Scent2Scent Perfume Decant Shop
Designer နဲ့ Niche ရေမွှေး decants များ ရွေးချယ်ဝယ?
ဒီည 10 နာရီလောက်
Giveaway winner ရွေးမယ် နော် ❤️❤️❤️
Stay Tuned 😊😊😊
01/04/2022
April Fool မဟုတ်တဲ့ Giveaway ❤️
Bvlgari ရဲ့ Wood Essence orginal 15ml bottle လေး နဲ့
Lancome ရဲ့ Lavie est belle orginal 12ml bottle လေး နှစ်ခုစလုံးကို
Giveaway လေး ပေးသွားချင်ပါတယ် 😍😍
ပါဝင်ချင်တဲ့သူတွေက
1. Scent2Scent page လေးကို like & follow
2. ဒီပိုစ်လေးကို Like and public share လေး လုပ်ပေးထားပြီး Comment မှာ SS လေးပြန်ပြီး မန့်ထားယုံပါပဲ ( တစ်ယောက်ကို comment တစ်ခုပဲ မန်.ပေးပါနော်)
08.Apr.2022 မှာ Giveaway winner ကို live ရွေးချယ် ပေးသွားမှာ ဖြစ်ပြီးတော့ အိမ်အရောက် Delivery Free ပို့ပေးသွားမှာပါ နော်.
18/03/2022
Light Blue eau Intense by
Dolce & Gabbana
Queen of Summer 👑👑👑
for women ဆိုပေမယ့် Unisex ကောင်းကောင်း သုံးလို့ရတဲ့ ရေမွှေး
Incheon Air Port မှာတုန်းက
European တစ်ယောက် က လက်တို့ပြီး "မင်းဘာရေမွှေးဆွတ် ထားတာလဲ လို့ " အမေးခံရတဲ့ ရေမွှေးလေး
Affordable - yes !
Good Longevity - yes ! (For fresh scent category)
Fresh, Clean And Calmly - yes !
Lemon, Apple ,Jasmine & Musk တို့ ပေါင်းစပ်ထားတဲ့ Combo လေး က တကယ်ကို quietly brilliant ဖြစ်နေတာမျိုး 😊
12/03/2022
မင်္ဂလာပါ scent2scent perfume decant shop ကနေ ကြိုဆိုပါတယ် 💙
ရေမွှေးကို ပုလင်းအကြီး တခါတည်း မဝယ်ချင်သေးပဲ အနံ့စမ်းချင်တဲ့ Fri တို့အတွက်၊
100% authentic ပုလင်းကြီးထဲကနေ
10ml and 5ml ပုလင်းများထဲကို လေနဲ့ထိတွေ့မှု အနည်းဆုံးဖြစ်အောင် စနစ်တကျ decantized လုပ်ပြီး ရောင်းပေးနေပါပြီနော် 💓
Updated Decant list လေးပါ ☺️
ဈေးတွေလည်း လျှော့ပေးထားတာမို့
ပုံတစ်ပုံချင်း သေချာကြည့်ရင် တချို့ အရမ်းတန်တာလေးတွေ တွေ့နိုင်ပါတယ်နော်။ 😎
ရန်ကုန် မန္တလေး နေပြည်တော်
Cash On Delivery အပြင်
Kpay On Delivery နဲ့ပါ ရှင်းလို့ရပါတယ်။
Online Payment အတွက်
% (လုံးဝ) လုံးဝ ပိုပေးစရာမလိုပါ။
04/03/2022
ရေမွှေးတစ်ခုရဲ့ performance ဆိုတာ ဘာလဲ ❓
