပြည်နယ်… (ရှမ်းပြည်နယ်)
၄၀။မြန်မာနိုင်ငံ၏ အကျဉ်းဆုံးပြည်နယ်… (ကယားပြည်နယ်)
၄၁။ မြန်မာနိုင်ငံ၏ အကျယ်ဝန်းဆုံးတိုင်း … ( စစ်ကိုင်းတိုင်း)
၄၂။ လူဦးရေအများဆုံးတိုင်းဒေသ ကြီး ……(ဧရာဝတီတိုင်း)
၄၃။ လူဦးရေ အများဆုံးပြည်နယ် …(ရှမ်းပြည်နယ်)
၄၄။ မြန်မာနိုင်ငံတွင်းပညာရေးကောလိပ် အရေအတွက်
( 20)
…
၄၅။ မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည်…( ၂၆၁၂၂၈ )မိုင်
၄၆။ မြိုတော်မှာ … ယခင် ရန်ကုန် ယခု နေပြည်တော်
၄၇။ မြန်မာနိုင်ငံတွင်းအမြင့်ဆုံးတောင်…
ခါကာဘိုရာဇီ ( 19296) ပေ ရှိကာ ကချင်ပြည်နယ် နောင်မွန်းတွင်တည်ရှိသည်။
၄၈။ မြန်မာနိုင်ငံတွင်း ရိုးမများ
(က) ပဲခူးရိုးမ
(ခ) ရခိုင်ရိုးမ
(ဂ) ရှမ်းရိုးမ
(ဃ) တနင်္လာရီ ရိုးမ
၄၉။ မြန်မာနိုင်ငံ ကမ်းရိုးတန်းမိုင် …[ 1385 ]
၅၀။ မြန်မာနိုင်ငံ အစွန်ဆုံးမြို့များ
(က)မြောက်ဘက် … ပန်းနန်းဒင် မြို့
(ခ)တောင်ဘက် … ကော့သောင်း
(ဂ)အရှေ့ဘက် … မိုင်းယောင်း
(ဃ) အနောက်ဘက် … မောင်းတော
…
၅၁။ မြန်မာပထမ ဦးဆုံးဝန်ကြီးချုပ် … ( ဦးနု )
၅၂။ မြန်မာ ပထမဦးဆုံး အမျိုးသမီးလေယဉ်ပိုင်းလော့
နှင်းဦးဝေ
…
၅၃။ မြန်မာ နိုင်ငံ ဘာသာပေါင်းစုံ ဦးရေ
[က ] ထေရဝါဒ ။ ၅၃၄၂၅၈၀၃
[ ခ ] ခရစ်ယာန် ။ ၂၉၈၁၂၉၁
[ ဂ ] အစ္ဓလာမ် ။ ၂၂၇၆၈၈၀
[ဃ ] ဟိန္ဓူ ။ ၃၀၅၇၆၅
[ င ] နတ် နဲ ဘာသာမဲ့ ။ ၇၉၀၅၈၀
၅၄ ။မြန်မာနိုင်ငံ၏ အလယ်ဗဟို ။
ကျောက်ဆည်ခရိုင် မြစ်သားမြိုနယ်
မြသုခ ကျေးရွာ ပြက္ခရွှေတောင်ပေါ်
တိုင်းတာသု ။ ဘိုးတော် ဦးဝိုင်း
…
၅၅။ မြန်မာနိုင်ငံ၏ ရေမိုင် 1247.77 ကျွန်စုပေါင်း 1212
၅၆။ မြန်မာတိုင်ငံတွင်း တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုး
ရခိုင် ၇ မျို ုး
ရှမ်း ၃၃ မျို ုး
ကချင် ၁၂ မျို ုး
ကယား ၉ မျို ုး
ကရင် ၁၁ မျို ုး
ချင်း ၅၃ မျို ုး
ဗမာ ၉ မျို ုး
မွန် ၁ မျိ ုး
၅၇။မြန်မာ နိူင်ငံတစ်ဝန်းကျေး ရွာပေါင်း … ( ၆၄၉၁၇ )
၅၈။မြန်မာနိုင်ငံတစ်ဝန်း မြို့ ပေါင်း … ( ၃၆၆ )
၅၉။မြန်မာနိုင်ငံတစ်ဝန်းဘုန်ကြီးကျောင်းပေါင်း… ( ၆၁၃၀၂ )
၆၀။ မြန်မာနိုင်ငံတစ်ဝန်းသီလရှင်ကျောင်းပေါင်း…[ ၃၈၈၁ ]
၆၁။ မြန်မာနိုင်ငံတစ်ဝန်း ရဟန်းပေါင်း … [ ၂၇၂၉၂၇ ]
၆၂။ မြန်မာနိုင်ငံတစ်ဝန်းရှင်သာမဏေ ပေါင်း …[ ၂၈၇၈၁၈ ]
၆၃။ မြန်မာနိုင်ငံတစ်ဝန်းသီလရှင် ပေါင်း …[ ၅၀၅၅၃ ]
…
၆၄။ မြန်မာထီ့့့(1938) ခုနှစ်တွင် အိန္ဒိယရူးပီးဖြင့်စတင်
၆၅။ မြန်မာပထမဆုံးလေကြောင်းတိုက်ပွဲ့့့
( 1961-Feb-13) ရွှေတြိဂံ နယ်မြေမှာဖြစ်
၆၆။ ရန်ကုန်မြိုလယ်ကောင် ဆူးလေစေတီကို ဖြိုဖျက်ရန်စီစဉ်သောအခါ ကာကွယ်သူ ( ဦးချန်ထွန်း )
၆၇။ ပြည်လမ်း၏ အဆုံးသတ်နေရာ ( ဗဟိုစာတိုက်ကြီး)
၆၈။ မြန်မာ့ဆိုက်ကားကို စွန့်ဦးတီထွင်သူ …
မန္တလေးမြို့မှ ကားဘော်ဒီဆရာ
ဆရာညို (1938) တွင်စတင်တီထွင်
၆၉။မြန်မာပထမဦးဆုံး ရုပ်မြင်သံကြားထုတ်လွှင့်ရက်စွဲ
(1980-June -3)
၇၀။မြန်မာ့ ပထမဆုံး Robbot တီထွင်သူ ( ဦးကြည် )
…
၇၁။မြန်မာနိုင်ငံတွင်း ပထမဦးဆုံး ဗုဒ္ဓသာသနာကိုထွန်းကားစေသူ …(အနော်ရထာ )
၇၂။ ကိုလိုနီခတ် စေတီကျောင်းကန် သာသနာနယ်မြေအတွင်း
မျက်နှာဖြူအပါအဝငိ မည်သူမျှ ဖိနပ်မစီးရ ဆိုင်းဘုတ်ထောင်ခဲ့သူ … ဦးသိမ်းမောင် (1890-1975)
၇၃။မြန်မာပထမ ဦးဆုံး အမျိုးသမီးသတင်းစာ ဆရာမ …
အင်ဒီပင့်ဒန့် ဒေါ်စန်း [ 1886-1950)
၇၄။ကိုလိုနီခေတ် တက္ကသိုလ်မှာ မြန်မာစာ ပြဋ္ဌာန်းခွင့်
သင်ကြားခွင့်ရအောင် ဆောင်ရွက်ခဲ့သူ
ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်
ဦးဖေမောင်တင် [1888 မှ 1973 ]
၇၅။မြန်မာ့ပထမဆုံး ဥပဒေပညာ ရှင် အမျိုးသမီး
မဖွားအုန်း (1927)
၇၆။မြန်မာပထမဆုံးလေတပ်ဦးစီးချုပ်…စောဆင်မြူရယ်ရီရှီး
၇၇။မြန်မာပထမဆုံး သတင်းထောက်ဟူသော ဝေါဟာရအား
စတင်တီထွင်အသုံးပြုခဲ့သောသူ…
သတင်းစာဆရာ လွယ်အိတ်ကြီး ဦးဘလှိူင် [1930) ဝန်းကျင်
၇၈။မြန်မာပထမဦးဆုံး နိူင်ငံရေးအစ…YMBA [1906]
၇၉။မြန်မာနိူင်ငံတော် သီချင်းကိုရေးစပ်သူ …
ဝိုင်အမ်ဘီ ဆရာတင် (1930-July-20]
ရွှေတိဂုံဘုရားရာဟုထောင့်တွင် ပထမဆုံးသီဆို
၈၀။မြို့တော်ခန်းမ၏ ဗီသုကာပညာရှင် … စည်သူဦးတင်
၈၁။ဝဏ္ဏကျော်ထင်ဘွဲရ သရုပ်ဆောင်… ဖိုးပါကြီး
၈၂။မြန်မာပထမဦးဆုံး အင်္ဂလန်သိုသွားရောက်ခဲ့သည် သံအဖွဲ့
(က) ဦးဘေဖ
(ခ)ဦးပု
(ဂ)ဦးထွန်းရှိန်
၈၃။မြန်မာ့ ဗုဒ္ဓဝင် အဋ္ဌာကထါ ကို မြန်မာလို ပထမဦးဆုံး
ဘာသာပြန်ရေးသားသော ပုဂ္ဂိုလ် ……
အရှင်ဗုဒ္ဓဒ္ဒတ္တ သီဟိုဠ် ရဟန်းတော့့့့်
၈၄။အဋ္ဌကထါ အား ပထမဆုံး ကျမ်းအဖြစ်ပြုစုခဲ့သူ့့
ကျီးသဲလေးထပ်ဆရား (ဇိနတ္တပကာသနီကျမ်း)
…
၈၅။ပုဂံ ပြည်၏ နောက်ဆုံးသောမင့့့့်း့(စောမွန်နစ်)
၈၆။တောင်ငူနောက်ဆုံးမင်းဆက်…… [ နတ်သျှင်နောင် ]
၈၇။ကုန်းဘောင်နောက်ဆုံးမင်းဆက်… [သီပေါမင်း ]
၈၈။ ပုဂံပထမဆုံးမင်း … … [ သမုဒရာဇ် ]
၈၉။ တောင်ငူပထမဆုံးမင်း …[ မင်းကြီးညို ]
၉၀။ကုန်းဘောင်ပထမဆုံးမင်း… … [အလောင်းဘုရား]
…
၉၁။ မြန်မာ့ပထမဆုံး သတင်းစာ…[ မြန်မာအဆွေ ]
၉၂။မြန်မာပထမဆုံးသော အဂ်လိပ်ဘုရင်ခံ…[လော့ဒပ်ဖရင်]
၉၂။ ဒုတိယဘုရင်ခံ … [ ဂရက်ဒေါက် ]
၉၃။ နောက်ဆုံးဘုရင်ခံ …[ ဆာဟူးဘတ်ရင့်စ်]
…
၉၄။ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ အစ…
စစ်ကိုင်းမင်းလက်ထက် (1824) ကုန်းဘောင်ခေတ်