ရေမွှေးတစ်ခုရဲ့ Performance ဆိုတာ အကြမ်းဖျင်း အချက် ၃ ချက်နဲ့ တိုင်းတာပါတယ်
1.Projection
2.Sillage
3.Longevity
1.Projection
ရေမွှေးတစ်ခုကို ဆွတ်ထားတဲ့ အချိန်မှာ ဘယ်လောက်ထိ loud ဖြစ်လဲ ကိုယ့် အနား က နေ အကွာအဝေး ဘယ်လောက်ထိကို ကိုယ့်ရဲ့ရေမွှေး အနံ့က ပျံနှံ့နေလဲဆိုတာ ကို Projection လို့ခေါ်ပါတယ်။
2.Sillage
siːˈjɑːʒ "စီယာ့ဂျ် " လို့ အနီးစပ်ဆုံး အသံထွက်ပါတယ်
Projection နဲ့ မတူတာက
Prjection ဆိုတာ လေထဲမှာ အကွာအဝေး တစ်ခုအထိ ရနံ့ပျံလွင့်နိုင်စွမ်းအားကို ဆိုလိုပြီးတော့
Sillage ကတော့ အဲ့ဒီရနံ့က လေထဲမှာ ဘယ်လောက်ကြာကြာ နေနိုင်လည်း ဆ်ိုတာကို ခေါ်တာပါ
နေရာတစ်ခုကနေ ကိုယ်ထွက်သွား (or)ဖြတ်သွား တဲ့ အချိန် linger ဖြစ်ပြီး ကျန်ခဲ့ တဲ့ Scent trail ကို ပြောတာ ဖြစ်ပါတယ်
ကြုံဖူးကြမှာပါ ရေမွှေး ဆွတ်ထားတဲ့သူတစ်ယောက် စီးသွားတဲ့ ကား ပဲ ဖြစ်ဖြစ် elevator ပဲ ဖြစ်ဖြစ် နေခဲ့တဲ့ အခန်းပဲ ဖြစ်ဖြစ် အထဲမှာ သူ့ရေမွှေးအနံ့က အချိန် တစ်ခုထိ ကျန်နေခဲ့ တာမျိုး ကို Sillage ကောင်းတယ် လို့ ခေါ်ပါတယ်။
3.Longevity
ဒါကတော့ ရှင်းပါတယ်
ရေမွှေးစဆွတ်တဲ့ အချိန် ကနေ Skin Scent ဖြစ်ပြီး နောက်ဆုံး အနံ့ပျောက်သွားတဲ့ အထိ အစအဆုံး (period) တစ်ခုလုံးရဲ့ ကြာတဲ့ အချိန်ကို ခေါိတာပါ။
အဲ့တော့ ကိုယ်ဝယ်တဲ့ရေမွှေးက Performance ကောင်းမကောင်း ကို ဘယ်လို ဆုံးဖြတ်မလဲ ❓
ဘယ်လို စမ်းသပ်မလဲ ❓
ဒီအကြောင်းကိုတော့ နောက်ထပ်ပိုစ့်တစ်ခုနဲ့ ထပ်ပြီး အကြံပြုပေးသွားပါမယ် နော်။ ☺️
26/02/2022
Thanks 💚💚💚
24/02/2022
မင်္ဂလာပါ Scent 2 Scent Perfume Decant Shop က ကြိုဆိုပါတယ်။💕
ရေမွှေး ကို ပုလင်းကြီး မဝယ်ချင်သေးပဲ
ပုလင်းအသေး (Decant )စမ်းကြည့် ချင်သူတွေ အတွက် 🌿
Authentic ပုလင်းကြီးထဲကနေ တိုက်ရိုက် ပြင်ပလေနဲ့ ထိတွေ မှု အနည်းဆုံး ဖြစ်အောင် စနစ်တကျ Decantized လုပ်ထားတာမို့ Authenticity နဲ့ Juice Quality ကို 💯% အပြည့်အဝ ခံစားရစေဖို့ တာဝန်ယူပါတယ် ။☺️☺️☺️
အနံ့စမ်းပြီး ဝယ်ယူချင်တယ် ဆိုရင် လည်း Appointment ယူပြီး ကိုယ်တိုင်လာရောက် စမ်းသပ်ဝယ်ယူနိုင်ဖို့ စီစဉ်ပေးဖို့ရှိပါတယ်။ 🏠
ရန်ကုန်၊မန္တလေး၊နေပြည်တော်၊မော်လမြိုင် မြို့တွေ ထိ အိမ်အရောက် ပို့ ဝန်ဆောင်မှုကို 🚚🚚🚚