၉၅။ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ အစ…
ပုဂံမင်းလက်ထက် [ 1852 ]
၉၆။ တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအစ့့့့
[၁၈၈၅] နိုဝင်ဘာ 14 သီပေါဘုရင်လက်ထက့့့်
သူကျွန်လုံးလုံးဖြစ်…
…
၉၇။ မြန်မာ့ အကြီးဆုံး ကျွန်း… [ ရမ်းဗြဲကျွန်း ]
၉၈။မြန်မာ့ ပထမဆုံး ကမ္ဘာအသိအမှတ်ပြု သိပ္ပံပညာရှင်…
[ ဘိုးတော်ဘုရားသားတော် မက္ခရာမင်းသား]
၉၉။မြန်မာ့ပထမဦးဆုံး ထိုးကွင်းမှင်ကြောင်ကိုစတင်သူ
ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက်
[ထောင်မင်းကြီးသား မောင်ကံ ]
၁၀၀။Burma ဟူသော English အမည်မှ
Myanmar ဟူသော English အမည်ကို
[1998-June -18] မှာစတင်ပြောင်းလဲခေါ်ဆို
၁၀၁။ ပုဂံခေတ် တရုတ်ပြည်ကိုဦးဆောင်သွားခဲ့တဲ့
သံအဖွဲ့ခေါင်းဆောင် … [ ရှင်ဒိသာပါမောက် ]
ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးဖေမောင်တင်
၁၀၂။မြန်မာ့ ပထမဆုံး စတန့်မင်းသား
စာရေးဆရာ ပန်းချီငို [1923-May] လ မှာ
နဖူးစာရွာလည် အမည်ရှိတဲ့ ဇတ်ကားနဲ
ယခုစကော့စျေး(ဗိုလ်ချုပ်အောင်ဆန်းစျေး) နေရာတွင်ရှိသော
စီနီမာဒီပဲရစ် ရုံတွင် ပြသခဲ့ ……
၁၀၃။ [27-1-1947] မှာချုပ်ဆိုခဲ့တဲ့
အောင်ဆန်းအက်တလီ စာချုပ်မှာ လက်မှတ်ထိုးဖို
ငြင်းဆိုခဲ့သူ နှစ်ဦး … …(ဂဠုန်ဦးစော နဲ သခင်ဗစိန် )
၁၀၃။ကမ္ဘာကျော်နိုဗယ်ဆုရှင် ကဗျာဆရာ ရော်ဘင်ဒြာနတ်တဂိုး မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့
ခုနှစ်တွေကတော့့့့[ 1916-May-7မှ9] ထိတစ်ကြိမ်
[1923-March-23မှ27] ထိတစ်ကြိမ်
၁၀၄။မြန်မာ့ပထမဆုံး အဂလိပ်မြန်မာ အဘိဓါန်ပြုစုသူ
[ မက္ခရာမင်းသား ]
၁၀၅။မြန်မာ ပထမဆုံး အင်္ဂလိပ် Dictionary ကို
1755 မှာ စရေးခဲ့
၁၀၆။မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော ကိုလိုနီခေတ် မြန်မာနိုင်ငံသား ဘုရင်ခံ့့့့့[ဆာဂျေအေမောင်ကြီး]
၁၀၇။မြန်မာ ပထမဦးဆုံး ရေနက်ဆိပ်ကမ်းရုံးစိုက်ရာမြို့…
[ထားဝယ် မြို့ ]
၁၀၈။မြန်မာနိုင်ငံ၏ အထင်ရှားဆုံးဘုရင်မ…(ရှင်စောပု)
၁၀၉။မြန်မာနိုင်ငံ၏ ရှင်ဘုရင်လက်ထက် မင်းဆက်သုံးဆက်တိုင်အောင် မိဖုရားမြောက်ခံရသူ့့
[ မိဖုရား ဖွာစော ]
၁၁၀။ မင်းငါးဆက် မိဖုရားမြောက်ခံရသူ…{ရှင်ဘို့မယ် )
…
၁၁၁။ မြန်မာနိုင်ငံတွင်းရှိ မြို့အရေအတွက် ……
2010ပြည့်နှစ်စစ်တမ်းအရ မြန်မာနိုင်ငံအတွင်းတွင့့်
မြို့ပေါင်း [ 366 ] ရှိပြီးတော့့့့
Capital (မြို့တော်အဆင့် ) က သုံးမြို့သာရှိပြီး
ရုံးစိုက်ရာ [ 282] မြို့ နဲ အထွေထွေ
ရုံးစိုက်ရာ [ 81] တိုဖြစ်တယ်
…
၁၁၂။ ကမ္ဘာက သတ်မှတ်ထားတဲ့ အတော်ဆုံးသိပ္ပံပညာရှင်
အယောက် (100) စာရင်းမှာ မြန်မာနိုင်ငံသား နာနိုပညာရှင်
ဒေါက်တာစောလှဝေလည်း ပါဝင်…
…
၁၁၃။ ဟစ်တလာ လာ ကြည့်ခဲ့တဲ့ ပွဲမှာ
ယှဉ်ပြိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံသား …
ကိုလိုနီခေတ် အိန္ဒိယ နိုင်ငံ ကိုယ်စားပြု အနေနဲ
ဂျာမနီ နိုင်ငံမှာကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ
ပါဝင်ယှဉ်ပြိုင်ခဲ့ရတဲ့ လူသန်ကြီးဦးဇော်ဝိတ်ပဲဖြစ်ပါတယ်
…
၁၁၄။ကိုလိုနီခေတ် အင်္ဂလိပ်လက်ဝှေ့သမားကို အင်္ဂလန်မှာ
အသေထိုပြီး အနိူင်ယူခဲ့သည့် မြန်မာနိုင်ငံသာ့့့း
မောင်သောင်း [1917-Dec-16]
၁၁၅။၁၃၀၀ ပြည့် ရေနံမြေသပိတ်ကို ဦးဆောင်ခဲသူ
[ အာဠာဝက သခင်ဖိုးလှကြီး ]
…
၁၁၆။ တက္ကသိုလ် ဟူသော စကားလုံးအပြင် ကျောင်းတော် ။
သိပ္ပံ ။ ဓါတု ။ ဇီဝ ။ ရူပ ။ ဝီဇ္စာ ဆိုတဲ့ စကားလုံးများနဲ
တိရိစ္ဆာန် အမည်အတော်များများကိုပင် မြန်မာ စကားအဖြစ် တီထွင်ဖန်တီးပေးသွားခဲ့သူ ကတော့့့့့
ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးဖြစ်တဲ့အပြင်
ပထမဆုံးသော မြန်မာပါမောက္ခ ဖြစ်တဲ့
[ ဆရာကြီး ဦးဖေမောင်ပဲဖြစ်ပါတယ့့့့်]
…
၁၁၇။ မြန်မာနိုင်ငံ၏ ပထမဆုံးသော ပြည်ပတွင်
သွားရောက်ဖျော်ဖြေခဲ့ရသည့် ဆိုင်းပညာရှင်
[ နေမျိုးဗလကျော်သူဘွဲရ စိန်ဗေဒါ ]
…
၁၁၈။ မြန်မာ ပထမ ဦးဆုံးသော သက်ကြီးရွယ်အို လူအိုရုံများကို စတင်ဖွင့်လှစ်ကာ ဘိုးဘွားရိပ်သာ မျိုးစေ့ကို
စတင်စိုက်ပျိုးခဲ့သူ့့့့့့[ ဒေါ်ဦးဇွန် ]
…
၁၁၉။ ၁၃၀၀ ပြည့်အရေးတော်ပုံတွင်ကျဆုံးခဲ့သည် ကျောင်းသားခေါင်းဆောင် ………[ ဗိုလ်အောင်ကျော် ]
…
၁၂၀။ ရွှေတိဂုံဘုရားရှိ သိဂုင်္တ္တရ ပန်းခြံနေရာအား လှူဒါနိးခဲ့သော အမျိုးသမီး …
စမ်းချောင်းမြိုနယ် ယခု မကြီးကြီးလမ်း
အမည်ပိုင်ရှင် ဒေါ်ကြီးကြီး ဖြစ်တယ်
…
၁၂၁။ဂျူဗလီဟော ဘယ်မှာ …………¿
အာဇာနည် ကိုးဦးရဲ့ စျာပနကိုကျင်းပခဲ့တဲ့ ဂျူဗလီဟော ဆိုတာ
ဝိတိုရိယ ဘုရင်မ ကြီးနန်းသက် (60) ပြည့် အထိမ်းအမှတ်နဲ
မဟာဝန်ရှင်တော်မင်းကြီးမက်ကင်ဇီက အုတ်မြစ်ချကာ
1895 မှာ တည်ဆောက်ကာ 1897 မှာပြီးစီးခဲ့တဲ့
အဆောက်အဦးပဲဖြစ်ပါတယ့့့်
ဂျူဗလီဟော ဟာ အလံပြဘုရားလမ်းနဲ
ဦးဝိစာရ လမ်းကြား စိန်ရောင်ခြည် ဘုရားနဲ မျက်နှာချင်းဆိုင်
ယခု စစ်သမိုင်းပြတိုက် တည်ဆောက်ထားတဲ့
နေရာမှာ ရှိခဲ့တာပါ…
မြန်မာနိုင်ငံ
အရှည်ဆုံးထင်ရှားသော မြစ်များ
(က) ဧရာ၀တီမြစ် ( ၁၂၃၈ မိုင် )
( ခ ) သံလွင် ( ၇၉၆ မိုင် )
( ဂ ) ချင်းတွင်း ( ၆၉၁ )
(ဃ) စစ်တောင်း ( ၁၈၆ )
ဧရာဝတီမြစ် ၏
မြစ်လက်တက်ခွဲများ
(က) ပုသိမ်မြစ်
(ခ) ရွေးမြစ်