Cash On Delivery 💵 or
Kpay On Delivery 📦 စနစ် နဲ့ ဝယ်ယူအားပေးနိုင်ပြီး Online Payment အတွက် % လုံးဝ (လုံးဝ) ❌ ပိုပေးစရာမလိုပါဘူးနော်။
အော် မေ့လို့ ☺️
giveaway အစီအစဉ်လေးတွေလဲရှိသေးလို့ Page ကို Like & Follow လေးလုပ်ထားဖို့ မမေ့နဲ့အုံးနော် 💗
21/02/2022
ဒီတစ်ခါ highlight လုပ်ပေးချင်တဲ့ ရေမွှေးလေးကတော့ မိန်းကလေးတွေ တော်တော်များများ နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Narciso Rodriguez ရဲ့ For Her Edp လေးပဲ ဖြစ်ပါတယ် 💖💖💖
NR for Her edp ကို 2006 ခုနှစ်မှာ launch လုပ်ခဲ့ပြီး Perfumers တွေ ကတော့
( Giorgio Armani Si , Si passione , Hermes H24 , Jomalone ရဲ့ amber & patchouli စတာတွေ အပြင်တခြား နာမည်ကြီးရေမွှေး ပေါင်းများစွာ ဖန်တီးခဲ့တဲ့ အမျိုးသမီး Perfumer Christine Nagel နဲ့ နောက်တစ်ယောက်ကတော့ နာမည်ကြီး Niche brand ဖြစ်တဲ့ MFK ရဲ့ ပဲ့ကိုင်ရှင် Francis Kurkdjian တို့ပဲ ဖြစ်ပါတယ်။
ဒီလို perfumers တွေ ဖန်တီးခဲ့တဲ့
Narciso Rodriguez ရဲ့ရေမွှေးတွေ က သူများနဲ့ မတူတဲ့ ထူးခြားတဲ့ Unique Scent Profile တွေ ရှိတတ်တာတော့ ထွေထွေထူးထူး ပြောဖို့လိုမယ် မထင်ပါဘူး။ 💗
သူရဲ့ character က Classy, Feminine and Gorgeous Scent မျိုး ဖြစ်ပြီး Scent Profile ကတော့
Top Notes မှာ
Rose 🌹 နဲ့ peach 🍑
( Rose က ပိုပြီး အလေးသာပါတယ် )
Middle Notes တွေကတော့ :
Amber နဲ့ သူရဲ့ Main Character ဖြစ်တဲ့ Musk ❤️
Base Notes မှာတော့
Patchouli နဲ့ Sandalwood တို့နဲ့ လှလှ ပပ ပေါင်းစပ်ထားပါတယ်
ထူးခြားချက်က သူရဲ့ mid notes တွေ ပါ Amber နဲ့ Musk ပေါင်းစပ်ထားတဲ့နေရာမှာ
Perfumer တွေ ဖြစ်တဲ့
Christine Nagel က Amber ကို အရမ်း ပိုင်နိုင် တဲ့သူ လို့ ထင်ရှားပြီး
Francis Kurkdjian က Musk မှာ ဘုရင်တပါး 👑 လို့ နာမည်ကြီးသူပါ
သူအနံ့က Rose 🌹 Musky Powdery ဖြစ်ပြီးတော့ သင်းသင်း လေး နဲ့ ကိုယ့်ဘေးက လူတွေ ကို အနှောက်အယှက် မဖြစ်စေပဲ 6-8 hrs လောက် ထိ ကို Skin scent ကောင်းကောင်းနဲ့ မွှေးနေတာ မျိုးပါ ။