(ဂ) ဖျာပုံမြစ်
(ဃ)သက်ကယ်သောင်မြစ်
(င) ပြန်မလော့မြစ်
(စ) ဘိုကလေးမြစ်
(ဆ)တိုးမြစ်
(ဇ) သံဒိမြစ်
(စျ) ပြင်စလူမြစ်
ချင်းတွင်းမြစ်၏ မြစ်လက်တက်ခွဲများ
(က)မြစ်သာမြစ်
(ခ) ယူးမြစ်
(ဂ) ဥရုမြစ်
စစ်တောင်းမြစ်အတွင်းစီးဝင်သော ချောင်းများ
(က)ခပေါင်းချောင်းမြစ်
(ခ)ရွှေကျင်မြစ်
(ဂ) ရဲနွယ်ချောင်း
(ဃ) ငလိုက်ချောင်း
(င) ဆင်သေချောင်း
(စ)ရေဆင်းချောင်း
ရုပ်ပွားတော်အများဆုံးရှိသော စေတီ
မိုးညှင်းသံမ္မုဒ္ဓေ ( ၅၈၂၂၅၇ )
မြန်မာ နိုင်ငံ၏ အမြင့်ဆုံးတောင်
ခါကာဘိုရာဇီတောင် ( ၁၉၂၉၆ ) ပေ
စစ်တောင်းတူးမြောင်း၏
အရှည် ( ၃၈)မိုင်
တွံတေးတူးမြောင်း အရှည် (၂၁) မိုင်
မြန်မာနိုင်ငံနှင့် နယ်နိမိတ်
ထိစပ်နေသော သမုဒ္ဒရာ
အိန္ဒိယ သမုဒ္ဒရာ
မြန်မာနိုင်အတွင်းတောင်မှမြောက်စီးဆင်းသောမြစ်များ
(က) သောင်းရင်းမြစ်
(ခ) ဂျိုင်းမြစ်
(ဂ) အတ္တရံမြစ်
(ဃ) မြစ်သာမြစ်
(င) ဇော်ဂျီမြစ်
(စ) အတ္တရံမြစ်
မြန်မာနိုင်ငံ၏ အကျယ်အဝန်း
( ၂၆၁၂၂၈ )စတုရရန်းမိုင်
မြန်မာနိုင်ငံတွင်းအမြင့်ဆုံးတောင်…
ခါကာဘိုရာဇီ (၁၉၂၉၆) ပေ ရှိကာ ကချင်ပြည်နယ် နောင်မွန်းတွင်တည်ရှိသည်။
မြန်မာနိုင်ငံတွင်း ရိုးမများ
(က) ပဲခူးရိုးမ
(ခ) ရခိုင်ရိုးမ
(ဂ) ရှမ်းရိုးမ
(ဃ) တနင်္လာရီ ရိုးမ
မြန်မာနိုင်ငံ ကမ်းရိုးတန်းမိုင် …[ ၁၃၈၅ ] မိုင်
မြန်မာနိုင်ငံ အစွန်ဆုံးမြို့များ
(က)မြောက်ဘက် … နောင်မွန်း
(ခ)တောင်ဘက် … ကော့သောင်း
(ဂ)အရှေ့ဘက် … မိုင်းယောင်း
(ဃ) အနောက်ဘက် … မောင်းတော…
သင့်အတွက် ဗဟုသု
=================
၁။ မြန်မာနိုင်ငံမှာ ပထမဆုံးဒေါက်တာဘွဲ့ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီးမှာ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားဖြစ်ပါတယ် ။
၂။ ရန်ကုန်တက္ကသိုလ်အား ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ် ။
၃။ သင်္ကြန်အခါတွင် မဏ္ဍပ်များဆောက်၍ ရေကစားခြင်းသည် ပုဂံခေတ် နရသီဟကတေ့မင်း လက်ထက်ကစတင်ခဲ့တာပါ ။
၄။ရန်ကုန်ကောလိပ်မှ ပထမဆုံး သိပ္ပံဘွဲ့ရရှိခဲ့သူမှာ ဒဗလျူမာတင်ဖြစ်ပါတယ် ။
၅။ ကြေးမုံသတင်းစာကို ၁၉၅၇ ဧပြီလ ၁ ရက်နေမှာ စတင်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ် ။
၆။ ရန်ကုန်မြို့အား အလောင်းမင်းတရားကြီးက ၁၇၅၅ ခုနှစ် မေလ ၂ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ် ။
၇။ မြန်မာအက္ခရာနှင့် ကြေးနန်းရိုက်နည်းကို ယောမင်းကြီးဦးဘိုးလှိုင်က စတင်တီထွင်ခဲ့ပါတယ် ။
၈။ မြန်မာနိုင်ငံတွင် ဆည်ရေသောက်စပါးကို အနော်ရထာမင်းလက်ထက်က ကျေက်ဆည်ခရိုင် တွင် စတင်စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ် ။
၉။ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ခဲ့သော အနောက်နိုင်းငံမှ နယ်ချဲ့များကို ပထမဆုံးချေမူန်းခဲ့သူမှာ အနောက်ဘက်လွန်မင်း
ဖြစ်ပါတယ် ။
၁၀။ ဒဂုံတက္ကသိုလ်ကို ၁၉၉၃ ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့တာပါ။
၁၁။ မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံးရောက်ရှိလာခဲ့သော ဥရောပတိုက်သားမှာ
အီတလီလူမျိုး ဗင်းနစ်မြို့သား နီကိုဒီကွန်တီ ဖြစ်ပါတယ် ။
၁၂။ မြန်မာ့ပထမဆုံးလွှတ်တော်သည်
သက္ကရဇ် ၅၇၃ ခုနှစ် ဇေယျာသင်္ခမင်းလက်ထက်တွင်ပေါ်ပေါက်ခဲ့တာပါ ။
၁၃။ ဆူးလေစေတီကို သာသနာတော်နှစ်
၂၃၅ ခုနှစ်က တည်ခဲ့တာပါ ။
၁၄။ မြန်မာနိုင်ငံမှာ ပါဠိပထမပြန်စာမေးပွဲကို ၁၈၇၅ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ စတင်ကျင်းပခဲ့တာဖြစ်ပါတယ် ။
၁၅။ မြန်မာ့ပထမဆုံးသူနာပြုသင်တန်းကျောင်းကို ရန်ကုန်ဆေးရုံကြီးတွင် ၁၈၇၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ ။
၁၆။ မြန်မာနိုင်ငံတွင် ရုပ်ရှင်အကယ်ဒမီ
ရွှေစင်ဆုကို ၁၉၅၂ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
၁၇။ လေယာဉ်ပြန်စီးပြီးရိုက်ကူးသည့်
မြန်မာ့ပထမဆုံးရုပ်ရှင်မှာ" လူစွမ်းကောင်း"ဖြစ်ပါတယ်။
၁၈။ မြန်မာ့ပထမဆုံးကသံလွှင့်ဇတ်(Radio Player )မှာ ဆရာဇော်ဂျီ၏
" စိန်တစ်လုံး ဇတ်လမ်းဖြစ်ပါတယ် ။
၁၉။ မြန်မာ့ပထမဆုံး မီးခြစ်စက်ရုံကို
ဒုတိယကမ္ဘာစစ်မဖြစ်မီက တွံတေးမြို့နယ် ခနောင်တိုကျေးရွာမှာ တည်ထောင်ခဲ့တာပါ ။
၂၀။ မြန်မာ့ပထမဆုံးမြို့တော်မှာ အနော်ရထာမင်း ( ၁၀၄၄ အေဒီ) က တည်ထောင်ခဲ့သော ပုဂံမြို့ဖြစ်ပါတယ် ။
၂၁။ မြန်မာ့ပထမဆုံးယက်ကန်းကျောင်းမှာ အမရပူရမှ " ဆောင်းဒါးစ် " ယက်ကန်းကျောင်းဖြစ်ပါတယ် ။
၂၂။ Mary Chapman နားမကြားခလေးများကျောင်း၏ ပထမဆုံး ကျောင်းသားမှာ ဟင်္သာတမြို့မှ ၇ နှစ်သားလေး "မောင်ဘိုဘို " ဖြစ်ပါတယ် ။
၂၃ ။ စန္ဒယားကို မြန်မာသံစဉ်ဖြင့် ပထမဆုံးတီခတ်သူမှာ ဆရာညွှန့် ဖြစ်ပြီး
၁၉၁၀ ပြည့်နှစ်တွင် စတင်တီးခတ်ခဲ့သည် ။
၂၄။ ဆရာကြီးပီမိုးနင်း၏ ပထမဆုံး ဝတ္ထုမှာ ဘီအေမောင်မောင်တင့် နှင့် ကချေသည်မယ်မြင့်ဖြစ်ပြီး ၁၉၁၅ ခုနှစ် ဧပြီလကထုတ်ဝေခဲ့တာပါ ။
၂၅။ အမည်တစ်လုံးတည်းပါဝင်သော ပထမဆုံးမြန်မာ့ရုပ်ရှင်မှာ ၁၉၄၇ ခုနှစ်က ဆွေဗမာဖလင်မှ ရိုက်ကူးသည်း " အား " ဖြစ်ပါတယ်။
၂၆။ မြန်မာနိုင်ငံတွင် လက်ဗွေပုံစံယူခြင်းစနစ်ကို ၁၉၀၀ ပြည့်နှစ်မှ စတင်အသုံးပြုခဲ့သည် ။
၂၇။ ပထမဆုံးမြန်မာ့ ရုပ်ရှင်မင်းသားမှာ ဦးညီပုဖြစ်ပြီး ပထမဆုံးရုပ်ရှင် မင်းသမီးမှာ မအေးကြည်ပါတဲ့။