အနံ့က နည်းနည်းတည်ငြိမ်တဲ့ အတွက် Teenager ကောင်မလေး တွေ အတွက်ဆိုရင် (EDT ကို ပိုပြီး ရွေးချယ်စေချင်ပါတယ် EDP က smooth and rounded ဖြစ်ပြီး Edt က projection ကောင်းကောင်း နဲ့ Youthful နည်းနည်း ပို ဖြစ်လို့ပါ )
အကယ်၍ ကိုယ်က အသက် ၂၅ နဲ့ အထက် အေးဆေး နေတတ်တဲ့ ကောင်မလေး မျိုး ဆိုရင် တော့ စမ်းကြည့်ဖို့ အတွက် Recommend ပေးပါတယ်💚💚💚
Scent 2 Scent မှာတော့ ဒီရေမွှေးလေးကို 27. 02.2022 အထိ 5% Discount နဲ့ Decant လေး တွေ အားပေးနိုင်ပါ တယ် နော် 💗
17/02/2022
ဒီနေ့တော့ CEO အနံ့(တကယ့် CEO နော်🙃)လို့ပြောလို့ ရတဲ့ ရေမွှေးလေး နဲ့မိတ်ဆက်ပေးပါရစေ
သူက တော့
Hermes ရဲ့ Terre D'Hermes ပါ
TDH ကို 2006 ခုနှစ်မှာ launch လုပ်ခဲ့ပြီး perfumer ကတော့ Jean-Claude Ellena ပဲ ဖြစ်ပါတယ်
2007 အတွက် luxury perfume ဆုဖြစ်တဲ့ FiFi Award Fragrance Of The Year Men`s Luxe ကို လည်း ရရှိထားတဲ့ ရေမွှေးတစ်ခုပါ။
အဖွင့်မှာတော့ 🍊 Orange Grapefruit တို့နဲ့ စဖွင့်ပြီး
Middle notes ကတော့ Pepper, Pelargonium တို့ ပါဝင်ပါတယ်
Base Notes မှာတော့ သူရဲ့ Main Feature ဖြစ်တဲ့ Vetiver ,
Cedar , Patchouli , Benzoin တို့ နဲ့ အားဖြည့်ထားပါတယ်
သူအနံ့က ရင့်ကျက်တည်ငြိမ်မှုကို အသားပေးထားတာ ကြောင့်
office wearing, Single chilling moment တွေ အတွက် အထူးသင့်တော်ပါတယ်
Job interview တို့ Meeting တက်တဲ့ အချိန် တို့ Coffee ဆိုင် သွားချင်တဲ့ အချိန် တို့ ဆို အရမ်း ငြိမ်ပြီး တဖက်လူရဲ့ first impression ကို ကောင်းကောင်း ရယူနိုင်ပါတယ်
ရေမွှေးဆို ပန်းအနံ့သင်းတာတို့ ချိုအီ နေတာတို့ ကြိုက်တဲ့သူတွေ အတွက်တော့ ရွေးချယ်ဖို့ မသင့်တော်ပါဘူး
ကိုယ်က အနေတည်တဲ့သူ
လူလတ်ပိုင်း အသက် ၂၅အထက် အလုပ်မှာလည်း ရာထူး အနေအထား အဆင့် တစ်ခုရောက်နေသူတွေ အတွက် အထူးသင့်တော်တဲ့ရေမွှေး တစ်ခုပါ
လူတွေပြောပြောနေကြတဲ့
ဘောစိ အနံ့ ၊ အဖြူကောင်တွေ ဆီမှာ ရတတ်တဲ့ အနံ့မျိုးဆိုတာ
TDH ပါ
Performance အနေနဲ့
စစဆွတ်ပြီးချင်း 2-3 hours လောက်ထိ Projection ရှိပြီး
အသားပေါ်မှာ ဆွတ်ရင် skin type ပေါ်မူတည်ပြီး 6-8 hours လောက်ထိ longevity ရှိပါတယ်
ရာသီဥတု ကတော့ နွေဦးရာသီ မိုးရာသီ အချိန်တွေ က အကောင်းဆုံးပါ
AirCon အခန်းထဲမှာ နေရတဲ့သူတွေ အတွက်တော့ ရာသီမရွေး ဆွတ်လို့ အဆင်ပြေပါတယ်
ဒီနေ့ကနေ 24-02-2022 ထိ
Scent2Scent မှာ ပုံမှာပြထားတဲ့ ဈေးကို မှ 5% Discount လျှော့ဈေးနဲ့ မှာယူနိုင်ပါတယ်နော်
14/02/2022
ရေမွှေး ဆိုတာ လူတစ်ယောက် အတွက် မမြင်ရတဲ့ တန်ဖိုးကြီး အဆင်တန်ဆာ တစ်ခုပါပဲ။ 💍
ရနံ့တွေက သာ စကားလုံးတွေ ဆိုရင်
ရေမွှေးတစ်ခု ဆိုတာ ကဗျာ တစ်ပုဒ်လို့တောင် တင်စားနိုင်ပါတယ်။ 📝 💚
ရေမွှေးအမျိုးအစား ပေါင်းများစွာထဲက မှ ကိုယ်နဲ့ လိုက်ဖက် တဲ့၊ ကိုယ်တိုင်လည်း ကြိုက်နှစ်သက်တဲ့ ရေမွှေး တွေ ကို ရှာဖွေ ရတာ အရမ်း စိတ်ဝင်စားဖို့ကောင်းပေမယ့် အရမ်းလည်း ခက်ခဲပြီး ငွေကုန်ကြေးကျ များလှ ပါတယ်။
💴💰💴
ရှုပ်ထွေးလှတဲ့ notes တွေ ကြားထဲ
💐🍇🌲 🥃🍷🍊🍭 🌹🍍
ပုလင်းကြီးဝယ်ပြီးမှ
ရေမွှေးရဲ့ opening ကို ကြိုက်ပေမယ့်
Drydown ကို မကြိုက်တာမျိုးတွေ 😭
Drydown ကို ကြိုက်ပေမယ့် opening ကို မကြိုက်တာမျိုးတွေ 🥺
အရမ်းဖြစ်တတ်လွန်းလို့
ကိုယ်ကြိုက်မယ်ထင်တဲ့ ရေမွှေးကို
မျက်စိမှိတ်ပြီး (blind buy) ပုလင်းကြီး
ဝယ်ယူဖို့ အတွက် အဆင်သင့်မဖြစ်သေးဘူးဆိုရင် အကောင်းဆုံးက decant ဝယ်ယူခြင်းပါပဲ။
Scent 2 Scent မှာ တော့ ရေမွှေး ချစ်သူ တွေ အတွက်ပဲ ဖြစ်ဖြစ်၊ ရေမွှေး အခုမှ စသုံးချင်တဲ့ သူတွေ အတွက်ပဲ ဖြစ်ဖြစ် အဆင်ပြေပြေ သုံးနိုင်ဖို့ အတွက် 100% authentic fragrance decant တွေ ကို ဈေးနှုန်းအမှန်ဆုံးနဲ့ ရောင်းချပေးနေပါပြီ။ 😊😊😊
မန္တလေးမြို့၊ ရန်ကုန်မြို့တွင်း နှင့် (မှော်ဘီ၊ လှည်းကူး၊ထောက်ကြံ့၊ ဒလ၊ သန်လျင် အပါအဝင်)
Cash On Delivery မှာယူနိုင်ပါတယ်နော် 🚚🚛🚙
Prepaid အတွက် ဆိုလျင်
Kpay , CB
AYA mbanking တို့က နေ
ပေးချေနိုင်ပါတယ်
Online payment တွေ အတွက်
% (လုံးဝ) ပိုပေးစရာမလိုပါ။
ဒီရက်ပိုင်းအတွင်း Giveaway အစီအစဉ်လည်း ရှိတာကြောင့် page ကို like and follow ထားဖို့ မမေ့နဲ့နော် Stay Tune 💚💚💚
13/02/2022
အရင် Scent2Scent page လေး restricted ဖြစ်သွားလို့ 😑
page အသစ်ထပ်ဖွင့်ထားရပါတယ်
အရင် page အဟောင်းမှာ order တင်ထားတဲ့ Customer တွေ page messenger ကို တချက်လာပေးပါနော် 🥺
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon
11421