၂၈။ ပထမဆုံးမြန်မာဇတ်ညွှန်းမှာ philip မိုးနင်း ( ပီမိုးနင်း ) ဖြစ်ပြီး ပထမဆုံးမြန်မာဒါရိုက်တာမှာ ဦးတုတ်ကြီး ဖြစ်ပါတယ် ။
၂၉။ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၁၉၅၇ ဇန်နဝါရီ ၈ ရက်နေ့က သမ္မတ ဒေါက်တာဘဦးက ဖွင့်လှစ်ခဲ့တာပါ ။
၃၀။ ပထမဆုံး ကာတွန်းရုပ်ရှင်မှာ " ကြက်တောင်ကွ " 1934 ဖြစ်တယ်တဲ့။
၃၁။ပထမဆုံးနိုင်ငံခြားတွင်ရိုက်ကူးသော မြန်မာ့ရုပ်ရှင်မှာ " ဂျပန်ရင်သွေး "
1936 ဂျပန်နိုင်ငံမှာ ရိုက်ကူးတာပါ
၃၂။ ပထမဆုံး နှစ်ကိုယ်ခွဲသရုပ်ဆောင်မှာ ကိုဘတင့် " ခင်ခင့်မှာပုံတော် 1920
ဖြစ်ပါတယ် ။
၃၃။ မြန်မာ့ပထမဆုံးရုပ်ရှင်ရုံ တည်ထောင်သူမှာ ဆရာဦးသွင်ပါ ။
၃၄ ။ မြန်မာ့ပထမဆုံး အကယ်ဒမီရမင်းသားမှာ ဦးကျော်ဝင်း ချစ်သက်ဝေဇတ်ကား ၁၉၄၅ ဖြစ်ပြီး အကယ်ဒမီရမင်းသမီးမှာ ဒေါ်ကြည်ကြည်ဌေး ချစ်သက်ဝေဖြစ်ပါတယ် ။
၃၅။ ပထမဆုံးမြန်မာ တာဇံကားမှာ
ရဂုံမြိုင် " ဒါရိုက်တာ ဆရာမြင့်ဖြစ်ပါတယ် ။
၃၆။ မြန်မာနိုင်ငံမှာ ပထမဆုံး Camera woman မှာ
ဒေါ်ခင်ခင်ပါ ။
၃၇။ ပထမဆုံးရုပ်ရှင်ဟာသသရုပ်ဆောင်မှာ " ပေါစံကြီးဖြစ်ပါတယ် ။
၃၈။ ပထမဆုံး မြန်မာ့ DVD ဇတ်ကားမှာ
ဒါရိုက်တာမီးပွားရိုက်တဲ့ " အချစ်၏ တန်ခိုးများ " ဖြစ်ပါတယ် ။
၃၉။ မင်း ၃ ဆက်တိုင်မိဖုရားအမြှောက်ခံရသူမှာ "မိဖုရားဖွားစော" ဖြစ်ပါတယ်
၄၀။ မင်း ၅ ဆက်တိုင်မိဖုရားအမြှောက်ခံရသူမှာ " ရှင်ဘို့မယ် " ဖြစ်ပါတယ် ။
၄၁။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသတင်းစာမှာ " မြန်မာ့အဆွေ" သတင်းစာဖြစ်ပါတယ် ။
၄၂။ တောင်ငူမင်းနောက်ဆုံးမင်းမှာ " နတ်သျှင်နောင် " ဖြစ်ပါတယ် ။
၄၃။ မြစေတီကျောက်စာ ရေးထိုးသောခုနှစ်မှာ "ခရစ်နှစ် ၁၀၇၇ ဖြစ်ပါတယ်။
၄၄ ။ ပြည်သူ့အရေးတော်ပုံ ပါတီခေါင်းဆောင်များမှာ " သခင်မြ ၊ သခင်အောင်ဆန်း တို့ဖြစ်ပါတယ် ။
၄၅။ ပထမဆုံးသွားတိုက်တံကို ၁၄၉၈ ခုနှစ်မှာ တီထွင်ခဲ့တာပါ ။
၄၆ ။ ပထမဆုံး အင်္ဂလိပ် ဒေရှင်နရီ ကို
၁၇၅၅ ခုနှစ်တွင် ရေးသားခဲ့တာတဲ့ ။
၄၇။ ဗိုလ်ချုပ်အောင်ဆန်းအား အင်္ဂလိပ်တွေပေးသော သင်္ဘောအမည်မှာ "စစ်ရေယာဉ်မေယု " ဖြစ်ပါတယ် ။
၄၈ ။ ဂျပန်ကမြန်မာနိုင်ငံအား လွတ်လပ်ရေးပေးသောနေ့မှာ "1-8-1943 ဖြစ်ပါတယ် ။
၄၉။ ရဲဘော်သုံးကျိပ်တွင် စစ်ပညာမသင်ပဲ
အုပ်ချုရေးပညာသာသင်သူမှာ " သခင်ထွန်းအုပ် " ဖြစ်ပါတယ် ။
၅၀။ နောင်ရိုးတိုက်ပွဲမှာ ဘုရင့်နောင်နှင့်တိုက်ခဲ့သော မွန်ဘုရင် အမည်မှာ " သုရှင်တကာရွတ်ပိ" ဖြစ်ပါတယ် ။
သုတအဖြာဖြာ ( ၂)
❆ ❆ ❆ ❆ ❆ ❆ ❆ ❆
၁။ နာမည်ကျော်သီချင်နှစ်ပုဒ်ဖြစ်သော
" နဂါးနီ နှင့် လွတ်လပ်ရေး ဟူသောသီချင်းနှစ်ပုစ်၏စာသားကိုရေးခဲ့သူမှာ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနု " ဖြစ်ပါတယ်။
၂။ စာပေလောကထဲမှ ပထမဆုံး မြန်မာ စတန့်မင်းသားဟာ စာရေးဆရာကြီး
" ဦးပဂျီငို "ဖြစ်ပြီး " နဖူးစာရွာလည် "စတန့်ဇတ်ကြမ်းကို ၁၉၂၃ ခုနှစ် မေလအတွင်း( ယခုဗိုလ်ချုပ်အောင်ဆန်းစျေး နေရာ)
"စီနီမာဒီပဲရစ်"ရုပ်ရှင်ရုံတွင်ပြသခဲ့တာတဲ့ ။
၃။ အောင်ဆန်းအက်တလီစာချုပ် ၂၇-၁-၁၉၄၇ ခုနှစ်မှာ လက်မှတ်ရေးထိုးစဉ်က မြန်မာကိုယ်စားလှယ် နှစ်ဦးက
လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့တယ်တဲ့
အဲ့ဒီနှစ်ဦးဟာ "ဂဠုန်ဦးစော နဲ့ သခင်ဘစိန်" တို့ဖြစ်ပါတယ်။
၄။ မြန်မာနိုင်ငံ၏ ဗဟိုချက်ဟာ မြစ်သားမြို့နယ်၊ကူမဲမြို့ အရှေ့တောင်ဘက် ပြက္ခရွှေတောင်ပေါ်မှာဖြစ်ပါတယ် " မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်ကျောက်တိုင်" ကို မြန်မာနိုင် ငံမြေတိုင်းအဖွဲ့မှ စိုက်ထူထားပါတယ်တဲ့ ။
၅။ ထိုင်းဘုရင် ဗြနရဇ်(ခရစ်နှစ် ၁၅၅၅-၁၆၀၅) ဟာ ဘုရင့်နောင်နဲ့ယောက်ဖတော်စပ်တယ်တဲ့ ဗြနရဇ်၏ အစ်မတော်"အမျိုးရုံမင်းသမီး"သည် ဘုရင့်နောင်၏ မိဖုရားဖြစ်တယ်တဲ့ ။
၆။ နာမည်ကျော်ကဗျာဆရာကြီး ရာဘင်ဒြာ နာ့သ်တဂိုး ဟာ မြန်မာနိုင်ငံကို နှစ်ကြိမ် လာရောက်ခဲ့တယ်တဲ့ (၁၉၁၆ခုနှစ်၊ မေလ ၊၇ ရက်မှ ၉ ရက်ထိ တစ်ကြိမ် ) (၁၉၂၃ ခုနှစ်၊ မတ်လ ၂၄ရက်မှ ၂၇ ရက်နေထိ ) တစ်ကြိမ်
၇။ အင်္ဂလိပ်အမည်နဲ့ ပုဂံဘုရားတစ်ဆူရှိပါတယ် ပုဂံဓမ္မာရုံကြီး လမ်းခွဲအနီးမှာ "စကိုဗယ် ပေါ်တော်မူ" ဘုရားဖြစ်ပါတယ် ။
၈။ သိပ္ပံမောင်ဝ ( အမည်ရင်း -ဦးစိန်တင်)၏ ကလောင်ခွဲဟာ ၅၁ ခုရှိတယ်တဲ့ ။
၉။ အမရပူရနန်းတည် ဘိုးတော်ဘုရားလက်ထက်တွင် အင်္ဂလန်မှ ဒင်္ဂါးသွန်းစက်ကြီးကို မှာယူပြီး မြန်မာသက္ကရဇ် ၁၁၄၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်နေ့မှာ ပြည်တွင်းသုံး ငွေဒင်္ဂါးအဖြစ် ထုတ်ပြန်ကြေငြာသုံးစွဲခဲ့ပါတယ်တဲ့ ။
၁၀။ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတမှာ ရှမ်းလူမျိုး စဝ်ရွှေသိုက် (၁၈၈၆- ၁၉၆၂ ) ဖြစ်သည်။
၁၁။ မြန်မာ့ထိုးကွင်းမင်ကြောင်ကို ဘိုးတော်ဘုရားလက်ထက် ထောင်းမင်းကြီးသား မောင်ကံ ဆိုသူက စထွင်ခဲ့တာပါတဲ့ ။
၁၂။ မြန်မာနိုင်ငံအား " ဗားမား" ဟူသောအင်္ဂလိပ်အမည်မှ"မြန်မာ" ဟူသော အင်္ဂလိပ်အမည်သစ်သို့၁၉၈၉ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ စတင်ပြောင်းလဲ ခေါ်ဝေါ် ခဲ့ပါတယ်တဲ့။
Credit: Original Writer...
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
9th Street, Lamadaw Township
Yangon